TTT Travel & Tour - Myanmar

TTT Travel & Tour - Myanmar TTT Travel & Tour - Myanmar
page is official page of Thant Thant Thein Co., Ltd @ Myanmar. Hotline/ Viber/ Telegram Ph No +959791295458.

Services-
-Tour ( IB & OB )
- Tickets for Flight// Express// Balloon// Cruise// Places
-Visa
-Hotel
-Car Rent

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ )  အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း #ဆရာမဒေါ်သန့်သန့်သိန်း ( ...
17/08/2026

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
https://www.facebook.com/share/p/19EjcTxnNE/

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ (၇)ရက် သား/သမီးများအတွက်
တစ်ပတ်စာ (တားရော့) ဗေဒင်ဟောစာတမ်း

( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္ဂနွေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ကောင်းမွန်သော အလှည့်အပြောင်း ကြုံရပြီးအလုပ်အကိုင်၊ အခွင့်အလမ်းများ ပေါ်လာ မည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်ရမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလွန်အတွက် ငွေကြေး၊ အကူအညီ၊ လုပ်ကိုင်ခွင့်များ ရရှိလာမည်။ ရင်းနှီးမြှုပ်နှံမှုများမှ အကျိုးအမြတ်များ ရရှိမည်။ လေယာဉ်လိုင်းများ၊ လေကြောင်းနှင့် ပတ်သတ်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ ရွှေလုပ်ငန်း၊ ရွှေပန်းထိမ် လုပ်ငန်း၊ ရွှေ အရောင်း အဝယ် လုပ်ငန်း၊ ရွှေနှင့် ပတ်သက်သော လုပ်ငန်းများကားပြင်ဆင်ခြင်း၊ ကား ရောင်း ဝယ်ခြင်း လုပ်ငန်းများ အဆင်ပြေမည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် အမြင်မတူဘဲ ဖြစ်နေ မည်။ မိမိဖြစ်စေချင်သည့် ဆန္ဒထက် အိမ်ထောင်ဖက်၊ ချစ်သူ ဖြစ်စေချင်သည့် ဆန္ဒအတိုင်း ဦးစားပေး လိုက်လျောခြင်းဖြင့်အိမ်ထောင်ရေး၊ အချစ်ရေး ပြဿနာများပါ လျော့ပါး သက်သာနိုင်သည်။ သဘောထားတင်းမာမှုများ ပြေလျော့မည်။ မိမိမှ မည်မျှပင် ကြိုးစား စေကာမူ ချစ်သူမှ မိမိတို့ ဘဝရှေ့‌ရေးအတွက် မကြိုးစားဘဲ ပေါ့ပျက်ပျက် နေသည်ဟု ထင်နေသည်။ ချစ်သူနှစ်ဦးကြား အထင်လွဲနေမှုများအား မဖြေရှင်းဘဲ အရွဲ့တိုက်ခြင်း၊ ရှေ့သို့ ထပ်တိုး လုပ်ဆောင်ခြင်းများ မပြုလုပ်သင့်ပါ။ ခံစားနေရသော ရောဂါ ဝေဒနာများ ရှိပါက သက်သာလာမည်။ ပျောက်ကင်းလာမည်။ ပုခုံးကြောပြုတ်ခြင်း၊ အုံးလွဲခြင်း၊ လည်ပင်းနာခြင်းတို့ ဖြစ်တတ်သည်။ ဦးခေါင်းပေါ်သို့ အမြင့်‌နေရာမှ ပစ္စည်းများ ပြုတ်ကျခြင်း၊၊ ဦးခေါင်းခြေထောက်တို့ ထိခိုက်မိခြင်း ဖြစ်တတ်သည်။ ပညာရေးတွင် မိမိကြိုးစားရင် ကြိုးစားသလောက် အောင်မြင်မည့် ကာလ ဖြစ်သည်။ မိမိ ပညာရေး ရည်မှန်းချက်များ အောင်မြင်ရန် ကူညီပေးမည့် သူများလည်း ရှိနေသည်။ ပညာရေးနှင့် ပတ်သက်ပြီး ခရီးသွား ရတတ်သည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။
https://vt.tiktok.com/ZSXTDYVDN/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “တနင်္လာ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
သူဌေးနှင့် မိမိကြား၊ ရင်းနှီးမြှုပ်နှံသူများနှင့် မိမိကြား၊ လုပ်‌ဖော်ကိုင်ဖက်များနှင့် မိမိကြား၊ သွေးထိုး တိုက်ခိုက်သူ ရှိနေသည်။ လုပ်ငန်း၏ အရေးကြီးဆုံး အချက်အလက်များ၊ လျို့ဝှက်ချက်များ၊ နည်းပညာများအား ခိုးယူခံရတတ်သည်။ မိမိကြောင့်ဟု အထင်မှား ခံရတတ်သည်။ အိမ်ထောင်ရေး၊ အချစ်ရေး တင်းမာနေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူနှင့် မည်သို့မှ ညှိနှိုင်းမရဘဲ ဖြစ်နေတတ်သည်။ တစ်ဦးဦးမှ အလျှော့ပေး လိုက်လျော ပေးမှသာ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်ပြေနိုင်မည်။ ချစ်သူမှ အထင်မှား၊ အမြင်မှား နေမည်။ အထင်အမြင် လွဲမှားမှုများ၊ နားလည်မှု လွဲခြင်းများအား ချက်ချင်း ဖြေရှင်းမှသာ အချစ်ရေး ရှေ့ဆက်နိုင်မည်။ သို့မဟုတ်ပါက အချစ်ရေး လမ်းဆုံးသို့ ရောက်သွားနိုင်သည်။ ခါးနာခြင်းလည်ပင်းနာခြင်း၊ အုံးလွဲခြင်းတို့ မှအပကြီးမားသော ကျန်းမာရေး အညံ့ မရှိပါ။ ကျောင်းပြောင်းခြင်း၊ ဆရာပြောင်းခြင်းတို့ကြုံတွေ့ရတတ်သည်။ မိမိတက်ရောက် သင်ယူ ရသော ကျောင်းအသစ်၊ ဆရာအသစ်နှင့် ယခင်အတိုင်း ကြိုးစားမှသာ အောင်မြင်မှု ရရှိမည်။ အပေါင်းအသင်း မှားတတ်သည်။ စာကို စိတ်မဝင်စားဘဲ အပေါင်းအသင်း၊ အပျော်အပါး တို့ဖြင့်သာ အချိန်ကုန် နေတတ်သည်။ မိမိလျှောက်ထားသော ရာထူး၊ လစာ၊ အလုပ် နေရာနှင့် ရရှိလာသော ရာထူး၊ လစာအလုပ်နေရာတို့မှာ မတူညီတတ်ပေ။
https://vt.tiktok.com/ZSXTDhjL2/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "အင်္ဂါ" သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
စီးပွားရေး၊ အလုပ်အကိုင်များ လုပ်ကိုင်ရာတွင် အကြီးအကဲကောင်း၊ ဆရာသမားကောင်း နှင့် တွေ့ရှိမည်။ ၎င်းမှ နည်းပညာအသစ်၊ နည်းလမ်း အသစ်များ ပြောပြ၊ သင်ပြပေး လိမ့်မည်။ ကြုံကြိုက် တွေ့ရှိသော ဆရာသမား၏ စကားအား မြေဝယ်မကျ နားထောင် ခြင်းဖြင့် လုပ်ငန်းများ တိုးတက် အောင်မြင်လာလိမ့်မည်။ လုပ်ဖော်ကိုင်ဖက်၊ လုပ်ငန်း မိတ်ဖက်၊ အပေါင်းအသင်း သတိထားပါ။ အိမ်ထောင်ဖက်၊ ချစ်သူချင်း အချစ်လွန်ကာ သဝန်တို၊ အူတို နေတတ်သည်။ အိမ်ထောင်ဖက်၊ ချစ်သူ၏ မိဘ၊ အထက်လူကြီး၊ အုပ်ထိန်းသူများနှင့် သဘောထား ကွဲလွဲနေတတ်သည်။ လုပ်ငန်းထဲမှ အထက်လူကြီး၊ အကြီးအကဲ ( အထူးသဖြင့်အမျိုးသမီး) မှ အိမ်ထောင်ဖက်၊ ချစ်သူအား နှစ်သက် သဘောကျပြီး အရေးပေး ဆက်ဆံနေမည်။ ထို့ကြောင့် ၎င်းနှင့် ပတ်သက်သော ပွဲများ၊ ခရီးစဉ်များတွင် အိမ်ထောင်ဖက်၊ ချစ်သူ နှင့်အတူ လိုက်ပါ ပွဲတက်ခြင်း၊ အတူသွားခြင်းများ ပြုလုပ်သင့်ပါသည်။ နှလုံးခုန် မမှန်ခြင်း၊ နှလုံးအဆို့ရှင် လဲရခြင်း၊ အမောဖောက်ခြင်း စသော နှလုံးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ်ပါသည်။ ခွဲစိတ် ကုသမှု ခံယူရတတ်သည်။ သွေးနှင့် ပတ်သက်သော ရောဂါများ ခံစားရခြင်း၊ သွေးခုန်နှုံး မမှန်ခြင်း တို့ ဖြစ်တတ်သည်။ အလှည့်အပြောင်း၊အပြောင်းအလဲ ကြုံရပါက ပညာရေး အတွက် အခွင့်အလမ်း ပွင့်လာမည်။ ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြား ပညာတော်သင် ခရီးစဉ်များ ဖြောင့်ဖြူးမည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသူ, ကျောင်းသားများ အနေဖြင့် မိမိ စိတ်မဝင်စားသော၊ မိမိအတွက် အခက်အခဲ ဖြစ်နေသော ဘာသာရပ်များအား ယူထား မိပါက အချိန်မှီ ဘာသာရပ်၊ မေဂျာ ပြန်ပြောင်းယူခြင်းဖြင့် ပညာရေး ပိုမို တိုးတက် လာမည်။
https://vt.tiktok.com/ZSXTD8fGQ/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “ဗုဒ္ဓဟူး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
မိမိထက် အင်အားကြီးသော လုပ်ငန်းကြီးသော၊ ဂုဏ်အရှိန်အဝါကြီးသောသူမှ ကူညီ ထောက်ပံ့ ပေးခြင်းခံရမည်။ လုပ်ငန်းများ မိမိစိတ်တိုင်းကျ လုပ်ကိုင်နိုင်မည်။ လုပ်ငန်း တိုးချဲ့လုပ်ကိုင်ခြင်း၊ အလုပ်သစ်၊ လုပ်ငန်းသစ်များလုပ်ကိုင်ခြင်းတို့ အဆင်ပြေမည့် ကာလ ဖြစ်သည်။ သစ်နှင့် သစ်တောထွက် ပစ္စည်းများရောင်းဝယ်ခြင်း၊ သတ္တု တွင်းထွက် ပစ္စည်းများ ရောင်းဝယ်ခြင်း၊ သတ္တုတွင်း တူးဖော်ခြင်း၊ အမျိုးသမီး အဝတ်အထည်များ ရောင်းဝယ်ခြင်း လုပ်ငန်းတို့ အဆင်ပြေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးတွင် ကြားလူ ဝင်ရောက် နှောင့်ယှက်တတ်သည်။ ယခုကာလအတွင်း မိမိနှင့်သိသော၊ မသိသော အမျိုးသမီးများအား ညအိပ်ညနေ ကူညီခြင်း၊ ခရီးသွားရာတွင် ကူညီခြင်း၊ ခိုးရာလိုက်ရာ တွင် ကူညီခြင်းများ ရှောင်ကြဉ်ပါ။ အိမ်ထောင်ဖက် မဟုတ်သော အခြား အမျိုးသမီး တစ်ဦးတစ်ယောက်ကြောင့် အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်း၊ ထောင်ဖမ်းခံရခြင်း၊ ငွေစိုက်လျော်ရခြင်းများ ကြုံရတတ်သည်။ ခေါင်းပူခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ၊ မျက်စိ ဝေဝါးလာခြင်း၊ ကြည့်မကောင်းခြင်း၊ မျက်စိနာခြင်းစသော မျက်လုံးနှင့် ပတ်သက်သော ရောဂါဝေဒနာများ၊ ခေါင်းမူးခြင်း၊ ခေါင်းလေးခြင်း၊ ခေါင်းကိုက်ခြင်း စသော ဦးခေါင်းနှင့် ပတ်သက်သော ရောဂါ ဝေဒနာများလည်း ခံစားရတတ်ပါသည်။ ခြေထောက် ထိခိုက်မိတတ်သည်။ ဆေးရုံနှစ်ရုံ၊ ဆရာဝန်နှစ်ဦး၌ တပြိုင်တည်း ကုသခြင်းကြောင့် ဆေးမှားတက်ပါသည်။ ရောဂါ ဝေဒနာ ခံစားနေရပါက ဆရာဝန် တစ်ဦးတည်း၏ ကုသမှု အတိုင်းသာ လိုက်နာ ကုသသင့်ပါသည်။ အပေါင်းအသင်း၊ သူငယ်ချင်း၏ ချောက်ချမှု၊ မြူစွယ်မှုတို့ကြောင့် ပညာရေး ထိခိုက်မိလိမ့်မည်။ အပေါင်းအသင်းမှားခြင်းကြောင့် ပညာရေးကို စိတ်မဝင်စားဘဲ ဖြစ်နေမည်။ အပျော်အပါး၊ မိန်းမ၊ လောကစားတို့၌သာ ပျော်မွေ့နေမည်။ အလုပ် မလျှောက်ဖြစ်ဘဲ၊ အလုပ်၊ အင်တာဗျူး စာမေးပွဲများ မဖြေဖြစ်ဘဲ ဖြစ်နေမည်။
https://vt.tiktok.com/ZSXTAo1mU/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ "ကြာသပ‌တေး” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ ပြန်လာပြီး နေရပ်တွင် အလုပ်လုပ်ကိုင်သူများ အခြေကျ လာမည်။ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာမည်။ အလုပ်သစ်၊ လုပ်ငန်းသစ်များ လုပ်ကိုင်လိုသူများ၊ လုပ်ငန်း ပြောင်းလိုသူများ အတွက် ပြောင်းလဲ လုပ်ကိုင်နိုင်သော အချိန်ကောင်း ဖြစ်သည်။ မိမိ တကယ် ချစ်ခင် နှစ်သက်သူနှင့် စည်းစိမ် ချမ်းသာ ပြည့်စုံသူ နှစ်ဦးကြား ရွေးရခက်နေမည်။ မိမိ တကယ် ချစ်ခင်နှစ်သက် မြတ်နိုးသူ နှင့် ပေါင်းဖက်ရမှသာ တစ်သက်တာလုံး စိတ်ချမ်းသာ ပျော်ရွှင်ရမည်။ ရည်းစားဟောင်း ပြန်ပေါ်လာပြီး အိမ်ထောင်ရေးအား နှောက်ယှက်တတ်သည်။ မည်သည့်ကိစ္စမဆို ဖုံးကွယ် မထားဘဲ အိမ်ထောင်ဖက်အား ဖွင့်ဟ တိုင်ပင်ခြင်း၊ ပြောပြခြင်းဖြင့် အိမ်ထောင်ရေး သာယာလာလိမ့်မည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ ဟင်းအိုး အပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ ရပ်တန့်နေသောပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲများ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါကအောင်မြင်ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။
https://vt.tiktok.com/ZSXTD6SRF/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “သောကြာ” သား/သမီးများအတွက် တစ်ပတ်စာ ( တားရော့ ) ဗေဒင်ဟောစာတမ်း
အလုပ်အကိုင်နှင့် စီးပွားရေး လုပ်ငန်းများ‌ ဖြေးဖြေးမှန်မှန် လုပ်ကိုင်ရမည်။ ယခင်က မပြီးပြတ်သေးသော လုပ်ငန်းကိစ္စများ ယခုကာလအတွင်း ပြီးပြတ်အောင် ဆောင်ရွက် နိုင်မည်။ "တည်ငြိမ်လေ၊ အောင်မြင်လေ" ဖြစ်သောကြောင့် မည်သည့်ကိစ္စမဆို တည်တည်ငြိမ်ငြိမ်ဖြင့်သာ လုပ်ကိုင်သင့်ပါသည်။ အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်နေမည်။ စိတ်ရူးပေါက်ပြီး အိမ်ထောင်ဖက်၊ ချစ်သူနှင့် ကန့်လန့်တိုက် နေမည်။ အိမ်ထောင်ရေး၊ အချစ်ရေးနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက် အမှားများ ချမှတ်မိမည်။ လုပ်မှားကိုင်မှား၊ ဆက်ဆံ ပြောဆိုပုံ အမှားများကြောင့် အိမ်ထောင်ရေး ပြိုကွဲတတ်သည်။ အချစ်ရေး လမ်းဆုံး ရောက်သွားနိုင်သည်။ ဟင်းအိုးအပူ၊ ဆီပူ၊ မီးပူ လောင်တတ်သည်။ အမျိုးသမီးများ ဓမ္မတာ မမှန်ခြင်း၊ ဝမ်းဗိုက် သားအိမ်တို့၌ အကျိတ်၊ အဖုတည်ခြင်း၊ ကင်ဆာ ဝေဒနာ ခံစားရတတ်သည်။ ဓာတ်ကင် ရတတ်သည်။ အမျိုးသားများ ဆီးကျင် ခြင်း၊ ဆီးအောင့်ခြင်း ဆီးနှင့် ပတ်သက်သော ရောဂါ ဝေဒနာများ ခံစားရတတ် ပါသည်။ ရပ်တန့်နေသော ပညာရေး ခရီးလမ်း ပြန်အစပြုရမည်။ မဖြေဖြစ်ခဲ့သော စာမေးပွဲ များ၊ တစ်ကြိမ် ကျရှုံးဖူးသော စာမေးပွဲများ ယခုအကြိမ် ပြန်ဖြေပါက အောင်မြင် ရန် အခွင့်အရေးရှိမည်။ အလုပ်၊ အင်တာဗျူး စာမေးပွဲများ ဖြေဆိုပြီး၊ ပြန်လည် အကြောင်းကြားခြင်း မရှိသော လုပ်ငန်းများ၊ အလုပ်များအား ပြန်လည် ဆက်သွယ်ခြင်း၊ မေးမြန်းခြင်းဖြင့် အလုပ်ရရှိလိမ့်မည်။ ယခင်က လုပ်ခဲ့ဖူးသော အလုပ်မှဟောင်းမှ ပြန်လည် ခေါ်ယူ ခန့်ထားခြင်းမျိုး ကြုံရမည်။
https://vt.tiktok.com/ZSXTSxnF5/
( ၁၄.၈.၂၀၂၆ ) မှ ( ၂၀.၈.၂၀၂၆ ) အထိ “စ‌နေ” သား/သမီးများအတွက် တစ်ပတ်စာ (တားရော့) ဗေဒင် ဟောစာတမ်း
ရပ်တန့်‌နေသော လုပ်ငန်းများ၊ ရပ်ဆိုင်းခံထားရသော စီးပွားရေး လုပ်ငန်းများ ပြန်လည် လုပ်ကိုင်ခွင့် ရရှိမည်။ အရောင်ထိုင်းနေသောကုန်ပစ္စည်းများ၊ လှောင်ကုန်များ ရောင်းချ ရမည်။ ရပ်‌ဝေးနယ်ခြား၊ နိုင်ငံရပ်ခြားမှ အလုပ်နှင့် ပတ်သက်သော အကူအညီ၊ အခွင့်အလမ်းနှင့် သတင်းကောင်းများ ကြားရမည်။ မိသားစုလိုက် လုပ်ကိုင်ရသော လုပ်ငန်းများ ပိုမို တိုးတက်လာမည်။ လေယာဉ်လိုင်းများ၊လေယာဉ် လက်မှတ် အရောင်း အေဂျင်စီများ၊ Air cargo လုပ်ငန်းများ၊ လေကြောင်းနှင့် ပတ်သက်သော လုပ်ငန်းများ၊ ခရီးသွား လုပ်ငန်းများ၊ အဆိုတော်၊ သရုပ်ဆောင်များ စသော အနုပညာရှင်များ၊ ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ တေးဂီတ ထုတ်လုပ်ရေး လုပ်ငန်းများ၊ အနုပညာနှင့် ဆက်စပ်နေသောလုပ်ငန်းများ၊ ကျန်းမာရေး ဝန်ဆောင်မှု ပေးသော လုပ်ငန်းများ အဆင်ပြေမည်။ မိမိယုံကြည် စိတ်ချရသော အပေါင်းအသင်း၊ သူငယ်ချင်း၊ မိတ်ဆွေများ ကြောင့် အိမ်ထောင်ရေး၊ အချစ်ရေး အဆင်မပြေ ဖြစ်တတ်သည်။ အိမ်ထောင်ဖက်နှင့် စကားများခြင်း၊ ရန်ဖြစ်ခြင်း၊ စွပ်စွဲပြောဆို ခဲ့ရခြင်းတို့ကြုံရတတ်သည်။ အိမ်ထောင်ရေး မပြိုကွဲအောင် ကြိုးစား ထိန်းသိမ်းပါ။ အိမ်ထောင်ရေး ပြိုကွဲခဲ့ပါက ပတ်ဝန်းကျင်တွင် အရှက်ရခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းခြင်း၊ သွားပုပ်လေလွင့်ပြောဆိုခံရခြင်းများ ကြုံရမည်။ ချစ်သူ၏ အနားတွင် ၎င်းအား တဖက်သတ် ကြိုက်နေသောသူ ရှိနေသည်။ ယုံကြည်ရသော အပေါင်းအသင်း၊ အခင်ရဆုံးသောသူငယ်ချင်း၊ မိတ်တွေမှ ချစ်သူနှင့် မိမိအကြား ဂုန်းတိုက် စကား ဆိုထားတတ်သည်။ ၎င်း၏ စကားအား ယုံကြည်ပြီး ချစ်သူမှ မိမိအား ရုတ်တစ်ရက် အဆက်ဖြတ်သွားခြင်း၊ လမ်းခွဲသွားခြင်းတို့ ပြုလိမ့်မည်။ ညဘက် အိပ်မပျော်ခြင်း၊ လန့် လန့်နိုးခြင်း၊ စိတ်ချောက်ချားခြင်းများ ဖြစ်နေတတ်သည်။ စိတ်မလုံခြုံခြင်း၊ စိတ်အေးချမ်းမှု မရရှိခြင်း စသော စိတ်နှင့်ပတ်သက်သော ရောဂါဝေဒနာများ ခံစားနေရတတ်သည်။ ယခုကာလအတွင်း ကျန်းမာရေးအတွက် ကောင်းဆုံး ယတြာမှာ ဘာသာရေး ပြင်းပြင်းထန်ထန် လုပ်ခြင်းပင် ဖြစ်သည်။ ကိုယ်ဝန်‌ဆောင်သည်များ ကိုယ်ဝန်ကို အထူးဂရုစိုက်ပါ။ ဆီပူ၊ မီးပူ၊ ဟင်းအိုး အပူလောင်တတ်သည်။ အဘွား၊ အမေ၊ အဒေါ်နှင့် အုပ်ထိန်းသူ၊ အမျိုးသမီးကြောင့် ပညာရေးရည်မှန်းချက်များ ပြည့်မြောက် အောင်မြင်လာမည်။ အမျိုးသမီး တစ်ဦးတစ်ယောက်၏ ကူညီပေးမှုကြောင့် အလုပ်၊ အင်တာဗျူး စာမေးပွဲများ အောင်မြင်မည်။ အထက်လူကြီး၊ အကြီးအကဲ၊ အမျိုးသမီးကြောင့် ရာထူးတိုးခြင်း၊ လုပ်ခ လစာတိုးခြင်းတို့ ကြုံရမည်။
https://vt.tiktok.com/ZSVLodbU2/
#ဆရာမဒေါ်သန့်သန့်သိန်း ( TTT TAROT Reader @ TTT TAROT Fortune Teller )
-------------------------------------------------------------------------------------------------------------
နောက်ပိုင်း FB က ကန့်သတ်ချက်တွေများလာရင် TELEGRAM CHANNEL နဲ့ GROUP မှာပဲ တင်ပေးဖြစ်ပါတော့မယ်။

