M.H.S Travels & Tours

M.H.S Travels & Tours Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from M.H.S Travels & Tours, Travel Agency, No. 112, Ground Floor, 39th Street, Kyauktada Township, Yangon.

Myanmar Airways International (MAI)’s 33rd Anniversary PromotionMAI ရဲ့  International လက်မှတ်ဝယ်ရုံနဲ့ Cashback ၃၃,၀၀၀က...
16/08/2026

Myanmar Airways International (MAI)’s 33rd Anniversary Promotion

MAI ရဲ့ International လက်မှတ်ဝယ်ရုံနဲ့ Cashback ၃၃,၀၀၀ကျပ် ပြန်ရနိုင်တဲ့အခွင့်အရေးနော်

ဝယ်ယူနိုင်တဲ့ကာလ - 31 August 2026 နေ့အထိ
ခရီးသွားကာလ - 30 September လအထိ

ဆိုတော့ ဒီအခွင့်အရေးကို လက်လွတ်မခံပဲ အမြန်ဆုံးဆက်သွယ် စုံစမ်းမေးမြန်းဝယ်ယူနိုင်ပါတယ်ရှင့်

M.H.S Travels & Tours Co., Ltd.,
No. 112 (G.F), 39th Street (between Mahabandoola Road & Merchant Road),
Kyauktada Township, Yangon
Phone: 09 765384700
Viber : 09 765384700
Email : [email protected]

မလေးရှားဗီဇာကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ၁၄ ရက် ဗီဇာကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ မလေးရှား အလည်သွားလိုသူတွေအတွက် A...
26/09/2025

မလေးရှားဗီဇာကို အောက်တိုဘာလ ၁ ရက်နေ့မှစပြီး ၁၄ ရက် ဗီဇာကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

မလေးရှား အလည်သွားလိုသူတွေအတွက် Air Ticket Service အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 09 765 384 700

MAI ရဲ့ ၃၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရရှိနိုင်မယ့် အခွင့်အရေးတွေအကြောင်း သိပြီးကြပြီလား? MAI ကို ၃၂ နှစ်တာ ယုံကြည်အားပေ...
15/05/2025

MAI ရဲ့ ၃၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရရှိနိုင်မယ့် အခွင့်အရေးတွေအကြောင်း သိပြီးကြပြီလား?

MAI ကို ၃၂ နှစ်တာ ယုံကြည်အားပေးနေတဲ့ ခရီးသည်တွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့
✈️ 𝐅𝐨𝐫𝐝 𝐑𝐚𝐧𝐠𝐞𝐫 𝐖𝐢𝐥𝐝𝐭𝐫𝐚𝐤 𝟐.𝟎 ကားအသစ်တစ်စီး ကံစမ်းမဲ
✈️ MAI ရဲ့ Website မှာ တိုက်ရိုက်လက်မှတ်ဝယ်ယူတဲ့ ခရီးစဥ်တိုင်းအတွက် 2x Bonus miles
✈️ MAI ရဲ့ လက်မှတ်အရောင်းဌာနဖြစ်တဲ့ Shoppe by MAI မှာ ဝယ်ယူတိုင်း Lucky draw အစီအစဉ်မှာ ပါဝင်ခွင့်
✈️ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နှင့် အိန္ဒိယ ခရီးစဥ်များတွင် ခရီးစဉ်အပြောင်းအလဲပြုလုပ်ခွင့်
✈️ Business class လက်မှတ်တွေကို 25% off အထိ ဝယ်ယူနိုင်မယ့်အပြင်
✈️ Check-in counter မှာလည်း Last-minute upgrade ပြုလုပ်နိုင်မယ့် အခွင့်အရေးတွေ ရရှိမှာပဲ ဖြစ်ပါတယ်။

MAI နဲ့ အတူခရီးသွားရင်း တအားတန်တဲ့ အခွင့်အရေးတွေကို လက်လွှတ်မခံပါနဲ့နော်။ 😉

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 09-765384700


🇹🇭 ထိုင်းဗီဇာကို Online ကတဆင့် MHS မှာ လျှောက်ထားနိုင်ပါပြီ။ 2025 နှစ်သစ်ကစတင်ပြီး✈️ Passport✈️ လိုင်စင်ဓာတ်ပုံ✈️ သန်းခေ...
22/01/2025

