Sunny Sky- Travels and Tour Agency

Sunny Sky- Travels and Tour Agency ဘန်ကောက်ရောက် မြန်မာတိုင်းအတွက် All in One- One Stop Service

Cambodia visa run လေးကို အများကြီးလာမေးကြလို့ ကျေးဇူးပါရှင်။ ☺️Cambodia မှာ ထိုင်းအတွက် tr နဲ့ ed visa run ချင်တဲ့သူတို့...
23/06/2024

Cambodia visa run လေးကို အများကြီးလာမေးကြလို့ ကျေးဇူးပါရှင်။ ☺️

Cambodia မှာ ထိုင်းအတွက် tr နဲ့ ed visa run ချင်တဲ့သူတို့အတွက် နောက်လ ၇ ရက်ထွက်ပေးပါမယ်ရှင်။ ❌ လူများပြီး ကားလက်မှတ်ကြိုဝယ်ရမှာမို့ ၄ ရက်နေ့ စာရင်းလေးပိတ်ပါမယ်ရှင်။ ❌

ကိုယ်တိုင် run ချင်သူတွေအတွက် လေယာဉ်လက်မှတ်သီးသန့်၊ ကားလက်မှတ်သီးသန့်လည်းရောင်းပေးပါတယ်ရှင်။ Visa ပဲ run ချင်ပြီး ကိုယ့် plan နဲ့ကိုယ် သွားချင်ရင်လည်း သီးသန့်စီစဉ်ပေးပါတယ်ရှင်။

Package အလိုက်ဈေးလေးကွာတာမို့ ကိုယ်နဲ့ budget အရအဆင်ပြေဆုံး package လေးတွေကို messenger မှာမေးပေးပါရှင့်။ 🤎🇰🇭

ခုတလော bank account service လေးတွေလာအပ်ကြတာများလာလို့ ပြန်တင်ပေးပါမယ်ရှင်။ Clients ဖက်ကနေ ဘဏ်ဖွင့်မယ့်နေ့မှာ 1. မြန်မာမှ...
13/06/2024

ခုတလော bank account service လေးတွေလာအပ်ကြတာများလာလို့ ပြန်တင်ပေးပါမယ်ရှင်။

Clients ဖက်ကနေ ဘဏ်ဖွင့်မယ့်နေ့မှာ

1. မြန်မာမှတ်ပုံတင်မူရင်းနှင့်တကွ ဘာသာပြန် notary (သို့မဟုတ်) client ရဲ့ passport ထဲမှ နာမည်စာလုံးပေါင်းနှင့်တူသော english လိုနာမည်ပါရှိသည့် driver’s license

2. Tourist visa (သို့မဟုတ်) ထိုင်းနိုင်ငံတွင်းနေထိုင်ရန် ရက် ၃၀ ကျန်ရှိနေသေးသော visa ပါရှိသည့် မူရင်း passport

3. မြန်မာဖက် bank တစ်ခုခု၏ ဘဏ်စာအုပ် (သို့မဟုတ်) updated bank statement

ဒီ ၃ ခု မဖြစ်မနေယူလာပေးရပါမယ်ရှင့်။ ကျန်တဲ့လိုအပ်တဲ့စာရွက်စာတမ်းအကုန် ကျွန်မဖက်က စီစဉ်ပေးထားမှာမို့ ဒီ ၃ ခုတော့ မမေ့ခဲ့ကြပါနဲ့နော်။ ☺️🫶🏻

ထိုင်းဘဏ် acc ဖွင့်ချင်ရင် Sunny sky မှာစာပို့ပြီးဖြစ်စေ phone ဆက်၍ဖြစ်စေ စုံစမ်းနိုင်ပါတယ်ရှင်။ 🌻🔆

Thai Bank Account Service by Sunny Sky

🔆 ဘန်ကောက်ကိုအလည်လာရင်း ထိုင်း bank account ဖွင့်လိုသူတိုင်းအတွက် Sunny Sky ကနေ Bank Account Service ရနေပါပြီနော်။

🔆 Bank Account ဖွင့်ဖို့လိုအပ်တဲ့ သံရုံးထောက်ခံစာမှအစ ဆေးထောက်ခံစာထိ Hustle Free Service အတွက် ဘတ် "၁၀၅၀၀" သာ ကျသင့်မှာဖြစ်ပြီး အချိန်တစ်ရက်ပဲ လိုပါတယ်ရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

