One Baht Travel Services

One Baht Travel Services ငွေနည်းနည်းနဲ့ ခရီးများများသွားပါ

ထိုင်းနိုင်ငံရဲ့ ဝင်ခွင့်လက်မှတ်တွေကို Website တွေတက်ရှာရင်း ⏳ အချိန်ကုန်၊ 🤯 ခေါင်းရှုပ်ပြီး 💸 စျေးကြီးပေးဝယ်နေတုန်းလား?...
17/05/2026

ထိုင်းနိုင်ငံရဲ့ ဝင်ခွင့်လက်မှတ်တွေကို

Website တွေတက်ရှာရင်း

⏳ အချိန်ကုန်၊ 🤯 ခေါင်းရှုပ်ပြီး 💸 စျေးကြီးပေး

ဝယ်နေတုန်းလား?

ဒါဆို လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို

ကူညီဖြေရှင်းပေးဖို့ One Baht Travel Service က

အသင့်ရှိနေပါပြီရှင် ✨

✅ စျေးနှုန်းသက်သာ
✅ စိတ်ချယုံကြည်ရသော ဝန်ဆောင်မှု
✅ လျင်မြန်လွယ်ကူစွာ ဝယ်ယူနိုင်ခြင်း
✅ တာဝန်ယူမှုအပြည့်ဖြင့် ဆောင်ရွက်ပေးခြင်း

🇹🇭 ထိုင်းတစ်နိုင်ငံလုံးရှိ လည်ပတ်စရာနေရာများ၏

ဝင်ခွင့်လက်မှတ်များကို တစ်နေရာတည်းမှာပဲ

အချိန်ကုန်သက်သာစွာ ဝယ်ယူနိုင်ပါတယ်။

📩 သိချင်တာများ၊ လက်မှတ်ဝယ်ယူလိုတာများရှိရင်

Messenger မှာ “Hi” လေးတစ်လုံးသာ ပို့လိုက်ပါရှင်။

💙 One Baht Travel Service —

Save Time • Save Money • Travel Easy ✈️





🏖️ ဘန်ကောက်နွေရာသီရဲ့ ပူပြင်းမှုတွေကို မခံစားနိုင်တော့လို့ မော်လ်ဒိုက်ထိပြေးပြီး ရေထဲခုန်ဆင်းချင်နေပြီဆိုရင် ထိုင်းနိုင်...
17/04/2026

🏖️ ဘန်ကောက်နွေရာသီရဲ့ ပူပြင်းမှုတွေကို မခံစားနိုင်တော့လို့ မော်လ်ဒိုက်ထိပြေးပြီး ရေထဲခုန်ဆင်းချင်နေပြီဆိုရင် ထိုင်းနိုင်ငံတွင်းမှာတင် မော်လ်ဒိုက်လို့တင်စားကြတဲ့ Koh Lipe ကိုသွားကြမယ်။

အခုတလော ဘန်ကောက်ရဲ့ အပူရှိန်က လုံးဝကို သည်းမခံနိုင်စရာ ဖြစ်နေပြီမလား? ဒါဆိုရင်တော့ ထိုင်းနိုင်ငံရဲ့ တောင်ဘက်စွန်းမှာ ရှိတဲ့ "ထိုင်းရဲ့ မော်လ်ဒိုက်" လို့တင်စားကြတဲ့ Koh Lipe ကျွန်းကိုသာ အရောက်သွားလိုက်ပါ။ 🌊🛶

ဒိကျွန်းပေါ်မှာဆိုရင် ခြေဖဝါးအောက်မှာ ထိတွေ့လိုက်ရတဲ့ သဲတွေက သာမန်သဲတွေလို မဟုတ်ဘဲ ဂျုံမှုန့်လို နုညံ့နေတာကြောင့် ညနေခင်းနဲ့ ညပိုင်းတွေမှာ ဖိနပ်လေးချွတ်ပြီးလမ်းလျှောက်လိုက်ရင် တစ်နှစ်တာလုံးပင်ပန်းထားသမျှ ပြေပျောက်စေမှာပါ။ 👣🐚

ရေကလည်း ဘယ်လောက်တောင် ကြည်လဲဆိုရင် လှေပေါ်ကနေ ငုံ့ကြည့်လိုက်ရုံနဲ့ ရောင်စုံငါးလေးတွေနဲ့ သန္တာကျောက်တန်းတွေကို အတိုင်းသား မြင်နေရတာပါ။ အပူရှိန်တွေကြားထဲကနေ ဒီလိုကြည်လင်အေးမြတဲ့ ရေထဲကို ခုန်ချလိုက်ရတဲ့ အရသာက ဘာနဲ့မှ လဲနိုင်မှာမဟုတ်ဘူးနော်။ 🐠💎

နေဝင်ချိန်ဆိုရင်လည်း Sunset Beach ဘက်မှာ ကော့တေးလေးတစ်ခွက်ကို ကိုင်ပြီး ပင်လယ်ပြင်ထဲ နေဝင်သွားတာကို ငေးကြည့်ရင်း ညနေခင်း လေညင်းလေးခံရတာက Stress တွေအားလုံးကို စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားစေမှာပါ။ 🌇🍹

