13/07/2026
✨ Bangkok Temple Day Trip ✨
မြို့ပြရဲ့ အလျင်အမြန်ဘဝကြားမှာ…
တစ်ခါတလေ စိတ်ကို ခဏလောက်အနားပေးဖို့
ဆုတောင်းသံလေးတွေနဲ့ အေးချမ်းမှုကို ပြန်ရှာဖို့ လိုအပ်နေတယ်ဆိုရင်
ဘန်ကောက်မြို့ရဲ့ အထင်ကရ ဘုရားတွေကို တစ်ရက်တည်း အေးအေးချမ်းချမ်း လိုက်လံဖူးမြော်ရင်း အေးချမ်းခြင်းနဲ့ ယဉ်ကျေးမှုအလှတရားတွေကို
တစ်ပြိုင်တည်း ခံစားကြည့်လိုက်ကြရအောင်နော်
🙏 Wat Phra Kaew
ထိုင်းနိုင်ငံရဲ့ အမြင့်မြတ်ဆုံးဘုရားကျောင်းတော်အဖြစ်
သတ်မှတ်ခံထားရတဲ့ ဒီနေရာမှာ မြဘုရားဆင်းတုတော်ကို
ကြည်ညိုဖူးမြော်ရင်း ထိုင်းဘုရင် တော်ဝင်နန်းတော်ရဲ့ ခမ်းနားလှတဲ့ ဗိသုကာလက်ရာတွေနဲ့ ရှေးဟောင်းအနုပညာအလှတွေကိုလည်းတစ်နေရာတည်းမှာ
အနီးကပ် လေ့လာနိုင်ပါတယ်ခင်ဗျာ
🌅 Wat Arun
Chao Phraya မြစ်ကမ်းနံဘေးမှာ မားမားမတ်မတ် ရပ်တည်နေတဲ့ အရုဏ်ဦးဘုရားဟာ ဘန်ကောက်ရဲ့ အလှကို ကိုယ်စားပြုတဲ့ အထင်ကရ စေတီဖြစ်တဲ့အပြင် ဒီနေရာရောက်ရင် အများစုက ထိုင်းရိုးရာဝတ်စုံလေးတွေ ငှားဝတ်ပြီး ဘုရားရဲ့ ခမ်းနားလှတဲ့ နောက်ခံနဲ့ အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးကြရင်း ပျော်ရွှင်စရာကောင်းတဲ့
အမှတ်တရ အခိုက်အတန့်လေးတွေကိုဖန်တီးရာနေရာလည်းဖြစ်ပါတယ်။
🛕 Wat Pho
လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးရဲ့ ရင်သပ်ရှုမောဖွယ်
အရွယ်အစားရှေးဟောင်းအနုပညာလက်ရာတွေနဲ့ အေးချမ်းတဲ့
ပတ်ဝန်းကျင်က စိတ်ကို တဖြည်းဖြည်းငြိမ်သက်လာစေပြီး
ထိုင်းရိုးရာအနှိပ်ပညာရဲ့ မူလအစနေရာအဖြစ်လည်းလူသိများပါတယ်။
💚 Wat Paknam Phasi Charoen
ဘန်ကောက်မြို့ရဲ့ အကြီးဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးမြော်နိုင်တဲ့ ဘုရားကျောင်းတော်ဖြစ်ပြီး အဝေးကတည်းက မြင်တွေ့နိုင်လောက်အောင် ခမ်းနားထည်ဝါပြီး အတွင်းပိုင်းက Emerald Crystal Stupa ရဲ့ အပြာစိမ်းရောင် တောက်ပနေတဲ့ စေတီအသေးစားတစ်ဆူဟာလည်း ကောင်းကင်တစ်စိတ်တစ်ပိုင်းကို မြေပြင်ပေါ် ယူဆောင်လာသလို ခံစားရစေပြီး ရောက်ဖူးသူတိုင်းရဲ့ အမှတ်တရဖြစ်စေတဲ့ နေရာတစ်ခုဆိုလဲမမှားပါဘူးခင်ဗျာ
🏯 Golden Mountain (Wat Saket)
ရွှေရောင်စေတီတော်ဆီသို့ တဖြည်းဖြည်း လှေကားတက်သွားရင်း မြို့ရဲ့အသံတွေက အဝေးကို ကျန်ရစ်ခဲ့ပြီး တောင်ထိပ်ရောက်တဲ့အခါ ဘန်ကောက်မြို့တစ်မြို့လုံးကို ငြိမ်းချမ်းတဲ့ မြင်ကွင်းနဲ့ အပေါ်စီးကနေ ခံစားနိုင်တဲ့မြင်ကွင်းတစ်ခုပါပဲခင်ဗျာ။
ဒီတစ်ရက်တာ ခရီးစဉ်လေးကတော့ ဘုရားဖူးခြင်း ယဉ်ကျေးမှုအမွေအနှစ်တွေကို
လေ့လာခြင်း ထိုင်းရိုးရာဝတ်စုံလေးတွေနဲ့ အလှပဆုံး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးခြင်းမြို့ရဲ့ အေးချမ်းတဲ့ ရသကို အပြည့်အဝခံစားခြင်းတို့ကို တစ်နေ့တည်းမှာ ရရှိစေမယ့် ခရီးစဉ်လေးတစ်ခုပါပဲနော်။
🤍 ဘန်ကောက်ရဲ့ အေးချမ်းလှတဲ့ ဘုရားတော်တွေကို အတူတူ သွားရောက်ဖူးမြော်ပြီး မမေ့နိုင်တဲ့ အမှတ်တရတွေ ဖန်တီးချင်တယ်ဆိုရင်တော့
Page Messenger မှအသေးစိတ် လာရောက်မေးမြန်း ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ။
#ထိုင်းနိုင်ငံခရီးသွားဝန်ဆောင်မှု
#ကားငှားဝန်ဆောင်မှု