For Watching ဗဟုသုတ များကို မျှဝေပေးနေပါတယ်

31/03/2026
 #တချို့ကအတုမှကြိုက်တယ်=================(၁)"အရက်ဆိုင်တစ်ဆိုင်ကို လူတစ်ယောက်အရက်လာဝယ်တယ်။ ဆိုက်နဲ့ဂိုက်နဲ့ တကယ့်သူဌေးပုံစ...
30/03/2026

#တချို့ကအတုမှကြိုက်တယ်
=================

(၁)
"အရက်ဆိုင်တစ်ဆိုင်ကို
လူတစ်ယောက်အရက်လာဝယ်တယ်။
ဆိုက်နဲ့ဂိုက်နဲ့ တကယ့်သူဌေးပုံစံပေါ့
လေ။

" သူကပြောတယ်
စျေးကြီးရင်ကြီးပါစေ အရက်အစစ်ပဲရောင်းပေးပါတဲ့။
ဆိုင်ရှင်က သဘောပေါက်သွားပြီး
သူသေသေချာချာသိမ်းထားတဲ့ ပုလင်းကို ထုတ်လာပေးတယ်။
ဟိုလူက သေချာအောင်ထပ်မေးတယ်။ ကျုပ် ပုလင်းကို ခုဖွင့်သောက်ကြည့်မယ်နော် မစစ်ရင်မဝယ်ဘူး။

"ဆိုင်ရှင်ကလည်း
သိပ်သေချာတယ် အိုကေ ချပေါ့။
ဟိုလူဖွင့်သောက်တယ်
ဖွီးကနည်း ထွေးထုတ်တယ်။
အတုကြီးတဲ့ ပြီးတော့ ထပ်ပြောတယ်။
ကျုပ်က သောက်လာတာကြာပြီ အတုအစစ် ချက်ချင်းသိတယ်။
ကျုပ်ကိုမလိမ်နဲ့ အစစ်ပဲပေး ကြိုက်စျေးပြောတဲ့။
ဆိုင်ရှင် ထပ်သဘောပေါက်လိုက်ပြန်တယ်။

"သူရောင်းနေကျအတုတွေထဲကပဲ တစ်ပုလင်းပြန်ထုတ်ပေးလိုက်တယ်။ ဟိုလူက ဖွင့်သောက်ကြည့်ပြီး ကျေနပ်သွားတယ်။
ပိုက်ဆံအထပ်လိုက်ထုတ်ပေးသွားတယ်။
ဆိုင်ရှင်ကတော့ ခပ်ပြုံးပြုံးလေးတွေးတယ်။
အတုချည်းပဲသောက်ဖူးတော့ အစစ်ဆိုတာဘာမှန်းမသိဘူးပေါ့တဲ့။

(၂)
နယ်မြို့လေးတစ်မြို့မှာ လူတစ်ယောက်ဆေးခန်းလာဖွင့်တယ်။
(ဆရာဝန် ဟုတ်မဟုတ်မပြောထားဘူးနော်) တဖြည်းဖြည်းနဲ့ သူ့ဆေးခန်းလူနာများလာတယ်။ အဲ့ဒီမြို့လေးမှာ သူနဲ့ပြိုင်ဘက် အပ်ပုန်းတစ်ကောင်ရှိတယ်။ ကြာလာတော့
ဟိုအပ်ပုန်းဆီကလူနာတွေ သူ့ဆီရောက်လာရော။

"အပ်ပုန်းက မခံဘူး တဘက်လှည့်နဲ့ ကြားခံလူလွှတ်ပြီး သက်ဆိုင်ရာကိုသွားတိုင်တယ်။ ဒီလူ ဆရာဝန်မဟုတ်ဘဲ
ဆေးကုနေတယ်ပေါ့။ ဟိုလူက အဲ့ဒါကိုပြန်ကြားတယ်။
ဒါပေမယ့် သူဆရာဝန်ဟုတ်တယ် မဟုတ်ဘူးဆိုတာကို
ဘယ်သူ့ကိုမှ ဖြေရှင်းပြမနေဘူး။

