Excellent Choice Yangon

Excellent Choice Yangon If you need a taxi or delivery, call us. We'r in Yangon for transportation service.

You can join us when you need...😉"Excellent Choice'' is coming back to you...😍
17/06/2019

You can join us when you need...😉
"Excellent Choice'' is coming back to you...😍

18/03/2017

ရိုးရိုးဂီယာ ကို ဘယ်လို မောင်းမလဲ??
😆😆😆😆😆

⏰ကား မ မောင်းတတ်သေး တဲ့ fri များ အတွက် ဗဟုသုတ နှင့် အ ခြေခံနားလည် ရန် ရည်၇ွယ်သည် ။

🅰ရိုးရိုးဂီယာ( manual gear type )
ကို ဖော်ပြ ပါမည် ။
■manual gear သည် အောက် တွင် ပြထားသည့် ပုံအတိုင်း ထိုးရမည်။
●manual gear ကားများတွင် ခြေနင်း ၃ ခု ပါသည်။
☆ ညာဘက် အစွန် သည် လီဗာ
☆ အလယ် သည် ဘရိတ်
☆ ဘယ်ဘက်တွင် ကလပ် ရှိသည် ။

¤ ဘရိတ်နှင့် လီဗာကို ညာခြေဖြင့် သုံးရမည်ဖြစ်ပြီး
¤ ကလပ်ကိုဘယ်ခြေဖြင့် သုံးရမည် ။

● လီဗာကို ကား အရှိန်မြှင့်၇န်
● ဘရိတ် ကို အရှိန် လျှော.ရန်
● ကလပ် ကို gear freeပြုလုပ် ရန် သုံးသည် ။

🔢ဂီယာ numberအားသိရန်စမ်းသပ် ပုံမှာကလပ် ကိုနင်း၍ gear တံကို ဘယ်ညာ လှုပ် ရမ်းကြည့် လိုက်ပါ။
အနည်းငယ်သာလှုပ်၍ရပြီး ထောက်နေပါက gear ၀င်နေသည်။
။အောက်မှပုံကို ကြည့် ၍လေ့လာပါ။
• ဂီယာ တည် ရှိ ရာ နေရာ ကို ထို ပုံကို ကြည်.၍ ခန့်မှန်းပါ။
• ဂီယာတံအား N နေရာရောက် အောင် ကလပ် နင်းပြီး ရွှေ့လိုက်ပါ။
• ဂီယာ တံကို ဘယ်ညာ လှုပ် ကြည့်ပါက ချောင်ချောင် ချိချိ လှုပ်၍ရ ပြီဆို ပါက gear free အ နေ အထားပင် ဖြစ်သည် ။

😅ကားကို စက်စနှိုး တော့မည် ဆိုပါက gearကို free အ နေအထားရှိရမည်။
♤ ကလပ်ကိုနင်း ၍နှိုး ရမည်(gear freeဖြစ်ပါက နှိုး ၍၇သော ကြောင့် N နေ ရာတွင် ထား လျှင် လည်း ရ သော ကြောင့် Nနေရာသို့ေ၇ွှ့ ထားပါက ပို ကောင်းသည်)မြေ မညီ ပါ က ကား လိမ့် နိုင် သဖြင့် brakeကို လည်း နင်း ထားပါ။
♤ ထို့ နောက် သော့ကို ညာလှည့် ပြီး စက်နှိုး လိုက်ပါ ။
♤ စက်နှိုး ပြီးပါက ကလပ် ကို နင်းထားရင်း gear ကို 1နေ ရာ သို့ ထိုး လိုက်ပါ ။
♤ လီဗာကို အနည်း ငယ် နင်း ထားပြီးကလပ် ကို ဖြေးဖြေူး ချင်း လွှတ်လိုက်ပါ ။
♤ ကားသည် ဖြေးဖြေးချင်းေ၇ွ့ သွားပါက ကလပ်ကို လွှတ် ရင်း လီ ဗာက်ု အနည်းငယ် ထပ် နင်း ပါ(လီဗာ ကို မနင်း ထား ပါက စက် ရပ် သွားမည်)
♤ ကလပ် ကို အဆုံး လွှတ်ပြီး လီဗာကို နင်းထားပါက ကား စတင် ပြေးမည် ဖြစ်သည်။
● လီဗာကို မြှင့် မောင်း ရင်းကားသည် လို သ လောက် မ ပြေးဘဲ လေး နေ ပါက ကလပ် ကို နင်း ၍ ဂီယာ ကို 2,3,4,5အစဉ် လိုက် တင် ၍ မောင်းပါ ။

