DON Travel & Car Rental

DON Travel & Car Rental Travel & Tour Service

🐉 Bangkok ကနေ တစ်နာရီဝန်းကျင်နဲ့ ရောက်နိုင်တဲ့ နဂါးဘုရားကြီး Wat Don Yai (Lam Luk Ka) 🙏✨Bangkok အနီးတဝိုက်မှာ Weekend On...
10/08/2026

🐉 Bangkok ကနေ တစ်နာရီဝန်းကျင်နဲ့ ရောက်နိုင်တဲ့ နဂါးဘုရားကြီး Wat Don Yai (Lam Luk Ka) 🙏✨

Bangkok အနီးတဝိုက်မှာ Weekend One-Day Trip အနေနဲ့ သွားလည်လို့ကောင်းတဲ့ ဘုရားကျောင်းတစ်ခု ရှာနေတယ်ဆိုရင် Pathum Thani ခရိုင်၊ Lam Luk Ka မြို့နယ်မှာရှိတဲ့ Wat Don Yai (วัดดอนใหญ่) ကို DON Travel က အကြံပြုချင်ပါတယ်နော်။ Bangkok မြို့လယ်ကနေ ကားမောင်းရင် ၁ နာရီဝန်းကျင်သာ ကြာတာကြောင့် မနက်သွား၊ ညနေပြန် အေးအေးဆေးဆေး လည်ပတ်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

အရင်နှစ်အနည်းငယ်အတွင်း Social Media ပေါ်မှာ အရမ်းနာမည်ကြီးလာခဲ့တဲ့ အကြောင်းရင်းကတော့ ဘုရားကျောင်းရဲ့ အရှေ့ဘက်မှာ တည်ဆောက်ထားတဲ့ ဧရာမနဂါးဥယျာဉ် (Naga Park) ကြောင့်ပဲ ဖြစ်ပါတယ်။ အဝင်ဝကနေစပြီး အစိမ်းရောင်၊ ရွှေရောင်နဂါးကြီးတွေ လှည့်ပတ်နေတဲ့ အလှဆင်ဒီဇိုင်းတွေ၊ နဂါးခေါင်းကြီးတွေ၊ အနုစိတ်ပန်းပုလက်ရာတွေက ဓာတ်ပုံရိုက်ချင်စိတ်ကို အလိုလိုဖြစ်စေပါတယ်။ ထိုင်းလူမျိုးတွေကတော့ ဒီနေရာကို လာပြီး နဂါးကို ဂါရဝပြုကာ ကံကောင်းခြင်း၊ စီးပွားရေးအောင်မြင်ခြင်းနဲ့ ဘဝတိုးတက်မှုအတွက် ဆုတောင်းလေ့ရှိကြပါတယ်။

ဘုရားကျောင်းရဲ့ အတွင်းပိုင်းမှာလည်း အဖြူရောင်သပိတ်တော်ပုံစံနဲ့ လှပတဲ့ ဥပုသ်ဆောင်၊ အေးချမ်းတဲ့ ဘုရားဝင်း၊ သစ်ပင်ကြီးတွေရဲ့ အရိပ်အောက်မှာ အေးအေးလူလူ လမ်းလျှောက်နိုင်တဲ့ နေရာတွေရှိပါတယ်။ အဓိက ပူဇော်ကြတဲ့ Luang Pho Jai Dee Mang Mee Sri Suk ရုပ်ပွားတော်ကိုလည်း ဖူးမြော်ပြီး ကျန်းမာရေး၊ စီးပွားရေးနဲ့ မိသားစုအတွက် ဆုတောင်းကြသူတွေ အများအပြား လာရောက်ကြပါတယ်။

ဒီဘုရားရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ “နဂါးကလေး (Little Naga)” လို့ လူသိများတဲ့ အရောင်စုံ နဂါးရုပ်တုလေးတွေပါ။ ပန်းရောင်၊ အစိမ်းရောင်၊ ခရမ်းရောင် နဂါးကလေးတွေဟာ ချစ်စရာဒီဇိုင်းနဲ့ ပြုလုပ်ထားတာကြောင့် လူငယ်တွေကြားမှာ ဓာတ်ပုံရိုက်ဖို့ အရမ်းရေပန်းစားနေပြီး ကံကောင်းခြင်း၊ ငွေကြေးအောင်မြင်ခြင်းနဲ့ ဉာဏ်ပညာကို ကိုယ်စားပြုတယ်လို့ ယုံကြည်ကြပါတယ်။

ဓာတ်ပုံရိုက်ဖို့ အကောင်းဆုံးအချိန်ကတော့ မနက် ၈ နာရီကနေ ၁၀ နာရီဝန်းကျင် ဒါမှမဟုတ် ညနေ ၄ နာရီနောက်ပိုင်း ဖြစ်ပါတယ်။ နေကောင်းကောင်းရပြီး လူလည်းသိပ်မများသေးတာကြောင့် နဂါးဥယျာဉ်ရဲ့ အလှကို အေးအေးဆေးဆေး ရိုက်ကူးနိုင်ပါတယ်။ Weekend နဲ့ ဘုရားပွဲရက်တွေမှာတော့ ထိုင်းဘုရားဖူးတွေအများကြီး လာတတ်တာကြောင့် ကားပါကင်နဲ့ ဓာတ်ပုံရိုက်ဖို့ နည်းနည်းစောင့်ရနိုင်ပါတယ်။

ဘုရားကျောင်းကို နေ့တိုင်း မနက် ၇:၀၀ နာရီကနေ ည ၁၀:၀၀ နာရီအထိ ဖွင့်ထားပြီး ဝင်ကြေးမရှိဘဲ အခမဲ့ လာရောက်ဖူးမြော်နိုင်ပါတယ်။ ကားပါကင်ကျယ်ကျယ်ဝန်းဝန်းရှိတာကြောင့် ကိုယ်ပိုင်ကားနဲ့သွားရတာလည်း အဆင်ပြေပါတယ်။

Bangkok မြို့ရဲ့ အလုပ်ရှုပ်မှုတွေကနေ ခဏလောက်ထွက်ပြီး အေးချမ်းတဲ့ ဘုရားကျောင်းတစ်ခုကို သွားဖူးချင်တာပဲဖြစ်ဖြစ်၊ နဂါးပန်းပုလက်ရာကြီးတွေနဲ့ လှလှပပ ဓာတ်ပုံရိုက်ချင်တာပဲဖြစ်ဖြစ် Wat Don Yai (Lam Luk Ka) က သွားရောက်လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုပါနော်။ 🐉🙏✨

Don Travel & Car Rental ဝန်ဆောင်မှုများ
၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️
၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗
Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)
With Driver (ယာဉ်မောင်းပါပြီး)
၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️
၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨
📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

ဟိုတယ်ခန်းထဲက သတိထားစရာအရာများ 🤯ခရီးတစ်ခုကို သွားတဲ့အခါ ဟိုတယ်အခန်းတံခါးကို ဖွင့်လိုက်လို့ သန့်ရှင်းသပ်ရပ်တဲ့ အိပ်ရာကြီး...
05/08/2026

ဟိုတယ်ခန်းထဲက သတိထားစရာအရာများ 🤯
ခရီးတစ်ခုကို သွားတဲ့အခါ ဟိုတယ်အခန်းတံခါးကို ဖွင့်လိုက်လို့ သန့်ရှင်းသပ်ရပ်တဲ့ အိပ်ရာကြီးနဲ့ လှပတဲ့ အပြင်အဆင်တွေကို မြင်ရတာဟာ စိတ်အပန်းပြေစရာ အကောင်းဆုံး အခိုက်အတန့်ပါပဲ။ ဒါပေမဲ့ ငွေကြေးဘယ်လောက်ပဲ ပေးရပေးရ၊ ကြယ်ငါးပွင့်အဆင့်ပဲ ဖြစ်ဖြစ် ဘယ်ဟိုတယ်မဆို အပေါ်ယံ သန့်ရှင်းနေရုံမျှနဲ့တင် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုကို ရာနှုန်းပြည့် စိတ်မချနိုင်ပါဘူး။

