Flight Diary Travels

Flight Diary Travels ပြည်တွင်း၊ပြည်ပလေယာဉ်လက်မှတ်များကို စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်။
(1)

Your trusted travel agency where you can get air tickets with best prices right at your home.

BLACKPINK, Visa presale နေ့အတွက် ၈စောင် ရလိုက်ပါတယ် 🥳Red - 2 , Pink - 3 , Yellow - 3 ပါ။နောက်ရက်တွေ အတွက် service အပ်ချင...
11/06/2025

BLACKPINK, Visa presale နေ့အတွက် ၈စောင် ရလိုက်ပါတယ် 🥳

Red - 2 , Pink - 3 , Yellow - 3 ပါ။

နောက်ရက်တွေ အတွက် service အပ်ချင်ရင် VIP ကလွဲပြီး ကျန်တာ အပ်လို့ရပါဦးမယ်။

BLACKPINK အတွက် Membership presale မှာ ဆွဲလို့ရလိုက်တာလေးတွေပါ။၁၂ ယောက်စာဆွဲတာ ၇ယောက်စာရလိုက်ပါတယ်။VIP မရရင် အဆင်မပြေတဲ့...
10/06/2025

BLACKPINK အတွက် Membership presale မှာ ဆွဲလို့ရလိုက်တာလေးတွေပါ။

၁၂ ယောက်စာဆွဲတာ ၇ယောက်စာရလိုက်ပါတယ်။

VIP မရရင် အဆင်မပြေတဲ့ ဘလင့်လေးတွေနဲ့ ကာကာတွေအတွက် လိုက်လုရင်း ကိုယ့်ခုံပါပျောက်သွားတဲ့ မင်မင်တို့ ပဲကျန်ခဲ့ပါတယ် 😿

တကယ်ကြပ်တဲ့ ပွဲပါ။

နောက်ရက်တွေအတွက် လက်ကျန် စာရင်းသွင်းပီးသား VIP လေးတွေအတွက်ဆက်ကြိုးစားပေးရဦးမှာမို့ VIP zone ကလွဲရင် ကျန်တာ service အပ်လို့ရပါမယ်ရှင်။

Trip & general sales အတွက်ပဲ try ပေးပါတော့မယ်ရှင့်။

BLACKPINK စံတော်ချိန်ပြန်ရောက်လာပြန်ပီ 🖤💗Concert ticket တွေ မဝယ်ပေးတော့ဘူးလုပ်ထားပေမယ့်လည်း လိုချင်တဲ့သူတွေရှိတဲ့အတွက် l...
04/06/2025

BLACKPINK စံတော်ချိန်ပြန်ရောက်လာပြန်ပီ 🖤💗

Concert ticket တွေ မဝယ်ပေးတော့ဘူးလုပ်ထားပေမယ့်လည်း လိုချင်တဲ့သူတွေရှိတဲ့အတွက် last minute service open လိုက်ပါတယ်။

Member presale ကနေ general sales အထိ ဝယ်ပေးမှာပါ။

Edit: VIP လူပြည့်ပါပီရှင်။ တခြား zone ရပါဦးမယ်။

📍ကြည့်လိုတဲ့ Date၊ Zone(option 1/2 )၊ Passport Name , ph number နဲ့အတူ service fees deposit သွင်းပြီး စာရင်းပေးနိုင်ပါပြီရှင်။

Service fees :
Ground zones : 1500 B / ticket
Pink & Yellow : 1000 B / ticket
The rest : 600 B / ticket

Prices : Zone price + 3% + website fees

Ticket ရကြောင်း confirm မှ ငွေအကြေပေးနိုင်ပါတယ်။
Same zone ထဲက အဆင်ပြေရာခုံ/နေရာ ရတာကိုယူပေးနိုင်မှ အပ်ပေးပါနော်။ Ticket try ရင်း မရခဲ့ပါက service fees ပြန်အမ်းပေးပါမယ်ရှင်။

You can also contact via Viber : 09448620665

🧧 May the Year of the Snake bring our customers wisdom, elegance and boundless opportunities. 🩷 Happy Lunar New Year! 新年...
29/01/2025

🧧 May the Year of the Snake bring our customers wisdom, elegance and boundless opportunities.

🩷 Happy Lunar New Year! 新年快乐 🩷

Flight Diary Travels
09-448620665
09-955124418

သင်္ကြန်ရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုပြီး ထိုင်စောင့်နေဦးမလို့လား ??လေယာဉ်လက်မှတ်နဲ့ ဟော်တယ်ဘိုကင်တွေက စောလေ တန်လေဆိုတာ...
17/01/2025

သင်္ကြန်ရောက်ဖို့ အဝေးကြီးလိုသေးတယ်ဆိုပြီး ထိုင်စောင့်နေဦးမလို့လား ??

