BizNet Global

BizNet Global A Company for Traveling Business and Franchising. And We create community for travel and donation. F

21/08/2020

🏜️ ပူပြင်းခြောက်သွေ့လွန်းတဲ့ အညာဒေသက
🌴 Brix 20% အရည်အသွေးရှိတဲ့ ထန်းရည်ချိုမွှေးကို
🐛 သန့်ရှင်းပိုးသတ်ကာ
🏺 အညာစဥ့်မြေအိုးထဲမှာ သိမ်းဆည်း ဝိုင်ဖောက်ပြီး
🍾 ပုလင်းသွတ်ထားပါသည်။
💊 ဓါတုဆေးဝါးမသုံးထားတဲ့ အတွက်
Protein, Carbonhydrate ကြွယ်ဝစွာပါဝင်ပါတယ်။
🔬 အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အသေးစားသုသေသန ဌာနခွဲမှာ ဓါတ်ခွဲစမ်းသပ်ခံပြီးမှ
👉 ကျနော့် ညီအကိုမောင်နှမများ လက်ထဲကို ထည့်ပေးလိုက်ပါတယ်နော်။
🇲🇲🌴 မြန်မာ့ပထမဆုံး ထန်းရည်ဝိုင်ကို မြည်းစမ်းဖို့ အချိန်ရောက်လာပါပြီ။

🩺🧬 အပြင်မှာ ရောဂါတွေများတယ်
🏠🥂 အိမ်မှာပဲနေပြီး ဝိုင်သောက်ပါ။

Page Messenger (သို့) Ph ဆက်ပြီး မှာယူနိုင်ပါတယ် 😍

28/10/2019

ထန်းရည်ဟာ မြန်မာ့ရိုးရာယမကာတစ်ခု ဖြစ်ပေမယ့် အလွယ်တကူမရရှိနိုင်ခြင်း၊ ဓါတုပစ္စည်းများရောနှော ပါဝင်ခြင်း၊ အတုအပပေါများခြင်း၊ သန့်ရှင်းမှုမရှိသောကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေခြင်း တို့ကြောင့် စိတ်ချလက်ချ ဝယ်ယူသောက်သုံးဖို့ အခက်တွေ့စေပါတယ်။ ထန်းရည်ဆိုင်တိုင်း အရောအနှောကတော့ ရှိကြတာပဲလေ။

ကျနော်တို့ Champ Toddy ကတော့ သဘာဝအတိုင်း အညာထန်းရည်စစ်စစ်ကို ပိုးသတ်သန့်စင်ထားသဖြင့် ဝမ်းပျက် ဝမ်းလျှောခြင်းကို မဖြစ်စေပါဘူး။ ကြာရှည်အထားခံပြီး ခေတ်မှီစွာ ထုတ်ပိုးထားတဲ့အတွက် အလွယ်တကူ သယ်ယူ သောက်သုံးနိုင်ပါတယ်။ ထို့အပြင် ဓါတုပစ္စည်းလုံးဝ မပါဝင်ဘဲ သဘာဝထန်းရည်ခါးအရသာကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့သော ထန်းရာသီမှာ Champ Toddy မှ ပိုးသတ်သန့်စင်ထားသော သဘာဝ အညာထန်းရည်ခါးစစ်စစ်ရဲ့ အရသာကို ရန်ကုန်မြို့ရှိ ထန်းရည်ကြိုက်သူများထံ အရောက်ပို့ဆောင်ပေးနိုင်ခဲ့ပြီး ကောင်းမွန်သော Review များ ပြန်လည်ရရှိခဲ့ သဖြင့် အထူးပင် ဝမ်းမြောက်ပီတိ ဖြစ်မိပါတယ်။

#ထန်းရည်
#ထန်းရေ

New Poducts From Middle of countryphoto : crd
04/09/2019

New Poducts From Middle of country

photo : crd

ပင်ကျရည် အမျိုးအစား ၄ မျိုးရှိပါတယ်။

၁။ ရဟန်းကြီးကြိုက်
၂။ ပုဇွန်ဆိတ်ခုန်
၃။ အနည်ထိုင် ပင်ကျရည်
၄။ ပင်ကျနေကျော် (ငှက်ခါးတောင်)

၁ ကနေ ၃ အထိက ထန်းပင်ပေါ်က ချခါစဖြစ်လို့ အချိုဓါတ်ရှိနေပါသေးသည်။ အရသာ မပြင်းဘဲ အချိုအခါး အရသာ ရောနေပါသေးတယ်

၄ ကတော့ ညနေနေစောင်းတဲ့ အထိထားပြီး ငှက်ခါးတောင် အရောင်ရတဲ့ အချိန်မှ သောက်တာပါ။ အချိုအရသာ မရှိတော့ပါ။ နေကျော်လို့လဲ ခေါ်တယ်။ ငှက်ခါးတောင်လို့လဲခေါ်တယ်။
နံပါတ် ၄ ဟာ ပင်ကျရည်ထဲမှာ အကောင်းဆုံးနဲ့ စံချိန်မှီ ထန်းရည်ခါးဖြစ်ပါတယ်။

အခုလို မိုးရာသီမှာ ရှားပါးလှတဲ့ နေကျော်၊ ငှက်ခါးတောင်လေး ရနေသေးတယ်နော်။ လက်ကျန်သိပ်မရှိတော့တာမို့။ CB မှာ မြန်မြန်လေး လာ Hi 👋လိုက်နော်။ ၁၀ လံုးအထက္ဆို deli free ပါ။
နေကျာ်၊ ငှက်ခါးတောင်ဆိုတဲ့အတိုင်းပဲ အချိုအရသာမပါဘူးနော်။

ပုံ/ သာဂိ 😅

Address

Yangon

Alerts

Be the first to know and let us send you an email when BizNet Global posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BizNet Global:

Shortcuts

Share