🔆 ထိုင်း Tourist visa မိမိကိုယ်တိုင်လျှောက်ချင်သူများအတွက် လိုအပ်တာတွေ ပြောပြထားပါတယ်ရှင်။ မြန်မာ ရန်ကုန်ထိုင်းသံရုံးနဲ့...
24/04/2024

🔆 ထိုင်း Tourist visa မိမိကိုယ်တိုင်လျှောက်ချင်သူများအတွက် လိုအပ်တာတွေ ပြောပြထားပါတယ်ရှင်။

မြန်မာ ရန်ကုန်ထိုင်းသံရုံးနဲ့ လာအို ဗီယက်ကျင်းထိုင်းသံရုံးက သံရုံးမဝင်ခင် appointment လိုပါတယ်။ ပထမအဆင့်က appointment ရက်ချိန်းအရင်ယူပါ။ ကိုယ်တိုင် ရက်ရွေးပြီး ယူရုံပါပဲ မခက်ပါဘူးရှင်။

ရန်ကုန်ရုံးအတွက်
https://www.thaiconsularyangon.com/visa/index.php/make-an-appointment?

လာအိုရုံးအတွက်
https://www.thaivisavientiane.com/ThaiConsular/

ရက်ချိန်းမယူပဲ လျှောက်ချင်တယ်ဆို လာအိုဆူဗနာခက်နဲ့ ကမ္ဘောဒီးယား ဖနွမ်းပင်မှာ walk-in လျှောက်လို့ရပါတယ်။

Visa လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေကတော့

🔆 လေယာဉ်လက်မှတ် အသွားအပြန်/ကားလက်မှတ်အသွားအပြန်
- လေယာဉ်နဲ့မှ မဟုတ်ပါဘူး။ ကားလက်မှတ်လည်း ပြလို့ရပါတယ်။ လာအို၊ ကမ္ဘောဒီးယားကဆို ကားနဲ့ပဲ ထိုင်းကိုဝင်ကြတာများပါတယ်။ လေယာဉ်လက်မှတ် ကိုယ်တိုင် မဝယ်တတ်ရင် service ပေးပါတယ်။ လက်မှတ် နဂိုဈေးနဲ့+ 10% service fee ယူပါတယ်ရှင်။ အပြန် booking နဲ့ လျှောက်လို့ရပါတယ်။
🔆 hotel booking/ apartment booking
- hotel booking တင်နည်း post တင်ပေးဖူးပါတယ်။ အဲ့ဒီအတိုင်းလိုက်လုပ် print ထုတ် ယူသွားရုံပါပဲ။
🔆 bank statement နဲ့ ဘဏ်စာအုပ်
- ဘယ်နိုင်ငံမှာလျှောက်လျှောက် bank statement ဘတ် ၂ သောင်းနဲ့ ညီမျှတဲ့ ငွေပမာဏ ဘဏ်ထဲမှာရှိကြောင်း ပြရပါတယ်ရှင်။ မြန်မာနိုင်ငံဆို သိန်း ၂၀ ပါ။
🔆 passport မူရင်းနှင့် မိတ္တူ
- အနည်းဆုံး သက်တမ်း ၆ လ ကျန်ရပါမယ်။
🔆 visa form
🔆 passport ပုံ ဓာတ်ပုံ ၂ ပုံ
🔆 ဒေါ်လာ ၄၀

အပေါ်က စာရွက်စာတမ်းတွေ ပြည့်စုံရင် လျှောက်လို့ရပါပြီ။ နိုင်ငံအလိုက် officer က လိုအပ်တဲ့စာရွက်တွေ ထပ်တိုးတောင်းတာမျိုး ရှိနိုင်တာကို သိထားရပါမယ်။ ဥပမာ- အိမ်ထောင်စုစာရင်း, မှတ်ပုံတင်

ဘယ်နိုင်ငံမှာလျှောက်လျှောက် မနက်ပိုင်း ၁၁ နာရီ သို့မဟုတ် ၁၂ နာရီ ထိပဲ လျှောက်လို့ရပြီး ၁ နာရီနောက်ပိုင်းကတော့ စာအုပ်ပြန်ထုတ်မယ့်သူတွေအတွက်ပါ။ စာရွက်ထပ်ပြီးရင် officer က စာအုပ်ထုတ်ဖို့ ရက်ချိန်းစာရွက်ပေးလိုက်ပါလိမ့်မယ်။ အဲ့ဒီစာရွက်ထဲကရက်အတိုင်း ၁ နာရီနောက်ပိုင်းသွားထုတ်ရုံပါပဲ။

