Zhen Zhen - Go Travel

Zhen Zhen - Go Travel Vegetarian / Travelling

30/11/2025

ပုဂံ က နှစ်ပေါင်း 1,000 နီးပါးဆို သရေခေတ္တာရာ မှာရှိတဲ့ ဒီဆောက်အဦးက နှစ်ပေါင်း 2,000 ပျူတို့ရဲ့ သမိုင်းကြောင်း ကို လေ့လာ ကြည့်ရင်း
ဟန်လင်း မြို့ ဟောင်းကို တောင် ထပ်သွားချင်လာပြန်ပြီ။ ပျူ မြို့ဟောင်း ဖြစ်ခဲ့တဲ့ မြို့ အားလုံး ကိုလဲ ရောက်ဖူးချင်တယ်။ ပျူ တွေက BC (Before Christ) က ရှိနေခဲ့ကြတာ ဖြစ်တယ် ဆိုတာ ကာဗွန် သက်တမ်းအရ ဖော်ထုတ်သိရှိနိုင်ပြီးတော့ ဂေါတမ ဘုရားရှင် လက်ထက် ကို တောင်ဖြတ် သန်းခဲ့တဲ့ နှစ်‌ပေါင်း 5,000 သက်တမ်းရှိတဲ့ အရိုးစု တွေ က အစ ဟန်လင်း မြို့ဟောင်း အနီးမှာ ရှာဖွေ တွေ့ရှိခဲ့တာဆိုတော့ လေ့လာ စရာတွေ အများကြီးပဲ။ 🤗🤗

29/11/2025

ဘောဘောကြီး ဘုရား ဒီ စေတီတော်ကြီးကို ပျူ ခေတ်က ဒွတ္တပေါင်မင်းကြီးသည် တည်ထားကိုးကွယ်ခဲ့ ပြီး မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် စေတီတော်ကိုးဆူတွင် တစ်ဆူအပါအဝင် ဖြစ်သည်။

စေတီတော်ကို အေဒီ ၆ - ၇ ရာစုတွင် တည်ထားခဲ့ပြီး ဘုရားရှင်၏ ဓာတ်တော်၊ မွေတော်များကို ဌာပနာထားတယ် လို့ ပြောကြတယ်။

ပျူ တို့ ရဲ့ လွန်ခဲ့တဲ့နှစ်ပေါင်း၂၀၀၀ ကျော်က ဗုဒ္ဓဘာသာအပေါ်
သက်ဝင်ယုံကြည်မှုတွေကိုလေ့လာလို့ရတယ်။
ပြည်မြို့မှာတင်ရှိတာပါ။ ရန်ကုန်ကနေကားမောင်းရင် ၅ နာရီခွဲ ပဲကြာပါတယ်

ရန်ကုန်ကနေပြည်မြို့အထိက အေးအေးဆေးဆေးပဲ နယ်မြေအေးချမ်းတယ်။

ဗိဿနိုး မြို့ ဟောင်းကို သွားမယ်ဆိုရင်တော့ သုံးနာရီကျော်လောက်ကားထက်မောင်းရမယ်။ နယ်မြေကတော့ လမ်းမကြီးတွေမှာတော့အဆင်ပြေတယ်။ ဖြတ်လမ်းတွေဘာတွေသွားမယ်ဆိုရင်တော့ နယ်မြေမအေးချမ်းတာနဲ့နဲ့ကြုံနိုင်တယ်။ တောင်တွင်းကြီးမှာပဲ Hotel တစ်ခုရှိတယ်။
ကျန်တာက Motel ပဲ ရှိတယ်။ ဗိဿနိုး မြို့ ဟောင်းနားမှာတော့ဘယ် Hotel မှမရှိပါ။ ညဘက်သွားတာထက် နေ့ခင်းဘက်သွားတာက ပိုအဆင်ပြေပါတယ်
ကားလမ်းတွေကတစ်ခါတစ်လေမကောင်းလို့ပါ။
ပြည်မြို့မှာကတော့ Hotel တွေ ပေါတယ်။ အခန်းတွေလည်းသန့်တယ်။
ကားလမ်းလည်းအဆင်ပြေတယ်။ စားသောက်ဆိုင်တွေလည်းပေါတယ်။

