ကိုမိုင်း ထိုင်းခရီးသွားဝန်ဆောင်မှု

ကိုမိုင်း ထိုင်းခရီးသွားဝန်ဆောင်မှု Visa, Flight Ticket, Hotel Booking, Car Rental, Cargo & General Services.

ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အတွက်အမျိုးသား တွေကို အသက် ၁၈မှ ၃၅ အထိ ကန့်သတ်လိုက်ပြီး စာချုပ်ချုပ်ထားသူများကိုပါ OWIC ကတ်ရိ...
30/01/2025

ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်အတွက်အမျိုးသား တွေကို အသက် ၁၈မှ ၃၅ အထိ ကန့်သတ်လိုက်ပြီး စာချုပ်ချုပ်ထားသူများကိုပါ OWIC ကတ်ရိုက်မပေးဘဲ ပြန်လွှတ်

ဇန်နဝါရီ ၃၀၊ ၂၀၂၅

ပြည်ပ နိုင်ငံ ကို တရားဝင် အလုပ်သွားလုပ်မယ့် အမျိုးသား တွေ ကို အသက် ၁၈ ကနေ ၃၅နှစ် အထိ သွားခွင့်မပေးဘဲ ကန့်သတ် လိုက်ကာ ယခင်စာချုပ် ချုပ်ပြီးသူတွေ ကိုပါ OWIC ကတ် ရိုက်ခွင့်မပြုဘဲ ပြန်လွှတ်တယ်လို့ လိုင်စင်ရ အေဂျင်စီ တွေ ထံ မှ သိရပါတယ်။

ယခင်က အမျိုးသားတွေ ကို အသက်၂၃နှစ်မှ ၃၁နှစ်အထိ ကန့်သက်ခဲ့ပြီး ယခု အသက် ၁၈ ကနေ ၃၅နှစ်အထိ အသက်ကန့်သတ်ချက်တိုးတာ ကို စာဖြင့် အေဂျင်စီ တွေ ကိုအကြောင်းကြားတာမျိူး မရှိဘဲ ဇန်နဝါရီ ၃၀ရက် မှ မြောက်ဒဂုံ ပင်လုံ ခန်းမမှာ စာချုပ်ချုပ်မယ့်သူတွေနဲ့ OWIC ကတ်ရိုက်မယ့်သူ တွေ ကို ပြန်လွှတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

""ဒီနေ့ ပင်လုံမှာ စာချုပ်မယ့် သူတွေ ကိုလည်း မချုပ်ပေးဘဲ ပြန်လွှတ်တယ် အရင်စာချုပ်ချုပ်ပြီး လို့ OWIC ကတ် ရိုက်မယ့် သူတွေကို မိန်းကလေး တွေပဲ ရိုက်ပေးပြီး ယောက်ျား လေးတွေ ကို မရိုက်ပေးဘဲ ပြန်လွှတ်တာ အခုလို စာနဲ့ ကြိုတင်အကြောင်းမကြားဘဲ လုပ်ပလိုက်တော့ သွားမယ့်သူတွေကော အေဂျင်စီတွေ ကော အကုန် ပြဿနာတွေ တတ်ကုန်ပြီပေါ့""လို့ ပြည်ပအလုပ်ကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီမှ တာဝန်ရှိသူ တစ်ဦး က ပြောပါတယ်။

ဒါ့အပြင် ပြည်ပကနေ ခွင့်ဖြင့် အလည်ပြန်လာတဲ့ အမျိုးသားအသက်၁၈နှစ်မှ ၃၅နှစ် အထိ သူတွေကိုလည်းယနေ့ ဇန်နဝါရီလ ၃၀ရက်မှာ ၈မိုင် အလုပ်သမားရုံးနဲ့ မြောက်ဒဂုံ ပင်လုံရုံးတို့ မှာ OWICကတ် မရိုက်ပေးဘဲ ပြန်လွှတ်တယ်လို့ သိရပါတယ်။

""မနက်ကတည်း က ၈မိုင်ရုံး မှာယောက်ျားလေးတွေ ကို OWIC ကတ် မရိုက်ပေးဘဲ ပြန်လွှတ်တာ ကျွန်တော်က လေယာဉ်လက်မှတ် ၄ရက်နေ့ ဖြတ်ထားတာ အခု မရိုက်ပေးတော့ဘူးဆိုရင် ပြန်ထွက်လို့ မရတော့ဘူးပေါ့ ပြည်ပ ကနေ အကြောင်းအမျိုးမျိုးနဲ့ ပြန်လာမယ့်သူတွေအနေနဲ့ဒီက သတင်း တွေ သေချာ လေ့လာပြီးမှ ပြန်လာပါလို့"" ပြည်ပ မှ ခွင့်ဖြင့်ပြန်လာသူ တစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ အေဂျင်စီတွေ အနေနဲ့ ပြည်ပထွက်ရန် အသက်၁၈မှ ၃၅အထိ ကန့်သက်ချက်နဲ့ ညိနေတဲ့ စာချုပ်ချုပ်ပြီးသားသူတွေကို တော့ ထွက်ခွင့်ပြုဖို့ အလုပ်သမားဝန်ကြီးဌာနကို တင်ပြသွား ဖို့ရှိတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေ နည်းဥပဒေ ထုတ်ပြန် ပြီး နောက်ပိုင်း မှာ ယခုလိုပြည်ပထွက် တာ ကန့်သက် ပိတ်ပင်တွေ ပြုလုပ်လာတာ ဖြစ်ကာ အမျိုးသမီး အသက်၁၈နှစ် မှ ၂၇နှစ် အထိ ကိုလည်း စစ်မှုထမ်းရန် စာရင်းများကောက်ယူနေတဲ့သတင်းများလည်း ထွက်ပေါ်လျက်ရှိပါတယ်။


ကိုမိုင်ထံ ယုံကြည်စိတ်ချ စျေးနှုန်းမှန်ကန်စွာနဲ့ Permit Visa သက်တမ်းတိုးလို့ ရပါပြီ ဖုန်း 0657232331 (Line, Viber)လူသစ်တ...
08/12/2024

ကိုမိုင်ထံ ယုံကြည်စိတ်ချ စျေးနှုန်းမှန်ကန်စွာနဲ့
Permit Visa သက်တမ်းတိုးလို့ ရပါပြီ

ဖုန်း 0657232331 (Line, Viber)

လူသစ်တွေလဲ Name List တင်ဖို့ အချက်အလက်တွေ ပေးပို့ထားပါတယ် တစ်ချက်စစ်ပေးကြပါဦးနော်

မတင်ရသေးရင် ကိုမိုင်း Cb သာလိုက်တော့ 🎉

ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရက် 90 ရက်အစီရင်ခံချက်ဆိုတာ အချို့သော ကာလရှည်ဗီဇာတွေ ကိုင်ဆောင်ထားတဲ့ နိုင်င...
25/11/2024

ထိုင်းနိုင်ငံရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရက် 90 ရက်အစီရင်ခံချက်ဆိုတာ အချို့သော ကာလရှည်ဗီဇာတွေ ကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသားတွေအတွက် ဖြစ်ပါတယ်။

Non-immigrant Visa နဲ့ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့အခါ ရက် (90) ပြည့်တိုင်း immigration မှာ report မဖြစ်မနေတင်ဖို့ လိုအပ်ပါတယ်။

သတ်မှတ်ကာလအတွင်း သတင်းပို့ခြင်းမရှိရင် 💥ဒဏ်ကြေး (2000-5000) ဘတ် 💥ထိ ပေးဆောင်ရမှာဖြစ်လို့ အဲ့လိုမဖြစ်ရလေအောင် လူကိုယ်တိုင်အချိန်မပေးနိုင်ခဲ့ရင်တောင်မှ ဒါတွေအားလုံးကို ဝန်ဆောင်ခ ဈေးသက်သက်သာသာနဲ့ ဝန်ဆောင်မှုပေးမယ့် “ကိုမိုင်း" ရှိတာမလို့ အခုပဲဆက်သွယ်ဖို့ သတင်းကောင်းပါးလိုက်ပါတယ် ...

