19/06/2026
ဘန်ကောက်ကို အလည်လာပြီး
ဘယ်တွေ လည်ရမှာလည်းမသိရင်
ဘန်ကောက်မြို့ထဲ့မှာ ရှိတဲ့ နာမယ်ကြီး ဘုရား ၅ဆူ ကိုတစ်ရက်တည်းနှင့်လည်လို့ရတယ်နော်၊
ဘယ်ဘုရားက စဖူးရမလဲ? ဘယ်လိုသွားရမလဲ? ဆိုပြီး စဉ်းစားနေရသလား?
အဲ့ဒါဆို ဒီ “1 ရက်တာ ဘုရား 5 ဆူ ခရီးစဉ်” က သင့်အတွက်ပါပဲ ✨
📍 Emerald Buddha (မြဘုရား)
ထိုင်းနိုင်ငံရဲ့ အထွတ်အမြတ်ထားရာ မြဘုရား။ ကျောက်စိမ်းအစစ်ဖြင့် ထုဆစ်ထားတဲ့ ဆင်းတုတော်ကို ဖူးမြော်ရင်း ကောင်းချီးမင်္ဂလာ တောင်းခံနိုင်ပါတယ်။
📍 Wat Pho (လျောင်းတော်မူဘုရား)
ရွှေရောင်တောက်ပနေတဲ့ ဧရာမ လျောင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကို ဖူးမြော်ရင်း စိတ်အေးချမ်းမှုကို ခံစားရမယ့် နေရာပါ။
📍 Wat Arun (အရုဏ်ဦးဘုရား)
ကျောက်ဖရားမြစ်ကမ်းနားက ဘန်ကောက်ရဲ့ အထင်ကရ ဘုရားတစ်ဆူ။ လက်ရာမြောက်တဲ့ စေတီတော်ကြီးနဲ့ ဓာတ်ပုံရိုက်ဖို့လည်း အလွန်လှပါတယ်။
📍 Wat Saket (ရွှေတောင်ကုန်းဘုရား)
တောင်ကုန်းပေါ် တက်ရောက်ဖူးမြော်ရင်း ဘန်ကောက်မြို့ရဲ့ မြင်ကွင်းကျယ်ကို တစ်နေရာတည်းကနေ ကြည့်ရှုနိုင်ပါတယ်။
📍 Wat Paknam
ဘန်ကောက်ရဲ့ အထင်ကရ ဘုရားတစ်ဆူဖြစ်တဲ့ Wat Paknam ဟာ အမြင့် 69 မီတာကျော်ရှိတဲ့ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးကြောင့် လူသိများပါတယ်။ 🙏✨
🌸 နာမည်ကြီး ဘုရားတွေ ဖူးမြော်နိုင်မယ်
🌸 ကုသိုလ်လည်းရ၊ အမှတ်တရဓာတ်ပုံတွေလည်း ရိုက်နိုင်မယ်
ဘန်ကောက်ရောက်ရင် ဒီခရီးစဉ်လေးကို သိမ်းထားဖို့ မမေ့နဲ့နော် 🙏❤️
#ဘန်ကောက်ဘုရားဖူး # #