Fresh Aim Travel 𝗪𝗼𝗿𝗹𝗱 𝗪𝗶𝗱𝗲 🌎 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗩𝗶𝘀𝗮 𝗦𝗲𝗿𝘃𝗶𝗰𝗲𝘀

19/05/2026

Messenger မှာ အသည်းတွေ ဟားဟားတွေ
လာပို့ရုံနဲ့ ဘယ်နိုင်ငံ Visa မှ အလိုလိုရမလာဘူးနော်
Visa Service လေးအပ်ပြီး
စနစ်တကျ Visa လျှောက်မှ Visa ရပြီး
ကိုယ်သွားချင်တဲ့နိုင်ငံသွားလို့ရမှာပါ

ပြောဆိုဆုံးမနေရတယ်နော် 😌

05/05/2026

ရှင်တို့်မလည်းနော် မင်မင်က ရယ်ရမလား ငိုရမလားမသဲကွဲတော့ဘူး
အချို့က ခုမှ Fulbright လျှောက်လို့ရသေးလားတဲ့
အချို့က May 1ရက် နောက်ဆုံး ပါဆို ဒီနေ့မှ Submit လုပ်တာတဲ့
အေး ကောင်းတယ်နော် ကောင်းတယ် လုပ်ကြ 🙃
ငိုအားထက် ရယ်အားသန်ရသောပါပဲ 😅

03/05/2026

2027-2028 Intake အတွက်
Fulbright Scholarship လျှောက်လွှာတွေဟာ
မေလ 1 ရက်နေ့၊ ည 12 နာရီမှာ ပိတ်သိမ်းသွားခဲ့ပါပြီ။ 😊

ဒီနှစ်မှာ လျှောက်ဖို့အခွင့်အရေး
လွဲချော်သွားခဲ့တဲ့သူတွေ စိတ်မပျက်ပါနဲ့ဦးနော်။
နောက်နှစ်မှာ အဆင်သင့်ဖြစ်နေစေဖို့ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲ၊
ဘယ်လိုအချက်တွေကို အဓိကထားရမလဲဆိုတာတွေကို
မင်မင်က အသေးစိတ် ပြန်လည်မျှဝေပေးသွားမှာပါ။

Fulbright အိပ်မက်ကို အတူတူ အကောင်အထည်ဖော်ဖို့အတွက်
စောင့်ကြည့်ပေးကြပါဦးနော်။ 🥰

28/04/2026

လျှောက်လွှာပိတ်ခါနီးမှ Service လာအပ်သူတွေနော်
မိမိရဲ့ကိုယ်ရေးအချက်အလက်တွေကို
မွေးချိန်ကစပြီး ခုချိန်ထိ သင်ယူခဲ့တာ လုပ်ကိုင်ခဲ့တာတွေကို
Viber ကနေ စာရေးပို့ပေးရပါမယ် အပျင်းထူပြီးအသံဖိုင်ပို့တာလက်မခံပါဘူး
ဘာသက်သေမှမကျန်လို့ပါ
စာနဲ့ရေးပို့စေရခြင်းက
အမှားအယွင်းတစုံတရာရှိခဲ့ရင်သက်သေနဲ့​ေထာက်ပြလို့ရအောင်ဖြစ်ပါတယ်
မင်မင် Visa Service စလုပ်လာကတည်းက
လိုအပ်ချက်တွေကိုစာနဲ့ရေးပို့ခိုင်းတာဖြစ်ပါတယ်
ပြောရဆိုရလက်ပေါက်ကပ်သူတွေကို
ဘာမှလျှောက်ပေးချင်စိတ်မရှိပါဘူး
Fulbright ကဖြည့်ရရေးရတာတွေအရမ်းများတယ်လို့လည်း
အကြိမ်ကြိမ်ပြောခဲ့ပြီးဖြစ်ပါတယ်
မိမိအကြောင်း မိမိရေးဖို့တောင်ပျင်းတယ်ဆိုရင်
ဘာ Fulbright မှကို လျှောက်မနေသင့်ဘူး

မင်မင့်ကိုထပ်ခါမပြောခိုင်းပါနဲ့
အချိန်ကပ်မှ Service Fee ပြန်အမ်းပြီး
မလျှောက်ပေးဘဲနေလိုက်မှာနော်
မလုပ်ရဲဘူးမထင်နဲ့
ကိုယ့်အကြောင်းကိုယ် ချရေးပြီးပို့ခိုင်းတာ
အဲလောက်ပင်ပန်းတယ်ထင်ရင်
ခေါင်းမူးအောင်ဖြည့်ရတဲ့ လျှောက်လွှာကို
ကိုယ့်ဘာသာပဲ ဖြည့်တင်လိုက်ကြပေါ့
စိတ်တွေရှည်မနေတော့ဘူး

26/04/2026

ကဲကဲ ခုချိန်ထိ တက္ကသိုလ်အမှတ်စာရင်း
လက်ဝယ်မရှိသေးဘူးဆိုသူများက
ဒီနှစ်အတွက် "နှမလက်လျော့နေလေတော့" ပဲနော် 🥰
အားမငယ်ပါနဲ့ မင်မင်လည်းဘဝတူပါပဲ
မင်မင်လည်း အလုပ်အားမှ အေးဆေးအမှတ်စာရင်းသွားထုတ်ပြီး
နောက်နှစ်မှလျှောက်မလို့ပါ
မင်မင်နဲ့ကျောင်းတူရင် အတူသွားထုတ်ကြတာပေါ့
ခုတော့မင်မင်မအားသေးလို့
အားတဲ့အခါမှ အမှတ်စာရင်းသွားထုတ်ဖို့
ရက်ချိန်းကို ထပ်လာပြောပြမယ်နော် 😁