"ကုမြဲအတိုင်းပဲ ဆက်ကုတယ်"
လူနာကလည်း များဆဲပဲ။ ဟိုအပ်ပုန်းက မရဘူး။ အသေအချာကို
မရ အက ထပ်တိုင်တယ်။ ကြာတော့ တာဝန်ရှိသူတွေကိုယ်တိုင်
လာမစစ်လို့ မရတာ့ဘူး။ သူ့ဆေးခန်းအထိ လာစစ်ကြရတယ်။
အဲ့ဒီကျတော့မှ သူက တုန်တုန်ရင်ရင်နဲ့ သူ့ဘွဲ့လက်မှတ်နဲ့
ဆမစာအုပ်လေးကို ထုတ်ပြတယ်။
ဟာ ခင်ဗျားဗျာ၊ ဆရာဝန်ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ နာမည်တွေ ဘွဲ့တွေ ဆိုင်းဘုတ်မချိတ်တာလဲဆိုတော့ ခပ်တိုးတိုးပြန်ဖြေရှာတယ်။
ဒီမှာက ဆရာဝန်အစစ်ဆို လူနာသိပ်မရဘူးတဲ့။

(၃)
"ဆရာမဂျူး"စာပေဟောပြောပွဲတစ်ခုမှာ စပြောပြောချင်း
အင်ထရို(Intro)ဝင်ပုံလေး။ သူပြောတာက စားပွဲလေးပေါ်မှာရှိတဲ့
ပန်းအိုးလေးကိုကိုင်ပြရင်း ပန်းအိုးလေးက လှလိုက်တာ
ကျွန်မလေ မြင်မြင်ချင်း အတုလေးတွေလားလို့တောင် ထင်မိတယ်။ တစ်ခါတလေကျတော့ ကျမတို့ပတ်ဝန်းကျင်မှာ အတုကိုအစစ်ထက်ပိုပြီး တန်ဖိုးထားကြတာတွေ များလာတယ်တဲ့။

(၄)
"ဘဏ်မှာငွေသွားအပ်လို့ ကိုယ့်ပိုက်ဆံမှာ အတုပါတယ်ဆိုပြီး အပေါက်ဖောက်လိုက်တယ်။ တံဆိပ်တုံးထုလိုက်တယ်။
ပြောရရင် ဖျက်ဆီးလိုက်တယ်ပေါ့။ ဒါကိုမှ လက်မခံရင် ရဲစခန်းမှာ
လိုက်ရှင်းရမယ်။ ဘယ်သူမှ အလုပ်ရှုပ်မခံချင်တော့
ထားလိုက်ပါပေါ့လေ။ ကိုယ့်လက်ထဲ ရောက်လာတဲ့ပိုက်ဆံ
အတုလား၊ အစစ်လား။ ဘယ်သူမှတစ်ရွက်ချင်း လိုက်မစစ်နိုင်ကြဘူး။
စစ်လည်း မစစ်တတ်ဘူးလေ။ အဲ့ဒီအချိန်မှာ ငွေအတုလုပ်တဲ့သူက
ငွေအစစ်ကို အထုပ်လိုက် ပိုက်ပြီးပြေးပြီ။

(၅)
"နံပါတ်အတုနဲ့ကားက တိုက်ပြီးမောင်းပြေးသွားရင်
သူနဲ့နံပါတ်တူတဲ့ ကားအစစ်ပိုင်ရှင်က ရုံးရောက်ဂတ်ရောက်
ဖြေရှင်းရတယ်။ အခန့်မသင့်ရင် ထောင်ထဲဝင်ရမယ်။
နံပါတ်အတုမောင်းတဲ့ကောင်က သာသာယာယာနှပ်နေပြီ။

(၆)
"တစ်ခါတလေကျတော့လည်း စဉ်းစားမိတယ်။
ငါတို့အစစ်အမှန်လို နေနေကြတာကရော တန်ရဲ့လားလို့

.to original writer.