CHANNEL နှင့် GROUP ဖြစ်တဲ့ "TTT TAROT FORTUNE TELLER" နှင့် CHANNEL ကနေ တစ်ပတ်စာဟောစာတမ်းများ တင်ပေးပြီး ပညာဒါန ဆက်ပြုလုပ်ပြီး မျှဝေသွားပါ့မယ်။
TTT TAROTFORTUNETELLER ( TELEGRAM GROUP Link )
https://t.me/TTTTAROTTELLER

TTT TAROT ( FORTUNE ) TELLER ( CHANNEL Link ) https://t.me/TTTTAROTFortuneTELLER

VIBER CHANNEL Link
https://invite.viber.com/?g2=AQBOo%2BJA%2FGL%2FNVMkVVvdeGeSpxO9EnCTwNPQRQ11A0nl8OI%2FJEFPQsa4w7y87ya7

TIKTOK ACCOUNT Link
https://www.tiktok.com/?_t=ZS-8uCwFa1Neqt&_r=1

အောက်က QR CODE ကို Scan ဖတ်ပြီး CHANNEL ကို Join ထားလိုရပါပြီ။

SCAN ဖတ်လို မရခဲ့ရင် Search Box မှာ "TTTTAROTFORTUNETELLER" လို ရိုက်ရှာပြီး Channel လေးကို Join ထားပြီဖတ်နိုင်ပါပြီ။

“ ၇ရက် သားသမီး အားလုံး ကပ်ကြီး ၃ပါးမှ ကျော်လွှားနိုင်ကြပါစေ။ "
“ ၇ရက် သားသမီး အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း, ၊ ကိုယ်၏ချမ်းသာခြင်းနဲ့ ပြည့်စုဲနိုင်ကြပါစေ! "
“ ၇ရက် သားသမီး အားလုံး ဘေးခပ်သိမ်း၊ ရန်ခပ်သိမ်း၊ အန္တရာယ် ခပ်သိမ်း၊ အတိုက်အခိုက်၊ အနှောင့်အယှက် အပေါင်းတို့မှ ကင်းရှင်းကြပါစေ။ "
-------------------------------------------------------------------------------------------------------------

တားရော့ ဗေဒင် မေးလိုပါက အောက်ပါ CODE ကို Scan ဖတ်၍ဖြစ်စေ၊ Search Box မှာ " တားရော့ ဆရာမ ဒေါ်သန့်သန့်သိန်း TTT TAROT" ဟု ရိုက်ရှာ၍ ဖြစ်စေ၊ Telegram// Viber +95 9443971971 က်ု ရိုက်ရှာပြီး လာရောက်မေးမြန်းနိုင်ပါပြီ။
MESSENGER မှ စာ MESSENGER/ TIKTOK မှ မေးမြန်းခြင်းသည်းခံပါ။













#တားရော့
#ဗေဒင်
#ဗေဒင်ဆရာမ
#အဟော
#ဟောစာတမ်း
#နိမိတ်
#ကံ
#ကံကြမ္မာ
#‌ရှေ့ဖြစ်ဟော
#အနာဂတ်
#စီးပွားရေး
#အိမ်ထောင်ရေး
#အချစ်ရေး
#ကျန်းမာရေး
#ပညာရေး
#လူမှုရေး
#ပညာဒါန

17/08/2026

ပဲခူးမြစ်ရေ ကြီးနိုင်တယ် လို့ ဆို

မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေ တိုင်းတာရာမှာ ‌စိုးရိမ်ရေမှတ် ရောက်ဖို့ (၂)ပေသာ လိုတော့တယ် လို့ ဆိုပါတယ်။

ဆိုတော့ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၈)ရက်နေ့မှာ စိုးရိမ်ရေမှတ် ကျော််နိုင်လို့ သတိထားကြဖို့ ‌ထုတ်ပြန်ထားပါတယ်။

#ပဲခူး #ပဲခူးမြစ် #သဘာဝဘေး #ရေကြီး #‌မြစ်ရေ

17/08/2026

လျှပ်စစ်မီတာ အသစ် လျှောက်ထားနည်းကို ‌ဖော်ပြပေးလိုက်ပါတယ်။

ကိုယ်တိုင်မလုပ်တက်သူတွေအတွက် ဗဟုသုတ ရစေဖို့ ဖြစ်ပြီး မလုပ်တက်ရင် ကျွမ်းကျင်သူတွေကို လုပ်ခိုင်းသင့်ပါတယ်။

မီတာ လျှောက်ထားဖို့က ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ ပိုင်ဆိုင်ကြောင်း အထောက်အထား၊ အိမ်ကိုအရပ်လေးမျက်နှာကနေ ရိုက်ထားတဲ့ ပုံတွေ လိုပါတယ်။

ကိုယ်တိုင် လျှောက်ကြည့်ပါ။ သိပ်မခတ်လှသလို ပြင်ဆင်ထားပေးတာကလည်း အတော်ကို အဆင်ပြေပါတယ်။

လျှောက်ထားသူတွေ အဆင်ပြေအောင် လုပ်ပေးထားတာမို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနကို ဒီအချက်ကိုတော့ ချီးကျုးရမှာ ဖြစ်ပါတယ်။

17/08/2026
အထောက်အထားအကုန်အစုံရှိတယ် ထိုင်းနိုင်ငံစာမွန်ပါကန်မှာအလုပ်လုပ်ခဲ့တယ်အခုဌေးကိုအဆက်အသွယ်လုပ်လို့မရတော့ဘူးဒီအကိုမှာဖုန်းလည်...
17/08/2026

