Bangkok Map Travel and Tour

Bangkok Map Travel and Tour ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Bangkok Map Travel and Tour, บริษัทท่องเที่ยว, Bangkok.

ဝါဆိုသင်္ကန်းနဲ့ လမြတ်ဝါဆိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဝါတွင်း (၃) လတာကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဝါဆိုလပြည့်နေ့က...
11/07/2025

ဝါဆိုသင်္ကန်းနဲ့ လမြတ်ဝါဆို

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့အဖို့ ဝါတွင်း (၃) လတာကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဝါဆိုလပြည့်နေ့ကနေ သီတင်းကျွတ်လပြည့်နေ့အထိ ဝါတွင်းသုံးလလို့ သတ်မှတ်ထားပါတယ်။ ရဟန်းသံဃာသာမဏေများဟာ လက်ရှိရောက်ရှိ သီတင်းသုံးနေထိုင်တဲ့ ကျောင်းများမှာ ဝါဆိုရမှာ ဖြစ်ပါတယ်။ ဝါဆိုတယ်ဆိုတာကတော့ ဝါတွင်းသုံးလအတွင်းမှာ ကျောင်းပြောင်းရွှေ့သီတင်းသုံးခြင်း၊ ခရီးသွားလာခြင်းများမပြုပဲ နေရမှာဖြစ်ပါတယ်။ ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တော် အခါတုန်းက ရဟန်းသံဃာတော်များက ဟိုမှသည်မှ သွားလာမှု များပြားကြတဲ့အတွက် ပြည်သူတွေ ထွန်ယက်စိုက်ထားတဲ့ လယ်ယာမြေတွေပေါ်ကနေ ဖြတ်သန်းသွားလာကြတာကြောင့် အဲဒီလယ်ယာမြေတွေ ပျက်စီးကုန်ကြတာကြောင့် ဒီရာသီသုံးလမှာ ခရီးမသွားရ၊ ဝါဆိုကြရမယ်လို့ မြတ်စွာဘုရားရှင်က ပညတ်တော်မူခဲ့တာလို့ သိရပါတယ်။ ဒါကြောင့် လူတို့ဘောင်မှာလည်း ဝါတွင်းမှာ အိမ်ထောင်သားမွေးမှုပြုခြင်း၊ အိမ်ယာပြောင်းရွှေ့ခြင်းများ မပြုလုပ်ကြပါဘူး။ ကျေးငှက်တိရစ္ဆာန်တွေတောင် အသိုက်ဆောက်တာတို့ မပြုလုပ်ကြဘူးလို့ဆိုပါတယ်။
ဝါဆိုလမှာ ရဟန်းသံဃာတော်တွေကို ဝါဆိုသင်္ကန်းလည်း ဆက်ကပ်လှူဒါန်းကြပါတယ်။ ရဟန်းသာမဏေများဟာ ဆွမ်းခံထွက်ကြွတဲ့အခါမှာ ထီးမဆောင်းရ၊ ဖိနပ်မစီးရပါဘူး။ ခုလိုမိုးရာသီမှာဆိုရင် သင်္ကန်းတွေ စိုရွှဲကုန်တဲ့အတွက် ထည်လဲဝတ်စရာ မလောက်ငတော့ပါဘူး။ ဒါ့ကြောင့် ဒီအခက်အခဲကို ဖြည့်ဆည်းတဲ့အနေနဲ့ သံဃာတော်များကို သင်္ကန်းကပ်လှူကြရတာပါ။ ဝါဆိုတော်မူကြမယ့် အခါကာလဖြစ်လို့ ဝါဆိုသင်္ကန်းရယ်လို့ခေါ်ကြတာပါ။ ဒါ့ကြောင့် ဝါဆိုသင်္ကန်း ကပ်ရတာဟာလည်း အင်မတန်မှ ကုသိုလ်ထူးပါတယ်။
ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး
(၁) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်ကို ဆင်မြန်းရန် အဝတ်အထည်အတွက် စိုးရိမ်သောကများမဖြစ်စေရခြင်း။
(၂) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိ၏ ခန္ဓာကိုယ်မှ အသားအရေတို့သည် ရွှေရောင်လို ဝင်းဝါတောက်ပနေရခြင်း။
(၃) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်မှ နှစ်လိုဖွယ် အရောင်ထွက်ပေါ်ခြင်း။
(၄) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... မိမိခန္ဓာကိုယ်အသားအရည်တို့သည် နုညံ့ချောမွေ့နေခြင်း။
(၅) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ မိမိခန္ဓာကိုယ်မှာ မှဲ့ခြောက် တင်းတိတ် ဝတ်ခြံ စသောအညစ်အကြေးတို့မရှိခြင်း။
(၆) ယခုဘဝကစ နိဗ္ဗာန်ကိုမျက်မှောက်မပြုခင်စပ်ကြား ဖြစ်လေရာဘဝတိုင်းမှာ... ခေတ်ကာလအလျောက်ပေါ်ပေါက်လာသည့် အဝတ်အထည်တို့ကို မိမိတို့စိတ်ထဲကနေ တောင်းတလိုက်ရုံဖြင့်အလွယ်တကူရရှိ၍ ဝတ်ဆင်နိုင်ရခြင်း။
(၇) နောင်ပွင့်တော်မူကြမည့် ဘုရားရှင်တို့နှင့် ကံကောင်းထောက်မစွာ ကြုံတွေ့သည့်အခါ ထိုဘုရားရှင်သည် ဝါဆိုသင်္ကန်းလှူဒါန်းဘူးခဲ့သည့် ကုသိုလ်ရှင်အား ဧဟိဘိက္ခု လာလော့ ရဟန်းဟုခေါ်လိုက်ရုံဖြင့် ခေါင်းကဆံပင် ခန္ဓာကိုယ်မှာဆင်မြန်းထားသည့်အဝတ်အစား စသည့်လူ့အသုံးအဆောင်များပျောက်ကွယ်၍ (၁၅၀၀) ကိလေသာကုန်ခမ်းကာရဟန္တာစစ်စစ် ဧကန်ဖြစ်ရခြင်းဟူသော... ကောင်းကျိုး (၇) မျိးကို ဝါဆိုသင်္ကန်းအလှူရှင်များ ရရှိနိုင်၏။
ထို(၇)မျိးတို့တွင် (၁)မှ(၆)သည် လောကီကောင်းကျိုးများဖြစ်၏ ။ နံပါတ်(၇)သည် လောကုတ္တရာကောင်းကျိုးဖြစ်၏..။ သို့ဖြစ်၍ ဝါဆိုသင်္ကန်းအလှူရှင်တို့သည် လောကီကောင်းကျိုး လောကုတ္တရာချမ်းသာ အဖြာဖြာတို့ကို ရရှိကြမှာဖြစ်လို့ ဤနှစ်ဝါတွင်းကာလ၌ သံဃာတော်များအား ဝါဆိုသင်္ကန်းလှူဒါန်းဆက်ကပ်ဖြစ်အောင်ကြိုးစားအားထုတ်ကြဖို့တိုက်တွန်းလိုက်ရပါသည်။

#ဝါဆိုသင်္ကန်း

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အလေးအမြတ်ထားရာ 🌕 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဘဲ ဖြစ်ပါတယ်...🙏ဂေါတမဘုရားလော...
09/07/2025

ယနေ့ဟာဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အလေးအမြတ်ထားရာ 🌕 ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဘဲ ဖြစ်ပါတယ်...

