Mai Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mai, Jalan, Kuala Lumpur.

Iced Vietnamese White Coffee Egg creamIced Vietnamese White Coffee Egg creamသည်ဟနွိုင်းမြို့၏ နာမည်ကျော် ကြက်ဥကော်ဖီ (cà...
14/01/2026

Iced Vietnamese White Coffee Egg cream

Iced Vietnamese White Coffee Egg creamသည်ဟနွိုင်းမြို့၏ နာမည်ကျော် ကြက်ဥကော်ဖီ (cà phê trứng) ၏ အေးမြပြီး ပိုမိုနူးညံ့သော မျိုးကွဲတစ်ခုဖြစ်သည်။

အဓိက ပါဝင်ပစ္စည်းများ

1. ကြက်ဥအနှစ် (သို့) အလုံးစုံ - အမြှုပ်ထစေရန်
2. စိမ်းနေသောနို့ဆီ (sữa đặc) - ချိုမြိမှုအတွက်
3. အဖြူရောင်ကော်ဖီ - ပုံမှန်ဗီယက်နမ်ကော်ဖီထက် ပိုနူးညံ့သော အာရေဗီကာ သို့မဟုတ် ပေါ့ပါးသော ရို့စ်တာ
4. ခရင်မ် (သို့) အချိုပွဲနို့ - နူးညံ့ပျော့ပျောင်းမှုအတွက်
5. ရေခဲများ

ပြုလုပ်နည်း (အဆင့်ဆင့်)

1. ကြက်ဥအနှစ်၊ နို့ဆီ၊ ခရင်မ် (ရွေးချယ်စရာ) နှင့် သကြားအနည်းငယ်ကို ခေါက်ဆုံဖြင့် အမြှုပ်ထသည်အထိ (၅-၇ မိနစ်) ခေါက်ပါ။
2. အားပြင်းသော ဗီယက်နမ်ကော်ဖီတစ်ခွက်ကို ဖျော်ပါ။
3. ဖန်ခွက် (သို့) ဖန်ခွက်ကြီးထဲသို့ ရေခဲထည့်ပါ။
4. နို့ဆီ အနည်းငယ်ကို ရေခဲပေါ်သို့ လောင်းထည့်ပါ။
5. ဖျော်ထားသောကော်ဖီကို နို့ဆီပေါ်သို့ လောင်းထည့်ပါ။
6. အပေါ်မှ ခေါက်ထားသော ကြက်ဥခရင်မ် ကို ဇွန်းဖြင့်ထည့်၍ ဖြည်းဖြည်းချင်းသောက်ပါ။

အရသာနှင့် အတွေ့အကြုံ

· အပေါ်ဆုံးလွှာ - အေးမြပြီး ချိုမြိန်သော အမြှုပ်ထူထူ
· အလယ်လွှာ - နို့ဆီနှင့် ကော်ဖီရောစပ်မှု
· အောက်ခြေလွှာ - ပြင်းထန်သော ကော်ဖီ
· စုစပ် - တီရမ်စူ၊ ကွတ်ကီးခရင်မ် နှင့် ရေခဲကော်ဖီ အားလုံး တစ်ခွက်တည်းတွင် ရောစပ်ထားသကဲ့သို့

သောက်သုံးရန်အကြံ

· ဇွန်းနှင့် သောက်ပါ - အလွှာအရသာအားလုံးကို တစ်ပြိုင်နက်ခံစားနိုင်ရန်
· မလှုပ်ပါနှင့် - အလွှာတစ်ခုစီ၏ ထူးခြားသောအရသာကို ခံစားရန်
· နေပူပြင်းသော နေ့များ အတွက် အကောင်းဆုံးဖြစ်သည်

ဘယ်မှာရနိုင်မလဲ

· ဟနွိုင်းမြို့ရှိ ရိုးရာကဖေးများ (Café Giảng, Café Dinh)
· ခေတ်ပေါ်ကော်ဖီဆိုင်များ - အများအားဖြင့် "Iced White Egg Coffee" သို့မဟုတ် "Cà Phê Trứng Kem Đá" အဖြစ် မှာယူနိုင်သည် ဤသောက်စရာသည် ဗီယက်နမ်၏ ကြက်ဥကော်ဖီရိုးရာနှင့် ခေတ်ပေါ်ရေခဲကော်ဖီယဉ်ကျေးမှုကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး၊ ပူပြင်းသောနေ့များအတွက် ပြည့်ဝချိုမြိသော အရသာရှိသော ရွေးချယ်မှုတစ်ခုဖြစ်သည်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်  ရှေးဟောင်း Hoi An မြို့သို့Hoi An မြို့ကို ဓာတ်ပုံထဲမှာ မြင်ကတည်းက ရောက်ဖူးချင်နေတာ၊ ဗီယက်နမ်က...
12/01/2026

ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှေးဟောင်း Hoi An မြို့သို့

Hoi An မြို့ကို ဓာတ်ပုံထဲမှာ မြင်ကတည်းက ရောက်ဖူးချင်နေတာ၊ ဗီယက်နမ်ကို အကြောင်းတစ်ခုကြောင့် လာရင်းရောက်ဖြစ်ခဲ့တယ်။
မြို့က ဓာတ်ပုံတွေထက် အပြင်မှာပိုလှတယ်၊ ရောက်ပြီးရင်မပြန်ချင်တော့ဘူး။
အလည်သွားဖြစ်ရင်တော့ ဓာတ်ပုံရိုက်ပေးမယ့်သူတစ်ယောက်တော့ ခေါ်သွားပါ

KL ရောက်တာ ကြာပေမယ့် ခုမှ မြို့ကို အပေါ်စီးကနေ တက်ကြည့်ဖူးတာလူမှားပေါင်းမိတော့ Bar ရောက်သွားတာပေါ့ 😅 La Min Ko Ko
29/01/2025

KL ရောက်တာ ကြာပေမယ့် ခုမှ မြို့ကို အပေါ်စီးကနေ တက်ကြည့်ဖူးတာ

လူမှားပေါင်းမိတော့ Bar ရောက်သွားတာပေါ့ 😅 La Min Ko Ko

အရင်က ဒီနေရာလေးက အရမ်းညစ်ပတ်ခဲ့တာခုတော့ သန့်ရှင်းရေးလုပ် ဆေးတွေသုတ်တော့ အရမ်းလှပြီး နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာနေရာ...
24/10/2024

အရင်က ဒီနေရာလေးက အရမ်းညစ်ပတ်ခဲ့တာ
ခုတော့ သန့်ရှင်းရေးလုပ် ဆေးတွေသုတ်တော့ အရမ်းလှပြီး နိုင်ငံခြားသားတွေအတွက် လည်ပတ်စရာနေရာတစ်ခုဖြစ်လာတယ်

မိန်းမရဲ သခင်မတောင်ကို အတွဲလာရင်ပြတ်တယ်ဆိုတာ လျှောက်ပြောတာပါတကယ်တော့ အတွဲတွေ ဒီနေရာရောက်ပြီးမှ အရင်ကထက်ပိုပြီးချစ်ကြတာ ၊...
24/10/2024

မိန်းမရဲ သခင်မတောင်ကို အတွဲလာရင်ပြတ်တယ်ဆိုတာ
လျှောက်ပြောတာပါ
တကယ်တော့ အတွဲတွေ ဒီနေရာရောက်ပြီးမှ အရင်ကထက်ပိုပြီးချစ်ကြတာ ၊၊

23/10/2024
လက်ဖက်ကောင်းစားချင်ရင် ပလောင်ကောင်လေးနဲ့ယူ
28/08/2024

လက်ဖက်ကောင်းစားချင်ရင် ပလောင်ကောင်လေးနဲ့ယူ

ကလောရောက်ရင် မနောလှတောင်ခြေမှာ ရှိတဲ့ အဖေ့ခြံကော်ဖီနှင့် ပျိုးဥယျာဥ်ကိုလည်း သွားလည်သင့်ပါတယ်ဝင်ကြေး ၁၀၀၀ နှင့် ဒီလိုအရမ်...
25/08/2024

ကလောရောက်ရင် မနောလှတောင်ခြေမှာ ရှိတဲ့ အဖေ့ခြံကော်ဖီနှင့် ပျိုးဥယျာဥ်ကိုလည်း သွားလည်သင့်ပါတယ်

ဝင်ကြေး ၁၀၀၀ နှင့် ဒီလိုအရမ်းလှတဲ့ မယ်ရီဂိုးပန်းခင်းကြီးနဲ့ရိုက်ရရင် တန်ပါပြီ

photo credit Ko Tin Soe Aumg

အခုတလော နာမည်ကြီးနေတဲ့ ပုပ္ပားတောင် အနီးက အညာမြေရဲ့ အိုအေစစ်ရွာလေးphoto credit Bagan Lover
21/08/2024

အခုတလော နာမည်ကြီးနေတဲ့ ပုပ္ပားတောင် အနီးက အညာမြေရဲ့ အိုအေစစ်ရွာလေး

photo credit Bagan Lover

🏞️ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာတစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ ရိုးရာနေအိမ်လေးတွေ🏠🏞️“...
20/08/2024

