Eco Tour Link Travels & Tour

Eco Tour Link Travels & Tour Tour Company

2023-2024 မင်္ဂလာနှစ်သစ်တွင် Eco Tour Link Travels & Tour ​၏ ဝန်ဆောင်မှုများဖြစ်သော 💯 💥  Air Ticketing ( ပြည်တွင်း / ပြည...
21/02/2023

2023-2024 မင်္ဂလာနှစ်သစ်တွင် Eco Tour Link Travels & Tour ​၏ ဝန်ဆောင်မှုများဖြစ်သော 💯
💥 Air Ticketing ( ပြည်တွင်း / ပြည်ပ)

💥 Tour Package (ပြည်တွင်း/ ပြည်ပ)

💥 Visa Service

💥 Car rental (ပြည်တွင်း/ ပြည်ပ)

💥 Hotel Package (ပြည်တွင်း/ပြည်ပ)

💥 Golf Package

စသည့် ဝန်ဆောင်မှုများကို ပြန်လည်စတင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

🙏 Covid ကာလ နှင့်အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့်အတွက်လိုအပ်ချက်များဖြစ်ပေါ်ခဲ့ပါက အနူးအညွတ်တောင်းပန်အပ်ပါသည်။

💜 Company သက်တမ်းတလျှောက်လက်တွဲအားပေးခဲ့သော မိတ်ဆွေ Company များနှင့် Clients များ​၏ ကျေးဇူးကို ထာဝရအမှတ်ရရင်း

💟Contact Ph & Viber
09962165618,09420234712

Email - [email protected]
[email protected]
Website : www.ecotourlinktravels.com

💜We're ready for your rest time'

25/11/2017

Hanoi-Halong Bay Reviewကိုခံစားကြည့်ခြင်း♡♡♡
☆ ☆ ☆ Vietnam

Hanoi ဆိုသောမြောက်ပိုင်းက မြို့တော်လေးနဲ့
UNESCOအသိအမှတ်ပြုHalongBayဆိုသောဟလောင်းပင်လယ်အော် ကျောက်တောင်ကျွန်းစုများ ဆိုတာ ဘယ်လိုများလဲ? Review လေးခံစားကြည့်ရအောင်

ကြိုတင်ပြင်ဆင်ခြင်♧♧♧
☆လေယာဉ်လက်မှတ်ကို ရွေးချယ်ရာမှာ Vietnam Airlines နဲ့ Viet jet ဆိုပြီးရှိရာ Vietjet က 20 kg ပါအပြီး 140 $ နီးပါးပဲကျတယ်ဆိုတော့ သူ့ပဲရွေးချယ်လိုက်ပါတယ် Kg မပါ 100 $ကျော်လောက်ပဲကျပါတယ်
(အမှန်က Eco Tour Link Travel နဲ့သွားတာပါ Company အနေနဲ့ Ticket ဈေးနှုန်းကို Tour Program ဝယ်ယူရင် Air Ticket ကိုအရင်းအတိုင်းရောင်းချပြီး Airlines ဈေးနှုန်းကို Customers နဲ့အတူတွက်ချက်ပါတယ်)♤♤♤

☆ရာသီဥတုကတော့ အေးချမ်းပြီး Dec ဆို 10 -20 degreeကြားရှိပါတယ်အနွေးထည်များများယူလာဖို့မမေ့နဲ့နော်

☆အစားအသောက်က ပင်လယ်စာများတဲ့အတွက် ဖျားနာပျောက်ဆေး၊ဝမ်းနဲ့သက်ဆိုင်တဲ့ဆေး၊များယူလာခဲ့ရင်ပိုကောင်းပါတယ် (Tourမှာတော့ဆေးဝါးအစုံပါပါတယိ)

☆Halong Bay Day Return (နေ့ခြင်းပြန်)View Boat တွေကတော့ ဗီယက်နမ် အစားအစာ ပင်လယ်စာများကျွေးပြီး
3 star 4 star ညအိပ် Cruise တွေကတော့ အနောက်တိုင်းသားများတဲ့အတွက် european အနောက်တိုင်းအစားအစာများပဲကျွေးတဲ့အတွက်အနည်းငယ်တော့ ခက်ခဲပါတယ် request တော့ လုပ်လို့ရပါတယ်
(နောက်ပိုင်းမှာရှင်းပြပါ့မယ်)◇◇◇

☆Vietnam D**g က 1 $ - 22680 D**g ရှိပါတယ်
အဲ့တော့ 22000 D**g အနည်းဆုံးတွက်ပေါ့ ဈေးနှုန်းအပြောင်းအလဲအတွက်ပါ ■■■

☆ phone Sim Card က 10 $ ရှိပါတယ်
Internet 4 GB နှစ်ပတ်သုံးပါ

《သုံးညအိပ် လေးရက်ခရီးလေးတစ်ခုပေါ့》


♡ ♡♡ ခရီးစဉ်စတင်ခြင်း♡♡♡
♧Day 1♧
¤Vietjet flight time က7:15 p.m- 9:40 ဆိုပေမယ့် Vietnam စံတော်ချိန်အရ နာရီဝက်နောက်ကျတာမို့ ဒေသစံတော်ချိန် 10:30 p.m မှ Noi Bai Airport ကို ဆိုက်ရောက်ပါတယ် • စီးချိန် 1 hr 45 Min ရှိပါတယ်
immegration ဖြတ်အပြီးမှာ 11:00 p.m ရှိပြီး Vietnam guide မှ လာရောက်ကြိုဆိုပါတယ်

