Pyan Than Visa & Travel - ပျံသန်း

Pyan Than Visa & Travel - ပျံသန်း Your trusted partner for smooth visa processing, personalized travel planning, and expert advice. Explore Asia with ease. Start your journey with us today!

သံရုံးက Bank-Statement တောင်းလို့ Service လာအပ်တဲ့ ညီမလေးတစ်ယောက်ပါ။ တစ်ပတ်လောက်အကြာမှာ Visa က Approve ဖြစ်သွားပါပြီ။ Py...
02/05/2025

သံရုံးက Bank-Statement တောင်းလို့ Service လာအပ်တဲ့ ညီမလေး
တစ်ယောက်ပါ။ တစ်ပတ်လောက်အကြာမှာ Visa က Approve ဖြစ်သွားပါပြီ။

Pyan Than Visa & Travel - ပျံသန်း က ဘဏ်စာရွက်မှာ
၁။ ဘဏ်တံဆိပ်ခေါင်း
၂။ ဘဏ်မန်နေဂျာလက်မှတ်
၃။ ငွေအဝင်အထွက် နှင့် ရက်စွဲမှန်ကန်မှု
၄။ Bank-Certificate တို့ ပါဝင်တဲ့အတွက် သံရုံးတော်တော်များများအတွက်အဆင်ပြေပါတယ်။ ကျောင်းလျှောက်ချင်တဲ့သူတွေလဲ အသုံးပြုလို့ရပါတယ်။

မရတဲ့နေရာနဲ့နိုင်ငံ‌တွေဆိုရင်လဲ ကျွန်တော်တို့က ပွင့်ပွင့်လင်းလင်းပဲပြောပြီး ငြင်းပါတယ်။ Customer ရှိကရတဲ့ ငွေထက် မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့က အရေးကြီးဆုံးပါ။

Bank-Statement (သို့) ဘဏ်စာရွက်လိုအပ်လာတယ်ဆိုရင် Pyan Than Visa & Travel - ပျံသန်း ကို ဆက်သွယ်လိုက်ပါ။



𝐖𝐞 𝐫𝐞𝐜𝐞𝐧𝐭𝐥𝐲 𝐩𝐫𝐨𝐯𝐢𝐝𝐞𝐝 𝐚 𝐛𝐚𝐧𝐤 𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐭𝐨 𝐚 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫 𝐰𝐡𝐨 𝐮𝐫𝐠𝐞𝐧𝐭𝐥𝐲 𝐧𝐞𝐞𝐝𝐞𝐝 𝐨𝐧𝐞, 𝐚𝐬 𝐫𝐞𝐪𝐮𝐞𝐬𝐭𝐞𝐝 𝐛𝐲 𝐭𝐡𝐞 𝐞𝐦𝐛𝐚𝐬𝐬𝐲. 𝐉𝐮𝐬𝐭 𝐚 𝐰𝐞𝐞𝐤 𝐥𝐚𝐭𝐞𝐫, 𝐡𝐞𝐫 𝐯𝐢𝐬𝐚 𝐰𝐚𝐬 𝐚𝐩𝐩𝐫𝐨𝐯𝐞𝐝.

𝐎𝐮𝐫 𝐛𝐚𝐧𝐤 𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭𝐬 𝐢𝐧𝐜𝐥𝐮𝐝𝐞
1. 𝐎𝐟𝐟𝐢𝐜𝐢𝐚𝐥 𝐛𝐚𝐧𝐤 𝐥𝐞𝐭𝐭𝐞𝐫𝐡𝐞𝐚𝐝 𝐚𝐧𝐝 𝐬𝐭𝐚𝐦𝐩
2. 𝐁𝐚𝐧𝐤 𝐦𝐚𝐧𝐚𝐠𝐞𝐫’𝐬 𝐬𝐢𝐠𝐧𝐚𝐭𝐮𝐫𝐞
3. 𝐀𝐜𝐜𝐮𝐫𝐚𝐭𝐞 𝐭𝐫𝐚𝐧𝐬𝐚𝐜𝐭𝐢𝐨𝐧 𝐡𝐢𝐬𝐭𝐨𝐫𝐲 𝐰𝐢𝐭𝐡 𝐜𝐨𝐫𝐫𝐞𝐜𝐭 𝐝𝐚𝐭𝐞𝐬 𝐚𝐧𝐝 𝐚 𝐫𝐞𝐚𝐬𝐨𝐧𝐚𝐛𝐥𝐞 𝐚𝐦𝐨𝐮𝐧𝐭 𝐚𝐜𝐜𝐨𝐫𝐝𝐢𝐧𝐠 𝐭𝐨 𝐭𝐡𝐞 𝐜𝐮𝐬𝐭𝐨𝐦𝐞𝐫’𝐬 𝐨𝐜𝐜𝐮𝐩𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐧𝐞𝐞𝐝𝐬
4. 𝐀 𝐛𝐚𝐧𝐤 𝐜𝐞𝐫𝐭𝐢𝐟𝐢𝐜𝐚𝐭𝐞

