Pleasant Times Travels & Tours Co.,Ltd.

Pleasant Times Travels & Tours Co.,Ltd. Release your stress with Pleasant Times

ဖေဖော်ဝါရီလ ကမ်းခြေအပန်း‌ဖြေ ခရီးစဥ်မှ====================================ဧည့်သည်တော်များ၏ အမှတ်တရပုံရိပ်များ===========...
14/03/2026

ဖေဖော်ဝါရီလ ကမ်းခြေအပန်း‌ဖြေ ခရီးစဥ်မှ
====================================
ဧည့်သည်တော်များ၏ အမှတ်တရပုံရိပ်များ
====================================
ဧည့်သည်တော်များအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
နှစ်ဖြာသော ကောင်းကျိုးမင်္ဂလာများနှင့်ပြည့်စုံ၍
လုပ်ငန်းများလည်း တိုးတက်အောင်မြင်ပါစေ‌ကြောင်း
ကျွန်တော်တို့ Pleasant Times Travels & Tours Co.,ltd မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ....
🙏🙏🙏

ဖေဖော်ဝါရီလ တောင်ပေါ်‌ဒေသ နှင့် အညာမြေ အပန်းဖြေခရီးစဥ်များမှ====================================ဧည့်သည်တော်များ၏ အမှတ်တရ...
13/03/2026

ဖေဖော်ဝါရီလ တောင်ပေါ်‌ဒေသ နှင့် အညာမြေ အပန်းဖြေခရီးစဥ်များမှ
====================================
ဧည့်သည်တော်များ၏ အမှတ်တရပုံရိပ်များ
====================================
ဧည့်သည်တော်များအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
နှစ်ဖြာသော ကောင်းကျိုးမင်္ဂလာများနှင့်ပြည့်စုံ၍
လုပ်ငန်းများလည်း တိုးတက်အောင်မြင်ပါစေ‌ကြောင်း
ကျွန်တော်တို့ Pleasant Times Travels & Tours Co.,ltd မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ....
🙏🙏🙏

 #ပျော်ရွှင်မှုဆိုတာကိုယ်တိုင်ဖန်တီးရတဲ့အရာတစ်ခုပါ...ငွေဆောင်ကမ်းခြေ အပန်းဖြေခရီးစဥ်မှ======================ဧည့်သည်တော်မ...
17/01/2026

#ပျော်ရွှင်မှုဆိုတာကိုယ်တိုင်ဖန်တီးရတဲ့အရာတစ်ခုပါ...
ငွေဆောင်ကမ်းခြေ အပန်းဖြေခရီးစဥ်မှ
======================
ဧည့်သည်တော်များ၏ အမှတ်တရပုံရိပ်များ
============================
ဧည့်သည်တော်များအားလုံး
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း
နှစ်ဖြာသော ကောင်းကျိုးမင်္ဂလာများနှင့်ပြည့်စုံ၍
လုပ်ငန်းများလည်း တိုးတက်အောင်မြင်ပါစေကြာင်း...
ကျွန်တော်တို့ Pleasant Times Travels & Tours Co.,ltd မှ
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ....🙏🙏🙏

မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ တနင်္သာရီတိုင်းက ကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း===================...
13/01/2021

မြန်မာနိုင်ငံမှာ ပထမဦးဆုံးဖွင့်လှစ်လိုက်တဲ့ တနင်္သာရီတိုင်းက ကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း
=====================================

ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ဒုံညောင်းမှိုင်းကျေးရွာကို မြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြုလူထုအခြေပြုခရီးသွားလုပ်ငန်း CBTတစ်ခုအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်ပေးလိုက်ပြီး ဖွင့်ပွဲပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ၊ ဒုံညောင်မှိုင်းကျေးရွာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBT လည်း ဖြစ်လာပြီးမြန်မာနိုင်ငံ၏ ပထမဦးဆုံးကျွန်းအခြေပြု CBTဖြစ်လာသည့်အတွက် ဒုံးညောင်မှိုင်းကျေးရွာရှိ ဆလုံ၊ ကရင်၊ ဗမာ လူမျိုးတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် လူနေမှုဘဝ နေထိုင်မှုပုံစံကို လေ့လာ နိုင်ပြီး၊ ကျွန်းပေါ်တွင် စက်ဘီးစီးခြင်း၊ ကယှက်လှေခတ်ပြီး ဒီရေတောများလေ့လာခြင်း၊ ငါးမျှားခြင်း၊ ငါးဖမ်းလှေနှင့်လိုက်ပါ၍ ငါးဖမ်းလုပ်ငန်းများလေ့လာခြင်းကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီးသည် သဘာဝအလှတရားများပြည့်နှက်လျက်ရှိရာ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ယခုကဲ့သို့ လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ကို ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ လူထုအခြေပြု ခရီးသွား လုပ်ငန်း(CBT) ရေရှည်တည်တံ့ရေးနှင့် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံတိုင်းရင်းသားများနှင့် မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ ပူးပေါင်းကြိုးပမ်းကြရန်လိုအပ်တယ်လို့ဆိုပါတယ်၊