မှားတဲ့အခါ ကြိမ်ဒဏ်လည်းခံဝံံ့သလိုမှန်တဲ့အခါဆိုလည်း ကြိုးစင်ကိုတွေးမကြောက်တတ်တဲ့ကောင်ပါ ဆားလား?သကြားလား?မသဲကွဲတဲ့လူတွေကြာ...
30/03/2026

မှားတဲ့အခါ ကြိမ်ဒဏ်လည်းခံဝံံ့သလို
မှန်တဲ့အခါဆိုလည်း ကြိုးစင်ကိုတွေးမကြောက်တတ်တဲ့ကောင်ပါ
ဆားလား?သကြားလား?မသဲကွဲတဲ့လူတွေကြား
ဟန်ဆောင်ပြုံးမပြတတ်ခြင်းဟာတပမ်းရှုံးနေတယ်ဆိုပေမယ့်
ဒေါင်းယောင်ဆောင်ထားသောကျီးမဟုတ်သလို
သိုးရည်ခြုံထားတဲ့ဝံပုလွေလည်းမဟုတ်တဲ့
ကိုယ့်ရဲ့ပကတ်ိအတိုင်းပဲရှင်သန်နေထိုင်ချင်တဲ့သိုးမည်းတစ်ကောင်ပေါ့
Vanyar Ko Ko

12/03/2026

ညည ဆို ရှေ့ဆက်ဘာတွေ ဖြစ်မလဲ တွေးရင်းနဲ့ အိပ်မပျော်ဘူးဗျာ

ဘာလုပ်ရမှန်း မသိလို့ ပြည်သူတွေ သိသင့်တာလေးတွေ ချရေးလိုက်တယ်..

တော်လှန်ရေး ဘာကြောင့် ကြာနေတာလဲ
တော်လှန်ရေး ကာလ ကြာနေရခြင်း
အကြောင်းအရင်းက ဘာလဲ...

အဖြေက ရှင်းပါတယ်....

(၁)အရင် ပိုက်ဆံ ကောင်းကောင်း မကိုင်ဖူးတဲ့ လူတွေက...တော်လှန်ရေး ကာလ မှ....ပြည်သူ ချွေးနည်းစာ ပိုက်ဆံကို ကိုယ့် ပိုက်ဆံ လို့ သဘောထားသုံးနေကြခြင်း/အရင် မစီးဖူးတဲ့ ကားတွေ ဆိုင်ကယ် တွေ တော်လှန်ရေး ကာလ မှ စီးရတော့ တော်လှန်ရေး အတွင်း စည်းစိမ်ရစ်မူးသွားခြင်း

(၂)
တော်လှန်ရေး ကာလ အချိန် ကြာလာတဲ့ အမျှ.....
လက်နက်ရဲ့ အရသာ ကို သိသွားပြီ... အာဏာရူးသွားခြင်း/ဘဝင်ရူးသွားခြင်း/မိမိကိုယ့်ကို မိမိ နယ်စားမင်း
ရွာစားမင်း ဟု ထင်မှတ်ကာ သူနယ်မြေ ငါ့နယ်မြေ ခွဲ ပြီး ရူးသွားခြင်း

(၃) ဒီမိုကရေစီရရှိရေး ဟု ကြွေးကြော် ခဲ့သော
ဆရာကြီး များ က...ဒီမိုကရေစီ ဆိုတာ ဘာမှန်း မသိတော့ပဲ...ငါနှင့် မတူ ငါ့ရန်သူ ဟူသည့်...အာဏာရှင်
ဆန်ဆန် ဖြစ်သွားခြင်း

အဓိက အဲ့ အချက်တွေ ကြောင့် ကြာနေတာပါ....

ပြည်သူ တွေ အနေနဲ့ လိုအပ်တာ ထက် ပိုပြီ
အလိုမလိုက်ကြပါနဲ့...မိဘ တောင် သားသမီးကို
အလို လိုက်ရင် ပျက်စီးပါတယ်။ လူ ကို ဖျက်တာ အရက် မဟုတ်ပါဘူး ပိုက်ဆံ ပါ....ပိုက်ဆံ မရှိရင် အရက် ဝယ်သောက်လို့ မရပါဘူး......

ချစ်တာ ချစ်လို့ ရပါတယ်..မနစ်မိပါစေနဲ့...

