PWINT PHOO THIT,Travel & Tour

PWINT PHOO THIT,Travel & Tour Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PWINT PHOO THIT,Travel & Tour, Travel Agency, No. (777)Danathiri Street. (77)Ward-Dagon Seikkan-Tsp, Yangon.

PWINT PHOO THIT Travel & Tour
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလိုင်စင်ရအကျိုးဆောင်ကုမ္ပဏီ၊
(ပြည်တွင်း/ပြည်ပ ခရီးသွားပို့ဆောင်ရေးဝန်ဆောင်မှု)ဗီဇာ-လေယာဉ်လက်မှတ်-
Licence No.T/I(YGN)3533
Licence No.T/O(YGN)1230

22/05/2026

ကြိုဆိုပါသည် မြန်မာပြည်

မေလ(၁၀)ရက်နေ့ကျရောက်တဲ့ Happy Mother’s Day ကိုဂုဏ်ပြုလိုက်ပါတယ်
10/05/2026

မေလ(၁၀)ရက်နေ့ကျရောက်တဲ့ Happy Mother’s Day ကိုဂုဏ်ပြုလိုက်ပါတယ်

10/05/2026
Union of Myanmar Travel Association (UMTA)
10/05/2026

Union of Myanmar Travel Association (UMTA)

09/05/2026

📍Embassy of Malaysia Trade Section မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခြင်း📍

📍(၆-၅-၂၀၂၆) ရက်နေ့ ညနေ ၃ နာရီတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) သို့ Embassy of Malaysia Trade Section မှ Economic Counsellor ဖြစ်သူ Muhd Hairi Zainal Abidin နှင့် တာဝန်ရှိသူများ လာရောက်တွေ့ဆုံခဲ့ပါသည်။

📍အဆိုပါ တွေ့ဆုံမှုတွင် UMTA ဘက်မှ တွဲဖက်အတွင်းရေးမှူး (၂) ဦးကျော်ဝင်းထွန်း၊ တွဲဖက်ဘဏ္ဍာရေးမှူး (၁) ဒေါ်ခင်မေမေအေးနှင့် အလုပ်အမှုဆောင် ဒေါ်နှင်းဝတ်ရည်တို့က လက်ခံတွေ့ဆုံခဲ့ကြပါသည်။

📍တွေ့ဆုံဆွေးနွေးမှုအတွင်း နှစ်နိုင်ငံကြား ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ပြီး၊ အထူးသဖြင့် Education Tourism နှင့် Medical Tourism ကဏ္ဍများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အမြင်များ ဖလှယ်ခဲ့ကြပါသည်။

Union of Myanmar Travel Association (UMTA)

Myanmar Airways International
08/05/2026

Myanmar Airways International

I got over 100 reactions on my posts last week! Thanks everyone for your support! 🎉
05/05/2026

I got over 100 reactions on my posts last week! Thanks everyone for your support! 🎉

02/05/2026
02/05/2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးနှင့် (၂၀၂၆-၂၀၂၈)ခုနှစ် သက်တမ်းအတွက် အလုပ်အမှုဆောင်ကော်မတီရွေးချယ်တင်မြှောက်ပွဲဖိတ်ကြားလွှာ

02/05/2026

📍UMTA Travel Fair 2026 အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို ဇွန်လ ၁၃–၁၄ ရက်တွင် ကျင်းပမည်ဖြစ်ပါကြောင်းနှင့် ခရီးသွားပြပွဲတွင် ပါဝင်ပြသနိုင်ပါကြောင်း အကြောင်းကြားခြင်း📍

(၁) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း (UMTA) မှ ကြီးမှူး၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်ကာ UMTA Travel Fair 2026 အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲကို ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၃–၁၄) ရက်နေ့များတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Sedona Hotel တွင် (၂) ရက်တာ ပြပွဲအဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

