30/07/2019
Siam Park ( Thailand )
*******************************
Siam Park ကို ၁၉၇၅ ခု နိုဝင်ဘာလတွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဤကစားကွင်းအား တစ်နှစ်လျှင် ကမ္ဘာလှည့်ခရီးသည်ပေါင်း ၂ သန်းခန့် ၀င်ရောက် လည်ပတ်လျှက်ရှိပါသည်။ အကျယ် ဧက ၁၂၀ ရှိသဖြင့် အရှေ့ တောင်အာရှ၏ အကြီးဆုံး ကစားကွင်းဖြစ်ပါသည်။ ဤကစားကွင်းတွင် ရေကစားနည်းများပါ ကစားနိုင်ပါသည်။ ရေကစားကွင်းထားရှိသည့်ရည်ရွယ်ချက်မှာ ကမ်းခြေမရှိသောဗန်ကောက်မြို့၏ ဆူညံ ရှုပ်ထွေးသည့် ပတ်ဝန်းကျင်မှ ခေတ္တပြေးထွက်အနားယူနိုင်ရန်ဖြစ်ပါသည်။ ရေကစားကွင်းရှိ ရေကန်သည် စတုရန်းမီတာ ၁၃၆၀၀ ရှိသဖြင့် April 30, 2009 တွင် ''ကမ္ဘာပေါ်တွင် လူသားများဖန်တီးထားသော အကြီးဆုံးရေကန်" အဖြစ် ဂရင်းနစ်စံချိန်တင်ထားပါသည်။ ဤရေကန်တွင် ရေလှိုင်းများ ၊ ကျောက်ဆောင်များနှင့် ရေတံခွန်ငယ်လေးများ၏အလှကိုပါ တွေ့မြင်ခံစားနိုင်ပါသည်။ Siam Park ကစားကွင်းတွင်ပျော်ရွှင်စိတ်လှုပ်ရှားဖွယ်ရာကစားနည်းပေါင်း ၃၀ ကျော် နှင့် ရေကစားနည်းများရှိပါသည်။ ဤကစားကွင်းသည် ထိုင်းနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်ခဲ့သည့် ကစားကွင်းမဟုတ်သော်လည်း ဖွင့်လှစ်မှုသက်တမ်းအရှည်ကြာဆုံးကစားကွင်းဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် ဤကစားကွင်းသို့ ပေါပ့်ဘုရင် မိုက်ကယ်ဂျက်ဆင်လာရောက်လည်ပတ်ခဲ့ဖူးပါသည်။