🇹🇭 ထိုင်းဗီဇာကို Online ကတဆင့် MHS မှာ လျှောက်ထားနိုင်ပါပြီ။

2025 နှစ်သစ်ကစတင်ပြီး
✈️ Passport
✈️ လိုင်စင်ဓာတ်ပုံ
✈️ သန်းခေါင်စာရင်း
✈️ Bank Statement စတာတွေ ရှိရုံနဲ့တင် ထိုင်းသံရုံးထိ သွားတန်းစီဖို့မလိုဘဲ အလွယ်တကူ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်ရှင်။

Visa Service အတွက် အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

ဖေဖော်ဝါရီလ ၂၂ ရက် ကြာသာပတေးနေ့မှစပြီး ထိုင်းသံရုံး ဗီဇာရက်ချိန်း ယူဖို့ Website မှတဆင့်အွန်းလိုင်းရက်ချိန်းရယူနိုင်သလို...
20/02/2024

ဖေဖော်ဝါရီလ ၂၂ ရက် ကြာသာပတေးနေ့မှစပြီး ထိုင်းသံရုံး ဗီဇာရက်ချိန်း ယူဖို့ Website မှတဆင့်အွန်းလိုင်းရက်ချိန်းရယူနိုင်သလို သံရုံးကိုလဲ ကိုယ်တိုင်သွားရောက် ရက်ချိန်း ရယူနိုင်ပါပြီ

🛫 ဒွန်မောင်းလေဆိပ်ကိုပါ ပြေးဆွဲတော့မယ့် MAI လေကြောင်းလိုင်း 🛫MAI လေကြောင်းလိုင်းဟာဆိုရင် ဘန်ကောက်ခရီးစဉ်အဖြစ် ရန်ကုန် 🔁 ...
17/05/2023

🛫 ဒွန်မောင်းလေဆိပ်ကိုပါ ပြေးဆွဲတော့မယ့် MAI လေကြောင်းလိုင်း 🛫

MAI လေကြောင်းလိုင်းဟာဆိုရင် ဘန်ကောက်ခရီးစဉ်အဖြစ်
ရန်ကုန် 🔁 သုဝဏ္ဏဘူမိ 🔁 မန္တလေး
ခရီးစဉ်ကို ပြေးဆွဲနေရာမှ ခရီးစဉ်အသစ်အနေနဲ့
ရန်ကုန် 🔁 ဒွန်မောင်း 🔁 မန္တလေး
ခရီးစဉ်ကို ဇွန်လ ၁၅ ရက်မှစတင်ပြီး ၁ ပတ်လျှင် ၅ ရက် တိုးချဲ့ပြေးဆွဲသွားမှာဖြစ်ပါတယ်။

ဒါကြောင့် MAI လေကြောင်းလိုင်းကို ရွေးချယ်ဝယ်ယူလိုသူတွေအတွက် ဆင်းသက်လိုတဲ့လေဆိပ်ပါ ရွေးချယ်ဝယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။ 🥰🥳

အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

🏮Happy Chinese New Year 2023🏮၂၀၂၃ မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူး Year of Rabbit 🐇 မှာ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချ...
21/01/2023

🏮Happy Chinese New Year 2023🏮

၂၀၂၃ မှာကျရောက်တဲ့ တရုတ်နှစ်သစ်ကူး Year of Rabbit 🐇 မှာ မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘေးအန္တရာယ်ကင်းရှင်းကာ စီးပွါးလာဘ်လာဘများတိုးပွါးကြပါစေလို့ M.H.S Travels & Tours Co., Ltd မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ❤️

新年快乐! 🥳🧧

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

လေယာဉ်လက်မှတ် ဝယ်တော့မယ်ဆိုရင်… ✈️ခရီးသွားမယ်ဆိုရင် မဖြစ်မနေထည့်သွင်းစဉ်းစားရမှာက သွားလာဖို့အတွက် သယ်ယူပို့ဆောင်ရေး နည်း...
10/01/2023