🙏ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်ခြင်း...

🙏ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်ခြင်း...

🙏ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရားကို စတင်ဟောတော်မူသောနေ့ဖြစ်ခြင်း...

🙏ရေမီးအစုံဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း...

🙏ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်ခြင်း...

🙏တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း...

🙏သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်ခြင်း...

🙏"ဧဟိ ဘိက္ခု"ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စတဲ့အချက်တွေဟာဆိုရင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)ရဲ့ထူးခြားချက်များလို့တောင်ဆိုရမှာပါ...

👉 သန္ဓေ တောထွက် ၊ ဓမ္မစက် တစ်ချက် ပြာဋိဟာ။
၀ါဆိုလပြည့် ၊ ထူးခြားနေ့ အောက်မေ့ ဤလေးဖြာလို့ ဖွဲ့ဆိုထားတဲ့ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့် (ဓမ္မာစကြာအခါတော်နေ့) တွင်...

ရဟန်း ရှင်လူပြည်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လိုရာဆန္ဒများပြည့်ဝကြပါစေကြောင်းလည်း Bangkok Map မိသားစုမှ ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်...🙏

#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

ဩဂုတ်လကုန်အထိ လူဦးရေ ၇ ဦးပြည့်ရုံနဲ့ အထူးပရိုမိုးရှင်း နှုန်းထားဖြင့် ရရှိမဲ့ Sealife Ocean World ရဲ့ ဝင်ကြေးလက်မှတ်အထူး...
04/07/2025

ဩဂုတ်လကုန်အထိ လူဦးရေ ၇ ဦးပြည့်ရုံနဲ့
အထူးပရိုမိုးရှင်း နှုန်းထားဖြင့် ရရှိမဲ့ Sealife Ocean World ရဲ့ ဝင်ကြေးလက်မှတ်အထူးလျှော့စျေး …

Sea life Ocean World & Madame Tussauds Group of (7 Pax) Promotion
ပရိုမိုးရှင်းကာလ 2 Jun 2025 – 31 Aug 2025

Sea life Ocean World Admission Only - (Not Include Digital Photo) - ၈၀၀ ဘတ်

BIG Ticket – Sea life Ocean World Admission + Madame Tussauds Bangkok - (Not Include Digital Photo) - ၉၀၀ ဘတ်

လူဦးရေ ၇ ယောက်မပြည့်ပေမဲ့လည်း ပုံမှန်စျေးနှုန်းထက်ပိုချိုသာတဲ့ပုံမှန်နှုန်းထားနဲ့ Sea life Ocean World & Madame Tussauds ဝင်ကြေးလက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပါတယ်နော်။

Sea life Ocean World + Madame Tussauds(Include Digital photo) - ၁၁၉၀/၁၀၉၀ ဘတ်
Sea life Ocean World Only(Include Digital photo) - ၁၁၅၀/၉၉၀ ဘတ်

ထိုင်းနိုင်ငံတနိုင်ငံလုံးမှာ
ရရှိနိုင်သော ဝင်ကြေးလက်မှတ်များကိုလည်း Bangkok Map Travel မှာ ကြိုတင်ဝယ်ယူနိုင်ပြီး အထူးသက်သာတဲ့နှုန်းထားတွေနဲ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်နော်။
Bangkok, Pattaya, Hua Hinn, Phuket တို့မှာရှိတဲ့လည်ပတ်စရာနေရာဝင်ကြေးလက်မှတ်တွေကို အထူးသက်သာတဲ့စျေးနှုန်းတွေနဲ့ ကြိုတင်ဝယ်ယူချင်တယ်ဆိုရင်တော့
CB ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။
သို့မဟုတ် ကိုယ်တိုင်လာရောက် ဝယ်လိုပါက -

📞Ph - 0654596983, 0643510795 သို့ ဆက်သွယ်လိုက်ပါရှင့် လမ်းညွှန်ပေးပါမယ်နော်
အသေးစိတ် မေးမြန်းဆက်သွယ်ချင်ရင်တော့
📲ဖုန်းဆက်၍သော် လည်းကောင်း Viber/ Line မှတစ်ဆင့် အသေးစိတ်ကို ဆက်သွယ်မေး မြန်းလို့ရပါတယ်
📞Ph - 0654596983, 0643510795
Line - +66654596983
👩‍❤️‍👨ခရီးစဉ်လေးတွေကို ၂ ဦးမှစပြီး Private ပုံစံလေးစီစဉ်ပေးခြင်း...
👪မိသားစုအလိုက် စီစဉ်ပေးခြင်း...
💁Company အသင်းအဖွဲ့ customized အလိုက်ကို ဘန်ကောက်အခြေစိုက် Bangkok Map Travel & Tour မှ စီစဉ်ပေးနေပြီနော်...
👉 Online ⬇️
✅ KBZ, Kpay, AYA, CB ဘဏ်များမှ ငွေလွှဲပီး ဝယ်သူနိုင်သလို
✅ ထိုင်းဘဏ်အကောင့်များမှ တိုက်ရိုက်ငွေ လွှဲပီး လည်း ဝယ်ယူနိုင်ပါတယ်နော်
✅ E ticket ကို online က ပြန်ပို့ပေးမှာ ဖြစ်ပါတယ်













မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ စိတ်ထွက်ပေါက်ရှာလို့အကောင်းဆုံးနေရာပြောပါဆို ဘန်ကောက်ကနေ ၃နာရီလောက်ကားစီးရင်ရောက်တဲ့ Khao ...
01/07/2025

မြို့ပြရဲ့ မွန်းကြပ်မှုတွေကနေ စိတ်ထွက်ပေါက်ရှာလို့အကောင်းဆုံးနေရာပြောပါဆို ဘန်ကောက်ကနေ ၃နာရီလောက်ကားစီးရင်ရောက်တဲ့ Khao Yai ဆိုတဲ့နေရာကိုလည်း ချန်ထားခဲ့လို့မရပါဘူး...✌️

Khao Yai ရောက်တာနဲ့ လှပတဲ့ပန်းမျိုးစုံတွေဖူးပွင့်နေသော Hokkaido Flower Park ကိုမြင်တွေ့ရမှာဖြစ်ပြီး Cafe ဆိုင် လှလှလေးတွေနဲ့ ဓါတ်ဖမ်းလို့ရပါတယ်နော်...

🍷ဝိုင်လေးသောက်ရင်း Chill မယ်စိတ်ကူးထားသူတွေအတွက်တော့ PB Valley Khao Yai Winery က အမိုက်ဆုံးနေရာလေးဖြစ်နေတာပေါ့...

Primo Piazza ရဲ့ အီတလီရောက်သွားသလို Vibe ကလည်း ဘာနဲ့မလဲနိုင်သလို 🌄 Pha Diao Dai Viewpoint ကနေ မြင်တွေ့ရတဲ့ အလှတရားကလည်း ရင်သပ်ရှုမောဖွယ်ဖြစ်စေပါတယ်...