ဟိုတယ်သန့်ရှင်းရေး ဝန်ထမ်းတွေဟာ အချိန်အကန့်အသတ်ကြောင့် အိပ်ရာခင်းလဲတာနဲ့ သန့်စင်ခန်း ဆေးကြောတာကိုပဲ အဓိက အာရုံစိုက်ကြပြီး၊ လူတိုင်း ကိုင်တွယ်နေပေမဲ့ သန့်ရှင်းရေးလုပ်ဖို့ ကျော်သွားတတ်တဲ့ အရာတွေရှိနေတတ်လို့ပါပဲ။ ဒါတင်မကဘဲ ဒစ်ဂျစ်တယ်ခေတ်မှာ ကိုယ့်ရဲ့ Privacy ကို ထိပါးလာနိုင်တဲ့ လျှို့ဝှက်အန္တရာယ်တွေကလည်း မထင်မှတ်တဲ့ နေရာတွေမှာ ပုန်းကွယ်နေတတ်ပါတယ်။

အဲဒါကြောင့် အခန်းထဲကို ရောက်တာနဲ့ ကျောပိုးအိတ်ကို ချ၊ ကုတင်ပေါ် ပစ်မလှဲလိုက်ခင်မှာ ကိုယ့်ရဲ့ ခရီးစဉ်တစ်ခုလုံး အစီအစဉ်မပျက်ဘဲ စိတ်အေးချမ်းသာစွာ နားနေနိုင်ဖို့အတွက် ၅ မိနစ်လောက် အချိန်ပေးပြီး မဖြစ်မနေ သတိထားစစ်ဆေးသင့်တဲ့ အချက်တွေကို DON Travel က လက်တွေ့ကျကျ ခွဲခြား တင်ပြပေးလိုက်ပါတယ်နော်။

၁။ ပိုးမွှားအလွယ်တကူ ကပ်ငြိနိုင်သော ပစ္စည်းများ
TV Remote - အခန်းတိုင်းတွင် ဧည့်သည်အများအပြား ထိတွေ့အသုံးပြုလေ့ရှိသော ပစ္စည်းဖြစ်တာကြောင့် အသုံးမပြုမီ Sanitizing Wipes ဖြင့် သုတ်ပေးခြင်းက ပိုမိုသန့်ရှင်းစေပါတယ်။

အလှဆင်ခေါင်းအုံးနှင့် အိပ်ရာပေါ်က အခင်းအလှများ (Bedspreads / Decorative Pillows) - အချို့ဟိုတယ်များတွင် အလှဆင်ပစ္စည်းများကို အိပ်ရာခင်းများလောက် မကြာခဏ လျှော်ဖွတ်ခြင်း မရှိတတ်ပါသဖြင့် စိတ်မသန့်ပါက ဘေးဖယ်ထား၍ အသုံးပြုနိုင်ပါတယ်။

ဖန်ခွက်များနှင့် ရေနွေးအိုး - အသုံးမပြုမီ ရေနှင့် ထပ်မံဆေးကြောခြင်း သို့မဟုတ် ရေနွေးတစ်ကြိမ် တည်၍ ဆေးကြောခြင်းက ပိုမိုစိတ်ချရစေပါတယ်။

မီးခလုတ်များနှင့် တံခါးလက်ကိုင်များ - လူအများ ထိတွေ့အသုံးပြုလေ့ရှိသော နေရာများဖြစ်သောကြောင့် ထိတွေ့ပြီးတာနဲ့ လက်ဆေးခြင်း သို့မဟုတ် Hand Gel အသုံးပြုခြင်းကို မမေ့သင့်ပါဘူး။

၂။ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် Privacy Check
အခန်းထဲသို့ ရောက်ရှိပြီးနောက် မိမိရဲ့ ပုဂ္ဂိုလ်ရေးလုံခြုံမှုအတွက် အခန်းအတွင်းရှိ ပုံမှန်မဟုတ်သော အီလက်ထရောနစ်ပစ္စည်းများ၊ အခန်းအပြင်အဆင်များနှင့် နေရာများကို အနည်းငယ် သတိထား စစ်ဆေးကြည့်ခြင်းက ပိုမိုစိတ်အေးချမ်းစွာ နားနေနိုင်စေပါတယ်။ သံသယဖြစ်ဖွယ် တစ်စုံတစ်ရာ တွေ့ရှိပါက ဟိုတယ်ဝန်ထမ်းများထံ ချက်ချင်း အကြောင်းကြားသင့်ပါတယ်။

၃။ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ
အိမ်သာသုံး Tissue များ - Tissue များကို အသုံးမပြုမီ သန့်ရှင်းမှုနှင့် အခြေအနေကို အနည်းငယ် စစ်ဆေးအသုံးပြုခြင်းက ပိုမိုစိတ်ချရစေပါတယ်။

အခန်းတံခါးကို Double Lock ချခြင်းနှင့် Security Alert ဆောင်ထားခြင်း - အပြင်ကနေ ကတ်ပြားဖြင့် ဖွင့်ရုံရုံတင်မကဘဲ အထဲကနေ သံကြိုးကွင်း သို့မဟုတ် မောင်းတံ (Deadbolt) ကို မဖြစ်မနေ ထပ်မံပိတ်ထားပါ။ အဲဒါအပြင် မိမိကိုယ်ပိုင် Security Alert ပစ္စည်းများဆောင်ထားပါ။ ဝန်ထမ်းများ မှားယွင်းဝင်ရောက်လာခြင်း သို့မဟုတ် အပြင်က လူစိမ်းများ ဝင်ရောက်လာခြင်းကို တားဆီးနိုင်ပါတယ်။

ခရီးသွားတဲ့အခါ စိတ်အေးချမ်းသာစွာနဲ့ အပန်းဖြေနိုင်ဖို့က အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။

ခရီးစဉ်တစ်လျှောက်လုံးမှာ ဟိုတယ် Booking ပြဿနာမရှိစေဖို့၊ Booking ပြည့်နေချိန်များတွင်လည်း အခြားသင့်လျော်သော ရွေးချယ်စရာများကို ရှာဖွေပေးခြင်း၊ ယုံကြည်စိတ်ချရပြီး သန့်ရှင်းသပ်ရပ်တဲ့ ဟိုတယ်ကောင်းတွေကိုသာ အကြံပြုပေးခြင်း စတာတွေကို DON Travel က အစအဆုံး တာဝန်ယူ စီစဉ်ဆောင်ရွက်ပေးနေပါတယ်နော်။

Don Travel & Car Rental ဝန်ဆောင်မှုများ
၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️
၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗
Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)
With Driver (ယာဉ်မောင်းပါပြီး)
၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️
၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨
📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

မိသားစုနဲ့ပဲသွားမလား… ချစ်သူလေးနဲ့ပဲသွားမလား… ဘန်ကောက်အနီးမှာ Zoo Date လုပ်ကြမယ် 🦒🦁💚ဘန်ကောက်မှာ နေတဲ့သူတွေအတွက် အားလပ်ရက...
31/07/2026

မိသားစုနဲ့ပဲသွားမလား… ချစ်သူလေးနဲ့ပဲသွားမလား… ဘန်ကောက်အနီးမှာ Zoo Date လုပ်ကြမယ် 🦒🦁💚

ဘန်ကောက်မှာ နေတဲ့သူတွေအတွက် အားလပ်ရက်ရောက်တိုင်း “ဘယ်သွားရမလဲ” ဆိုတာက အမြဲတမ်း စဉ်းစားရတဲ့မေးခွန်းတစ်ခုပါပဲနော်။ ကဖေးတွေသွားတာများလာပြီ၊ Shopping Mall တွေလည်း ရိုးလာပြီဆိုရင် သဘာဝနဲ့နီးနီးကပ်ကပ် အပန်းဖြေလို့ရတဲ့ နေရာတစ်ခုကို စဉ်းစားကြည့်သင့်ပါတယ်။