ဓါတ်ပုံ-တနင်္သာရီတိုင်းအစိုးရအဖွဲ့

Merry Christmas & Happy New Year !🎄🎄🎄
25/12/2020

Merry Christmas & Happy New Year !🎄🎄🎄

နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေ‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗နေပ...
21/12/2020

နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ
တိမ်ပင်လယ်ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေး ဆောင်ရွက်နေ
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗

နေပြည်တော်၊ ဒီဇင်ဘာ (၂၁)

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်အား ခရီးစဉ်သစ်တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ရေးနှင့် နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ နောင်ချိုကြီးကျေးရွာ တိမ်ပင်လယ်အား ခရီးစဉ်သစ်တစ်ခုအနေဖြင့် ဖော်ဆောင်နိုင်ရေးနှင့် ၂၀၂၁ ခုနှစ်၊ နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တစ်နှစ်တာလုပ်ငန်းစဉ် ဆောင်ရွက်မည့် Action Plan ရေးဆွဲရာတွင် ထည့်သွင်းရေးဆွဲနိုင်စေရန်ရည်ရွယ်၍ ယမန်နေ၊ နံနက်ပိုင်းက ရွေးကောက်ခံ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ထွန်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လားရှိုးရုံးခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်း၊ ရှမ်းပြည်နယ်ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရှမ်း/မြောက်) ဇုန် ဥက္ကဌ၊ ဦးဇော်ဇော် နှင့် နောင်ချိုမြို့ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ (DMO) အဖွဲ့ဝင်များသည် နောင်ချိုမြို့နယ်၊ နောင်ချိုကြီးကျေးရွာသို့ သွားရောက်၍ ကျေးရွာခရီးသွား မြှင့်တင်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေးကိစ္စရပ်များအား အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ပြီး တိမ်ပင်လယ်စခန်းတွင် နားနေဆောင်များ တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ref; Ministry of Hotels and Tourism

ခရီးသွားကဏ္ဏပြန်လည်နိုးထစေဖို့ Yangon River Cruise Tour  စတင်ပြေးဆွဲခြင်း 🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹Yangon River Cruise Tourအပျော်စီ...
21/12/2020

ခရီးသွားကဏ္ဏပြန်လည်နိုးထစေဖို့ Yangon River Cruise Tour စတင်ပြေးဆွဲခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

Yangon River Cruise Tourအပျော်စီးသင်္ဘောခရီးစဉ် - ခရီးသွားကဏ္ဍမြှင့်တင်ရေး ခရီးစဥ်ကို ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာန ၏ လမ်းညွှန် မှုဖြင့် မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များ အသင်းမှ စီစဉ်၍ ဒီဇင်ဘာလ (၂၀) ရက်တွင် ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ ပါသည်။

ကျန်းမာရေးဆိပ်ကမ်း (ပန်းဆိုးတန်း) မှ စတင်ထွက်ခွာ၍ ရန်ကုန်မြစ် - ဘုရင့်နောင် - မြစ်သုံးဆိုင် တို့ကို လေညင်းခံ လည်ပတ်၍ ကျန်းမာရေးဆိပ်ကမ်း (ပန်းဆိုးတန်း) တွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။

ယခုခရီးစဥ်တွင် ကရင်တိုင်ရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုး၊ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန ရန်ကုန်တိုင်း တာဝန်ခံ ညွန်ကြားရေးမှူးဦးနိုင်ဝင်း၊ ရေကြောင်းပို့ ဆောင်ရေးဌာမှ ဒုတိယအထွေထွေမန်နေဂျာ ဦးဝင်းကိုအောင်၊ ညီနောင်အသင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊နိုင်ငံခြားသံရုံများမှ ပုဂ္ဂိုလ်များ၊မီဒီယာများ လိုက်ပါခဲ့ပါသည်။

အဆိုပါ အပျော်စီးခရီးစဉ်ပေးဆွဲခြင်းကို COVID 19 စည်းကမ်း ချက်များနှင့်အညီ ဆောင်ရွက်ထားရှိပြီခြင်းဖြစ်ကြောင်း နှင့် နောင်လာမည့်သီတင်းပတ်များတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း တင်ပြအပ် ပါသည်။

# မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း


# ပြန်ကြားရေးကော်မတီ

Address

(No-90/B) Ohnpin Street, Kyeemyindaing
Yangon
11101

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959454454310

Website

Alerts

Be the first to know and let us send you an email when Pleasant Times Travels & Tours Co.,Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pleasant Times Travels & Tours Co.,Ltd.:

Shortcuts

Share

Category