Visa ရလာရင် passport နံပါတ်နဲ့ နာမည်စာလုံးပေါင်း စတဲ့ info တွေ မှန်/မမှန်တစ်ခါတည်းစစ်ပါ။ မှားနေရင် တစ်ခါတည်း ပြောပါ။ visa ရလာတဲ့ ရက်ကစပြီး ၃ လ အတွင်း ကြိုက်တဲ့ချိန် ထိုင်းကို ဝင်ထွက်လို့ရပါပြီ။ စဝင်ပြီးတာနဲ့ Tr 2 လတုံးရပါမယ်ရှင်။

လာအိုနဲ့ ကမ္ဘောဒီးယားမှာ Tr လျှောက်ချင်သူတို့အတွက် Document preparation service ရှိပါတယ်။ Bus tickets+ hotel ပါပြီး လိုအပ်တဲ့စာရွက်စာတမ်း အကုန်အပြီးအစီးပြင်ပေးပါတယ်ရှင်။ SUNNY SKY ရဲ့ tr package အမျိုးမျိုးကို စုံစမ်းနိုင်ပါတယ်ရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

19/04/2024

🔆 Siam Paragon အောက်က Sea Life Bangkok Ocean World မှာ Jellyfish universe အသစ်ထပ်ထည့်ပေးထားတာ သိပြီးကြပြီလား Sunshine တို့ရေ။ အရင်ကလို Jellyfish ကြည့်ချင်ရင် Bang Sean ကမ်းခြေထိ သွားကြည့်စရာမလိုတော့ဘူးနော်။

Sea Life Ticket အတွက်လိုအပ်လာရင် Sunny Sky မှာစုံစမ်းလို့ရပါတယ်နော်။ ဘတ် ၉၉၀ ကစပြီး ရက်အလိုက် ဈေးနှုန်းအပြောင်းအလဲလေးရှိတာမို့ ကြိုပြီးမေးထားဖို့တော့ လိုပါမယ်ရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Vd source: IG flyingwhale.mag

E-extension visa အကြောင်း အရင်ကလည်း E-extension အကြောင်းရေးတင်ပေးထားပါတယ်။ ခုတစ်ခေါက်လူမေးအများဆုံးမေးခွန်းတွေနဲ့ ထပ်ပြီ...
18/04/2024

E-extension visa အကြောင်း

အရင်ကလည်း E-extension အကြောင်းရေးတင်ပေးထားပါတယ်။ ခုတစ်ခေါက်လူမေးအများဆုံးမေးခွန်းတွေနဲ့ ထပ်ပြီးလိုအပ်တဲ့အကြောင်းတွေကို ပြန်ရှင်းပြပေးပါ့မယ်။

🔆 E-extension တိုးဖို့ ဘာတွေလိုအပ်လဲ။
- E-extension တိုးဖို့ online ကနေ သံရုံးထောက်ခံစာနဲ့ form တင်ပြီး booking ယူရပါတယ်။ ရိုးရိုး visa extension တွေလို walk-in သွားတိုးလို့မရပါဘူး။ booking date ရပြီး online payment 2400 ဘတ် ပေးပြီးမှ confirm email ပို့ပေးပါတယ်။ Email confirm ကျပြီးရင် အဲ့ဒီ email မှာပါသမျှ Document တွေနဲ့ form တင်တုန်းက တင်ထားသမျှ document တွေကို print ထုတ်, passport ပုံ ဓာတ်ပုံနဲ့ immigration သွားရုံပါပဲ။

🔆 E-extension ကို ဘယ်သူတွေတိုးလို့ရလဲ။
- ဘယ်သူတွေတိုးလို့ရလဲဆိုရင် 14 ရက် visa free နဲ့လာတဲ့သူတွေ၊ Tr visa နဲ့လာပြီး တစ်လတိုးပြီးသားကို နောက်ထပ်နေချင်သေးသူတွေ တိုးလို့ရပါတယ်။

