04/06/2018
ဘန်ကောက်ဈေးဝယ်နှင့်မြို့အလည်အပတ် ခရီးစဉ်- ၃ညအိပ် ၄ရက်
(June/ July / August)
ဈေးနူန်းကတော့ တယောက်ကို USD 450 ဖြစ်ပါတယ်၊
Agency မှ မြန်မာ tour operator နှင့်အတူ ရန်ကုန်လေဆိပ်တွင်ဆုံပြီး ခရီးစဉ်စတင်ထွက်ခွာပါမည်၊
Day 1- Thai guide မှ Bangkok လေဆိပ်တွင်လာကြိုပေးပါမည်၊ hotel သို့ပို့ပြီး check in လုပ်ပါမည်။ ပြီးနောက် The Grand Palace, Wat Pho, Wat Arun, Wat traimit, Golden Mount, Wat Ben နှင့် Wat kalayanamit သို့အလည်ပို့ဆောင်ပေးပါမည်။ Shopping complex တွေအများကြီးရှိတဲ့ Khao San Road ကိုသွားရောက်လည်ပတ်ပြီး hotel ပြန် အနားယူပါမည်၊
(Lunch နှင့် Dinner က ကိုယ့်အသုံးစရိတ်နှင့် ကိုယ်သုံးရပါမည်)
Day 2- Breakfast ကို hotel တွင်သုံးဆောင်ပြီး ရေပေါ်ဈေးသို့အလည်သွားပါမည်၊ ပြီးလျင် ဈေးဝယ်ရန် China town သို့ပို့ဆောင်ပေးမည်ဖြစ်ပြီး၊ နောက်ထပ် Malls တွေနဲ့ Shopping centers တွေကို ဈေးဝယ်ရန်ထပ်မံပို့ဆောင်ပေးမည်ဖြစ်ပါသည်၊ ညနေရောက်လျင် hotel သို့ပြန်၍ အနားယူပါမည်၊
(Lunch နှင့် Dinner က ကိုယ့်အသုံးစရိတ်နှင့် ကိုယ်သုံးရပါမည်)
Day 3- Hotel တွင် breakfast သုံးဆောင်ပြီး ထိုင်းနိုင်ငံရဲ့ မနက်ဈေးသို့ပို့ဆောင်ပေးပြီး စိတ်တိုင်းကျဈေးဝယ်ရန်နှင့် ထိုင်းနိုင်ငံရဲ့ဒေသအစားအစာများကို သွားရောက်လေ့လာစားသုံးကြည့်စေရန်သွားရောက်လည်ပတ်မည်ဖြစ်ပါသည်၊ ပြီးလျင် Jim Thompson's အိမ်တော်၊ လုံပနီပန်းခြံ သို့ အလည်သွားပြီး၊ shopping လုပ်ရန်နှင့် စိတ်တိုင်းကျအနားယူရန် free time ပေးပါမည်၊ Hotel ပြန်အနားယူပါမည်၊
(Lunch နှင့် Dinner က ကိုယ့်အသုံးစရိတ်နှင့် ကိုယ်သုံးရပါမည်)
Day 4- Hotel တွင် breakfast သုံးဆောင်ပြီးလျင် check out လုပ်ပါမည်၊ လေဆိပ်သို့မဆင်းခင် အမျိုးသားပြတိုက်သို့အလည်သွားပြီး၊ ထိုမှတဆင့် ထိုင်းနိုင်ငံ၏ အစားအသောက်မြောက်များစွာရောင်းချသောဈေးသို့ပို့ဆောင်ပေး၍ လည်ပတ်စေပါမည်။ ပြီးလျင် ဘန်ကောက်လေဆိပ်သို့ဆင်း၍ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာမည်ဖြစ်ပါသည်၊
(Lunch က ကိုယ့်အသုံးစရိတ်နှင့် ကိုယ်သုံးရပါမည်)
ဤခရီးစဉ်တလျောက်လုံးတွင် မြန်မာ tour operator လဲပါမည်ဖြစ်ပါသည်၊
ခရီးစဉ်တွင်ပါဝင်သောဝန်ဆောင်မှုများ-
- အသွားအပြန်လေယာဉ်လက်မှတ်
- ၃ညအိပ် 3 stars hotel (PJ Water gate Hotel)
- ခရီးစဉ်အစအဆုံး air con private car
- ခရီးစဉ်ထဲကနေရာများ၏ဝင်ကြေးများ
- English speaking guide
- မြန်မာ tour operator (ခရီးစဉ်တလျောက်လုံး)