🔯အရှိန် နည်းနည်း ဖြင့် ဘရိတ် အုပ် လျှင် ကလပ် တွဲနင်း ပါ ။
♤ ဂီယာ နံ ပါတ် အ သေး သည် အကြီး လောက် မမြန် သော် လည်း ရုန်း အားပို ကောင်းသည်။
(ဂီယာ ပင်နယံ ကို မဆိုလိုပါ။ နံပါတ် ၁ သည် ၄ လောက် မမြန်)
♤ အမြင့် တက် ရာ တွင် နံပါတ် အ သေး ပြောင်းပါ ။
♤ ဂီယာ ကို လို သလို ပြောင်းလဲ အသုံး ပြုနိုင် အောင် လေ့ ကျင့် ပါ ။
♤ ကားကို နောက် ဆုတ်မည် ဆို ပါက R နေ ရာ တွင် ဂီယာကိုထားရမည် ။
♤ နောက်ကြည့် မှန် ကို ကား.မောင်း တိုင်း ကြည့် ရမည်။
♤ ထိုမှန်မှသာ ကြည့် ၍ နောက်မှ အရာများကို မထိ အောင် မောင်း ရမည် ။

🚨ကုန်းတက်မှာ ရပ်ထားမယ်ဆိုရင်
¤ ကလပ်နဲ့ ဘရိတ်တွဲနင်းပါ(အချိန်အဆ တော့ လိုပါတယ်)
¤ နံပါတ် ၁ ထိုးထား ပါ။
¤ ဟန်းဘရိတ်ဆွဲထားပါ။
¤ စက်သတ်ပါ။

↖ပြန်ထွက်ချင်ရင်
☆☆ ဟန်းဘရိတ် ကောင်းရင်(ဝန် ကို ထိန်းနိုင်ရင်)
တော့
¤ ကလပ်နင်း၊ စက်နိုး ၊
¤ လီဘာမှေးရင်း
¤ ဟန်းဘရိတ်ဖြုတ် ၍ တက်သွားရင်ရပါတယ်။

☆☆ဟန်းဘရိတ် မကောင်း(ဝန်ကို မနိုင်ရင်)တော့
¤ ဘရိတ်နင်းထားပါ။(လီဘာနဲ့ ဘရိတ်တွဲ နင်းရမယ်)
¤ ကလပ်နင်း၊စက်နိုး
¤ ဟပ်ကလပ်သုံး၍ တက်ရပါမယ်။
ကလပ်နှင့်လီဘာ ကိုကျွမ်းကျင်အောင် လေ့ကျင့်နေမှ အဆင်ပြေပါမယ်

⏰⏰နောက် ဆုံး အ နေ နဲ့ fri များကို ပြောချင် တာက ကား စ မောင်း ပါက
■ မိမိ ကိုယ်ကို ယုံပါ။
■ မကြောက်ပါနဲ့။
■ စိတ်ကို ရဲ ရဲ ထားပါ ။
အထက်ပါကား မောင်း နည်းသည် ကျွန်ုပ် အ တွေ့ အ ကြုံ အရ ရေး သား ထားပါသည် ။

လျို့ဝှက်ချက်။ ။ဒီလို ရေးနိုင်အောင်ကျွမ်းကျင်သွားချိန် ကားကတော့
ဘော်ဒီရုံမှာဖြစ်ပါကြောင်း ဝန်ခံ လိုက်ပါသည်။

🔝အထက် ပါ gear အမျိုးအစားသည် အိမ် သုံး (ယေဘုယျ သုံးစွဲနေ သော ကား)များ ၏gear ဖြစ်သည် ။
❎ကုန်တင် ကား၊busကား တို့ ၏gear နှင့် မတူပါ။
၎င်းတို့သည် ဂီယာ ပြောင်းပြန် ဖြစ်သည်။
🚘🚘🚘🚘🚘
#ကားချစ်သူ
Credit》》

TAXI ဆရာများထံသို့ ပေးစာ # # # # # # # # # # # # # # # #လေးစားစွာဖြင့် ကားဆရာများအနေဖြင့် မိမိတို့ မိသားစုဝမ်းစာရှာဖွေရင...
14/01/2017

TAXI ဆရာများထံသို့ ပေးစာ
# # # # # # # # # # # # # # # #

လေးစားစွာဖြင့် ကားဆရာများ
အနေဖြင့် မိမိတို့ မိသားစုဝမ်းစာ
ရှာဖွေရင်း တွေ့ကြုံနေရတဲ့
အခတ်အခဲကို ကျနော် ကိုယ်ချင်း
စာမိပါသည်။