𝐃𝐮𝐞 𝐭𝐨 𝐭𝐡𝐞𝐬𝐞 𝐟𝐞𝐚𝐭𝐮𝐫𝐞𝐬, 𝐨𝐮𝐫 𝐬𝐞𝐫𝐯𝐢𝐜𝐞 𝐢𝐬 𝐫𝐞𝐥𝐢𝐚𝐛𝐥𝐞 𝐚𝐧𝐝 𝐓𝐡𝐞 𝐛𝐚𝐧𝐤-𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭 𝐢𝐬 𝐚𝐜𝐜𝐞𝐩𝐭𝐞𝐝 𝐛𝐲 𝐦𝐚𝐧𝐲 𝐞𝐦𝐛𝐚𝐬𝐬𝐢𝐞𝐬. 𝐈𝐭’𝐬 𝐚𝐥𝐬𝐨 𝐬𝐮𝐢𝐭𝐚𝐛𝐥𝐞 𝐟𝐨𝐫 𝐬𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐚𝐩𝐩𝐥𝐲𝐢𝐧𝐠 𝐭𝐨 𝐬𝐜𝐡𝐨𝐨𝐥𝐬 𝐚𝐛𝐫𝐨𝐚𝐝.

𝐅𝐨𝐫 𝐯𝐢𝐬𝐚 𝐭𝐲𝐩𝐞𝐬 𝐨𝐫 𝐜𝐨𝐮𝐧𝐭𝐫𝐢𝐞𝐬 𝐰𝐞 𝐜𝐚𝐧𝐧𝐨𝐭 𝐬𝐮𝐩𝐩𝐨𝐫𝐭, 𝐰𝐞 𝐰𝐢𝐥𝐥 𝐢𝐧𝐟𝐨𝐫𝐦 𝐲𝐨𝐮 𝐡𝐨𝐧𝐞𝐬𝐭𝐥𝐲 𝐚𝐧𝐝 𝐜𝐥𝐞𝐚𝐫𝐥𝐲 𝐛𝐞𝐜𝐚𝐮𝐬𝐞 𝐰𝐞 𝐯𝐚𝐥𝐮𝐞 𝐭𝐫𝐚𝐧𝐬𝐩𝐚𝐫𝐞𝐧𝐜𝐲 𝐚𝐧𝐝 𝐢𝐧𝐭𝐞𝐠𝐫𝐢𝐭𝐲 𝐨𝐯𝐞𝐫 𝐦𝐨𝐧𝐞𝐲.

𝐈𝐟 𝐲𝐨𝐮 𝐞𝐯𝐞𝐫 𝐧𝐞𝐞𝐝 𝐚 𝐛𝐚𝐧𝐤 𝐬𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭, 𝐟𝐞𝐞𝐥 𝐟𝐫𝐞𝐞 𝐭𝐨 𝐜𝐨𝐧𝐭𝐚𝐜𝐭 Pyan Than Visa & Travel - ပျံသန်း, 𝐰𝐞'𝐫𝐞 𝐡𝐞𝐫𝐞 𝐭𝐨 𝐡𝐞𝐥𝐩.

𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐟𝐨𝐫 𝐭𝐫𝐮𝐬𝐭𝐢𝐧𝐠 𝐮𝐬.




