Myanmar Getaway Travels & Tours

Myanmar Getaway Travels & Tours As our motto is "Travels at Your Comfort", you can enjoy all your travels comfortably.
(296)

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီ...
19/11/2021

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔

ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီရှင်။

မည်သည့်လေယာဥ်လက်မှတ်အမျိုးအစားကို ဝယ်ဝယ် KBZ/AYA/CB mobile banking များဖြင့်ငွေပေးချေနိူင်ပြီ ဖြစ်ပါသည်။

သတိပြုရန်
-Myanmar Getaway Travels & Tours မှ အထက်ဖော်ပြပါ Promotion ဈေးနူန်းများအား အာမခံပေးထားခြင်းမဟုတ်ပါ။
-မိမိသွားလိုသည့် နေ့ရက် / အချိန် နှင့် လေကြောင်းလိုင်းပေါ်မူတည်၍ ဈေးနူန်းကွာခြားမှု့ ရှိနိူင်ပါသည်။
-မိမိခရီးသွားမည့်ရက်အား တိကျစွာ သိရှိခဲ့ပါက ကြိုတင်၀ယ်ယူခြင်းဖြင့် အသက်သာဆုံး Promotion လတ်မှတ်များကို ရရှိနိူင်ပါသည်။
-အထက်ပါဖော်ပြပါ ဈေးနူန်းများသည် ပြည်တွင်းခရီးသွားဧည့်သည်များအတွက်သာ ဖြစ်ပြီး Foreigner များအတွက် သီးသန့်ဈေးနူန်းများ သတ်မှတ်ထားပါသည်။
-အထက်ပါဖော်ပြပါဈေးနူန်းများရရှိနိူင်ရန် ကြိုတင်ဝယ်ယူခြင်းဖြင့် ရယူလိုက်ပါ။

Myanmar Getaway Travels & Tours
No.(2A-8) Thanthumar Road , Thingangyun Township , Yangon
(09) 790790500 (09) 790790600
[email protected]

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီ...
17/11/2021

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔

ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီရှင်

မည်သည့်လေယာဥ်လက်မှတ်အမျိုးအစားကို ဝယ်ဝယ် KBZ/AYA/CB mobile banking များဖြင့်ငွေပေးချေနိူင်ပြီ ဖြစ်ပါသည်။

သတိပြုရန်
-Myanmar Getaway Travels & Tours မှ အထက်ဖော်ပြပါ Relief Flight ဈေးနူန်းများအား အာမခံပေးထားခြင်းမဟုတ်ပါ။

-မိမိသွားလိုသည့် နေ့ရက် / အချိန် နှင့် လေကြောင်းလိုင်းပေါ်မူတည်၍ ဈေးနူန်းကွာခြားမှု့ ရှိနိူင်ပါသည်။
-မိမိခရီးသွားမည့်ရက်အား တိကျစွာ သိရှိခဲ့ပါက ကြိုတင်၀ယ်ယူခြင်းဖြင့် အသက်သာဆုံး စျေးနူန်း လတ်မှတ်များကို ရရှိနိူင်ပါသည်။
-အထက်ပါဖော်ပြပါဈေးနူန်းများရရှိနိူင်ရန် ကြိုတင်ဝယ်ယူခြင်းဖြင့် ရယူလိုက်ပါ။

Myanmar Getaway Travels & Tours
No.(2A-8) Thanthumar Road , Thingangyun Township , Yangon
(09) 790790500 (09) 790790600
[email protected]

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီ...
04/11/2021

လေယာဥ်လက်မှတ်ဝယ်ရတာ ခက်နေတာလား။ 😔

ဟုတ်ကဲ့၊ 😎 Myanmar Getaway မှာ ပြည်တွင်းပြည်ပလက်မှတ်များကို လွယ်ကူစွာ ဝယ်ယူလို့ရနေပါပြီရှင်။

ရန်ကုန် ( RGN ) ✈ မန်းလေး ( MDL ) Price - 48000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ဟဲဟိုး ( HEH ) Price - 40000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ညောင်ဦး ( NYU ) Price - 40000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ စစ်တွေ ( AKY ) Price - 48000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ သံတွဲ ( SNW ) Price - 57000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ကော့သောင်း ( KAW ) Price - 96000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ မြစ်ကြီးနား ( MYT ) Price - 41000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ကလေး ( KMV ) Price - 58000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ကျောက်ဖြူ ( KYP ) Price - 71000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ပူတာအို ( PBU ) Price - 41000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ ခမ်းသီး ( KHM ) Price - 64000 MMK မှစတင်၍👈

ရန်ကုန် ( RGN ) ✈ လွိုင်ကော် ( LIW ) Price - 56000 MMK မှစတင်၍👈

မည်သည့်လေယာဥ်လက်မှတ်အမျိုးအစားကို ဝယ်ဝယ် KBZ/AYA/CB mobile banking များဖြင့်ငွေပေးချေနိူင်ပြီ ဖြစ်ပါသည်။

သတိပြုရန်
-Myanmar Getaway Travels & Tours မွ အထက်ဖော်ပြပါ Promotion ဈေးနူန်းများအား အာမခံပေးထားခြင်းမဟုတ်ပါ။
-မိမိသွားလိုသည့် နေ့ရက် / အချိန် နှင့် လေကြောင်းလိုင်းပေါ်မူတည်၍ ဈေးနူန်းကွာခြားမှု့ ရှိနိူင်ပါသည်။
-မိမိခရီးသွားမည့်ရက်အား တိကျစွာ သိရှိခဲ့ပါက ကြိုတင်၀ယ်ယူခြင်းဖြင့် အသက်သာဆုံး Promotion လတ်မှတ်များကို ရရှိနိူင်ပါသည်။
-အထက်ပါဖော်ပြပါ ဈေးနူန်းများသည် ပြည်တွင်းခရီးသွားဧည့်သည်များအတွက်သာ ဖြစ်ပြီး Foreigner များအတွက် သီးသန့်ဈေးနူန်းများ သတ်မှတ်ထားပါသည်။
-အထက်ပါဖော်ပြပါဈေးနူန်းများရရှိနိူင်ရန် ကြိုတင်ဝယ်ယူခြင်းဖြင့် ရယူလိုက်ပါ။

Myanmar Getaway Travels & Tours
No.(2A-8) Thanthumar Road , Thingangyun Township , Yangon
(09) 790790500 (09) 790790600
[email protected]

ခရီးသွားချစ်သူတွေအတွက် အစားအသောက်မှာနာမည်ကျော်တဲ့ (၈)နိုင်ငံအစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ခရီးချစ်သူတို့ရေ ကမာ...
24/05/2021