လေယာဉ်လက်မှတ် ဝယ်တော့မယ်ဆိုရင်… ✈️

ခရီးသွားမယ်ဆိုရင် မဖြစ်မနေထည့်သွင်းစဉ်းစားရမှာက သွားလာဖို့အတွက် သယ်ယူပို့ဆောင်ရေး နည်းလမ်းပါပဲ။ ကားနဲ့သွားမှာလား၊ လေယာဉ်နဲ့လား၊ သင်္ဘောနဲ့လား၊ ရထားနဲ့ပဲ သွားမလား စသည်ဖြင့်ပေါ့။ အဲ့ထဲကမှ လေယာဉ်နဲ့သွားလာမှုက အချိန်အတိုဆုံး၊ လူအသက်သာဆုံး နည်းလမ်းဖြစ်သလို ကုန်ကျစားရိတ်ကလည်း မနည်းတာမို့ ကြိုတင်ထည့်သွင်းစဉ်းစားဝယ်ယူသင့်ပါတယ်နော်။ 😵‍💫💡

အခြားသယ်ယူပို့ဆောင်ရေးတွေနဲ့မတူတဲ့အချက်ကတော့ လေယာဉ်နဲ့သွားလာမယ်ဆို ရက်နီးမှ လက်မှတ်ဝယ်လေ ပိုဈေးများတဲ့ခုံပဲ ရနိုင်ချေများလေပါ။ ဒီတော့ ကြိုတင်ပြီး ဈေးနှုန်းတွေကို စုံစမ်းလေ့လာထားဖို့လိုပါတယ်။

ဒီအတွက် လေယာဉ်လက်မှတ် စုံစမ်းဖို့ဆိုရင်
🗾 ခရီးသွားချင်တဲ့ တည်နေရာ သို့ နိုင်ငံကို အရင်ဆုံးသတ်မှတ်ပါ။
🗓️ ခရီးသွားချင်တဲ့ရက်၊ ခရီးမှ ပြန်လာချင်တဲ့ရက် စတာတွေကို အကြမ်းဖျင်း ရက်သတ်မှတ်ပါ။
📲 သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ Website သို့ အေးဂျင့်များမှတဆင့် ဆက်သွယ်စုံစမ်းပါ။

M.H.S Travels & Tours မှာဆိုရင် ခရီးသည်တွေ သွားရောက်လည်ပတ်ချင်တဲ့နေရာ၊ ခရီးသွားလာမယ့်ရက်ကို ပေးပို့လိုက်ရုံနဲ့ မတူညီဘဲ ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေရဲ့ အချိန်နဲ့တကွ ဈေးနှုန်းတွေကိုပါ တစ်ခါတည်း သိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခရီးသွားလာဖို့ ပြင်ဆင်ရတာတွေများနေရင် သက်သာတဲ့လေကြောင်းလိုင်းတွေကို စုံစမ်းချင်တာပဲဖြစ်ဖြစ်၊ ခရီးစဉ်နဲ့အဆင်ပြေသင့်လျော်မယ့် လေကြောင်းလိုင်းတွေကို သိလိုတာပဲဖြစ်ဖြစ် လေယာဉ်လက်မှတ်နဲ့ပတ်သက်တာ စုံစမ်းချင်ရင် ဆက်သွယ်လိုက်ဖို့ မမေ့ပါနဲ့နော်။ 🥰🥰

အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

နိုင်ငံခြားခရီးတစ်ခုအတွက် ဘာတွေယူသွားဖို့ လိုအပ်မလဲ? 🤔🧳 နိုင်ငံခြားခရီးစဉ်အတွက် ဟိုတယ်ဘိုကင်တွေ၊ လေယာဉ်လက်မှတ်တွေ ဝယ်ယူပ...
28/12/2022

နိုင်ငံခြားခရီးတစ်ခုအတွက် ဘာတွေယူသွားဖို့ လိုအပ်မလဲ? 🤔🧳

နိုင်ငံခြားခရီးစဉ်အတွက် ဟိုတယ်ဘိုကင်တွေ၊ လေယာဉ်လက်မှတ်တွေ ဝယ်ယူပြီးလို့ သွားရမယ့်ရက်နီးလာပြီဆိုရင် ခရီးဆောင်သေတ္တာပြင်ဖို့ လိုလာပြီပေါ့။ ဒီအတွက် လိုအပ်တဲ့ပစ္စည်းတွေ ကျန်ခဲ့တာမျိုး မဖြစ်ရလေအောင် ဘာတွေ သယ်ဆောင်သွားရမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 🤩🥳