စိတ်အပန်းပြေသွားအောင် တောတောင်ရေမြေ နဲ့ သဘာဝအလှတရားတွေကို ရှုစားချင်ရင်တော့ Khao Yai ဆိုတဲ့နေရာလေးကို အရောက်သာလှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...🤗

Khao Yai ခရီးစဉ်အတွက် trip plan လေးတွေကို Bangkok Map မှ စီစဉ်ပေးနေပြီမို့ အခုပဲ ဆက်သွယ်စုံစမ်းလို့ရပါပြီ








ကမ္ဘာဒီးယားကိုအင်တာနက်အလုံးစုံဖြတ်တောက်လိုက်တဲ့ ထိုင်းထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားထုတ်လွ...
27/06/2025

ကမ္ဘာဒီးယားကိုအင်တာနက်အလုံးစုံဖြတ်တောက်လိုက်တဲ့ ထိုင်း

ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေးထိန်းချုပ်ရေးအဖွဲ့ဖြစ်တဲ့ အမျိုးသားထုတ်လွှင့်မှုနှင့် တယ်လီကွန်းကော်မရှင် (NBTC) သည် ထိုင်းအော်ပရေတာအားလုံးကို ကမ္ဘောဒီးယားသို့ Broadband နှင့် မိုဘိုင်းအင်တာနက်ချိတ်ဆက်မှုများ ပံ့ပိုးပေးခြင်းကို ရပ်ဆိုင်းရန် အမိန့်ပေးခဲ့ပါတယ်။
ဒီလိုပြင်းထန်တဲ့လုပ်ဆောင်ချက်သည် ဖုန်းခေါ်ဆိုမှုဖြင့် လိမ်လည်မှုများနှင့် ဆိုက်ဘာမှုခင်းများကို တိုက်ဖျက်ရန် အရှိန်အဟုန်မြှင့်တင်ထားသော ထိုင်းအစိုးရ ကြိုးပမ်းမှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး၊ အထူးသဖြင့် ကမ္ဘောဒီးယားနယ်စပ်မြို့ ပိုပက် (Poipet) နှင့် မျက်နှာချင်းဆိုင် စကဲဝ် (Sa Kaeo) ခရိုင်ရှိ အာရန်ရာပရာတက် (Aranyaprathet) မြို့နယ်ရှိ ကလောင်လူခ် (Khlong Luek) နယ်စပ်ဖြတ်ကျော်ဧရိယာကို ပစ်မှတ်ထားနေခြင်းဖြစ်ပါတယ်။
NBTC ၏ ဒုတိယအတွင်းရေးမှူးချုပ် ထရိုင်ရက် ဗီရီယာဆီရီကူလ် (Trairat Viriyasirikul) ရဲ့ ပြောကြားချက်အရ ကမ္ဘောဒီးယားသည် ထိုင်းနိုင်ငံမှ အင်တာနက်ချိတ်ဆက်မှုကို ယခင်က ဖြတ်တောက်ခဲ့သော်လည်း ကမ္ဘောဒီးယားကို ဝန်ဆောင်မှုပေးနေတဲ့ ထိုင်းပုဂ္ဂလိကအော်ပရေတာများက ပုံမှန်အတိုင်း ဆက်လက်ဝန်ဆောင်မှုပေးနေခဲ့ပါတယ်။ကြာသပတေးနေ့က အစည်းအဝေးတစ်ခုအပြီးတွင် ထိန်းချုပ်ရေးအဖွဲ့များက ကမ္ဘောဒီးယားကို အင်တာနက်လိုင်း လုံးဝဖြတ်တောက်ဖို့ အော်ပရေတာများအား အမိန့်ပေးရန် ဆုံးဖြတ်ခဲ့ကြပါတယ်။
ဝန်ဆောင်မှုပေးလိုတဲ့အော်ပရေတာတိုင်းသည် လုပ်ငန်းရဲ့ ရည်ရွယ်ချက်နဲ့အတူအခြေခံအထောက်အထားများ တင်ပြရမည်ဖြစ်ပြီး၊ အသုံးပြုမည့် ဘန်းဝစ် (bandwidth) ကို သတ်မှတ်ကာ ဝန်ဆောင်မှုကို လိမ်လည်သူများက အလွဲသုံးစားလုပ်နိုင်မဲ့ မည်သည့်အန္တရာယ်ရှိနိုင်သလဲဆိုတာကိုလည်း အကဲဖြတ်ရမှာဖြစ်တာကြောင့်ပါ။ ကမ္ဘောဒီးယားတွင် ဘဏ်ခွဲများရှိသည့် ထိုင်းအော်ပရေတာများအတွက်မူ ၎င်းတို့ရဲ့ ဝန်ဆောင်မှုများ ဖြတ်တောက်မှုကြောင့် မထိခိုက်စေရန် သီးခြားထုတ်လွှင့်မှုစနစ်ကို ထားရှိပေးမည်ဖြစ်ကြောင်း မစ္စတာ ထရိုင်ရက်က ပြောကြားခဲ့သည်။
ဒါ့အပြင် ကမ္ဘောဒီးယားတွင် အသုံးပြုသည့် SIM ကဒ်တိုင်းအတွက် အသုံးပြုသူသည် သက်သေခံအထောက်အထားနှင့် အသုံးပြုရခြင်းရဲ့ ရည်ရွယ်ချက်ကို ပေးဆောင်ရန်လိုအပ်ပြီး၊ အော်ပရေတာများက SIM ကတ်ရောင်းချမှုဆိုင်ရာ နောက်ဆုံးအခြေအနေအစီရင်ခံစာများကို NBTC သို့ ၁၅ ရက်လျှင်တစ်ကြိမ် တင်ပြရမှာဖြစ်တယ်လို့ဆိုပါတယ်။

Reference: Bangkok Post

https://www.bangkokpost.com/thailand/general/3058685/thailand-cuts-all-internet-links-to-cambodia










Bangkok ကနေ ၅နာရီခန့် ကားမောင်းရုံနဲ့ရောက်သော Khao Kho မြို့က Wat Phra That Pha Sorn Kaew (ခေါ်) ငါးမျက်နှာဘုရား...🙏🌄 တေ...
24/06/2025

Bangkok ကနေ ၅နာရီခန့် ကားမောင်းရုံနဲ့ရောက်သော Khao Kho မြို့က Wat Phra That Pha Sorn Kaew (ခေါ်) ငါးမျက်နှာဘုရား...🙏

🌄 တောင်ပေါ်မြို့လေးဖြစ်လို့ ပတ်ဝန်းကျင်ကအေးချမ်းသာယာလှပနေတဲ့အပြင် ကြည်ညိုဖွယ်ရာ ငါးမျက်နှာဘုရားကို နောက်ခံတောင်တန်းစိမ်းစိမ်းကြီးတွေနဲ့ ဖူးမြော်ရတာဟာလည်း စိတ်နှလုံးမှာကြည်နူးဝမ်းသာဖြစ်သွားစေပါတယ်...

👉 အခြားသော ဘုရား၊ စေတီတွေပေါများလှတဲ့ မြို့လေးတမြို့ပါဖြစ်လို့...