ထိုင်းရဲ့ အလှဆုံးသန္တာကျောက်တန်းတွေ တည်ရှိတဲ့နေရာလည်းဖြစ်တဲ့အတွက် Snorkeling လုပ်ရတာကြိုက်တဲ့သူတွေ၊ ရေအောင်အလှတွေကြည့်ရတာကြိုက်တဲ့သူတွေ လုံးဝကျေနပ်စေမှာ နေရာလေးလည်းဖြစ်ပါတယ်။

ဒါကြောင့် ဒီနွေရာသီမှာ ကမ်းခြေသွားချင်တယ်ဆိုရင်တော့ Koh Lipe ထက် ကောင်းတဲ့နေရာ မရှိတော့ဘူးနော်။ 🛥️

Location- https://maps.app.goo.gl/uU9GehaDB7KL3QmbA

Crd : ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Bangkok ကနေ နေ့ချင်းပြန်သွားလို့ရမယ့် ရေလှောင်ကန်ကြီး — Muak Lek ရေလှောင်ကန် 🌿🏞️ Saraburi ပြည်နယ် Muak Lek ခရိုင်အနီးမှာ...
08/09/2025

Bangkok ကနေ နေ့ချင်းပြန်သွားလို့ရမယ့် ရေလှောင်ကန်ကြီး — Muak Lek ရေလှောင်ကန် 🌿

🏞️ Saraburi ပြည်နယ် Muak Lek ခရိုင်အနီးမှာ တည်ရှိတဲ့ ဒီရေလှောင်ကန်လေးဟာ တောင်တန်းကြားထဲ နတ်ဖွက်ထားသလိုမျိုး တိတ်ဆိတ်ပြီး ငြိမ်သက်တဲ့ နေရာတစ်ခုပါ ။ ဆည်တလျှောက်မှာရှိတဲ့ လမ်းလေးကနေ သဘာဝရဲ့ အလှအပကို တစ်လျှောက်လုံးခံစားနိုင်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့စိတ်ကို အေးချမ်းစေသွားပါလိမ့်မယ် ။

🏕️ ငြိမ်သက်အေးဆေးတဲ့ရေပြင်နဲ့ တောင်တန်းကြားက ရှုခင်းဟာ ခရီးသွားရင်း အနားယူချင်သူတွေအတွက် အပြည့်အဝတန်ဖိုးရှိစေပြီး ညနေခင်းအချိန်မှာ လှပလွန်းတဲ့ နေဝင်အလှကို လုံးဝလက်လွတ်မခံသင့်ပါဘူး ။

ဆည်တလျှောက် လေကောင်းလေသန့်ကို ခံစားနိုင်ပြီး မြို့တက်ပင်ပန်းမှုတွေကို ခဏလုံးဝ မေ့သွားစေတယ် ။ ညနေခင်းအချိန်ဆိုရင်လည်း ရေပြင်ပေါ်ကို လင်းနေတဲ့ နေဝင်အလှကြောင့် တကယ့် Postcard ရိုက်နေသလိုပဲ ခံစားရမယ် ✨

ရေကန်နဲ့ တောင်တန်းပေါင်းစပ်နေတဲ့ ပုံရိပ်တွေဟာ ပုံရိုက်ဖို့အတွက် အရမ်းအဆင်ပြေတဲ့နေရာ — ချစ်သူတွေနဲ့ Pre-wedding, မိသားစုအဖြစ်, သူငယ်ချင်းအဖြစ်လည်း တကယ့်လိုအပ်တဲ့ Spot တစ်ခု 🍃

👉 သဘာဝကိုချစ်သူတွေအတွက် ငြိမ်သက်အေးဆေးတဲ့ Staycation အဖြစ် သင့်တော်ပြီး မိသားစု၊ သူငယ်ချင်း၊ ချစ်သူနဲ့ သွားရင်း အမှတ်တရတွေဖန်တီးနိုင်မှာဖြစ်ပါတယ် ။

📍 Location
R45X+367 Unnamed Road, Nong Yang Sua, Muak Lek District, Saraburi 18180, Thailand

- Pics Fully Credit To Owner -

🇹🇭 ထိုင်းနိုင်ငံ ဘဏ် SWIFT Codes (အသုံးများသော Bank များ)1. Bangkok Bank (BBL) – BKKBTHBK2. Kasikorn Bank (KBank) – KASI...
08/09/2025

🇹🇭 ထိုင်းနိုင်ငံ ဘဏ် SWIFT Codes
(အသုံးများသော Bank များ)