ခရီးသွားချစ်သူတွေအတွက် အစားအသောက်မှာနာမည်ကျော်တဲ့ (၈)နိုင်ငံ

အစားအသောက်ကောင်းတွေကို ကြိုက်နှစ်သက်တဲ့ ခရီးချစ်သူတို့ရေ ကမ္ဘာ့အကောင်းဆုံးအစားအစာတွေရယ်လို့ သတ်မှတ်ခြင်းခံထားရတဲ့ လူကြိုက်အများဆုံးအစားအစာတွေက ဘယ်နိုင်ငံတွေမှာရှိလဲဆိုတာကို ပြောပြပေးမယ်နော်

🔵 ၁။ Italy
အီတလီနိုင်ငံမှ အစားအသောက်တွေကတော့ ကမ္ဘာ့အကောင်းဆုံး အစားအသောက်များအဖြစ်ရပ်တည်နေပါတယ်။ Pizza, Spaghetti အမျိုးမျိုး အစရှိတဲ့ အစားအသောက်တွေကတော့ နိုင်ငံတကာမှာပါ လူကြိုက်များလှပါတယ်။ Cheese နိုင်နိုင် ခရမ်းချဉ်သီးများများနဲ့ အာဟာရကော အရသာပါ ပြောစရာမလိုတဲ့ အစားအသောက်တွေကတော့ အီတလီနိုင်ငံ မှာရနိုင်ပါတယ်။ Coffee ကို အီတလီမှာ မနက်တင်မကပဲ တစ်ချိန်လုံးကိုသောက်တာပါ။ အီတလီနိုင်ငံသားတွေက Coffee ကိုဆိုင်မှာပဲ ထိုင်သောက်တတ်ပြီး ပါဆယ်ယူသွားမယ်ဆိုရင်တော့ ဧည့်သည်ဆိုတာ တန်းသိနိုင်ပါတယ်။

🔵 ၂။ China
အရသာရှိလှတဲ့ တရုတ်အစားအစာတွေကတော့ အထူးပြောစရာမလိုပါဖူးနော်။ နိုင်ငံ တိုင်းမှာလည်း တရုတ်တန်းရှိသလို တရုတ်အစားအစာကို လွတ်ကင်းတာ ရှားလှပါတယ်။ လမ်းဘေးအစားအစာကနေ တော်ဝင်ဟင်းပွဲတွေအထိကို တိုးပေါက်တဲ့ အစားအစာတွေဖြစ်ပါတယ်။ တရုတ်က အရသာရှိလှတဲ့ ဝက်သား၊ ယူနန်ဘဲကင်၊ ဒင်းဆမ်းတို့ကတော့ ကျွန်တော်တို့အားလုံး မငြင်းနိုင်တဲ့ အစားအသောက်တွေပါနော်။

🔵 ၃။ France
နံပါတ် (၃) ကတော့ ပြင်သစ်အစားအသောက်တွေပဲ ဖြစ်ပါတယ်နော်။ ပေါင်မုန့်တွေ ဝိုင်တွေ Cheese တွေအတွက်နာမည်ကြီးပါတယ်။ အစားအသောက်ကို အချိန်ပေးပြီးအရသာခံစားသောက်တတ်တဲ့ အမူအကျင့်ကိုလည်းတွေ့ရမှာပါ။ ကျွန်တော်တို့အတွက်တော့ စားရမှာ နေသားမကျပေမယ့် ကမ္ဘာ့အကောင်းဆုံးအစားအသောက်မှာ ပါဝင်နေပါတယ်။

🔵၄။ Spain
ဒေသရိုးရာကို အခြေခံကာ ချက်ပြုတ်ထားတဲ့ စပိန်အစားအသောက်တွေကတော့ ဥရောပကော မြေထဲပင်လယ်ဒေသ အသီးအနှံ အရသာတွေပါ ပေါင်းစပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ Jamon Iberico, Churros ကတော့ စပိန်ရဲ့ နာမည်ကျော်အစားအစာတွေဖြစ်ပါတယ်။

🔵 ၅။ Japan
သဘာဝအရသာကို အခြေခံထားပြီး ကျန်မားရေးနဲ့ အထူးညီညွတ်တဲ့ ဂျပန် အစားအသောက်တွေကလည်း ကမ္ဘာတစ်လွှားမှာလူကြိုက်အလွန်များပြားပါတယ်။ Sushi, Ramen, Miso soup, sashimi, Tempura အစရှိတဲ့ အစားအစာတွေကတော့ လတ်လတ်ဆတ်ဆတ်နဲ့ လူတိုင်းကြိုက်နှစ်သက်ကြတာပါနော်။ အဆိပ်ရှိတဲ့ ငါးပူတင် ကိုလည်းကျွမ်းကျင်စားဖိုမှူးတွေက ချက်ပြုတ်ပေးတာကိုလည်း မြည်းစမ်းနိုင်ပါတယ်။ ဂျပန်ဆာကေးအရက်ကတော့ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဂျပန်လူမျိုးတွေ အသက်ရှည်ကျန်းမာစေတဲ့ လျှို့ဝှက်ချက်တစ်ခုကတော့ အစားအသောက်ပဲဖြစ်ပါတယ်။

🔵 ၆။ India
အိန္ဒိယအစားအသောက်တွေကတော့ အဟာရပြည့်ဝပြီးအစပ်အဟပ်တည့်ပြီး မဆလာကဲကဲ ဟင်းခတ်အမွှေးအကြိုင်အစုံအလင်နဲ့ ထောပတ်နိုင်နိုင်ချက်ပြုတ်တတ်ပါတယ်။ အိန္ဒိ တိုင်းရင်သားအများအပြားရှိတာမို့ ဒေသအလိုက်ကို အစားအစာတွေက မတူညီပါဖူး။ သတ်သတ်လွတ်ဟင်းလျာများကို အရသာရှိအောင်ချက်ပြုတ်သလို အမဲသား၊ သိုးသား၊ ဆိတ်သား တို့ကိုလည်း ချက်ပြုတ်ရာမှာ ကျွမ်းကျင်လှပါတယ်။ ပူရီ၊ ဒန်ပေါက်၊ မုန့်ချို ၊ ကီးမား၊လက်ဖက်ရည် အစရှိတဲ့ အိန္ဒိယအစားအသောက်တွေကိုလည်း တရုတ်အစားအစာလို နိုင်ငံတိုင်းမှာရှိနေပါတယ်။

🔵 ၇။ Greece
Honeymoon အတွက်နာမည်ကျော်ပြီး ဆန်တိုရိနီက အိမ်ဖြူဖြူလေးတွေအလှကြောင့် နိင်ငံတကာက လာရောက်လည်ပတ်ပါတယ်။ ပျားရည် ၊သံလွင်ဆီ၊ ဒိန်ချဉ်တို့ကတော့ ဂရိမှာနာမည်ကြီးပါ။ အချိုပွဲတွေကတော့ အီစိမ့်နေအောင်ချိုပေမယ့် အကင်တွေကတော့ အရမ်းကိုအရသာရှိပါတယ်။ ဒိန်ခဲ၊ သံလွင်ဆီတို့နဲ့ အသီးအရွက်တွေရဲ့ ဘဘာဝအရသာမပြတ်အောင်သုပ်ထားတဲ့ Greece Salad ကလည်း အရမ်းစားလို့ကောင်းပါတယ်။