အထောက်အထားအကုန်အစုံရှိတယ်
ထိုင်းနိုင်ငံစာမွန်ပါကန်မှာအလုပ်လုပ်ခဲ့တယ်
အခုဌေးကိုအဆက်အသွယ်လုပ်လို့မရတော့ဘူး
ဒီအကိုမှာဖုန်းလည်းပါမလာတော့ မိသားစုဝင်တွေကိုအဆက်အသွယ်လုပ်လို့မရဘူးတဲ့ရှင့်
ဒီအကိုက အာမခံတွေလည်းလုပ်ထားတယ်ရှင့်
တကယ်လို့ဒီလိုမျိုးမတော်တဆဖြစ်လို့ဆေးကုရင်လည်း အားမခံလုပ်ထားတဲ့ကုမ္မဏီကထုတ်ပေးမှာရှင့်
ဒီအကိုအမျိုးဒါမှမဟုတ်အသိမိတ်ဆွေရှိရင် ပါနန်းဆေးရုံမှာဒီအကိုကိုအမြန်သွားရှာလိုက်ပါရှင့်
အကိုအမြန်သက်သာပါစေ
မိသားစုဝင်နဲ့လည်းအဆက်အသွယ်အမြန်ရပါစေရှင့်
ရွှေအိမ်ကိုအချက်အလက်ပေးလာတဲ့သူကလည်း
အလုပ်ထဲက စာရေးမကတစ်ဆင့် သိရတာတဲ့ရှင့်

စျေးသည်ပြောတာကတော့ ကြက်တစ်ကောင်လုံးပေါင်းလို့ရတယ် အရမ်းတန်တယ်အကြီးကြီးပဲတဲ့ရှင့်အဖွားလည်းကြက်ပေါင်းစားချင်နေတာနဲ့ မှာလို...
17/08/2026

စျေးသည်ပြောတာကတော့ ကြက်တစ်ကောင်လုံးပေါင်းလို့ရတယ် အရမ်းတန်တယ်အကြီးကြီးပဲတဲ့ရှင့်
အဖွားလည်းကြက်ပေါင်းစားချင်နေတာနဲ့ မှာလိုက်တယ်တဲ့ရှင့်
ရောက်လာတော့ ပေါင်းအိုးက လက်မလောက်ပဲရှိတယ် ကြက်ပေါင်းဖို့မပြောနဲ့ ခရုတစ်ကောင်တောင်ထည့်ပေါင်းလို့မရဘူး
အဖွားငိုရမလို ငိုရမလိုဖြစ်သွားတယ်
အွန်လိုင်းပစ္စည်းမှာတာ ဒီပုံစံကြုံဖူးကြလားရှင့်
အေလေ ဒီလိုပေါင်းအိုးက 80ဘတ်နဲ့လာရောင်းတာ စဉ်းစားစရာယုံဖို့မကောင်းစရာလေနော်

ဒီဆယ်လီတရုတ်နိုင်ငံသားတရုတ်အမျိုးသမီးတရုတ်နိုင်ငံမှာနေထိုင်တယ် အသက်24နှစ်ပဲရှိသေးတယ် သူမကိုfollowလုပ်သူ1သန်းကျော်ရှိတယ် ...
17/08/2026

ဒီဆယ်လီတရုတ်နိုင်ငံသားတရုတ်အမျိုးသမီးတရုတ်နိုင်ငံမှာနေထိုင်တယ် အသက်24နှစ်ပဲရှိသေးတယ် သူမကိုfollowလုပ်သူ1သန်းကျော်ရှိတယ် လွန်ခဲ့တဲ့လအနည်းငယ်တုန်းက သူမတစ်နေရာရာကိုသွားပြီး video ရိုက်ခဲ့တယ် video ထဲမှာသူမ ကွမ်ယင်
မယ်တော်ရုပ်တုကို အစစအမြွှာမြွှာဖြစ်အောင် ရိုက်ခွဲခဲ့တယ်ပြီးစိန်ခေါ်ခဲ့တယ်တဲ့ရှင့်
အရင်လရောက်တော့ သူမကားမတော်တဆဖြစ်ပြီးဆေးရုံတက်လိုက်ရတယ် တလလောက်ဆေးကုခဲ့ပေမဲ့ မနေ့က15ရက်နေ့မှာတော့ သူမကဆုံးသွားပြီတဲ့ရှင့်
သူမဆုံးသွားတော့ အများစုက ဒါကသူမ ကွမ်ယင်မယ်တော်ရုပ်ထုကို ဖျတ်စီးလို့ စိန်ခေါ်ခဲ့လို့ ဝဠ်လည်တာလို့ပြောကြဝေဖန်ကြတယ်တဲ့ရှင့်

 #မြန်မာနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရွာတွေ၊ လယ်ယာမြေတွေ ရေလွှမ်းမြန်မာနိုင်ငံအလယ်ပိုင်းမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွ...
17/08/2026

#မြန်မာနိုင်ငံမှာ မုတ်သုံမိုးကြောင့် ရွာတွေ၊ လယ်ယာမြေတွေ ရေလွှမ်း

မြန်မာနိုင်ငံအလယ်ပိုင်းမှာ မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ကျေးရွာတွေနဲ့ စပါးခင်းတွေ ရေလွှမ်းနေပြီး လူအများအပြား အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

ရေဘေးကြောင့် စစ်ဘေးရှောင်နေရသူတွေလည်း ထပ်မံထိခိုက်ခဲ့တယ်လို့ AFP သတင်းထောက်နဲ့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းအလယ်ပိုင်း ဝက်လက် မြို့နယ်က အသက် ၅၃ နှစ်အရွယ် ရွာသူ ဒေါ်ချိုမြင့် က “ကျမတို့ ရင်ဆိုင်နေရတဲ့ ဒုက္ခတွေက ဘယ်လောက်နာကျင်နေရလဲဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး” လို့ AFP ကို သောကြာနေ့က ပြောပြခဲ့ရှာပါတယ်။

ဒေါ်ချိုမြင့်က လှေတစ်စင်းမှောက်နေတဲ့အနီးမှာ ရပ်ပြီး မိသားစုဟာ မြင့်တက်လာတဲ့ ရေတွေကြောင့် အိမ်ကနေ ထွက်ပြေးခဲ့ရပြီး “ဘာမှမကျန်တော့ဘူး” လို့ ပြောပြခဲ့ရှာပါတယ်။

