ELITE Visa & Realty

เส้นทาง

ELITE Visa & Realty ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก ELITE Visa & Realty, หนังสือเดินทางและบริการวีซ่า, Bangkok

💰DTV လျှောက်ဖို့ ဘတ်(၅)သိန်းရှိရုံနဲ့ လုံလောက်လား?DTV လျှောက်တဲ့အခါ ဘတ်(၅)သိန်းနဲ့ညီမျှတဲ့ ငွေပမာဏကို အထောက်အထားအနေနဲ့ ပ...
19/10/2026

💰DTV လျှောက်ဖို့ ဘတ်(၅)သိန်းရှိရုံနဲ့ လုံလောက်လား?

DTV လျှောက်တဲ့အခါ ဘတ်(၅)သိန်းနဲ့ညီမျှတဲ့ ငွေပမာဏကို အထောက်အထားအနေနဲ့ ပြဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ငွေကြေးအထောက်အထား တစ်ခုတည်းနဲ့ လျှောက်လွှာတစ်ခုလုံး ပြည့်စုံသွားတာတော့ မဟုတ်ပါဘူး။

📌 ငွေကြေးအထောက်အထား ပြင်ဆင်တဲ့အခါ

1️⃣ Bank Statement ကို သေချာစစ်ပါ
ဘဏ်ကထုတ်ပေးတဲ့ Statement မှာ အကောင့်ပိုင်ရှင်နာမည်၊ ရက်စွဲ၊ ငွေကြေးအမျိုးအစားနဲ့ လက်ကျန်ငွေ စသည်တို့ရှင်းလင်းစွာ ပါဝင်နေရပါတယ်။

2️⃣ လိုအပ်တဲ့ Statement ကာလကို စစ်ဆေးပါ
တချို့သံရုံးတွေက နောက်ဆုံး (၃)လ ကနေ (၆)လစာ Statement ကို တောင်းပါတယ်။ လက်ကျန်ငွေကို ဘယ်ကာလအထိ ဘယ်လိုပြရမလဲဆိုတာ သံရုံးသတ်မှတ်ချက်အတိုင်း ပြင်ဆင်ရပါမယ်။

3️⃣ ငွေရင်းမြစ်ကို ရှင်းပြနိုင်အောင် ပြင်ဆင်ပါ
Freelance ဝင်ငွေဆိုရင် Contract ၊ Invoice နဲ့ ငွေလက်ခံရရှိမှုမှတ်တမ်းတွေကို စုထားပါ။ ငွေဝင်လာတဲ့အကြောင်း မေးမြန်းလာရင် အထောက်အထားနဲ့ ရှင်းပြနိုင်ဖို့ လိုအပ်ပါတယ်။

4️⃣ Sponsorship အသုံးပြုမယ်ဆိုရင် အရင်စစ်ပါ
Sponsorship Letter ကို ဖော်ပြထားပေမယ့် လက်ခံပုံနဲ့ လိုအပ်တဲ့အထောက်အထားတွေကို သတ်မှတ်ချက်တွေနဲ့အညီ သေချာပြင်ဆင်ဖို့ လိုအပ်ပါတယ်။

📌 မှတ်ချက်။ ဘတ်(၅)သိန်းက ဗီဇာကြေး မဟုတ်ပါဘူး။ ငွေကြေးအထောက်အထားရှိတာအပြင် တခြားလိုအပ်တဲ့ Supporting Documents တွေလည်း စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

📩 DTV လျှောက်ဖို့အတွက် ကိုယ့်ရဲ့ Financial Evidence စနစ်တကျ ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ELITE Visa & Realty ရဲ့ Messenger မှာ “DTV” လို့ ပို့ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်။

🇨🇳 တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေဆီ သွားရောက်နေထိုင်ချင်ပါသလား?တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်း၊ ဇန...
18/10/2026

🇨🇳 တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ မိသားစုဝင်တွေဆီ သွားရောက်နေထိုင်ချင်ပါသလား?

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေတဲ့ ခင်ပွန်း၊ ဇနီး ဒါမှမဟုတ် မိသားစုဝင်တွေနဲ့အတူ သွားရောက်နေထိုင်ဖို့ စီစဉ်နေသူတွေအတွက် China S1 Visa ဆိုတာ ရှိပါတယ်။

📌 S1 Visa ဆိုတာ ဘာလဲ?

China Private Visit Visa (S1) ဆိုတာ တရုတ်နိုင်ငံမှာ တရားဝင်အလုပ်လုပ်နေသူ၊ ပညာသင်ကြားနေသူ စတဲ့ နိုင်ငံခြားသားတွေရဲ့ မိသားစုဝင်တွေ (၆)လနှင့်အထက် နေထိုင်ခွင့်ရမယ့် ဗီဇာအမျိုးအစား ဖြစ်ပါတယ်။

📌 ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

တရုတ်နိုင်ငံမှာ တရားဝင်နေထိုင်နေတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့

- ခင်ပွန်း / ဇနီး (Spouse)
- အသက် ၁၈ နှစ်အောက် သားသမီး
- မိဘ (Parents)
- ယောက္ခမ / ယောက္ခထီး (Parents-in-law) တို့ဟာ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီရင် S1 Visa လျှောက်ထားနိုင်ပါတယ်။

📌 နေထိုင်ခွင့်ကကော?