1. Bangkok Bank (BBL) – BKKBTHBK

2. Kasikorn Bank (KBank) – KASITHBK

3. Krung Thai Bank (KTB) – KRTHTHBK

4. Siam Commercial Bank (SCB) – SICOTHBK

5. Bank of Ayudhya (Krungsri) – AYUDTHBK

6. TMBThanachart Bank (TTB) – TMBKTHBK

7. United Overseas Bank (UOB Thailand) – UOVBTHBK

8. CIMB Thai Bank – UBOBTHBK

9. Government Savings Bank (GSB) – GSBATHBK

10. Standard Chartered Bank (Thai) – SCBLTHBX

📌 သတိပြုရန်

ဘဏ်အလိုက် SWIFT code မတူနိုင်ပါသေးသလောက်၊ သင့်ဘဏ်အကောင့်ဖွင့်ထားတဲ့ အရင်းအမြစ်ကို စစ်ပြီး သေချာထည့်သွင်းပေးရန် လိုပါတယ်။

တချို့ဘဏ်တွေမှာ မြို့တိုင်း branch-specific code လည်းရှိနိုင်ပါတယ်။

Crd:

Crd

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စွမ်းအားအကြီးဆုံး ပတ်စ်ပို့များ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စွမ်းအားအကြီးဆုံး ပတ်စ်ပို့ (နိုင်ငံကူးလက်မ...
07/09/2025

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စွမ်းအားအကြီးဆုံး ပတ်စ်ပို့များ

၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့စွမ်းအားအကြီးဆုံး ပတ်စ်ပို့ (နိုင်ငံကူးလက်မှတ်များ) အဆင့်သတ်မှတ်ချက်ကို Henley Passport Index Rankings မှာ ထုတ်ပြန်ခဲ့ရာမှာ စင်္ကာပူနိုင်ငံဟာ ကမ္ဘာတစ်ဝှမ်းက နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို ဗီဇာလွတ်ဖြင့် သွားရောက်နိုင်တဲ့ အခွင့်အရေးနဲ့အတူ ထိပ်ဆုံးနေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။ Henley Passport Index ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ အာရှနိုင်ငံများဟာ ကမ္ဘာ့ခရီးသွားလာမှု လွတ်လပ်ခွင့်မှာ ဆက်လက်ဦးဆောင်နေကြောင်း ဖော်ပြနေပါတယ်။

💢ထိပ်ဆုံးအဆင့်ရှိ နိုင်ငံများ

စင်္ကာပူနိုင်ငံရဲ့နောက်မှာတော့ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က နိုင်ငံပေါင်း ၁၉၀ ကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။ ဥရောပနိုင်ငံများဖြစ်ကြတဲ့ ဖင်လန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ အိုင်ယာလန်နဲ့ စပိန်နိုင်ငံတို့ကတော့ နိုင်ငံပေါင်း ၁၈၉ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ တတိယနေရာမှာ အသီးသီး ရပ်တည်နေပါတယ်။

စတုတ္ထအဆင့်မှာတော့ ဆွီဒင်၊ သြစတြီးယား၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံ၊ နော်ဝေး၊ လူဇင်ဘတ်နဲ့ နယ်သာလန်နိုင်ငံတို့က နိုင်ငံပေါင်း ၁၈၈ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ ရပ်တည်နေပြီး ဆွစ်ဇာလန်၊ နယူးဇီလန်နဲ့ ဂရိနိုင်ငံတို့ကတော့ နိုင်ငံပေါင်း ၁၈၇ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ ပဉ္စမအဆင့်မှာ ရပ်တည်နေပါတယ်။

💢အခြားအဓိက နိုင်ငံများရဲ့ အဆင့်သတ်မှတ်ချက်

ဗြိတိန်နိုင်ငံဟာ နိုင်ငံပေါင်း ၁၈၆ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ အဆင့် ၆ မှာ ရပ်တည်နေပြီး ဩစတြေးလျ၊ ပိုလန်၊ မော်လ်တာ၊ ချက်သမ္မတနိုင်ငံနဲ့ ဟန်ဂေရီနိုင်ငံတို့ကတော့ နိုင်ငံပေါင်း ၁၈၅ နိုင်ငံနဲ့ အဆင့် ၇ မှာ ပူးတွဲရပ်တည်နေပါတယ်။ ကနေဒါ၊ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) နဲ့ အက်စတိုးနီးယားနိုင်ငံတို့က နိုင်ငံပေါင်း ၁၈၄ နိုင်ငံနဲ့ အဆင့် ၈ မှာ ရှိနေပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ နိုင်ငံပေါင်း ၁၈၂ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ အဆင့် ၁၀ မှာ ရပ်တည်နေပါတယ်။

💢အာရှ နိုင်ငံများ

အရှေ့တောင်အာရှနိုင်ငံများထဲမှာ မလေးရှားနိုင်ငံက နိုင်ငံပေါင်း ၁၈၁ နိုင်ငံကို ဗီဇာလွတ် သွားရောက်ခွင့်နဲ့ အဆင့် ၁၁ မှာ ရပ်တည်နေပြီး ဘရူနိုင်းနိုင်ငံက နိုင်ငံပေါင်း ၁၆၄ နိုင်ငံနဲ့ အဆင့် ၁၈ မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံကတော့ နိုင်ငံပေါင်း ၈၁ နိုင်ငံနဲ့ အဆင့် ၆၀ မှာ ရပ်တည်နေပါတယ်။