လှပတဲ့ ရှုခင်း၊ အေးမြတဲ့အရိပ်အာဝါသရှိရာ Khao Kho မြို့လေးဆီ လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်...🤗









Safari worldတောရိုင်းတိရိစ္ဆာန်လေးတွေရဲ့သဘာ၀ကျကျနေထိုင်ကျက်စားမှုတွေကို အနီးကပ်လေ့လာမြင်တွေ့ရမဲ့ Safari Worldကတော့ ထိုင်...
20/06/2025

Safari world

တောရိုင်းတိရိစ္ဆာန်လေးတွေရဲ့
သဘာ၀ကျကျနေထိုင်ကျက်စားမှုတွေကို အနီးကပ်လေ့လာမြင်တွေ့ရမဲ့ Safari Worldကတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိလာတဲ့အခါမှာတော့ မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့ လည်ပတ်စရာနေရာတခုဆိုရင်လည်းမမှားပါဘူး။

Safari world နဲ့ Marine Park ဆိုပြီး ၂ ပိုင်းခွဲထားပါတယ်။ Safari Park မှာဆိုရင် ...
🦁အာရှနဲ့ အာဖရိကရဲ့ ထူးဆန်းအံဩဖွယ် တိရစ္ဆာန်များစွာကို လေ့လာကြည့်ရှုနိုင်မှာဖြစ်ပြီး.. Marine park မှာ
ဆိုရင်တော့ သားသားမီးမီးတို့အကြိုက် Elephant show 🐬Dolphin show အစရှိတဲ့ Showပွဲတွေကိုလည်း
ဗဟုသုတရဖွယ်ကြည့်ရှုရမှာနော် ...✌️
အားလပ်ရက်တွေမှာ ရှားပါးတိရစ္ဆာန်များစွာကို တစ်နေရာထဲမှာ စုံစုံလင်လင်တွေ့မြင်ချင်တယ်ဆိုရင်တော့ ပုံမှန်ထက်ချိုသာတဲ့နှုန်းထား၊ Package များစွာနဲ့ Service ပေးနေတဲ့ Bangkok Map မှာ Safari World လက်မှတ်လေးကို
ခုပဲ Booking တင်ထားလိုက်တော့ဗျို့...🤗

🔸Safari park + Marine park + Buffet Lunch
(လူကြီး/ ခလေး- ၉၉၀ ဘတ်)
🔸Safari park + Marine park
(လူကြီး/ ခလေး - ၈၅၀ ဘတ်)
🔸Safari park only
(လူကြီး/ ခလေး - ၇၅၀ ဘတ်)
🔸Marine park only
(လူကြီး /ခလေး - ၇၉၀ ဘတ်)
ကာကာတို့ရေ လူကြီး ၊ ခလေးစျေးနှုန်းလေးတွေကတော့ အတူတူပါပဲ့နော် ...🤗

Booking Now 👇🛎👇
လတ်မှတ်‌များကို ဝယ်ယူချင်တယ် ဆိုရင်တော့ CB ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်
သို့ မဟုတ် ကိုယ်တိုင်လာရောက် ဝယ်လိုပါက -
📞Ph - 0654596983, 0643510795 သို့ ဆက်သွယ်လိုက်ပါရှင့် လမ်းညွှန်ပေးပါမယ်နော်
အသေးစိတ် မေးမြန်းဆက်သွယ်ချင်ရင်တော့
📲ဖုန်းဆက်၍သော် လည်းကောင်း Viber/ Line မှတစ်ဆင့် အသေးစိတ်ကို ဆက်သွယ်မေး မြန်းလို့ရပါတယ်
📞Ph - 0654596983, 0643510795
Line - +66654596983
👩‍❤️‍👨ခရီးစဉ်လေးတွေကို ၂ ဦးမှစပြီး Private ပုံစံလေးစီစဉ်ပေးခြင်း...
👪မိသားစုအလိုက် စီစဉ်ပေးခြင်း...
💁Company အသင်းအဖွဲ့ customized အလိုက်ကို ဘန်ကောက်အခြေစိုက် Bangkok Map Travel & Tour မှ စီစဉ်ပေးနေပြီနော်...
👉 Online ⬇️
✅ KBZ, Kpay, AYA, CB ဘဏ်များမှ ငွေလွှဲပီး ဝယ်သူနိုင်သလို
✅ ထိုင်းဘဏ်အကောင့်များမှ တိုက်ရိုက်ငွေ လွှဲပီး လည်း ဝယ်ယူနိုင်ပါတယ်နော်
✅ E ticket ကို online က ပြန်ပို့ပေးမှာ ဖြစ်ပါတယ် 👇👇👇










ထိုင်းနိုင်ငံ Bangkok မြို့လေး‌ဆီ ခုချိန်ခါသာ အလည်အပတ်ခရီးတွေထွက်မယ်ဆို လုံးဝကိုရှယ်တန် ရှယ်မိုက်နေရောဘဲနော်...🥰ဘာလို့ဆိ...
17/06/2025

ထိုင်းနိုင်ငံ Bangkok မြို့လေး‌ဆီ ခုချိန်ခါသာ အလည်အပတ်ခရီးတွေထွက်မယ်ဆို လုံးဝကိုရှယ်တန် ရှယ်မိုက်နေရောဘဲနော်...🥰

ဘာလို့ဆို 💁‍♂️ Bangkok Map မှာ ဝင်ကြေးလက်မှတ် (၄)စောင်ဝယ်တိုင်း (၁)စောင်ကို ဘတ် (၅၀) Discount ပေးသွားမယ့် မိုးရာသီ Promotion ကြီးရှိနေတာဆိုတော့...

👉 Sealife Ocean World & Madame Tussauds
👉 Dream World
👉 Safari World
👉 Siam Amazing Park
👉 Chao Phraya Cruise Dinner စတဲ့နေရာတွေအပြင် အခြားနေရာများစွာကို မိသားစု‌တွေ၊ သူငယ်ချင်းတွေ၊ ချစ်ခင်ရသူတွေနဲ့အတူ စိတ်အပန်းဖြေလည်ပတ်ချင်သူတို့အတွက် လက်မလွှတ်သင့်တဲ့အခွင့်အရေးဆိုလည်း မမှားပါဘူး...