S1 Visa က (၆)လနှင့်အထက် နေထိုင်ဖို့ ရည်ရွယ်ထားတဲ့သူတွေအတွက် ဖြစ်ပါတယ်။

သတိပြုရမယ့်အချက်က S1 Visa က မိသားစုနဲ့အတူ နေထိုင်ဖို့အတွက်ဖြစ်ပြီး တရုတ်နိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ပေးတဲ့ Work Visa မဟုတ်ပါဘူး။

ထိုင်းနိုင်ငံကနေ လျှောက်ထားမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ မိသားစုတော်စပ်ပုံနဲ့ ဖိတ်ခေါ်သူရဲ့ Residence Permit တို့ကို အရင်စစ်ဆေးဖို့ လိုပါတယ်။

🇨🇳 တရုတ်နိုင်ငံမှာရှိတဲ့ မိသားစုဝင်တွေနဲ့ အတူနေထိုင်ဖို့ စီစဥ်နေပါသလား?

📩 လျှောက်ထားရမယ့် လုပ်ငန်းစဉ်၊ လိုအပ်တဲ့စာရွက်စာတမ်း အသေးစိတ်အတွက် ELITE Visa & Realty ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

15/10/2026

🇻🇳⛰️ ဗီယက်နမ်ကို အလည်သွားမယ်ဆို မြူခိုးတွေကြားက တောင်တန်းအလှတွေနဲ့ နာမည်ကြီးတဲ့ Sapa နဲ့ Ha Giang ကို ရောက်ဖူးပြီးပြီလား?

ဗီယက်နမ်မြောက်ပိုင်းဟာ မြို့ပြယဉ်ကျေးမှုတွေ၊ စိမ်းလန်းတဲ့ လှေကားထစ်စပါးခင်းတွေ၊ ကွေ့ကောက်နေတဲ့ တောင်ပတ်လမ်းတွေနဲ့ သဘာဝအလှတွေကို တစ်ခရီးတည်းမှာ ခံစားနိုင်တဲ့ ဒေသတစ်ခုဆိုလဲ မမှားပါဘူး။

အထူးသဖြင့် Hanoi – Sapa – Ha Giang ခရီးစဉ်ဟာ သဘာဝတောင်တန်းတွေကို နှစ်သက်သူတွေနဲ့ Adventure ခရီးစဉ်တွေကို စိတ်ဝင်စားသူတွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ ခရီးစဉ်တစ်ခု ဖြစ်ပါတယ်။

📍 Hanoi — သမိုင်းနဲ့ ယဉ်ကျေးမှုတွေရှိတဲ့ မြို့တော်

Hanoi Old Quarter၊ Hoan Kiem Lake နဲ့ ရိုးရာကော်ဖီဆိုင်တွေကို လည်ပတ်ရင်း ဗီယက်နမ်ရဲ့ Street Food နဲ့ မြို့ပြယဉ်ကျေးမှုကို ခံစားနိုင်ပါတယ်။

📍 Sapa — မြူခိုးတွေကြားက တောင်ပေါ်မြို့လေး

အေးမြတဲ့ရာသီဥတုနဲ့ လှပတဲ့ တောင်တန်းတွေကြောင့် နာမည်ကြီးပြီး Fansipan Peak ကို Cable Car နဲ့ တက်ရောက်နိုင်ပါတယ်။

Lao Chai နဲ့ Ta Van ကျေးရွာတွေမှာလည်း လှေကားထစ်စပါးခင်းတွေနဲ့ ဒေသခံယဉ်ကျေးမှုတွေကို လေ့လာနိုင်ပါတယ်။

📍 Ha Giang — Adventure နဲ့ Road Trip ကြိုက်သူတွေအတွက်

နာမည်ကြီး Ha Giang Loop ကို ဖြတ်သန်းရင်း ကွေ့ကောက်နေတဲ့ တောင်ပတ်လမ်းတွေ၊ Ma Pi Leng Pass နဲ့ သဘာဝတောင်တန်းရှုခင်းတွေကို ခံစားနိုင်ပါတယ်။

⏳ ခရီးသွားမယ့်သူတွေအတွက် Hanoi – Sapa – Ha Giang ခရီးစဉ်မှာ ကားလမ်းခရီးများတာကြောင့် အချိန်လုံလောက်အောင် စီစဉ်ထားသင့်ပါတယ်။ Ha Giang Loop ကို အပြည့်အဝလည်ပတ်ချင်ရင် ၃ ရက်မှ ၄ ရက်ခန့် အချိန်ပေးနိုင်ပါတယ်။