သတ်မှတ်ရက်မတိုင်မီ (15) ရက်အလိုကစပြီး လုပ်ဆောင်နိုင်ပါပြီ။🤗🤗🤗

90 Days Report အတွက်လိုအပ်ချက်များ

- Passport စာအုပ်မူရင်း
- TM 30 တို့ပဲ ဖြစ်ပါတယ်။

ကိုမိုင်း အထွေထွေဝန်ဆောင်မှုမှာ

ရက်(90)သတင်းပေးပို့ခြင်းအစီအစဉ်
အပြင် ဘတ်ရိုက်ပေးတဲ့ ဝန်ဆောင်မှုလေးပါ ပေးနေပြီဖြစ်လို့ ဆက်သွယ်စုံစမ်းလို့ရပါပြီ

ထိုင်းနိုင်ငံရောက်လျှင်သိထားသင့်သောအချက်များ1. Sim Cardတစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Card...
17/11/2024

ထိုင်းနိုင်ငံရောက်လျှင်
သိထားသင့်သောအချက်များ

1. Sim Card
တစ်နေရာနဲ့ တစ်နေရာ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ဖို့ ထိုင်းSim Cardတွေကတော မရှိမဖြစ်လိုအပ်တဲ့ထဲမှာ ပါပါတယ်ဗျ။ Simcard ကို foreigner တွေအတွက်သီးသန့် လေဆိပ်မှာဝယ်လို့ရတဲ့ SimCardမျိုးမဟုတ်ဘဲ ထိုင်းဖုန်းSim card ဝယ်တာက အကောင်းဆုံးပါ။ AIS နဲ့ True Move ကိုတော့ အသုံးများကြပြီး Simcardတွေကို အလွယ်တကူ လမ်းက 7eleven မာ(ဒါမှမဟုတ်) AIS , True Move showroom တွေမှာဝယ်နိုင်ပါတယ်ဗျ ။ ဘယ်မှာပဲဝယ်ဝယ် Simcard တွေ မှတ်ပုံတင်ရမှာဖြစ်လို့ Passport ယူဆောင်သွားရပါမယ်ဗျ။ Passportမပါရင် လုံးဝမရောင်းပါဘူး။ Passport ပေးပြီးရင် မှတ်ပုံတင်မယ့်သူရဲ့ မျက်နှာကို Scanဖတ်ပြီး ရပြီဆို ဆိုင်က ရနိုင်တဲ့Package planတွေပြပါတယ်။ အဲ့ထဲက ကိုယ်အဆင်ပြေတဲ့Package ကိုဝယ်ရင်ရပါပြီနော်။

2.Passport နဲ့ Visa
နောက်တစ်ချက်အနေနဲ့ကတော့ ထိုင်းကိုမသွားခင် Passport နဲ့ Visa ကိုစစ်ဆေးရမှာဖြစ်ပါတယ်ဗျ။ အားလုံးသိထားတဲ့အတိုင်း မြန်မာကနေဆိုရင်တော့ အလည်အပတ်ဆို (14) ရက်အတွင်းဆို Visa မပါပဲ Passport ကိုင်ဆောင်ထားတာနဲ့တင် ရပါတယ်ဗျ။ Passport ကအနည်းဆုံး ကုန်ဆုံးရန်ကျန်ရှိချိန် ၆လအထက်ဖြစ်နေရပါမယ်ဗျ။

3. Money Exchange
Airport မှာဖြစ်နိုင်ရင် ငွေလုံးဝမလဲပါနဲ့ ။
ပြန်ရတဲ့ Rateက တအားနည်းပါတယ်။ အလျှင်လိုရင်တော့ လိုသလောက်ပမာဏပဲ ထုတ်ထားပြီး ကျန်တာကိုတော့ နာမည်ရှိတဲ့ Money Exchange ဆိုင်တွေမှာလဲသင့်ပါတယ်။ အများစုကတော့ Superrich Thai Exchange နဲ့ Rattana Supply ကနေ ငွေလဲရတာ အဆင်ပြေတယ်ပြောပါတယ်။ ဆိုင်ခွဲတော်တော်များများက Mallတွေထဲမှာရှိတတ်ပါတယ်။ ATM တွေလည်းတော်တော်များများရှိပါတယ်ဗျ။

4. Seasons (ရာသီဥတု)
မြန်မာနိုင်ငံလိုပဲ နွေ၊ မိုး၊ ဆောင်း ဆိုပြီး (၃)ရာသီရှိပါတယ်။ အထူးသဖြင့် မိုးရာသီတွေဆို ထိုင်းနိုင်ငံဟာ သွားရလာရတာ အဆင်မပြေလှပါဘူး။ ကားလမ်းမထက်တွေအထိပါ ရေတွေတက်တာ ၊ ရွာရင် ဝုန်းဒိုင်းဆိုပြီး ချက်ချင်းရွာတာ၊ ရေအိုင်တာတွေ၊ ရေတွေနဲ့ စိုစွတ်စွတ်ဖြစ်ရတဲ့ထဲ Traffic ကြောင့် လမ်းတွေပိတ်တာ စတာတွေကြောင့် ထိုင်းရောက်လို့ လှလှလေးဝတ်ပြီး ဘန်ကောက်ရဲ့ အသက်ဖြစ်တဲ့ မုန့်စျေးတန်းတွေ ၊ ရှုခင်းလှလှလေးတွေကို လျှောက်လည်မယ်ဆို မိုးရာသီဟာ အဆင်မပြေဆုံး ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပထမဆုံး ထိုင်းကို လာရောက်လည်ပတ်မယ်ဆို ရာသီဥတုကို အဓိကထားပြီး စဉ်းစားရပါမယ်ဗျ။
ထိုင်းနိုင်ငံရှိရာသီဥတုများအနေနဲ့
နွေရာသီ- မတ်လ ၊ဧပြီလ ၊ မေလ
မိုးရာသီ -ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်၊ စက်တင်ဘာလ၊အောက်တိုဘာလ
ဆောင်းရာသီ-နိုဝင်ဘာလ၊ဒီဇင်ဘာလ၊ဇန်နဝါရီလ၊ဖေဖော်ဝါရီလတို့ပဲဖြစ်ပါတယ်ဗျ။

5. နာမည်ကြီးပွဲတော်များ
နာမည်ကြီး ပွဲတော်များ ကျင်းပတဲ့ ရက်တွေနဲ့ နေရာတွေကို တစ်စုတစည်းတည်းဖော်ပြရရင်
Chaung Mai ပန်းပွဲတော် (2-4February)
တရုတ်နှစ်ကူး (Feb လထဲ)
သင်္ကြန်ပွဲတော် (13-15 April)
သရဲပွဲတော် (23-25June)
သပ်သပ်လွတ်ပွဲတော် (3-10 October) အဲ့အချိန်ဆို Shopping Mallတိုင်းသက်သက်လွတ်ပဲရောင်းကြပါတယ်။
မီးမျှောပွဲ - လွယ်ကထုံ (15Nov)