တရက်တရက် နေပူမရှောင်
မိုးရွာမရှောင်ပဲ အန္တရာယ်စက်
ကွင်းထဲက ထောင်နှုတ်ခမ်းဝကို
ခြေတဖက်နဲ့ နင်းရင်း ဘဝကို
ရုန်းကန်နေရတာ မိမိကိုယ်တိုင်
အသိဆုံးပဲဖြစ်ပါလိမ့်မည်။

*လူပါးဝဘက်စ်တွေရပ်* ဆိုပြီး
တစ်နိုင်ငံလုံး အုံကြွမှုသဖွယ်
ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်း
နောက်ထပ် ပစ်မှတ်က Taxi
ကားသမားတွေအလှည့်ဆိုပြီး
အမျိုးမျိုး တွေ့နေရတာ တကယ့်
Taxi ကားသမားတွေရဲ့ဘဝကို
သူတို့မမြင်နိုင်လို့ပဲဖြစ်ပါတယ်။

အဲဒါကြောင့် ယနေ့စ၍ Taxi
ဆရာများအားလုံး စည်းကမ်းရှိ
ကြဖို့နဲ့ လိုက်ရောညီထွေစွာ
ပြုမူဆက်ဆံနေထိုင်သွားကြဖို့
ကျနော့်အနေနဲ့ လေးစားစွာဖြင့်
အကြံပြုတင်ပြလိုပါတယ်။

ဥပမာ....
ကျနော်တို့ ကားရပ်တဲ့နေရာမှာ
ကားငှားရမ်းဖို့တားတဲ့သူကနားမ
လည်တော့ မရပ်ရနေရာတွေက
နေ ကားတားခဲ့ရင် ကျနော်တို့
အနေနဲ့ ကားကိုမျှောပြီးကားလမ်း
မကြီးရှိရာနဲ့ လွတ်လွတ်ကျွတ်
ကျွတ်ဖြစ်အောင် ရပ်ပေးကြဖို့၊

ရှေ့မှာ Taxi တစီး ရပ်ပြီးသွားရင်
နောက်က Taxi က ခရီးသည်
လုသည့်သဘောဆောင်သည့်
နောက်ကထပ်ဆင့်ရပ်ရင်း
ရှေ့က Taxi ဈေးတည့်မတည့်
စောင့်ကြည့်ရင်း လုပ်ရပ်မျိုး
လုံးဝ (လုံးဝ)မလုပ်ဖို့
မေတ္တာရပ်ခံအပ်ပါသည်။

အဲလို ရှေ့က ကားက ဈေးညှိ
နေတဲ့အချိန် နောက်ကတစီးထပ်
ပြီး ရပ်စောင့်ပြီး ခရီးသည်ကို
လုယူခြင်းဟာ အင်မတန်
ရုပ်ဆိုးအကျည်းတန်ပါတယ်။
ကားငှားဖို့ တားတဲ့ ခရီးသည်ကို
*လူပါးဝ* စေတယ်။
ပြသာနာရဲ့ အစက အဲနေရာက
လို့သတ်မှတ်လို့ရတယ်။
အဲဒါကြောင့် အဓိကရှောင်ကြဉ်
ရမှာ ဒီအချက်ပဲဖြစ်ပါတယ်။

Taxi ကားကို ငှားဖို့ တားသည်
ဖြစ်စေ၊ မိမိလိုအပ်လို့ ရပ်ချင်
သည်ဖြစ်ပါစေ အများပြည်သူသုံး
ဘက်စ်ကားဂိတ်နှင့် လွတ်ရာ
ကျွတ်ရာ ရပ်ပေးကြဖို့၊
လမ်းဆုံ လမ်းခွ နားမှာမရပ်ပေး
ကြဖို့၊ သတ်မှတ်ဧရိယာအတွင်း
စည်းကမ်းတကျ ရပ်ပေးကြဖို့
အထူးမေတ္တာရပ်ခံအပ်ပါတယ်။

Taxi ကားဆရာအချင်းချင်း
ကားပျက်သည်ဖြစ်ပါစေ၊
အကူအညီလိုအပ်သည်ဖြစ်ပါစေ
ဝိုင်းဝန်းကူညီပေးကြဖို့၊
Taxi ကားဆရာအချင်းချင်း
လုမောင်းခြင်း၊ ပြိုင်မောင်းခြင်း၊
တခါတရံ အော်ဟစ်ကြိမ်းမောင်း
ခြင်းမပြုလုပ်ကြဖို့ တောင်းဆို
အပ်ပါတယ်။

Taxi ကားဆရာအချင်းချင်း
ရန်ဖြစ်ခြင်း၊ ခရီးသည် လုခြင်း
ကိုလဲ လုံးဝ မပြုလုပ်ကြဖို့
အရေးကြီးပါတယ်။