¤ ဒီနောက်မှာတော့ ကျွန်တေိာတို့တည်းခိုရာ Hotel ရှိသော Hanoi ယဉ်ကျေးမှုမြို့တော်ရှိရာ Old quarture ကို
ထွက်ခွာလာပါတယ်

☆ ခေါင်းဆောင်ကြီး ဟိုချီမင်း▪
ဗိုလ်ချုပ်ကြီး ငုယင်ဂီယက် အရိပ်အငွေ့တွေ ပြင်သစ်ကိုလိုနီအဆောက်အဦးတွေ ပြည့်နှကိနေတဲ့ Hanoi မြို့က old quature ကိုရောက်တော့ 12:00 ထိုးပြီး ရာသီဥတု ချမ်းအေးလို့ ည လယ်ရောက်နေပါပြီ
တည်းခိုရာ Super Hanoi Hotel က Japan Hotel group မှဖွင့်ထားပြီသန့်ရှင်းပြီးဝန်ဆောင်မှုကောင်းပါတယ်
Super Hanoi ဘေးက Taiwan Cafe' ဆိုင်လေးက ဝက်နံရိုးဆန်ပြုတ်က စားကောင်းပြီး ပြောင်းဖူးနဲ့ပြုတ်ထားတာပါ အရသာက ကောင်းမွန်ပြီး
မနက် 2.am ထိဖွင့်ပါတယ် အမဲသား Beef နဲ့လည်းရပါတယ် ▪♡ အကောင်းဆုံးကတော့
Gang Shao လို့ခေါ်တဲ့ဝက်အသည်းဟင်းပါပဲ ဒီအတိုင်းစားရတဲ့ ဝက်အသည်းပြားလေးတွေပါ♡
အဲ့ညကတော့ Super Hanoi Hotelမှာ တည်းလိုက်ပါတယ်
●●●●

♧ Day 2 ♧
¤Morning ကို Super Hanoi Hotel အပေါ်ထပ် မှာ Hanoi မနက်ခင်းကို ကြည့်ရှုခံစားပြီး Buffet ခင်းကျင်းတဲ့ Breakfast ကိုစားသုံးပါတယ်

¤ မနက်ခင်းမှာ ယောဂလေ့ကျင့်ခန်း အပြေးလေ့ကျင့်ခနိးကို တည်းခိုရာဟိုတယ်ရှေ့က ပနိးခြံမှာ လုပ်လို့ရသလို အေးမြလတ်ဆတ်တဲ့လေကိုရှုရှိုက်ရင်း စေတနာရှိသလောက်ပေးရတဲ့ Vietnam ရေနွေးချမ်းသယ် အဘွားများနှင့် interview လို့ရပါတယ်

¤ကိုယ်တွေအတွက်ကတော့ Hanoi ဟာ ဆိုင်ကယ်တွေနဲ့ရှုပ်နေတဲ့ ဒုတိယ Madalay နဲ့ အေးချမ်းတဲ့ပြင်ဦးလွင်ပေါင်းထားတယ်လို့ခံစားရတယ်

♤ မနက် 8:00 a.m မှာ Eco Tour link က စီစဉ်ထားတဲ့ Vietnam guide 'James' ရောက်လာပါတယ် သူက ဒီနေ့သွားရမယ့်ခရီးစဉ်ကိုပြောပြီး ခရီးစဉ်စပါတယ်♤

☆ Halong သို့ သုံးနာရီခရီး☆
ခရီးစဉ်အစ Hanoi ကနေ Halong city ကို သုံးနာရီ ကြာကားစီးရပါတယ် ခရီးစထွက်တယ်ဆိုရင်ပဲ လမ်းမှာ လယ်ကွငိးများ စိုက်ခင်းများနဲ့ Viet ကျေးလက်ရနံ့ကိုခံစားရပါတယ် အိမ်များမှ တဲအိမ် သိပ် မရှိပဲ ဝေဖာ ချပ်ပုံစံ သုံးထပ်တိုက်လေးများကိုတွေ့ရမှာပါ
မြေဈေးကြီးတယ်လို့ james ကရှင်းပြပြီး ဆောက်လက်စ ကွန်ဒိုတိုက်ခန်းမှာ U$ 200000 လောက်ရှိပါတယ် ◇

¤လမ်းမှာ Rest Time အတွက် Camp လေးတစ်ခုရှိပါတယ် Vietnam ဝတ်စုံများ ရွှေ ငွေ ကျောက်စိမ်းရုပ်ထုများ ပန်းချီကားများ ဒေသထွက် ကော်ဖီနဲ့လက်ဆောင်ပစ္စည်းများဝယ်လိုရပါတယ်
မြန်မာကျပ်နဲ့တွက်ရင် ဈေးအနည်းငယ်ကြီးပါတယ်

♤ 11:30 a.m မှာ Halong Bay ဆိပ်ကမ်းကိုရောက်ပါတယ် ဒီနေရာမှာနည်းနည်းရှင်းပြပါရစေ Travel agency တွေကြားမှာ မြန်မာဧည့်သည်တွေမျက်စိရှုပ်နေလို့ပါ