🔆 E-extension တိုးဖို့အချိန်ဘယ်လောက်ကြာမလဲ။
- Extension က အချိန်မကြာပါဘူး။ booking date မှာ immigration သွားပြီး တိုးခဲ့ရုံပါပဲ။ ဒါပေမယ့် ဘန်ကောက်မှာ E-extension booking slot တွေက အနားနီးမှတင်ရင် ပြည့်နေတတ်တာကြောင့် Sunny Sky ရဲ့ customer တွေကို visa ကုန်မယ့်ရက်ထပ် အနည်းဆုံးတစ်ပတ်ကြိုပြောမှ service လက်ခံပေးပါတယ်။

🔆 နယ်မှာမို့ လူမလိုက်ပဲ E-extension တိုးလို့ရမလား။
- မရပါဘူး။ E-extension ကို ဘန်ကောက်နဲ့ ချင်းမိုင်မှာ လက်ရှိတိုးလို့ရပြီး ရုံးကို တစ်ရက် လူကိုယ်တိုင်သွားပြီး တိုးရပါမယ်ရှင့်။ လူလိုက်မှ ရပါမယ်။

🔆 E-extension အတွက် TM30 လိုလား။
- လိုပါတယ်ရှင်။ ဘန်ကောက်တွင်းဆို ဘန်ကောက် TM30 နဲ့ ချင်းမိုင်ဆို ချင်းမိုင် TM30 လိုပါတယ်။

🔆 Sunny Sky ရဲ့ E-extension service အတွက် အစအဆုံးဘယ်လောက်ကုန်ကျမလဲ။
- E-extension booking service အတွက် သံရုံးထောက်ခံစာမပါ၊ TM30 မပါ booking သီးသန့်အတွက် ဘတ် ၈၀၀ service fee+ ဘတ် ၂၄၀၀ extension fee စုစုပေါင်း ဘတ် ၃၂၀၀ ယူပါတယ်။ ရုံးကို လိုက်မပေးပါဘူး။
- E-extension booking service+ သံရုံးထောက်ခံစာအပါ ရုံးထိလူကိုယ်တိုင်လိုက်ပေးတဲ့ service အတွက် ဘတ် ၂၁၀၀ service fee+ ဘတ် ၂၄၀၀ extension fee စုစုပေါင်း ဘတ် ၄၅၀၀ ယူပါတယ်။ TM30 လိုအပ်ပါက ဘတ် ၅၀၀ ထပ်ယူပါတယ်ရှင်။
- E-extension အတွက် ဘယ် service ပဲ ယူယူ ဘတ် ၂၅၀၀ deposit အရင်ယူပါတယ်ရှင်။ deposit ငွေဝင်မှ service confirm ပါ။ ‼️

🔆 E-extension booking service မယူပဲ သံရုံးထောက်ခံစာနဲ့ TM30 အတွက်သီးသန့် service ရှိလား။
- သံရုံးထောက်ခံစာအတွက် ဘတ် ၅၀၀ နဲ့ TM 30 အတွက် ဘတ် ၅၀၀ သီးသန့် service ရှိပါတယ်ရှင်။ E-extension အတွက်သုံးချင်တာဆိုရင် ကြိုပြောပေးကြပါနော်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Thai Bank Account Service by Sunny Sky 🔆 ဘန်ကောက်ကိုအလည်လာရင်း ထိုင်း bank account ဖွင့်လိုသူတိုင်းအတွက် Sunny Sky ကနေ B...
12/03/2024

Thai Bank Account Service by Sunny Sky

🔆 ဘန်ကောက်ကိုအလည်လာရင်း ထိုင်း bank account ဖွင့်လိုသူတိုင်းအတွက် Sunny Sky ကနေ Bank Account Service ရနေပါပြီနော်။

🔆 Bank Account ဖွင့်ဖို့လိုအပ်တဲ့ သံရုံးထောက်ခံစာမှအစ ဆေးထောက်ခံစာထိ Hustle Free Service အတွက် ဘတ် "၁၀၅၀၀" သာ ကျသင့်မှာဖြစ်ပြီး အချိန်တစ်ရက်ပဲ လိုပါတယ်ရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

