
16/01/2025
Cherry Blossom အချိန်ရောက်ပြီဆိုတော့ မနှစ်က သွားခဲ့တဲ့ Cherry Viewing point လေးတွေ ပြန်ပြီးမျှဝေပေးချင်ပါတယ်ရှင်❤️
Japan မှာ cherry က march လ နောက်ဆုံးတပါတ်နဲ့ April ရှေ့၂ပါတ်က ပွင့်နေကြအချိန်လေးတွေမို့ ကိုယ်တွေက မနှစ်က လေယာဉ်လက်မှတ်ကို mar 29 ဝယ်ထားတာ ကိုယ်ရောက်တဲ့ အချိန်နဲ့ ပန်းပွင့်တဲ့ အချိန်က အံကိုက်ဖြစ်သွားပြီး တနိုင်ငံလုံး လျှောက်သွားခဲ့သမျှ ပန်းတွေအဖွေးသားနဲ့ လက်ညိုးထိုးမလွှဲ ကြည့်ခဲ့ရတာဟာ Japan ခရီးစဉ်လေးရဲ့ တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံလေးပါပဲ
စစချင်း ၂၉ mar မှာ Osaka ကိုရောက်တော့ Osaka ရဲတိုက်ကို အရင်သွားတာ ပန်းတွေက သိပ်မပွင့်သေးတော့ ကိုယ်ရောက်ချိန် မပွင့်သေးဘူးထင်ပီး စိတိမကောင်ဖြစ်ရသေးတယ်😃
နောက်ရက် Nara သွားတော့ လမ်းမှာပန်းတွေပွင့်နေတာမြင်တော့ ဝမ်းသာအားရနဲ့ ဆင်းပြီး ဓာတ်ပုံရိုက်ရတာအမော၊ နောက်ပိုင်းရက်တွေ Kyoto ရောက်ချိန်မှာ ၈၀ % က ပန်းတွေပွင့်ပြီး ဘယ်နေရာ လက်ညိုးထိုးထိုးပန်းတွေကိုမြင်ရတာ အရမ်းကြည်နူးခဲ့ရတယ်❤️
အဲ့ကနေ ခရီးဆက်ရင်း Nagano , Tokyo ဘက်လဲရောက်ရော လမ်းတလျှော မြင်မြင်သမျှ ပန်းတွေနဲ့ ဓာတ်ပုံတောင် ဆင်းမရိုက်နိုင်တော့လောက်အောင်ကို Tokyo တမြို့လုံးက ပန်းတွေ အပြည့်ဖုံးနေတာ😍
ပန်းတွေက Japan တောင်ပိုင်းကနေ မြောက်ပိုင်းဘက် တဖြည်းဖြည်းပွင့်တာ ကိုယ်တွေကလဲ တောင်ကနေ မြောက်ဘက် တက်သွားတာဆိုတော့ သွားရတိုင်းပန်းတွေအပြည်ြဖြစ်နေတာပေါ့😃
ကိုယ်တွေက Temple လည်ကြည့်ရတာပိုသဘောကြသူမို့ ပန်းကြည့်ဖို့နဲ့ Temple တွေသွားဖို့ အကောင်းဆုံးနေရာဖြစ်ပြီး Cherry blossom view map လေးကိုတော့ နောက်ဆုံးမှာ ထည့်ပေးထားပါတယ်ရှင်😍
ကိုယ်အကြိုက်ဆုံးနေရာတွေကတော့ Kyoto မှာ Philosopher's Path, Kaege Incline, Kumakura မှာ Tsurugaoka Hachimangu ရှေ့က လမ်းတလျှောက်၊ Fujiyoshiya မှာ Chureito Pagoda , Yamanashi မှာOishi park နေရာတွေကတော့ cherry ပန်းကြည့်ချင်သူတွေရောက်အောင်သွားသင့်တဲ့နေရာတွေပါလို့
Tokyo ကတော့ တမြို့လုံးနီးပါးပန်းပင်တွေနဲ့လှနေတာမို့ အထူးတလည်ပြောစရာမရှိပါဘူးရှင်❤️
ကိုယ့်လို Cherry ပန်း crazy လေးတွေ ၂၀၂၅ အတွက် cherry ကြည့်ဖို့ ပြင်ဆင်ဖို့အတွက် ဒီပိုစ့်လေးနဲ့ မျှဝေပေးပါတယ်ရှင်❤️