Bangkok မြို့အနှံ့နေရာစုံကို ရှယ်တန်တဲ့ Tickets ဈေးနှုန်းလေးနဲ့ လည်ပတ်ချင်ရင်တော့ မိုးရာသီ Promotion ပေးနေတဲ့ Bangkok Map ရှိရာ ခုပဲလှမ်းလာခဲ့လိုက်တော့..🤗

🔹အလည်အပတ်ဝင်ကြေးလတ်မှတ်များ‌...👇

🔸Siam Amazing Park + Inter Buffet Lunch
(Adult - ၅၅၀ ဘတ် ,Child - ၄၅၀ ဘတ်)

🔸Ocean World + Madame Tussauds + Digital Photo
(Adult - ၁၁၉၀ ဘတ် , Child - ၁၀၉၀ ဘတ်)

🔸Ocean World Ticket + Digital Photo
(Adult - ၁၁၅၀ ဘတ် , Child - ၉၉၀ ဘတ်)

🔸Madame Tussauds Only
(Adult - ၅၀၀ ဘတ်, Child - ၄၀၀ ဘတ်)

🔸Safari Park + Marine Park + Buffet Lunch
(Adult/ Child - ၉၉၀ ဘတ်)

🔸Safari Park + Marine Park
(Adult/ Child - ၈၅၀ ဘတ်)

🔸Dream world super visa + buffet Lunch
- Unlimited ride to all attentions
- Include Snow Town and Go-Kart
(Adult/ Child - ၉၉၀ ဘတ်)

🔸Dream world super visa
- Unlimited ride to all attentions
- Include Snow Town and Go-Kart
(Adult/ Child - ၇၉၀ ဘတ်)

🔸White Orchid River Cruise
(Adult - ၈၄၀ ဘတ်, Child - ၆၀၀ ဘတ်)
(Buy 4 pay for 3 on Mon-Thu *** Promotion)

🔸The Luxury White Dinner Cruise
(Adult - ၁,၂၈၀ ဘတ်, Child - ၁,၀၀၀ ဘတ်)
(Buy 4 pay for 3 on Mon-Thu *** Promotion)

🔸Chao Phraya Princess Cruise
(Adult - ၉၅၀ ဘတ်, Child - ၇၉၀ ဘတ်)

🔸Alangka Cruise Dinner
(Adult - ၉၃၀ ဘတ်, Child - ၇၅၀ ဘတ်)

🔸Unicorn Cruise Dinner
(Adult - ၉၀၀ ဘတ်, Child - ၆၉၀ ဘတ်)

🔸VIVA Alangka Cruise
(Adult - ၉၂၀ ဘတ်, Child - ၇၅၀ ဘတ်)

🔸Grand Pearl Cruise Dinner
(Adult - ၁,၂၅၀ ဘတ်, Child - ၈၀၀ ဘတ်)

🔸Wonderful Pearls Cruise
(Adult - ၁,၆၀၀ ဘတ်, Child - ၁,၀၈၀ ဘတ်)

Baiyoke Sky Dinner
---------------------
🔸Observation deck 77FL + Revolving View Point 84FL ( 10:00- 22:00), 1 Drink @ 83 FL
(Adult/ Child - ၄၅၀ ဘတ်)

🔸Bangkok Balcony 81st Floor, 06.00-10.00(1.30 hourssitting time ),Inter- Buffet Breakfast
(Adult - ၄၅၀ ဘတ်, Child - ၃၀၀ ဘတ်)

🔸Fruit Court - 18 Floor, 10.00-15.00(1.30 hours sitting time)- Fruit Buffet
(Adult - ၆၀၀ ဘတ်, Child - ၃၅၀ ဘတ်)

🔸Baiyoke Sky 78 Fl or 76 Fl (11.00- 13:00 , 13:00 -15.00) 2 hrs Sittig timeSeafood & Inter-Buffet Lunch
(Adult - ၇၈၀ ဘတ်, Child - ၃၉၀ ဘတ်)

🔸Baiyoke Sky Restaurant, Dinner on 76,78 Fl (17.00-19.00), (19:15 -21:15) Grilled Steak-& Seafood Buffet Dinner
(Adult - ၉၅၀ ဘတ်, Child - ၄၉၀ ဘတ်)

🔸Indoor Bangkok Balcony 81 Fl (17.00-19.00), (19-21) Inter- Premium Buffet Dinner
(Adult - ၁၃၅၀ ဘတ်, Child - ၇၇၀ ဘတ်)

🔸Outdoor sky box 81 Fl (17.00-22.00) Inter- Premium Buffet dinner- 1 Drk at roof top bar on 83 FL
(Adult/ Child - ၁၉၀၀ ဘတ်)

🔸Crystal Grill 82 FL(18:00- 21:30) Int. Spzd Prm- seafood & Steak Buffet Dinner + 1 Drk at roof top bar on 83 FL
(Adult - ၁၅၅၀ ဘတ်, Child - ၇၇၅ ဘတ်)

🔸Stella Place- International Private & Caravan Buffet Dinner on 79 FL/ (18:00 - 21:30)
(Adult - ၁၃၅၀ ဘတ်, Child - ၇၇၀ ဘတ်)

🔸Ancient City
Ticket Only (Adult - ၄၂၀ ဘတ်, Child - ၃၃၀ ဘတ်)
Ticket + Buffet Lunch (Adult - ၅၈၀ ဘတ်, Child - ၄၇၀ ဘတ်)

🔸Erawan Museum
Ticket Only (Adult - ၃၀၀ ဘတ်, Child - ၂၀၀ ဘတ်)
Ticket + Buffet Lunch (Adult - ၅၅၀ ဘတ်, Child - ၄၅၀ ဘတ်)

🔸Ancient City + Erawan Combo - Ticket Only
(Adult - ၅၂၀ ဘတ်, Child - ၄၀၀ ဘတ်)

🔸Ancient City + Erawan Combo + Buffet Lunch
(Adult - ၇၂၀ ဘတ်, Child - ၆၃၀ ဘတ်)

-----------------------------

🔹Pattaya

🔸Alcazar Show (S/D) - ၅၅၀ ဘတ်
Alcazar Show (VIP) - ၄၅၀ ဘတ်

🔸Nong Nooch ပန်းခြံ
ဝင်ကြေး + Show + နေ့လည်စာ Buffet + Sight seeing Bus
(Adults - ၇၉၀ ဘတ်/ Child - ၆၉၀ ဘတ်)

🔸Frost Magical Ice of Siam
(Adults - ၃၉၀/ Child - ၃၅၀ ဘတ်)

🔸Art In Paradise Pattaya
(Adult/ Child - ၂၅၀ ဘတ်)

🔸The Sanctuary of Truth Museum (သစ်သားဗိမာန်)
(Adult - ၅၀၀ ဘတ်/ Child - ၂၅၀ ဘတ်)

🔸Ramayana Water Park
(Adult - ၁၀၅၀/ Child - ၇၅၀ ဘတ်)

🔸Tiger Park
ဝင်ကြေး - ၂၀၀ ဘတ်
ဝင်ကြေး + Forest Safari(Electric Car 20 mins) - ၅၀၀ ဘတ်

🔸Tiger Zoo - Sriratcha
Tiger Show (10:00 am to 14:00 pm) - ၃၅၀ ဘတ်

🔸Pattaya Dolphinarium
Regular - Adult - ၅၀၀/ Child - ၄၀၀ ဘတ်
Deluxe - Adult - ၆၅၀/ Child - ၅၅၀ ဘတ်
VIP (1st Row) - Adult - ၈၅၀/ Child - ၇၀၀ ဘတ်

🔸Under Water World Pattaya
(Adult - ၃၅၀ ဘတ်/ Child - ၂၅၀ ဘတ်)

💥Promotion စျေးနှုန်းလေးတွေကို July 31 ရက်နေ့အထိပေးထားတာမလို့ အခုကတည်းက မြန်မြန်လေး Booking တင်ထားလို့ ရနေပြီနော်...🥰

