10/03/2026
အပေါ်စီးကနေ Bangkok မြို့ကြီးကို ရှူစားချင်သူတွေအတွက်တော့ Mahanakhon Skywalk က လည်ပတ်သင့်တဲ့ နေရာလေးတစ်ခုလို့တောင် ခေါ်ဆိုရမှာပါ...✌️
💁 အလွှာပေါင်း 78 လွှာ အမြင့် 314 မီတာရှိလို့ လှပတဲ့မြင်ကွင်းကို တွေ့မြင်ချင်သူတို့ရဲ့ အကောင်းဆုံးရွေးချယ်မှုဆိုလည်း မမှားဘူး...
1 လွှာကစ 4လွှာထိမှာဆို ရေမွှေး၊ အလှကုန်၊ လူသုံးကုန်၊ အဝတ်အထည်၊ ဖိနပ်၊ ခေတ်ပေါ်နည်းပညာကိရိယာများနဲ့ပတ်သက်တာတွေကို စိတ်ကြိုက်ဝယ်ယူနိုင်တဲ့နေရာလေးပါ...
Mahanakhon ရောက်ချိန်အတွင်း ကိုယ်တိုင်ထိန်းချုပ်ပြီး Skyrides စီးရတဲ့ Vibe ကဘာနဲ့မှမလဲနိုင်သလို 😱 စက္ကန့်(၅၀)ကျော်ကျော်နဲ့ 74 လွှာရောက်ရှိတဲ့ Video- Digital ဓါတ်လှေကားစီးရမှုကလည်း အံ့ဩဖွယ်ကောင်းလှပါတယ်...
74 လွှာရောက်တာနဲ့ ဘန်ကောက်မြို့အပြင်ဘက်ကို 360° ကြည့်ရှူနိုင်ပြီး 78 လွှာမှာဆို Wat Pho နဲ့ Grand Palace ရဲ့ခေါင်မိုးတွေအပြင် Bangkok မြို့နေဝင်ချိန်အလှတရားကိုပါ မြင်တွေ့ရမှုက စိတ်ကိုကြည်နူးဖွယ်ရာဖြစ်စေမှာပါ...
ရင်သပ်ရှုမောဖွယ်ရာအပြည့်နဲ့ အံ့သြမှင်သက်ဖွယ်အတွေ့အကြုံတွေကို မြင်တွေ့ချင်တယ်ဆို Bangkok မြို့ရောက်ချိန်လေးမှာ Mahanakhon Skywalk ရှိရာလာလည်ဖို့တော့ မမေ့နဲ့နေ်...🤗