🔵 ၈။ Thailand
ထိုင်းနိုင်ငံရဲ့ လမ်းဘေးအစားအသောက်တွေကတော့ ခရီးသွားဆွဲဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ချဉ်ချဉ်စပ်စပ် ရှုးရှဲအရသာ အစားအသောက်တွေကို လမ်းဘေးမှတင်အလွယ်တကူစားလို့ရပါတယ်။ ပင်လယ်စာတွေ ၊ အသီးအရွက်လတ်လတ်ဆတ်ဆတ်ဆတ်တွေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ အစားအသောက် ပြင်ဆင်မှုကလည်းအံမခန်းပါပဲ။

မလေး၊ မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနိုင်ငံတို့ရဲ့ ဒေသအစားအစာတွေရဲ့ ပေါင်းစပ်လွှမ်းမိုးမှုလည်းရှိပါတယ်။ အစားအသောက်အတွက် ကမ္ဘာမှာနာမည်ကျော်တဲ့ အာရှနိုင်ငံပဲဖြစ်ပါတယ်။

အခုဆိုရင်တော့အစားအသောက်နဲ့ ပတ်သတ်ပြီး ကျော်ကြားတဲ့နိုင်ငံတွေကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။ ကမ္ဘာအနှံ့ကိုလည်ပတ်ခြေဆန့်တဲ့အခါဒေသအစားအသောက်တွေကို မြည်းစမ်းဖို့ မမေ့ပါနဲ့နော်။

✈Myanamr Airways International(MAI)Kula Lumpur, Seoul-Incheon , Bangkok & Dubai Flights in June 2021!✈MAI လေကြောင်းလိုင်...
24/05/2021

✈Myanamr Airways International(MAI)
Kula Lumpur, Seoul-Incheon , Bangkok & Dubai Flights in June 2021!✈
MAI လေကြောင်းလိုင်း၏ ဇွန်လတွင်ပြေးဆွဲမည့် ကွာလာလမ်ပူ၊ဆိုးလ်-အင်းချွန်း၊ ဘန်ကောက် နှင့် ဒူဘိုင်းခရီးစဉ်များ
=========================================================
MAI သည် ကွာလာလမ်ပူ၊ဆိုးလ်-အင်းချွန်း၊ ဘန်ကောက် နှင့် ဒူဘိုင်း Relief Flight နှင့် Special Relief Flight ခရီးစဉ်များကို ဇွန်လအတွင်း အောက်ပါအချိန်ဇယားများအတိုင်းဖြစ်ပါသည်။

1. ရန်ကုန် မှ မလေးရှာနိုင်ငံကွာလာလမ်ပူ မြို့ (တနင်္လာ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး)
ထွက်ခွာချိန်(9:45) ဆိုက်ရောက်ချိန်(14:00)
Flight No - (8M 5001)
Economy class -$ 160
Business class - $ 400

**********************************************************
2. ရန်ကုန် မှ တောင်ကိုရီးယားနိုင်ငံ ဆိုး(လ်) မြို့ (အပတ်စဉ် - အင်္ဂါနေ့)
ထွက်ခွာချိန် (07:20) ဆိုက်ရောက်ချိန်(15:35)
Flight No - (8M 801)
Economy class - $ 584
Business class - $ 1,087

***********************************************************
3. ရန်ကုန် မှ ဘန်ကောက် မြို့ (အပတ်စဉ် - စနေနေ့)
ထွက်ခွာချိန် (07:40) ဆိုက်ရောက်ချိန် (09:25)
Flight No - (8M335)
Economy class - $ 150
Business class - $ 320

*********************************************************
4. ရန်ကုန် မှ ဒူဘိုင်းမြို့ (ဇွန် လ ၆ ရက်)
ထွက်ခွာချိန် (09:15) ဆိုက်ရောက်ချိန် (13:15)
Flight No - (8M 1100)
Economy class - $ 750
Business class - $ 1650
များဖြင့်ပျံသန်းပြေးဆွဲမည်ဖြစ်သည်။
*****************************************************************************

လေယာဉ်လက်မှတ် အသေးစိတ်အချက်အလက်များအား လွယ်ကူလျင်မြန်စွာ သိရှိလိုပါက Ⓜ️Myanmar Getaway Travels & ToursⓂ️ သို့ ☎️☎️ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်ရှင်။

ခရီးသည်များ အားလုံး ✈️ အဆင်ပြေ ချောမွေ့စွာ ✈️ခရီးသွားနိုင်ကြပါစေရှင်။
🏤ရန်ကုန်ရုံးချုပ်
အမှတ် (2A) ၊ ဗဒုမ္မာလမ်း၊ သံသုမာလမ်းမကြီး၊ သုဝဏ္ဏ ၊သင်္ဃန်းကျွန်းမြို့နယ်။
☎️: (09) 790 790 500 (09) 790 790 100
email : [email protected]

သွားရောက်လည်ပက်ရန် အန္တရာယ်များသောနိုင်ငံများလူတိုင်းနီးပါး ခရီးသွားခြင်းကို နှစ်သက်သဘောကျလေ့ရှိပါတယ်။ နိုင်ငံတော်တော်မျာ...
21/05/2021

သွားရောက်လည်ပက်ရန် အန္တရာယ်များသောနိုင်ငံများ

လူတိုင်းနီးပါး ခရီးသွားခြင်းကို နှစ်သက်သဘောကျလေ့ရှိပါတယ်။ နိုင်ငံတော်တော်များများဟာ ခရီးသွားလုပ်ငန်းကနေ တိုင်းပြည်ဝင်ငွေ အမြောက်အများရရှိနေကြပါပြီ။ ဒါပေမယ့် တံခါးပိတ်ဝါဒ ကျင့်သုံပြီး ခရီးသွားလုပ်ငန်းကို အားမပေးတဲ့ နိုင်ငံတွေလည်းရှိနေပြန်ပါတယ်။

သွားရောက်လည်ပက်ဖို့အတွက် အန္တရာယ်များသောနိုင်ငံတွေကို ပုံနှင့်အတူ အကြောင်းအရာတွေကိုပါ ဖေါ်ပြပေးလိုက်ပါတယ်

🏃🏻🏃🏻မဖြစ်မနေ ခရီးသွားရတော့မယ်။ လေယာဉ်နဲ့လည်း ဖြစ်ရမယ်ဆိုတဲ့ ခရီးသည်တွေအတွက်ပဲ ဖြစ်ပါတယ်။ 🚩ရန်ကုန်-မန္တလေး  (55,000)Ks 🚩ရ...
21/05/2021