🛎Booking Now👇
ခရီးစဥ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းချင်တယ် ဆိုရင်တော့ CB ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်
📲ဖုန်းဆက်၍သော် လည်းကောင်း Viber/ Line မှတစ်ဆင့် အသေးစိတ်ကို ဆက်သွယ်မေး မြန်းလို့ရပါတယ်
📞Ph : 0643510795, 0654596983
Line : +66 643510795
Viber : +66 643510795

🏠Bangkok Office
Location 🗺️ ပတူနမ်း (The Palladium World Shopping အနီး) 491/4 Ratchapraro Road, Makkasan,Ratchathewi, Bangkok,10400



ဝပ်ဒ်ဖို့ဘုရားကျောင်း (Wat Pho Temple)ဝပ်ဒ်ဖို့ဘုရားကျောင်း (วัดโพธิ์, ) သည် ထိုင်းနိုင်ငံ၊ ဖရနခွန် ခရိုင်၊ ဘန်ကောက်မြို...
13/06/2025

ဝပ်ဒ်ဖို့ဘုရားကျောင်း (Wat Pho Temple)
ဝပ်ဒ်ဖို့ဘုရားကျောင်း (วัดโพธิ์, ) သည် ထိုင်းနိုင်ငံ၊ ဖရနခွန် ခရိုင်၊ ဘန်ကောက်မြို့တွင် တည်ရှိပြီးအရင်အခေါ်အဝေါ်ဖြစ်တဲ့ Rattanakosin ကျွန်းတွင် တည်ရှိပြီး မြို့တော်ဘန်ကောက်မြို့မဖြစ်ခင် အယုဒ္ဓယမြို့တော်ခေတ်ကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။ Grand Palace ၏ တောင်ဘက်တွင် ရှိပြီး လျောင်းတော်မူဗုဒ္ဓဘုရားကျောင်းဟုလည်း လူသိများပါသည်။ တရားဝင်အမည်မှာ Wat Phra Chetuphon Vimolmangklararm Rajwaramahaviharn (ထိုင်းအမည်ကတော့ วัดพระเชตุพนวิมลมังคลารามราชวรมหาวิหาร;) ဖြစ်ပါသည်။ လူသိပိုများတဲ့အမည်ဖြစ်သည့် ဝပ်ဒ်ဖိုသည် ဝပ်ဖိုတာရမ် (ထိုင်း: วัดโพธาราม; ) မှ ချုံ့ယူထားခြင်း ဖြစ်ပါသည်။
ဤဘုရားကျောင်းသည် ထိုင်းနိုင်ငံရှိ ပထမတန်းဘုရားကျောင်းခြောက်ခုထဲမှ ပထမဆုံးတစ်ခု ဖြစ်ပြီး ထိုကျောင်းကို ရာမဘုရင် (၁) က ပြန်လည်တည်ဆောက်ခဲ့သည်။ သူ၏ အရိုးပြာများကိုလည်း ဌာပနာခဲ့သည်။ နောက်ပိုင်းတွင် ရာမဘုရင် (၃) ကကျောင်းတော်ကို တိုးချဲ့ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပြီးကျောင်းတော်ရှိ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်၏ အရှည်သည် ၄၆ မီတာ ရှိပါသည်။ ထိုကျောင်းတော်တွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်များ တည်ရှိတဲ့အပြင် ကျောင်းတော်သည် ပညာရေးအတွက် အစောဆုံးနေရာဌာနတစ်ခု ဖြစ်ခဲ့မည်ဟုလည်း ခန့်မှန်းကြပါသည်။ ကျောင်းတော်ရှိ ကျောက်စာများ၊စကျင်ကျောက်ပေါ်တွင် ရေးဆွဲမှုများကို ယူနက်စကိုက ကမ္ဘာ့မှတ်တမ်းအမွေအနှစ် တွင် အသိအမှတ်ပြုခဲ့ပါသည်။ ထိုနေရာတွင် ထိုင်းဆေးပညာကျောင်း တစ်ခုကိုလည်း တည်ဆောက်ထားခဲ့ပြီး ထိုနေရာကို ထိုင်းရိုးရာအနှိပ်ပညာ မွေးဖွားဖြစ်တည်ရာ နေရာဟုလည်း သိကြသည်။ ယခုအထိလည်း သင်ကြားလေ့ကျင့်ခြင်းတို့ကို ကျောင်းတော်တွင် တွေ့နိုင်သည်။ဝပ်ဖိုကျောင်းတော်သည် ဘန်ကောက်မြို့ရှိ သက်တမ်းအကြာရှည်ဆုံး ကျောင်းတော်တစ်ခု ဖြစ်ပါသည်။ ထိုကျောင်းတော်သည် ရာမဘုရင် (၁) က ဘန်ကောက်မြို့အဖြစ် မတည်ထောင်မီကပင် တည်ရှိခဲ့သည်။ယခင်က ကျောင်းတော်ကို ဘုရင် Phetracha က တည်ဆောက်ခဲ့ခြင်း သို့မဟုတ် တိုးချဲ့မှုများ ပြုလုပ်ခဲ့သည်ဟု ထင်ရသော်လည်း နေ့စွဲ၊ တည်ဆောက်သူတို့ကိုမူ မသိရပေ။ထိုကျောင်းတော်တွင် ၁၇၆၇ ခုနှစ်တွင် မြန်မာတို့က ဖျက်ဆီးခဲ့သည့် အယုဒ္ဓယ၏ Wat Phra Si Sanphet ရှိ များစွာသော ဗုဒ္ဓရုပ်ပွားတော်များ၏ အစအနများလည်း ထားရှိခဲ့သည်။ ထိုအစအနများကို စေတီတော်တည်ရာတွင် ထည့်သွင်းခဲ့ပေသည်။ ပြန်လည်တည်ဆောက်မှုများသည် ပြီးစီးသည်အထိ ခုနစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ တည်ဆောက်မှုများ စတင်ပြီး ၁၂ နှစ်အကြာ ၁၈၀၁ ခုနှစ်တွင် အသစ်ဆောက်ခဲ့သည့် ကျောင်းတော်ကို Phra Chetuphon Vimolmangklavas ဟု အမည်ပေးခဲ့သည်။ ရာမဘုရင် (၁) တည်ဆောက်ခဲ့သည့် အဓိက ကျောင်းတော်လည်း ဖြစ်သည်။