လေယာဉ်လက်မှတ်နဲ့ ဟော်တယ်ဘိုကင်တွေက စောလေ တန်လေဆိုတာ သိတယ်ဟုတ် ?

ဘန်ကောက်၊ ဖူးခက်၊ ဘာလီ၊ ဗီယက်နမ် ကစလို့ ပြည်တွင်း/ ပြည်ပ စိတ်ကြိုက်သွားချင်တဲ့ခရီးအတွက် Flight Diary မှာ စုံစမ်းလိုက်ပါ။

Viber / ဖုန်း : 09448620665 , 09955124418
Page messenger : 24/7 service available

ခရီးတွေသွားဖို့ကလွဲရင် ကျန်တဲ့အချိန်တိုင်း broke နေတဲ့ မင်မင် 🫢
24/11/2024

ခရီးတွေသွားဖို့ကလွဲရင် ကျန်တဲ့အချိန်တိုင်း broke နေတဲ့ မင်မင် 🫢

မွန်မြတ်သော ဝါတွင်းကာလရာသီ မှစ၍ မိဘပြည်သူများ ဘေးရန်ကွင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Flight Diary Travels မိ...
20/07/2024

မွန်မြတ်သော ဝါတွင်းကာလရာသီ မှစ၍ မိဘပြည်သူများ ဘေးရန်ကွင်းကွာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Flight Diary Travels မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 🙏🏻

ဘန်ကောက်သွားရင် ရစ်လား? ဘာတွေလိုလဲ? ပြန်ပို့ခံရမှာကြောက်တယ်ဆိုပြီး အမြဲလာပြောကြတယ်။မင်မင်တို့ခဏခဏသွားနေကြ အတွေ့အကြုံရယ် ...
30/04/2024

ဘန်ကောက်သွားရင် ရစ်လား? ဘာတွေလိုလဲ? ပြန်ပို့ခံရမှာကြောက်တယ်ဆိုပြီး အမြဲလာပြောကြတယ်။

မင်မင်တို့ခဏခဏသွားနေကြ အတွေ့အကြုံရယ် ပုံမှန်သွားနေကြ ကိုကိုမမ တို့ရဲ့ feedback တွေအရတော့ မရစ်ပါဘူး။ ဘာမှကိုမမေးတာများပါတယ်။

ဘာတွေလိုမလဲ ဘာရှောင်ရမလဲဆိုတာ အခြေခံအနေနဲ့ပြောပြပေးပါမယ်။ သိပြီးသားလူအတွက်အကျိုးမရှိရင်တောင် တစ်ယောက်တစ်ပေါက် ရေးနေတာတွေကြားထဲ အထင်မှားနေကြတဲ့ သူတွေအတွက် အကျိုးရှိမယ်ထင်ပါတယ်။

📍14 days arrival visa နဲ့သွားမယ်ဆိုရင်..
👉 Round trip Air ticket (14ရက်ထက်မပိုသော)
👉 Hotel booking ( paid/unpaid ပြဿနာမရှိ )
👉 လည်ပတ်သုံးစွဲရန် လုံလောက်သော ငွေ ( အတော်များများ ဘတ်၂သောင်းခန့် ယူကြပါတယ်)

ဒါတွေအပြည့်အစုံပါနေရင် ဘယ်သူ့မှ လာဘ်ထိုးစရာမလိုပါဘူး။
အဓိကအချက်က မေးသမျှဖြေနိုင်ဖို့ပါပဲ။ မိခင်ဘာသာစကားမဟုတ်တဲ့အတွက် ထိုင်းတွေလဲထိုင်းသံဝဲတာကြောင့် နားမလည်ရင် ထပ်မေးပြီး ဖြေဆိုနိုင်ပါတယ်။

အခုချိန်ထိ မေးခံဖူးသမျှ မေးခွန်းတွေကတော့
👉 How long will you stay?
👉 Do you have your return ticket?
👉 What are you going to do here?
👉 Have you booked any hotel?
ဒါတွေက နိုင်ငံတော်တော်များများရဲ့ လဝကမှာ မေးလေ့မေးထရှိတဲ့ မေးခွန်းတွေပါ။ တစ်ကြိမ်ထဲမှာပဲ အကုန်မေးခံမယ်လို့မဆိုလိုပါဘူး။ စိတ်ကူးပေါက်ရင်ပေါက်သလိုမေးပါလိမ့်မယ်။
တစ်ခါတစ်ရံ မေးခွန်းအနေနဲ့တောင်မဟုတ်ဘဲ ဥပမာ- return flight? ဆိုပြီးပဲပြောကြပါတယ်။ နားမလည်မှာ ပူစရာမလိုပါ။