(၂) အဆိုပါ ပြပွဲတွင် ပြခန်းများ၊ ဆွေးနွေးပွဲများ၊ သရုပ်ဖော်တင်ဆက်မှုများ၊ Quiz & Gifts အစီအစဉ်များ စသည်တို့ကို စုံလင်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရှိ ခရီးသွားလုပ်ငန်းနယ်ပယ်အသီးသီးမှ ဧည့်သည်တော်ကြီးများနှင့် ပြပွဲသို့ ဝင်ရောက်လေ့လာလိုသူများအား ခေါ်ယူဖိတ်ကြား၍ ကျင်းပသွားမည်ဖြစ်ပါသည်။

(၃) ပြပွဲသို့ ဖိတ်ကြားထားသော Overseas Buyers များမှာ Tourism Boards များ၊ Outbound Tour Operators များ၊ Individual Travelers များ၊ Corporate Travel Managers များ၊ Tour Operators များ၊ Travel Agents များ၊ Online Travel Agencies (OTAs) များ၊ MICE အတွက် ဝယ်ယူသည့် လုပ်ငန်းကြီးများနှင့် Travel Promoters များ ဖြစ်ပါသည်။ ထို့အပြင် Overseas Sellers များအဖြစ် National Tour Operators (NTOs) များ၊ Hotels များ၊ Theme Parks များ၊ Airlines များ၊ Travel Agencies များ၊ Destination Management Companies (DMCs) များ၊ Online Travel Agencies (OTAs) များ၊ Travel Clubs များ၊ Corporations များနှင့် Independent Agents များကို ဖိတ်ကြားထားပါသည်။

(၄) သို့ဖြစ်ပါ၍ မိမိတို့၏ လုပ်ငန်းများကို ပိုမိုလွယ်ကူစွာ ဖွံ့ဖြိုးတိုးတက်စေရန် အားကိုးယုံကြည်ရသော နိုင်ငံရပ်ခြားအဖွဲ့အစည်းများနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးနိုင်မည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်း/ပြည်ပ ခရီးသွားကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ဘဏ်များ၊ ခရီးသွားအာမခံကုမ္ပဏီများ၊ ဧည့်လမ်းညွှန်များ၊ Travel Blogger များနှင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများအားလုံး ပါဝင်ဆင်နွဲကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

(၅) Buyer / Seller Meetings အတွက် Trade Day (စနေ၊ ဇွန်လ ၁၃ ရက်) သို့ တက်ရောက်လိုသူများအနေဖြင့် www.umtatravelfair.com/register_local.html မှတစ်ဆင့် ကြိုတင်စာရင်းပေးသွင်းရပါမည်ဖြစ်ပြီး
* Local Buyer Fees – ကျပ် ၂ သိန်း ၅ သောင်း
* Local Seller / DMC Fees – ကျပ် ၈ သိန်း
* Local Seller / Outbound Fees – ကျပ် ၁၃ သိန်း ဖြစ်ပါသည်။ (စရိတ်တွင် ပါဝင်သော ဝန်ဆောင်မှုများနှင့် ခံစားခွင့်များကို Website တွင် အသေးစိတ် ဖော်ပြထားပါသည်။) ပြခန်းများနှင့် ကောင်တာများမှာ အရေအတွက် ကန့်သတ်ထားသဖြင့် ဦးရာလူစနစ်ဖြင့်သာ လက်ခံသွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

အဆိုပါ UMTA Travel Fair 2026 ပြပွဲတွင် ပါဝင်ဆင်နွဲရန် စိတ်ပါဝင်စားသော လုပ်ငန်းရှင်များအနေဖြင့်

UMTA အသင်းရုံး – ၀၉ ၂၀၀ ၅၆၄၈၊ ၀၉ ၅၁၇ ၀၄၅၆
Email –[email protected], [email protected]

ပြပွဲကျင်းပရေးကော်မတီ – ၀၉ ၇၈၂၃၉၅၆၄၉၊ ၀၉ ၅၀၅၉၈၆၆
Email – [email protected]

သို့ ဆက်သွယ်စုံစမ်းနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

LEARN MORE – www.umtatravelfair.com

�ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ( UMTA)

Address

No. (777)Danathiri Street. (77)Ward-Dagon Seikkan-Tsp
Yangon
11414

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when PWINT PHOO THIT,Travel & Tour posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category