တနင်္လာနေ့ညက လျှောက်တယ်, ဗုဒ္ဓဟူးနေ့ညနေမှာ Approve ဖြစ် Page က Active သိပ်မဖြစ်ပေမယ့် ဝန်ဆောင်မှုပေးတာတွေကတော့ ပုံမှန်အတ...
30/04/2025

တနင်္လာနေ့ညက လျှောက်တယ်, ဗုဒ္ဓဟူးနေ့ညနေမှာ Approve ဖြစ်

Page က Active သိပ်မဖြစ်ပေမယ့် ဝန်ဆောင်မှုပေးတာတွေကတော့ ပုံမှန်အတိုင်းပဲရှိပါတယ်။ Review တွေဘာတွေလည်း မတင်ဖြစ်တာပါ။ နောက်ပိုင်းတင်ပေးဖို့ ကြိုးစားသွားပါမယ်။

ကျွန်တော်တို့ Pyan Than Visa & Travel - ပျံသန်း မှာ -
𝟏. 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠
𝟐. 𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭𝐬
𝟑. 𝐁𝐚𝐧𝐤 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐯𝐢𝐬𝐚 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐃𝐓𝐕, 𝐔𝐒 𝐅𝟏 𝐕𝐢𝐬𝐚, 𝐞𝐭𝐜.)
𝟒. 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐞𝐕𝐢𝐬𝐚, 𝐚𝐧𝐝 𝐦𝐨𝐫𝐞)
𝟓. 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐢𝐧𝐜𝐥𝐮𝐝𝐢𝐧𝐠 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐬𝐮𝐩𝐩𝐨𝐫𝐭)
အစရှိတဲ့ ဝန်ဆောင်မှုတွေကို ရယူနိုင်ပါတယ်။
ဒါ့အပြင် သိလိုတာတွေလည်းမေးလို့ရပါတယ်။



𝐖𝐞 𝐚𝐩𝐩𝐥𝐢𝐞𝐝 𝐟𝐨𝐫 𝐭𝐡𝐞 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚 𝐚𝐭 𝐭𝐡𝐞 𝐓𝐡𝐚𝐢 𝐄𝐦𝐛𝐚𝐬𝐬𝐲 𝐢𝐧 𝐊𝐮𝐚𝐥𝐚 𝐋𝐮𝐦𝐩𝐮𝐫 𝐨𝐧 𝐌𝐨𝐧𝐝𝐚𝐲 𝐧𝐢𝐠𝐡𝐭, 𝐚𝐧𝐝 𝐢𝐭 𝐠𝐨𝐭 𝐚𝐩𝐩𝐫𝐨𝐯𝐞𝐝 𝐛𝐲 𝐖𝐞𝐝𝐧𝐞𝐬𝐝𝐚𝐲 𝐞𝐯𝐞𝐧𝐢𝐧𝐠.

𝐖𝐡𝐢𝐥𝐞 𝐭𝐡𝐢𝐬 𝐩𝐚𝐠𝐞 𝐦𝐚𝐲 𝐧𝐨𝐭 𝐛𝐞 𝐯𝐞𝐫𝐲 𝐚𝐜𝐭𝐢𝐯𝐞, 𝐨𝐮𝐫 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐚𝐫𝐞 𝐚𝐥𝐰𝐚𝐲𝐬 𝐚𝐯𝐚𝐢𝐥𝐚𝐛𝐥𝐞.