ကုလသမဂ္ဂရဲ့ သောကြာနေ့ ထုတ်ပြန်ချက်အရ ဇူလိုင်လကစပြီး မုတ်သုံမိုးကြောင့် စစ်ကိုင်း၊ ရခိုင်၊ ဧရာဝတီနဲ့ ကချင်ပြည်နယ်တွေမှာ လူဦးရေ ၃၉၀,၀၀၀ ခန့် ထိခိုက်ခဲ့ပါတယ်။ အဲ့ဒီအထဲမှာ စစ်ကိုင်းတိုင်းတစ်ခုတည်းမှာ လူပေါင်း ၂၃၀,၀၀၀ ခန့် ထိခိုက်ခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) ကတော့ ဒီအရေအတွက်ထဲမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကြောင့် ထိခိုက်ခဲ့သူတွေလည်း ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဝက်လက် မြို့နယ်က နောက်ထပ်ရွာသားတစ်ယောက်ဖြစ်တဲ့ ဦးဆင့် က စစ်ဘေးရှောင်တချို့ဟာ ယာယီတဲငယ်လေးတွေမှာ နေထိုင်နေကြရပြီး အဲ့ဒီတဲတွေတောင် ရေလုံးဝမြုပ်သွားခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

“သူတို့ ဘာတစ်ခုမှ မယူနိုင်ခဲ့ဘူး။ တကယ့်ကို ဆိုးရွားပါတယ်ဗျာ” လို့ ဦးဆင့်က ပြောပြခဲ့ပါတယ်။

ရေကြီးမှုကြောင့် လူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေပါ “ပျက်စီးသွားတယ်” လို့ ဦးဆင့်က ဆိုပါတယ်။

“စပါးပျိုးပင်တွေ အကုန်ရေနဲ့ မျောပါသွားပြီ။ ဒီဒေသမှာတော့ စပါးပြန်စိုက်ဖို့ မဖြစ်နိုင်တော့ဘူး။ ပြန်ပြီးမျိုးစေ့ချမယ်ဆိုရင်တောင် မြေတွေက ရေမြှုပ်‌နေတုန်း” လို့ AFP ကို ပြောပြခဲ့ပါတယ်။

မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ အဆိုအရ ဩဂုတ် ၁၁ ရက်အထိ စစ်ကိုင်းတိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ မြစ်ရေလျှံမှုတွေကြောင့် လူ ၁၁,၄၀၀ ကျော်၊ အိမ်ထောင်စု ၃,၂၂၀ ကို ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ရွှေ့ပြောင်းနေရာချထားခဲ့ရပါတယ်။

ဝက်လက် မှာတော့ ကိုအောင်ကို က နွားကို စောင့်ရှောက်ဖို့အတွက် ယောက်ဖနဲ့အတူ အိမ်မှာပဲ ကျန်နေခဲ့ပါတယ်။ အဲ့ဒီဒေသမှာ လူ ၁၀ ယောက်ကနေ ၁၄ ယောက်လောက် ပဲ ကျန်တော့တယ်လို့ သူက ပြောပြခဲ့ပါတယ်။

သူတို့ဟာ အိမ်ရဲ့ အပေါ်ထပ်မှာ တာပေါ်လင်စနဲ့ အကာအကွယ်လုပ်ပြီး နေထိုင်နေကြရပါတယ်။ ဒေသခံကယ်ဆယ်ရေးအဖွဲ့တွေက လှေနဲ့လာရောက်ပေးတဲ့ အသင့်စားခေါက်ဆွဲနဲ့ ရေသန့်ဘူးတွေကို စားသောက်နေကြရပါတယ်။

“အလှူရှင်တွေ မလာခင်ကတော့ ရေကြီးနေတဲ့ရေထဲက ရေကိုပဲ ယူပြီး ကြိုသောက်ရတာကလွဲလို့ တခြားရွေးချယ်စရာ မရှိဘူး” လို့ ဒူးခေါင်းအထိ ရွှံ့ရေထဲမှာ ရပ်နေတဲ့ ကိုအောင်ကို က ပြောပြခဲ့ပါတယ်။

OCHA ပြောရေးဆိုခွင့်ရှိသူ Pierre Peron ကတော့ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရွှေ့ပြောင်းခဲ့ရသူအရေအတွက်ကို လက်ရှိအချိန်အထိ တိတိကျကျ မသိရသေးဘူးလို့ AFP ကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ မုတ်သုံမိုး ဆက်လက်ရွာသွန်းနေပြီး အဓိကမြစ်ကြီးအများအပြားမှာ ရေအန္တရာယ်အဆင့်နဲ့ အထက် ရောက်ရှိနေတဲ့အတွက် ရေကြီးရေလျှံမှုရဲ့ သက်ရောက်မှုဟာ လာမယ့်ရက်တွေနဲ့ ရက်သတ္တပတ်တွေအတွင်း ဆက်လက်ဆိုးရွားလာနိုင်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့တွေက ထိခိုက်လွယ်သူတွေကို အကူအညီပေးဖို့ ပြင်ဆင်နေကြပါတယ်။

ဒါပေမဲ့ ရေကြီးမှုကြောင့် အိမ်တွေ၊ ယာယီနေရာတွေ၊ အခြေခံအဆောက်အအုံတွေနဲ့ လယ်ယာမြေတွေ ပျက်စီးခဲ့တာက အစားအစာ၊ ကျန်းမာရေးဝန်ဆောင်မှု၊ သန့်ရှင်းတဲ့သောက်ရေနဲ့ အသက်မွေးဝမ်းကျောင်းအထောက်အပံ့တွေ လိုအပ်မှုကို ပိုမိုမြင့်တက်စေတယ်လို့ OCHA က ပြောကြားခဲ့ပါတယ်။

မုတ်သုံရာသီမိုးဟာ တောင်သူလယ်သမားတွေအတွက် အရေးကြီးတဲ့ မိုးရေကို ပေးစွမ်းပေမယ့် ရာသီဥတုပြောင်းလဲမှုကြောင့် မုတ်သုံမိုးရဲ့ ပုံစံက ပိုမိုမမှန်မကန်၊ ခန့်မှန်းရခက်ပြီး အန္တရာယ်ပိုများလာနေတယ် လို့ ဆိုပါတယ်။