6. သွားလာရေးအတွက် အသုံးပြုရမည့် App များ
Bolt - https://bit.ly/4fs6nq3
Grab - https://bit.ly/3AAU8se
Via bus - https://bit.ly/3CfYGER
Bangkok MRT & BTS Metro Guide - https://bit.ly/3Anf5qA
အခြား မရှိမဖြစ် သုံးသင့်တဲ့ App များ
Hotel ငှါးဖို့ဆို - https://bit.ly/3Anf5qA
အိမ်ပြောင်းဖို့ဆို Lala Move App - https://bit.ly/3YwAeqz
အိမ်ငှါးဖို့ဆို Renthub - https://bit.ly/3NMJ66q
Online Shopဆို Lazada - https://bit.ly/3CjGavk
#ထိုင်း
#ထိုင်းမလာခင်


#ထိုင်းရောက်ရွှေမြန်မာ
#ထိုင်းကိုသွားမယ့်သူတွေအတွက်

#ကိုမိုင်းထိုင်းခရီးသွားဝန်ဆောင်မှု

လေကြောင်းခရီးနှင့် ဆက်စပ်သော စကားလုံးအချို့1. Airport - လေယာဉ်ကွင်း2. Passport - နိုင်ငံကူးလက်မှတ်3. Ticket - လက်မှတ်4. ...
15/11/2024

လေကြောင်းခရီးနှင့် ဆက်စပ်သော စကားလုံးအချို့

1. Airport - လေယာဉ်ကွင်း
2. Passport - နိုင်ငံကူးလက်မှတ်
3. Ticket - လက်မှတ်
4. Visa - ဗီဇာ
5. Travel itinerary - ခရီးစဉ်
6. Check-in - စစ်ဆေးမည့်နေရာ
7. Luggage - ခရီးဆောင်အိတ်
8. Carry-on bag - လက်ဆောင်အိတ်
9. Baggage allowance - အိတ်ခွင့်ပြုပမာဏ
10. Security Gate - လုံခြုံရေးဂိတ်
11. Metal detector - သတ္တုစစ်ဆေးကိရိယာ
12. X-ray machine - X-ray စက်
13. Immigration - လူဝင်မှုကြီးကြပ်ရေး
14. Customs - အကောက်ခွန်ဌာန
15. Duty-free shop - အကောက်ခွန်မဲ့ဆိုင်၊လေဆိပ်အရောင်းဆိုင်
16. Boarding pass - လေယာဉ်စီးလက်မှတ်
17. Terminal - ဂိတ်
18. Gate number - ဂိတ်နံပါတ်
19. Waiting area - စောင့်ဆိုင်းရုံ
20. Flight number - လေယာဉ်နံပါတ်
21. Passenger - ခရီးသည်
22. Aisle Seat - လျှောက်လမ်းဘေးမှထိုင်ခုံ
23. Window seat - ပြတင်းပေါက်ဘေးမှထိုင်ခုံ
24. Overhead bin - အပေါ်စင်
25. Seatbelt - ထိုင်ခုံခါးပတ်
26. Safety demonstration - လုံခြုံရေးလမ်းညွှန်ချက်
27. In-flight entertainment - လေယာဉ်ပေါ်ဖျော်ဖြေရေး
28. Takeoff - လေယာဉ်ထွက်ခွာခြင်း
29. Flight - လေယာဉ်
30. Pilot - လေယာဉ်မှူး
31. Flight attendant - လေယာဉ်မောင်/မယ်
32. Layover - နောက်လေယာဉ်မစီးခင်စောင့်ဆိုင်းချိန်
33. Connecting flight - နောက်တဆင့်စီးရန်လေယာဉ်
34. Direct flight - တိုက်ရိုက်လေယာဉ်
35. International flight - ပြည်ပယာဉ်
36. Domestic flight - ပြည်တွင်းလေယာဉ်
37. Turbulence - လေထုပြင်းထန်ခြင်း
38. Emergency exit - အရေးပေါ်ထွက်ပေါက်
39. Landing - လေယာဉ်ဆင်းသက်ခြင်း
40. Runway - လေယာဉ်ပြေးလမ်း
41. Taxiway - လေယာဉ်ရပ်စိုက်ပြေးလမ်း
42. Baggage claim - အိတ်ထုတ်ယူရန်
43. Carousel - ပစ္စည်းတင်
44. Lost and found department - ပစ္စည်းပျောက်ဆုံးရှာဖွေးရေးဌာန
45. Customs declaration - အကောက်ခွန်ကြေညာချက်
46. Travel insurance - ခရီးသွားအာမခံ
47. Arrival hall - ခရီးသည်ဧည့်ခန်း
48. Shuttle bus - လေဆိပ်သယ်ယူပို့ဆောင်ရေး
49. Currency exchange - ငွေလဲလှယ်ခြင်း
50. Announcement - ကြေငြာချက်
51. Airline - လေကြောင်းလိုင်း
52. Flight cancellation - ခရီးစဥ်ဖျက်သိမ်းခြင်း
53. Flight delay - လေယာဉ်နောက်ကျခြင်း5
54. Rebooking - ပြန်လည်စာရင်းသွင်းခြင်း
55. Refund - ပေးငွေပြန်အမ်းခြင်း
56. Upgrade - အဆင့်မြှင့်ခြင်း
57. Baggage tag - အိတ်အမှတ်အသားကဒ်
58. Cockpit - လေယာဉ်မှူးအခန်း
59. Inflight meal - လေယာဉ်ပေါ်တွင်ကျွေးသောအစားအစာ
60. Boarding gate - လေယာဉ်ပေါ်တက်ရန်ဂိတ်
61. Trolley - ခရီးသည်အိတ်တင်ကား
62. First class - ပထမတန်း
63. Economy class - ရိုးရိုးတန်း
64. Business class - အထက်တန်း
65. Jet lag - အချိန်ဇုံကွာခြားမှုကြောင့် မောပန်းနွမ်းနယ်
66. Lounge - ခရီးသည်အပန်းဖြေခန်း
67. Cabin crew - လေယာဉ်လုပ်သားများ
68. Travel advisory - ခရီးသွားအကြံပြုချက်
69. Arrival - ဆိုက်ရောက်
70. Departure - ထွက်ခွာ

{Save ထားပါ အသုံးလိုလာနိုင်ပါတယ်}
---


November 15 ကနေ December 16 ထိ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ မှ Vijit Chao Phraya 2024 မီးရှူးမီးပန်းပွဲတော်ကို Tou...
12/11/2024

November 15 ကနေ December 16 ထိ
ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ မှ
Vijit Chao Phraya 2024
မီးရှူးမီးပန်းပွဲတော်ကို Tourism တွေ
အဓိကသွားလာရာ Chao Phraya မြစ်ကြောင်းတလျှောက်ရှိ နေရာတွေမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