𝐅𝐫𝐨𝐦 Pyan Than Visa & Travel - ပျံသန်း, 𝐖𝐞 𝐨𝐟𝐟𝐞𝐫 𝐭𝐡𝐞 𝐟𝐨𝐥𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬,
𝟏. 𝐇𝐨𝐭𝐞𝐥 𝐁𝐨𝐨𝐤𝐢𝐧𝐠
𝟐. 𝐅𝐥𝐢𝐠𝐡𝐭 𝐓𝐢𝐜𝐤𝐞𝐭𝐬
𝟑. 𝐁𝐚𝐧𝐤 𝐒𝐭𝐚𝐭𝐞𝐦𝐞𝐧𝐭𝐬 𝐟𝐨𝐫 𝐯𝐢𝐬𝐚 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐃𝐓𝐕, 𝐔𝐒 𝐅𝟏 𝐕𝐢𝐬𝐚, 𝐞𝐭𝐜.)
𝟒. 𝐕𝐢𝐬𝐚 𝐒𝐞𝐫𝐯𝐢𝐜𝐞𝐬 (𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝 𝐞𝐕𝐢𝐬𝐚, 𝐌𝐚𝐥𝐚𝐲𝐬𝐢𝐚 𝐞𝐕𝐢𝐬𝐚, 𝐚𝐧𝐝 𝐦𝐨𝐫𝐞)
𝟓. 𝐒𝐜𝐡𝐨𝐨𝐥 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧𝐬 (𝐢𝐧𝐜𝐥𝐮𝐝𝐢𝐧𝐠 𝐜𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐬𝐮𝐩𝐩𝐨𝐫𝐭)

𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐮𝐬 𝐟𝐨𝐫 𝐚 𝐬𝐦𝐨𝐨𝐭𝐡𝐞𝐫 𝐚𝐧𝐝 𝐟𝐚𝐬𝐭𝐞𝐫 𝐞𝐱𝐩𝐞𝐫𝐢𝐞𝐧𝐜𝐞 𝐰𝐢𝐭𝐡 𝐲𝐨𝐮𝐫 𝐭𝐫𝐢𝐩 𝐨𝐫 𝐣𝐨𝐮𝐫𝐧𝐞𝐲.

𝐓𝐡𝐚𝐧𝐤 𝐲𝐨𝐮 𝐯𝐞𝐫𝐲 𝐦𝐮𝐜𝐡.



5 သိန်းကျပ်တည်းနဲ့ YGN မှ BKK အထိအပြီးအစီးဝန်ဆောင်မှု ရန်ကုန်ကနေ ဘန်ကောက်မြို့အရောက်ကို ကျွန်တော်တို့ Pyan Than Travel A...
13/01/2025

5 သိန်းကျပ်တည်းနဲ့ YGN မှ BKK အထိအပြီးအစီးဝန်ဆောင်မှု

ရန်ကုန်ကနေ ဘန်ကောက်မြို့အရောက်ကို ကျွန်တော်တို့ Pyan Than Travel And Visa ကနေ ဝန်ဆောင်မှုစတင်ပေးနေပါပြီ။ ဒါ့အပြင် တစ်ခုခုအဆင်မပြေခဲ့တာရှိလျှင် ဝန်ဆောင်မှုရဲ့ ပမာဏ 30% or 25% ကို ပြန်လွှဲပေးသွားမယ်ဆိုတော့ဘာပြောစရာလိုသေးလဲ?

ဝန်‌ဆောင်မှုထဲ ဘာတွေပါမလဲဆိုတော့
၁။ Flight Tickets
၂။ Hotel Booking အပြင်
အခြားလိုအပ်သည့်အချက်အလက်တွေပါ ပါဝင်မည်ဖြစ်ပါတယ်။

*** Package One (၅ သိန်းကျပ်) ***

- အသွားလက်မှတ် (အစစ်)
- အပြန်လက်မှတ် (For Show)
- Hotel Booking
- Other Documents

Package One ဝန်ဆောင်မှုယူထားတဲ့ လူကြီးမင်းများအနေနှင့် လေဆိပ် သို့မဟုတ် Immigration မှာ အဆင်မပြေဖြစ်လျှင် ပြန်အမ်းငွေ ဝန်ဆောင်မှုရဲ့ 30% ပြန်ရမည်ဖြစ်ပါတယ်။ ငွေကြေးအားဖြင့် 1 သိန်း ခွဲကျပ်ဖြစ်ပါတယ်။

*** Package Two (8 သိန်းကျပ်) ***

- အသွားလက်မှတ် (Real)
- အပြန်လက်မှတ် (Real)
- Hotel Booking
- Other Documents

Package Two ဝန်ဆောင်မှုယူထားတဲ့ လူကြီးမင်းများအနေနှင့် လေဆိပ် သို့မဟုတ် Immigration မှာ အဆင်မပြေဖြစ်လျှင် ပြန်အမ်းငွေ ဝန်ဆောင်မှုရဲ့ 25% ပြန်ရမည်ဖြစ်ပါတယ်။ ငွေကြေးအားဖြင့် 2 သိန်းကျပ်ဖြစ်ပါတယ်။