တချို့ အိမ်စီးကားသမားတွေ
ဝယ်နိုင်လို့ ကားဝယ်စီးတဲ့အခါ
ယာဉ်ကြောအမှားတွေ နေ့စဉ်
တွေ့ကြုံနေရတာ အားလုံးအသိ
ပဲဖြစ်ပါတယ်။ အမှားဆိုတာ
လူတိုင်းနဲ့ မကင်းပါဆိုတဲ့
အတွေးနဲ့ပဲနားလည်ပေးကြ
ဖို့လိုအပ်ပါတယ်။

ခရီးသည်တယောက်က
ကားငှားဖို့ တားရင် ပြေလည်စွာ
ဆက်ဆံဖို့နဲ့ မိမိနဲ့ အပ်ကြောင်း
မထပ်ရင် ကွိုင်မရှာဖို့ စကားများ
ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြဖို့
တောင်းပန်ပါရစေ။

ကားငှားရမ်းသူတွေက
ကျနော်တို့ Taxi ကားသမားတွေ
ရဲ့ အပြင်ပန်းကိုပဲ သူတို့မြင်
တာပါ။ ကျနော်တို့ ကားမောင်း
နေတဲ့ စတိုင်ကိုပဲ သူတို့ တွေ့တာ
ပါ။ ကျနော်တို့ရဲ့ ပျော်ရွှင်မှုကိုပဲ
သူတို့သိတာပါ။

ဒါပေမယ့်
#ထောင်နှုတ်ခမ်းဝကခြေတဖက်
ကို သူတို့ မမြင်နိုင်ပါဘူး။

#အသက်ကို အချိန်မရွေး
စတေးရမည့် စီယာတိုင်ပေါ်က
လက်နှစ်ဖက်ကို သူတို့ မတွေး
မိပါဘူး။

#တမိသားစုလုံး ငိုကြွေးရမည့်
လုပ်ငန်းဆိုတာ သူတို့
မစဉ်းစားမိပါဘူး။

#အချိန်မရွေး ဆေးရုံက ဖိတ်ခေါ်
သံနဲ့ သွားလာနေရတာ
သူတို့ မကြားပါဘူး။

#သွေးထွက်သံယိုမှုတွေက
စောင့်ကြိုလျက်ဆိုတာ သူတို့
မကြုံဖူးကြပါဘူး။

#ဘဝပေးအခြေအနေအရ
ကားမောင်းနေရတာ သူတို့
မစဉ်းစားမိပါဘူး။

အဲဒါကြောင့် Taxi ကားဆရာ
တွေအနေနဲ့ ခရီးသည်တွေကို
ပြန်ပြီး နားလည်ပေးကြဖို့
မေတ္တာရပ်ခံတောင်းဆိုရင်း
နိဂုံးချုပ်အပ်ပါတယ်။

ကားသမားတိုင်း၊ ခရီးသည်တိုင်း
ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

(မေတ္တာ၊ စေတနာဖြင့်သာရေး
သားအသိပေးခြင်းဖြစ်ပါတယ်)

အစဉ်လေးစားစွာဖြင့်
Ba Hlaing. (သာကေတ)
၁၄.၁.၂၀၁၇.Ph.09250804520

ပေးခြင်းဖြင့်ကူညီပါ #

11/01/2017

" အလုပ် သစ်က အင်တာဗျူးခေါ်သော်''

ဘာတွေပြင်ဆင် သွားမလဲ
ဘယ်လို ဖြေမလဲ

လိုအပ်သော စာရွက် စာတမ်း ကိုယ်ရေး အချက်လက်

ထိုအချက် အလက်များ အားသေချာစွာ ပြန်လည်လေ့လာ
သုံးသပ် သွားပါ

မိမိ သွားမည့် အလုပ်ခွင် ကုမ္ပဏီ အကြောင်း
website မှတစ်ဆင့် ပတ်ဝန်းကျင်မှတစ်ဆင့်
facebook အွန်လိုင်းမှ တစ်ဆင့် အဆင်ပြေသော
နည်းလမ်း ဖြင့် အတတ်နိုင်ဆုံး လေ့လာသုံးသပ်
သွားပါ

သွားလာ ရန် လိပ်စာ Address ပေးသော အခါတွင်
သေချာစွာ မှတ်ယူခြင်း ဖုန်းဖြင့် အသံသွင်းခြင်း
သော် လည်းကောင်း အခေါက်ခေါက် အခါခါ
မေးမြန်ရမှု အား ရှောင်နိုင်ရန်ဆောင်ရွက်ပါ