¤¤¤ နေ့ချင်းပြန်ခရီး Return Boat နဲ့ ညအိပ် Cruise¤¤

♤ နေ့ချင်းပြန်ခရီး (local Return Boat)
အများအားဖြင့်လှေမှူးမာလိန် စားပွဲထိုး ချက်ပြုတ်သူ များမှာ မိသားစုများဖြစ်လေ့ရှိပါတယ် တစ်ထပ် Boat ဖြစ်ပြီး အပေါ်ထပ်မှာ Boat မောင်းသူ မာလိန် ရှိပါတယ်
အပေါ်ခေါင်မိုးတွင် photo ရိုက်ကူးရန် ရှုခင်းကြည့်ရှုရန်ထားလေ့ ရှိပါတယ် lunch ကို ပင်လယ်စာများ•ဗီယက်နမ်ကျေးလက်ဟင်းများနှင့်ဧည့်ခံ
ကျွေးမွေးပါတယ် Dao Cave ,Thien cung ကိုလေ့လာလည်ပတ်ကာ ညနေ Halong ဆိပ်ကမ်းကို ပြန်လေ့ရှိပါတယ် Halong City မှာ ညအိပ်တာပါ
အရှေ့အာရှသားများ အများဆုံးစီးနင်းလေ့ရှိပါတယ်

♤ညအိပ် Cruise
သူကတော့ တစ်ညအိပ်နှစ်ရက် ၊ နှစ်ညအိပ်သုံးရက်
ဈေး အမျိုးမျိုးရှိကာ european များ အလာများပြီးအာရှနည်းပါတယ် ကိုယ်ပိုင်နားနေခန်းများ ဆိပ်ကမ်းများရှိသော 3 star 4 star Cruise များဖြစ်ပါတယ် စနစ်တကျလေ့ကျင့်ထားသော waiter များ စားဖိုမှူးများ Bartender များ အခန်းငါးဆယ်ပါသော floating Hotel တစ်ခုပင် အထပ်သုံးထပ် Cruise များဖြစ်ပြီး wifi လွှင့်ပေးထားပါတယ် ငါး၊ရေဘဝဲစသည်များလည်း မျှားလို့ရပါတယ်
European food များသာကျွေးပါတယ်
♡♡ Honey couple တွေအတွက်တော့
Suprise ပေါ့♡♡♡
ကျွန်းများစွာလည်ပတ်ပြီး Sung Sat cave & island,Halong Pearl Camp , TiTop Island,
Dao Cave သည့်ကျွန်းများကို လည်ပတ်ကာ swimming ,Crawking , Hiking,photo Snap လှလှလေးများရိုက်နိုင်ပါတယ်

အဲ့လောက်ဆို နည်းနည်းကွဲပြားသွားပြီထင်ပါတယ်♧

☆ ဆက်ရမည်ဆိုလျှင်ကျွန်တော့်သူငယ်ချင်း Honeymoon စုံတွဲပါသောကြောင့် တစ်ညအိပ် နှစ်ရက် Cruise ကိုရွေးချယ်ပြီးလည်ပတ်လိုက်ပါတယ်
သဘောင်္ Cruise စထွက်ပြီးမကြာမှီ European lunch များနဲ့တည်ခင်းဧည့်ခံပါတယ်ထို့နောက်လည်ပတ်သောကျွန်းများမှာ

♤TiTop Island
General TiTop ကို ဂုဏ်ပြုထားသောကျွန်းဖြစ်ပြီး
ရေကူးခြင်း-သဲသောင်ပေါ်ဆော့ကစားပြီး hiking ပြုလုပ်နိုင်သော ကျွန်းလေးဖြစ်ပါတယ်

♤Halong Preal Camp
ဟလောင်းပုလဲမွေးမြူရေးစခန်းကျွန်းဖြစ်ပြီး ပုလဲပြတိုက်နှင့်အရောင်းခန်းမတည်ရှိပြီ process အဆင့်ဆင့် ကိုလေ့လာနိုင်ပါတယ် ငါးများကို မျှားနိုင်ပြီး kg ချိန်ကာ ပြန်ပေးရပါတယ်ငါးဖိုးအလွန်သက်သာပါတယ်
Crawking လှော်ချိန်လည်းပေးထားပါတယ်

♤Dao Cave
သဘာဝ လှိုဏ်ဂူရှိရာကျွန်းဖြစ်ပြီး လေ့လာနိုင်ပါတယ်
ဒေသခံများရောင်းချသောလက်ဆောင်များလည်းဝယ်ယူရရှိနိုင်ပါတယ်

○ ထို့နောက် Cruise ပေါ်ပြန်တက်ကာ သာယာငြိမ့်ညောင်းသော english သံစဉ်များကို အပေါ်ဆုံးထပိ Bar တွင် Soft Drink/ Liquid တစ်ခုခုသုံးဆောင်ရင်း Halong ပင်လယ်အော်အလှကိုခံစားနိုင်ပါတယ်
Cruise ပေါ်တွင် Happy Hours, Cooking Class,
Squid Catch အချိန်များရှိကာ Dinner ကို european Food များကျွေးမွေးပါတယ် ထို့နောက် Cruise ပေါ်တွင်အိပ်စက်အနားယူပါတယ် သင်္ဘောပေါ်မှာ အိပ်တော့ feeling တစ်မျိုးပေါ့