ရန်ကုန် အပြန် ရွှေတောင်မြို့ကိုဖြတ်ရင်တော့ ရွှေတောင်ခေါက်ဆွဲစားကြည့်ပါ။ ရန်ကုန်လက်ရာနဲ့မတူဘဲအရမ်းစားကောင်းပါတယ်။ 🤤🤤
သွားရောက်လေ့လာချင်သူများအတွက်ပါ။ 🥰🥰

28/11/2025

ဗိဿနိုးမြို့ဟောင်းက ပေပင် တွေ က နှစ် ပေါင်း 2,000 သက်တမ်းရှိ
နေပေမဲ့ လည်း အခုထိကို မကြီးထွားပဲ အသီးလည်းမသီးဘူးနော်။
ပန်ထွာဘုရင်မကြီးရဲ့ ‘ငါလာမှကြီး ငါလာမှသီး’ ဆိုသော ဆုတောင်းကြောင့်ပဲ ဘုရင်မ လူပြန်မဖြစ်မချင်း ပေပင်များ အသီးမသီးပဲ လူ့အရပ်ထက် လဲ မကြီးထွားနိုင် ဖြစ်နေတာ ကိုက လဲ ထူးဆန်းဖွယ်ပါပဲ။ ဒါပေမဲ့ ထုံးစံ အတိုင်း မယုံ လို့ မြို့ဟောင်း အစွန်ထိကိုသွားကြည့်တာ ချောင်းခြားတာနဲ့ ပေပင် တွေ ကအမြင့်ကြီးတွေ ပေါက်နေတယ်။ (ဘာလို့ကွာသွားတာလဲ စဉ်းစားစရာ)

(ပြီးတော့ ဘယ် Guide မှလဲ မရှိပါဘူး လိုက်ပြပေးတဲ့ သူလဲ မရှိပါဘူး
ဗိသာနိုးမြို့ဟောင်းက ကိုယ်တိုင်လေ့လာရတာပါ)

ကျယ် လွန်းလို့ မသွားဖြစ် လိုက်တဲ့နေရာ တွေတောင် ကျန်ခဲ့သေးတယ်။

25/11/2025

ဂဏန်းကျရေတံ ခွန် (ရွာငံမြို့)🌲🌿🌿🌵🌲
ရေပြာအိုင် အကျော် က Google map နဲ့ သွားလို့ ရပေမဲ့
5/10 မိနစ်လောက်က ဆိုင်းဘုတ် ကြည့်ပြီးပဲ ဆက် သွားရတယ်။ နေရာအတိအကျအထိ Map က မမိတော့ဘူး။ ကလောမြို့က နေဆို 1နာရီခွဲ ခန့်ကားမောင်းရပါတယ်။ လမ်း နည်းနည်း ကျဉ်းတယ်။ ရေပြာအိုင် နဲ့ ဆို မိနစ် 20 နီးပါး လောက်ပဲ ဝေးတော့တယ်။ မြသပိတ် ရေပြာအိုင် နား မရောက်ခင်မှာ ထောပတ်သီး တွေ ပေါမှပေါ တစ်အိတ်လုံးမှ 10,000 ကျပ် 👍👍
ဂေါ်ရခါးသီးဆို အလုံးအကြီး 10 လုံး 2,000 အပိုတွေ လဲ ထည့်ပေးတယ်။ 🥰🥰

24/11/2025
ကလော - အောင်ပန်း - မြင်းမူးကုန်း - ရွာငံ ရောက်ပြီးရင်တော့ ရန်ကုန် မပြန်ချင်တော့ပါ။ .............. ဒီ အချိန် ဆို ညဘက် ချမ...
23/11/2025