အင်တာဗျူးရမည့် ကုမ္ပဏီ သို့ ရောက်သော အခါ
တွင် တံခါ ခေါက်ခြင်း ဖုန်းအသံ ပိတ်ထားခြင်း
ြိငမ်ဆိမ်စွာ ထိုင်နေခြင်း အစရှိသော
မိမိ အဆင့်အတန်း level အား ဖော်ပြသော်
ပြု မူလုပ်ဆောင်မှုများ အထူးသတိပြု
ပြောဆိုနေထိုင်ပါ

ဝင်ရောက်လာ ရန် ခွင့်ပြု ချက်ရပါက
ရိုသေစွာ နှုတ်ဆတ် ပြုံးပြပါ

ထိုအချိန်မှ စ၍ ကြောင်တောင်ကမ်း
အနေ အထားဖြင့် ဖြေဆိုရန်
အသင့်ပြင်ပါ ဆိုလိုသည်မှာ
အကြား အာရုံ တစ်ခုသာ ဦးစားပေး
ဂရုစိုက် ဖြေဆိုပါ
မေးမည်သူ ၏
အကြည့်များမှာ သင့်အား
တုန်လှုပ်စေသောကြောင့်
မမြင် ချင် ဟန်ဆောင်နေခိုင်းခြင်းပါ

သို့ ပေမဲ့ မိမိ မျက်လုံးများမှ
အာရုံစူးစိုက်မှု မိမိကိုယ်ကိုယ်
ယုံကြည်မှု ဖြင့် ပြည့်နေရန် ထိန်းသိမ်းပါ

သေချာစွာ နားထောက်၍ မိမိတကယ်
နားလည်မှသာ ဖြေဆိုပါ
နားမလည်သော မေးခွန်းအတွက် အချိန်
မကုန်ပါစေနဲ့

ဆက်ရန်ရှိသည်
လမ်းခရီးတွင် ရေးရ၍ ခေတ္တ သည်းခံပေးပါ

လေးစားစွာဖြင့်
Soe Min Naing @သုတနိုင်လေး

်crd.... အလုပ်ခွင် အင်တာဗျူး

06/01/2017

လက်ရှိပြေးဆွဲနေသောရန်ကုန်မြို့တွင်း လိုင်းကားများ ၁၅ ရက်နေ့ည၌
အပြီးတိုင်ရပ်ဆိုင်းပြီး အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းဖြင့်
အစားထိုးမည်

ရန်ကုန် ဇန်နဝါရီ ၆

လက်ရှိပြေးဆွဲနေသော ရန်ကုန်မြို့တွင်းခရီးသည်တင် ဘတ်စ်ကား
၃၀၀ ကျော်ကို ယခုလ ၁၅ ရက်နေ့ ညတွင် အပြီးသတ်ရပ်နားလိုက်ပြီး
၁၆ ရက်နေ့ မနက် ၌ ယာဉ်လိုင်း ၅၈ လိုင်းပါဝင်ငဘ်ါ အများပြည်သူ
ပို့ဆောင်ရေးယာဉ်လိုင်းဖြင့်စတင်အစားထိုးပြေးဆွဲတော့မည်ဖြစ်ကြောင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

"အခုပြေးဆွဲနေတဲ့ ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်ဟာ ၁၅ ရက်နေ့ညမှာ
အပြီးသတ်ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ အခုရှိနေတဲ့ မထသ အဖွဲ့ဟာလည်း
နောက်ဆုံးဖြစ်ပါ တယ်။ ၁၆ ရက်နေ့ကစပြီးတော့ ယာဉ်လိုင်း ပေါင်း
၅၈ လိုင်းပါဝင်တဲ့ အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းကို
စတင်ပြေးဆွဲတော့မှာဖြစ်ပါတယ်။"ဟု ဦးဖြိုးမင်းသိန်း ကပြောသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီလ ၆ ရက်နေ့တွင် ပြုလုပ်သည့်
အများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းစနစ် အကြောင်း သတင်းစာ
ရှင်းလင်းပွဲတွင် ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ခရီးသွားပြည်သူများကောင်းမွန်သော ဝန်ဆောင်မှု ရရှိရန်နှင့် ယာဉ်မောင်များ၊ ယာဉ်နောက်လိုက်များ အတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ခြင်း
ဖြစ်ကြောင်း ၄င်းကဆိုသည်။