မြန်မာမှ ထိုင်းနိုင်ငံခရီးစဉ်ကို စျေးသက်သက်သာသာနဲ့ အဆင်ပြေပြေဖြစ်ချင်တဲ့ လူကြီးမင်းများအနေနှင့် ကျွန်တော်တို့ရဲ့ Pyan Than Travel And Visa မှာ ဝန်ဆောင်မှု ရယူနိုင်ပါတယ်။ အသေးစိတ်သိချင်လျှင် လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့၏ ခရီးစဉ်ကို အကောင်းဆုံးနဲ့ စျေးအသက်သာဆုံးဖြစ်ဖို့ ကျွန်တော်တို့ Pyan Than မှ အကောင်းဆုံးဝန်ဆောင်မှုပေးပါရစေ။






27/11/2024

ဘယ်နိုင်ငံလဲဆိုတာ ခန့်မှန်းပြီး
နိုင်ငံခြားသွားရင်လိုအပ်တဲ့ Hotel Booking ကို
Page Messenger မှာ အခမဲ့ ထုတ်ယူလိုက်ပါ 🥳

✅ကိုယ်က အလည်ပတ်ခရီးထွက်ချင်တယ်။ ဒါပေမဲ့ ခန့်မှန်းကုန်ကျစရိတ်ကိုလည်း သိချင်၊ တွက်ချက်ချင်သူများအတွက်လည်း ကျွန်တော်တို့ Pyan Than Visa & Travel - ပျံသန်း ကနေ အခမဲ့ ဆွေးနွေးပေးပါတယ်။

✅သားသားမီးမီးတို့ရဲ့ နိုင်ငံခြားပညာသင်လမ်းကြောင်းကိုလည်း Pyan Than Visa & Travel - ပျံသန်း နဲ့အတူတူ တိုင်ပင်ဆွေးနွေးနိုင်တဲ့အပြင်

✅Visa အတွက်လိုအပ်တဲ့ အသွားအပြန်လက်မှတ်အစစ်၊ အသွားအပြန်လက်မှတ် For Show အပြင် Bank Statement တို့ကိုလည်း စျေးနှုန်းသက်သက်သာသာနဲ့ Pyan Than Visa & Travel - ပျံသန်း မှာ ဝန်ဆောင်မှုရယူနိုင်ပါတယ်။

အမြင့်ဆုံးကို ပျံသန်းဖို့ ကျွန်တော်တို့ရဲ့ Pyan Than Visa & Travel - ပျံသန်း မှာ လာရောက်ဆွေးနွေးတိုင်ပင်လိုက်ပါ။










ပွဲစားမလို Thai Tr Visa လုပ်ချင်သူများသာဖတ်ရန်ဒီ Content ကတော့ မြန်မာနိုင်ငံကနေ Tr Visa လုပ်မယ့်သူများအတွက်အဓိကပြောသွားမ...
27/11/2024

ပွဲစားမလို Thai Tr Visa လုပ်ချင်သူများသာဖတ်ရန်

ဒီ Content ကတော့ မြန်မာနိုင်ငံကနေ Tr Visa လုပ်မယ့်သူများအတွက်အဓိကပြောသွားမှာဖြစ်ပါတယ်။

✅First Step - သိရှိပါ

ကိုယ့်မှာ လိုအပ်တဲ့ Document အပြည့်အစုံကို သိနေမှ Visa လုပ်ငန်းစဉ်က ရိုးရှင်းပြီး လွယ်ကူပါလိမ့်မယ်။
1. ခြောက်လအနည်းဆုံး သက်တမ်းကျန်သော Passport
2. အနည်းဆုံးသိန်းနှစ်ဆယ်လက်ကျန်ရှိသော Bank Statement နဲ့ ဘဏ်စာအုပ်
3. ပြည့်စုံစွာဖြည့်စွက်ထားသော Visa Application Form နဲ့ Background အဖြူရောင်ရှိသော Passport Size ဓာတ်ပုံနှစ်ပုံ
4. နှစ်ပတ်ခန့်ကွာဖို့လိုတဲ့ Round-trip Flight Tickets
5. နှစ်ပတ်ခန့်ကွာဖို့လိုတဲ့ Hotel Booking
6. Visa Fees

