19/06/2026
🏎️German Driving License ကို အချိန်တိုအတွင်း ဘယ်လို ရယူကြမလဲ?
လက်ရှိ International Driving license ကိုင်ဆောင်ထားတယ်ဆိုရင် 6လ အထိ အသုံးပြုလို့ရပါတယ်။ 6လ ကျော်ရင်တော့ German Driving License ရှိဖို့လိုအပ်ပါတယ်။
အမြန်ဆုံးကတော့ Germany မှာ Driver's License အစအဆုံးပြန်ဖြေတာထက် လက်ရှိကိုင်ဆောင်ထားတဲ့ License ကို German License convert လုပ်နိုင်ရင် အကောင်းဆုံးပါ။
အောက်ပါ ၁၁ နိုင်ငံက Driving license တွေဆိုရင်တော့ convert လုပ်ပေးပါတယ်။ အစအဆုံးပြန်ဖြေစရာ မလိုပါဘူး။
Andorra, Australia, Bosnia and Herzegovina, French Polynesia, Guernsey, Isle of Man, Israel, Japan, Jersey, Canada, Republic of North Macedonia (formerly Republic of Macedonia), Monaco, Namibia, New Caledonia, New Zealand, Republic of Korea (South Korea), San Marino, Switzerland, Serbia, Singapore, South Africa, Taiwan, USA
လိုအပ်တဲ့ documents တွေကတော့
Driving License translation - Germany မှာပဲ translate လုပ်ရမှာပါ။
Singapore မှာ တခါတည်း translate လုပ်လာတာ လက်မခံပါဘူး။ ၂ခါကုန်ဖြစ်သွားပါတယ်။
Singapore မှာ SGD250 ကုန်ပြီး Germany မှာ Euro 65 translation အတွက်ထပ် ပေးရပါတယ်။
License Fees ကတော့ Euro 60 ထပ်ပေးရပါတယ်။
အားလုံးပဲ Driving License အမြန်ရကြပါ ေစ🙏။