Your Bangkok Diary

Your Bangkok Diary Your Bangkok Diary to fulfill all your needs!

ဘန်ကောက်ရောက်ရင် လည်ကိုလည်သင့်တဲ့ စျေးနှုန်းအချိုသာဆုံးကစားကွင်းကြီးတစ်ခုဖြစ်တဲ့ “ Siam Amazing Park “ 🎢 ဘန်ကောက်မှာ လည်...
08/11/2025

ဘန်ကောက်ရောက်ရင် လည်ကိုလည်သင့်တဲ့ စျေးနှုန်းအချိုသာဆုံးကစားကွင်းကြီးတစ်ခုဖြစ်တဲ့ “ Siam Amazing Park “ 🎢

ဘန်ကောက်မှာ လည်ပတ်ရင် **Siam Amazing Park** ကို မဖြစ်မနေ ထည့်သွားသင့်တယ်နော်။ ဒီနေရာက ဧက ၁၂၀ အကျယ်အဝန်းမှာ တည်ဆောက်ထားပြီး၊ **ကမ္ဘာ့အကြီးဆုံး ရေလှိုင်းတုကန် (World Largest Wave Pool)** ပါရှိတဲ့ နေရာတစ်ခုပါ။ ဒီပန်းခြံကြီးမှာ ကစားစရာ၊ ပျော်စရာ၊ စားစရာတွေ အပြည့်ပါ! 🎢🌊🍔

ဘာတွေထူးလဲ?
- **550 ဘတ်** နဲ့ တစ်နေကုန် ပျော်နိုင်တယ်!
- **Buffet** ပါပြီးသား၊ စားလိုက် ဆော့လိုက်နဲ့ အဆင်ပြေတယ်။ 😎
- **Rides တွေက Heavy ကြီးတွေ**၊ စီးရင် စိတ်ထိခိုက်စရာပါ!
- **မိသားစုလိုက်** သွားရင်လည်း အဆင်ပြေတယ်။

Siam Amazing Park မှာ နေရာ ၆ မျိုးခွဲထားပြီး၊ ကစားနည်းမျိုးစုံ ဆော့လို့ရတာကြောင့် လုံးဝလက်မလွှတ်သင့်ဘူးနော်...

Car rental🚗, Hotel Booking 🏨, Ticket 🎟️, Visa ဝန်ဆောင်မှုတွေလည်းရှိတာမို့ လိုအပ်ပါက page messenger 📩 ကနေလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

ခေါင်ရိုင်ကို သွားမယ်ဆိုရင် ဒီနေရာလေးကို လုံးဝ မလွတ်သင့်ပါဘူးနော် 🌿အသစ်မှ သစ်လုံးဝ fresh mood နဲ့ ဖွင့်ထားတဲ့ 𝐊 𝐇𝐦𝐨𝐧𝐠 𝐀𝐥...
10/10/2025

ခေါင်ရိုင်ကို သွားမယ်ဆိုရင် ဒီနေရာလေးကို လုံးဝ မလွတ်သင့်ပါဘူးနော် 🌿
အသစ်မှ သစ်လုံးဝ fresh mood နဲ့ ဖွင့်ထားတဲ့ 𝐊 𝐇𝐦𝐨𝐧𝐠 𝐀𝐥𝐩𝐚𝐜𝐚 𝐊𝐡𝐚𝐨 𝐘𝐚𝐢 🦙🐑🍃

တောင်တန်းကြီးတွေကြားမှာ သစ်ပင်စိမ်းလန်းနေတာကိုမြင်ရတာပဲစိတ်အေးသွားပြီး
လေညင်းလေးတွေ တဖြည်းဖြည်းတိုက်လာတာနဲ့တင် mind relax မို့ 🩵

ဒီမှာတော့ ချစ်စရာအယ်လ်ပါကာနဲ့ သိုးကလေးတွေနဲ့နီးနီးကပ်ကပ် အစာကျွေးလို့ရသလို
သူတို့အနားမှာ ဓာတ်ပုံလှလှလေးတွေလည်း ရိုက်နိုင်တယ် 📸
အပြင်မှာ Cafe လေးလည်းရှိပြီး တောင်ပေါ်လေညင်းနဲ့အေးဆေးအေးဆေး နေချင်သူတွေအတွက် perfect place လို့ပြောလို့ရမယ် ☕🍰

ဘေးက scenery လှလှနဲ့ ရဲတိုက်ပုံစံအဆောက်အဦးကြီးကိုကြည့်နေမိတာနဲ့တင်
Europe တစ်ခုခုမှာနေလို့ရသလိုပဲ ခံစားရမယ် 🇪🇺💭