🏃🏻🏃🏻မဖြစ်မနေ ခရီးသွားရတော့မယ်။ လေယာဉ်နဲ့လည်း ဖြစ်ရမယ်ဆိုတဲ့ ခရီးသည်တွေအတွက်ပဲ ဖြစ်ပါတယ်။
🚩ရန်ကုန်-မန္တလေး (55,000)Ks
🚩ရန်ကုန်-ဟဲဟိုး (53,000) Ks
🚩ရန်ကုန်- ညောင်ဦး (55,000) Ks
🚩ရန်ကုန်- နေပြည်တော် (75,000) Ks
🚩ရန်ကုန်- မြစ်ကြီးနား (103,000) Ks
🚩ရန်ကုန်-သံတွဲ (53,000) Ks
🚩ရန်ကုန်-စစ်တွေ (36,000) Ks
🚩ရန်ကုန်- ကော့သောင်း (93,000) Ks
🚩ရန်ကုန်-မြိတ် (63,000) Ks
🚩ရန်ကုန်-လားရှိုး (93,000) Ks
🚩ရန်ကုန်-တာချီလိတ် (93,000) Ks
🚩ရန်ကုန်-ကျိုင်းတုံ (93,000) Ks
🚩ရန်ကုန်-လွိုင်ကော် (61,000) Ks
🚩ရန်ကုန်-ဗန်းမော် (83,000) Ks
🚩ရန်ကုန်-ကလေး (93,000) Ks
🚩ရန်ကုန်-အမ်း (68,000) Ks
🚩ရန်ကုန်-ပူတာအို (113,000) Ks
🚩ရန်ကုန်- ခန္တီး (98000) Ks
🚩ရန်ကုန်- ကျောက်ဖြူ (74,800) Ks
🚩ရန်ကုန်- ထားဝယ် (52,000) Ks
🚩ရန်ကုန်- ပူတာအို (113,000) Ks
🚩ရန်ကုန်-ဘုတ်ပျဉ်း (86,000) Ks
🚩ရန်ကုန်-မကွေး (59,000) Ks
🚩ရန်ကုန်- မော်လမြိုင် (53,000) Ks
🚩ရန်ကုန်-မိုင်းဆက် (86,000) Ks
🚩မန္တလေး- မြစ်ကြီးနား (53,000) Ks
🚩မန္တလေး- ဟဲဟိုး (40,000) Ks
🚩မန္တလေး- ကျိုင်းတုံ ( 63,000) Ks
🚩မန္တလေး- တာချီလိတ် (68,000) Ks
🚩မန္တလေး -ခန္တီး (63,000) Ks
🚩မန္တလေး-ဟုမ္မလင်း (68,000) Ks
✅မည်သည့်လေယာဉ်လက်မှတ်အမျိုးအစားကို ဝယ်ဝယ် KBZ/AYA/CB mobile Banking များဖြင့် ငွေပေးချေနိုင်ပြီ ဖြစ်ပါသည်။ ✅
⚠️သတိပြုရန် ⚠️

1️⃣Myanmar Getaway Travels မှ အထက်ဖော်ပြပါ ဈေးနှုန်းများအား အာမခံပေးထားခြင်း မဟုတ်ပါ။

2️⃣မိမိသွားလိုသည့် နေ့ရက်/အချိန်နှင့် လေကြောင်းလိုင်းပေါ် မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါမည်။

3️⃣မိမိခရီးသွားမည့်ရက်အား တိကျစွာ သိရှိခဲ့ပါက ကြိုတင်ဝယ်ယူခြင်းဖြင့် အသက်သာဆုံး Promotion လက်မှတ်များကို ရရှိနိုင်ပါသည်။

4️⃣အထက်ဖော်ပြပါ ဈေးနှုန်းများသည် ပြည်တွင်းခရီးသွား ဧည့်သည်များအတွက်သာ ဖြစ်ပြီး Foreigner များအတွက် သီးသန့်ဈေးနှုန်းများ သတ်မှတ်ထားပါသည်။
Ⓜ️Myanmar Getaway Travels & Tours

🏤ရန်ကုန်ရုံးချုပ်
အမှတ် (၂၂၁) မြေညီထပ်၊ ဗိုလ်မြတ်ထွန်းလမ်း (အလယ်ဘလောက်)၊ ဗိုလ်တထောင်မြို့နယ်။
☎️: (09) 790 790 500 (09) 790 790 600
email : [email protected]
www.myanmargetawaytour.com

🏘️ အများနဲ့မတူပဲ အသက်ရှူမှားလောက်တဲ့ကမ္ဘာတစ်ဝန်းက ဟိုတယ်များ🏘️🙏🙏🙏 အားလုံး မင်္ဂလာပါ။ခုပြောပြပေးမယ့် ဟိုတယ်တွေကတော့ ရောက်သွား...
31/08/2020

🏘️ အများနဲ့မတူပဲ အသက်ရှူမှားလောက်တဲ့
ကမ္ဘာတစ်ဝန်းက ဟိုတယ်များ🏘️

🙏🙏🙏 အားလုံး မင်္ဂလာပါ။
ခုပြောပြပေးမယ့် ဟိုတယ်တွေကတော့ ရောက်သွားတာနဲ့ အိမ်ပြန်ချင်စိတ်တောင် ပျောက်သွားပါလိမ့်မယ်။
တစ်ချို့လူတွေဟာ ကမ္ဘာ့အနှံ့က မြင်ကွင်းတွေကို ကြည့်ရဖို့အတွက် ခရီးသွားကြတဲ့အခါ ဟောင်းနွမ်းစုတ်ပြတ်တဲ့ ကြယ်တစ်ပွင့်ဟိုတယ်မှာ ဖြစ်ဖြစ် ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းတွေမှာဖြစ်ဖြစ် တည်းကြလေ့ရှိကြပါတယ်။ 🏘️🏡🏘️🏡

👉 ခုပြောပြမယ့် ဟိုတယ်တွေကတော့ ခရီးထွက်တဲ့သူတွေအနေနဲ့ အဲ့ဟိုတယ်တွေကို သွားရောက်လည်ပတ်ချင်လို့ကို တကူးတက သွားကြရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝှမ်းက သာမန်မဟုတ်တဲ့ အထူးဆန်းဆုံး ဟိုတယ်အချို့တွေကတော့.......