Henley Passport Index ကို နိုင်ငံတကာ လေကြောင်း သယ်ယူပို့ဆောင်ရေး အသင်း (IATA) ကနေ ရရှိတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူတွေအနေနဲ့ ဗီဇာကြိုတင်လျှောက်ထားစရာမလိုဘဲ သွားရောက်နိုင်တဲ့ နိုင်ငံအရေအတွက်ပေါ် မူတည်ပြီး အဆင့်သတ်မှတ်ထားခြင်း ဖြစ်ပါတယ်။

Ref : Times of India

Crd: ဘန်ကောက်လမ်းညွှန်ကိုစိုင်း
#ကမ္ဘာ့စွမ်းအားအကြီးဆုံးပတ်စ်ပို့

ဒုက္ခသည်စခန်း​တွေက မြန်မာဒုက္ခသည်တွေကိုအလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရသဘောတူသြဂုတ်-၂၆၊၂၀၂၅/People's Sping ထိုင်း-မြန်...
26/08/2025

ဒုက္ခသည်စခန်း​တွေက မြန်မာဒုက္ခသည်တွေကိုအလုပ်လုပ်ခွင့်ပြုဖို့ ထိုင်းအစိုးရသဘောတူ

သြဂုတ်-၂၆၊၂၀၂၅/People's Sping

ထိုင်း-မြန်မာနယ်စပ်ဒုက္ခသည်စခန်း​တွေမှာ​နေထိုင်တဲ့ ဒုက္ခသည်တွေကို ထိုင်းနိုင်ငံမှာ အလုပ်လုပ်ခွင့်ပြုရေး ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရ အဖွဲ့ကမူအားဖြင့်လက်ခံသဘောတူလိုက်ပါတယ်။

အဲဒီ အဆိုပြုချက်ကို ထိုင်းပြည်ထဲရေး ဝန်ကြီးနဲ့ လက်ရှိ ယာယီ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဖုန်သမ် ဝီချာယာချိုင်က လက်မှတ်ရေးထိုးထားပါတယ်။ တင်ပြထားတဲ့ အချက်တွေကတော့ မြန်မာဖက်ခြမ်းက စစ်ရေး ပဋိပက္ခတွေကြောင့် ထိုင်းနိုင်ငံ ပိုင်နက်ထဲမှာ ကာလရှည်ခိုလှုံနေတဲ့ စစ်ရှောင်တွေကို ဘယ်လို အလုပ်အကိုင်တွေ ခွင့်ပြုသင့်သလဲ ဆိုတာကို စီမံခန့်ခွဲပေးဖို့ ရည်ရွယ်ထားတာလို့ ဆိုပါတယ်။

ထိုင်းပြည်ထဲရေး ဝန်ကြီးဌာနက အစီအမံတွေကို ဆန်းစစ်ပြီးတဲ့နောက်အဆိုပြုတင်ပြချက်တွေဟာ ထိုင်းနိုင်ငံအတွက်အမျိုးသားလုံခြုံရေး၊ စီးပွား
ရေး ဖွံ့ဖြိုးမှု၊ ပြည်သူ့ကျန်းမာရေး၊ နိုင်ငံတကာ ဆက်ဆံရေး ကဏ္ဍပေါင်းစုံကနေ အကျိုးဖြစ်ထွန်းစေမယ်လို့ ယူဆခဲ့ကြောင်း သိရပါတယ်။

ဒုက္ခသည်စခန်း​တွေက ဒုက္ခသည်တွေကို ပြည်
တွင်းမှာ ခွင့်ပြု အလုပ်အကိုင် အမျိုးအစားတွေ သတ်မှတ်ပေးခြင်းအားဖြင့် တရားမဝင် ဝင်ရောက် အလုပ်လုပ်မှုတွေကို လျော့ကျစေပြီး နိုင်ငံခြား အလုပ်သမားတွေအတွက် စီမံ ခန့်ခွဲနိုင်မယ့် ရှင်းလင်းတဲ့ စနစ်တစ်ခုကို ပေါ်ထွန်းစေပြီး နယ်စပ် တည်ငြိမ်မှုကို အထောက်အပံ့ ဖြစ်စေမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံမှာလာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ထိုင်းအစိုးရက ကာလရှည်ကြာ ထောက်ပံ့ ကူညီနေရတဲ့ စရိတ်တွေကိုပါ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ထိုင်းမှာ အလုပ်လုပ်ခွင့် ရမယ်ဆိုရင် မြန်မာ ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်အားကိုယ်ကိုး ရပ်တည်နိုင်မှာဖြစ်သလို ထိုင်းရဲ့ လုပ်ငန်းနယ်ပယ် တချို့မှာအလုပ်သမား လျော့
နည်း ပြတ်တောက်မှုကိုလည်းဖြေရှင်းနိုင်မယ်လို့ ထိုင်းအစိုးရက ယူဆထားပါတယ်။