"အခုက ယာဉ်မောင်းတွေ ယာဉ်နောက်လိုက်တွေက ပုတ်ပြတ်ဘဲ
လုပ်နေရတော့ ညနေကျရင် ယာဉ်ပိုင်ရှင် ကို ပုတ်ပြန်ငှားခ ပေးနိုင်ဖို့
အတွက် လုယက်ပြီး ပိုက်ဆံရှာနေကြရပါတယ်။ ပိုက်ဆံမရရင် မိသားစု
အတွက် မပေးနိုင်ဘူးပေါ့။ အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။
ခရီးသွားတွေအတွက် လည်း ဝန်ဆောင်မှုမကောင်း၊ မောက်မောက်မာမာ
ဆက်ဆံခံကြရတယ်။အဲဒါတွေမဖြစ်အောင်လုပ်တာပါ။" ဟု
၎င်းကပြောသည်။

ယင်းစနစ်ကို အကောင်အထည်ဖော်ရာတွင် မူလအတိုင်းနေလိုသည့်
ယာဉ်ပိုင်ရှင်များရှိလာနိုင်ကြောင်း၊ ရှိလာသော်လည်း ပြည်သူအကျိုးအတွက်
စနစ်ကိုရဲရဲဝံ့ဝံ့အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း
၎င်းကပြောသည်။

"ကျွန်တော်တို့အတွက် စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။
ဒါပေမယ့် ရဲရဲဝံ့ဝံ့လုပ်ရမှာပါ။" ဟု ၄င်းကဆိုသည်။

အဆိုပါအများပြည်သူပို့ဆောင်ရေးယာဉ်လိုင်းစနစ်တွင် ပြေးဆွဲမည့်
လမ်းကြောင်းများ၏ ၈၀ ရာခိုင်နှုန်းမှာ ယခင်လမ်းကြောင်းအတိုင်းဖြစ်ပြီး
ကျန်အနည်းငယ်ကို လမ်းကြောင်း အသစ်ဖြင့် ပြေးဆွဲသွားမည်ဖြစ်ကြောင်း
ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး
ဒေါ်နော်ပန်းသဉ္ဇာမျိုးကပြောသည်။

ယင်းစနစ်တွင် ပြေးဆွဲလိုသော ယာဉ်ပိုင်ရှင်များ အနေဖြင့်
မိမိတို့ကြိုက်နှစ်သက်ရာ ယာဉ်လိုင်းကို ရွေးချယ်ပြီး တောင်ဥက္ကလာရှိ
ရန်ကုန်အရှေ့ပိုင်း စုပေါင်းရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပြီး ဇန်နဝါရီလ
၁၀ ရက်နေ့ကိုနောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါယာဉ်လိုင်းစနစ်တွင် BM ၊ ဒိုင်နာ၊ စီးတီးဘတ်စ် ၊ ၁၉၉၅
အောက်မော်ဒယ် ကားများကို ပါဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ယင်းယာဉ်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် လူစီးစလစ်ကား
ထုတ်ပေးနေပြီး လက်ရှိတွင် လာရောက်ထုတ်ယူမှု ၅၀၀
ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

လင်းဟိန်း

ခါးပတ်မပတ်တဲ့ ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေကို ဒီနေ့ စတင်အရေးယူမယ်။သတင်းအပြည့်အစုံ... http://www.7daydaily.com/sto...
01/01/2017

ခါးပတ်မပတ်တဲ့ ယာဉ်မောင်းသူနဲ့ လိုက်ပါစီးနင်းသူတွေကို ဒီနေ့ စတင်အရေးယူမယ်။
သတင်းအပြည့်အစုံ... http://www.7daydaily.com/story/85093

 မော်တော်ယာဉ်မောင်း နှင်စဉ် ယာဉ်မောင်းသူများနှင့် လိုက်ပါစီးနင်းသူများ ထိုင်ခုံခါး ပတ်မပတ်ခြင်းကို ဇန်နဝါရီ ၁ ရက်ကစ၍ စစ်ဆေးအရေးယူမည်ဖြစ် ကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ၂၀၁၆ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပညာ ပေးကာလအဖြစ် စီမံဆောင်ရွက် ပြီးစီးသွား၍ ၂၀၁၇ ဇန်နဝါရီ ၁ ရက်မ...