20/02/2024

Yangon-Bangkok လေယာဉ်လက်မှတ်ဝယ်ယူအားပေးလိုကြသော customer များရှင့်။

Ticket တွေက ဝယ်နေရင်း ကြည့်နေရင်းကို ကုန်နေတာဖြစ်လို့ အနားကပ်မှ မဝယ်ပဲ ကြိုဝယ်ထားပေးကြပါနော်။ ၁၀ မိနစ်တစ်ခါ ဈေးတက်နေလို့ ဝယ်ဖို့သေချာတယ် confirm ပြီဆိုတာနဲ့ တန်းပြီးငွေလွှဲပေးကြပါရှင့်​။ RGN-BKK ticket တွေက ဝယ်တဲ့သူအရမ်းများနေပြီး ticket issued ဖြစ်ဖို့ နာရီဝက်ကနေ တစ်နာရီထိကြာတတ်လို့ စိတ်ရှည်ရှည်ထားပြီး စောင့်ပေးကြပါရှင့်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Physical activity (Tour နှင့် အခြားသော ဝန်ဆောင်မှု) များအား တစ်လတိတိ ရပ်နားထားကြောင်း အသိပေးပါရစေရှင်။ အခြားသော online s...
25/01/2024

Physical activity (Tour နှင့် အခြားသော ဝန်ဆောင်မှု) များအား တစ်လတိတိ ရပ်နားထားကြောင်း အသိပေးပါရစေရှင်။

အခြားသော online service - လက်မှတ်ဝန်ဆောင်မှုနှင့် required visa အတွက် Document preparation ကိုတော့ online ကနေဆက်လက် ဝန်ဆောင်မှုပေးသွားပါမယ်ရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

06/01/2024

🔆🇹🇭ရေပြာပြာ နေသာသာမှာ Water Sports ကို ရှယ်သောင်းကျန်းချင်တဲ့ Sunshine တို့အတွက် Sunny Sky ရဲ့ Koh Larn package တွေက အသင့်တော်ဆုံးပါပဲရှင့်။

ပတ္တရားကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားပြီးမှ Koh Larn ကို ပတ္တရားဟော်တယ်ကနေ Pickup/Dropoff service အပါအဝင် ဝက်ဝက်ကွဲ water activity တို့အတွက် အောက်က link မှာ ရနိုင်တဲ့ Package လေးတွေ ဖော်ပြပေးထားပါတယ်ရှင့်။
https://www.facebook.com/share/p/7hzwVCk935GNExoe/?mibextid=WC7FNe

ဘန်ကောက်ကနေ Koh Larn ကို Fixed or Flexible Tour plan နဲ့ သွားချင်သူ Sunshine တို့အတွက် အောက်က link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။
https://www.facebook.com/share/p/RbEVZpZgieBmuBDH/?mibextid=WC7FNe

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Bangkok မြို့ဆိုတာ အကျယ်ကြီးနဲ့ လည်ရင်လည်နိုင်သလို ရထားနဲ့တစ်တန် လှေနဲ့တစ်တန် ကားနဲ့ တစ်တန် hidden gem တွေရှိတဲ့နေရာပါ။ ...
15/12/2023

Bangkok မြို့ဆိုတာ အကျယ်ကြီးနဲ့ လည်ရင်လည်နိုင်သလို ရထားနဲ့တစ်တန် လှေနဲ့တစ်တန် ကားနဲ့ တစ်တန် hidden gem တွေရှိတဲ့နေရာပါ။ ဒီထဲကမှ Bangkok ရဲ့ အသက်က Chao Phraya မြစ်ပါ။ ဘာလို့လဲဆိုတော့ ဘန်ကောက်ရဲ့ သမိုင်းက ဒီမြစ်ကို အခြေခံထားလို့ပါပဲ။ ရှေးက ဥရောပသားကုန်သည်ကြီးတွေ တရုတ်ကုန်သည်ကြီးတွေ မြစ်ကနေ လှေနဲ့လာပြီး သူတို့တည်းတဲ့နေရာတွေ ဆောက်သွားတဲ့ Church တွေ Mosque တွေအပြင် ဟိုးအရင်က အဓိက Tourist place တွေနဲ့ ကြည့်ရတာ စိတ်လှုပ်ရှားစရာ တသီကြီးပါ။

🔆 Grand Palace နဲ့ Wat Arun ကတော့ လူတိုင်းသိကြပါတယ်။ Sunny Sky admin ရဲ့ အကြိုက်ထဲတော့ မပါပေမယ့် Old Town ရဲ့ vibe က တစ်မျိုးလေးမို့ Wat Pho တို့ Grand Palace တို့ထဲ ဝင်ရတာထက် မြစ်ဘေးလေးမှာ Twilight Walk လေးလုပ်ပြီး Flower Market ကနေ Thammasat University ဖက်ထိ တစ်ခါလောက် လမ်းလျှောက်ကြည့်ပါ။