Credit copy. ကိုဇီး

ထိုင်းကိုသွားသူ ငါ့သူငယ်ချင်းအကြောင်း------------------------------------( ၁ )ဆန်တန်းစီဆီတန်းစီဓါတ်ဆီတန်းစီတဲ့ ဘဝကရုန်းထ...
06/03/2026

ထိုင်းကိုသွားသူ ငါ့သူငယ်ချင်းအကြောင်း
------------------------------------

( ၁ )

ဆန်တန်းစီ
ဆီတန်းစီ
ဓါတ်ဆီတန်းစီတဲ့ ဘဝကရုန်းထွက်ဖို့
Passport ရုံးမှာ တန်းစီတဲ့ ငါ့သူငယ်ချင်း

လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
လယ်ယာ၊ ကျွဲနွား၊ အိမ်ဝိုင်းစာချုပ်ထည့်ထားတယ်
နေ့ပြန်တိုး၊ လပြန်တိုး၊
နှစ်ပြန်တိုး၊ စစ်ပြန်တိုးတွေ ထည့်ထားတယ်

လက်ဖဝါးအရွယ် စာအုပ်အနီလေးမှာ
အဖေ့ မျှော်လင့်ချက် ရှိတယ်
အမေ့ မျက်ရည် ရှိတယ်
နောက်ပြီး....
အချစ်လက်ဖဝါးလေး လွှတ်ခဲ့ရတာရှိမယ် ။

PV နဲ့သွားသွား
PT နဲ့သွားသွား
ရောက်ဖို့က အရေးကြီးတယ်

PS နဲ့သွားသွား
PE နဲ့သွားသွား
ဒီနိုင်ငံနဲ့ ဝေးဖို့ အရေးကြီးတယ်

သွား...ငါ့ကောင်
နောက်ပြန်မကြည့်စတမ်း
ခပ်ပြတ်ပြတ် လှမ်း ငါ့ကောင် ။

( ၂ )

ငါ့သူငယ်ချင်း ထိုင်းကိုသွားမယ့်နေ့က
သူ့အမေဟာ
အိမ်အောက်က မြေကြီးခဲလေး နှုတ်
ထမီအထက်ဆင်နဲ့ ထုပ်လို့
ဘယ်ဒေသရောက်ရောက်
ကိုယ့်မြေမှာနေသလို သဘောထား...တဲ့

မင်းအမေရဲ့ ဇာတိမာန်ကို နားလည်ပါရဲ့
သို့ပေမယ့်
ဒီမြေမှာ တမ်းတစရာ ဘာများရှိလို့လဲ

ဘုရင် ဖြစ်ချင်သူတွေ အပေါဆုံးက ဒီနိုင်ငံ
မင်းမဲ့စရိုက် အများဆုံးလည်း ဒီနိုင်ငံ

ဓါတ်ကြိုးတွေ အရှုပ်ဆုံးက ဒီနိုင်ငံ
မီးမလင်းဆုံးလည်း ဒီနိုင်ငံ

ညောင်စေ့လောက် လျှပ်စစ်မီးရပြီး
ညောင်ပင်လောက် မီတာခဆောင်ရတဲ့နိုင်ငံ

ဝင်ငွေက ဆောင်းညအင်္ဂါလို
ကုန်ဈေးနှုန်းကျ ဘဝသံသရာလို

ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ။

( ၃ )

ပြန်မလာနဲ့ ငါ့ကောင်
ဖုန်းတစ်လုံးအတွက် လူtတ်ရဲတဲ့နိုင်ငံ
ဆိုင်ကယ်တစ်စီးအတွက် လူtတ်ရက်တဲ့နိုင်ငံ

မူးယစ်ဆေးကို
ခေါင်းကိုက်ပျောက်ဆေးလို လွယ်တဲ့နိုင်ငံ

ဆိုင်ကယ်စီးရင် ဦးထုပ်မဆောင်းကြသလို
Night out ထွက်ရင်လည်း ဦးထုပ်မဆောင်းတဲ့နိုင်ငံ

ကိုယ့်အသ-က်ကိုယ် ဖက်နဲ့ထုပ်ရင်း
ငါ...အသေချာမှာလိုက်မယ်
ပြန်မလာနဲ့ ငါ့ကောင်ရေ ။

( ၄ )