💚 မြို့ပြယဉ်ကျေးမှုတွေကို ခံစားချင်ရင် Hanoi 🕍
မြူခိုးတွေကြားက တောင်တန်းအလှတွေကို နှစ်သက်ရင် Sapa ⛰️
စိတ်လှုပ်ရှားစရာ Road Trip တွေကို ကြိုက်ရင် Ha Giang 🚗

🇻🇳 သင်သာ ဗီယက်နမ်မြောက်ပိုင်းကို ခရီးသွားရမယ်ဆိုရင် Hanoi, Sapa နဲ့ Ha Giang ထဲက ဘယ်နေရာကို သွားအလည်ချင်ဆုံးဖြစ်မလဲ ဆိုတာ Comment မှာ မျှဝေခဲ့ပေးပါ။

📌 နောက်ပိုင်းမှာ Thailand Visa, Travel Visa အပြင်
🌍 Travel Packages လေးတွေပါ စီစဥ်ပေးသွားမှာဖြစ်တဲ့အတွက်
နောက်ထပ် ခရီးစဉ်တွေအတွက် ဒီ Post လေးကို Save ထားနိုင်ပါတယ်။

🇻🇳 ဗီယက်နမ်ခရီးစဉ်အတွက် ဗီဇာနဲ့ပတ်သတ်ပြီး သိလိုတာရှိရင် ELITE Visa & Realty ရဲ့
Messenger ဒါမှမဟုတ် WhatsApp တို့ကနေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

🇹🇭 ထိုင်းနိုင်ငံကနေ လေယာဉ်စီးမယ်ဆို ခရီးဆောင်အိတ်ကို ခွင့်ပြုချက်မလိုဘဲ ဖွင့်စစ်ဆေးနိုင်တော့မှာလား?၂၀၂၆ ခုနှစ် အောက်တိုဘ...
15/10/2026

🇹🇭 ထိုင်းနိုင်ငံကနေ လေယာဉ်စီးမယ်ဆို ခရီးဆောင်အိတ်ကို ခွင့်ပြုချက်မလိုဘဲ ဖွင့်စစ်ဆေးနိုင်တော့မှာလား?

၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့ကစပြီး ထိုင်းနိုင်ငံလေဆိပ်တွေမှာ ခရီးဆောင်အိတ် (Checked Baggage) စစ်ဆေးမှုဆိုင်ရာ စည်းမျဉ်းအသစ် စတင်ကျင့်သုံးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAAT) ရဲ့ စည်းမျဉ်းအသစ်အရ X-ray စစ်ဆေးမှုအတွင်း သံသယဖြစ်ဖွယ်ပစ္စည်း တွေ့ရှိပါက ခရီးသည်ရဲ့ ခွင့်ပြုချက်မလိုဘဲ ခရီးဆောင်အိတ်ကို ဖွင့်လှစ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။

ခရီးဆောင်အိတ်တိုင်းကို ဖွင့်စစ်ဆေးမှာလား?

ခရီးဆောင်အိတ်တိုင်းကို ဖွင့်စစ်ဆေးမှာ မဟုတ်ပါဘူး။ တားမြစ်ပစ္စည်း၊ အန္တရာယ်ရှိပစ္စည်းတွေ ပါဝင်နိုင်တယ်လို့ သံသယရှိတဲ့ အခြေအနေမျိုးမှာသာ စစ်ဆေးမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုနဲ့ပတ်သက်ပြီး သိထားသင့်တဲ့အချက်များ

စစ်ဆေးမှုတွေကို သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ပြီး မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။

အိတ်ဖွင့်စစ်ဆေးမှုဟာ တွေ့ရှိတဲ့ လုံခြုံရေးအန္တရာယ်နဲ့ ကိုက်ညီတဲ့ အတိုင်းအတာအထိသာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပစ္စည်းပျောက်ဆုံးတာ၊ စစ်ဆေးမှု မမှန်ကန်ဘူးလို့ ယူဆတာမျိုးရှိရင် သက်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူတွေထံ ပြန်လည်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

🧳 ခရီးမထွက်ခင် ဘာတွေပြင်ဆင်ထားသင့်လဲ?