၂၀၀၈ ခုနှစ်၊ ဖေဖော်ဖဝါရီလ ၂၁ ရက်နေ့တွင် စကျင်ကျောက်ပေါ် ရေးဆွဲထားသည့်လက်ရာများကို ယူနက်စကို၏ Memory of the World Programme တွင် မှတ်တမ်းတင်ခဲ့ပြီး ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်များအဖြစ် ရှုမြင်သည်အထိ ပျံ့နှံ့သွားခဲ့သည်။ ဝပ်ဖိုကို ထိုင်းနိုင်ငံ၏ ပထမဆုံးသော တက္ကသိုလ်အဖြစ် သတ်မှတ်ကြပြီး ထိုင်းရိုးရာအနှိပ်ပညာဌာနတစ်ခုလည်း ဖြစ်ပေသည်။ ခေတ်မီဆေးပညာများ မထွန်းကားမီ ၁၉ ရာစုအလယ်ပိုင်းတွင်
ဆေးပညာများသင်ကြားပို့ချရာဌာန ဖြစ်ခဲ့သည်။ ယနေ့အချိန်အထိ ကျောင်းတော်သည် တိုင်းရင်းဆေးပညာများ သင်ကြားပို့ချနေသည့် နေရာအဖြစ် ရှိနေတုန်း ဖြစ်သည်။
ရာမဘုရင် IV လက်ထက်တွင် ကျောင်းတော်၏ အမည်သည် Wat Phra Chetuphon Vimolmangklararm သို့ ပြောင်းလဲခဲ့ပြီး လေးခုမြောက်စေတီတော်ကြီးကို တည်ဆောက်သည်ကလွဲ၍ ကျန်သော အသေးစားပြုပြင်မွမ်းမံမှုတို့ကို ရာမဘုရင် IV က လုပ်ဆောင်ခဲ့သည်။ ထိုကတည်းက ကျောင်းတော်သည် သိသာသည့် ပြောင်းလဲမှုများ မရှိတော့ပေ။
ဘုရားကျောင်း ဝင်ကြေးအနေနဲ့ကတော့ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေအတွက် တဦးကို ဘတ် ၃၀၀ နှုန်းကျသင့်မှာဖြစ်ပြီး ကလေးအရွယ် ၁၂၀ စင်တီမီအောက်ဆိုရင်တော့ ဝင်ကြေးပေးစရာမလိုဘဲဝင်ရောက်လို့ရပါတယ်။ထိုင်းနိုင်ငံသားတွေအတွက်တော့ သီးသန့်ဝင်ကြေးသတ်မှတ်ထားတာမျိုးမရှိပါဘူး။




buddha
&tour





ညခင်းလေးမှာ Dinner စားရင်း Bangkok မြို့အလှတရားကို ရှုစားရတဲ့ Vibe က ဘာနဲ့မှမလဲနိုင်အောင်ပါဘဲ...😍💁‍♂️ အဲ့လို Feeling ကို...
10/06/2025

ညခင်းလေးမှာ Dinner စားရင်း Bangkok မြို့အလှတရားကို ရှုစားရတဲ့ Vibe က ဘာနဲ့မှမလဲနိုင်အောင်ပါဘဲ...😍

💁‍♂️ အဲ့လို Feeling ကိုလက်လွှတ်မခံချင်ရင်တော့ ထိုင်းနိုင်ငံရောက်တုန်း Baiyoke Sky မှာ Dinner လာစားဖို့ ဖိတ်ခေါ်လိုက်ပါရစေ...

Baiyoke Sky Dinner မှာဆိုရင် International အစားအစာများ၊ Seafoods, Grilled steak, Pasta, Sushi, Salads, Salmon Sashimi, Thai authentic foods, အအေးနဲ့ အချိုပွဲစတာတွေကို...

☑️ 76th & 78th Floor မှာဆို Bangkok Sky Restaurant...

☑️ 79th Floor မှာဆို Stella Palace

☑️ 81st Floor မှာဆို Bangkok Balcony...

☑️ 82nd Floor မှာဆို Crystal Grill တွေမှာ စိတ်ကြိုက်သုံးဆောင်နိုင်မှာဖြစ်လို့ စားသောက်ဖွယ်ရာစုံလင်စွာနဲ့ နေရာကအစ စိတ်ကျေနပ်စရာကောင်းနေမှာ အမှန်ဘဲလေ...

တမြို့လုံးရဲ့ ညခင်းပိုင်းအလှတရားကို ကြည့်ရှုချင်သူ‌တွေအတွက်တော့ 👉 83rd Floor Roof Top Bar က Welcome ဆိုပြီး ကြိုဆိုလျှက်ပါ...

Dinner စားရင်း စိတ်ကြည်နူးစရာများနဲ့ မမေ့နိုင်ဖွယ် အမှတ်တရတွေဖန်တီးချင်တယ်ဆို Bangkok Map မှာ Baiyoke Sky Dinner ကို ခုပဲ Booking လာတင်ထားလိုက်တော့နော်...🤗

🔰Baiyoke Sky Restaurant, Dinner on 76,78 Fl (17.00-19.00), (19:15 -21:15) Grilled Steak-& Seafood Buffet Dinner
လူကြီး - ၉၅၀ ဘတ်
ကလေး - ၄၉၀ ဘတ်

🔰Indoor Bangkok Balcony 81 Fl (17.00-19.00), (19-21) Inter- Premium Buffet Dinner
လူကြီး - ၁,၃၅၀ ဘတ်
ကလေး - ၇၇၀ ဘတ်

🔰Stella Place- International Private & Caravan Buffet Dinner on 79 FL/ ( 18:00 - 21:30)
လူကြီး - ၁,၃၅၀ ဘတ်
ကလေး - ၇၇၀ ဘတ်

🔰Crystal Grill 82 FL(18:00- 21:30) Int. Spzd Prm- seafood & Steak Buffet Dinner + 1 Drk at roof top bar on 83 FL
လူကြီး - ၁,၅၅၀ ဘတ်
ကလေး - ၇၇၅ ဘတ်

🔰Outdoor sky box 81 Fl (17.00-22.00) Inter- Premium Buffet dinner- 1 Drk at roof top bar on 83 FL
ကလေး/ လူကြီး - ၁,၉၅၀ ဘတ်

* Child rate : 80 -120 cm

🛎Booking Now👇
လတ်မှတ်‌များကို ဝယ်ယူချင်တယ် ဆိုရင်တော့ CB ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်
📲ဖုန်းဆက်၍သော် လည်းကောင်း Viber/ Line မှတစ်ဆင့် အသေးစိတ်ကို ဆက်သွယ်မေး မြန်းလို့ရပါတယ်
📞Ph : 0643510795, 0654596983
Line : +66 643510795
Viber : +66 643510795

🏠Bangkok Office
Location 🗺️ ပတူနမ်း (The Palladium World Shopping အနီး) 491/4 Ratchapraro Road, Makkasan,Ratchathewi, Bangkok,10400








  Map ရဲ့ ချစ်ရတဲ့ကာကာတို့ရေ Sea Life Ocean World ရဲ့ အရမ်းတန်တဲ့ပရိုမိုးရှင်းလေးကို သိကြပြီးပြီလားနော် ...⚡အဲဒါကတော့ အဏ...
06/06/2025

Map ရဲ့ ချစ်ရတဲ့ကာကာတို့ရေ Sea Life Ocean World ရဲ့
အရမ်းတန်တဲ့
ပရိုမိုးရှင်းလေးကို သိကြပြီးပြီလားနော် ...⚡

အဲဒါကတော့ အဏ္ဏဝါသတ္တဝါလေးတွေက သင့်ကိုစောင့်ကြိုနေမဲ့ ဘန်ကောက်မြို့ရဲ့ အကြီးဆုံးရေအောက်ကမ္ဘာ (Sea life Bangkok Ocean World) နဲ့ သင့်အိမ်မက်ထဲက ကြယ်ပွင့်ပုဂ္ဂိုလ်တွေနဲ့ အပြင်မှာဆုံတွေ့ရမဲ့ Madame Tussauds Bangkok မှာ ဝင်ကြေးလက်မှတ်တွေအတွက် ပရိုမိုးရှင်းတွေ
ရှိနေပါပြီနော်...⚡