🏘️ ၁။ တောင်ကိုရီးယားက ဇိမ်ခံသင်္ဘောဟိုတယ်
🏡၂။ ပီရူးက တောင်စောင်းမှာ ဆောက်ထားတဲ့ ဟိုတယ်
🏘️ ၃။ မော်ဒိုက်က ရေအောက်ဟိုတယ်
🏡 ၄။ ဆွစ်တောင်တန်းတွေပေါ်က နူဆတန်ဟိုတယ်
🏘️ ၅။ တကယ့် သစ်ကုလားအုပ်တွေနဲ့ တူတူနေလို့ရမယ့် ဟို တယ်
🏡 ၆။ အမ်စတာဒမ်မြို့က ကရိန်းဟိုတယ်
🏘️ ၇။ ခံတပ်ပုံစံ ဆောက်လုပ်ထားတဲ့ ဟိုတယ်
🏡 ၈။ ဖင်လန်နိုင်ငံက နှင်းကျေးရွာ ရေခဲဟိုတယ်

✈️   အန္တရာယ်အများဆုံး လေယာဉ်ဆင်းသက်ရတဲ့ နေရာများ  ✈️ခုပြောပြမယ့် လေဆိပ်တွေက လေယာဉ်တွေ ဆင်းသက်တဲ့အခါ အရမ်းအန္တရာယ်များတြာေ...
29/08/2020

✈️ အန္တရာယ်အများဆုံး လေယာဉ်ဆင်းသက်ရတဲ့ နေရာများ ✈️

ခုပြောပြမယ့် လေဆိပ်တွေက လေယာဉ်တွေ ဆင်းသက်တဲ့အခါ အရမ်းအန္တရာယ်များတာကြောင့် ဝါရင့် သဘာရင့် ကျွမ်းကျင်ယာဉ်မောင်းတွေသာ ဆင်းသက်ပိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်။ တချို့လေဆိပ်တွေဟာဆိုရင် အရမ်းဝေးလံခေါင်းဖျားတဲ့ နေရာမှာ တည်ရှိနေတာဖြစ်လို့ လေဆိပ်အကြီးကြီးတွေနဲ့ လေယာဉ်ဆင်းသက်ဖို့ လမ်းကြောင်းအကျယ်ကြီးတွေရှိမနေပါဘူး။ ဒါကြောင့် မဖြစ်ဖြစ်တဲ့ နည်းလမ်းနဲ့ အဲ့လိုနေရာတွေကို ကျွမ်းကျင် လေယာဉ်မှူးတွေက ဆင်းသက်ပေးရတာပဲဖြစ်ပါတယ်။

✈️ ၁။ လူကလာ လေဆိပ် (နီပေါ)

နီပေါက လူကလာ လေဆိပ်ကတော့ အဲဗရက်စ်တောင် (Mount Everest) နားမှာ တည်ရှိနေတာဖြစ်ပြီး အဲဗရက်စ်တောင်ကို သွားတဲ့သူတွေအနေနဲ့ အသုံးပြုရတဲ့ တစ်ခုတည်းသော လေဆိပ်လည်းဖြစ်ပါတယ်။ အဲ့ဒီလေဆိပ်က တောင်တွေကြားမှာ တည်ရှိနေတာဖြစ်ပြီး လေယာဉ်ပြေးလမ်းကြောင်းကလည်း နေရာအနေအထားကြောင့် အရမ်းကို တိုတောင်းပါတယ်။ လေယာဉ်ပြေးလမ်းကြောင်းက ပေ ၁၆၀၀ သာရှိပြီး လမ်းကြောင်းရဲ့ တစ်ဘက်မှာ တောင်တန်းကြီး ရှိနေပြီး တစ်ဘက်မှာတော့ ပေ ၂၀၀၀ အနက်ရှိတဲ့ တောင်ကြားကြီးရှိပါတယ်။ ဒါကြောင့် အဲ့ဒီလေဆပ်မှာ လေယာဉ်အဆင်းအတက်ပြုလုပ်ရတာဟာ အရမ်းကို အသည်းအေးစရာကောင်းလှပါတယ်။ အခက်မသင့်လို့များ လေယာဉ်မှူးအနေနဲ့ တစ်ခုခု မှားသွားခဲ့ရင် ပေ ၂၀၀၀ နက်တဲ့ တောင်ကြားထဲ ဆင်းထိုးကျသွားနိုင်ပါတယ်။ အဲ့ထက်ဆိုးတာက တစ်ခါတစ်လေ လေဆိပ်မှာ လျှပ်စစ်မီးမရှိတော့တဲ့အခါမျိုးမှာ ဆက်သွယ်ရေးဌာနတွေက အလုပ်မလုပ်တာကြောင့် လေယာဉ်မှူးအနေနဲ့ ဘေးပတ်ဝန်းကျင်ကို ကိုယ်တိုင်သတိထားပြီး ဆင်းသက်ရတာမျိုးတွေရှိပါတယ်။

✈️၂။ ပါရို လေဆိပ် (ဘူတန်)

ဒီလေဆိပ်မှာ ဆင်းသက်ခွင့်ရရှိထားတဲ့ လေယာဉ်မှူးက ၁၇ ဦးပဲရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီလေဆိပ်က ပေ တစ်သောင်းရှစ်ထောင်မြင့်တဲ့ တောင်တန်းတွေနဲ့ ပတ်ပတ်လည် ကားဆီးထားလို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း လေယာဉ်အဆင်းအတက်ကို နေ့ဘက်တွေမှာသာ ပြုလုပ်ခွင့်ပြုထားတာပဲဖြစ်ပါတယ်။ လေကြောင်းလမ်းကလည်း မြင့်မားတဲ့ တောင်တန်းတွေနဲ့ ကာဆီးထားတာကြောင့် အဝေးကနေဆို ဘာမှမမြင်ရပဲ အနီးကပ်ရောက်မှသာ မြင်ရတာဖြစ်လို့ လေယာဉ်မှူးတိုင်း မောင့်ခွင့်မရှိတဲ့ လေဆိပ်တစ်ခုပဲဖြစ်ပါတယ်။

✈️ ၃။ ကော်ချီဗယ် လေဆိပ် (ပြင်သစ်)

လေယာဉ်ပြေးလမ်း အရှည်အနေနဲ့ ပေ ၁၇၀၀ သာရှိပြီး လေကြောင်းလမ်းကလည်း ကုန်းစောင်းတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် လေယာဉ်ဆင်းတက်ပြုလုပ်ရတာ ခက်ခဲပြီး သတ်မှတ်ထားတဲ့ ယာဉ်မောင်းတွေသာ မောင်းပိုင်ခွင့်ရှိတာပဲဖြစ်ပါတယ်။ အဲ့ဒီလေဆိပ်ရဲ့ လမ်းကြောင်းတည်ဆောက်ပုံတွေကြောင့် လေယာဥမှူးတွေအတွက် ဒုတိယအကြိမ် အခွင့်အရေးဆိုတာ မရှိပါဘူး။ ဒါကြောင့် လေယာဉ်မှူးတွေအနေနဲ့ လေယာဉ်အဆင်းအတက်ပြုလုပ်ရာမှာ ပထမအကြိမ်မှာကတည်းက အမှားအယွင်းမရှိ လုပ်ဖို့ လိုအပ်ပါတယ်။ အဲ့ထက်ဆိုးတာကို ပြောပါဆိုရင်… အဲ့ဒီလေဆိပ်မှာ အချက်ပြမီးတွေ ဘာမှမရှိတာကြောင့် ရာသီဥတုမကောင်းတဲ့အခါမျိုးမှာဆိုရင် လေယာဉ်ဆင်းသက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဆောင်းရာသီမှာဆိုရင်လည်း လေကြောင်းလမ်းက ဆီးနှင်းတွေနဲ့ ပြည့်နက်နေတာကြောင့် လေယာဉ်မှူးအနေနဲ့ သတိကြီးကြီးထားပြီးတော့ လေယာဉ်ဆင်းသက်ပြုလုပ်ဖို့ လိုအပ်ပါတယ်။