ဒီနေရာမှ visa နဲ့သွားတဲ့သူတွေအတွက် တုံးထုပေးလိုက်တဲ့နေရာမှာ ၁၄ရက်ပဲပေးမိတာမျိုးဖြစ်တတ်တဲ့အတွက် အပြင်မရောက်ခင် စစ်ဆေးသင့်ပါတယ်။

နောက်အချက်က တော်တော်များများ အဝတ်အစားအပြင်အဆင်လိုတယ်ဆိုပြီး ပြောကြပါတယ်။ ဒါမှန်ပါတယ်။ လဝကဆိုတာ လူကိုကြည့်ပြီး အကဲခတ်တယ်၊ ပြီးရင် passport scan ပြီး data ကိုစစ်တယ်၊ Visa free နဲ့လာပြီး အလုပ်လာလုပ်မယ့်လူပုံပေါက်နေရင် မေးခွန်းတွေမေးတတ်ပါတယ်။ ကိုယ့်ဘက်က အထောက်အထားပြည့်စုံနေပြီး မေးတာဖြေနိုင်နေရင် ဘာမှကြောက်စရာမလိုပါ။

အရစ်ခံရတယ် ပြန်လွှတ်ခံရတယ်ဆိုတဲ့လူတော်တော်များများက ကံဆိုးတာရယ်၊ အချက်အလက်မစုံတာရယ်၊ မဖြေတတ်တာရယ်ကြောင့်များပါတယ်။

VIP Fast track service ကရော?
ဒါကတော့ အလွယ်ပြောရရင် လေယာဉ်ဆိုက်တာနဲ့ လာကြိုပြီး လဝက ကောင်တာသီးသန့်တစ်ခုနဲ့ တန်းစီစရာမလိုဘဲ တုံးထုပေးမယ်ဆိုတဲ့ service ပါပဲ။ တစ်ယောက်ကို မြန်မာငွေ 150,000 ခန့်ကစပါတယ်။ အစားစားရှိပြီး စိတ်ပါရင် golf cart( buggy car) ပါဝယ်စီးလို့ရပါတယ်။ ဘယ်လိုလူတွေဝယ်သင့်လဲဆိုရင် အချိန်မရသူ၊ အသက်အရွယ်ကြီးပြီး လမ်းမလျှောက်နိုင်သူ၊ တစ်သီးတစ်သန့်သွားလိုတဲ့ cele များအတွက်သင့်တော်ပါတယ်။ First time traveler တွေအတွက်ကတော့ ကိုယ့်ရွေးချယ်မှုပါပဲ။

👉 ဘန်ကောက်မှာ ကားငှါးချင်တယ်ဆိုရင်….
Bolt ဆိုတဲ့ application အသုံးများပါတယ်။ တန်လဲတန်ပါတယ်။ ဒီမှာ Grab ရှိသလို ထိုင်းမှာလဲ Grab ရှိပါတယ်။ လေဆိပ် immigration ဖြတ်ပြီး အိတ်ရွေးနေပြီဆိုတာနဲ့ မင်မင်ကတော့ ကားခေါ်ထားလိုက်ပါတယ်။ ဘန်ကောက်မှာ taxi ခေါ်ရတာ ရည်းစားအလှပြင်တာစောင့်ရတာထက်ကြာတတ်ပါတယ်။ မြန်ချင်လဲမြန်တတ်ပါတယ်။ လေဆိပ်ကနေ မြို့ထဲ (platinum area ) နားကို ဘတ် ၄၀၀ ဝန်းကျင်ကျသင့်နိုင်ပါတယ်။

👉 လေဆိပ်ကနေ ရထားစီးမယ်
ရထားစီးမယ်ဆိုရင်တော့ သုဝဏဘူမိလေဆိပ်ကိုပဲရွေးပါ။ အောက်ဆုံးထပ် B floor မှာစီးရမှာဖြစ်ပြီး 35 ဘတ်ခန့်ကျသင့်ပါမယ်။

သိလိုတာရှိရင် comment မှာမေးထားနိုင်ပါတယ်။
ပြည်တွင်း/ ပြည်ပ လေယာဉ်လက်မှတ်၊ hotel booking နှင့် အခြား လက်မှတ်ဝန်ဆောင်မှုများလိုအပ်ပါက မင်မင်တို့ Flight Diary Travels page messenger ကိုဆက်သွယ်လိုက်ပါနော်။
Ph/Viber - 09448620665, 09955124418

ထိုင်းလေဆိပ် အကြောင်း ဤတွင်ပြီးပါပြီ။
ပုံက ဘန်ကောက်မှာ စားတဲ့ street food လေးတွေသတိရလို့ တဖြတ်😬