🏞️ဟိုပုံးမြို့နယ်၊ မဲနယ်တောင်တန်းဒေသ၊ ကျောက္ကချားရွာ

တစ်ရွာလုံးနီးပါး သစ်သားတွေနဲ့ပဲတည်ဆောက်ထားတဲ့ ရိုးရာနေအိမ်လေးတွေ🏠

🏞️“ကျောက္ကချား” လို့ ဆိုလိုက်တာနဲ့ နှစ်တစ်ကျော်သက်တမ်းရှိတဲ့ တိုင်တစ်ရာနမ်းဟုတ်ကျောင်း၊ ရှေးဟောင်းပအိုဝ်းရိုးရာအိမ်များ၊ လှပတဲ့မဲနယ်တောင်တန်း၊ လှပတဲ့ရှုခင်းတွေကြောင့် ခရီးသွား Vloger များ၊ ရုပ်ရှင်ရိုက်သူများ၊ ဓာတ်ပုံရိုက်သူများ၊ ပြည်တွင်းပြည်ပခရီးသွားများအကြိုက်တွေ့တဲ့ ကျေးရွာဖြစ်ပြီး မြန်မာသာမက ကမ္ဘာပေါ်ပါနာမည်ကျော်ကြားတဲ့ ကျေးရွာလို့ဆိုကြပါတယ်။

🏞️တောင်ကြီး-ဟိုပုံး-လွိုင်လင် ပြည်ထောင်လမ်းမအတိုင်း ဟိုပုံးအကျော် ထမ်ဆန်းဂူမရောက်ခင် ရွာသစ်ကျေးရွာအတွင်းရှိ အထူးဒေသ(၆)၊ မဲနယ်တောင်ဒေသ သို့ ဆိုသော ဆိုင်းဘုတ်အတိုင်း တောင်ဘက်ကတ္တရာလမ်းအတိုင်း ကွေ့တက်ရပါတယ်။

🏞️မဲနယ်တောင်ဒေသလမ်းအတိုင်း တက်ရင်း လမ်းပေါ်ရှိ လှပတဲ့ကျေးရွာများ(ထီလေန်၊ ထီဗွာ၊ စငေါ၊ နမ့်ဟူး၊ ယုတ်ပေး၊ လုဲင်းကင်၊ လုဲင်းကွဉ်၊ လုဲင်းပေး၊ ဗန်းစောက်၊ လုံးဟီ(စံဖူး)) စတဲ့ကျေးရွာများကို ကျော်လိုက်တာနဲ့ လှပတဲ့ ကျောက္ကချား ကျေးရွာနဲ့ နမ်းဟုတ်တိုင်တစ်ရာကျောင်းကို ရောက်ပါပြီ။

🏞️ကျောက္ကချားမရောက်ခင် လှပတဲ့လယ်ကွင်းဖြစ်တဲ့ စငေါလယ်ကွင်းကလည်း သိပ်လှပလွန်းပါတယ်။

🏞️ကျောက္ကချားကျေးရွာဆိုတာ အိမ်ခြေ (၇၀၀) ကျော်ရှိပြီး ပုံစံတူတဲ့ ရှေးဟောင်းအိမ်၊ နှစ်ဆောင်၊ သုံးဆောင်အိမ် (လမ်းကိုခေ့ꩻလမ်းဒေ့ꩻဆုံး) အများစုဖြစ်ကြပါတယ်။ ကတ္တရာလမ်းလမ်း ရွာထိပေါက်ပြီး အထက်တန်းကျောင်း၊ ဆေးပေးခန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ လျှပ်စစ်မီး အစုံအလင်ရှိပြီး ရှေးဟောင်းအိမ်အများစုဖြစ်ပေမယ့် ခေတ်မီပြီး သန့်ရှင်းသာယာတဲ့ စံပြကျေးရွာဖြစ်ပါတယ်။

🏞️တောတောင်ထူထပ်ပြီး သစ်ပင်ဖုံးလွှမ်းမှုများပြားတာကြောင့် ရေလည်း အိမ်ပေါ်ထိရောက်ပြီး နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ကျေးရွာအတွင်း ရေစီးရေလာတဲ့အထိ
ရေပေါများတဲ့ကျေးရွာဖြစ်ပါတယ်။

🏞️အဓိကစိုက်ပျိုးရေးကတော့ လယ်၊ သနပ်ဖက်၊ ပြောင်း၊ ကော်ဖီ၊ ထောပတ်၊ လက်ဖက်တွေအပြင် အခြားသီးနှံများလည်း စုံစုံလင်လင်စိုက်ပျိုး အမွေးကြပါတယ်။

🏞️ယခုအခါ ကျောက္ကချား ကျေးရွာရဲ့ အလှအပကို အပြည့်အဝခံစားနိုင်ဖို့ ဒေသခံများက View Point မျှော်စင်တစ်ခု တည်ဆောက်ပေးထားပါတယ်။

🏞️ကျောက္ကချား ကျေးရွာကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု အတွင်း တည်ရှိပါတယ်

ln lnfinity
ခွန်အောင်ႏလေမွေး (စန္တာႏခမ်း)

#ကျောက္ကချားရွာဟိုပုံး

Address

Jalan
Kuala Lumpur

Opening Hours

Monday 08:00 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 09:00 - 17:00

Telephone

09787774007

Website

Alerts

Be the first to know and let us send you an email when Mai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mai:

Share