1️⃣ Passport နဲ့ လိုအပ်တဲ့ စာရွက်စာတမ်း
နိုင်ငံခြားခရီးထွက်မယ်ဆို အရေးကြီးဆုံးက Passport ပါပဲ။ ဒီတော့ ပထမဆုံးဦးစားပေးစဉ်းစားရမှာက Passport ထည့်ဖို့ပါ။ ပြီးရင်တော့ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးထားတဲ့ စာရွက်တွေ၊ နိုတြီတွေ၊ ဗီဇာနဲ့ ဆိုင်တဲ့စာရွက်စာတမ်းတွေ စတဲ့ သက်ဆိုင်ရာနိုင်ငံအလိုက် လိုအပ်တဲ့စာရွက်စာတမ်းတွေအကုန် တစ်စုတစ်စည်းတည်း ထည့်ထားသင့်ပါတယ်။

2️⃣ သက်ဆိုင်ရာ ငွေကြေးနဲ့ Visa/Master Cards
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အသုံးပြုတဲ့ငွေကြေးစနစ် မတူညီတာကြောင့် ကြိုတင်ပြီး ငွေလဲလှယ်သွားဖို့ မမေ့ကြပါနဲ့။ ငွေသားသယ်ဆောင်သွားတာက ရိုးရှင်းသလို ငွေသားအများကြီး မကိုင်ဆောင်ချင်ရင်တော့ ငွေပေးချေလို့ရတဲ့ဘဏ်ကတ်တွေကို သယ်ဆောင်သွားဖို့ လိုပါမယ်။

3️⃣ ဖုန်းနဲ့ ဖုန်းအားသွင်းကြိုး
အခုခေတ်မှာ အရေးကြီးဆုံးနဲ့ မရှိမဖြစ်က ဖုန်းတစ်လုံးပါပဲ။ ဖုန်းဆက်၊ အင်တာနက်သုံးတာကစလို့ သီချင်းနားထောင်တာတွေအထိပါ လုပ်ဆောင်နိုင်တာကြောင့် ဖုန်းအားကုန်တဲ့အခါ အားသွင်းဖို့ အားသွင်းကြိုးလေးကိုပါ တစ်ပါတည်း ယူဆောင်ကြဖို့ မမေ့ပါနဲ့ဦးနော်။

4️⃣ Universal Adapter
နိုင်ငံတစ်နိုင်ငံစီမှာ သုံးတဲ့ Plug ခေါင်းလေးတွေက မတူကြပါဘူး။ ဒါကြောင့် အားသွင်းကြိုးတွေဘာတွေ သွင်းမရတာမျိုး မဖြစ်ရလေအောင် Plug အစုံပါတဲ့ Universal Adapter မျိုးကို ဆောင်သွားတာတော့ မမှားပါဘူး။

5️⃣ တစ်ကိုယ်စာ ဆေးဝါး
ကိုယ့်ကျန်းမာရေးအခြေအနေအရ တည့်တဲ့ဆေးဝါး၊ မတည့်တဲ့ဆေးဝါး စတာတွေက မတူညီတတ်တာကြောင့် ကိုယ်နဲ့တည့်တဲ့ဆေးဝါး၊ သောက်လေ့ရှိတဲ့ဆေးဝါးတွေကို မမေ့မလျော့သယ်ဆောင်သွားဖို့က အရေးကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ်။

6️⃣ စာရွက်နဲ့ ဘောပင်
လေဆိပ်မှာ လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ဖို့အတွက်ပဲဖြစ်ဖြစ်၊ အခြားအကြောင်းကြောင့်ပဲဖြစ်ဖြစ် စာရွက်နဲ့ ဘောပင်ကို သယ်ဆောင်သွားသင့်ပါတယ်။ တစ်ခါတစ်ရံမှာ အရံသင့်ထားပေးထားတဲ့ဘောပင်တွေ မရှိတဲ့အခါ လိုက်ရှာနေရတာမျိုး မဖြစ်တော့ဘူးပေါ့။