နောက်ပြီးအလုပ်သမားတွေကိုကျန်းမာရေး စစ်
ဆေးမှုနဲ့ ကျန်းမာရေး အာမခံ လျှောက်ထားမှုတွေ မပျက်မကွက်လုပ်ဆောင်စေမှာဖြစ်ပြီးအဲဒီစည်း
မျဉ်းက အလုပ်သမားတွေရဲ့ ကျန်းမာရေး အ
တွက်ရော၊ ထိုင်းနိုင်ငံရဲ့ကျန်းမာရေး စောင့်ရှောက်
မှု စနစ်ကိုပါ အကျိုးဖြစ်ထွန်းစေမယ်လို့လည်း သိရပါတယ်။

အခု အဆိုပြုချက်ကို အလုပ်သမား ဝန်ကြီးဌာနက တင်ပြခဲ့ပြီး ထိုင်းအစိုးရ အဖွဲ့ကလည်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မူဝါဒ အပြောင်းအလဲဟာ ထိုင်းနိုင်ငံရဲ့လူ့အခွင့်အရေး၊နိုင်ငံတကာ ပူးပေါင်း
ဆောင်ရွက်မှု နယ်ပယ်တွေမှာ တက်ကြွစွာ ပါဝင်လိုတဲ့ ထိုင်းရဲ့ သဘောထားကိုလည်း ထင်ဟပ်စေပြီး နိုင်ငံတကာ ရပ်ဝန်းမှာ ထိုင်းရဲ့ ကောင်းမွန်တဲ့ ပုံရိပ်ကို တည်ဆောက်နိုင်လိမ့်မယ်လို့ အစိုးရက ယုံကြည်နေပါတယ်။

ကိုးကား-The Reporters

(မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် နှစ်ဦး ။
ဓါတ်ပုံ-AFP)

Crd:

ဘန်ကောက်မှာ အခမဲ့ Medical Checkup လုပ်ပေးတဲ့ ပွဲတော်ကို စတင် ကျင်းပပြီ"Thailand Healthcare 2025" ကို ဘန်ကောက်မြို့လယ်က S...
28/06/2025

ဘန်ကောက်မှာ အခမဲ့ Medical Checkup လုပ်ပေးတဲ့ ပွဲတော်ကို စတင် ကျင်းပပြီ

"Thailand Healthcare 2025" ကို ဘန်ကောက်မြို့လယ်က Samyan Mitrtown Hall မှာ ဇွန်လ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပလျက်ရှိပါတယ်။ "ခေတ်အဆက်ဆက် ကျန်းမာရေးကို စောင့်ရှောက်ခြင်း" ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတဲ့ အဲဒီပွဲတော်ကို နေ့စဉ် မနက် ၁၀ နာရီကနေ ည ၈ နာရီအထိ ဝင်ကြေးအခမဲ့နဲ့ ဝင်ရောက်နိုင်ပါတယ်။

ပွဲတော်ရဲ့ အဓိက အထူးအစီအစဉ်ကတော့ အခမဲ့ကျန်းမာရေးစစ်ဆေးပေးတဲ့ အစီအစဉ်ကြီးပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းဆေးရုံကြီး ၃၀ ကျော်က ပါဝင်ပြီး သွေးတိုး၊ ဆီးချိုကနေ ကင်ဆာရောဂါအထိ ဆေးစစ်ချက်အမျိုးအစားပေါင်း ၆၀ ကျော်ကို အခမဲ့စစ်ဆေးပေးနေပါတယ်။ အဲဒီဝန်ဆောင်မှုတွေကို ထိုင်းနိုင်ငံသားတွေသာမက ထိုင်းနိုင်ငံမှာနေထိုင်တဲ့ နိုင်ငံခြားသားတွေပါ ရယူနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အထူးရွေ့လျားကျန်းမာရေးယာဉ်တွေနဲ့လည်း ရင်သားကင်ဆာစစ်ဆေးတာ၊ အဆုတ်ဓာတ်မှန်ရိုက်တာနဲ့ သွားသန့်ရှင်းရေးကနေ သွားနုတ်တာအထိ ပြည့်စုံတဲ့ သွားနဲ့ခံတွင်းစောင့်ရှောက်မှုတွေကိုလည်း အခမဲ့ပြုလုပ်ပေးနေပါတယ်။

အခမဲ့ကျန်းမာရေးစစ်ဆေးမှုတွေအပြင် ကျွမ်းကျင်သူတွေရဲ့ ဆေးဘက်ဆိုင်ရာဟောပြောပွဲတွေနဲ့ နောက်ဆုံးပေါ် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေ ခင်းကျင်းပြသတာတွေကိုလည်း တစ်နေရာတည်းမှာ စုံလင်စွာတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ Samyan Mitrtown Hall ကို MRT Samyan ဘူတာ (Exit 2)ကနေ သွားရောက်နိုင်ပါတယ်။ ကားနဲ့လာမယ်ဆိုရင် ရာမ ၄ လမ်း ကနေ Sri Rat Expressway ထဲကို ဝင်ရမှာ ဖြစ်ပြီး ၁.၆ ကီလိုမီတာပဲ ကွာဝေးပါတယ်။ အဲဒီကို ဘတ်စ်ကားလိုင်းများစွာလည်း ရောက်ပါတယ်။