အဲဒီလို One-Day Trip လည်းသွားလို့ရ၊ မိသားစုနဲ့လည်း အဆင်ပြေ၊ ချစ်သူနဲ့ Date လုပ်လို့လည်းကောင်းတဲ့ နေရာကတော့ Khao Kheow Open Zoo ပါပဲ။ Chon Buri ခရိုင်ထဲမှာရှိပြီး ဘန်ကောက်ကနေ ကားနဲ့ ၁ နာရီခွဲကနေ ၂ နာရီဝန်းကျင်လောက်ပဲ မောင်းရပါတယ်။

အခုဆိုရင် တစ်ကမ္ဘာလုံးမှာ နာမည်ကြီးသွားတဲ့ Moo Deng လေးကြောင့် Khao Kheow Open Zoo ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေလည်း ပိုများလာပါတယ်။ Moo Deng လေးရဲ့ ချစ်စရာအမူအရာတွေ၊ အိပ်နေပုံတွေ၊ ရေကစားပုံတွေကို ကြည့်ရတာက ဒီ Zoo ရဲ့ Highlight တစ်ခုဖြစ်လာပါတယ်။

ဒီတိရစ္ဆာန်ဥယျာဉ်ရဲ့ ထပ်ပြီးထူးခြားတဲ့အချက်ကတော့ သာမန် Zoo တွေလို လှောင်အိမ်သေးသေးလေးတွေထဲမှာ တိလေးတွေကို ထည့်ထားတာမဟုတ်ဘဲ Open Zoo ပုံစံဖြစ်တာပါ။ နေရာကျယ်ကျယ်ဝန်းဝန်းထဲမှာ သဘာဝနဲ့အနီးစပ်ဆုံး နေထိုင်စေတာကြောင့် လည်ပတ်ရတာလည်း ပိုပြီးအဆင်ပြေပါတယ်။

တိရစ္ဆာန်ပေါင်း ရာနဲ့ချီရှိပြီး သစ်ကုလားအုတ်၊ ဆင်၊ ကျား၊ ခြင်္သေ့၊ ပင်ဂွင်း၊ ရေမြင်းနဲ့ အခြားတိရစ္ဆာန်မျိုးစုံကိုလည်း တွေ့နိုင်ပါတယ်။ တချို့ဇုန်တွေမှာ အစာကျွေးလို့ရသလို၊ တချို့နေရာတွေမှာ အနီးကပ်ကြည့်ရှုနိုင်တာကြောင့် ကလေးတွေကြိုက်သလို လူကြီးတွေအတွက်လည်း ပျော်စရာကောင်းပါတယ်။

မနက်စောစောသွားမယ်ဆိုရင် တိရစ္ဆာန်တွေက ပိုလှုပ်ရှားကြပြီး ရာသီဥတုလည်း မပူသေးတာကြောင့် ပိုပြီး လည်ပတ်လို့ကောင်းပါတယ်။ အထူးသဖြင့် တိရစ္ဆာန်အစာကျွေးချိန်တွေကို ကြည့်နိုင်ရင် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်။

တချို့နေရာတွေက ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြန်ချင်သွားပေမဲ့ Khao Kheow Open Zoo ကတော့ မနက်ကနေ ညနေအထိ အချိန်ကုန်သွားတာတောင် မသိလိုက်ရလောက်အောင် လည်ပတ်လို့ကောင်းတဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်နော်။

ဒီဥယျာဉ်ကြီးက စတုရန်းကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းတဲ့အတွက် လမ်းလျှောက်လည်တာထက် လည်ပတ်လို့ အကောင်းဆုံး နည်းလမ်း (၃) မျိုး ရှိပါတယ်။

၁။ Golf Cart ငှားမောင်းခြင်း - ဒါကတော့ အဆင်ပြေဆုံးနဲ့ Privacy အရှိဆုံးဖြစ်ပါတယ်။ မိသားစု သို့မဟုတ် ချစ်သူနဲ့ နှစ်ယောက်တည်း လွတ်လပ်စွာ မောင်းနှင်ပြီး စိတ်ကြိုက် အချိန်ပေး လည်ပတ်နိုင်ပါတယ်။

၂။ Auto Tram (ဥယျာဉ်တွင်း ဘတ်စ်ကား) - ဥယျာဉ်က စီစဉ်ပေးထားတဲ့ ကားကြီးကို စီးပြီး ဂိတ်အလိုက် ဆင်းလည်တဲ့ စနစ် ဖြစ်ပါတယ်။

၃။ မိမိတို့ကားဖြင့် မောင်းဝင်ခြင်း - မိမိတို့ ယူလာတဲ့ ကားအတိုင်း ဥယျာဉ်ထဲကို မောင်းဝင်ပြီး လည်ပတ်လို့လည်းရပါတယ်။

💰 ဝင်ကြေး

လူကြီး (နိုင်ငံခြားသား) – ၃၅၀ ဘတ်ဝန်းကျင်
ကလေး – ၁၂၀ ဘတ်ဝန်းကျင်
Golf Cart ငှားခ – အမျိုးအစားအလိုက် ၅၀၀ ဘတ်ဝန်းကျင်မှစပါတယ်။

🕘 ဖွင့်ချိန် - နေ့စဉ် မနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ

မိသားစုနဲ့ ကလေးတွေအတွက် ပျော်စရာနေ့တစ်နေ့ ဖန်တီးချင်တာပဲဖြစ်ဖြစ်၊ ချစ်သူနဲ့ အေးအေးဆေးဆေး Date လုပ်ချင်တာပဲဖြစ်ဖြစ်၊ ဘန်ကောက်အနီးမှာ One-Day Trip သွားဖို့ စဉ်းစားနေတယ်ဆိုရင် Khao Kheow Open Zoo ကို စာရင်းထဲ ထည့်ထားသင့်ပါတယ်နော်။ 🦒💚

Don Travel & Car Rental ဝန်ဆောင်မှုများ

၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️

၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗

Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)

With Driver (ယာဉ်မောင်းပါပြီး)

၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️

၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨

📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

KhaoKheowOpenZoo

DON ရှိနေမှတော့ ခရီးသွားဖို့ စိတ်အေးရပြီနော်💛ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ အလုပ်အရှုပ်ဆုံးကအစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ဝန်ဆ...
29/07/2026

DON ရှိနေမှတော့ ခရီးသွားဖို့ စိတ်အေးရပြီနော်💛

ခရီးသွားဖို့ ပြင်ဆင်တဲ့အခါ အလုပ်အရှုပ်ဆုံးကအစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့ ဝန်ဆောင်မှုတွေကို လိုက်ချိတ်ဆက်ရတာပါပဲ။ လေယာဉ်လက်မှတ်အတွက် Agency တစ်ခုဆီသွား၊ လည်ပတ်ဖို့နေရာတွေရဲ့လက်မှတ်အတွက် နောက်တစ်နေရာမှာရှာ၊ Hotel အတွက် ထပ်စုံစမ်း၊ သွားလာရေးအတွက်လည်း တစ်ခြားမှာ လိုက်စုံစမ်း... ဒီလိုနဲ့တင် ခရီးမထွက်ခင်မှာတင် လူက အတော်လေး ပင်ပန်းနေပြီလား ❓❓❓

✨ ဒီလိုတွေ ခရီးမထွက်ခင်ကတည်းက စိတ်ရှုပ်စရာ ခေါင်းခဲစရာတွေမဖြစ်ရလေအောင် DON ရဲ့ One-Stop Service က ဘာတွေ ကူညီပေးနိုင်မလဲ….❓🤔

