21/02/2025
သင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မတိုင်မီတွင် မှတ်ပုံတင်မှုအသစ်အတွက် လျှောက်လွှာတင်ခဲ့ပါသလား။
သင်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မတိုင်မီမှတ်ပုံတင်မှုအသစ် လျှောက်လွှာတင် မှု ပြုလုပ်ပြီး, ချိန်းဆိုချက် (Appointment) မရသေးပါက, တနင်္လာနေ့၊ အင်္ဂါနေ့၊ ဗုဒ္ဓဟူးနေ့၊ ကြာသပတေးနေ့နှင့် သောကြာနေ့တွင် နေ့လည် ၂ နာရီမှ ၄ နာရီအတွင်း 017-6143810 သို့ ဖုန်းခေါ်ပါ။
ဖုန်းခေါ်ရန်မပြုမီ Refugee Malaysia ဝဘ်စာမျက်နှာမှ အပ်လီကေးရှင်းအထောက်အထား (application reference number) ကို ပြင်ဆင်ထားပါ။
ဖုန်းကို အင်္ဂလိပ် (English) သို့မဟုတ် မလေး (Malay) စကားပြောသူကသာ ဖြေကြားမည်ဖြစ်သည်။ သင်သည် အဆိုပါဘာသာစကားများမပြောနိုင်ပါက, ဆက်သွယ်ရာတွင် ကူညီပေးနိုင်သူတစ်ဦးရှိရန် လိုအပ်ပါသည်။
ဤဖုန်းလိုင်းသည် မှတ်ပုံတင်ချိန်းဆိုချက်များအတွက်သာ ဖြစ်သည်။ သို့ဖြစ်၍ အခြားသူများလည်း ဝန်ဆောင်မှုရနိုင်ရန် အခြားအကြောင်းများဖြင့် ဖုန်းမခေါ်ပါနှင့်။
သင့်အနေဖြင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နောက်ပိုင်းမှတ်ပုံတင်ထားသူ ဖြစ်လျှင် သို့မဟုတ် Refugee Malaysia ဝဘ်စာမျက်နှာမှ အပ်လီကေးရှင်းနံပါတ် မရှိပါက, ဤဖုန်းလိုင်းမှ ချိန်းဆိုချက်ရယူ၍မရပါ။
UNHCR မှတ်ပုံတင်မှုနှင့်ပတ်သက်သော အထွေထွေသတင်းအချက်အလက်များအတွက် Registering with UNHCR - Refugee Malaysia တွင် ကြည့်ရှုနိုင်ပါသည်။
ဖုန်းခေါ်ရန် သတ်မှတ်ချိန်အပြင် အချိန်များတွင် ဖုန်းမခေါ်ပေးရန် တောင်ဆိုခြင်ပါသည်။
crd