✅ တားမြစ်ပစ္စည်းနဲ့ အန္တရာယ်ရှိပစ္စည်းတွေကို ခရီးဆောင်အိတ်ထဲ မထည့်ပါနဲ့။

✅ Passport၊ ငွေကြေး၊ အရေးကြီးစာရွက်စာတမ်းနဲ့ တန်ဖိုးကြီးပစ္စည်းတွေကို လက်ဆွဲအိတ် (Carry-on Baggage) ထဲမှာ ထည့်ထားပါ။

✅ အိတ်ဖွင့်စစ်ဆေးဖို့ လိုအပ်လာပါက သော့ပျက်စီးမှု လျှော့ချနိုင်ဖို့ TSA-approved Lock အသုံးပြုဖို့ စဉ်းစားနိုင်ပါတယ်။

⚠️ ဒီစည်းမျဉ်းဟာ ခရီးဆောင်အိတ်အားလုံးကို ခရီးသည်မရှိဘဲ ဖွင့်စစ်ဆေးမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။ လေယာဉ်နဲ့ ခရီးသည်တွေရဲ့ လုံခြုံရေးအတွက် သံသယဖြစ်ဖွယ်အခြေအနေရှိမှသာ ဆောင်ရွက်မှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံကနေ လေယာဉ်နဲ့ ခရီးသွားဖို့ စီစဉ်ထားတဲ့ မိတ်ဆွေတွေအနေနဲ့ ခရီးမထွက်ခင် မိမိရဲ့ ခရီးဆောင်အိတ်ကို သေချာစစ်ဆေးပြင်ဆင်ထားဖို့ အကြံပြုပါတယ်။

📰 Source: Civil Aviation Authority of Thailand (CAAT)

📂 DTV လျှောက်ဖို့ စာရွက်စာတမ်းတွေ ဘယ်ကစပြင်ဆင်ရမလဲ?မြန်မာ Freelancer တစ်ယောက်အနေနဲ့ DTV လျှောက်မယ်ဆိုရင် ကိုယ့်အလုပ်၊ ဝင...
14/10/2026

📂 DTV လျှောက်ဖို့ စာရွက်စာတမ်းတွေ ဘယ်ကစပြင်ဆင်ရမလဲ?

မြန်မာ Freelancer တစ်ယောက်အနေနဲ့ DTV လျှောက်မယ်ဆိုရင် ကိုယ့်အလုပ်၊ ဝင်ငွေနဲ့ လျှောက်ထားရတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

၁။ ကိုယ်ရေးအချက်အလက်
Passport၊ လတ်တလောဓာတ်ပုံနဲ့ လျှောက်မယ့်နေရာက တောင်းဆိုထားတဲ့ လက်ရှိနေထိုင်မှုအထောက်အထားတွေကို စစ်ဆေးပါ။

၂။ ကိုယ့်အလုပ်ကို ပြသမယ့် အထောက်အထား
Freelancer ဆိုရင် လုပ်ဆောင်ခဲ့တဲ့ Project တွေ၊ ကိုယ်တာဝန်ယူခဲ့တဲ့အပိုင်းနဲ့ အလုပ်နမူနာတွေ ပါဝင်တဲ့ Professional Portfolio ကို ပြင်ဆင်ပါ။

ကိုယ့်အခြေအနေကို ပိုရှင်းပြနိုင်ဖို့ Client Contract၊ Invoice နဲ့ ငွေလက်ခံရရှိမှုအထောက်အထားတွေကိုလည်း စုထားသင့်ပါတယ်။ ဒီစာရွက်စာတမ်းအားလုံးကို နေရာတိုင်းက မဖြစ်မနေတောင်းတာတော့ မဟုတ်ပါဘူး။

၃။ ငွေကြေးအထောက်အထား
သက်ဆိုင်ရာ သံရုံးက သတ်မှတ်ထားတဲ့ ပမာဏနဲ့ ကာလအတိုင်း Bank Statement ကို ပြင်ဆင်ပါ။

✅ မတင်ခင် နာမည်၊ ရက်စွဲနဲ့ အချက်အလက်တွေ ကိုက်ညီမှုရှိမရှိ၊ ဖိုင်တွေ ဖတ်လို့ရှင်းမရှင်း ပြန်စစ်ပါ။

📌 သတိပြုရန် - Checklist၊ ဘာသာပြန်လိုအပ်ချက်နဲ့ စိစစ်ချိန်တွေက လျှောက်မယ့်သူတစ်ဦးချင်း အပေါ်မူတည်ပြီး ကွာနိုင်ပါတယ်။ Police Clearance လို အပိုအထောက်အထားတွေ တောင်းနိုင်တာကြောင့် မလျှောက်ခင် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

📩 ကိုယ့်အလုပ်အခြေအနေနဲ့ ကိုက်ညီတဲ့ စာရွက်စာတမ်းတွေ ဘယ်လိုပြင်ဆင်ရမလဲ သိချင်ရင် ELITE Visa & Realty ရဲ့ Messenger မှာ “DTV” လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်။

🇨🇳 တရုတ်နိုင်ငံကို သွားမယ်ဆိုရင် မရှိမဖြစ် Download လုပ်ထားသင့်တဲ့ App (၅) ခု 📱တရုတ်နိုင်ငံမှာ ငွေပေးချေတာ၊ Taxi ခေါ်တာ၊...
13/10/2026