Ref : Khaosod

Crd:ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ထိုင်းဘတ် 30 ပေးပြီး ဘန်ကောက်မြို့ရဲ့ ကျောက်ဖရာမြစ်ထဲမှာ Boat 🛥 စီးပြီး ဘန်ကောက်မြို့ ရူခင်းကြည့်ကြမယ်🌸 ♦️ဘန်ကောက်မြို့ရ...
27/06/2025

ထိုင်းဘတ် 30 ပေးပြီး ဘန်ကောက်မြို့ရဲ့ ကျောက်ဖရာမြစ်ထဲမှာ Boat 🛥 စီးပြီး ဘန်ကောက်မြို့
ရူခင်းကြည့်ကြမယ်🌸

♦️ဘန်ကောက်မြို့ရဲ့ ရူခင်းကို ကျောက်ဖရားမြစ်တလျောက်ကနေကြည့်ဖို့ ဘတ် 30 ပဲကျသင့်မှာပါ😊
♦️Phra Arthit Pier (ခေါက်ဆန်လမ်း ) ကနေ
Asiatique Pier အထိမြစ်ကြောတစ်လျောက်ကနေ ဘန်ကောက်မြို့ရဲ့ အလှအပ ကိုခံစားနိုင်မှာပါ။
♦️🛥 Boat Trip တလျောက်မှာရှိတဲ့ Tourist Attraction ရှိတဲ့နေရာများတွင် ခဏဆိုက်ကပ်ပေးမှာဖြစ်ပေးမယ့် ကိုယ်က အဲ့နေရာတွေ သွားဖို့မဟုတ်ပဲ ရူခင်းကြည့်ဖို့ရည်ရွယ်ရင် မဆင်းပဲနေရမှာပါ။
♦️ဆင်းလိုက်ပြီး ပြန်တက်ရင် နောက်ထပ် ဘတ် 30 ထပ်ပေးရမှာပါ။
♦️ဘတ် 30 က one time useပါ။
♦️Boat Trip တလျောက် နေရာစုံရောက်ချင်သေးတယ်ဆိုရင် One day boat trip ticket ဝယ်ဖို့လိုပါမယ်၊ဘတ် 150 ပါ။သူကတက်လိုက်ဆင်းလိုက်လုပ်လို့ရပါတယ် ။
♦️ရူခင်းကြည့်ရုံသက်သက်ဆိုရင် ညနေပိုင်းနေအေးတဲ့အချိန်ဆို အတော်ပါပဲ။

လှေစီးဖို့အတွက် ‌လမ်းကြောင်းမြေပုံဆော့ဝဲကို
ဒီမှာဒေါင်းယူထားပါ - https://clk.bz/FypBQ

Crd:

Squid Game အရုပ်ကြီးတွေ ဘန်ကောက်ကို ပြန်ရောက်လာပြီထိုင်းပရိသတ်တွေကြားမှာ "ဂိုဂိုဝါအရုပ်" လို့ လူသိများတဲ့ Young-hee အရုပ...
24/06/2025

Squid Game အရုပ်ကြီးတွေ ဘန်ကောက်ကို ပြန်ရောက်လာပြီ

ထိုင်းပရိသတ်တွေကြားမှာ "ဂိုဂိုဝါအရုပ်" လို့ လူသိများတဲ့ Young-hee အရုပ်မကြီးနဲ့ သူ့ရဲ့ကောင်လေးအဖော် Cheol-su အရုပ်တို့ဟာ ဇွန်လ ၂၇ ရက်နေ့မှာ Netflix ကနေ ပြသတော့မယ့် Squid Game Season 3 ကို ကြိုဆိုတဲ့အနေနဲ့ ဘန်ကောက်မြို့က Giant Swing အနီးမှာ ပြန်ရောက်လာပါပြီ။

Squid Game ဇာတ်လမ်းတွဲဟာ ငွေကြေးအခက်အခဲရှိသူတွေက ငွေသားဆုကြေးမက်ပြီး ကလေးကစားနည်းတွေကို ဝင်ပြိုင်ရတဲ့ လျှို့ဝှက်ပြိုင်ပွဲတစ်ခုအကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ ရှုံးနိမ့်သူတွေက အသက်သေဆုံးရတဲ့အထိ ပြင်းထန်တဲ့အတွက် ထိုင်းပရိသတ်တွေကြားမှာ အလွန်ရေပန်းစားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလက Season 2 ထွက်ရှိတုန်းကလည်း ဒီ "ဂိုဂိုဝါ" အရုပ်မကြီးကို ICONSIAM Park မှာထားပြီး ပရိသတ်တွေအတွက် ပြသခဲ့ပါသေးတယ်။