ကလော - အောင်ပန်း - မြင်းမူးကုန်း - ရွာငံ ရောက်ပြီးရင်တော့
ရန်ကုန် မပြန်ချင်တော့ပါ။ .............. ဒီ အချိန် ဆို ညဘက် ချမ်းလို့ စားသောက်ဆိုင် ထိုင်ရင် တောင် စောင်ယူသွားရတဲ့ အဖြစ် ☺️☺️
ညဘက်ဆို လဲ ကြယ်တွေ ကြည့် များလိုက်တဲ့ ကြယ်တွေ 💥💥

တကယ့် အလှအပ ကို ခံစားချင်သူတွေ ဒီအချိန် ခရီးသွားလို့
အကောင်းဆုံး ရာသီပါ။

ကလော မြို့ အဝင် ကို ည 10 နာရီကနေ မနက် 4 နာရီတော့
ကားပေးမဖြတ်ပါဘူးနော်။

ကလော မှာ Hotel ဈေးနှုန်းတွေကတော့ (2) ယောက်ခန်း ကို 85,000 နဲ့ကောင်းကောင်းတည်းလို့ရပါတယ်။ Breakfast လဲ Buffet ပါဝင်တယ်။
60,000 တန်လဲ မဆိုးဘူး။ အဆင်ပြေတယ်။

Hotel Aroma Kalaw မှာ တည်းခဲ့တာ စိတ်တိုင်းလဲကျတယ်။
ဝန်ဆောင်မှုလဲ ကောင်းတယ်။
ရေပူလဲရတယ်။ သန့်လဲ သန့်ပါတယ်။ 👍

(ဒီထက် Budget လျော့ချင်သူများအတွက်လဲ ကလောမြို့မှာရှိသေးတယ်နော် ဈေးသက်သာတဲ့ Hotel တွေ)

လည်စရာနေရာတွေ ကများတယ်။

ကလောဈေး
ကလော ဘူတာ
ဆင်တောင်
ဗျိုက်တောင် (ညနေ မှ သွားနော် သာယာတယ်)
ရွှေဥမင်
Kalaw View Point
Fairy Land Kalaw
မြင်းမထိဂူ
Heritage Hotels တွေ
မြင်းမူးကုန်း
မိန်းမရဲသခင်မတောင်
အလွမ်းတောင်
ရွာငံ ရေပြာအိုင်
ဂဏန်းကျ ရေတံခွန်
ဒါတွေ အပြင် Tracking လျောက်အုံးမလား လည်စရာတွေ
များမှများပါပဲ။

ရွာငံ ရောက်ရင် တော့ ထောပတ်သီးနဲ့ ကော်ဖီ က မဖြစ်မနေကို ဝယ်ကြတဲ့
ပစ္စည် 2 မျိုးပါနော်။

ရှမ်းခေါက်ဆွဲ အရည်က တော့ ကျွန်မရဲ့ အကြိုက်ဆုံး Favorite Food ပါပဲ ☺️☺️☺️
ရန်ကုန် မှာ စားရတဲ့ အရသာနဲ့ တကယ်ကို တခြားစီပါ။

ခရီးသွားအတွေ့အကြုံတွေကိုနောက်လဲ Update ဆက်ရေးပေးမယ်နော်

23/11/2025

ဓာတ်တော်ချိုင့် ရေတံခွန် 🌲🌳🌳🌿🌵🪴
အခု ပြန် ရောက်တော့ လွန်ခဲ့တဲ့ 7 နှစ် / 8 နှစ် လောက် က ဟိုးအောက်ထိ ဆင်းခဲ့တာ လဲ သတိရတယ်။

ASEAN 10 နိုင်ငံလုံး  Visa Free ဖြစ်သွားပါပြီ။  🇲🇲🇲🇲🇲🇲ThailandVietnamSingaporePhilippinesLao IndonesiaBrunei CambodiaMal...
25/09/2025