●●●●●●●
♧ Day 3 ♧
မနက် 6:30 A.m တွင် Yowga Class ရှိပြီး ကျန်းမာရေး လိုက်စားသူများ သဘောင်္ အပေါ်ထပ်တွင် လတ်ဆတ်သောပင်လယ်ရေကို ရှုရှိုက်ရင်း လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသည် ထို့နောက်
မနက် Breakfast ကိုCruiseပေါ်တွင်သုံးဆောင်ပြီးနောက်
အောက်ပါကျွန်းများကို သွားရောက်လေ့လာခဲ့ပါတယ်

♤Sung Sat island & Cave
Sung Sat island သို့ ferry Boat များနှင့်သွားရောက်ကာ ကျွန်း၏ ပတ်ဝန်းကျင်များမှာ အရမ်းဆွဲဆောင်မှုကောင်းပါတယ် Cave လှိုဏ်ဂူသုံးခုတစ်ဆက်တည်း ရှိကာ အသေး အလတ်အကြီး ဆိုပြီးလေ့လာစရာများစွာရှိပါတယ်
ကျွန်းပတ်လမ်းများက Maldives ကဲ့သို့ဖောက်ထားကာလမ်းလျှောက်ရသော feeling မှာ ခရီးချစ်သူများအမှန်အကန်စိတ်ကျေနပ်ရစေမယ့်နေရာလေးပေါ့

¤ထိုနောက် သဘောင်္ပေါ်တွင် lunch ကျွေးကာ ဆိပ်ကမ်းသို့ပြန်လည်ဆိုက်ကပ်ပါတယ်♤♤♤♤

▪ Halong ဆိပ်ကမ်းတွင် လာရောက်ကြိုဆိုသော James နဲ့ Halong city တွင်ရှိသော နာမည်ကျော် BamBoo&Chacoal shopကိုသွားရောက်လေ့လာပါ
တယ် Bamboo နှင့် Chacoal process ကို ရှင်းလင်းပြသကာShoppingခန်းမထဲတွင်စိတ်ကြိုက်ဝယ်လို့ရပါတယ်

♤ Hanoi သို့ပြန်ရန်ခရီးစတင်ပါတော့သည်

♤ Hanoiသို့ ညနေ လောက်ရောက်သွားပြီး နာမည်ကျော် le' Thai' To" ဘုရင် ရုပ်ထုရှိရာ ရင်ပြင်ကိုလည်ပတ်ကာ
Hoan kiem lake ကိုလည်းသွားရောက်လည်ပတ်ခဲ့သည်
Hanoi နာမည်ကျော် Hoan kiem lake သည် ကန်တော်ကြီးကဲ့သို့ စည်ကားပြီး ရေလည်ရှိ Ngoc son Temple ရှေးဟောင်းဘုရားကျောင်းကိုလေ့လာနိုင်ပါတယ်

♤ ၁၉ရာစု နာမည်ကျော် Vietnam water puppet showကတော့လာရောက်လည်ပတ်သူတွေကြားမသွားမ
ဖြစ်တဲ့ Show ပွဲလေးပေါ့ ♡မိနစ် ငါးဆယ်ကြာ show ပွဲလေးမှာတစ်ခေတ်တစ်ခါ Vietnam ယဉ်ကျေးမှု အဆင့်အတန်းကို သိနိုင်ပါတယ် ♤

ထို့နောကိမှာတော့ Dinner စားသောက်ကာ Hanoi Super Hotel ကို ပြန်လည်အနားယူပါတော့တယ်

♡♡♡ guide ပြန်သွားတော့ သူညွုန်ခဲ့တဲ့ Hanoi Night Market ဈေးတန်းကိုမွှေပါတော့တယ် အနွေးထည် လယ်သာ ဂျာကင် အိတ်များ ဖိနပ်များ အလွန်ဈေးပေါပါတယ် တရုတ်နိုင်ငံပစ္စည်းများအဓိကဝင်ရောက်တပါ
☆သောကြာ စနေ တနင်္ဂနွေပဲဖွင့်တာမမေ့နဲ့နော်☆

●●●●●●
♤ Day 4 ♤
စိတ်က ဒီနေ့ပြန်ရတော့မယ်ဆိုတော့ Breakfast စားရင်းနဲ့ လွမ်းသလို ဆွေးသလို ခံစားရတယ် လာကြိုတဲ့ guide James ကလည်းမျက်နှာမကောင်းဘူးလေ

¤ James နဲ့လမ်းလျှောက်ထွက်ရင်း Hanoi old quature ဈေးကြီးကတော့ဖွင့်ပြီပေါ့ အနွေးထည် နာရီ ပိတ်စ ဖိနပ် Sovenir shop တွေဈေးတန်မှတန် အဲ့မှာအတန်ဆုံးပေါ့

¤ ဒါမှမဟုတ် Hanoi မြို့ပြင် က Mega Outlet Mall မှာ Branded တွေကို သွားဝယ်ပေါ့(guide ကိုကြိုပြောထားလို့ရပါတယ်)

