17/08/2026
မက္ကာမြို့ရဲ့ သမိုင်းဝင် Zubaydah ရေတူးမြောင်း
မက္ကာမြို့အနီး အာရဖတ်၊ မုဇ်ဒလိဖာနဲ့ မီနာဘက်တွေမှာ တွေ့မြင်နိုင်သေးတဲ့ အိန်န် ဇုဗိုင်ဒါ ရေမြောင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁,၂၀၀ ကျော်ကတည်းက ခရီးသွားများHajjလာတဲ့ Hj/Hjမ များအတွက်ရေသုံးရလွယ်ကူစေရန် ရေဖြန့်ဝေပေးခဲ့တဲ့ သမိုင်းဝင် ရေပေးဝေရေးစနစ်ကြီးတစ်ခု ဖြစ်ပါတယ်။
ဒီရေမြောင်းကို ဇုဗိုင်ဒါ ဘင်တီ ဂျာဖာ (Zubaydah bint Ja’far) — အဘ္ဗာစီ ခလီဖာ ဟာရွန် အလ်-ရာရှစ်ဒ် (Harun al-Rashid) ရဲ့ ဇနီး — က ခရီးသွားများHajjလာတဲ့ Hj/Hjမ များ ရေရှားပါးမှုကြောင့် ဒုက္ခရောက်နေကြတာကို တွေ့မြင်ပြီး တည်ဆောက်စေခဲ့တာ ဖြစ်ပါတယ်။
🏔️ ရေစနစ်ဟာ Wadi Nu’man / Jabal Kara အနီးကနေ စတင်ပြီး အာရဖတ်၊ မုဇ်ဒလိဖာ၊ မီနာတို့ကို ဖြတ်သန်းကာ မက္ကာမြို့အထိ ရေကို ပို့ဆောင်ပေးခဲ့ပါတယ်။ စုစုပေါင်းအရှည်မှာ ခန့်မှန်း ၃၀ ကီလိုမီတာခန့် ရှိခဲ့ပါတယ်။
🕌 တောင်တန်းတွေကြားမှာ ကျောက်တုံးတွေနဲ့ ရေမြောင်းများ၊ ရေလှောင်ကန်များ၊ မြေအောက်လမ်းကြောင်းများနဲ့ ရေတံတားပုံစံ အဆောက်အအုံတွေကို တည်ဆောက်ထားတာကြောင့် ရှေးခေတ် အစ္စလာမ့်အင်ဂျင်နီယာပညာရဲ့ အံ့မခန်းလက်ရာတစ်ခုအဖြစ် ယနေ့တိုင် သမိုင်းအမွေအနှစ်အဖြစ် ကျန်ရှိနေပါတယ်။
❤️ Ain Zubaydah ဟာ ရေမြောင်းတစ်ခုသာမက ခရီးသွားများ Hajကိုလာတဲ့ Hj/Hjမများ အတွက် ရေကို အခမဲ့ရရှိစေရန် ရည်ရွယ်ခဲ့တဲ့ ဇုဗိုင်ဒါရဲ့ စေတနာနဲ့ အစ္စလာမ့်သမိုင်းဝင် ဝကဖ်အမွေအနှစ်တစ်ခုလည်း ဖြစ်ပါတယ်။