တစ်ခါတစ်လေ
ရွှေတိဂုံ၊ ပုဂံ၊ အင်းလေး၊ မုံရွာ
ထိုးမုန့်နဲ့ ဟာလဝါကို လွမ်းချင်လွမ်းပေါ့

ပြန်တော့မလာနဲ့ ငါ့ကောင်

ပိုင်ရှင်မဲ့ အလောင်းတွေ
မိဘမဲ့ ကလေးတွေ
လက်သည်မပေါ်တဲ့ ရာဇဝတ်မှုတွေ
နတ်နဂါးပူးကပ်သူနဲ့ မီးပွိုင့်မှာတောင်းစားသူတွေ
အလွန်ပေါတဲ့နိုင်ငံ

ဒီအရပ်ဟာ
လောလောဆယ် ပန်းတွေမပွင့်နိုင်တဲ့ ဖုန်းဆိုးမြေ ။

( ၅ )

ဓါတ်ငွေ့နဲ့လျှပ်စစ်ကို
Tယုတ်ပြည်ရောင်းပြီး
Tယုတ်ထုတ် ဘထ္ထရီနဲ့အင်ဗာတာ ပြန်ဝယ်ရတဲ့နိုင်ငံမှာ

နောက်ဆို
ထိုင်းသနပ်ခါးကို ငါတို့ဝယ်ရတော့မယ်
ထိုင်းသင်္ကြန်ဟာ အမွေနှစ်စာရင်းဝင်သွားပြီ

ဖြစ်နိုင်ရင်
သံလွင်မြစ်နဲ့ ဧရာဝတီကိုတောင်
နောက်ပြန်စီးခိုင်းချင်တဲ့ အိမ်နီးချင်းတွေကြား
ငါတို့ဟာ တူနာငါးလို တစ်လွှာခြင်းဖဲ့စားခံနေရ ။

( ၆ )

ပြန်မလာနဲ့ ငါ့ကောင်

ဒုက္ခတွင်းထဲ ပြန်လာမယ့်အစား
ပြည်ပမှာ ပျားလိုရှာ၊ ခြလိုစုပြီး
မိသားစုကို ထောက်ပံ့
မိသားစုနဲ့ ဝေးနေတဲ့ကောင်တွေကို ထောက်ပံ့
အိမ်ကို ထောက်ပံ့
အိမ်မရှိတော့တဲ့ လူတွေကို ထောက်ပံ့

ပြန်မလာနဲ့ ငါ့ကောင်

ဒီဖုန်းဆိုးမြေဟာ
ဘယ်မီးလှုံလှုံ မနွေးတဲ့အရပ်
ဘယ်ပန်းစိုက်စိုက် မမွှေးတဲ့အရပ်

" ဒီနိုင်ငံဟာ
ဘုရားမမြင်အောင်
မာရ်နတ် ဖွက်ထားတဲ့ အရပ်ပါကွာ ”

ဆန်းကျော်စွာဝင်း

02/03/2026

သတိပြုရန်

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေခင်းမှာ မာကျူရီ (ဗုဒ္ဓဟူး)၊ ဗီးနပ်စ် (သောကြာ)၊ စနေ၊ နက်ပကျွန်း၊ ယူရေးနပ်စ် နဲ့ ဂျူပီတာ (ကြာသပတေး...
27/02/2026

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေခင်းမှာ မာကျူရီ (ဗုဒ္ဓဟူး)၊ ဗီးနပ်စ် (သောကြာ)၊ စနေ၊ နက်ပကျွန်း၊ ယူရေးနပ်စ် နဲ့ ဂျူပီတာ (ကြာသပတေး) ဆိုတဲ့ ဂြိုဟ်ခြောက်လုံးကို တစ်ပြိုင်နက်တည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီဂြိုဟ်တွေဟာ နေ့ဘက်မှာ နေမင်းကြီး ဖြတ်သန်းသွားတဲ့ "နေသွားလမ်းကြောင်း" (Ecliptic) တစ်လျှောက်မှာ လှပတဲ့ အကွေးအဆန့်ပုံစံအတိုင်း တန်းစီနေကြမှာပါ။