အစဉ်အမြဲ အားပေးကြတဲ့ ခရီးသွား ဧည့်သည်တော်များရဲ့ ကုသိုလ်လေးပါရှင်။မင်မင်တို့ ကြုံရင်ကြုံသလို လှူဒါန်းမှုတွေပြုလုပ်ပေးနေပ...
13/04/2024

အစဉ်အမြဲ အားပေးကြတဲ့ ခရီးသွား ဧည့်သည်တော်များရဲ့ ကုသိုလ်လေးပါရှင်။

မင်မင်တို့ ကြုံရင်ကြုံသလို လှူဒါန်းမှုတွေပြုလုပ်ပေးနေပေမယ့် မတင်ဖြစ်တာများပါတယ်ရှင့်။

မိဘပြည်သူများထဲမှ တိချစ်သူလေးတွေရှိရင် ဒီလိုတစ်နိုင်တစ်ပိုင်ဂေဟာလေးတွေကို လှူဒါန်းပေးနိုင်ရန် ဝေမျှလိုက်ရပါတယ်ရှင် 🐾

Thai embassy, Yangon Latest Announcement
20/02/2024

Thai embassy, Yangon Latest Announcement

Update for Thai visa
20/02/2024

Update for Thai visa

နှစ်သစ်မှာ အလည်အပတ်ပဲဖြစ်ဖြစ် ၊ အလုပ်သွား/ ကျောင်းတက်ပဲဖြစ်ဖြစ် လိုရာခရီးကို စိတ်ချမ်းမြေ့စွာ ရောက်ရှိအောင် ကူညီပေးပါရစေ...
02/01/2024

နှစ်သစ်မှာ အလည်အပတ်ပဲဖြစ်ဖြစ် ၊ အလုပ်သွား/ ကျောင်းတက်ပဲဖြစ်ဖြစ် လိုရာခရီးကို စိတ်ချမ်းမြေ့စွာ ရောက်ရှိအောင် ကူညီပေးပါရစေရှင်။

ပြည်တွင်း/ပြည်ပ လေယာဉ်လက်မှတ်အတွက် ခရီးစဉ်နေ့ရက်နှင့် လိုချင်သော အချက်အလက်များကို page messenger သို့ ပေးပို့၍ စျေးကြည့်ခိုင်းလိုက်ပါနော်။ အကောင်းဆုံး option များကို ခရီးသည်စိတ်တိုင်းကျပြန်လည်ဖြေကြားပေးပါမယ်ရှင့်။
လေယာဉ်လက်မှတ်စျေးနှုန်းများမှာ အကြောင်းအမျိုးမျိုးကြောင့် တစ်ချိန်နှင့်တစ်ချိန် စျေးမတူနိုင်တာမျိုးရှိတတ်ပါတယ်ရှင်။

* Holiday ရက်တွေအတွက် ဆို ပြည်တွင်းဆို ၃ပတ်ခန့် ၊ ပြည်ပဆို ၁လခွဲခန့်ကြို ဝယ်သင့်ပါတယ်ရှင်*

အာရှနိုင်ငံမှစလို့ အနောက်နိုင်ငံတွေထိ ဟော်တယ် ဘိုကင်များကိုလည်း သက်သာသောနှုန်းထားများဖြင့် ဝန်ဆောင်မှုရယူနိုင်ပါပြီရှင်။ ခရီးတွင်လိုအပ်သော ရထားလက်မှတ်၊ ကားလက်မှတ်နှင့် ဝင်ခွင့်လက်မှတ်အစုံကိုလဲ စီစဉ်ပေးပါတယ်ရှင်။

Visa ပါတစ်ပါတည်းရယူချင်သူများအတွက် Malaysia , Dubai, India, Nepal E-Visa ဝန်ဆောင်မှုများရရှိနိုင်ပါတယ်ရှင်။

Online မှ ဝယ်ယူသူများအနေဖြင့် မိမိဝယ်ယူမည့်page အား အမှန်တကယ်လုပ်ငန်းလည်ပတ်နေကြောင်း သက်သေများရှိမှ အားပေးကြပါရန်လည်းတိုက်တွန်းအပ်ပါတယ်ရှင်။

အသေးစိတ်ကို ၂၄ နာရီ Page Messenger တွင် စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ဆက်သွယ်ရန် ။ 09448620665, 09955124428
Address : No. 82, 48 th Street, Botahtaung Tsp, Yangon.

ที่อยู่

Bangkok

เบอร์โทรศัพท์

+959448620665

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Flight Diary Travelsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Flight Diary Travels:

แชร์