ကျွန်တော်တို့ဆီမှာ ထိုင်းခရီးစဉ်အတွက် လိုအပ်တဲ့ ဝန်ဆောင်မှုမှန်သမျှကို တစ်နေရာတည်းမှာတင် (One-Stop Service) ပြီးစီးအောင် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ။

🛩 လေယာဉ်လက်မှတ် (Air Ticket) - မိတ်ဆွေတို့အတွက်အဆင်ပြေဆုံး အချိန်နဲ့ ဈေးနှုန်းတွေကို စီစဉ်ပေးပါတယ်။

🛏ဟိုတယ်အခန်း (Hotel Booking) - သန့်ရှင်းသပ်ရပ်ပြီး စိတ်ချရတဲ့ ဟိုတယ်တွေကို ဘွတ်ကင်လုပ်ပေးပါတယ်။

🚕 ကားအငှားဝန်ဆောင်မှု (Car Rental) - လေဆိပ်ကြို/ပို့ ကနေစလို့ ခရီးစဉ်တစ်လျှောက်လုံး စိတ်ကြိုက်လည်ပတ်ဖို့ ကားနဲ့ ဒရိုင်ဘာကို အသင့်စီစဉ်ပေးပါတယ်။

🎡ကစားကွင်းနှင့် Dinner Cruise လက်မှတ်များ - လိုင်းစီစောင့်စရာမလို၊ Walk-in ဝယ်တာထက်စျေးသက်သာပြီး အသင့်ဝင်ရုံပဲဖြစ်တဲ့ ကစားကွင်းလက်မှတ်တွေနဲ့ Dinner Cruise လက်မှတ်တွေကိုပါ တစ်ခါတည်းဝယ်ယူနိုင်ပါတယ်။

✅ စိတ်အေးရတယ် - အစအဆုံး တစ်နေရာတည်းမှာ လုပ်ထားတဲ့အတွက် လေယာဉ်ဆိုက်တာနဲ့ ကားက အသင့်ရှိနေမယ်၊ ဟိုတယ်ရောက်ရင်လည်း အဆင်သင့်ဖြစ်နေမယ် လည်ပတ်ဖို့အတွက်လည်း အဆင်သင့်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။

✅စီမံရလွယ်ကူတယ် - အရာအားလုံးအတွက် တစ်နေရာတည်းမှာ ပြောဆိုပြီး ဝယ်ယူနိုင်တဲ့အတွက် အဆင်ပြေစေပါတယ်။

❤️ “ခရီးသွားတယ်ဆိုတာ အပန်းဖြေဖို့ပါ။ မိတ်ဆွေတို့က ခေါင်းရှူပ်မခံပါနဲ့။ အစအဆုံး တာဝန််ယူပေးမဲ့ DON ရဲ့ ဝန်ဆောင်မှုကိုပဲ ရွေးချယ်လိုက်ပါနော်။”

✨ ခရီးသွားခြင်းဆိုတာ… ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိခြင်း တစ်မျိုးပါပဲ… ✈️🌍🍃ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေဟာ တစ်ခါတ...
22/07/2026

✨ ခရီးသွားခြင်းဆိုတာ… ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိခြင်း တစ်မျိုးပါပဲ… ✈️🌍🍃
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေဟာ တစ်ခါတလေကျရင် စက်ရုပ်တစ်ရုပ်လို ပုံသေကားချပ်တွေကြားမှာ လည်ပတ်နေတတ်ကြပါတယ်။ မနက်လင်းရင် အလုပ်သွားမယ်၊ တာဝန်တွေ ကျေပွန်အောင် ထမ်းဆောင်မယ်၊ ညဘက်ကျရင် ပင်ပန်းနွမ်းနယ်စွာနဲ့ အိပ်စက်မယ်။ ဒီလိုနဲ့ ရက်တွေ၊ လတွေ၊ နှစ်တွေ ကုန်လွန်လာတဲ့အခါ ကိုယ် ဘာတွေ ပင်ပန်းလို့ ပင်ပန်းနေမှန်း၊ ကိုယ့်ရဲ့ ရင်ထဲမှာ ဘာတွေ လိုအပ်လို့ လိုအပ်နေမှန်းတောင် မသိသာတော့တဲ့အထိ ဘဝက ရိုးအီပြီး ပျောက်ဆုံးနေတတ်ပါတယ်နော်။

အဲဒီလိုအချိန်မျိုးမှာ ခရီးတစ်ခု ထွက်လိုက်ခြင်းဟာ နေရာအသစ်တွေကို မြင်တွေ့ရုံ၊ အစားအသောက်အဆန်းတွေကို မြည်းစမ်းရုံတင်မကပါဘူး။ ရှုပ်ထွေးလှတဲ့ ပတ်ဝန်းကျင်ကနေ ခဏတာ ရုန်းထွက်ပြီး ကိုယ့်ရဲ့ နှလုံးသားသံစဉ်ကို ပြန်နားထောင်ခွင့်ရတဲ့ အဖိုးတန်ဆုံး စိတ်ကိုပြန်လည်ကုစားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။

ပင်လယ်ပြင်ကို ငေးကြည့်ရင်း လှိုင်းလုံးတွေရဲ့ ရိုက်ခတ်သံကြားမှာ ရင်ထဲက မွန်းကြပ်မှုတွေကို မျှောချပစ်ခဲ့ပြီး စိတ်ကူးသစ်တွေကို ပြန်လည်မွေးဖွားနိုင်ပါတယ်။

တန်ခိုးကြီးဘုရားကျောင်းကန်တွေဆီ ရောက်တဲ့အခါ တိတ်ဆိတ်ငြိမ်သက်တဲ့ အေးရိပ်အောက်မှာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကို ပြန်လည်အားဖြည့်ရင်း ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ပါတယ်။

စိမ်းစိုအေးချမ်းတဲ့မြို့လေးတစ်မြို့မှာ ခပ်အေးအေးသီချင်းလေး နားထောင်ရင်း ဘဝကို ဒီထက်ပိုပြီး အဓိပ္ပာယ်ရှိရှိ ဘယ်လိုရှေ့ဆက်မလဲဆိုတဲ့ ဆုံးဖြတ်ချက်အသစ်တွေကိုလည်း ချမှတ်နိုင်ပါတယ်။

အဲဒါတင်မကသေးပါဘူး၊ ခရီးထွက်ခြင်းကနေ ကျွန်တော်တို့ရဲ့ ဘဝအတွက် တခြားသော မမြင်နိုင်တဲ့ လက်ဆောင်မွန်တွေကိုလည်း ပေးစွမ်းပါသေးတယ်။ နေရာသစ်က လူနေမှုစရိုက်တွေ၊ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကို ကိုယ်တိုင်ထိတွေ့လိုက်ရတဲ့အခါ ကိုယ့်ရဲ့ အတွေးအမြင်တွေ ပိုမိုကျယ်ပြန့်လာပြီး ဘဝကို ရှုထောင့်အသစ်ကနေ ရင့်ကျက်စွာ ကြည့်မြင်တတ်လာပါလိမ့်မယ်။

တစ်ခါတလေ နေ့စဉ်ဘဝမှာ တွေးမထွက်ခဲ့တဲ့ အလုပ်ခွင်က ပြဿနာတွေ၊ ဘဝရဲ့ ရှေ့ဆက်ရမဲ့လမ်းစတွေဟာလည်း ပတ်ဝန်းကျင်အသစ်ရဲ့ လတ်ဆတ်တဲ့ စွမ်းအင်တွေကြောင့် ခေါင်းထဲမှာ အလိုအလျောက် ရှင်းလင်းသွားပြီး စိတ်ကူးစိတ်သန်းအသစ်တွေ ဝေဆာလာတတ်ပါတယ်။ ခရီးလမ်းမှာ ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေကို ကိုယ်တိုင်ဖြေရှင်းကျော်ဖြတ်ရင်းနဲ့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုမိုတိုးပွားလာစေမှာ အမှန်ပါပဲ။