🇨🇳 တရုတ်နိုင်ငံကို သွားမယ်ဆိုရင် မရှိမဖြစ် Download လုပ်ထားသင့်တဲ့ App (၅) ခု 📱

တရုတ်နိုင်ငံမှာ ငွေပေးချေတာ၊ Taxi ခေါ်တာ၊ လမ်းကြောင်းရှာဖွေတာနဲ့ အစားအသောက် မှာယူတာတွေကို Mobile App တွေနဲ့ အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။

ဒါကြောင့် ခရီးမထွက်ခင် ဒီ App (၅) ခုကို ကြိုတင် Download လုပ်ထားဖို့ အကြံပြုချင်ပါတယ်။

1️⃣ Alipay (支付宝) 💳
တရုတ်နိုင်ငံမှာ အသုံးများတဲ့ Mobile Payment App တစ်ခုဖြစ်ပါတယ်။ စားသောက်ဆိုင်၊ Shopping Mall နဲ့ ဆိုင်အများစုမှာ QR Code Scan ဖတ်ပြီး ငွေပေးချေနိုင်ပါတယ်။ နိုင်ငံတကာ Bank Card (Visa/Mastercard) အချို့ကိုလည်း ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။

2️⃣ WeChat (微信) 💬
တရုတ်နိုင်ငံမှာ ဆက်သွယ်ရေးနဲ့ Mobile Payment အတွက် အသုံးများပါတယ်။ မိတ်ဆွေတွေနဲ့ ဆက်သွယ်တာ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို ဆက်သွယ်တာအပြင် WeChat Pay နဲ့ ငွေပေးချေတာတွေမှာလည်း အသုံးဝင်ပါတယ်။

3️⃣ AMap (高德地图) 🗺️
တရုတ်နိုင်ငံမှာ Google Maps ကို အပြည့်အဝ အားကိုးဖို့ မလွယ်ကူတဲ့အတွက် AMap ကို ကြိုတင် Download လုပ်ထားသင့်ပါတယ်။ ကိုယ်သွားချင်တဲ့နေရာ၊ စားသောက်ဆိုင်၊ ဟိုတယ်နဲ့ အနီးဆုံး Metro Station တွေကို ရှာဖွေနိုင်ပါတယ်။

4️⃣ DiDi (滴滴出行) 🚕
DiDi ကတော့ ထိုင်းနိုင်ငံမှာ အသုံးပြုကြတဲ့ Grab လိုမျိုး Ride-Hailing App တစ်ခုဖြစ်ပါတယ်။ Airport ကနေ Hotel သွားတာ၊ မြို့တွင်းလည်ပတ်တာတွေမှာ Taxi ခေါ်ယူနိုင်ပြီး ခရီးစဉ်အတွက် ခန့်မှန်းကုန်ကျစရိတ်ကိုလည်း ကြိုတင်ကြည့်ရှုနိုင်ပါတယ်။

5️⃣ Meituan (美团) 🍜
အစားအသောက် Delivery မှာယူတာနဲ့ စားသောက်ဆိုင်တွေ ရှာဖွေရာမှာ အသုံးဝင်ပါတယ်။ ဟိုတယ်မှာနေစဉ် အစားအသောက်မှာယူတာ၊ စားသောက်ဆိုင်တွေနဲ့ Promotion တွေရှာဖွေတာမှာ အသုံးပြုနိုင်ပါတယ်။

📲 Download Links

- Alipay – [https://www.alipay.com/]
- WeChat – [https://www.wechat.com/]
- AMap – [https://www.amap.com/]
- DiDi – [https://www.didiglobal.com/]
- Meituan – [https://www.meituan.com/]

🇨🇳 China Visa ဆိုတာ အလည်ဗီဇာတစ်မျိုးတည်းပဲ ရှိတာလား?တရုတ်နိုင်ငံကို အလည်သွားမှာလား? မိသားစုဆီ သွားမှာလား? ဒါမှမဟုတ် အလုပ...
13/10/2026

🇨🇳 China Visa ဆိုတာ အလည်ဗီဇာတစ်မျိုးတည်းပဲ ရှိတာလား?

တရုတ်နိုင်ငံကို အလည်သွားမှာလား? မိသားစုဆီ သွားမှာလား? ဒါမှမဟုတ် အလုပ်လုပ်ဖို့၊ ကျောင်းတက်ဖို့ စီစဉ်နေတာလား?