🎆🎇🎆

ရင်သပ်ရှုမောဖွယ် မီးပန်းတွေကို မြင်တွေ့ရမယ့်နေရာတွေကတော့ -

🎆Chao Phraya Sky Garden
🎇Wat Kalayanamit
🎆Woramahaviharn
🎇Wat Arun Ratchawararam
🎆Suan Luang Rama 8
🎇Rama 8 Bridge
🎆Phra Phuttha Yot Fa Bridge
စတဲ့နေရာတွေပဲဖြစ်ပါတယ် …

မီးပန်းစဖောက်ချိန်ကတော့
6:00 pm to 10:00 pm

အခုလိုပြုလုပ်ရခြင်းဟာ ကမ္ဘာလှည့် Tourist များ နောက်တစ်ကြိမ် ဘန်ကောက်ခရီးစဉ်ဆိုတဲ့ အတွေးတွေနဲ့ ပြန်လာစေချင်အောင် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင်များက Vijit Chao Phraya ကိုစီစဉ်လိုက်ခြင်းဖြစ်ပါတယ်၊၊

Credit


#ကိုမိုင်းထိုင်းခရီးသွားဝန်ဆောင်မှု

10/11/2024

🛑 Up to date: PJ / PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း
______________________________________________________________________________

{ ♨️Hot ဖြစ်နေတဲ့ သတင်း }

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား...?
🔘 PJ တွေ ထွက်မရဘူး (သို့) ထွက်ဖို့မလွယ်ဘူးလား...?

------------------------------------

[❗️Information အမှန် ]

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်၊
အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ်၊
အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ၊
visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို
only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

-------------------

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ
မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန် လိုအပ်သည့်စာရင်း👇

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (၄) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

------------------------

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်၊
မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ
မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက်
အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့
နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ 👇
__________________________________

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ၊
ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်၊

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅
................................................................................................................................................

🇲🇲 ကျောင်းသား Visa ပတ်စပို့က PV or PE ဖြစ်နေဖို့လိုပါတယ် 🇰🇷
.................................................................................................................................................................

🛑 PV/ PJ passport ကိုင်ဆောင်ထားသူများ ပြည်ပထွက်ခွါခွင့်ဆိုင်ရာ အမေးများသော မေးခွန်းများ 🛑

______________________

🤔 Passport အသစ်လုပ်မလို့ ဘာအမျိုးအစားလုပ်ရမလဲ ?

အဖြေ:👇
ရကိုရမယ့် အလုပ်နှင့် တရားဝင်အလုပ်ခေါ်စာ ရဖို့မရှိသေးဘူးဆိုပါက
လူတိုင်းလုပ်ဖို့ အသင့်တော်ဆုံး passport အမျိုးအစားက PV ပဲဖြစ်ပါတယ်၊
နိုင်ငံကူးလက်မှတ် အသုံးပြုတဲ့ အများဆုံး အကြောင်းပြချက်က ပြည်ပကို အလည်အပတ်သွားဖို့ (သို့) ပြည်ပသို့ ကျောင်းသွားတက်ဖို့ အတွက်ပဲ ဖြစ်တာမို့ PV passport အမျိုးအစားက အကောင်းဆုံးပဲ ဖြစ်ပါတယ်။

PE PJ PS PT စသည့် အခြား အမျိုးအစားများက visa ရပြီးမှသာ
မိမိကိုယ်တိုင် passport type အပြောင်းလျှောက်ခြင်း၊ သို့ passport သက်တမ်းတိုးသည့်အချိန်တွင်
passport type ပြောင်းသွားခြင်း ဖြင့် ရရှိနိုင်ပါတယ်။

----------------

🤔 PV နဲ့ ပြည်ပထွက်လို့ ရသေးရဲ့လား ?

အဖြေ:👇
အလည်အပတ်အတွက်က ရပါတယ်။ အလုပ်အတွက်တော့ မရပါ၊
အလုပ်ဗီဇာရှိနေပါကလည်း မရပါ၊

PV က Passport for Visit အလည် passport အမျိုးအစားဖြစ်ပါတယ်၊
ဒါကြောင့် အလည်အတွက်ဆို Visa on arrival ခေါ် free visa နဲ့ဆို ၁၄ ရက်၊
ထိုင်းသံရုံးမှာ visa ဝင်သွားမယ်ဆို နှစ်လ အလည်အပတ် သွားလို့ ရပါတယ်။

*** လိုအပ်တဲ့ Basic requirements တွေတော့ ပြည့်စုံရပါမယ်။ အသွားအပြန်လက်မှတ်၊ ဟိုတယ် booking အပြည့်အစုံ၊ show money usd 500 သို့ ဘတ် ၂၀၀၀၀ အနဲဆုံး ဆောင်သွားရပါမယ်။

--------------

🤔 Show Money က ဘဏ်ပြလို့မရဘူးလား ?

အဖြေ:👇
မရပါဘူး။
show money သည် ငွေသားဖြစ်ရပါတယ်၊
ထိုင်းပြည်တွင်းမှာ လည်ပတ်တဲ့အခါ သုံးဖို့ပိုက်ဆံပါကြောင်း ပြခိုင်းတာ ဖြစ်တဲ့အတွက် ငွေသားသာ ပြသရပါတယ်၊ မြန်မာငွေက လွဲလို့ any currency (ဘယ်နိုင်ငံပိုက်ဆံဖြစ်ဖြစ်) ကို ဘတ် ၂၀၀၀၀ နဲ့ ညီသော Amount ကို အနဲဆုံးထားပြီး ပြရပါတယ်။ များများပြလဲရပါတယ်။ 😁

--------------

🤔 show money က ပေါင်းပြလို့ရလား ?

အဖြေ:👇
မိသားစု တူတူသွားတာဆို အထူးသဖြင့် ကလေးတွေနဲ့ဆိူ ပေါင်းပြလို့ရပါတယ်၊
ကလေး တစ်ယောက်ဆို ဘတ် ၃၀၀၀၀၊ ၃၅၀၀၀ တူတူပါသွားရင် ကလေးနှစ်ယောက်နဲ့ဆို ဘတ် ၅၀၀၀၀ လောက်ပါသွားရင် အဆင်ပြေပါတယ်။ တစိမ်းတွေ ဆိုရင်တော့ ပေါင်းပြလို့မရပါဘူး။

------------

🤔 Tourist Visa နဲ့သွားမှာ ပြန်မဲ့ရက်က confirm မဖြစ်သေးဘူး။ Booking only ပဲ ပြလိူ့မရဘူးလား ?

အဖြေ:👇
အရင်က Tourist Visa ကို one way ticket လက်ခံပါတယ်၊
အခုက လက္ခံ လက္မခံက ၅၀-၅၀ ပါ၊
လက်မခံခဲ့ရင် ကောင်တာရှေ့ လက်မှတ် တန်းဝယ် ပြရပါမယ်၊
(အမြန် လက်မှတ်ဝယ်ဖို့ကတော့ မေ ကူညီ ဝန်ဆောင်ပေးလို့ရပါတယ် ***
but risk တော့ ယူထားလိုက်ရတာပေါ့နော်)

👉အကောင်းဆုံးက ရက်ပြောင်းလို့ရတဲ့ အပြန်လက်မှတ်ကို ဝယ်ထားတာပါပဲ၊
လိုအပ်ချက် မရှိတော့ဘူးပေါ့၊ ဟိုတယ် booking ကလဲ လိုပါတယ်၊
နောက်ပိုင်း trip အတွက် မသေချာသေးဘူး ဆိုရင် booking only ရပေမယ့် ရောက်ရောက်ခြင်းရက်တွေကတော့ paid booking ပြဖို့လိုပါလိမ့်မယ်။

---------------

🤔 Tourist visa ကို show money ပြရမှာလား ?