✈️ ၄။ မက်မာဒို လေဆိပ် (အန္တာတိက)

ခုပြောပြမယ့် လေဆိပ်ကတော့ အန္တာတိကတိုက်မှာရှိပြီး သူ့ရဲ့ လေကြောင်းလမ်းတွေက လုံးဝ ရေခဲတွေ ဖုံးလွမ်းနေပါတယ်။ ဘယ်လောက်ထိ ဆိုးသလဲဆိုတော့ ရေခဲအထူက ၄ လက်မထိတောင် ရှိပြီး လေယာဉ်ကို ကောင်းကောင်းမဆင်းသက်နိုင်ရင် လေယာဉ်ရမ်းခါသွားနိုင်ပါတယ်။ အဲ့ဒီလေဆိပ်က အန္တာတိကတိုက်မှာ တစ်ခုတည်းသော အဓိက လေဆိပ်သာဖြစ်ပြီး ဆောင်းရာသီမှာဆိုရင် တစ်ရက်ကို ၂၄ နာရီ မှောင်မဲနေပါတယ်။ ဒါကြောင့် ဆီးနှင်းတွေလည်းပြည့်နက်နေပြီး အချက်ပြမီးတွေလည်းမရှိတာကြောင့် ဆောင်းရာသီမှာဆိုရင် လေယာဉ်မှူးတွေအနေနဲ့ ဘာမှ မမြင်ရပဲ လေယာဉ်ဆင်းသက်နိုင်အောင် လေ့ကျင့်ထားကြရပါတယ်။ အရမ်းအခြေအနေဆိုးတဲ့အခါမျိုးတွေမှာ လေယာဉ်မှူးတွေအနေနဲ့ အမှောင်ထဲမှာ မြင်ရတဲ့ မျက်မှန်တွေကို တပ်ပြီး ဆင်းသက်ကြရတယ်လို့ သိရပါတယ်။

✈️ ၅။ ဂီဘရာတာ လေဆိပ်

ဒီလေဆိပ်ကတော့ ဆင်းသက်ရတာ ခက်ခဲ့တဲ့ လေဆိပ်တစ်ခုမဟုတ်ပေမယ့်လည်း လေကြောင်းလမ်း တည်ဆောက်ထားပုံက အသည်းယားစရာကောင်းလှပါတယ်။ အဲ့ဒါကတော့ လေကြောင်လမ်းက အဓိကမိန်းလမ်းမကြီးတစ်ခုနဲ့ ကန့်လန့်ဖြတ်တည်ဆောင်ထားတာဖြစ်ပါတယ်။ ဒါကြောင့် လေယာဉ်ဆင်းသက်ခါနီးဆိုရင် ကားလမ်းကို ခဏပိတ်ထားရပါတယ်။ ဒါကြောင့် မတောတဆ ကားနဲ့ လေယာဉ်ကပ်ပြီး လွဲသွားတဲ့ အခါမျိုးတွေလည်း ရှိခဲ့ဖူးတာဖြစ်လို့ လေဆိပ်က လေယာဉ်အတွက်ပါမဟုတ်ပဲ လမ်းပေါ်က ကားတွေအတွက်ပါ အန္တရာယ်များလှပါတယ်။

✈️ ၆။ နာဆာစကွပ် လေဆိပ်

အပေါ်က ပြောခဲ့တဲ့ အန္တာတိကတိုက်က လေဆိပ်လိုပဲ Greenland (ဂရင်းလန်း) မှာတည်ရှိတဲ့ နာဆာစကွပ်လေဆိပ်ကလည်း အမြဲ ရေခဲတွေနဲ့ ပြည့်နက်နေပါတယ်။ ရာသီဥတုကလည်း အမြဲကြမ်းတမ်းနေပြီး လေယာဉ်မှူးတွေအနေနဲ့ ဘာမှ သိပ်မမြင်ရတာကြောင့် လေယာဉ်အဆင်းအတက်ပြုလုပ်ရာမှာ အန္တရာယ်အများဆုံး လေဆိပ်တွေထဲက တစ်ခုပဲဖြစ်ပါတယ်။ လေပြင်းတိုက်ခတ်မှုတွေက လေယာဉ်ပျံသန်းမှုကို ထိခိုက်မှုရှိသလို ရေခဲတွေ ဖုံးလွမ်းနေတဲ့ လေကြောင်းလိုင်းတွေကလည်း အခက်မသင့်ရင် လမ်းချော်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အဲ့ဒီလေဆိပ်ကို ဆင်းသက်ချင်ရင်တော့ ရာသီဥတုကို ကြည့်ပြီး ဆင်းသက်ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ အဲ့ဒီခရီးက လေယာဉ်မှူးနဲ့ ခရီးသည်တွေအတွက် နောက်ဆုံးခရီးဖြစ်သွားနိုင်ပါတယ်နော်။