သွားရောက်မယ့် ရည်ရွယ်ချက်ပေါ်မူတည်ပြီး လျှောက်ထားရမယ့် Visa အမျိုးအစားတွေ မတူညီပါဘူး။

ဒါကြောင့် အသုံးများတဲ့ China Visa အမျိုးအစား(၆)မျိုး ကို အလွယ်တကူ နားလည်လွယ်အောင် မျှဝေပေးလိုက်ပါတယ်။

📌 1. Tourist Visa (L Visa)

တရုတ်နိုင်ငံကို အလည်အပတ်၊ ခရီးသွားဖို့အတွက် ဖြစ်ပါတယ်။ Travel Itinerary၊ Hotel Booking (သို့မဟုတ်) Invitation Letter စတာတွေ လိုအပ်ပါတယ်။

📌 2. Business Visa (M Visa)

စီးပွားရေးကိစ္စ၊ Business Meeting နဲ့ ကုန်သွယ်ရေးကိစ္စတွေအတွက် ဖြစ်ပါတယ်။ တရုတ်ကုမ္ပဏီဘက်က Invitation Letter လိုအပ်ပါတယ်။ အလုပ်ဝင်လုပ်ကိုင်ခွင့်တော့ မပေးပါဘူး။

📌 3. Family Visit Visa (Q1 / Q2 Visa)

တရုတ်နိုင်ငံသား (သို့မဟုတ်) Permanent Resident ရဲ့ သတ်မှတ်ထားတဲ့ မိသားစုဝင်တွေအတွက် ဖြစ်ပါတယ်။

Q1 က ရေရှည်နေထိုင်ဖို့၊ Q2 က ရက် ၁၈၀ ထက်မပိုတဲ့ အလည်အပတ်အတွက် ဖြစ်ပါတယ်။

📌 4. Private Visit Visa (S1 / S2 Visa)

တရုတ်နိုင်ငံမှာ အလုပ်လုပ်နေသူ၊ ပညာသင်ကြားနေသူ စတဲ့ သတ်မှတ်ထားတဲ့ နိုင်ငံခြားသားတွေရဲ့ မိသားစုဝင်တွေ သွားရောက်လည်ပတ်ဖို့ သို့မဟုတ် သတ်မှတ်ထားတဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေအတွက် ဖြစ်ပါတယ်။

S1 က ရက် ၁၈၀ ထက်ပိုပြီး S2 က ရက် ၁၈၀ ထက်မပိုတဲ့ ခရီးစဉ်အတွက် ဖြစ်ပါတယ်။

📌 5. Student Visa (X1 / X2 Visa)

တရုတ်နိုင်ငံမှာ ကျောင်းတက်မယ့်သူတွေအတွက် ဖြစ်ပါတယ်။

X1 က ရက် ၁၈၀ ထက်ပိုတဲ့ ပညာသင်ကာလ၊ X2 က ရက် ၁၈၀ ထက်မပိုတဲ့ ပညာသင်ကာလအတွက် ဖြစ်ပါတယ်။

📌 6. Work Visa (Z Visa)

တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့အတွက် ဖြစ်ပါတယ်။ အလုပ်ရှင်ရဲ့ ပံ့ပိုးမှုနဲ့ Work Permit ဆိုင်ရာ အထောက်အထားတွေ လိုအပ်ပါတယ်။

📌 China Visa က အမျိုးအစားပေါ်မူတည်ပြီး လိုအပ်တဲ့စာရွက်စာတမ်း၊ Visa Validity နဲ့ နေထိုင်ခွင့်ရက်တွေ မတူနိုင်ပါဘူး။

ထိုင်းနိုင်ငံကနေ လျှောက်မယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ Thailand Visa ဒါမှမဟုတ် ထိုင်းနိုင်ငံမှာ တရားဝင်နေထိုင်ကြောင်း အထောက်အထားတွေကို စစ်ဆေးဖို့ လိုအပ်ပါတယ်။

🇨🇳 China Visa လျှောက်ချင်ပေမယ့် ဘယ်ဗီဇာအမျိုးအစားက မိမိနဲ့ကိုက်ညီမလဲ?

📑 လိုအပ်တဲ့စာရွက်စာတမ်းနဲ့ လျှောက်ထားမှုအသေးစိတ်အတွက် ELITE Visa & Realty ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 Page Messenger / WhatsApp ကနေ ဆက်သွယ်နိုင်ပါတယ်။

🇹🇭 မြန်မာ Freelancer တစ်ယောက်အနေနဲ့ DTV Visa လျှောက်ထားလို့ရနိုင်လား?ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ချင်တဲ့ မြန်မာ Freela...
12/10/2026

🇹🇭 မြန်မာ Freelancer တစ်ယောက်အနေနဲ့ DTV Visa လျှောက်ထားလို့ရနိုင်လား?