အဖြေ :👇
ဒါလဲ 50-50 ပါပဲ။
မေးချင်မေးမယ် မမေးချင် မမေးပါဘူး၊
14 days လိုတော့ မဖြစ်မနေ ၁၀၀% တော့ ပြရမယ်မရှိပါဘူး၊
အဖြေက safe ဖြစ်ချင်ရင် ယူသွားပါ၊
ရင်ခုန်ချင်ရင် ယူမသွားပါနဲ့ 😁

-----------------

🤔 သူငယ်ချင်းအိမ် အမျိုးအိမ်မှာ နေမှာ ဟိုတယ် booking ပဲလက်ခံတာလား ? အိမ်လိပ်စာ ပြောလို့မရဘူးလား ?

အဖြေ: 👇
အမျိုး/မိတ်ဆွေအိမ်တွင်တည်းမည်ဆိုပါက လိပ်စာ ပြောလို့ ပြလို့ရပါတယ်၊
သို့သော်စာရွက်စာတမ်းအပြည့်အစုံကိုတော့ တင်ပြဖို့လိုပါတယ်၊
မြန်မာ နှင့် ထိုင်း immigration counter နှစ်ခုလုံးမှာ ပြသဖို့ လိုတာလေးတွေက အလည်လာဖို့ ဖိတ်ခေါ်သူ၏အမည်၊ လိပ်စာ၊ ph no., English လို invitation letter တည်းခွင့်ပြုကြောင်းစာ၊ အိမ်/အခန်းပိုင်ဆိုင်/ငှာရန်းစာချုပ်မိတ္တူ အိမ်ရှင်ရဲ့ ထိုင်း ID တို့ ဖြစ်ပါသည်။

-----------------

🤔 PV အဟောင်း အရင်တုန်းက အလုပ်ခဲ့ဖူးတယ် မလုပ်တာလဲ ကြာလှပြီး အခွန်တွေလဲ မဆောင်ခဲ့ဖူးဘူး
ခုလဲ အလုပ်မရှိတာကြာပြီး အလည်ထွက်လို့ရလား ?

အဖြေ: 👇
ယခင်ကပြည်ပကိုကာလကြာမြင့်စွာထွက်ဖူးသော PV passport ဖြင့် ထွက်မည်ပါက လဝကအဝင်/အထွက်တုံးများကိုကြည့်၍ အလုပ်ထွက်လုပ်ဖူးကြောင်း သင်္ကာမကင်းအဖြစ်ခံရနိုင်ပြီးအထက်ပါစာရွက်စာတမ်းမျာ ပြည့်စုံသော်လည်း ထွက်ခွာခွင့်အပိတ်ခံရနိုင်ခြေရှိပါသည်။

----------------

🤔 PV နဲ့ အလုပ်လုပ်နေတာ ကြာပြီး မြန်မာပြည် ခဏ ပြန်လာလည်မလို့စီစဉ်ထားတယ် လာလို့ရမလား ?

အဖြေ : 👇
မိမိတိုင်းပြည်ဖြစ်တဲ့အတွက် ဘာ passport နဲ့နေနေ ဘာ ဗီဇာနဲ့နေနေ တရားဝင် ပြည်ပထွက်ခွါထားပါက အချိန်မရွေး ပြန်ဝင်လာလိူ့ ရပါတယ်။ တရားမဝင်
ထွက်ထားပါကတော့ အရေးယူခံရမှာပေါ့။

သို့သော် ခဏတဖြုတ် ပြန်လာမည်ဆိုပါက အောက်ပါလိုအပ်သည့်
အရာလေးများကို ဆောင်ရွက်လာကြစေလိုပါတယ်👇

📍Owic card ရှိရပါမယ် မရှိရင် ပြည်တွင်းရောက်တာနဲ့ လျောက်ရပါမယ်။ Owic card အတွက် လျောက်ထားချိန် ဘယ်လောက်ကြာမလဲ မိမိခွင့်သက်တမ်းနဲ့ ချိန်ဆဖို့လိုပါမယ်။

📍အခွန်ဆောင်ထားရပါမယ် ပြည်ပမှာ မြန်မာသံရုံးတွေမှာ ဆောင်လို့ရပါတယ်။ ဘယ်လောက်အတိအကျ ဆောင်ရမလဲကို သက်ဆိုင်ရာ ဝန်ထမ်းများထံ စုံစမ်းလို့ရပါတယ်။ Owic card ပြုလုပ်ဖို့ဆိုပါက အိမ်ပြန်ပို့သည် လစာ ၂၅% slip လဲ လိုအပ်သည်ဟု သိရှိရပါတယ်။ တာဝန်ရှိသည့် ရုံးဌာန (ပြည်ပတွင်ဖြစ်ပါက မြန်မာသံရုံး ပြည်တွင်းဖြစ်ပါက labor ရုံး သို့ မြောက်ဒဂုံ ပင်လုံခန်းမ စသဖြင့်) တွင် သေချာထပ်မံ စုံစမ်းစေလိုပါတယ်။

📍PV + အလုပ်ဆိုပါက ပြည်ပသို့ ပြန်လည်ထွက်ခွါလို့ မရပါဘူး။ ထို့ကြောင့် PJ ပြောင်းရပါမယ်။ အလုပ်ဗီဇာဖြင့် တရားဝင် အခွန်လဲ ဆောင်ထားပါက မိမိနေထိုင်ရာ ပြည်ပရှိ မြန်မာသံရုံးမှာ တရားဝင် passport type ကို PJ ပြောင်းခဲ့သင့်ပါတယ်။ ပြည်တွင်းမှာ long processing period (အနဲဆုံး ၃ လ ၄ လ ကြာမှာဖြစ်ပါတယ်)

📍pv မှ pj လဲ ဖြစ်သွားပြီး Owic card လဲရှိ အလုပ်လဲရှိ အခွန်လဲ ဆောင်ထားပါက
ရှင်းရှင်းလင်းလင်း ပြည်ပ ပြန်လည်ထွက်ခွါပီး အလုပ်ပြန်ဝင်လို့ရပါတယ်။

----------------

🤔 Owic Card ဆိုတာ ဘာလဲ?

အဖြေ: 👇
Oversea Worker Identification Card 🪪 ကိုခေါ်တာ ဖြစ်ပါတယ်၊
ပြည်ပအလုပ်လုပ်ကိုင်သူဖြစ်ပါက လက်ဝယ်ရှိနေရမည့် အလုပ်သမားကတ် ဖြစ်ပါတယ်။

----------

🤔 Owic card က အသက်အရွယ်မရွေး လျှောက်လို့ရတာလား ?

အဖြေ:👇
မရပါဘူး၊
အမျိုးသား အသက် ၂၃ နှစ် မှ ၃၂ နှစ် အတွင်းဖြစ်ပါက အလုပ်ခေါ်စာရှိနေပါသော်လည်း
Owic card မထုတ်ပေးပါဘူး၊
ထို့နောက် PJ ကိုင်ထားပြီး Owic မရှိတဲ့အတွက် ပြည်ပထွက်လို့လဲ မရပါဘူး။

--------------

🤔 PV နဲ့ကျောင်းတက်နေပါတယ်၊ မြန်မာနိုင်ငံ အလည်ပြန်လာလို့ ရပါသလား ?