ဒီတစ်ခေါက်မှာတော့ ဘန်ကောက်မြို့က နာမည်ကြီး Giant Swing အနီးမှာ ပြသထားပါတယ်။ Season 2 ရဲ့ဇာတ်သိမ်းပိုင်းမှာ ပထမဆုံး ပေါ်ထွက်လာခဲ့တဲ့ Cheol-su လို့ခေါ်တဲ့ အရုပ်လည်း "ဂိုဂိုဝါ" နဲ့အတူ ပါဝင်လာပါတယ်။ ၁၂ မီတာမြင့်တဲ့ ဒီအရုပ်ကြီးနှစ်ရုပ်ဟာ ကြိုးတစ်ချောင်းစီကို ကိုင်ထားပြီး ပရိသတ်တွေကို virtual ကြိုးခုန်ကစားနည်း ကစားဖို့ ဖိတ်ခေါ်နေတဲ့ပုံစံ ပြုလုပ်ထားပါတယ်။

MGR Online ရဲ့ ဖော်ပြချက်အရ ဒီအရုပ်တွေဟာ ကမ္ဘာ့အကြီးဆုံး Squid Game အရုပ်တွေဖြစ်ပြီး ထိုင်းနိုင်ငံတစ်နိုင်ငံတည်းမှာပဲ ပြသထားတာဖြစ်ပါတယ်။ ပရိသတ်တွေအနေနဲ့ ဇွန်လ ၂၈ ရက်နေ့ကစပြီး ဓာတ်ပုံတွေ သွားရောက်ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

ဒါရိုက်တာ Hwang Dong-hyuk က Season 3 ဟာ ဒီဇာတ်လမ်းတွဲရဲ့ နောက်ဆုံးအပိုင်းဖြစ်လာမယ်လို့ အတည်ပြုပြောကြားထားပါတယ်။

Ref : Thethaiger

Crd :ဘန်ကောက်လမ်းညွှန်ကိုစိုင်း

ထိုင်းနိုင်ငံရှိ ရထားအမျိုးအစားများ နဲ့ ရထားလမ်းကြောင်း၊ လက်မှတ်ခများ ကြည့်ရှုနိုင်တဲ့ App များထိုင်းနိုင်ငံတွင် ပြေးဆွဲ...
22/06/2025

ထိုင်းနိုင်ငံရှိ ရထားအမျိုးအစားများ နဲ့ ရထားလမ်းကြောင်း၊ လက်မှတ်ခများ ကြည့်ရှုနိုင်တဲ့ App များ

ထိုင်းနိုင်ငံတွင် ပြေးဆွဲနေသော ရထားများကို အမြန်နှုန်းနှင့် ရပ်နားသည့် ဘူတာအရေအတွက်အပေါ် မူတည်၍ အမျိုးအစားများစွာ ခွဲခြားထားပါတယ်။

⭐အမြန်နှုန်းအလိုက် ရထားအမျိုးအစားများ

၁။ ရိုးရိုးရထား (Ordinary Train)
အနှေးဆုံး ရထားအမျိုးအစားဖြစ်ပြီး ဘူတာတိုင်းနီးပါး ရပ်နားပါတယ်။ မြို့ငယ်လေးတွေနဲ့ ကျေးလက်ဒေသတွေကို ဆက်သွယ်ပေးတာကြောင့် ဒေသခံတွေအတွက် အဓိက အားထားရတဲ့ သယ်ယူပို့ဆောင်ရေးနည်းလမ်းတစ်ခုပါ။ ခရီးစရိတ် အသက်သာဆုံးဖြစ်ပါတယ်။

၂။ သာမန်အမြန်ရထား (Rapid Train)
ရိုးရိုးရထားထက် ပိုမြန်ပြီး ရွေးချယ်ထားတဲ့ ဘူတာကြီးတွေမှာသာ ရပ်နားပါတယ်။ မြို့ကြီးတွေကြား ခရီးသွားလာသူတွေအတွက် အဆင်ပြေစေပြီး ရိုးရိုးရထားထက် ပိုမြန်ပါတယ်။

၃။ အမြန်ရထား (Express Train)
သာမန်အမြန်ရထားထက် ပိုမိုမြန်ဆန်ပြီး အဓိကကျတဲ့ ဘူတာကြီးတွေမှာပဲ ရပ်နားပါတယ်။ ခရီးရှည်သွားလာသူတွေအတွက် အချိန်ကုန်သက်သာစေပြီး ပိုမိုသက်သောင့်သက်သာရှိတဲ့ ဝန်ဆောင်မှုတွေကို ပေးပါတယ်။

၄။ အထူးအမြန်ရထား (Special Express Train)
ထိုင်းနိုင်ငံရဲ့ အမြန်ဆုံး ရထားအမျိုးအစားဖြစ်ပြီး ဘူတာအရေအတွက် အနည်းဆုံးမှာသာ ရပ်နားပါတယ်။ အဓိက မြို့ကြီးတွေနဲ့ အဓိက ခရီးသွားနေရာတွေကို တိုက်ရိုက်ဆက်သွယ်ပေးပါတယ်။ အဆင့်မြင့် ဝန်ဆောင်မှုတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ခရီးသွားအတွေ့အကြုံကို ပံ့ပိုးပေးထားပါတယ်။ ညအိပ်ခရီးစဉ်တွေအတွက် အိပ်စင်တွေ ထည့်သွင်းပေးထားပါတယ်။