🕓 Alpaca & Sheep တွေကိုတော့ မနက် 7:30 - 9:00 နဲ့ ညနေ 4:30 - 5:30 အချိန်တွင်းမှာသာ လွှတ်ထားတာဆိုတော့
အဲ့အချိန်လေးကိုမှတ်သားပြီးသွားဖို့မမေ့နဲ့နော်
အေးချမ်းတဲ့ လေညင်း၊ သဘာဝအလှနဲ့ ချစ်စရာအယ်လ်ပါကာတွေနဲ့ chill လိုက်ကြရအောင်
📍 K Hmong Alpaca Khao Yai – Nakhon Ratchasima

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

Bank account ဖွင့်ဖို့လည်း စိတ်ပူးရာမလိုဘဲ 💰 Visa ရဖို့လည်း စိတ်ချလက်ချလိုချင်တယ် ဆိုရင်တော့ အသက် (၅၀) နှစ်အထက် မိတ်ဆွေတ...
08/10/2025

Bank account ဖွင့်ဖို့လည်း စိတ်ပူးရာမလိုဘဲ 💰 Visa ရဖို့လည်း စိတ်ချလက်ချလိုချင်တယ် ဆိုရင်တော့ အသက် (၅၀) နှစ်အထက် မိတ်ဆွေတိုင်းအတွက် ထိုင်းနိုင်ငံမှာ အေးချမ်းအေးသာနဲ့ နေထိုင်နိုင်မယ့် Retirement Visa ရနိုင်ပါပြီ 👴👵🇹🇭

လက်ရှိမှာ ဘဏ်မူဝါဒတွေ ပြောင်းလဲနေတာများလာပြီး Bank Account ဖွင့်ဖို့ခက်ခဲတာ၊ Show Money ပြဖို့ စဉ်းစားရတာကြောင့် Visa လျှောက်ဖို့ စိတ်ပူနေသူတွေအတွက် သတင်းကောင်းလေးပါလာပါပြီ 💁‍♀️

အခုအခွင့်အရေးကတော့
📍Krungsri Bank အသစ်ဖွင့်ခြင်း + Retirement Visa (၁၅ လသက်တမ်း)
📍Show Money ကို ကိုယ်တိုင်ပြစရာမလိုဘဲ အကုန်အဆင်ပြေစေတဲ့ Package လေးဖြစ်ပါတယ် 💸

✨ Retirement Visa ရဲ့ အားသာချက်များ ✨
✔️ Visa သက်တမ်း ၁၅ လအထိ ရရှိမယ်
✔️ နှစ်တိုင်း သက်တမ်းတိုးပြီး နေနိုင်မယ်
✔️ Multi Entry လုပ်ပြီး မြန်မာပြန်သွားနိုင် (Extra charge အနည်းငယ်ရှိနိုင်)
✔️ လေဆိပ်မှာ စစ်ဆေးခံရတာ မရှိ

📌 လျှောက်ဖို့လိုအပ်ချက်များ
🔹 Visa သက်တမ်း ၂၀ ရက်ကျန်
🔹 Passport သက်တမ်း ၁၅ လအထက်
🔹 ဓာတ်ပုံ (၄x၆cm) ၅ ပုံ
🔹 TM30 နဲ့ အိမ်ငှားစာချုပ် (မရှိလျှင် အပို charges ရှိနိုင်)
🔹 ထိုင်းဘဏ်အကောင့်

ဘဏ်အကောင့်ဖွင့်ရာကနေ Visa လျှောက်ဖို့အထိ အဆင့်တိုင်းမှာ အချို့ခက်ခဲနေသူတွေအတွက် ဒီ service လေးကတော့ အကောင်းဆုံးဖြေရှင်းနည်းပဲလို့ ပြောလို့ရပါတယ် 🌿

အနားယူဖို့ စိတ်ချချင်သူတွေအတွက်
အေးအေးချမ်းချမ်းနဲ့ Visa ရဖို့အတွက် အချိန်မီ လုပ်ကြမယ်နော် 💫

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

04/10/2025

ဘတ် 550 ထဲနဲ့ Roller Coaster တွေစီးမယ် 🎢 ရေလွှာလျှောစီးမယ် ✅ Water Park မှာလဲရေအဝဆော့မယ် 🏄🏼‍♀️ Lunch Time မှာလဲ Buffet စားမယ် 🍽️ Tower အမြင့်ကြီးကနေလဲ View ကြည့်မယ် 👀
ဒီလိုအရမ်းအရမ်းတန်တဲ့ ကစားကွင်းကို ချစ်ရသူတွေနဲ့အတူအမှတ်တရတွေဖန်တီးဖို့ အခုပဲမင််မင်တို့ဆီလက်မှတ်တွေလာဖြတ်တော့နော် 👐🏻
အော် 550 ဘတ်နဲ့ကမင်မင်တို့ဆီလက်မှတ်ကြိုဝယ်မှဒီစျေးနဲ့ရမှာနော် ကာကာတို့ walk in သွားရင်ဒီစျေးနဲ့မရသလို Counter ရှေ့ရောက်ပြီးမှမင်မင်တို့ဆီပြေးလာဝယ်လဲမရဘူးနော် အဲ့ဒါကြောင့် လက်မှတ်လေးကြိုဝယ်ထားဖို့မမေ့ကြပါနဲ့နော် 🫶

Siam Amazing Park ကဘာလဲ ?