ခရီးဆောင်အိတ်ကို ပိတ်လိုက်တဲ့ အသံဟာ... ကိုယ့်ကို ချည်နှောင်ထားတဲ့ မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကို ဖြတ်တောက်လိုက်တဲ့ အသံပါပဲ။ အိတ်ထဲမှာ အဝတ်အစား ဘယ်နှစ်စုံ ပါလဲဆိုတာထက်၊ ရင်ထဲက အမောတွေကို ဘယ်လောက် ချန်ထားခဲ့နိုင်မလဲဆိုတာက ပိုအရေးကြီးတယ်မဟုတ်လား။

ခရီးသွားဖို့ အစီအစဉ်ရှိလာရင် လမ်းမထက်မှာ ရောက်နေတဲ့ အချိန်အတွင်း ဘာအပူအပင်မှမရှိဘဲ ကိုယ့်ကိုယ်ကိုယ် အပြည့်အဝ အချိန်ပေးနိုင်ဖို့ ကျန်တဲ့ ခရီးစဉ်အစီအစဉ် အစအဆုံးကို DON Travel ကို လွှဲထားလိုက်ပါနော်။

ဘဝဆိုတာ အလုပ်လုပ်ဖို့ သက်သက်တင် မဟုတ်ပါဘူး။ ပျောက်ဆုံးနေတဲ့ ကိုယ့်ရဲ့ စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းဖို့နဲ့ ဘဝကို ပိုပြီးအဓိပ္ပာယ်ရှိရှိ ဖြတ်သန်းနိုင်ဖို့အတွက် ခရီးထွက်ဖို့ မမေ့ပါနဲ့ဦးနော်…။

Don Travel & Car Rental ဝန်ဆောင်မှုများ
၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️
၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗
Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)
With Driver (ယာဉ်မောင်းပါပြီး)
၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️
၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨
📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

🏮🤍 ဘန်ကောက်ရဲ့ အဖြူရောင်ကျောက်စိမ်းဘုရားကျောင်းသစ် ဖွင့်လှစ်! နှစ် ၁၀၀ ကျော် ကုသိုလ်ဓလေ့နဲ့ ယုံကြည်မှုကို ဆက်လက်သယ်ဆောင်...
20/07/2026

🏮🤍 ဘန်ကောက်ရဲ့ အဖြူရောင်ကျောက်စိမ်းဘုရားကျောင်းသစ် ဖွင့်လှစ်! နှစ် ၁၀၀ ကျော် ကုသိုလ်ဓလေ့နဲ့ ယုံကြည်မှုကို ဆက်လက်သယ်ဆောင်နေ 🪷

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sathon ခရိုင်၊ Charoen Rat လမ်းပေါ်မှာ Tai Hong Kong White Jade Shrine လို့ခေါ်တဲ့ တရုတ်ဘုရားကျောင်းသစ်ကြီးကို ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့က အများပြည်သူအတွက် တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်ရှင်။ ✨

ဒီဘုရားကျောင်းကို ဘုရင်မင်းမြတ်၏ ၇၂ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် တည်ဆောက်ခဲ့တာဖြစ်ပြီး ဖွင့်ပွဲအခမ်းအနားကို မေလ ၂၀ ရက်နေ့တွင် ဘုရင်မင်းမြတ်နှင့် မိဖုရားကြီးတို့ ကိုယ်တိုင် ကြွရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

🤍 ဘုရားကျောင်းရဲ့ အထူးခြားဆုံးအရာကတော့ Song မင်းဆက်ခေတ်က တရုတ်ဘုန်းတော်ကြီး Luang Pu Tai Hong ရဲ့ အဖြူရောင်ကျောက်စိမ်း ရုပ်တုကြီး ဖြစ်ပါတယ်။

ရုပ်တုဟာ အမြင့် ၅.၁ မီတာရှိပြီး အလေးချိန် ၅၁.၅ တန် ရှိကာ ထိုင်းနိုင်ငံအတွင်း အကြီးဆုံး အဖြူရောင်ကျောက်စိမ်းရုပ်တုများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

ထို့အပြင် ဘုရားကျောင်းအတွင်းမှာ Ksitigarbha Bodhisattva နဲ့ Guanyin Bodhisattva တို့ရဲ့ ကျောက်စိမ်းရုပ်တုများ၊ Teochew စတိုင် ဗိသုကာလက်ရာများ၊ နဂါးထွင်းထားတဲ့ ကျောက်တိုင်များနှင့် ဗုဒ္ဓတရားတော်များကို ဖော်ပြထားတဲ့ ကျောက်စိမ်းပန်းချီကားများကိုလည်း လေ့လာနိုင်ပါတယ်။ 🐉

🏛️ ဒီဘုရားကျောင်းကို ၁၈၉၉ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ နာမည်ကျော် ပရဟိတအဖွဲ့ Por Teck Tung Foundation က စီမံခန့်ခွဲနေပြီး လူမျိုး၊ ဘာသာမရွေး ကူညီပေးလာခဲ့တဲ့ သမိုင်းကြောင်း နှစ်ပေါင်း ၁၀၀ ကျော် ရှိပါတယ်။

📍 ဖွင့်ချိန် – နေ့စဉ် မနက် ၇:၀၀ မှ ညနေ ၆:၀၀ အထိ
🕯️ အမွှေးတိုင်၊ စက္ကူရွှေငွေများနှင့် အဆောင်များကို အခမဲ့ ရယူနိုင်ပါတယ်ရှင်။

ဘန်ကောက်မှာ ယဉ်ကျေးမှု၊ ဗိသုကာနဲ့ ယုံကြည်မှုတွေကို တစ်နေရာတည်းမှာ ခံစားချင်သူတွေအတွက် သွားရောက်လေ့လာသင့်တဲ့ နေရာသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်နော်။ 🤍

Ref: Khaosod English

✈️ ရန်ကုန် 🔁 ဘန်ကောက် လေယာဉ်လက်မှတ်အတွက် စျေးနှုန်းတွေ နှိုင်းယှဉ်ပြီး ရှာနေပါသလား?ထိုင်းနိုင်ငံကို အလည်အပတ်သွားဖို့ပဲဖြ...
17/07/2026

✈️ ရန်ကုန် 🔁 ဘန်ကောက် လေယာဉ်လက်မှတ်အတွက် စျေးနှုန်းတွေ နှိုင်းယှဉ်ပြီး ရှာနေပါသလား?

ထိုင်းနိုင်ငံကို အလည်အပတ်သွားဖို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စနဲ့ အလုပ်ကိစ္စတွေအတွက်ပဲဖြစ်ဖြစ် ခရီးစဉ်တစ်ခု စတော့မယ်ဆိုရင် လေယာဉ်လက်မှတ် ရှာရတာက အဓိကအလုပ်တစ်ခုပဲမလား။ ရက်အလိုက် စျေးနှုန်းတွေကလည်း ခဏခဏပြောင်းနေတတ်တော့ ဘယ်လိုဖြတ်ရင် ပိုအဆင်ပြေမလဲဆိုတာ စဉ်းစားရခက်တတ်ပါတယ်။

ကိုယ်တိုင် App တွေထဲမှာ လိုက်ရှာပြီး ဖြတ်ရတာ အဆင်မပြေတာမျိုး၊ ဘွတ်ကင်တင်ရတာ ရှုပ်ထွေးနေတာမျိုးတွေ ရှိရင်တော့ စိတ်ပူမနေပါနဲ့တော့နော်။ DON Travel ကနေ လူကြီးမင်းတို့ သွားမယ့်ရက်နဲ့ အကိုက်ညီဆုံးဖြစ်မယ့် လေကြောင်းလိုင်းတွေကို သေချာစိစစ်ပြီး အဆင်ပြေဆုံး စျေးနှုန်းတွေနဲ့ ရှာဖွေပေးနေပါပြီ။ 🎯

✨ DON Travel မှာ လက်မှတ်ဖြတ်ရင် ဘာတွေ ပိုအဆင်ပြေမလဲ?