7️⃣ Headphones
နားအူတတ်တာဖြစ်ဖြစ်၊ Flight ချိန်အတွင်း ပျင်းရိလို့ သီချင်းနားထောင်တာပဲဖြစ်ဖြစ်အတွက် Headphones လေးတွေက အဖော်မွန်ပါပဲ။ နောက်ပိုင်း Headphones တွေမှာဆိုရင် Noise Cancellation System တွေလည်း ကောင်းမွန်နေပြီမို့ ပြင်ပဆူညံသံတွေလည်း မကြားရဘဲ အေးဆေးသီချင်းနားထောင်ပြီး လိုက်ပါသွားရုံပါပဲနော်။

8️⃣ Sunscreen
Skincare အစုံတော့ ပါပါရဲ့၊ Sunscreen မပါဘူးဆိုလည်း မဖြစ်သေးဘူးပေါ့။ ဒီအတွက် Sunscreen လေး ဆောင်သွားဖို့ လိုပါတယ်။ ခရီးသွားလာရင်း မထင်မှတ်ဘဲ ကမ်းခြေပဲရောက်ရောက်၊ ဘယ်ပဲသွားသွား နေလောင်ဒဏ်ကို ကာကွယ်ပြီးသား ဖြစ်တာပေါ့။

အခုပြောပြပေးသွားတဲ့ Items လေးတွေကို ခရီးဆောင်သေတ္တာထဲ မပါမဖြစ်ယူဆောင်သွားပြီး ပိတ်ရက်မှာ အပန်းဖြေခရီးကို ချောချောမွေ့မွေ့ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်နော်။ 😉🌁

လေကြောင်းခရီးစဉ်တွေအတွက်တင်မကဘဲ ဟိုတယ်ဘိုကင်နဲ့ အခြားလည်ပတ်စရာနေရာတွေအတွက် လက်မှတ်ကြိုတင်ဝယ်ယူချင်ရင်တော့ M.H.S Travels & Tours မှာ One stop service ရယူနိုင်ပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

ပထမဆုံး နိုင်ငံခြားခရီးသွားမယ်ဆိုရင်… ✈️ ခရီးထွက်ရတာ သဘောမကျတဲ့သူကတော့ မရှိသလောက်ပါပဲနော်။ နေရာဒေသတွေပေါ်လိုက်ပြီး မတူညီ...
20/12/2022

ပထမဆုံး နိုင်ငံခြားခရီးသွားမယ်ဆိုရင်… ✈️

ခရီးထွက်ရတာ သဘောမကျတဲ့သူကတော့ မရှိသလောက်ပါပဲနော်။ နေရာဒေသတွေပေါ်လိုက်ပြီး မတူညီတဲ့ဓလေ့၊ အစားအသောက်၊ ဒေသခံတွေ… စတဲ့အရာအားလုံးက စိတ်အပန်းပြေစေသလို မတူညီတဲ့ခံစားမှုတွေကိုလည်း ပေးနိုင်ပါသေးတယ်။ 🥰🥳🤩

ပြည်တွင်းခရီးသွားမယ်ဆိုရင်တော့ ဘာသာစကား အခက်အခဲတွေ နည်းပါးတာကြောင့် ကိစ္စမရှိပေမယ့် နိုင်ငံခြားခရီးစဉ်ဆိုရင်တော့ တစ်မျိုး ဖြစ်သွားပါပြီ။ ဒါဆို ပထမဆုံး နိုင်ငံခြားအလည်အပတ်ခရီးစဉ်အတွက် ဘာတွေသိထားရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ 🧳

1️⃣ Passport အသင့်ပြင်ထားပါ။
ဘယ်တော့မှ နိုင်ငံခြားခရီးသွားဖြစ်မယ်ဆိုတာ မသေချာပေမယ့်လည်း ပထမဆုံး ခရီးသွားတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ် တွေးပူရတာမျိုး မဖြစ်လေအောင် အရေးကြီးဆုံးဖြစ်တဲ့ Passport ကို အသင့်ပြင်ဆင်ထားသင့်ပါတယ်။ သွားမယ်သေချာမှ Passport လုပ်မယ်ဆိုရင် အချိန်တွေစောင့်ရတာ၊ လိုအပ်တဲ့ စာရွက်စာတမ်းပြင်ဆင်ရတာတွေနဲ့ အခြားကိစ္စတွေအတွက် သိပ်အာရုံမစိုက်နိုင်ဘဲ ဗျာများနေရပါလိမ့်မယ်။ လေယာဉ်လက်မှတ်ဝယ်တာ၊ ဟိုတယ်ဘိုကင်တင်တာတွေအထိ Passport က လိုအပ်တာမို့ သွားခါနီးမှ Passport လုပ်မယ်ဆိုတဲ့အတွေးကို ဖျောက်ပြီး ကြိုပြင်ဆင်ထားပါရှင့်။ ✨