♤ ☆♡ HochiMinh Complex & Ba Din Square

♡ခေါင်းဆောင်ကြီး HochiMinh
♡ဗီယက်နမ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး
♡ပြင်သစ် ဂျပန် အမေရိကန်ကို တော်လှန်၍ တောင်မြောက်ပေါင်းစည်းသူ
♡ ပြည်သူ့ခေါင်းဆောင်အချစ်တော်

¤စသောဂုဏ်ပေါင်းစုံနဲ့ပြည့်စုံသော HochiMinh လဲလျောင်းရာဗိမ္မာန် နဲ့ ရင်ပြင်
¤Hochi Minh ရုံးထိုင်ခဲ့သော အဆောက်အဦးများ
¤စီးနင်းခဲ့သော ကားများ၊အသုံးအဆောင်များ
¤ပြင်သစ်ကိုလိုနီ အဆောက်အဦးများ၊ပါလီမန်များ
¤နာမည်ကျော် One Pilar Pagoda
တို့ကို တစ်နေရာတည်းမှာစုစုစည်းစည်းလေ့လာနိုင်ပါတယ်
ကိုယ်တွေကတော့ တစ်ဝကြီးလေ့လာခဲ့တယ်

☆☆ သောကြာနဲ့ တနလာင်္နေ့တော့ပိတ်တယ်နော်☆☆

♤Temple of literature ♤
Tang 'မင်းဆက် ဘုရင်ကြီး Ly Thang Tong( 1070) တွင်စတင်ခဲ့သော ပထမဆုံးသောတော်ဝင်ဘုရင့်တက္ကသိုလ် ဖြစ်ပြီး Conficus (ကွန်ဖြူးရှပ်ဝါဒ)စာပေသင်ကြားရာ ဂုဏ်ထူးဆောငကျောင်းသားများ အရာရှိများ မွေးဖွားရာကျောင်းတော်ပေါ့ လေ့လာစရာများ ဘုရင့်ဆုတောင်းဝတ်ဆောင်များလည်း ဝင်ရောက်ဆုတောင်းနိုင်ပါတယ်

♤ အဲ့နောက် မြို့ရဲ့ နာမည်ကျော် Mai Song Sen Buffet စားသောက်ဖို့lunch Time ကိုရောက်ရှိခဲ့ပါတယ်
Sushi,Salad,BBQ,Hop Pot, Soup, အရှေ့တိုင်း အနောကိတိုင်းအမျိုးပေါင်းခုနှစ်ရာကျော်တည်ခင်းထား
သောBuffetဖြစ်ပြီးအစားအသောက်ချေးများသူတောင်
စိတိညစ်သွားစေရမယ့်နေရာပါ

♤အချိန်ရရင်တော့ Mega Shopping Mall ထပ်ပို့ပေးပါတယ်

♧♧♧ကဲ ခွဲခွာရတော့မယ် Hanoi ရေ♧♧♧
ညနေ ကျတော့ နာရီဝက်ခန့်မောင်းရတဲ့ Noi Bai International Airport ကိုရောက်လာပါတော့တယ်
5:15 p.mflight ကို Boarding ကတော့ 4:45 p.m ဆိုတော့ 3:30 p.m လောက်တော့ အရောက်သွားပါ
Souvinier Shopလေးတွေလည်းများတယ်နော်
ဝယ်လို့ကောင်းတယ် လေဆိပ်ထဲက Duty Free shopလေးများကတော့ အရမ်းဈေးမကြီးပါဘူး ဈေးမှန်ပါတယ်♡♡♡♡

¤¤¤¤¤ 》》》 လေယာဉ်ပြန်တက်တော့
♤♤♤ Bye Bye ☆ Vietnam ♡ See you again

♧Yagon International Airport ကိုရောက်တော့ ည 7:00 p.m ရှိပါပြီ ♧

သွားချင်ရင်တော့ ဈေးနှုန်းသက်သာပြီး စိတ်ချရတဲ့
Eco Tour link Travel & Tour နဲ့သွားပေါ့
ဖုန်းနံပတ်လေးတွေက 09420234712,09250248210 ကိုဆက်သွယ်လိုက်ပေါ့ viber ,linesလည်းသုံးတယ်နော်
Facebook: Eco Tour Link Travel &Tour
Website : www.ecotourkinktravels.com
Gmail : [email protected]

သတိပြုစရာများ
♧D**g သာအသုံးပြုသောကြောင့် $ ကို လုံလုံလောက်လောက်လဲလှယ်ရန်
♧Hanoi Night Market တွင် ပိုက်ဆံအိတ်များဂရုစိုက်ရန်
♧ Arrival form မလိုပဲ မေးသမျှဖြေပေးရန်
♧4 star Cruise ညအိပ်ပေါ်တွင် ရေ နှင့် Noodleများကို
သယ်ဆောင်ရန် (european Food များသာကျွေး၍ မစားတတ်သူများအတွက်)
♧Hochi Minh Complex သွားရာတွင် ပေါ့ပေါ့ပါးပါးသယ်ဆောင်ရန်
♧အနွေးထည် ဆေးဝါးလေးများဆောင်ထားရန်
♧guide Name card,Hotel Address Card,Map များကိုဆောင်ထားရန်