ဘန်ကောက်မှာ လည်ပတ်ရင်း **Siam Amazing Park** ကို မဖြစ်မနေ ထည့်သွားသင့်တယ်နော်။ ဒီနေရာက ဧက ၁၂၀ အကျယ်အဝန်းမှာ တည်ဆောက်ထားပြီး၊ **ကမ္ဘာ့အကြီးဆုံး ရေလှိုင်းတုကန် (World Largest Wave Pool)** ပါရှိတဲ့ နေရာတစ်ခုပါ။ ဒီပန်းခြံကြီးမှာ ကစားစရာ၊ ပျော်စရာ၊ စားစရာတွေ အပြည့်ပါ! 🎢🌊🍔

ဘာတွေထူးလဲ?
- **550 ဘတ်** နဲ့ တစ်နေကုန် ပျော်နိုင်တယ်!
- **Buffet** ပါပြီးသား၊ စားလိုက် ဆော့လိုက်နဲ့ အဆင်ပြေတယ်။ 😎
- **Rides တွေက Heavy ကြီးတွေ**၊ စီးရင် စိတ်လှုပ်ရှားပျော်ရွှင်စရာပါ!
- **မိသားစုလိုက်** သွားရင်လည်း အဆင်ပြေတယ်။

Siam Amazing Park မှာ Zone ၆ ခုခွဲထားပြီး၊ ကစားနည်းမျိုးစုံ ဆော့လို့ရတာကြောင့် လုံးဝလက်မလွှတ်သင့်ဘူးနော်...

Car rental🚗, Hotel Booking 🏨, Ticket 🎟️, Visa ဝန်ဆောင်မှုတွေလည်းရှိတာမို့ လိုအပ်ပါက page messenger 📩 ကနေလာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

Video Credit to Original Post Owner

အိမ်ပြန်လမ်းမှာ ရှိတဲ့ လှပေတဲ့ကမ်းပါးစွန်းက ကော်ဖီဆိုင်... ဓာတ်ပုံတိုင်းကို ပန်းချီကားချပ်လိုလှစေတဲ့ "ภูตะลึงคาเฟ่" ✨ဘန်...
30/09/2025

အိမ်ပြန်လမ်းမှာ ရှိတဲ့ လှပေတဲ့ကမ်းပါးစွန်းက ကော်ဖီဆိုင်... ဓာတ်ပုံတိုင်းကို ပန်းချီကားချပ်လိုလှစေတဲ့ "ภูตะลึงคาเฟ่" ✨

ဘန်ကောက်ကနေကားနဲ့ ၂ နာရီခွဲလောက်ဆို ဒီလိုလှပြတဲ့နေရာကို ရောက်နိုင်ပါပြီ 🚗

🌸 သဘာဝပန်းပွင့်တွေကြားထဲမှာ ကော်ဖီသောက်ရတာ
📸ဓာတ်ပုံထဲကိုဝင်လိုက်တာနဲ့ ပန်းပွင့်တွေနဲ့ပြည့်နေတဲ့အလှတွေ
🌄ကမ်းပါးစွန်းကနေ မြင်ရတဲ့ သဘာဝရှုခင်းတွေ
💖အေးဆေးစွာ အချိန်ကုန်ဆုံးနိုင်တဲ့ နေရာ

တကယ့်ကို ရှင်သန်ရတာကျေနပ်စရာကောင်းတဲ့အချိန်တွေကို ပိုင်ဆိုင်ချင်ရင် ဒီနေရာလေးကို သွားကြည့်ဖို့ အကြံပေးချင်ပါတယ်။

📍 တည်နေရာ - นครนายก (နခွန်နာယို့)
🕒ဖွင့်ချိန် - 08:00-18:00

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ Rapunzel ကာတွန်းထဲက မီးပုံးပျံလေးတွေကို လက်တွေ့မြင်ရမယ့်နေရာကို သိကြလား? 🪔မင်မင်တို့အားလုံး စောင့်မ...
28/09/2025

ငယ်ငယ်က ကြည့်ခဲ့ရတဲ့ Rapunzel ကာတွန်းထဲက မီးပုံးပျံလေးတွေကို လက်တွေ့မြင်ရမယ့်နေရာကို သိကြလား? 🪔

မင်မင်တို့အားလုံး စောင့်မျှော်နေကြတဲ့ ချင်းမိုင်မြို့ရဲ့ ကမ္ဘာ့အကြီးဆုံး မီးပုံးပျံပွဲတော်ကြီး ပြန်ရောက်လာပြီနော်!