MAI, AirAsia, MNA, Thai Airways စတဲ့ လေကြောင်းလိုင်းအားလုံးရဲ့ စျေးနှုန်းတွေကို တစ်နေရာတည်းမှာ တိုက်ရိုက်နှိုင်းယှဉ်ပြီး စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။

ကိုယ်တိုင် App ထဲမှာ ငွေချေရခက်ခဲတာတွေ၊ အချိန်ဇယားအမှားအယွင်းဖြစ်မှာတွေကို စိုးရိမ်စရာမလိုဘဲ ကျွန်တော်တို့ Admin Team က အစအဆုံး သေချာကိုင်တွယ်ပေးလို့ စိတ်ချလက်ချ အပ်ထားလိုက်ရုံပါပဲ။

လေယာဉ်လက်မှတ်အပြင် ထိုင်းရောက်ရင် သွားလာရလွယ်ကူအောင် လေဆိပ် အကြို/အပို့ (Airport Transfer) ကားဝန်ဆောင်မှုနဲ့ ကားအငှား (Self-Drive / Driver ပါ) ကိစ္စတွေကိုပါ တစ်ခါတည်း ချိတ်ဆက်စီစဉ်ပေးလို့ ခရီးစဉ်က ပိုပြီး အချိတ်အဆက်မိသွားမှာပါ။

📩 "ဘယ်ရက်မှာ လူဘယ်နှစ်ယောက် သွားမှာလဲ" ဆိုတာလေးကို DON Travel ရဲ့ Messenger မှာ အခုပဲ စာပို့ပြီး မေးမြန်းနိုင်ပါတယ်။ မိမိတို့အဖွဲ့နဲ့ အဆင်ပြေဆုံးဖြစ်မယ့် လေကြောင်းလိုင်း စျေးနှုန်းတွေကို ချက်ချင်း ရှာဖွေပေးပါ့မယ်ခင်ဗျာ။

#ထိုင်းလေယာဉ်လက်မှတ်

လေယာဉ်စီးဖို့ လေဆိပ်ကို စောစောရောက်သွားတဲ့အခါ Gate မဖွင့်သေးလို့ စောင့်ရတာ၊ Transit Flight ကြားမှာ အချိန်အကြာကြီး နားရတာ...
15/07/2026

လေယာဉ်စီးဖို့ လေဆိပ်ကို စောစောရောက်သွားတဲ့အခါ Gate မဖွင့်သေးလို့ စောင့်ရတာ၊ Transit Flight ကြားမှာ အချိန်အကြာကြီး နားရတာမျိုးတွေက ခရီးသွားတိုင်း ကြုံဖူးကြမဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတွေပါပဲ။

လူတွေအရမ်းရှုပ်တဲ့ Waiting Area မှာ ထိုင်စောင့်နေရတာထက် အေးအေးဆေးဆေး နားချင်တယ်၊ ဖုန်းအားသွင်းရင်း အလုပ်လုပ်ချင်တယ်၊ အစားအသောက်လေး စားရင်း ရေချိုးပြီး လူကို လန်းဆန်းသွားအောင် လုပ်ချင်တယ် ဆိုရင်တော့ Airport Lounge က အကောင်းဆုံး အဖြေပါပဲနော် ✨

Lounge ဆိုတာ VIP တွေအတွက်ပဲ သီးသန့်မဟုတ်ပါဘူး။ ခရီးသည်တိုင်း ငွေပေးပြီးဖြစ်ဖြစ်၊ ကိုယ့်ဆီမှာရှိတဲ့ Credit Card အခွင့်အရေးတွေနဲ့ဖြစ်ဖြစ် အဆင့်အတန်းရှိရှိ အသုံးပြုလို့ရတဲ့ Private နားနေဆောင်တစ်ခု ဖြစ်ပါတယ်။

အတွင်းထဲမှာဆိုရင်
☕ Premium ကော်ဖီနဲ့ အအေးမျိုးစုံ၊
🍜 Buffet စတိုင် အစားအသောက်တွေ၊
📶 မြန်နှုန်းမြင့် Wi-Fi နဲ့
🛋️ သက်သောင့်သက်သာရှိတဲ့ ဆိုဖာကြီးတွေ က အသင့်စောင့်ကြိုနေမှာပါ။ အဲဒါအပြင် Transit ကြာလို့ ပင်ပန်းနေရင်လည်း 🚿 ရေချိုးခန်း (Shower) ဝင်ပြီး လူကို အားအင်ပြန်ပြည့်အောင် လုပ်နိုင်သလို၊ တချို့ Lounge တွေမှာဆိုရင် Sleeping Area နဲ့ Spa Service တွေအထိပါ ရရှိနိုင်ပါသေးတယ်နော် ✨

၁။ Lounge ကို ဘယ်လိုဝင်လို့ရလဲ❓🤔
Lounge ဝင်ဖို့အတွက် ခက်ခက်ခဲခဲ စဉ်းစားစရာမလိုပါဘူး။ နည်းလမ်း (၃) မျိုးနဲ့ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်
• Business/First Class လက်မှတ်ရှိရုံနဲ့ Lounge ကို အခမဲ့ ဝင်ရောက် အနားယူနိုင်ပါတယ်။
• Credit Card အကျိုးခံစားခွင့်များ - ထိုင်းဘဏ်တွေဖြစ်တဲ့ (KBank, SCB, Bangkok Bank, UOB) က Premium ကတ်တွေအပြင်၊ မြန်မာနိုင်ငံက KBZ (Platinum), CB နဲ့ AYA (World Elite) ကတ်ရှိသူတွေလည်း အခမဲ့ (သို့မဟုတ်) Discount နဲ့ ဝင်လို့ရတတ်ပါတယ်နော်။
• Pay Per Use - ဘာကတ်မှ မရှိလည်း စိတ်မပူပါနဲ့နော်။ လေဆိပ်ပေါ်မူတည်ပြီး တစ်ခါဝင်ကြေး $25 ကနေ $60 ဝန်းကျင် ပေးရုံနဲ့ VIP ဝန်ဆောင်မှုကို စိတ်ကြိုက် ခံစားနိုင်မှာပါ။

၂။ လည်ပတ်ကြည့်သင့်တဲ့ နာမည်ကြီး Lounge များ ✨
📍 ဘန်ကောက် (Suvarnabhumi – BKK) - ထိုင်းရောက်ရင် အသုံးအများဆုံးကတော့ Miracle Lounge ပါပဲ။ အစားအသောက်လည်း တော်တော်စုံပါတယ်။ ပိုပြီး တိတ်ဆိတ်အေးချမ်းတာကို ကြိုက်ရင်တော့ The Coral Lounge ရဲ့ Interior အလှနဲ့ ဝန်ဆောင်မှုကို ရွေးချယ်သင့်ပါတယ်နော်။

📍 ရန်ကုန်လေဆိပ် (RGN) - မြန်မာပြည်က ခရီးမထွက်ခင် Mingalar Sky Lounge မှာ အေးအေးဆေးဆေး နားနေနိုင်ပါတယ်။ နေရာကျယ်ဝန်းပြီး အစားအသောက် စုံလင်တာကြောင့် ခရီးသည်တွေရဲ့ ကြိုက်တဲ့နေရာတစ်ခုပါပဲနော်။

📍 စင်ကာပူ (Changi Airport) - ကမ္ဘာ့အကောင်းဆုံးလေဆိပ်ဖြစ်တဲ့ Changi မှာဆိုရင် Plaza Premium နဲ့ SATS Premier Lounge တွေက အကောင်းဆုံးပါပဲ။ ရေချိုးခန်း ဝန်ဆောင်မှုတွေကအစ အရမ်းကို စိတ်ကျေနပ်ဖို့ ကောင်းပါတယ်နော်။