31/12/2016

Start မော်တာက အလုပ်မလုပ်တော့ဘူးဆိုရင် . . .
--------------------------------------------------------

ဒါကတော့ ကားတစ်စီးရဲ့ စက်နှိုးမှု အပိုင်းမှာ မဖြစ်မနေ လိုအပ်တဲ့ Start စနစ်ရဲ့ အသက်ပါပဲ။ ကားကို စက်နှိုးလိုက်ချိန်မှာ Start မော်တာက လုံးဝကို မလုပ်ဘူး၊ မမွှေ့ဘူး၊ ဒီတော့ အင်ဂျင်ကိုလည်းဘယ်လိုမှ မနေစေတော့သလို စက်လည်း နိုးမလာတော့ပါဘူး။ ဒါဆိုရင်တော့ ကျွန်တော်တို့ စစ်ဆေးကြည့်ဖို့ လိုနေပါပြီ။

ဒီနေရာမှာ ဖြစ်နိုင်ချေ နှစ်ခုရှိပါတယ်။ ပထမ အချက်က ဘက်ထရီ အားမရှိလို့။ နောက်တစ်ချက် Start ပိုင်း မကောင်းလို့။

ဘက်ထရီ အားကောင်း၊ မကောင်းကို ဟွန်းတီးကြည့်မယ်၊ ရှေ့မီးကြီးတွေ ဖွင့်ကြည့်မယ်၊ Dashboard ပေါ်က အချက်ပြမီးတွေ စစ်ကြည့်မယ်ဆိုရင် သိနိုင်ပါပြီ။ ဒါပေမယ့် အားရှိရုံနဲ့ ဘက်ထရီရဲ့ ပြစ်ချက် မကုန်သေးပါဘူး။ စက်ဖုံးကိုဖွင့်ပြီး စစ်ဆေးဖို့ လိုအပ်ပါသေးတယ်။

ဘက်ထရီ ငုတ်တွေမှာ ဆားပေါက်နေတတွေ ရှိသလား၊ ကြိုးနဲ့ ခေါင်းတွေ ဆက်တဲ့ နေရာမှာ ချောင်နေတာတွေ ရှိသလား၊ ဘက်ထရီအတွင်းမှာ အက်ဆစ်တွေ လိုအပ်သလောက် ပမာဏ ပြည့်မီမှု ရှိရဲ့လား ဆိုတာတွေပါ စစ်ဆေးရပါလိမ့်မယ်။

ပျမ်းမျှ အနေနဲ့ ကိုယ့်ဘက်ထရီရဲ့ သက်တမ်းကိုမှတ်မိသေးတယ်ဆိုရင် ပိုကောင်းပါတယ်။ ၁ နှစ်ခွဲလောက်ပဲ အကောင်းဆုံး အနေအထားရှိပြီး အိမ်စီးကားတွေက ထိန်းသုံးမယ်ဆိုရင် ၂ နှစ်လောက်ထိ ရနိုင်ပေမယ့် အသုံးများတဲ့ ဥပမာ Taxi တွေလို ပုံစံမျိုးဆိုရင် ၂ နှစ်ထိအောင် သုံးဖို့ မလွယ်ပါဘူး။

နောက်တစ်ချက် ဘက်ထရီပိုင်းကောင်းပြီး Start မော်တာပိုင်း ချို့ယွင်းပြီ ဆိုရင်တော့ အိမ်မှာကိုယ်တိုင် ပြင်ဖို့ ခက်ပါလိမ့်မယ်။ Start မော်တာကိုဖြုတ်လိုက်ပြီး ဒိုင်နမိုဆိုင်မှာ သွားရောက် ပြင်ဆင်ရပါလိမ့်မယ်။ ဒီလို စက်နှိုးရခက်တဲ့ ချို့ယွင်းချက်ဟာဘက်ထရီကိုလည်း အားအ၀င်နည်းစေတာကြောင့် Start မော်တာ ပြင်နေချိန်မှာ ဘက်ထရီကိုလည်း အိမ်မှာ အင်ဗာတာနဲ့ ဖြစ်စေ၊ ဆိုင်မှာဖြစ်စေ အားပြည့်အောင် ပြန်သွင်းထားတာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။





လေးစားစွာဖြင့်​ ~ မူရင်း - https://www.facebook.com/JpmCarSalesCenter/

စိတ်ချယုံကြည်ပြီး လှမ်းခဲ့ပါမိတ်ဆွေ

ကားထိုင်ခုံခါးပတ်ပတ်ရာတွင် ရရှိမည့်အကျိုးကျေးဇူးများ ...ကားမောင်းရာတွင် ထိုင်ခုံခါးပတ် ပတ်ခြင်းသည် ရှက်စရာအပြုအမူတစ်ခု မ...
27/12/2016

ကားထိုင်ခုံခါးပတ်ပတ်ရာတွင် ရရှိမည့်အကျိုးကျေးဇူးများ ...