2️⃣ ဘယ်နိုင်ငံကို အလည်အပတ်ထွက်လို့လဲဆိုတာ ဆုံးဖြတ်ပါ။
ပထမဆုံး ခရီးသွားမယ်ဆို ဆုံးဖြတ်ရမှာကတော့ ဘယ်နိုင်ငံကိုသွားရောက်လည်ပတ်လိုတယ်ဆိုတာပါပဲ။ သွားချင်တဲ့နိုင်ငံကို ဆုံးဖြတ်ပြီးမှ သက်ဆိုင်ရာ လေယာဉ်လက်မှတ်၊ ဟိုတယ်၊ လည်ပတ်စရာနေရာ စတာတွေကို စုံစမ်းရတာ လွယ်ကူမှာဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ဖို့အတွက် စဉ်းစားရမယ့်အချက်တွေကတော့-
🌎 ကိုယ့်နိုင်ငံနဲ့ နီးရာကို သွားရောက်လည်ပတ်ချင်လား၊ ဝေးရာကို သွားရောက်လည်ပတ်ချင်လား
🗣️ ဘာသာစကားအခက်အခဲ ရှိနိုင်လား
🏞️ ဘယ်လိုအတွေ့အကြုံမျိုး ရရှိနိုင်ဖို့ မျှော်လင့်ထားသလဲ
⛩️ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ ထုံးတမ်းဓလေ့စတာတွေနဲ့ ဘယ်လောက်ကွဲပြားတဲ့ အတွေ့အကြုံမျိုးကို ရရှိလိုသလဲ
ဒီ ၄ ချက်ကို အဓိကထားစဉ်းစားပြီး ဆုံးဖြတ်သင့်ပါတယ်နော်။ 😉😎

3️⃣ Visa လိုအပ်သလားဆိုတာ စုံစမ်းပါ။
Visa ဆိုတာ သွားရောက်လည်ပတ်မယ့်နိုင်ငံတစ်ခုရဲ့ သတ်မှတ်ရက်အတွင်း လာရောက်လည်ပတ်ခွင့်ပေးတဲ့ အသိအမှတ်ပြုစာရွက်စာတမ်းပါ။ တစ်နည်းပြောရရင်တော့ ခရီးသွားလာခွင့်စာရွက်ပေါ့။ မိမိသွားရောက်လည်ပတ်လိုတဲ့ နိုင်ငံက Visa လိုအပ်ရင်တော့ Visa လျှောက်ဖို့အတွက် စာရွက်စာတမ်းအစုံအလင်ပြင်ဆင်ပြီး သက်ဆိုင်ရာသံရုံးမှာ သွားရောက်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
🇲🇲 လောလောဆယ်မှာတော့ မြန်မာနိုင်ငံ Passport နဲ့ Visa မလိုဘဲ နိုင်ငံပေါင်း ၂၂ နိုင်ငံကို သွားရောက်လည်ပတ်နိုင်ပါတယ်။ 🇲🇲

4️⃣ မတူညီတဲ့ ငွေကြေးအတွက် ကြိုတင်လဲလှယ်ပြင်ဆင်ပါ။
နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ သုံးစွဲတဲ့ ငွေကြေးစံနှုန်းမတူညီတာကြောင့် သက်ဆိုင်ရာငွေကြေးကို လဲလှယ်ထားဖို့ လိုအပ်ပါတယ်။ 💵 ငွေသားလဲလှယ်သွားတာမျိုး မလုပ်ချင်ရင်တော့ အခြားနိုင်ငံမှာပါ သုံးစွဲနိုင်မယ့် Visa Card, Master Card စတာတွေကို ဘဏ်မှာပြုလုပ်ပြီး ငွေအလုံအလောက်ထည့်သွားပြီး သုံးစွဲနိုင်ပါတယ်။ ငွေသား လဲလှယ်တာကတော့ Card သုံးစွဲသလို Charges ဘာညာမပေးရတဲ့အတွက် အများစုကတော့ Exchange လုပ်သွားလေ့ရှိပါတယ်။ 💸💸