📍 ဒူဘိုင်း (DXB) - Transit ခရီးသည်တွေအတွက် Marhaba Lounge က အဆင်ပြေဆုံးဖြစ်ပြီး၊ Luxury အစစ်ကို ခံစားချင်ရင်တော့ Emirates Business Class Lounge ရဲ့ ကမ္ဘာ့အဆင့်မီ ဝန်ဆောင်မှုတွေကို စမ်းကြည့်ဖို့ တိုက်တွန်းပါရစေနော်✨

⚠️ အချိန်ကန့်သတ်ချက် - Lounge အများစုက တစ်ခါဝင်ရင် (၂) နာရီကနေ (၄) နာရီအထိပဲ ကန့်သတ်ထားတတ်တာကိုတော့ သတိပြုပါနော်။

Lounge ဆိုတာ Luxury ဆိုတာထက် ကိုယ့်ရဲ့ ခရီးစဉ်ကို ပိုပြီး သက်သောင့်သက်သာရှိစေမဲ့ Smart Travel တစ်မျိုးလို့ မြင်ပါတယ်။ ✈️ အထူးသဖြင့် ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ ခရီးသွားတဲ့အခါ ဒါမှမဟုတ် Transit အချိန်ကြာတဲ့အခါမှာ Lounge သုံးရတာ တကယ်ကို တန်ပါတယ်နော်။

Don Travel & Car Rental ဝန်ဆောင်မှုများ
၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️
၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗
Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)
With Driver (ယာဉ်မောင်းပါပြီး)
၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️
၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨
📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

သဘာဝအလှတရားကို အပြည့်အဝ ခံစားရမဲ့ ထိုင်းက ရေတံခွန် ၇ ဆင့် 🌿💦ဘန်ကောက်ရဲ့ လူရှုပ်လူများတဲ့ မြို့ပြဘဝကနေ ခဏလောက် ထွက်ပြေးပြ...
13/07/2026

သဘာဝအလှတရားကို အပြည့်အဝ ခံစားရမဲ့ ထိုင်းက ရေတံခွန် ၇ ဆင့် 🌿💦
ဘန်ကောက်ရဲ့ လူရှုပ်လူများတဲ့ မြို့ပြဘဝကနေ ခဏလောက် ထွက်ပြေးပြီး စိမ်းလန်းတဲ့ သစ်တောတွေ၊ ကြည်လင်တဲ့ ရေစီးသံတွေကြားမှာ အေးအေးဆေးဆေး အနားယူချင်သူတွေအတွက် Erawan National Park ဟာ ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ သဘာဝခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

ကန်ချနဘူရီခရိုင်ထဲမှာ တည်ရှိတဲ့ ဒီအမျိုးသားဥယျာဉ်ရဲ့ အဓိကဆွဲဆောင်မှုကတော့ Erawan Waterfall လို့ခေါ်တဲ့ ရေတံခွန် ၇ ဆင့်ပါပဲ။ ရေတံခွန်တစ်ဆင့်ချင်းစီမှာ အလှတရားမတူဘဲ စိမ်းပြာရောင် ရေကန်လေးတွေ၊ သစ်ပင်ကြီးတွေ၊ ကျောက်ဆောင်တွေကြားက သဘာဝရှုခင်းတွေကို တွေ့မြင်ရပါတယ်။

ဒီရေတံခွန်ရဲ့ ရေက စိမ်းလဲ့ ကြည်လင်နေပြီး သဘာဝရဲ့အရသာကို ကောင်းကောင်းခံစားနိုင်ပါတယ်။ အချို့နေရာတွေမှာ ရေဆင်းကူးလို့ရသလို အချို့နေရာတွေကတော့ ဓာတ်ပုံရိုက်ဖို့ အရမ်းလှပါတယ်။

အောက်အဆင့်တွေကို လွယ်လွယ်ကူကူ သွားနိုင်ပေမဲ့ အပေါ်ဆင့်တွေကို ရောက်ဖို့ဆိုရင် သဘာဝတောင်တက်လမ်းလေးတွေ ဖြတ်ရပါတယ်။ လမ်းလျှောက်ရင်း သစ်တောအလှ၊ ငှက်သံ၊ ရေစီးသံတွေကို ခံစားနိုင်တာက ဒီနေရာရဲ့ အဓိကဆွဲဆောင်မှုပါပဲ…။

🌿 ရေတံခွန် ၇ ဆင့်
အဆင့် ၁ – Hlai Khuen Rang
အလွယ်ဆုံးရောက်နိုင်တဲ့နေရာဖြစ်ပြီး မိသားစုတွေအတွက် သင့်တော်ပါတယ်။

အဆင့် ၂ – Wang Matcha
ရေကန်လေးလိုဖြစ်နေပြီး ရေဆင်းကူးသူများပါတယ်။

အဆင့် ၃ – Pha Nam Tok
ကျောက်ဆောင်တွေကြားက ရေစီးပုံက ဓာတ်ပုံရိုက်ဖို့ လှပါတယ်နော်။

အဆင့် ၄ – Oke Nang Phee Suea
ရေတံခွန်အလှ ပိုထင်ရှားလာတဲ့နေရာဖြစ်ပါတယ်။

အဆင့် ၅ – Buea Mai Long
တောင်တက်နည်းနည်း သွားရပေမဲ့ အရမ်းလှပါတယ်။

အဆင့် ၆ – D**g Pruksa
လူနည်းလာပြီး သဘာဝဆန်ဆန် ခံစားရပါတယ်။

အဆင့် ၇ – Phu Pha Erawan
အမြင့်ဆုံးအဆင့်ဖြစ်ပြီး Erawan ရေတံခွန်ရဲ့ အလှဆုံးနေရာလို့ ပြောကြပါတယ်။

ရေတံခွန် ၇ ဆင့်လုံးကို တက်မယ်ဆိုရင် အသွားအပြန် စုစုပေါင်း ၃–၄ ကီလိုမီတာလောက် လမ်းလျှောက်ရပါတယ်။

အချိန်ကတော့ ဆက်တိုက်တက်သွားမယ်ဆိုရင် ၁ နာရီခွဲ ၂ နာရီဝန်းကျင်ကြာနိုင်ပြီး ဓာတ်ပုံရိုက်တာ၊ ရေနားတာတွေပါရင်တော့ ၃ နာရီဝန်းကျင်လောက် ကြာနိုင်ပါတယ်။

အဲဒါကြောင့်
✔️ ဖိနပ်ကောင်းကောင်းစီးပါ
✔️ ရေဘူးယူသွားပါ
✔️ အဝတ်အစားပေါ့ပေါ့ပါးပါး ဝတ်ပါ
✔️ မိုးရာသီဆို လမ်းချော်နိုင်တာကြောင့် သတိထားပါ။
ကားမောင်းသွားမယ်ဆိုရင် ဘန်ကောက်ကနေ ၃ နာရီခန့်သာ ကြာပါတယ်နော်။

🎟️ နိုင်ငံခြားသား ဝင်ကြေး – ၃၀၀ ဘတ်ခန့်
⏰ ဖွင့်ချိန် - နံနက် ၀၈:၀၀ နာရီမှ ညနေ ၁၆:၃၀ နာရီအထိ

One Day Trip အနေနဲ့ သွားလို့ရသလို ကန်ချနဘူရီမှာ တစ်ညအိပ်ပြီး တခြားနေရာတွေပါ လည်ပတ်လို့လည်း အဆင်ပြေပါတယ်။

အေးအေးဆေးဆေး သဘာဝအလှတရားတွေကို ခံစားချင်သူ၊ တောင်တက်ရတာကြိုက်သူ၊ ရေတံခွန်လှလှတွေကို ဓာတ်ပုံရိုက်ချင်သူတွေအတွက် Erawan Waterfall က ထိုင်းနိုင်ငံမှာ တစ်ခါလောက်တော့ သွားကြည့်သင့်တဲ့ နေရာတစ်ခုပါပဲနော်။ 🌿💙