ထိုင်းနိုင်ငံမှာ ရေရှည်နေထိုင်ချင်တဲ့ မြန်မာ Freelancer တွေအနေနဲ့ Destination Thailand Visa (DTV) ကို လျှောက်ထားနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။

ဒါပေမယ့် Freelancer ဖြစ်နေရုံနဲ့ DTV လျှောက်ဖို့ မလုံလောက်သေးပါဘူး။ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်အကိုင်နဲ့ ဝင်ငွေအခြေအနေကို အထောက်အထားနဲ့တကွ ပြသနိုင်ဖို့ လိုအပ်ပါတယ်။

📌 DTV ကို ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

💻 Workcation
Remote Worker, Digital Nomad နဲ့ Freelancer စတဲ့ အွန်လိုင်းကနေ အလုပ်လုပ်ကိုင်သူတွေ။

🥊 Thai Soft Power Activities
Muay Thai၊ Thai Cooking သင်တန်းနဲ့ Medical Treatment စတဲ့ သတ်မှတ်ထားတဲ့ လှုပ်ရှားမှုတွေမှာ ပါဝင်မယ့်သူတွေ။

👨‍👩‍👧 Family Members
DTV ကိုင်ဆောင်ထားသူရဲ့ အိမ်ထောင်ဖက်နဲ့ အသက် (၂၀) မပြည့်သေးတဲ့ သားသမီးတွေ။

📑 မြန်မာ Freelancer တွေအနေနဲ့ ဘာတွေပြင်ဆင်ထားသင့်လဲ?

အဓိကအားဖြင့် ကိုယ့်ရဲ့ Professional Portfolio၊ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အထောက်အထား၊ ဝင်ငွေနဲ့ ငွေကြေးအထောက်အထားတွေကို ပြင်ဆင်ထားဖို့ အရေးကြီးပါတယ်။

📌 DTV လျှောက်ထားရာမှာ ကိုယ်လျှောက်မယ့် သံရုံးရဲ့ စာရွက်စာတမ်းနဲ့ နေထိုင်ခွင့်ဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။

ဥပမာ - လက်ရှိ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာအပြင် ဟိုချီမင်းမှာ နိုင်ငံခြားသားလျှောက်ထားသူတွေအတွက် Vietnam TRC သို့မဟုတ် PRC လိုအပ်ကြောင်း သတ်မှတ်ထားပါတယ်။ လျှောက်ထားနိုင်ခြင်းက ဗီဇာရမယ်ဆိုပြီး အာမခံတာမျိုး မဟုတ်ပါဘူး။

📩 ကိုယ့်အခြေအနေနဲ့ DTV လျှောက်ထားဖို့ သင့်တော်မှုရှိမရှိ သိချင်တယ်ဆိုရင် ELITE Visa & Realty ရဲ့ Messenger မှာ “DTV” လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်။

🇹🇭၂၀၂၇ မှာ ထိုင်းသွားမယ်ဆို ဝင်ကြေး ၄၅၀ ဘတ် ထပ်ပေးရတော့မှာလား?ထိုင်းနိုင်ငံကို အလည်သွားဖို့ စီစဉ်နေသူတွေအတွက် သိထားသင့်တ...
09/10/2026

🇹🇭၂၀၂၇ မှာ ထိုင်းသွားမယ်ဆို ဝင်ကြေး ၄၅၀ ဘတ် ထပ်ပေးရတော့မှာလား?

ထိုင်းနိုင်ငံကို အလည်သွားဖို့ စီစဉ်နေသူတွေအတွက် သိထားသင့်တဲ့ သတင်းတစ်ခုပါ။

ထိုင်းအစိုးရအနေဖြင့် ၂၀၂၇ ခုနှစ် ပထမသုံးလပတ်မှစတင်ပြီး လေကြောင်းနဲ့ ဝင်ရောက်လာမယ့် သတ်မှတ်ချက်နဲ့ကိုက်ညီတဲ့ နိုင်ငံခြားခရီးသွားတွေကို Tourist Entry Fee ၄၅၀ ဘတ် ကောက်ခံဖို့ စီစဉ်နေပါတယ်။

✈️ လေကြောင်းဖြင့် ဝင်ရောက်သူများ — ၂၀၂၇ ခုနှစ် ပထမသုံးလပတ်တွင် စတင်ကောက်ခံရန် ရည်မှန်းထားပါတယ်။

🚗 ကုန်းလမ်းနှင့် ရေလမ်းဖြင့် ဝင်ရောက်သူများ — တစ်နှစ်ခန့်အကြာတွင် ဆက်လက်ကောက်ခံရန် စီစဉ်ထားပါတယ်။

💰 ကောက်ခံရရှိတဲ့ငွေတွေကို ခရီးသွားအာမခံ (Travel Insurance) နဲ့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးတို့မှာ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်။

⚠️ အဆိုပါအစီအစဉ်မှာ အတည်ပြုချက်မရရှိသေးဘဲ သက်ဆိုင်ရာကော်မတီနဲ့ ထိုင်းအစိုးရအဖွဲ့ (Cabinet) တို့ရဲ့ အတည်ပြုချက်တွေ လိုအပ်နေဆဲဖြစ်ပါတယ်။

💬 ခရီးသွားမိတ်ဆွေတို့ရော ထိုင်းနိုင်ငံကို အလည်သွားဖို့ ဝင်ကြေး ၄၅၀ ဘတ် ထပ်ပေးရမယ်ဆိုရင် ဘယ်လိုမြင်ပါသလဲ?