အရှေ့ဘက်ကောင်းကင် (မြင်ကွင်းအသာဆုံးအပိုင်း)
လက်တွေ့ကျကျ ဘာတွေမြင်ရမလဲဆိုတာ ကြည့်ရအောင်။ ကြာသပတေးဂြိုဟ်ကတော့ အရှေ့ဘက်ကောင်းကင်မှာ မင်းမူနေမှာဖြစ်ပြီး မေထုန်ရာသီ (Gemini) ထဲက ကြယ်ကြီးနှစ်လုံးနားမှာ အလွန်တောက်ပနေပါလိမ့်မယ်။ ၉၂% လင်းပနေတဲ့ လမင်းကြီးကလည်း သူ့အနားမှာတင် (၄ ဒီဂရီအကွာမှာ) ရှိနေမှာ ဖြစ်လို့ ဒီမြင်ကွင်းတစ်ခုတည်းနဲ့တင် အပြင်ထွက်ကြည့်ရကျိုး နပ်ပါတယ်။ ယူရေးနပ်စ်ဂြိုဟ်ကတော့ ဖျောက်ဆိပ်ကြယ်စုအောက်နားမှာ ရှိနေမှာဖြစ်ပြီး သူ့ကိုကြည့်ဖို့ လက်ကိုင်မှန်ပြောင်း (Binoculars) လိုအပ်ပါလိမ့်မယ်။

အနောက်ဘက်ကောင်းကင် (စိန်ခေါ်မှုရှိတဲ့အပိုင်း)
အနောက်ဘက်ကို လှည့်ကြည့်လိုက်ရင်တော့ အနည်းငယ် ခက်ခဲနိုင်ပါတယ်။ သောကြာ၊ ဗုဒ္ဓဟူးနဲ့ စနေဂြိုဟ်တွေက အနောက်ဘက် မိုးကုတ်စက်ဝိုင်းနားမှာ ကပ်ပြီး စုပြုံနေလို့ပါ။

သောကြာဂြိုဟ်: အတောက်ပဆုံး ဖြစ်ပေမဲ့ နိမ့်နိမ့်လေးမှာပဲ ရှိနေမယ်။

ဗုဒ္ဓဟူးဂြိုဟ်: အလင်းရောင် မှိန်သွားပါပြီ။

စနေဂြိုဟ်: ကွယ်လုနီးပါး ဖြစ်နေပါပြီ။

ဒီဂြိုဟ်တွေကို မြင်နိုင်ဖို့ဆိုရင် အနောက်ဘက် မိုးကုတ်စက်ဝိုင်းက တိမ်ကင်းစင်ပြီး ရှင်းလင်းနေဖို့နဲ့ အချိန်ကိုက် ကြည့်နိုင်ဖို့ လိုအပ်ပါတယ်။ နက်ပကျွန်းကတော့ စနေဂြိုဟ်အနားမှာ ရှိနေပေမဲ့ တယ်လီစကုပ်နဲ့မှ မြင်ရမှာပါ။

စိတ်ဝင်စားစရာ အချက်အလက်:
သင်ဟာ ကီလိုမီတာ ၇၇ သန်းကနေ ၄.၅ ဘီလီယံအထိ ဝေးကွာတဲ့ ကမ္ဘာခြားက ဂြိုဟ်ကြီးတွေကို တစ်ချက်တည်းနဲ့ လှမ်းမြင်နေရတာပါ။ ဒီလို ရှားပါးလှတဲ့ ကောင်းကင်ပြကွက်ကြီးကို လက်မလွှတ်လိုက်ပါနဲ့ဦး။

မြန်မာနိုင်ငံအတွက် ကြည့်ရှုရမယ့်အချိန်ဇယား (ဖေဖော်ဝါရီ ၂၈၊ ၂၀၂၆)
ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေခင်းဟာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ကြည့်ရှုဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

၁။ အနောက်ဘက် ကောင်းကင် (နေဝင်ပြီးချင်း - အရေးကြီးဆုံးအချိန်)
ကြည့်ရှုရန်အချိန်: ညနေ ၆:၂၀ နာရီ မှ ၆:၅၀ နာရီ အတွင်း။

