31/12/2023
✈️လေယာဉ်စီးရင် သိထားသင့်တဲ့ ခေါင်းပေါ်ကခလုတ်လေးတွေ 🔔
…………………………
🔺လေယာဉ်စီးရင် ခေါင်းပေါ်မှာ ခလုတ်လေးတွေကို သတိထားမိမှာပေါ့။ အဲ့တာလေးတွေက..
📌ခါးပတ်အချက်ပြမီး ကတော့ လူတိုင်း သတိထားမိပါတယ်။
📌လူသိပ်မသိတာက လေယာဉ်မောင်မယ်ကို ခေါ်တဲ့ ဘဲလ်လေး- ပုံမှာမြှားပြထားတာလေး။ အရင်က မသိတော့လေ၊ တစ်ခုခုတောင်းချင်တာရှိရင် ဘေးက ဖြတ်သွားတာစောင့်ပြီး တောင်းခဲ့ရတာ 😅။
📌နောက်တစ်ခုက အဲကွန်း- 🥶 အဲကွန်းက ဖွင့်ချင် ပိတ်ချင် လှည့်ရတယ်။ အဲ့ ဘုလုံးထိပ်လေးကို။ ၃ ယောက်ခုံဆိုရင် တယောက်စီဖက် လှည့်ထားတဲ့ ၃ ခု။ ကိုယ်က အအေး မကြိုက်ရင် ကိုယ့်ဖက်က အဲကွန်းတစ်ခုကို ပိတ်ထားတော့ သက်သာတာပေါ့။
📌စာဖတ််မီးကတော့ ညဖက်စာဖတ်ချင်ရင် ကိုယ့်ဖက်က ခလုတ်ဖွင့်ရုံ။ သူများလဲ အနှောင့်ယှက် မဖြစ်တော့ဘူးပေါ့။ 🤓
✈️ပျော်ရွှင်ဖွယ်ရာခရီးစဉ်ဖြစ်ပါစေ✈️
Credit