#စလုံးသတင်းSGNews



 #အင်ဒိုနီးရှားငလျင်ကြောင့် လူ ၅၁ ဦး 6သဆုံးပြီး လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းအင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ စနေ...
17/08/2026

#အင်ဒိုနီးရှားငလျင်ကြောင့် လူ ၅၁ ဦး 6သဆုံးပြီး လူထောင်ချီ ဘေးလွတ်ရာ ရွှေ့ပြောင်း

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းမှာ စနေနေ့မနက်က အင်အား ၇.၇ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး လူ ၅၁ ဦး အနည်းဆုံး 6သဆုံးကာ လမ်းတွေ ပိတ်ဆို့ပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅,၀၀၀ ခန့် ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့ ဒီနေ့မှာ ပြောကြားခဲ့ပါတယ်။

East Nusa Tenggara ပြည်နယ်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူ ၃၆ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပြီး နောက်ထပ် ၇၇ ဦး အနည်းငယ်ဒဏ်ရာရခဲ့တယ်လို့ ဒုတိယကျန်းမာရေးဝန်ကြီး Benjamin Paulus Octavianus က ရုပ်မြင်သံကြားအစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါငလျင်နောက်ပိုင်းမှာ ငလျင်နောက်ဆက်တွဲ လှုပ်ခတ်မှု ၃၄၁ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး နှစ်များစွာအတွင်း အရှေ့တောင်အာရှနိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်တွေထဲက တစ်ခု ဖြစ်လာပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း အနောက်ဂျာဗားမှာ ငလျင်လှုပ်ခတ်ခဲ့ပြီး လူရာနဲ့ချီ 6သဆုံးခဲ့ပါတယ်။

BNPB ရဲ့ အဆိုအရ Sikka ဒေသမှာ လူ ၃,၃၀၀ ကျော်ဟာ ကိုယ်တိုင် ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ကြသလို တချို့ကတော့ အားကစားရုံတစ်ခုမှာ ပိတ်မိနေခဲ့ပါတယ်။

Sikka ဒေသခံတချို့ဟာ ပြိုကျသွားတဲ့ အိမ်တွေအပြင်ဘက်မှာ တာပေါ်လင်စနဲ့ ယာယီတဲဆောက်ပြီး နေထိုင်နေကြရပါတယ်။ Maumere ဆိပ်ကမ်းမြို့က ဆေးရုံတစ်ခုရဲ့ အပြင်ဘက်မှာလည်း တဲထိုးပြီး လူနာတွေကို ဆေးကုသပေးနေပါတယ်။

Sikka ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး Simon Sabandi က KompasTV ကို “Sikka မှာ နေထိုင်သူအများစုက အိမ်ထဲမှာ မနေရဲကြတော့ဘူး။ ဒါကြောင့် အိမ်ရှေ့ဝရန်တာတွေ ဒါမှမဟုတ် အပြင်ဘက်မှာ တဲထိုးပြီး အိပ်ကြတယ်” လို့ ပြောပြခဲ့ပါတယ်။

ဒေသအတွင်း ကယ်ဆယ်ရေးနဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ ကူညီဖို့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် ၃,၅၀၀ ကျော် စေလွှတ်ထားတယ်လို့ အစိုးရအဖွဲ့အတွင်းဝန် Teddy Indra Wijaya က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေဟာ မြေပြိုမှုတွေကြောင့် ပိတ်ဆို့နေခဲ့တဲ့ Maumere မြို့ရဲ့ ဒေသတချို့ကို ပြန်လည်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ပျောက်ဆုံးနေသူအများစုဟာ အဆောက်အအုံအပျက်အစီးတွေအောက်မှာ ပိတ်မိနေတယ်လို့ ရှာဖွေကယ်ဆယ်ရေးအေဂျင်စီက ဆိုပါတယ်။

BNPB ရဲ့ အဆိုအရ အိမ်ပေါင်း ၁,၃၀၀ ကျော် ပျက်စီးခဲ့ပါတယ်။

လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ဓာတ်ဆီဆိုင် ၂၀ လည်း လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိတော့ဘူးလို့ အစိုးရပိုင် စွမ်းအင်ကုမ္ပဏီ Pertamina က ပြောကြားခဲ့ပါတယ်။

East Nusa Tenggara ပြည်နယ်အစိုးရဟာ လက်ရှိအခြေအနေကို အရေးပေါ်အခြေအနေအဖြစ် ကြေညာဖို့ စဉ်းစားနေတယ်လို့ BNPB က ဆိုပါတယ်။ အရေးပေါ်အခြေအနေ ကြေညာလိုက်ရင် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ အရင်းအမြစ်နဲ့ ရန်ပုံငွေတွေကို ပိုမိုလျင်မြန်စွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့ ဒေသဟာ ၁၉၉၂ ခုနှစ်ကလည်း အင်အား ၇.၅ အဆင့် ငလျင်လှုပ်ခတ်ခဲ့ပြီး အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့ဖူးတယ်လို့ အင်ဒိုနီးရှား ဘူမိရူပဗေဒအေဂျင်စီက ပြောပါတယ်။

လူဦးရေ ၂၉၀ သန်းခန့် နေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ မြေပြင်အောက်က Tectonic plates ( ကမ္ဘ့မြေလွှာပြား) တွေ ဆုံတွေ့တဲ့ ငလျင်လှုပ်ခတ်မှုများပြားတဲ့ Pacific Ring of Fire ဒေသပေါ်မှာ တည်ရှိတာကြောင့် ငလျင်နဲ့ မီးတောင်ပေါက်ကွဲမှုတွေ မကြာခဏ ဖြစ်ပွားလေ့ရှိပါတယ်။

#စလုံးသတင်းSGNews



Address

Yangon
11171

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959791295458

Website

Alerts

Be the first to know and let us send you an email when TTT Travel & Tour - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TTT Travel & Tour - Myanmar:

Shortcuts

Share

Category