✈️ ၇။ ဂျူလီယာနာ လေဆိပ်

ဒီလေဆိပ်ကတော့ လေဆိပ်နားမှာ ကမ်းခြေတစ်ခုရှိနေတာနဲ့ ပတ်သတ်ပြီး နာမည်ကြီးလှပါတယ်။ လေယာဉ်တစ်ခါပျံတက်သွားတိုင်း ပြင်ထန်းလှတဲ့ လေလိုင်းတွေက ကမ်းခြေက သဲသောင်တွေကို ရိုက်ခတ်သွားတာကြောင့် အနီးအနားက ခရီးသည်တွေကို ထိခိုက်မိတာမျိုးတွေရှိပါတယ်။ ဒါပေမယ့်လည်း ခရီးသည်တွေက အဲ့လို အတွေ့အကြုံမျိုးကို ခံစားချင်ကြလို့ အဲ့ဒီကမ်းခြေကို လာရောက်လည်ပတ်ကြတာလည်းဖြစ်ပါတယ်။ နောက်ပြီး လေကြောင်းလမ်းက မီတာ ၂၁၀၀ လောက်သာ ရှည်တာဖြစ်လို့ အဲ့ဒီလေဆိပ်မှာ ဆင်းသက်တဲ့ လေယာဉ်အကြီးတွေအနေနဲ့ လုံခြုံစိတ်ချတဲ့ ဆင်းသတ်မှုမျိုးကို ပိုင်ဆိုင်ဖို့ဆိုရင်တော့ လေကြောင်းလမ်းက မီတာ အနည်းဆုံး ၂၅၀၀ ရှိဖို့ လိုအပ်ပါတယ်။ တကယ်တော့ ဂျူလီယာနာလေဆိပ်ကို လေယာဉ်အသေးစားတွေအတွက် ရည်ရွယ်ပြီး တည်ဆောက်ခဲ့တာဆိုပေမယ့်လည်း ခရီးသွားလာရောက်လည်ပတ်မှုများတာကြောင့် လေယာဉ်ကြီးတွေလည်း စတင်ပျံသန်းလာခဲ့တာပဲဖြစ်ပါတယ်။ghyi

ကမ္ဘာ့အပျော်ဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံ (၅) နိုင်ငံပျော်ရွှင်မှုဆိုတာ တိုင်းတာဖို့ခက်ခဲတဲ့အရာတခုပါ။ သို့သော် ကမ္ဘာ့ကုလသမ္မ...
28/08/2020

ကမ္ဘာ့အပျော်ဆုံးလို့ သတ်မှတ်ထားတဲ့ နိုင်ငံ (၅) နိုင်ငံ

ပျော်ရွှင်မှုဆိုတာ တိုင်းတာဖို့ခက်ခဲတဲ့အရာတခုပါ။ သို့သော် ကမ္ဘာ့ကုလသမ္မဂအဖွဲ့က သုတေသနပညာရှင်တွေ နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပျော်ရွှင်မှုကိုတိုင်းတာနိုင်ခဲ့ကြပါတယ်။ ဒီလိုနိုင်ငံအသီးသီးရဲ့ ပျော်ရွှင်မှု အစီရင်ခံစာတွေကနေ ကမ္ဘာ့အပျော်ဆုံးလို့သတ်မှတ်ထားတဲ့နိုင်ငံ (၅) ခုစာရင်းရလာပါတယ်။ ဒါဆိုဘယ်နိုင်ငံတွေလဲသိရအောင် အခုပဲပြောပြပေးပါမယ်။

⭐(၁) ဖင်လန်နိုင်ငံ

ကမ္ဘာ့အပျော်ဆုံးနိုင်ငံတွေထဲမှာ ဖင်လန်နိုင်ငံက ထိပ်ဆုံးမှာပါဝင်နေပါတယ်။ ဖင်လန်နိုင်ငံအနေနဲ့ ကမ္ဘာ့ပေါ်ကပညာရေး အကောင်းဆုံးနိုင်ငံတွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ စင်င်္ကာပူလို နိုင်ငံတွေ ကြားထဲမှာ ရပ်တည်နိုင်တာပါ။ တိုင်းပြည်ရဲ့ခရီးသွားဘုတ်အဖွဲ့ကတော့ နွေရာသီအားလပ်ရက်ခရီးစဉ်လည်ပတ်စေပါတယ်။

⭐(၂) ဒိန်းမတ်

၂၀၁၉ ခုနှစ်ကစပြီးတော့ ဒိန်းမတ်နိုင်ငံဟာ အပျော်ဆုံးနိုင်ငံနံပါတ် ၃ကနေ ၂ကိုတက်လှမ်းခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့အချက်အလက်တွေအရ သက်တမ်း၊ လူမှုဆိုင်ရာအထောက်အပံ့တွေနဲ့ ပေးကမ်းမှုတွေနဲ့နှိုင်းယှဉ်ရင် ထိပ်ဆုံးမှာရှိတယ်လို့ဆိုပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ Happiness Research Institute ရဲ့ အကြံပေးစကားကတော့ “သင်ပျော်ချင်ရင် အခုပဲသင်ပျော်ရဲ့လားဆိုတဲ့အတွေးကိုရပ်ပြီး စက်ဘီးတစီးပေါ်သာတက်စီးလိုက်ပါ” လို့ဆိုပါတယ်။

⭐(၃) နော်ဝေ

နော်ဝေနိုင်ငံကတော့ တနှစ်ပြီးတနှစ် ပျော်ရွှင်မှုအဆင့်တွေတိုးတက်လာတဲ့နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ ပြည်သူတွေဟာ အလွန်ပျော်ရွှင်ကြပြီး ကောင်းမွန်စွာဖွဲ့စည်းထားတဲ့အစိုးရရဲ့လူမှုဖူလုံရေးစနစ်နဲ့ သဘာဝအရင်းအမြစ်များကို တာဝန်ယူစီမံခန့်ခွဲမှုတွေအောက်မှာ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတ

⭐(၄) အိုက်စလန်

အိုက်စလန်နိုင်ငံဟာ ၂၀၀၇ခုနှစ်က နိုင်ငံစီးပွားရေးပြိုပျက်မှုနဲ့ရင်ဆိုင်ခဲ့ရပေမယ့် နောက်ပိုင်းမှာအမြန်ဆုံးပြန်လည်တိုးတက်ခဲ့လို့ ပေါ်လွင်ထင်ရှားတဲ့နိုင်ငံတစ်နိုင်ငံပါ။ အမြဲတမ်းရေခဲနေတဲ့ ဒီဒေသဟာနေထိုင်သူတွေရဲ့ ပျော်ရွှင်မှုကိုထိခိုက်စေလိမ့်မယ်လို့သင်ထင်နိုင်ပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ အမြဲပျော်ရွှင်ကြပြီး အခြားကမ္ဘာတခုမှာအေးအေးချမ်းချမ်းနေထိုင်နေကြတဲ့သူတွေလိုပါပဲတဲ့။

⭐(၅) နယ်သာလန်

နယ်သာလန်လူမျိုးအများစုဟာ သူတို့ရဲ့လူနေမှုပုံစံနဲ့ အလွန်ကျေနပ်ရောင့်ရဲတတ်ကြလို့ဆိုပါတယ်။ အမျိုးသား CBS စာရင်းရုံးရဲ့ သုတေသနတခုအရ နိုင်ငံသားတွေရဲ့ အသက် ၁၂နှစ်ကနေ ၁၈နှစ်ကြားလူငယ် ၉၄%က သူတို့ဘဝကို အလွန်ပျော်ရွှင်ကြတယ်လို့တွေ့ရပါတယ်။ ဒါပေမယ့် နိုင်ငံအနေအထားအရ အချိန်မရွေးရေလွှမ်း မိုးခံရနိုင်ခြေရှိတဲ့အတွက် တူးမြောင်းတွေ၊ ရေကာတာနဲ့ ဆည်တွေနဲ့ဖွဲ့စည်းကာရံထားရပါတယ်။