သင့်အမြင်ကို Comment မှာ မျှဝေပေးခဲ့ပါဦး။

📰 Source: ASEAN NOW Thailand
📷 Photo Credit: Peshkova / Getty Images

🇨🇳 တရုတ်ဗီဇာ Reject ဖြစ်နိုင်တဲ့ အချက်(၅)ချက်တရုတ်ဗီဇာလျှောက်တဲ့အခါ အခြေခံလိုအပ်ချက်တွေအပြင် အောက်ပါအချက်(၅)ချက်ကိုလည်း ...
08/10/2026

🇨🇳 တရုတ်ဗီဇာ Reject ဖြစ်နိုင်တဲ့ အချက်(၅)ချက်

တရုတ်ဗီဇာလျှောက်တဲ့အခါ အခြေခံလိုအပ်ချက်တွေအပြင် အောက်ပါအချက်(၅)ချက်ကိုလည်း သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။

📌 1. စာရွက်စာတမ်းမပြည့်စုံခြင်း

လိုအပ်တဲ့စာရွက်စာတမ်း (ဒါမှမဟုတ်) သံရုံးက ထပ်မံတောင်းခံလာတဲ့ စာရွက်စာတမ်းတွေကို မပေးနိုင်တာက Application ကို ထိခိုက်စေနိုင်ပါတယ်။

📌 2. Application Form မှာ အချက်အလက်တွေမှားနေခြင်း

အမည်၊ မွေးသက္ကရာဇ်၊ ခရီးသွားမယ့်ရက်၊ ဒါမှမဟုတ် Supporting Documents တွေနဲ့ အချက်အလက်တွေ မကိုက်ညီတာက ကိုယ့်ရဲ့လျှောက်လွှာ Impression ကိုကျစေပါတယ်။

📌 3. မိမိခရီးစဉ်နဲ့ မကိုက်ညီတဲ့ဗီဇာ ရွေးချယ်ခြင်း

တရုတ်နိုင်ငံကိုသွားရောက်မယ့် ရည်ရွယ်ချက်နဲ့ကိုက်ညီတဲ့ Visa Type ကို ရွေးချယ်ဖို့လိုပါတယ်။

ဥပမာ - အလည်အပတ်သွားမယ့်သူအနေနဲ့ Tourist Visa (L Visa) ကို ရွေးချယ်ရမှာဖြစ်ပြီး Business Visa နဲ့ Tourist Visa တို့ရဲ့ လိုအပ်ချက်တွေကမတူညီပါဘူး။

📌 4. Passport မှာ အဝင်/အထွက်မှတ်တမ်း မပြည့်စုံခြင်း

ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ကြောင်း ပြဖို့အရေးကြီးပါတယ်။

Passport ထဲက Entry / Exit Stamp နဲ့ Immigration Records တွေကို ကြိုတင်စစ်ဆေးထားသင့်ပါတယ်။

📌 5. Passport သက်တမ်းမလုံလောက်ခြင်း

China Visa လျှောက်တဲ့အခါ Passport သက်တမ်း အနည်းဆုံး (၆)လ ကျန်ရှိဖို့လိုအပ်ပါတယ်။

Passport သက်တမ်း (၆) လအောက် ရောက်နေပါက ဗီဇာလျှောက်ထားမှုမှာ အခက်အခဲရှိနိုင်တာကြောင့် သက်တမ်းကြိုတင်စစ်ဆေးဖို့ အကြံပြုပါတယ်။

📌 တရုတ် အလည်ဗီဇာအတွက် လိုအပ်တဲ့စာရွက်စာတမ်းနဲ့ လျှောက်ထားရန်ကြာချိန်တွေက တစ်ဦးနဲ့တစ်ဦးမတူညီပါဘူး။ ဒါကြောင့် မိမိအခြေအနေနဲ့ ကိုက်ညီတဲ့စာရွက်စာတမ်းတွေကို စနစ်တကျ ပြင်ဆင်ဖို့လိုအပ်ပါတယ်။

🇨🇳 China Visit Visa လျှောက်ချင်ပေမယ့် ...
မိမိနဲ့ကိုက်ညီတဲ့ စာရွက်စာတမ်း ဘယ်လိုပြင်ဆင်ရမှန်းမသိတာ၊
ဒါမှမဟုတ် လိုအပ်နိုင််မယ့် စာရွက်စာတမ်းအသေးစိတ်တွေအတွက် ELITE Visa & Realty ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📩 အသေးစိတ်သိလိုသမျှကို Messenger ကနေ ဖြေကြားပေးပါ့မယ်။

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ ELITE Visa & Realty โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์