အသေးစိတ်သိရှိရန် အောက်ပါ Link ကနေလည်း ဖတ်ရှုနိုင်ပါတယ်။ https://yangon.thaiembassy.org/en/publicservice/33445-tourist-visa?page=636b8dd1bd89964efa299793&menu=5d9ee5ccb0f40905b305f052

✅Second Step - ယူပါ

လိုအပ်တဲ့ စာရွက်စာတမ်းကို သိရှိပြီးပြီဆိုရင် ပထမဦးစွာ Appointment ယူဖို့လိုအပ်မယ်။ စာရွက်စာတမ်းတွေ အရင်မပြင်ဆင်သေးပဲ ကြိုပြီး ရက်ချိန်း ယူထားသင့်တယ်။ ခဏနဲ့ လူပြည့်လွယ်လို့ပြီး ရဖို့ခက်ခဲတာမို့ ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ပါ။ မနက်ခင်းအစောပိုင်း ၆ နာရီလောက်မှာ Appointment ရက်ဖွင့်ပေးတတ်တာမို့ အဲ့အချိန်မှာစောင့်ကြည့်ပြီး အခွင့်အရေးကို အမိအရယူသင့်ပါတယ်။

Appointment ယူနည်းကို ကြည့်ရန် -
https://youtu.be/5N3Tw7LvX1Y?si=lWPqVQbrNViYzyye

Appointment ယူရန် Link - https://www.thaiconsularyangon.com/visa/

✅Third Step - ပြင်ဆင်ပါ

Appointment ရက်လည်းသိရှိပြီးပြီဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေကို စတင်ပြီး ပြင်ဆင်ဖို့လိုအပ်လာပါပြီ။

1. Round Trip Flight Tickets

လေယာဉ်အသွား၊ အပြန်လက်မှတ်ကို အသွားနဲ့ အပြန် ရက်ကွာခြားချက်အနည်းဆုံး ၁၄ ရက်ကွာရပါမယ်။ အကယ်၍ ကိုယ်က Flight Tickets ကို အဆုံးမခံချင်ဘူး။ ထွက်ဖို့ မရေရာ မသေချာသေးဘူးဆိုရင် Dummy Ticket ခေါ် For Show Ticket ကို သုံးသင့်တယ်။ အဲ့ဒါကို ကျွန်တော်ကိုယ်တိုင်စျေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးပါတယ်။

2. Hotel Booking

ဒီဟာလည်း လေယာဉ်လက်မှတ်လိုပါပဲ။ လေယာဉ်လက်မှတ်ရက်အတိုင်း Booking ယူထားတာကတော့ စိတ်အချရဆုံးနဲ့ အကောင်းဆုံးပါ။ အကယ်၍ Booking ယူရတာ အခက်ခဲဖြစ်တယ်ဆိုရင် Page Messenger မှာ လာရောက်အကူညီတောင်းလို့ရပါတယ်။ အခမဲ့ကူညီပေးမှာပါ။

3. Bank Statement & ဘဏ်စာအုပ်

အသက် ၁၈ နှစ်ပြည့်ပြီးသူအနေနဲ့ကတော့ နီးစပ်ရာ ဘဏ်မှာ ဘဏ်အကောင့်ဖွင့်ထားသင့်ပါတယ်။ နောက်ဆုံးလက်ကျန် သိန်း၂၀ ရှိဖို့လိုအပ်တာဖြစ်တဲ့အတွက် ဘယ်ချိန်ထည့်ထား ထည့်ထား အဆင်ပြေတယ်။ အကယ်၍ အသက် ၁၈နှစ်အောက်အတွက်ဆိုရင် မိဘရဲ့ Bank Statement နဲ့ အိမ်ထောင်စုဇယားပြပေးဖို့လိုအပ်တယ်။ ငွေထည့်ဖို့အဆင်မပြေရင်တော့ ကျွန်တော်ရှိမှာ Service ယူလို့ရပါတယ်။