ဒီနှစ် 2025 ဟာ ချင်းမိုင်ကိုလာ်မယ်ဆိုရင်တော့ ကမ္ဘာနဲ့ချီပြီး မှတ်တမ်းတင်ခံရတဲ့ ဒီပွဲတော်ကြီးမှာ ကိုယ်တိုင်ပါဝင်ဆင်နွှဲခွင့်ရမယ့်အခွင့်အရေးပါ။... တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ရဲ့ အလှတရားကို ထိုင်းမှာ ကိုယ်တိုင်ခံစားနိုင်မှာပါရှင့်
🏮

YiPeng Lantern Festival ဟာ မီးပုံးပျံလွှတ်တဲ့ပွဲတစ်ခုထက်ကို မကပါဘူး။ ဗုဒ္ဓဘာသာရဲ့ သဘောတရား၊ လှပတဲ့ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ စုပေါင်းပြီး ဆုတောင်းတဲ့ပွဲတော်ကြီးပါ။ ကောင်းကင်ယံကြီးတစ်ခုလုံးကို မီးပုံးပျံတွေနဲ့ လှည့်စားခံလိုက်ရတဲ့အခိုက်အတန့်က တစ်သက်လုံးမမေ့နိုင်တဲ့ အမှတ်တရဖြစ်မှာသေချာပါတယ်။

📅 နိုဝင်ဘာ ၅ ရက်နေ့ နဲ့ ၆ ရက်နေ့ ဆိုတော့ မှီပါသေးတယ်။
မီးပုံးပျံလွှတ်တင်မကဘဲဒေသရဲ့အရသာတွေကိုလည်း ဈေးပွဲတော်တွေမှာ ခံစားနိုင်မှာမို့ ချင်းမိုင်မြို့လေးရဲ့အလှကို အကုန်လုံးခံစားလို့ရပါတယ်။

ဒီလိုမျိုး အထူးအခွင့်အရေးကို လက်လွတ်မခံကြပါနဲ့နော်... ! 🌠

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

ရောင်းအားကောင်းဆုံး review ကောင်းဆုံး Car Rental Service 😉ဘယ်လိုပဲဖြစ်ဖြစ်နော်၊ စိတ်ကြိုက်နေရာကို ဆုံးဖြတ်ပြီးပြီဆိုရင်တ...
27/09/2025

ရောင်းအားကောင်းဆုံး review ကောင်းဆုံး Car Rental Service 😉

ဘယ်လိုပဲဖြစ်ဖြစ်နော်၊ စိတ်ကြိုက်နေရာကို ဆုံးဖြတ်ပြီးပြီဆိုရင်တော့... ဒီထက်ပိုပျော်စရာကောင်းတဲ့ အပိုင်းက ခရီးစဉ်ကို စတင်ဖို့ပါပဲ! 🚗💨

Alpha Luxury Car Rental မှာဆိုရင် မင်မင့်တို့ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး ကားတွေကို ရွေးချယ်ခွင့်ရမှာနော်။

· စတိုင်ကျကျ Sedan လေးနဲ့ သွားချင်လား...
· ကျယ်ကျယ်ဝေးဝေး SUV ကြီးနဲ့ မိသားစုလိုက်စီးချင်လား...
· အဖွဲ့လိုက်အပန်းဖြေမယ် Van ကြီးတောင် လိုအပ်နေလား...

တစ်နေ့တာအတွက်ပဲငှားမယ်၊ ရက်ရှည်ခရီးထွက်မယ်ဆိုတာကိုပါ Alpha က စိတ်ချလက်ချ စီစဉ်ပေးနိုင်ပါတယ်။

✈️ Airport Pick Up & Drop Off ဝန်ဆောင်မှုကလည်း ရှိသေးတယ်နော်။ ခရီးသည်တိုင်းအတွက် သက်တောင့်သက်သာရှိပြီး ကိုယ်ပိုင်ကားစီးသလို ခံစားရမယ့် ခရီးစဉ်ကို အာမခံပေးထားပါတယ်။

အရေးကြီးဆုံးက... သန့်သန့်ရှင်းရှင်း၊ အသစ်လေးတွေ၊ Professional Chauffeur တွေနဲ့ဆိုတော့ ကားမောင်းပူပန်းချိန်မှာ လမ်းပြမှားတာ၊ ယာဉ်ကြောပိတ်တာတွေ စိုးရိမ်စရာမလိုဘဲ ခရီးတစ်လျှောက်လုံး သီချင်းဖွင့်၊ ဓာတ်ပုံရိုက်၊ အိပ်ပျော်သွားလို့ရမှာပေါ့! 😴📸🎶

Your Bangkok Diary Car Rental Service အနေနဲ့ ခရီးတိုခရီးရှည် မရွေး မင်မင့်တို့ရဲ့ ခရီးစဉ်ကို စိတ်ချရဆုံး၊ အနှောင့်အယှက်ကင်းဆုံး ဖြစ်အောင် ဝန်ဆောင်မှုအပြည့်အစုံနဲ့ ကူညီပေးနေပါတယ်ရှင့်! ❤️

📲 အခုပဲ Booking လုပ်လိုက်ပါ၊ ခရီးစဉ်ကောင်းတစ်ခုကို စတင်ပြင်ဆင်လိုက်ကြရအောင်နော်!