Don Travel & Car Rental ဝန်ဆောင်မှုများ
၁။ ဝင်ခွင့်လက်မှတ် ဝန်ဆောင်မှု (Ticketing Service) 🎟️
၂။ ကားအငှား ဝန်ဆောင်မှုများ (Car Rental Service) 🚗
Self Drive (ကိုယ်တိုင်မောင်းနှင်ချင်သူများအတွက်)
With Driver (ယာဉ်မောင်းပါပြီး)
၃။ လေယာဉ်လက်မှတ် ဝန်ဆောင်မှု (Flight Tickets) ✈️
၄။ ဟိုတယ်ဘွတ်ကင် ဝန်ဆောင်မှု (Hotel Booking) 🏨

📩 ထိုင်းနိုင်ငံခရီးစဉ်အတွက် လိုအပ်တာမှန်သမျှကို Don Travel သို့ အခုပဲ စိတ်ကြိုက်မေးမြန်း စုံစမ်းနိုင်ပါတယ်နော်။

🇹🇭 ထိုင်းရောက်ရင် ကိုယ်တိုင်မောင်းပြီး လွတ်လွတ်လပ်လပ် လည်ကြမလား? ထိုင်းနိုင်ငံကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခရီးလာတဲ့...
10/07/2026

🇹🇭 ထိုင်းရောက်ရင် ကိုယ်တိုင်မောင်းပြီး လွတ်လွတ်လပ်လပ် လည်ကြမလား?

ထိုင်းနိုင်ငံကို သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ခရီးလာတဲ့အခါ အဖွဲ့နဲ့ကွက်တိကျပြီး မောင်းရတာလည်း အဆင်ပြေမယ့် ကားမျိုးကို ရှာနေပါသလား? Tour အဖွဲ့တွေနောက်လည်း မလိုက်ချင်ဘူး၊ Grab စောင့်ရတာလည်း ကြာတယ်ဆိုရင်တော့ DON Travel ရဲ့ Self-Drive (ကိုယ်တိုင်မောင်း) ကားအငှားဝန်ဆောင်မှုက အသင့်ရှိနေပါပြီ။

ကျွန်တော်တို့ဆီမှာ လူကြီးမင်းတို့ သွားမယ့် လူဦးရေနဲ့ ခရီးစဉ်စတိုင်အလိုက် စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ကားလေးတွေကို အခုလို ခွဲခြားပြီး မိတ်ဆက်ပေးပါရစေနော်။ 👇

🚗 ၁။ စမတ်ကျကျနဲ့ လျှင်မြန်သွက်လက်တဲ့ "Suzuki Ciaz"
(မြို့တွင်းပတ်မောင်းမလား၊ ကမ်းခြေဘက်ပဲ ထွက်မလား အဆင်ပြေဆုံး)

မောင်းရတာ ငြိမ့်ညောင်းပြီး စက်အဆွဲအရုန်း ကောင်းမွန်တဲ့အတွက် လူငယ်တွေ ကြိုက်နှစ်သက်ကြတဲ့ ကားအမျိုးအစားပါ။ ဘန်ကောက်မြို့ထဲမှာပဲ မောင်းမောင်း၊ ပတ္တရား/ဟွာဟင်း လို ကမ်းခြေမြို့လေးတွေအထိပဲ သွားသွား လျှင်လျှင်မြန်မြန်နဲ့ သွက်လက်ပေါ့ပါးစွာ မောင်းနှင်နိုင်ပါတယ်။

🚗 ၂။ အတွင်းခန်းကျယ်ကျယ်နဲ့ ဆီစားသက်သာတဲ့ "Honda City"
(သူငယ်ချင်း ၃-၄ ယောက် ပစ္စည်းအပြည့်နဲ့ Chill ချင်သူများအတွက်)

Sedan ကားလေးဖြစ်ပေမဲ့ သူ့ရဲ့ အားသာချက်က အတွင်းခန်းနဲ့ အနောက်ပစ္စည်းတင်တဲ့ Space က တခြားကားတွေထက် ပိုမိုကျယ်ဝန်းတာပါပဲ။ ခြေဆန့်လက်ဆန့် သက်သောင့်သက်သာ လိုက်ပါနိုင်တဲ့အပြင် ဆီစားလည်း အရမ်းသက်သာတာမို့ ခရီးစဉ်တစ်လျှောက် ဘတ်ဂျက်ကို အကောင်းဆုံး ထိန်းညှိပေးမယ့် ကားလေးပါ။

🚙 ၃။ ကျယ်ဝန်းပြီး အကြမ်းခံတဲ့ "Family MPV" (၇ ယောက်စီး)
(မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းအုပ်စုနဲ့ဖြစ်ဖြစ် ခရီးဝေးသွားမယ့်သူများအတွက်)
ရရှိနိုင်မယ့် ကားအမျိုးအစား: Toyota Innova

လူလည်းများမယ်၊ ခရီးဆောင်အိတ်တွေလည်း အများကြီးပါမယ်ဆိုရင်တော့ ဒီ Multi-Purpose Vehicle (MPV) ကားကြီးက ကွက်တိပါပဲ။ ထိုင်ခုံ ၃ တန်းပါဝင်ပြီး ခရီးဝေးလမ်းတွေ၊ တောင်တက်လမ်းတွေမှာ အိန္ဒြေရရနဲ့ သက်သောင့်သက်သာ မောင်းနှင်နိုင်လို့ ခေါင်ယိုင် (Khao Yai) လို နေရာမျိုးတွေအထိ မိသားစုလိုက် Road Trip ထွက်ဖို့ အကောင်းဆုံးပေါ့။

✨ ဘာလို့ DON Travel ရဲ့ ကားတွေကို ရွေးသင့်တာလဲ?

✅ ၁၀၀% စိတ်ကြိုက် Schedule: ဘယ်အချိန်ထွက်မလဲ၊ ဘယ်နားမှာ ကဖေးခဏဝင်မလဲဆိုတာ ကိုယ့်အစီအစဉ်အတိုင်းလုပ်လို့ရပါတယ်!
✅ ၁၀၀% သန့်ရှင်းစိတ်ချရမှု: ကားတွေကို ပုံမှန် Check-up အမြဲလုပ်ထားပြီး အဲကွန်းအေးစိမ့်နေအောင် သန့်ရှင်းရေးလုပ်ပြီးမှ အပ်နှံပေးတာပါ။
✅ ၁၀၀% တွက်ချေကိုက်မှု: နေရာစုံသွားလေလေ၊ တစ်နေကုန် ကားတစ်စီးလုံးကို ကိုယ်ပိုင်သလို မောင်းရတာက ပိုတန်လေလေပါပဲ။

💡 ငှားရမ်းဖို့ လိုအပ်ချက်များ: Passport၊ အပြည်ပြည်ဆိုင်ရာ ယာဉ်မောင်းလိုင်စင် (International Driving Permit) နဲ့ Deposit အနည်းငယ်ရှိရုံနဲ့ အလွယ်တကူ ငှားရမ်းနိုင်ပါပြီ။

📩 "ဘယ်ရက်ကနေ ဘယ်ရက်အထိ၊ လူဘယ်နှစ်ယောက် သွားမှာလဲ" ဆိုတာလေးသာ ကျွန်တော်တို့ဆီ Message ပို့ပြီး မေးမြန်းလိုက်ပါ။ သွားမယ့်လူဦးရေနဲ့ အကိုက်ညီဆုံး ကားအမျိုးအစားကို ချက်ချင်း အကြောင်းပြန်ပေးပါ့မယ်ခင်ဗျာ။

#ထိုင်းနိုင်ငံကားအငှား #ကိုယ်တိုင်မောင်းကားအငှား

ที่อยู่

Bangkok

เบอร์โทรศัพท์

+66661076765

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ DON Travel & Car Rentalผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์