အဖြေ👇 :
ကျောင်းသားက PV passport ဖြင့်အလည်အပတ်ပြန်လာလို့လဲ ရပါတယ်၊
Uni Ed visa သမားဖြစ်ပါက ကျောင်းသားကတ်ရှိရပါမယ်၊
ထိုင်းမှာ language school ဖြင့် Ed visa နှင့်နေပါက ကျောင်းရဲ့ acceptance letter ယူလာသင့်ပါတယ်၊
ပြန်အထွက် မြန်မာလေဆိပ်မှာ ပြရပါမယ် that’s all ပါ၊
ထိုင်း Ed visa ယူထားပြီး ပြန်လာမှာဆိုရင်တော့ ထိုင်းလေဆိပ်မှာ re entry တုံးထုလာဖို့ မမေ့နဲ့နော်
visa cancel မဖြစ်အောင်ပါ၊
📍အသွားအပြန်လေယာဉ် လက်မှတ်၊ show money, hotel booking ပြရန်မလိုပါ။

----------

🤔PV နဲ့ Ed visa / guardian visa စသဖြင့် မြန်မာနိုင်ငံမှာပဲ လျှောက်ထားပြီးထွက်မယ် အဆင်ပြေပါ့မလား?

အဖြေ:👇
အဆင်ပြေပါတယ်၊
PV passport မှာ visa sticker ရရှိပြီး ကျောင်းမှ ပို့လိုက်တဲ့ စာရွက်စာတမ်း အပြည့်အစုံကိုပါ
လေဆိပ်မှာ တင်ပြမယ်၊ အသွားလက်မှတ်လဲ ပါမယ်၊ သွားသွားချင်းနေဖို့ ဟိုတယ် Booking လဲရှိမယ်၊
show money တစ်ယောက် usd 500 သို့ ဘတ် နှစ်သောင်းပါ ပါသေးတယ်ဆို ဘာလိုသေးလဲပေါ့နော်၊
အဆင်ပြေပြေနဲ့ သွားလို့ရပါတယ်လို့နော်။

---------

>> PV နဲ့ Retirement visa နဲ့နေပါတယ်၊ သို့ Dependent Visa နဲ့နေ့ပါတယ်။ အလည်ပြန်လာလို့ရလား။ return ticket ရော ပြရဦးမှာလား?
အဖြေ: 👉 မြန်မာနိုင်ငံကို အလည်ပြန်လာလို့ ရပါတယ်၊
long term visa သမား ဖြစ်တဲ့အတွက် ပြန်အထွက်မှာ အသွားအပြန်လေယာဉ် လက်မှတ်၊
show money, hotel booking ပြရန်မလိုပါ။

…. PV….

-------------

🤔ပြည်ပနိုင်ငံများသို့သွားရောက်မည့် pj (job passport)ကိုင်ဆောင်ထားသူများအလည်အပတ်သွားလို့ရလား ?

အဖြေ :👇
PJ passport ရှိသူများ လက်ရှိအချိန်တွင်
အလည်အပတ်ဖြင့် ထွက်၍မရပါ။

📍ယခုမှအသစ်သွားရောက်မည့်သူများဖြစ်ပါကလည်း Owic+pj+offer letter လက်ဝယ်ရှိရမည်၊
📍အပြည့်အစုံရှိပါကလဲ အမျိုးသားအသက် 23 နှစ် မှ 32 နှစ် အတွင်းအသက်အပိုင်းအခြားများ
ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။

--------------

🤔 PV ခွင့်ပြန်များ မြန်မာပြည် အလည်ပြန်လို့ အဆင်ပြေပါသလား ?

အဖြေ :👇
အဆင်ပြေပါတယ်၊
သက်တမ်းရှိ Owic Card ရှိပါက အဆင်ပြေပါတယ်၊
work permit ရှိပြီး valid passport နှင့် smart card (UID/EID) ရှိနေပါက ပြန်ထွက်လို့ရပါတယ်။

📍owicမရှိသေးသူများကတော့ ကဒ်လျှောက်ထားရန်လိုပါတယ်၊
အောက်ဖော်ပြပါအထောက်အထားများသည်ကဒ်လျှောက်ထားရန်မဖြစ်မနေလိုအပ်သည်👇
1. ခွင့်စာ
2. ပါမစ်
3. 25%ငွေလွှဲအထောက်အထား
4. 2%ဝင်ငွေခွန်ပေးဆောင်ပြီးကြောင်းပြေစာ

*အခွန်သည်မိမိတို့နေထိုင်ရာနိုင်ငံသံရုံးများတွင်
ဆောင်ခဲ့လို့ရသလို မြန်မာပြည်ရောက်မှ အခွန်ဆောင်လျှင်လည်းရသည်။

-------------

🤔 UID / EID ဆိုတာ ဘာလဲ?

အဖြေ :👇
Smart card ကိုခေါ်တာပါ
Smart card စမတ်ကဒ်ဆိုတာ လဝက လူဝင်မှုကြီးကြပ်ရေးက လက်ရှိကိုင်ဆောင်ထားသော
မိမိမှတ်ပုံတင်အစစ်အမှန်ဖြစ်ကြောင်းကို တစ်ဖန်ပြန်လည်စစ်ဆေးမှတ်ကျောက်တင်ထားသော
သက်သေခံကဒ်ပြားတစ်ခုပါ။

📍PV / PJ မည်သည် passport အမျိုးအစားဖြစ်စေ smart card နှင့် UID လိုပါတယ်၊
ပြည်ပမှ ပြန်လာပါက smart card ကို မြန်မာပြည်ကို ရောက်ရောက်ခြင်း ပြုလုပ်ပါ၊
မှတ်ပုံတင် သန်းခေါင်စာရင်းရှိပါက မိမိအဆင်ပြေရာ ခေတ္တနေထိုင်ရာ ရပ်ကွက် မြို့နယ်မှာ ပြုလုပ်လို့ရပါတယ်၊ မွေးရပ်မြေက နယ်ဖြစ်နေလို့ နယ်ပြန်မလုပ်လဲရပါတယ်၊
ပြည်တွင်း ပြည်ပ ခရီးသွားရန်
Owic card ပြုလုပ်ရန်
passport သက်တမ်းတိုးရန် အသစ်လျောက်ထားရန်
အကုန်လုံးမှာ smart card ကလိုအပ်ပါတယ်။

------------------

🛑မှတ်ချက် ။ ။
PV passport ကိုင်ဆောင်ထားသူများသည် အထက်ပါအထောက်အထားများတင်ပြနိုင်သည့်တိုင်
တာဝန်ကျ/တာဝန်ခံအရာရှိမှ ထိုသူအားအမှန်တကယ် အလည်အပတ်သွားရောက်ခြင်းဖြစ်ကြောင်း
မယုံကြည်လျှင် သို့တည်းမဟုတ် သံသယရှိလျှင် pass မပေးသည့် အခြေအနေရှိနိုင်ပါတယ်။

အမျိုးသားများ အသက်အရွယ်ကန့်သတ်မှုသည် ဝန်ကြီးဌာနတည်မြဲအမိန့်ဖြစ်သဖြင့်
ယင်းအမိန့် မပယ်ဖျက်မချင်း ဘာမှလုပ်မရပါ
သည်းခံစောင့်ကြရုံသာ ရှိပါတယ်။