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

Weekend မှာ Theme park သွားချင်တယ် Siam Amazing park လား Dream World ကိုသွားရမလား ရွေးရခက်နေတယ် ဆိုရင်တော့ ဒီ content လေ...
26/09/2025

Weekend မှာ Theme park သွားချင်တယ် Siam Amazing park လား Dream World ကိုသွားရမလား ရွေးရခက်နေတယ် ဆိုရင်တော့ ဒီ content လေးကိုဆုံးအောင်ဖတ်လိုက်ပါတော့နော်။☺️

ပိုက်ဆံလဲ ပေးရတာတန်ပြီး ကစားစရာတွေ အစားသောက်တွေလဲ ရတယ် တစ်နေ့လုံး လက်မှတ်တစ်စောင်တည်းနဲ့ တန်တန်လေးလည်ရတာ မို့ နှစ်ခုစလုံးက ရွေးချယ်သင့်တဲ့ အထဲမှာပါပါတယ် နော်။🥰

ဒါပေမယ့် Siam or Dream World ရွေးမယ်ဆိုရင်တော့ ဘာတွေကွာခြားသလဲ ဆိုတာ ကြည့်ပြီးမှ ရွေးနိုင်ပါမယ် ရှင့်။

ကဲ… ဒီတော့ နှစ်ခုစလုံးရဲ့ ထူးခြားချက်တွေကို ယှဉ်ကြည့်ရအောင်။🤔🤔

· Siam Amazing Park: ထိုင်းယဉ်ကျေးမှု နဲ့ ကမ္ဘာ့နေရာစုံ ကို ဗဟိုပြုထားတဲ့ theme။ "ကမ္ဘာ့အကြီးဆုံး ရေကစားပန်းခြံ" ဆိုတဲ့အတိုင်း ရေကစားစရာတွေ အဓိက ပိုများပါတယ်။ ပန်းခြံကလည်း ကျယ်ဝန်းပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်ဖက်အောင် ဒီဇိုင်းဆင်ထားတာ သတိထားမိမှာပါ။
· Dream World: စိတ်ကူးယဉ် ဥရောပ ပုံစံ theme။ လှပြီး စိတ်ကူးယဉ်စရာ အိပ်မက်နိုင်ငံလိုမျိုး ခံစားရအောင် ဆောက်ထားတာပါ။ ရေကစားစရာထက် မြေပြင်ကစားစရာ (Thrill Rides) တွေ ပိုများပါတယ်။ နာမည်ကျော် "Snow Town" လိုမျိုး မြို့လေး ပါဝင်တာက အားသာချက်ကြီးတစ်ခုပါ။💛

ရေကစားရတာ ကြိုက်တယ်၊ သဘာဝဆန်ဆန် လည်ချင်တယ် ဆိုရင် Siam Amazing Park။ စိတ်ကူးယဉ်စရာ နောက်ခံတွေနဲ့ ဓာတ်ပုံရိုက်ရတာ၊ လှုပ်ရှားမှုပြင်းတဲ့ စက်တွေ စီးရတာ ကြိုက်တယ်၊ နှင်းထဲ ဝင်ကစားချင်တယ် ဆိုရင် Dream World။💫

· Siam Amazing Park: ရေကစားစရာတွေ များများစားစားရှိပါတယ်။ Wave Pool, Lazy River, ဧရာမရေကစားကန်တွေ၊ မြင့်မားတဲ့ ရေလိုင်းတွေ စုံလို့ ရေမှာ တစ်နေကုန်နေလို့ရပါတယ်။
· Dream World: ground floor ကစားစရာတွေက ပိုစုံပါတယ်။ လူကြိုက်များတဲ့ roller coaster တွေ၊ လှည့်ပတ်စီးရတဲ့ ride တွေ၊ ကြောက်စရာကောင်းတဲ့ ride တွေ ပိုများပါတယ်။ Family-friendly rides တွေလည်း ရှိပါတယ်။
ရေနဲ့ ပက်သက်ပြီး ရေရေရာရာ ကစားချင်တယ် ဆိုရင် Siam။ စက်တွေ စီးပြီး စိတ်လှုပ်ရှားမှု ရှာချင်တယ် ဆိုရင် Dream World။💯