မြင်ကွင်း: နေဝင်ပြီးတာနဲ့ အနောက်ဘက် မိုးကုတ်စက်ဝိုင်း အနိမ့်ပိုင်းမှာ သောကြာဂြိုဟ် (Venus) ကို အရမ်းတောက်ပစွာ မြင်ရပါမယ်။ သူ့အနားမှာတင် ဗုဒ္ဓဟူး (Mercury) နဲ့ စနေ (Saturn) တို့ ကပ်လျက်ရှိနေမှာပါ။

သတိပြုရန်: ည ၇ နာရီကျော်တာနဲ့ ဒီဂြိုဟ်တွေဟာ မိုးကုတ်စက်ဝိုင်းအောက် ငုပ်လျှိုးသွားမှာ ဖြစ်လို့ နေဝင်ပြီး မိနစ် ၃၀ အတွင်း အမြန်ကြည့်ဖို့ လိုပါတယ်။

၂။ အရှေ့ဘက် ကောင်းကင် (တစ်ညလုံးနီးပါး)
ကြည့်ရှုရန်အချိန်: ညနေ ၆:၃၀ နာရီ မှ ညဉ့်နက်ပိုင်း အထိ။

မြင်ကွင်း: အရှေ့ဘက်ကောင်းကင်မှာတော့ ကြာသပတေးဂြိုဟ် (Jupiter) က အလွန်တောက်ပစွာ မင်းမူနေပါမယ်။ သူ့ရဲ့အထက် ၄ ဒီဂရီအကွာမှာတင် ၉၂% လင်းပနေတဲ့ လမင်းကြီး ကို မြင်ရမှာဖြစ်လို့ ရှာရတာ အရမ်းလွယ်ကူပါတယ်။

၃။ တယ်လီစကုပ်/မှန်ပြောင်းဖြင့် ကြည့်ရမည့်နေရာ
ယူရေးနပ်စ် (Uranus): ကြာသပတေးဂြိုဟ်ရဲ့ အထက်နား (ဖျောက်ဆိပ်ကြယ်စုအောက်) မှာ ရှိနေပါမယ်။ လက်ကိုင်မှန်ပြောင်း (Binoculars) ရှိရင် ပိုမြင်ရလွယ်ပါတယ်။

နက်ပကျွန်း (Neptune): အနောက်ဘက်က စနေဂြိုဟ်အနားမှာ ရှိနေပေမဲ့ တယ်လီစကုပ် အကောင်းစားရှိမှသာ မြင်နိုင်ပါလိမ့်မယ်။

💡 အကြံပြုချက် (Tips)
"အနောက်ဘက်က ဂြိုဟ်သုံးလုံး (သောကြာ၊ ဗုဒ္ဓဟူး၊ စနေ) ဟာ မြင်ကွင်းမှာ တော်တော်လေး နိမ့်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ညနေ ၆:၂၅ ဝန်းကျင် မှာ အနောက်ဘက် ကောင်းကင်ယံကို စောင့်ကြည့်ဖို့ အသင့်ပြင်ထားပါ။
#အာကာသနှင့်သိပ္ပံ #စကြာဝဠာနည်းပညာ #သိပ္ပံ #ဂြိုဟ်ခြောက်လုံးတန်းခြင်း #နက္ခ

26/02/2026

မှန်အောင်ဖြေတဲ့သူ ဖုန်းဘေယူ
Like and Share လုပ်ခဲ့နော်🙂😊

26/02/2026

မှန်အောင်ဖြေကြည့်နော်

22/02/2026

မိန်းမအပေါ် သစ္စာရှိလိုက်တာ

21/02/2026

ကိုယ့်အိမ်မှာ မီးချောင်း/ဖန်ချောင်း ကြွမ်းနေတဲ့အဟောင်များ လုပ်နေတာလေးပါ

ที่อยู่

ပါချင်ဘူရီ
Bangkok
ပါချင်ဘူရီ

เบอร์โทรศัพท์

+959444409120

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ For Watchingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์