26/04/2026

တက္ကသိုလ် အမှတ်စာရင်းနဲ့ပတ်သက်ပြီး -

✅ လေးနှစ်တက်ရသူက လေးနှစ်စာအမှတ်စာရင်း
သုံးနှစ်တက်ရသူက သုံးနှစ်စာအမှတ်စာရင်းလိုပါတယ်
Master 2နှစ်တက်ရသူဆိုရင် ၂နှစ်စာအမှတ်စာရင်း

Master ဘွဲ့ရတွေက
ရိုးရိုးဘွဲ့အတွက်ရော Master ဘွဲ့အတွက်ရော
နှစ်ခုလုံးရဲ့တနှစ်ချင်း အမှတ်စာရင်းတွေလိုပါတယ်

✅ နောက်ဆုံးနှစ်တနှစ်ရဲ့
အမှတ်စာရင်းကိုပဲ တင်ပြပေးရတာမဟုတ်ပါဘူး

✅ GPA တွက်ရင်
မိမိတက်ခဲ့တဲ့ နှစ်အလိုက် ဥပမာ 4နှစ်တက်ရသူဆိုရင်
4နှစ်စာ တနှစ်ချင်းရဲ့ GPA 4ခုကိုပေါင်းပြီး
4နဲ့စားပြီး ရတဲ့အဖြေကိုထည့်ရေးပေးရမှာပါ

✅ အမှတ်စာရင်တောင်းတဲ့အခါ
မိမိကျောင်းရဲ့ GPA ကိုလည်းမေးလာဖို့လိုပါတယ်
ကျောင်းရဲ့ GPA ကိုလည်းထည့်ပေးရပါတယ်
တကယ်လို့ကျောင်းရဲ့ GPA မသိရင်တော့
General အနေနဲ့ " 5 " ကိုထည့်လို့ရပါတယ်

25/04/2026

Portal ထဲကို ip address 2ခုနဲ့ တပြိုင်ထဲဝင်ပြီး
Application တခုကိုပဲ လူနှစ်ယောက် တချိန်ထဲမှာ
ဝင်ဖြည့်လို့မရဘူးနော်
ကမ္ဘာ့ထိပ်သီးတိုင်းပြည်မှာ ပညာတော်သင်သွားမယ့်သူတွေအနေနဲ့
ဒီလောက်ကတော့ မပြောလည်းသိကိုသိသင့်တယ်
(အချိန်နီးကာမှ Account Block ဖြစ်သွားရင်
ကိုယ့်ထိုက်နဲ့ကိုယ့်ကံနော် မင်မင်တော့မသိဘူးပဲ)

25/04/2026

Fulbright လျှောက်လွှာပိတ်ရက်က
May 1ရက် ည 12နာရီဖြစ်ပါတယ်နော်
လျှောက်ဖို့နောက်မကျသေးပါဘူး
နောက်မကျသေးဘူးဆိုပေမယ့် တက္ကသိုလ်အမှတ်စာရင်း
လက်ဝယ်ရှိမထားဘူး
တောင်းတာကလည်းချက်ချင်းမရနိုင်ဘူးဆိုသူတွေက
ဒီနှစ်လျှောက်ဖို့မီတော့မှာမဟုတ်ပါဘူး
မင်မင်တို့ဆီ ခုချိန် Service အပ်ချင်တယ်ဆိုသူများကို
လိုအပ်တဲ့အချက်အလက်တွေ ချက်ချင်းပို့ပေးနိုင်တယ်ဆိုမှသာ
လက်ခံပေးတော့မှာပါ လိုအပ်တဲ့အချက်အလက်တွေမရှိဘဲ
မင်မင်က ဘာတွေဖြည့်တင်ပေးရမှာလဲ မဟုတ်ဘူးလား ?
ပြီးတော့ ရေးပေးဖြည့်ပေးရမှာတွေကလည်းမနည်းပါဘူး
US Visit Visa လျှောက်လွှာဖြည့်ရတာထက် သုံးဆပိုပါတယ်
ဒါပေမယ့် Service Fee ကိုတော့ လွန်ခဲ့တဲ့နှစ်နှစ်က
US Visit Visa Service Fee အတိုင်းသာယူထားပေးတာပါ

24/04/2026

May 1 deadline 🚨 Don’t miss this chance

23/04/2026

မင်မင် ➖
ခုမီးပျက်နေလို့ မီးလာမှ ဆက်ဖြည့်တော့မယ်🤗

ကာကာ ➖
ဒီမှာက မီးဖြတ်ထားပေးလို့ လာကို်မလာတာ 😢

ဇာတ်သိမ်း ➖
ဘယ်ချိန်ဆုံမှာလဲ 🎵 ဘယ်နေရာမှာတွေ့မလဲ 🎵

စိတ်တွေဖိစီးနေကြမှာစိုးလို့
နည်းနည်းလေးစိတ်ပေါ့သွားအောင်
ဟာသလေး လာရေးပေးတာပါ 🥰

အခက်အခဲတွေကြားက
ရရှိလာတဲ့ အောင်မြင်မှုက ပိုချိုမြိန်ပါတယ်
အားလုံးပဲ Fighting ပါ 💪

22/04/2026

လျှောက်လွှာပိတ်ရက်နီးလာပြီဆိုတော့
Fulbright 2027-2028 လျှောက်ရမယ့် Portal link ကို
တကူးတကလာမေးစရာမလိုအောင်လို့
Comment မှာရေးပေးလိုက်တယ်နော်
ရွေးချယ်ခံရရင်လည်း ဝမ်းသာကူရအောင် ပြန်လာပြောပြဖို့
မေ့မနေကြနဲ့ဦးနော် 🥰

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fresh Aim Travelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์