🔆 နောက် China town ဆိုရင် main road လောက်ပဲ လည်ကြတာများပါတယ်။ လူစည်ပြီး အစားအသောက်ပေါတာကိုး။ Wat Makhon MRT ကနေ မြစ်ဘေးထိဆင်းပြီး River City ဖက်ကို လမ်းလျှောက်မယ်ဆို Street Art တွေ အများကြီးကို လမ်းကြိုလမ်းကြားတွေထဲမှာ တွေ့ပါလိမ့်မယ်။ Art Work အများစုက baby face လေးတွေနဲ့ဖြစ်ပြီး Alex ဆိုတဲ့ Artist က သူ့ကလေးလေးကို inspired ယူပြီးဆွဲထားတာပါ။ နောက် Talat Noi ဖက်ဆိုရင် အကြိုအကြားသေးသေးလေးတွေကနေသွားရပြီး vintage hippie vibe ကြိုက်တတ်တဲ့ ကိုယ်တွေလိုလူတွေဆိုရင် ဟာခနဲနေအောင်ကို လှပါတယ်။

🔆 မြစ်တစ်ဖက်ကမ်းက Wanglang Market က Chatuchak နဲ့ Saphan market ပြီးရင် ဘန်ကောက်အမှတ်တရဝယ်ဖို့ အကောင်းဆုံးဈေးပါ။ Local Street Food နဲ့ ဈေးပေါတဲ့ ပစ္စည်းတွေကို explore လုပ်နိုင်ရင် လုပ်နိုင်သလောက်တန်တဲ့နေရာလေးပါ။

Sunny Sky ကနေ Sunshine တို့အတွက် သမိုင်းတွေနဲ့ ပြည့်နေတဲ့ မြစ်တစ်လျှောက် Tour လေးတစ်ခေါက်လောက် ခေါ်သွားချင်လို့ Sunday တိုင်း ဟယ်လိုတစ်ချက်လောက်လုပ်ပြီး လူလေးယောက်အနည်းဆုံးကနေ အချိုသာဆုံး tour package လေးကို ရယူနိုင်ပါပြီရှင်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

Koh Larn, Koh Sak and Water Sports 💦🏄‍♀️ Pattaya ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားပြီး ကျွန်းပေါ်မှာ water activities လုပ်ချ...
08/12/2023

Koh Larn, Koh Sak and Water Sports 💦🏄‍♀️

Pattaya ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားပြီး ကျွန်းပေါ်မှာ water activities လုပ်ချင်သူများအတွက် Sunny Sky ရဲ့ Koh Larn Water Activities Package လေး လာပါပြီရှင်။ 🔆

အရင် post တွေမှာ ဖော်ပြထားသလိုပဲ Koh Larn ဆိုတာ ပတ္တရား ရဲ့ coast တွေထဲ အကြီးဆုံးကျွန်းပါရှင့်။ ပတ္တရားကနေ မိနစ် ၂၀ speedboat စီးပြီး အချိန်နည်းနည်းပေးလိုက်တာနဲ့ ပိုကြည်၊ ပိုသန့်တဲ့ပင်လယ်ရေနဲ့အတူ Parasailing လို စိတ်လှုပ်ရှားစရာ activity တွေနဲ့ ရေကြည်ကြည်သန့်သန့်မှာ Sea Walk လုပ်လို့ရသလို Koh Larn ကနေ Koh Sak ကျွန်းနားလေးထိ သန္တာကျောက်တန်းအသေးစားလေးတွေနား Snorkel ပါ လုပ်လို့ရပါသေးတယ်ရှင့်။

ခုအောက်ဖော်ပြပါ package လေးတွေမှာ

🔅 English/Mandarin Speaking Guide
🔅 ပတ္တရားမြို့တွင်း အကြိုအပို့
🔅 ပတ္တရား-Koh Larn speedboat အသွားအပြန် နဲ့
🔅 မိမိရွေးချယ်ထားတဲ့ activity package တို့ ပါဝင်ပြီးသားဖြစ်ပါတယ်ရှင့်။

အသေးစိတ်ထပ်မံသိရှိလိုပါက page messenger မှ ဖြစ်စေ
☎️ 09945560099 🇲🇲
☎️ 0990576992 🇹🇭 တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

ที่อยู่

Bangkok

เบอร์โทรศัพท์

+66990576992

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sunny Sky- Travels and Tour Agencyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Sunny Sky- Travels and Tour Agency:

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์