♡♡♡ကဲ Review post လေးကိုစောင့်ဖတ်တော့ အရမ်းကျေးဇူးတင်ပါတယ် ပုံလေးတွေလည်းကြည့်ပါဦး

■♧ ☆(ဤ post အားcopy ကူးယူခွင့်မပြုပါ လွတ်လပ်စွာ Share နိုင်ပါသည် )☆♧■
Daniel Htun (Eco Tour Link)

●●●●●●●

2016-2017 Eco Tour Link Travel အားပေးခဲ့ကြသော ပြည်တွင်းပြည်ပခရီးသည်များ မိတ်ဖက် Companyများအား အထူးပင်ကျေးဇူးတင်ရှိအပ်ပါ...
19/11/2017

2016-2017 Eco Tour Link Travel အားပေးခဲ့ကြသော ပြည်တွင်းပြည်ပခရီးသည်များ မိတ်ဖက် Companyများအား အထူးပင်ကျေးဇူးတင်ရှိအပ်ပါသည်
ဆက်လက်၍ မိုးရာသီကင်းစင်စပြုသော Nov လကုန်မှစ၍ ပြည်ပခရီးစဉ်များဖြစ်သော Thailand, Vietnam,Cambodia,laos,Singapore,Maldaves,
Korean,japan,philippines,Indonesia,Malaysia နှင့် ပြည်တွင်းခရီးစဉ်များပြန်လည်စတင်တော့မည်ဖြစ်
(Oct လတွင် ရာသီဥတု အခြေအနေကြောင့် ခရီးသည်များအတွက် Trip Program များမဆွဲပေးနိုင်သည့်အတွက်အနူးအညွတ်တောင်းပန်အပ်ပါသည်)


ထိုင်းဘုရင့် ဈာပန အခမ်းအနား အသိပေးကြေငြာခြင်း25 Oct  to 29 Oct''ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒက်ခ်ျရဲ့ နောက်ဆုံးခရီး ဈာ...
26/10/2017

ထိုင်းဘုရင့် ဈာပန အခမ်းအနား အသိပေးကြေငြာခြင်း

25 Oct to 29 Oct

''ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒက်ခ်ျရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနား''

မနှစ်က နတ်ရွာစံသွားတဲ့ ထိုင်းဘုရင်ကြီး ဘူမိဘောအဒူရာဒက်ခ်ျရဲ့ နောက်ဆုံးခရီး ဈာပနအခမ်းအနားကို ထိုင်းနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ကနေ စတင်ပြီး ၂၉ ရက်နေ့အထိ ၅ရက်ကြာ ကျင်းပနေပါပြီ။

ထိုင်းနိုင်ငံကတော့ ဒီဈာပနပွဲကို အမေရိကန်ဒေါ်လာ သန်း ၉၀ သုံးစွဲမယ်လို့ကြေညာထားတာတွေ့ရပါတယ်။

ဘန်ကောက်မြို့လယ် ရင်ပြင်ဟောင်းမှာကျင်းပမယ့် ဈာပနပွဲကို မြန်မာသမ္မတဦးထင်ကျော် ပါ တက်ရောက်ဖို့ ရှိနေပါတယ်။

ဘုရင်ကြီးရဲ့ရုပ်အလောင်း မီးသင်္ဂြိုဟ်မယ့် ရက်ကို ထိုင်းနိုင်ငံက အောက်တိုဘာ ၂၆ ရက်နေ့လို့ သတ်မှတ်ထားပြီး အဲဒီနေ့ကို နိုင်ငံတော်ပိတ်ရက်အဖြစ်လည်း သတ်မှတ် ကြေငြာထားပြီး ဖြစ်ပါတယ်။

ထိုင်းနိုင်ငံဆိုတာက မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကနေ လေယာဉ်နဲ့ သွားရင် ၁နာရီတောင်မကြာတဲ့ ခရီးတစ်ခုဖြစ်တာကြောင့် မြန်မာဘက်က ခရီးသွားတွေ အဲဒီရက်တွေမှာ ထိုင်းဘက်ကိုသွားဖို့ရှိနေတယ်ဆိုရင် ပြင်ဆင်သင့်တာ၊လိုက်နာသင့်တာတွေကို ဘန်ကောက်ဧည့်လမ်းညွှန်ကိုစိုင်းက အခုလိုပဲ ပြောပြပါတယ်။