နှစ်ခုလုံးက တစ်နေ့လုံး လက်မှတ်တစ်ခုတည်းနဲ့ စီးလို့ရတဲ့ system ပါ။

· Siam Amazing Park: ပန်းခြံကြီးကျယ်တာနဲ့အမျှ ဈေးနှုန်းက Dream World ထက် အနည်းငယ် ပိုမြင့်နိုင်ပါတယ်။ ဒါပေမယ့် ရေကစားစရာတွေ အများကြီးပါတာကြောင့် တန်ဖိုးရှိတယ်လို့ ခံစားရစေပါတယ်။
· Dream World: ဈေးနှုန်း အနည်းငယ် သက်သာနိုင်ပါတယ်။ Promotion တွေလည် ပိုလုပ်လေ့ရှိပါတယ်။

ဘတ်ဂျက်အရ အနည်းငယ် သက်သာချင်ရင် Dream World က ပိုအဆင်ပြေပါတယ်ရှင့်။👐🏻

နှစ်ခုလုံးက Bangkok ကနေ မြို့ပြင်ဘက်မှာရှိပါတယ်။

· Siam Amazing Park: Bangkok ကနေ ကားနဲ့ ၁ နာရီခွဲခန့် မောင်းရပါတယ်။
· Dream World: Bangkok ကနေ ကားနဲ့ ၁ နာရီခန့် မောင်းရပါတယ်။ Siam Amazing Park ထက် အနည်းငယ် ပိုနီးပါတယ်။

ခရီးတိုတိုနဲ့ သွားချင်တယ် ဆိုရင် Dream World က အနည်းငယ် ပိုအဆင်ပြေပါတယ်။

· ရေနဲ့ ပတ်သက်တာကို ဦးစားပေးမယ်၊ နေပူထဲ ရေစိုစိုနဲ့ အေးအေးဆေးဆေး ဖြစ်ချင်တယ် ဆိုရင် Siam Amazing Park က အကောင်းဆုံးရွေးချယ်မှုပါ။
· စိတ်လှုပ်ရှားမှုပြင်း စက်တွေ စီးချင်တယ်၊ စိတ်ကူးယဉ်ဆန်တဲ့ နောက်ခံတွေမှာ ဓာတ်ပုံတွေ ရိုက်ချင်တယ်၊ ကစားချင်တယ် ဆိုရင်တော့ Dream World က မမှားပါဘူး။🥰

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

ခရီးသွားများနေတဲ့  ရေတံခွန် Huey Nam Yen Waterfall ဒီတစ်ခါတော့  ပိတ်ရက်မှာသွားနိုင်ဖို့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်း...
25/09/2025

ခရီးသွားများနေတဲ့ ရေတံခွန် Huey Nam Yen Waterfall

ဒီတစ်ခါတော့ ပိတ်ရက်မှာသွားနိုင်ဖို့ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်က လုံးဝကို ပင်ပန်းပေမယ့် တန်ဖိုးရှိတဲ့ ခရီးတစ်ခုအကြောင်း ပြောပြပါမယ်။ Huey Nam Yen Waterfall ဆိုတဲ့ နေရာပါ။ လှလဲလှသလို လမ်းခရီးကလဲ ပင်ပန်းတာဆိုတော့ ဘယ်လိုသွားသလဲ ကြည့်ရအောင်။🤗

အရင်ဆုံး Bangkok ကနေ Chiang Mai ကို လေယာဉ်နဲ့ ၁ နာရီကျော်ပျံ။ Chiang Mai ဆိပ်ကမ်းကနေ Mae Ya Noi (အောင်ကွေ့) ကျေးရွာကို ကားနဲ့ ၃ နာရီခွဲလောက် ဆက်မောင်း။ ကျေးရွာကနေ တောထဲကို ထပ်ဝင်ရပြန်ရော၊ ဒီတစ်ခါ ၂ နာရီလောက် ကားဆက်စီး။ နောက်ဆုံးတော့ ကားကဆင်းပြီး ၂ နာရီခွဲလောက် တောင်တက်လမ်းကို လျှောက်ရသေးတယ်။ ဒီလောက်ဆို ဘယ်လောက်ပင်ပန်းမယ်ဆိုတာ မြင်ယောင်မိမယ်ထင်တယ်။🫠

အောင်ကွေ့ (Mae Ya Noi) ကျေးရွာက Chiang Mai မြို့နယ်တွေထဲမှာ အဝေးဆုံးပါ။ လမ်းတွေကလည်း ကွန်ကရစ်လမ်းမောင်းရတာမျိုး မဟုတ်ပါဘူး။ ချိုင့်ခွက်တွေနဲ့ ဆိုတော့ သွားရလာရတာသိပ်တော့မလွယ်ပါဘူး။🥲