ကားမောင်းရာတွင် ထိုင်ခုံခါးပတ် ပတ်ခြင်းသည် ရှက်စရာအပြုအမူတစ်ခု မဟုတ်ပါ။ ထို့အပြင် မိမိကိုယ်တိုင် လိုက်နာကျင့်သုံးသင့်သလို တခြားသူ
ကိုလည်း လိုက်နာကျင့်သုံးလာအောင် တိုက်တွန်းပေးရမည့် ကောင်းမွန်သည့် အပြုအမူတစ်ခုဖြစ်ပါတယ်။

ထို့ကြောင့် ကားမောင်းရာတွင် ထိုင်ခုံခါးပတ် ပတ်ပြီးမောင်းနှင်
ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများ ကိုဖော်ပြပေးလိုက်ပါတယ်။

- ပုခုံးသိုင်းကြိုးက သင့်ရဲ့ နံရိုးညှပ်ရိုးတွေ မကျိုးအောင်ကာကွယ်ပေးခြင်းနှင့်အဆုတ်၊ အသည်းနှလုံးတွေကိုထိခိုက်မှုမရှိအောင်ကာကွယ်ပေးမှာဖြစ်ပါတယ်။

- ခါးသိုင်းကြိုးက ကြောရိုးမကြီးကို မထိခိုက်အောင်ကာကွယ်ပေးတဲ့အတွက်အာရုံကြောမကြီးမထိခိုက်စေပဲ အောက်ပိုင်းသေခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။

ဒါကြောင့်ကားမောင်းသည့်အခါတိုင်း ထိုင်ခုံခါးပတ်ပတ်ဖို့ အလေးအနက်
ထားတိုက်တွန်းလိုက်ပါတယ်။

www.motors.com.mm

မြန်မာနိုင်ငံရှိ ကား၊ ဆိုင်ကယ်၊ လုပ်ငန်းသုံးယာဉ်များအား ရောင်း/၀ယ်ပါ။Motors.com.mm ရှိ ရောင်းချသူများ၏ များပြားလှသော အသစ်(သို့) တစ်ပတ်ရစ် မော်တော်ယာဉ်စာရင်းများ

27/12/2016

အသက် (၈၀) အဘိုးအို တစ်ယောက်ရဲ့ ဘဝသင်ခန်းစာများ
--------------------

၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။
၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။
၃။ ရေချိုးစဉ် သီချင်းဆိုပါ။
၎။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင်လုပ်ပါ။
၅။ ရန်မဖြစ်မနေ ဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦးအောင် အပြင်းဆုံး ထိုးနှက်ပါ။
၆။ လှို့ဝှက်ချက်လေးတွေ ထားပါ။
၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှုဆိုတာ နေ့စဉ် ဖြစ်တာမျိုးပါ။
၈။ ကမ်းလာတဲ့ လက်တိုင်းကို လက်ခံပါ။
၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ်သူမှ ဒီသတ္တိ အစစ်လားအတုလား မခွဲတတ်ပါ။
၁၀။ လေချွန်ပါ။

၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။
၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီတစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။
၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ်တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။
၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။
၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင်ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲ ရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။
၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။
၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမယ့် တတိယ အခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။
၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။
၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက် ဖြစ်အောင် နေပါ။
၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။

၂၁။ ဘဝရဲ့ အရေးကြီးတဲ့ အချိန်လေးတွေမှာ ဖုန်းခေါ်သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထားလိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနားထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာမဟုတ်။
၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။
၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။
၂၄။ တစ်စုံတစ်ယောက်ကို လှို့ဝှက်ချက် မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။
၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင်လက်လွှတ်ပါစေ။
၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာပဲ ဂုဏ်တပ်ချင်တပ်ပါစေ။
၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။
၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထား ဆက်ဆံပါ။
၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့သြဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ်ဖြတ်ရဦးမယ် ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။
၃၀။ သေရင် အုတ်ဂူမှာ "နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။

၃၁။ ကြီကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန်တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိတယ်။
၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။
၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။
၃၄။ ကိုယ့် အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။
၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲ ဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ဖြစ်ဖြစ် မရောက် ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။
၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။
၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။
၃၈။ ချစ်သူများနေ့ ပို့(စ်)ကဒ် တွေ အမြောက်အများကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ပေးပါ။
၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။
၄၀။ မှတ်စုလေးတစ်အုပ် နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ယာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:၀၀ နာရီမှာ ပေါ်လာတတ်တယ်။

၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက်ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။
၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။
၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကားအတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။
၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။
၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။
၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။
၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။
၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။
၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေး ကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။
၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

ŠPat_Divilly

- မှတ်စုကြမ်း

26/12/2016

WE ARE DRIVERS
WE ARE BROTHERS...

Address

No 140
Yangon
11011

Telephone

+959420270383

Website

Alerts

Be the first to know and let us send you an email when Excellent Choice Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Excellent Choice Yangon:

Shortcuts

Share

Category