''အောက်တိုဘာ ၂၆ ရက်နေ့ဟာ နတ်ရွာစံသွားသော ထိုင်းဘုရင် ဘူမိဘောအဒူရာဒက်ခ်ျ ရဲ့ ကျန်ရှိသော ရုပ်ကလာပ်ကို မီးသဂြိုလ်မယ့် နေ့ရက်ဖြစ်တဲ့အတွက် ဝမ်းနည်းပူဆွေးတဲ့ အထိမ်းအမှတ်အဖြစ် ဘန်ကောက်တစ်မြို့လုံးက Shopping Mall တွေ ၊ ကစားကွင်းတွေ ၊ပျော်ပွဲ ရွှင်ပွဲတွေအားလုံးကို တစ်ရက်တာပိတ်ထားမှာဖြစ်ပါတယ်။ ယုတ်စွအဆုံး ၂၄ နာရီအမြဲဖွင့်လှစ်ရောင်းချပေးသည့် 7-eleven လိုဆိုင်မျိုးတောင်တစ်ရက်လုံးပိတ်မှာ ဖြစ်တဲ့အတွက် ဘန်ကောက်ရောက် မြန်မာ တွေအားလုံး စားရေးသောက်ရေး၊ သွားရေးလာရေးအထူးပင်ပူပင်မိပါတယ်။ Kitchen မှအသင့်မှာယူစားသုံးနိုင်သော ဟိုတယ် များမှာ တည်းခိုနေသူများမှအပ တခြားဟိုတယ်ငယ်တွေ မှာ တည်းခိုနေကြတဲ့ ရွှေမြန်မာအားလုံးကို အထူးအသိပေးချင်တာက ဒီနေ့ ၂၅ရက်နေ့ကတည်းကကြိုတင်ပြီး မိမိနှစ်သက်တတ်သောအစားအစာများ ကြိုတင်ဝယ်ယူထားခြင်း ၊7 eleven များမှ အသင့်စားနိုင်သော ထမင်းဗူးများ ၊ ခေါက်ဆွဲခြောက်များ ၊စသဖြင့် ကြိုတင်ဝယ်ယူထားရန် အသိပေးအပ်ပါတယ်။ အမဲရောင်အင်္ကျီများကိုလည်းအပန်းမကြီးပါက ဝတ်ဆင်ပေးကြပါရန် သတိပေးနိုးဆော်ပါတယ်'' လို့ ပြောပါတယ်။

ထိုင်းဘုရင်ဟောင်း ဘူမိဘောအဒူရာဒက်ခ်ျဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့တာဖြစ်ပါတယ်။

Credit

PN
လေးစားလျက်
wa than aung

နိုင်ငံသားစီစစ်ရေးကတ်ပြားလေးတွေလိုလာပြီနော်
01/08/2017

နိုင်ငံသားစီစစ်ရေးကတ်ပြားလေးတွေလိုလာပြီနော်

'  နှစ်သစ်ကူး ဆုတောင်းသဝဏ်လွှာ နှင့်                 ရုံးပိတ်ရက်ကြေငြာခြင်း  'မဟာသက္ကရာဇ် ၁၃၇၈ တန်ခူးလ တွင်ကျရောက်သော မြန်...
11/04/2017

' နှစ်သစ်ကူး ဆုတောင်းသဝဏ်လွှာ နှင့်
ရုံးပိတ်ရက်ကြေငြာခြင်း '

မဟာသက္ကရာဇ် ၁၃၇၈ တန်ခူးလ တွင်ကျရောက်သော မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်တွင် Eco Tour link Travel ကို အားပေးခဲ့
ကြပါသော မိတ်ဟောင်းမိတ်သစ်များ ကျန်းမာ
ရွှင်လန်းစွာဖြင့် ရေစင်များ သွန်းလောင်းဖျန်းပက်နိုင်ကြပါ
စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်

သင်္ကြန်အခါ သမယတွင် Eco Tour Link ၏ ဝန်ဆောင်မှု
လုပ်ငန်းများနှင့် ရုံးပိုင်းဆိုင်ရာလုပ်ငန်းများကို ( 13 April
သင်္ကြန်အကြို မှ 17 April ထိ) ခေတ္တ ရပ်နားထားပါသည်
'နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ'

ETL ပြည်တွင်းအပန်းဖြေ ချောင်းသာ ခရီးစဉ်     (  1 April  - 3 April   2017)  2 Night   3 Day ( Sat -Sun ကျောင်းပိတ်ရက် အလု...
28/02/2017

ETL ပြည်တွင်းအပန်းဖြေ ချောင်းသာ ခရီးစဉ်
( 1 April - 3 April 2017) 2 Night 3 Day
( Sat -Sun ကျောင်းပိတ်ရက် အလုပ်ပိတ်ရက်အထူးခရီးစဉ်)

မြန်မာနိုင်ငံ၏ သာယာလှပသော ကမ်းခြေများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး ရန်ကုန်မြို့မှ မိုင်ပေါင်း ၁၆၀ ဝန်းကျင်နှင့် ပုသိမ်မြို့မှ အနောက်ဘက် ၄၈ ကီလိုမီတာ မိုင်အားဖြင့် ၃၀ မိုင် ခန့်အကွာအဝေးတွင် ကြည်လင်ပြီး အပြာရောင် ရှိသော ပင်လယ်ရေပြင် ၊ ဖြူးဖွေးသော လှိုင်းများ၊ ရှည်လျှားသော သဲသောင်ပြင်တို့အပြင် သဘာဝအတိုင်းသာယာလှပပြီး ချစ်စရာကောင်းသော ပတ်ဝန်းကျင်များတည်ရှိတဲ့ ချောင်းသာ ကမ်းခြေသို့ အပန်းဖြေနိုင်ရန် ECO TOUR LINK TRAVEL မှ ၂ ညအိပ် ၃ ရက် ခရီးစဉ် တစ်ဦးလျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် စီစဉ်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ။