ဒါပေမယ့် လမ်းတစ်လျှောက်ရင် မြင်ရတဲ့ စိမ်းစိုတဲ့တောတောင်တွေ၊ သစ်ပင်တွေကြားက စိုစွတ်နေတဲ့ သဘာဝအလှတွေက ပင်ပန်းမှုကို မေ့သွားစေတယ်။ နောက်ဆုံး Huey Nam Yen Waterfall ကြီးကို ရောက်တဲ့အချိန်မှာတော့... "အမယ်လေး... ဒီအတွက်ပဲ ပင်ပန်းတာတန်ပါတယ်" လို့ ပြောမိသွားမှာပါ။ Jurassic World ဇာတ်ကားထဲဝင်သွားသလိုမျိုး သစ်တောကြီးထဲက ရှေးဟောင်းအလှတရားတစ်ခုပါ။

ရေတံခွန်က အဆင့်ဆင့်ရှိပါတယ် နေရာစုံမှာ ရေတံခွန်ငယ်လေးတွေ စီးကျနေတယ်။ 🥰

တစ်နေ့တည်းနဲ့ ပြန်တဲ့ခရီးဆို နည်းနည်းတော့ ပင်ပန်းပါတယ်။ အနည်းဆုံး ၂ ည၊ ၃ ရက်လောက်တော့ Mae Ya Noi မှာနေပြီး Mae Kong ကျေးရွာက Homestay တွေမှာ နေသင့်တယ်။🙏

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

Nitan Cafe 🌿 - ပထုမ္ပတီမြို့တွင်းက သဘာဝထဲက ကဖေးဆိုင်လေးတစ်ခုNitan Cafe 🌿 ကို ပထုမ္ပတီမြို့တွင်း မှာလည်ပတ်နိုင်ပါတယ်ရှင့်...
24/09/2025

Nitan Cafe 🌿 - ပထုမ္ပတီမြို့တွင်းက သဘာဝထဲက ကဖေးဆိုင်လေးတစ်ခု

Nitan Cafe 🌿 ကို ပထုမ္ပတီမြို့တွင်း မှာလည်ပတ်နိုင်ပါတယ်ရှင့်

လူငယ်တွေ ဆိုရက်သဘောကျမှာဖြစ်သလို 👩‍❤️‍👨၊ ကလေးတွေနဲ့ ပျော်ရွှင်တဲ့ မိသားစုဝင်တွေ အတွက်လဲ ကောင်းတာကြောင့် 👨‍👩‍👧‍👦 အားလုံးအတွက် သဘာဝနဲ့ ရင်းနှီးပြီး အေးချမ်းစွာ အပန်းဖြေခွင့်ရစေမယ့်၊ ပျော်ရွှင်ဖွယ်မိသားစုအချိန်တွေကို အတူတူဖြတ်သန်းနိုင်မယ့် အကောင်းဆုံးနေရာလေးပါ။

ဒီကဖေးမှာဆိုရင်...
🍰အရသာရှိတဲ့ ကွတ်ကီးနဲ့ အချိုပွဲလေးတွေ
🍦အေးမြတဲ့ ရေခဲမုန့်
သဘာဝဆန်ပြီးအရသာပြည့်ဝတဲ့ မီနူးအမျိုးမျိုးကို သာယာတဲ့ ပတ်ဝန်းကျင်နဲ့အတူ တင်ဆက်ထားတာမို့ စားသောက်ရင်း အနုပညာဆန်တဲ့ အရသာလေးတွေကိုပါ ခံစားနိုင်မှာပါ။ 🎨🌿

ဥယျာဉ်ခြံထဲက လှပ ငြိမ်သက်တဲ့ လေထု၊ ချစ်စရာကောင်းတဲ့ အိမ်ကလေးတွေနဲ့ လမ်းခင်းကြားလေးတွေဟာ နိတ်ဒါန်းပုံပြင် (Nitan Tale) လောကထဲကို ရောက်ရှိသွားသလို ခံစားရစေမှာ သေချာပါတယ်။ ✨

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

ဘန်ကောက်မြို့လယ်က စိတ်ငြိမ်းချမ်းရာ - Wat Pathum Wanaram 🌿Siam Paragon ရဲ့ ခေတ်သစ်အဆောက်အအုံကြီးဘေးမှာပဲ ရာစုနှစ်တစ်ခုကျ...
22/09/2025

ဘန်ကောက်မြို့လယ်က စိတ်ငြိမ်းချမ်းရာ - Wat Pathum Wanaram 🌿

Siam Paragon ရဲ့ ခေတ်သစ်အဆောက်အအုံကြီးဘေးမှာပဲ ရာစုနှစ်တစ်ခုကျော် သမိုင်းကြောင်းနဲ့ Wat Pathum Wanaram ဘုရားကျောင်းဟာ အေးချမ်းစွာ တည်ရှိနေပါတယ်။ ✨