Crd;https://www.facebook.com/share/p/QUhTCbLo4KUaADJR/

🌸မေ 🌸




(တစ်ဆင့်ကူးယူမျှဝေပါသည်။)

✅မြန်မာနိုင်ငံမှာ passport စုစုပေါင်း ၉ မျိုးရှိပါတယ်။

✅အလည်passport မှ အလည် Visa နှင့်သွားလို့ရပါမယ် ။

✅ကျန်passport ဆို သက်ဆိုင်ရာ ခွင့်ပြုချက် စာရွက်စာတမ်းတွေ လိုအပ်ပါလိမ့်မယ်။

1. PB = Business Passport.
ပြည်ပသို့စီးပွားရေး အရ သွားရောက်လုပ်ကိုင်မည့်နိုင်ငံသားများအားထုတ်ပေး

2. PT = Dependent Passport ပြည်ပတွင် အလုပ်လုပ်နေသော ခင်ပွန်း/ဇနီး နှင့် လိုက်ပါနေထိုင်သော မှီခို နိုင်ငံသားအားထုတ်ပေး

3. PJ = Job Passport ပြည်ပမှာ တရားဝင် အလုပ်လုပ်ကိုင်သော နိုင်ငံသားများ ကို ထုတ်ပေး

4. PR = Religirous Passport.
ပြည်ပသို့ သာသနာရေး ဘာသာရေးနှင့် ပတ်သတ်သော နိုင်ငံသားများအားထုတ်ပေး

5. PS = Seaman Passport.
ပြည်ပသို့ သဘောင်္သား ပင်လယ်ခရီးနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

6. PE = Student Passport.
ပြည်ပသို့ ကျောင်းသား ပညာတော်သင် နိုင်ငံသားများအား ထုတ်ပေး

7. PV = Visit Passport.
ပြည်ပသို့ အလည်အပတ် short visit ခရီးတို အလည်အပတ်နိုင်ငံသားများအားထုတ်ပေး

8. PD = Diplomatic Passport.
ပြည်ပသို့ သံတမန်ရေးရာ ကိစ္စရပ်များနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

9. PO = Official Passport.
ပြည်ပသို့ အရာရှိ နိုင်ငံတော်အရေးအရာနှင့်ပတ်သတ်သောနိုင်ငံသားများအားထုတ်ပေး

👉အထက်ပါ ပတ်စပို့တ် များကို အရောင်သုံးမျိုးခွဲခြားထားပါတယ်

1- အနီရောင်
နိုင်ငံသူ/သား သာမန် ပြည်သူလူထုအတွက်.

2- အပြာရောင်
နိုင်ငံရေး သံတမန်ကိစ္စနှင့် အပ်နှင်းခံရသူနိုင်ငံသားများအတွက်.

3- အစိမ်းရောင်
အစိုးရရုံး နိုင်ငံတော်အကြီးအကဲ အုပ်ချုပ်မှုပိုင်းဆိုင်ရာနိုင်ငံသားများအတွက် ဖြစ်ပါတယ်။

4-ပန်းရောင်
ယာယီနိုင်ငံကူးလက် မှတ်...

"နိုင်ငံကူးလက် မှတ် Passport အတိုသင်္ကေတ

PB -Passport for Business (စီးပွားရေးပတ်စ်ပို့)
PT -Passport for Dependent (မွီခိုပတ္စ္ပို့)
PJ -Passport for Job(အလုပ်အကိုင်ပတ်စ်ပို့)
PR -Passport for Religious (ဘာသာရေးပတ်စ်ပို့)
PS -Passport for Seaman (သင်္ဘောသားပတ်စ်ပို့)
PE -Passport for Student (ကျောင်းသားပတ်စ်ပို့)
PV -Passport for Visit (အလည်အပတ်ပတ်စ်ပို့)
PD -Passport for Diplomatic (သံတမန် ပတ်စ်ပို့)
PO -Passport for Official (အစိုးရဝန်ထမ်း ပတ်စ်ပို့)

👉 PD ပတ်စပို့သည် အပြာရောင်
👉PO ပတ်စပို့မှာ အစိမ်းရောင်ပါ။

Crd;အဆင်ပြေကြပါစေ 🇲🇲

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား အသိပေးခြင်း(၇-၁၁-၂၀၂၄)(၁) ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စန...
07/11/2024

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအား အသိပေးခြင်း
(၇-၁၁-၂၀၂၄)

(၁) ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းမြန်မာအလုပ်သမားများကိစ္စနှင့် ပတ်သက်၍ ဗန်ကောက်မြို့ရှိ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးချစ်ဆွေ ဦးဆောင်သည့် တာဝန်ရှိသူ များနှင့် ထိုင်းနိုင်ငံ၊ အလုပ် အကိုင်ဦးစီးဌာန (DOE) မှ ညွှန်ကြားရေးမှူးချုပ် Mr. Somchai Morakotsriwan ဦးဆောင်သည့် လူဝင်မှုကြီးကြပ်ရေးဗျူရို (Immigration Bureau) နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများသည် ၅-၁၁-၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီတွင် မြန်မာသံရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
(၂) ဤသို့ တွေ့ဆုံဆွေးနွေးရာတွင် ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ်၊ သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ကိုင်ဆောင်ထားသူများအား ဆက်လက် သက်တမ်းတိုးဆောင်ရွက်မည့်ကိစ္စကို ထည့်သွင်း ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
(၃) ၎င်းတို့အား ထိုင်းနိုင်ငံအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် သက်တမ်း (၂) နှစ်စီ (၂)ကြိမ်ဖြင့်၊ စုစုပေါင်း (၄)နှစ် ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသဖြင့် အဆိုပါ ၁၃-၂-၂၀၂၅ ရက်နေ့အထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် ရရှိထားသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် ကျန်ရှိနေရန်လိုအပ်သည်ဖြစ်ရာ နိုင်ငံကူးလက်မှတ် သက်တမ်းအနည်းဆုံး (၂) နှစ်ကျော် မကျန်ရှိသူများအနေဖြင့် မြန်မာသံရုံးနှင့် ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၌ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး လာရောက်ဆောင်ရွက်နိုင်ပါကြောင်း ထပ်မံအသိပေး အပ်ပါသည်။
(၄) CI မှ နိုင်ငံကူး လက်မှတ်သို့ လဲလှယ်လျှောက်ထားလိုသူများအနေဖြင့် မဟာချိုင်ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် (TDCC) ၌ သွားရောက်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။ CI စာအုပ်အဟောင်းမှ CI စာအုပ်အသစ်သို့ လဲလှယ်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းမှုများလည်း ပြုလုပ်ပြီးဖြစ်ပြီး မကြာမီတရားဝင်ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ စက်ရုံ၊ အလုပ်ရုံများရှိ မြန်မာအလုပ်သမားများအား Passport မှ Passport သို့လည်းကောင်း CI မှ Passport သို့လည်းကောင်း Mobile Team ဖြင့် ဆောင်ရွက်လိုပါက မြန်မာသံရုံး၊ ကောင်စစ်ဌာနသို့ လာရောက်ဆက်သွယ် ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်
စုံကြပါစေ
#ကိုးကား
Myanmar Embassy Bangkok
Myanmar Embassy Bangkok

🇹🇭 ထိုင်းနိုင်ငံကို ရောက်တဲ့အခါ ဘယ်လည်လို့လည်ရမှန်းမသိ ဖြစ်နေတဲ့သူတွေအတွက်အဆင်ပြေစေဖို့ မဖြစ်မနေသွားလည်သင့်တဲ့နေရာများကိ...
31/10/2024