5️⃣ ကြိုတင်ဘိုကင်တင်သွားပါ။
အခုဆိုရင် Covid ကပ်ရောဂါလည်း လျော့နည်းလာပြီဆိုတော့ ခရီးသွားရောက်မှု ပြန်လည်မြင့်တက်လာပြီဖြစ်ပါတယ်။ ဒီအတွက် အချို့ရက်တွေမှာ လေယာဉ်လက်မှတ်၊ ဟိုတယ် စတာတွေက လူပြည့်နေလို့ ရက်မရတာမျိုး ဖြစ်နိုင်တာကြောင့် ခရီးသွားဖို့သေချာပြီဆို ရက်သတ်မှတ်ပြီး လေယာဉ်လက်မှတ်ကြိုတင်ဝယ်ယူတာ၊ ကိုယ်တည်းချင်တဲ့ ဟိုတယ်ကို ကြိုတင်ဘိုကင်တင်တာမျိုး လုပ်သွားသင့်ပါတယ်။ ဒါဆို အနီးကပ်မှ ရက်မရမှာမျိုးအတွက် မပူရတော့ဘူးပေါ့။ 💁🏻‍♀️

6️⃣ မိမိပစ္စည်းတွေကို သေချာထိန်းသိမ်းပါ။
ဘယ်နိုင်ငံမှာမဆို လုံခြုံစိတ်ချရဖို့ဆိုတာ ကိုယ်တိုင်သတိထားကာကွယ်ဖို့လည်း လိုပါတယ်။ ခါးပိုက်နှိုက်တွေ၊ လူလိမ်တွေနဲ့ မကြုံရစေဖို့ဆိုရင် အယုံမလွယ်ဘဲ သေချာကိုယ့်ပစ္စည်းတွေကို ထိန်းသိမ်းသယ်ယူဖို့က အရေးကြီးဆုံးထဲက တစ်ခုပါပဲ။ ကျောပိုးအိတ်မျိုးထက် ခန္ဓာကိုယ်နဲ့ကပ်နေမယ့် Crossbody အိတ်တွေ၊ ခါးလွယ်လို့ရတဲ့ F***y Pack အိတ်လေးတွေ သယ်ဆောင်တာမျိုးက ပိုကောင်းပါတယ်။

အခုဆိုရင်တော့ ဒီအဓိကအချက်လေးတွေကိုဖတ်ပြီး ပထမဆုံးနိုင်ငံခြားခရီးစဉ်အတွက် ချောချောမွေ့မွေ့ပြင်ဆင်နိုငိကြမယ်လို့ မျှော်လင့်ပါတယ်ရှင့်။ လေကြောင်းခရီးစဉ်တွေအတွက်တင်မကဘဲ ဟိုတယ်ဘိုကင်နဲ့ အခြားလည်ပတ်စရာနေရာတွေအတွက် လက်မှတ်ကြိုတင်ဝယ်ယူချင်ရင်တော့ M.H.S Travels & Tours မှာ One stop service ရယူနိုင်ပါတယ်ရှင့်။

အသေးစိတ်သိရှိလိုပါက Viber နံပါတ် +959765384700 သို့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

M.H.S Travels & Tours Co., Ltd
📍အမှတ် ၁၁၂၊ မြေညီထပ်၊ ၃၉ လမ်း (မဟာဗန္ဓုလနှင့် ကုန်သည်ကြား)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်မြို့။
☎️ 01-8384700, 01-8386371, 01-8385428, 01-8384707, 09-765384700

Address

No. 112, Ground Floor, 39th Street, Kyauktada Township
Yangon

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 16:00

Telephone

+9518384700

Website

Alerts

Be the first to know and let us send you an email when M.H.S Travels & Tours posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to M.H.S Travels & Tours:

Shortcuts

Share

Category