ဘန်ကောက်မှာမသွားမဖြစ် သွားသင့်တဲ့အထင်ကရနေရာလေးတခုဖြစ်တဲ့
အဏ္ဏဝါသတ္တဝါလေးတွေကိုမြင်တွေ့ရမဲ့ Sea life Ocean world မှာ
ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ ရေအောက်သတ္တဝါလေးတွေကို တနေရာထဲမှာ
မြင်တွေ့ရမှာဖြစ်ပြီး ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရှိတဲ့ Madame Tussauds Bangkok မှာ တကယ့်လူအစစ်လိုမျိုးဖြစ်နေတဲ့ ဖယောင်းရုပ်ထုတွေနဲ့ ဓာတ်ဖမ်းလို့ရပါတယ်။

Sea life Ocean World ကို ခုချိန်ခါလည်ပတ်မယ်ဆိုရင်တော့
Tickets ဈေးနှုန်းတွေက တန်မှတန်နေရောဘဲဗျို့...✌️

🎟️ Ocean World ရဲ့ Tickets Only မှန်သမျှနဲ့ Sea life Ocean World + Madame Tussauds အတွက် Big Ticket ဝင်ကြေးလက်မှတ်တွေကိုလည်း အနည်းဆုံး လူဦးရေ (၇) ဦးရှိရုံဖြင့် ပုံမှန်စျေးနှုန်းထက်ပိုသက်သာတဲ့နှုန်းထားနဲ့

June 2, 2025 – August 31, 2025အထိ အထူး Promotion ဈေးနဲ့
ရောင်းချပေးနေပြီဖြစ်လို့.... အမြန်လှမ်းလာခဲ့ကြပါတော့နော်။

🎫Sea life Ocean World Ticket Only (not include digital photo)
🔥Promotion Price
လူကြီး/ကလေး - ၈၀၀ ဘတ်

🎫Sea life Ocean World & Madame Tussauds Bangkok
(not include digital photo)
လူကြီး/ကလေး - ၉၀၀ ဘတ်

တဦးချင်းစျေးနှုန်းနဲ့ဝယ်ယူချင်တယ်ဆိုရင်လည်း ပုံမှန်ကောင်တာစျေးနှုန်းထက်ပိုမိုသက်သာတဲ့ နှုန်းထားတွေနဲ့ ဝယ်ယူနိုင်ပါတယ်နော်...

Normal Price
Sea life Ocean World Only
လူကြီး − ၁၁၅၀ ဘတ်
ကလေး − ၉၉၀ ဘတ်

Sea life Ocean World + Madame Tussauds
လူကြီး − ၁၁၉၀ ဘတ်
ကလေး − ၁၀၀၀ ဘတ်

Booking Now👇
🛎👇
လတ်မှတ်‌များကို ဝယ်ယူချင်တယ် ဆိုရင်တော့ CB ကနေ တဆင့် ဆက်သွယ် မေးမြန်းနိုင်ပါတယ်
သို့မဟုတ် ကိုယ်တိုင်လာရောက် ဝယ်လိုပါက -
📞Ph - 0654596983, 0643510795 သို့ ဆက်သွယ်လိုက်ပါရှင့် လမ်းညွှန်ပေးပါမယ်နော်
အသေးစိတ် မေးမြန်းဆက်သွယ်ချင်ရင်တော့
📲ဖုန်းဆက်၍သော် လည်းကောင်း Viber/ Line မှတစ်ဆင့် အသေးစိတ်ကို ဆက်သွယ်မေး မြန်းလို့ရပါတယ်
📞Ph - 0654596983, 0643510795
Line - +66654596983
👩‍❤️‍👨ခရီးစဉ်လေးတွေကို ၂ ဦးမှစပြီး Private ပုံစံလေးစီစဉ်ပေးခြင်း...
👪မိသားစုအလိုက် စီစဉ်ပေးခြင်း...
💁Company အသင်းအဖွဲ့ customized အလိုက်ကို ဘန်ကောက်အခြေစိုက် Bangkok Map Travel & Tour မှ စီစဉ်ပေးနေပြီနော်...
👉 Online ⬇️
✅ KBZ, Kpay, AYA, CB ဘဏ်များမှ ငွေလွှဲပီး ဝယ်သူနိုင်သလို
✅ ထိုင်းဘဏ်အကောင့်များမှ တိုက်ရိုက်ငွေ လွှဲပီး လည်း ဝယ်ယူနိုင်ပါတယ်နော်
✅ E ticket ကို online က ပြန်ပို့ပေးမှာ ဖြစ်ပါတယ်












၂၀၂၅ ခုနှစ် ဇွန်လ (၃)ရက်နေ့ဟာဆိုရင် 👸ထိုင်းဘုရင်မကြီး Suthida Bajrasudhabimalalakshana ရဲ့ မွေးနေ့ဖြစ်လို့ ထိုင်းနိုင်ငံ...
03/06/2025

၂၀၂၅ ခုနှစ် ဇွန်လ (၃)ရက်နေ့ဟာဆိုရင် 👸ထိုင်းဘုရင်မကြီး Suthida Bajrasudhabimalalakshana ရဲ့ မွေးနေ့ဖြစ်လို့ ထိုင်းနိုင်ငံရဲ့ အရေးကြီးဆုံးနေ့တနေ့လို့တောင်ဆိုရမှာပါ...

အစိုးရရုံးပိတ်ရက်အဖြစ်သတ်မှတ်ပြီး ဘုရင်မမွေးနေ့အခမ်းအနားများအနေနဲ့ 💁‍♀️ ဘန်ကောက်မြို့မှာ ဇွန်လ ၃ ရက်နေ့ ည ၇ နာရီမှ ည ၁၂ နာရီအထိ မီးအလှထွန်းပွဲကို ကျင်းပကြတဲ့အပြင်...

ထိုင်းပြည်သူ/ ပြည်သားများမှလည်း ဘုရင်မကြီး အသက်ရှည်ကျန်းမာအောင် ဘုရားမှာသွားရောက်ဆုတောင်းကြပါတယ်...🙏

🥰 ဒါတင်မက မွေးနေ့အထိမ်းအမှတ်အနေနဲ့ ပွဲတော်များဆင်နွဲကြပြီး အများပြည်သူများအတွက် အစားအသောက်များလှူဒါန်းတာ၊ သန့်ရှင်းရေးလုပ်ငန်းများကို ပါဝင်လုပ်ဆောင်ကြပါတယ်....

ဘုရင်မအပေါ် ပြည်သူ/ ပြည်သားများရဲ့ ချစ်ခင်လေးစားမှု၊ သစ္စာရှိမှုကိုပြသတဲ့နေ့တနေ့ပါဖြစ်လို့ ယနေ့မှစ ဘုရင်မကြီး အသက်ရှည်ကျန်းမာပါစေကြောင်း Bangkok Map မှ ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်...🤗

Photo: Bangkok Post


ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+66654596983

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Bangkok Map Travel and Tourผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Bangkok Map Travel and Tour:

แชร์