🇹🇭 ထိုင်းနိုင်ငံကို ရောက်တဲ့အခါ ဘယ်လည်လို့လည်ရမှန်းမသိ ဖြစ်နေတဲ့သူတွေအတွက်အဆင်ပြေစေဖို့ မဖြစ်မနေသွားလည်သင့်တဲ့နေရာများကို ကိုမင်း ထိုင်းခရီးသွားဝန်ဆောင်မှုက မျှဝေပေးပါရစေခင်ဗျာ။

ဘန်ကောက်ကိုရောက်တဲ့အခါ မဖြစ်မနေသွားလည်သင့်တဲ့နေရာတွေကတော့

🛍️ နာမည်ကြီး အသုံးအဆောင်ပစ္စည်းတွေကို ဝယ်ဖို့ စိတ်ကူးရှိပြီး Shopping ထွက်ချင်ရင် 𝗖𝗲𝗻𝘁𝗿𝗮𝗹 𝗪𝗼𝗿𝗹𝗱

🛥️ မြစ်ဘေးတလျှောက် သင်္ဘောစီးပြီး ရှုမဆုံးနိုင်တဲ့ အလှတရားတွေကို ကြည့်ချင်ရင် ကျောက်ဖုရားမြစ်

🍱 အစားအသောက်တွေကို စျေးသက်သက်သာသာနဲ့ ဖွယ်ဖွယ်ရာရာ စားချင်ရင် 𝗧𝗲𝗿𝗺𝗶𝗻𝗮𝗹 𝟮𝟭

🧸 Europe ကနေရာလေးတစ်ခုကိုရောက်သွားသလို ခံစားချင်ရင် 𝗖𝗵𝗼𝗰𝗼𝗹𝗮𝘁𝗲 𝗩𝗶𝗹𝗹𝗲 တို့ကို မဖြစ်မနေ သွားလည်သင့်ပါတယ်။

🙏 ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်ဖြစ်တဲ့ 𝗨𝗡𝗘𝗦𝗖𝗢 𝗪𝗼𝗿𝗹𝗱 𝗛𝗲𝗿𝗶𝘁𝗮𝗴𝗲 𝗦𝗶𝘁𝗲 စာရင်းဝင် အယုဒ္ဓယမြို့ကို လည်း သွားရောက်လေ့လာသင့်သလို

🏖️ မိသားစုနှင့်အတူတူအပန်းဖြေခရီးထွက်ချင်ရင်တော့ပတ္တယားကမ်းခြေနှင့်ဖူးခတ်ကမ်းခြေကို ရွေးချယ်သင့်ပါတယ်။

ချင်းမိုင်မြို့ဟာလည်း စိတ်ဝင်စားဖွယ်ရာတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုဖြစ်လို့ ချန်မထားသင့်ကြောင်း တိုက်တွန်းရင်း

ထိုင်းရောက်လို့ ဘာပဲလိုလို ကိုမင်းထိုင်းခရီးသွားဝန်ဆောင်မှုကို သတိရနိုင်ကြောင်းကိုလည်း ကြေငြာလေးဝင်လိုက်ပါတယ်ဗျ။

ဆက်သွယ်ရန်
Phone - 0657232331
Viber - +66657232331
Line ID - 0657232331

#ကိုမိုင်း #ထိုင်းခရီးသွားဝန်ဆောင်မှု

30/10/2024
ယခင် CI နဲ့ ထိုင်း-မြန်မာ သွားလာလို့ ရရာကနေ ယနေ့ CI ဖြင့် မြန်မာလေဆိပ်မှ ထိုင်းသို့ ထွက်ခွါခွင့်မပြုတော့ပါ နယ်စပ်ကနေတဆင်...
30/10/2024

ယခင် CI နဲ့ ထိုင်း-မြန်မာ
သွားလာလို့ ရရာကနေ

ယနေ့ CI ဖြင့် မြန်မာလေဆိပ်မှ
ထိုင်းသို့ ထွက်ခွါခွင့်မပြုတော့ပါ

နယ်စပ်ကနေတဆင့်တော့
ပြောင်းလဲမှုမရှိသေးပါ

🇹🇭 ထိုင်းနိုင်ငံရဲ့  ဝင်ကြေးအခမဲ့ သွားလည်နိုင်တဲ့ နေရာတွေများစွာရှိတဲ့ထဲက မဖြစ်မနေသွားလည်သင့်တဲ့ နေရာတွေကို ကိုမိုင်းမှ ...
27/10/2024

🇹🇭 ထိုင်းနိုင်ငံရဲ့ ဝင်ကြေးအခမဲ့ သွားလည်နိုင်တဲ့ နေရာတွေများစွာရှိတဲ့ထဲက မဖြစ်မနေသွားလည်သင့်တဲ့ နေရာတွေကို ကိုမိုင်းမှ ညွှန်းပေးချင်ပါတယ်ခင်ဗျာ။

🙏Wat Phu Khao Thong

အယုဒ္ဓယမြို့ပြင်မှာတည်ရှိပြီးတော့ ကမ္ဘာလှည့်ခရီးသွားများ ၊ ဗုဒ္ဓဘာသာဝင်များ သွားရောက်ဖူးမြော်လေ့လာကြတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ မြန်မာအခေါ်အရ ဘူမိဘုရားလို့ အများစုသိကြပါတယ်။

🛍️Chatuchak Market

ထိုင်းကို Shopping ထွက်ဖို့ လာသူတိုင်း Chatuchak Market ကို မဖြစ်မနေရောက်ဖူးသင့်ပြီးတော့ စနေ၊ တနင်္ဂနွေ ရက်တွေမှာ ပိုမိုစည်ကားတာကိုတွေ့ရပါတယ်။

🥘အစားအသောက်မျိုးစုံလည်း စားသောက်နိုင်ပြီး
👚အဝတ်အစား၊ လူသုံးကုန်ပစ္စည်းများကိုလည်း စျေးနှုန်းချိုသာစွာဖြင့် လက်လီလက်ကားရောင်းချပေးတဲ့နေရာဖြစ်ပါတယ်ရှင်။

🌳Rot Fai Park
သဘာဝဆန်တဲ့တောအုပ်လေးတွေရှိတဲ့ ဒီပန်းခြံလေးဟာ MRT Blue Line ရထားစီးရုံနဲ့ ရောက်တဲ့နေရာဖြစ်ပြီး Chatuchak Station အနီးမှာတည်ရှိပါတယ်။

📸ကလေးတွေဆော့ဖို့ ကစားကွင်းတွေရှိသလို
လူကြီးတွေအတွက်လည်း ဓာတ်ပုံရိုက်စရာနေရာတွေ၊ အပန်းဖြေစရာနေရာတွေ အများအပြားရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ကိုမိုင်း ထိုင်းခရီးသွားဝန်ဆောင်မှု

Phone - 0657232331
Viber - +66657232331
Line ID - 0657232331

#ကိုမိုင်း #ထိုင်းခရီးသွားဝန်ဆောင်မှု

ที่อยู่

Hanthai Rat
Ban Lam Luk Ka
12150

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เบอร์โทรศัพท์

+66633909190

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ကိုမိုင်း ထိုင်းခရီးသွားဝန်ဆောင်မှုผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์