* ကမ်းခြေနှင့်မဝေးသောနေရာတွင် တည်ထားကိုးကွယ်သော ကျောက်မောင်နှမ စေတီတော် သို့ သွားရောက်ဖူးမျှော်နိုင်ခြင်း

* အမှတ်တရဓာတ်ပုံရိုက်ကူးရန် ကောင်းသော နေရာမှား၊ သဘာဝပါတ်ဝန်းကျင် နေရာများ ကြည့်ရှုရင်း။။

* ချောင်းသာကမ်းခြေမှ မိနစ် (၁၅မီနစ်)ခန့်သွားရောက်ရသော သဲဖြူကျွန်း ဖိုးကုလားကျွန်း သို့ သွားရောက်ကာသဘာဝပတ်ဝန်းကျင်ခရီးစဉ်များ လေ့လာရင်း။။

*သာယာလှပသောကမ်းခြေတွင် ရေကူးခြင်း Motor bike စီးခြင်း မြင်းစီးခြင်း ရေထဲတွင် Banana Boat စီးခြင်း Jackie စီးခြင်း Speed Boat စီးခြင်း စသည့် အပန်းဖြေခြင်းများ ပြုလုပ်နိုင်ပါသည်

ပါဝင်သော ဝန်ဆောင်မှုများ
*3 star hotel (Near Beach)
*နံနက်စာ (Breakfast)
* သွားတိုက်ဆေး ၊သွားတိုက်တံ၊ ရေသန့်၊ စနိုင်းတာဝါ
* အဆင့်မြင့် Aircon Express Bus
*ဖိုးကုလားကျွန်း သဲဖြူ ကျွန်းသွား စက်လှေခများ
*Guide ဝန်ဆောင်မှု စသည့်ဝန်ဆောင်မှုများပါဝင်ပါသည်။

မပါဝင်သောဝန်ဆောင်မှု
*တစ်ကိုယ်ရေသုံး အပန်းဖြေခြင်းများ နှင့် အသုံးစရိတ်
* Lunch, Dinner *ခရီးစဉ်တွင်မပါဝင်သောနေရာများသို့လည်ပတ်ခြင်း

Contact Ph & Viber
09420234712, 09250248210

Email - [email protected]
[email protected]


*Eco Tour Link Car rental Service*                ( Domestic & International) ပြည်တွင်း Car  Rental Serviceပြည်တွင်း ဘုရ...
21/02/2017

*Eco Tour Link Car rental Service*
( Domestic & International)

ပြည်တွင်း Car Rental Service

ပြည်တွင်း ဘုရားဖူးခရီးစဉ်များ အပန်းဖြေခရီးစဉ်များအား
Company အဖွဲ့အစည်းများသော်လည်းကောင်း ဋ္ဌာနဆိုင်ရာ အသင်းအဖွဲ့များသော်လည်းကောင်း ကျောင်းသားများ သင်တန်းများ မိသားစုများ HoneyMoon trip များ မြန်မာပြည်အနှံသွားလာနိုင်ရန် ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးပါသည်

Bagan , Mandalay, NaypyiTaw, Kawthaung,Myeik Nyung Shwe (inlay) စသည့်ဒေသများတွင်လည်း
ကား များငှားရမ်းနိုင်ပါသည်

(Belta. Crown,Alphad,Hiace အံစာတံုး ကားများ
33 Seater Japan ကားများ , 45 seater Japanese .Scania. Yutong )စသည့် ကားမျိုးစုံ ဌားရမ်းနိုင်ပါသည်
( 10 ရက်အထက် ဌားရမ်းပါက အထူးနှုန်း ရှိပါသည်)

ပြည်ပ Car Rental Service

Thai, Singapore,Vietnam စသည့်နိုင်ငံများတွင် ကားများကို ဈေးနှုန်းသက်သာစွာ ဌားရမ်းနိုင်ပါသည်
China,Japan,Korea နိုင်ငံများတွင် ကားဌားပါက
1 week ကြိုတင်အကြောင်း ကြား၍ ကားများကို ဌားရမ်းနိုင်ပါသည်

(ပြည်ပ နိုင်ငံများ Airport pickup only မဌားပါ)

Ph Contact & Viber
09420234712 , 09250248210 သို့ Ph နင့်ဖြစ်စေ Viber နှင့်ဖြစ်စေ ဆက်သွယ်နိုင်ပါသည်

E Mail : [email protected]
[email protected]


'We're Ready Help for Your Rest Time'

ETL  Bkk-Pattaya Trip 2017 ခရီးစဉ်ကိုအားပေးခဲ့ကြသော Future Glow Company MD နှင့် ဝန်ထမ်းများ ကိုယ်စားလှယ်တော်ကြီးများ ကိ...
19/02/2017

ETL Bkk-Pattaya Trip 2017 ခရီးစဉ်ကိုအားပေးခဲ့ကြသော Future Glow Company MD နှင့် ဝန်ထမ်းများ ကိုယ်စားလှယ်တော်ကြီးများ ကိုကျေးဇူးတင်ရှိရင်း ခရီးစဉ်အမှတ်တရပုံရိပ်များကို တင်ပြအပ်ပါသည်

Address

B2/­303, 3th Floor, Bo Ba Htoo Housing, North Dagon
Yangon
095

Alerts

Be the first to know and let us send you an email when Eco Tour Link Travels & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category