4. Visa Application Form

ပထမဦးဆုံးအနေနဲ့ ဖောင်ကို အောက်ပါ Link ကနေတစ်ဆင့် Download လုပ်ဖို့လိုအပ်ပါတယ်။ https://yangon.thaiembassy.org/en/page/33448-application-form?menu=5d9ee68ba8758e236a493175

ပြီးရင်တော့ Print ထုတ်ပါ။

ထုတ်ပြီးရင် ဖြည့်ပုံဖြည့်နည်းကို ဒီမှာ ကြည့်ပါ။ https://www.youtube.com/watch?v=OaHuSfn-3So

ဖောင်လည်းဖြည့်ပြီးပြီဆိုရင် နောက်ခံအဖြူရောင်ရှိတဲ့ Passport ဆိုဒ်ပုံကို ကပ်ပေးပါ။

✅Final Step - သွားပါ

Appointment လည်း ယူပြီးပြီ အပေါ် ကစာရွက်စာတမ်းတွေလည်း ပြည့်စုံသွားပြီဆိုရင်တော့ သံရုံးကို သွားလို့ရပါပြီ။ Visa Fees တော့ ယူသွားဖို့ မမေ့နဲ့နော်။

Visa အတွက်ငွေချေပြီးပြီ ရက်ချိန်းစာရွက်လေးရရင်တော့ Visa လုပ်ငန်းစဉ် အောင်အောင်မြင်မြင်နဲ့ပြီးဆုံးသွားပါပြီ။ ထိုင်း TR Visa က လုပ်ရတာလွယ်ကူပြီး စရိတ်စက နည်းတာမလို့ ကိုယ့်ဘာသာလုပ်ဖို့ပဲ အားပေးတယ်။

✅အကယ်၍ သိချင်တာ၊ လိုအပ်တာ တစ်ခုခုရှိရင်တော့ အခကြေးငွေမယူပဲ ဆွေးနွေးတိုင်ပင်ပေးမှာမလို့ အမြင့်ဆုံးကို ပျံသန်းဖို့ ပျံသန်းကို လာခဲ့ဖို့ အားလုံးကို ဖိတ်ခေါ်လိုက်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ🙏









26/11/2024

ဗီဒီယိုထဲက လေဆိပ်ကို သိကြရဲ့လား💁‍♂️

သဲလွန်စပေးရမယ်ဆိုရင်တော့…

အမှတ်တရတွေအများကြီးနဲ့
ပြည့်နက်နေတဲ့လေဆိပ် ✈️
ခွဲခွါမှုတွေ စတင်ခဲ့တဲ့ လေဆိပ် ✈️
အမိမြေကိုစတင်ပြီးလွမ်းဆွတ်စေခဲ့တဲ့ လေဆိပ်✈️

ကျွန်တော်တို့ရဲ့ ခွဲခွါခြင်း အစတွေက
ဒီလေဆိပ်ကနေ စတင်ခဲ့တယ်။
အစပြုခဲ့ကြတယ်။

အဲ့ဒီလေဆိပ်လေးရဲ့ နာမည်က…
သိတဲ့သူလေးတွေဖြေပေးသွားကြပါဦးဗျ🙏

အကယ်၍
✅ Visa အတွက် အသွားအပြန်လက်မှတ် For Show
✅ Bank Statement
✅ ခရီးသွားအကြံအဉာဏ်
✅ နိုင်ငံခြားပညာရေးလမ်းကြောင်းအတွက်

အကြံဉာဏ်၊ လိုအပ်တာတစ်ခုခု ရှိလာရင်တော့
အမြင့်ဆုံးကို ပျံသန်းမယ့်
ကျွန်တော်တို့ရဲ့ Pyan Than Visa & Travel - ပျံသန်း ကို ချက်ချင်းဆက်သွယ်လိုက်ပါ💁‍♂️








Address

Raffles Park

Telephone

+6595557977

Website

Alerts

Be the first to know and let us send you an email when Pyan Than Visa & Travel - ပျံသန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pyan Than Visa & Travel - ပျံသန်း:

Share