💥 COVID-19 ကူးစက်မှု မဖြစ်ဖို့ ကားမောင်းတိုင်း ဒါလုပ်ပါ 💥🚘  သင့်ကားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ခြေများတဲ့ေ...
24/08/2020

💥 COVID-19 ကူးစက်မှု မဖြစ်ဖို့ ကားမောင်းတိုင်း ဒါလုပ်ပါ 💥

🚘 သင့်ကားဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်နိုင်ခြေများတဲ့ နေရာတစ်ခုပါ။ ဘတ်စ်တို့ ရထားတို့နဲ့ စာရင်တော့ ကိုယ်ပိုင်ကားနဲ့ သွားတာဟာ ဘေးကင်းဖို့ အလားအလာ များပါတယ်။ ဒါပေမယ့် ကိုယ့်ကားပေါ် ဧည့်သည်တွေ ပါလာတယ်လို့ တွေးကြည့်ပါ။ ဒါဆို ကိုယ့်ကားလည်း Public Transportation တွေနဲ့ သိပ်ပြီး မကွာတော့ပါဘူး။

🚘 မက်ဆာချူးဆက်-ဒါးမောင့်တက္ကသိုလ်က ဇီဝပါမောက္ခ အာရင်းဘရိုမေ့ဂ်ျကတော့ ကပ်ဘေးအတွင်းမှာ တစ်ခြားသူစိမ်းတွေနဲ့ ကားတစ်စီးတည်း အတူသွားခြင်းဟာ အန္တရာယ်ကြီးတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကိုယ့်ကားနဲ့ပဲ ခရီးသွားသွား COVID-19 မဖြစ်အောင် ဒီနည်းလမ်းလေး ၂ ခုတော့ လိုက်နာသင့်တယ်လို့ အကြံပြုထားပါတယ်။

💥 1. Air Recycler ကို ပိတ်ထားပါ
ကားထဲမှာ တစ်ခြားသူစိမ်းတွေပါရင် Recirculation ခလုတ် (ကားထဲက လေအေးပေးတဲ့ ခလုတ်) ကို ပိတ်ထားပါတဲ။ Air Con တွေဟာ အတွင်းထဲမှာပဲ လေကို Recycle လုပ်နေတာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ လေထဲကနေ ကူးစက်နိုင်တာ ဖြစ်လို့ လတ်ဆတ်တဲ့လေ အဝင်အထွက် ဖြစ်အောင် ထားမှသာ ကူးစက်မှုကို လျော့ပါးအောင် ဟန့်တားနိုင်မှာပါ။

💥 2. ကားတံခါးတွေ ဖွင့်ထားပါ
လေကောင်းလေသန့် ဝင်ဖို့အတွက် အလွယ်ဆုံးနည်းပါ။ ခရီးသွားတုန်းမှာ ကားတံခါးတွေ ဖွင့်ထားတာဟာ ကားအတွင်းမှာ SARS-CoV-2 ကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။ အနည်းဆုံး ကားထဲမှာ တစ်ယောက်ယောက် နှာချေ/ချောင်းဆိုးရင်တောင် လေဝင်လေထွက်ကောင်းလို့ ကူးစက်မှုကနေ သက်သာရာရနိုင်ပါတယ်။

အသွားတစ်ကြောင်းစာ လေယာဉ်လက်မှတ်ဈေးနှုန်း + Airport Tax ပေးရုံဖြင့် အသွားအပြန်လေယာဉ်လက်မှတ် ရယူလိုက်ပါ။ ပြည်တွင်းလေယာဉ်လက...
17/08/2020

အသွားတစ်ကြောင်းစာ လေယာဉ်လက်မှတ်ဈေးနှုန်း + Airport Tax ပေးရုံဖြင့် အသွားအပြန်လေယာဉ်လက်မှတ် ရယူလိုက်ပါ။

ပြည်တွင်းလေယာဉ်လက်မှတ် ဈေးနှုန်းများ

တတ်နိုင်သလောက်တော့ ခရီးမသွားတာ အကောင်းဆုံးပါပဲ။
မဖြစ်မနေသွားရမယ်ဆိုရင်တော့ Myanmar Getaway Travels မှာ ဈေးနှုန်းသက်သာတဲ့ ပြည်တွင်းလေယာဉ်လက်မှတ်များကို ဝယ်ယူလိုက်ပါ။
လေယာဉ်လက်မှတ် ဝယ်ယူရန်အတွက် ရုံးကို လူကိုယ်တိုင်လာစရာ မလိုတော့ပါဘူး။ (၅) မိနစ်နဲ့ လေယာဉ်လက်မှတ် ဝယ်ယူနိုင်ပါမယ်။
(၁) Mobile Phone နှင့်ဖြစ်စေ၊ Messenger မှ ဖြစ်စေ၊ မိမိ ဝယ်ယူလိုတဲ့ ခရီးစဉ်၊ ခရီးသွားမည့်နေ့ရက်၊ ခရီးသည်အရေအတွက်များကို ပေးပို့၍ ဈေးနှုန်းစတင် စစ်ဆေးပါ။
(၂) အဆင်ပြေ ကိုက်ညီမှု ရှိခဲ့ပါက Booking တင်ပါ။
(၃) m-Banking, i-Banking, Wave Money, KBZ Pay, CB Pay များမှတဆင့် ငွေပေးချေမှု ပြုလုပ်ပါ။
(၄) ထို့နောက် ငွေပေးချေပြီးကြောင်း Viber (သို့) Messenger မှ ပို့ပေးပါ။
(၅) Myanmar Getaway မှ ပေးပို့လာသော လက်မှတ်ကို မှန်ကန်မှု ရှိ/မရှိ စစ်ဆေးပြီး မှန်ကန်ခဲ့ပါက လေယာဉ်လက်မှတ် ဝယ်ယူမှုအောင်မြင်ပြီးစီးပါပြီ။
သတိပြုရန်
Myanmar Getaway Travels မှ အထက်ဖော်ပြပါ Promotion ဈေးနှုန်းများအား အာမခံပေးထားခြင်း မဟုတ်ပါ။
Myanmar Getaway Travels ၏ ရုံးဖွင့်ချိန်မှာ နေ့စဉ် မနက် (၉)နာရီမှ ညနေ(၅)နာရီအထိ ဖြစ်ပြီး Sunday & Public Holiday ရုံးပိတ်ပါသည်။
: (09) 790 790 100 (09) 790 790 500 (09) 790 790 600
Email : [email protected]
(Zawgyi Version)

Address

Bo Myat Tun Street
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 14:00

Telephone

+959790790770

Alerts

Be the first to know and let us send you an email when Myanmar Getaway Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myanmar Getaway Travels & Tours:

Share

Category