⭐ထိုင်းရထားလမ်းကြောင်းနှင့် လက်မှတ်ခများကြည့်ရှုနိုင်သည့် App များ

ထိုင်းနိုင်ငံရဲ့ ရထားလမ်းကြောင်းတွေနဲ့ လက်မှတ်ခတွေကို သိနိုင်တဲ့ App တွေ ရှိပါတယ်။ အဓိကအားဖြင့် ထိုင်းနိုင်ငံရဲ့ ရထားဝန်ဆောင်မှုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပေးတဲ့ App တွေရှိသလို၊ လက်မှတ်ဝယ်ယူနိုင်တဲ့ Appတွေလည်း ရှိပါတယ်။

၁။ State Railway of Thailand (SRT) Official App
ထိုင်းနိုင်ငံရဲ့ နိုင်ငံပိုင်ရထားလုပ်ငန်းဖြစ်တဲ့ State Railway of Thailand (SRT) ကိုယ်တိုင်ထုတ်ထားတဲ့ App ရှိပါတယ်။ ဒီ App ကနေ ရထားလမ်းကြောင်းတွေ၊ အချိန်ဇယားတွေနဲ့ လက်မှတ်ခတွေကို တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။ လက်မှတ်ဝယ်ယူမှုအပိုင်းလည်း ပါဝင်ပါတယ်။ ခရီးသည်တွေအတွက် အချက်အလက်အပြည့်စုံဆုံးနဲ့ အတိကျအမှန်ကန်ဆုံးဖြစ်ပါတယ်။

၂။ Online Travel Agencies (OTAs) App များ
အောက်ဖော်ပြပါ Online Travel Agency (OTA) Appတွေကနေလည်း ထိုင်းရထားလက်မှတ်တွေကို ကြိုတင်ဝယ်ယူနိုင်ပြီး လမ်းကြောင်းနဲ့ လက်မှတ်ခတွေကို နှိုင်းယှဉ်ကြည့်ရှုနိုင်ပါတယ်။
💢 12Go Asia
ဒီ App က အရှေ့တောင်အာရှ ခရီးသွားလာရေးအတွက် နာမည်ကြီးပြီး ရထား၊ ဘတ်စ်ကား၊ လေယာဉ် စတာတွေကို တစ်နေရာတည်းကနေ ဝယ်ယူနိုင်ပါတယ်။ ထိုင်းရထားလမ်းကြောင်း အသေးစိတ်နဲ့ လက်မှတ်ခတွေကို ရှင်းရှင်းလင်းလင်းပြသပေးပါတယ်။
💢 Klook / Trip.com စတဲ့ အခြား ခရီးသွား App များ
ဒီလို App တွေကလည်း ထိုင်းရထားလမ်းကြောင်း တချို့နဲ့ လက်မှတ်တွေကို ဝယ်ယူနိုင်ပါတယ်။ ခရီးစဉ်တစ်ခုလုံးကို စီစဉ်တဲ့အခါ အသုံးဝင်ပါတယ်။

၃။ Google Maps
Google Maps ကလည်း ရထားလမ်းကြောင်းတွေကို ကြည့်ရှုဖို့ အထောက်အကူပြုနိုင်ပါတယ်။ ရထားဘူတာတွေရဲ့ တည်နေရာ၊ လမ်းကြောင်းပေါ်က ဘူတာရပ်နားမှုတွေနဲ့ အချိန်ခန့်မှန်းချက်တွေကို ကြည့်ရှုနိုင်ပါတယ်။ ဒါပေမယ့် တိုက်ရိုက်လက်မှတ်ဝယ်ယူဖို့တော့ မရနိုင်ပါဘူး။

⭐အကြံပြုချက်

လက်မှတ်ဝယ်ယူရန်အတွက် SRT ရဲ့ တရားဝင် App (သို့) 12Go Asia လိုမျိုး OTA App တွေကို အသုံးပြုတာ အကောင်းဆုံးပါပဲ။ လမ်းကြောင်းနဲ့ အချိန်ဇယား အသေးစိတ်သိရှိရန် SRT ရဲ့ တရားဝင် App က အတိကျဆုံး အချက်အလက်တွေကို ပေးပါလိမ့်မယ်။

Crd : ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Ref : State Railway of Thailand(SRT), 12Go Asia

#ဘန်ကောက်လမ်းညွှန်ကိုစိုင်း

Eid al AdhaHappy Mubarak
07/06/2025

Eid al Adha
Happy Mubarak

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 18:00
อังคาร 09:00 - 18:00
พุธ 09:00 - 18:00
พฤหัสบดี 09:00 - 18:00
ศุกร์ 09:00 - 18:00
เสาร์ 09:00 - 00:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ One Baht Travel Servicesผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์