ကျောင်းဝင်းထဲကို ခြေလှမ်းတစ်လှမ်းလှမ်းလိုက်တာနဲ့ မြို့ကြီးရဲ့ဆူညံမှုအားလုံး နောက်ဘက်ကို ကျန်ရစ်သွားသလို ခံစားရမှာပါ။ 🌳 သစ်ပင်ကြီးတွေရဲ့အရိပ်အောက်၊ လေညင်းတွေညှင်းညှင်းတိုက်ခတ်ရင်း လမ်းလျှောက်ရတဲ့အခါ စိတ်ထဲမှာ ငြိမ်းချမ်းမှုကို ခံစားရမှာ အမှန်ပါပဲ။ 🍃

ဒီနေရာမှာ လုပ်လို့ရတဲ့အရာတွေကလည်း ထူးခြားပါတယ်။ 🕔 ညနေ ၅ နာရီမှာ စီးဆင်းတဲ့ ဆုတောင်းသံတွေနဲ့အတူ ဝတ်ပြုနိုင်သလို၊ 🌅 မနက်စောစောမှာတော့ ရဟန်းတော်တွေရဲ့ဆွမ်းခံကြွသည့်အလှတရားကို ကြည့်ရှုခွင့်ရမှာပါ။ 🙏

ပိုပြီးအားကျစရာကောင်းတာက ဒီနေရာမှာ သီလယူပြီး ညအိပ်ချင်ရင်လည်း အခမဲ့နေထိုင်ခွင့်ရတာပါပဲ။ 🧘‍♀️ အမျိုးသား/အမျိုးသမီး သီးသန့်နေရာစီစဉ်ပေးထားတာမို့ စိတ်ချလက်ချနေထိုင်နိုင်ပါတယ်။ 👍

တကယ်လို့ ဘန်ကောက်မြို့ကြီးရဲ့ဆူညံမှုတွေကြားက ခိုလှုံရာနေရာတစ်ခုကို ရှာဖွေနေမယ်ဆိုရင် Wat Pathum Wanaram လေးကိုသွားသင့်ပါတယ်။

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

🌴✈️ Phuket ၃ ရက် ၂ ည ခရီးစဉ်လေးကို အချိန်နည်းနည်းနဲ့ စုံစုံလင်လင် သွားနိုင်ဖို့ ဒီနေရာလေးတွေကိုသိထားသင့်တယ်နော်။စားသောက်...
21/09/2025

🌴✈️ Phuket ၃ ရက် ၂ ည ခရီးစဉ်လေးကို အချိန်နည်းနည်းနဲ့ စုံစုံလင်လင် သွားနိုင်ဖို့ ဒီနေရာလေးတွေကိုသိထားသင့်တယ်နော်။
စားသောက်တာကအစ 🌮🍹 လှည့်လည်ကြည့်ရှု ခံစားရမယ့်နေရာတွေ၊ နေဝင်ချိန်အလှကိုကြည့်ရင် အမှတ်တရတွေ ရယူနိုင်ဖို့ ဒီ နေရာတွေကို လိုက်ပို့ပေးပါတယ် ရှင့်။

Phuket ဆိုရင် 🏖️ လှပတဲ့ island view တွေ၊ အရမ်းမိုက်တဲ့ sunset point 🌅 တွေ၊
လက်လွတ်မခံသင့်တဲ့ local food တွေ အပြည့်အဝ တစ်နှစ်ပတ်လုံး သွားလို့မပျင်းတဲ့မြို့လေးပါရှင့် 😍

✨ 20 Phuket Must-Go Spots ✨

Old Town

The Chartered Bank Check-in Spot

Ta Kieb Thong Restaurant

One Chun Restaurant

333 At The Beach

Tian Tian Restaurant

Lao Pa Sa Restaurant

Laem Krating

Windmill Viewpoint

Promthep Cape

Kalim Coconut Tree Spot

Ya Nui Beach

Khao Rang Viewpoint

Black Rock Viewpoint

Bang Pae Waterfall

Banana Beach

Pa Phap Pa Viewpoint

Pine Tunnel Road

Freedom Beach

Naithon Wooden Bridge

Phuket လို trip လေးကို ၃ ရက် ၂ ညပဲ နေပြီး အရမ်းကို အစုံအလင် စုံလင်အောင် ခံစားသွားနိုင်မယ်ဆိုတော့ တကယ့် အမှတ်တရမေ့မရတဲ့ ခရီးလေး ဖြစ်သွားမှာပါ။ ကားငှားရမ်းရင် မင်မင့်တို့ အကုန် ပို့ပေးပါတယ် ရှင့် 🥰

Car rental
Hotel booking
Student visa
Cruise ticket
Theme park ticket
Show ticket
TR Visa
China Visa
Laos Visa
ထိုင်းနိုင်ငံမှာ လိုအပ်တာ အကုန် Your Bangkok Diary မှာရယူနိုင်ပါတယ် ရှင့်။



🌏✈️🇹🇭

ที่อยู่

Ramkhamhaeng , Hua Mak , Bang Kapi District
Bangkok
10240

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Your Bangkok Diaryผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Your Bangkok Diary:

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์