ASEAN 10 နိုင်ငံလုံး Visa Free ဖြစ်သွားပါပြီ။ 🇲🇲🇲🇲🇲🇲

Thailand
Vietnam
Singapore
Philippines
Lao
Indonesia
Brunei
Cambodia
Malaysia
Myanmar

Good News  🇲🇾 🇲🇾 Congratulations ပါမြန်မာ 🥰🥰Myanmar Passport Holder (မြန်မာနိုင်ငံသားများ အတွက်)မြန်မာပြည်ကနေ ထွက်လဲ မလေ...
25/09/2025

Good News 🇲🇾 🇲🇾 Congratulations ပါမြန်မာ 🥰🥰
Myanmar Passport Holder (မြန်မာနိုင်ငံသားများ အတွက်)

မြန်မာပြည်ကနေ ထွက်လဲ မလေးအလည်ဗီဇာ ကို အရင်လိုမျိုးလျှောက်စရာမလိုတော့ပါဘူးရှင်။

Visa free နဲ့ 14 days သွားရောက်လည်ပတ်နိုင်ပါပြီ။ 🇲🇾 🇲🇾
Malaysia Immigration မှာ တော့ မေးမြန်းခံရနိုင်ပါသေးတယ်။

သွားမယ်ဆိုရင်တော့ Flight Ticket (အသွားအပြန်) /
Hotel Booking / Show Money လိုပါတယ်။

Arrival card form ဖြည့်ရပါတယ်။
Show Money ကတော့ Thai ကို သွားသလိုပဲ ယူသွားရပါမယ်။

အတိတ်ကိုဘယ်လောက်ပဲ ပိုက်ဆံ ပေးပေးပြန်မရတော့ဘူး။ ဒီနေ့ ၊ ဒီကာလ ၊ ဒီရက်ကလေးကိုလည်း ဘာတွေပေး ပေးနောက်နေ့ရက်တွေ မှာ ဒီနေ့ကို...
10/09/2025

အတိတ်ကိုဘယ်လောက်ပဲ ပိုက်ဆံ ပေးပေးပြန်မရတော့ဘူး။
ဒီနေ့ ၊ ဒီကာလ ၊ ဒီရက်ကလေးကိုလည်း ဘာတွေပေး ပေး
နောက်နေ့ရက်တွေ မှာ ဒီနေ့ကို ပြန်ဝယ်လို့ မရတော့ဘူးလေ................

ဒါကြောင့်ကျွန်မလဲ ဒီနေ့ ၊ ဒီကာလ ၊ ဒီအချိန်စက္ကန့်လေးကအစ တန်ဖိုးထား
တတ်လာပြီ။ ❤️

Z.H.E.N

27/08/2025

မနေ့က တစ်ရွက် ထပ်ရလိုက်တော့  1 ကျပ် တန် / 10 ကျပ် တန် / 100  ကျပ် တန် အိမ်မှာ ပြည့်စုံသွားပြီ။  ခု ရှိတာ 1944 ခုနှစ် က ဂ...
30/07/2025

မနေ့က တစ်ရွက် ထပ်ရလိုက်တော့ 1 ကျပ် တန် / 10 ကျပ် တန် / 100 ကျပ် တန် အိမ်မှာ ပြည့်စုံသွားပြီ။ ခု ရှိတာ 1944 ခုနှစ် က ဂျပန်တွေ ထုတ်ခဲ့တာ 3 ရွက်ပေါင်း USD 1,500 တော့ စုနိုင်ခဲ့ပြီ။

5 ကျပ်တန် နှင့် 100 ကျပ် တန် Dr ဘမော် ပုံပါ အရွက် ပဲ ကျန်တော့တယ်။ 5 ကျပ် တန်ကတော့ တစ်ကမ္ဘာလုံးမှာ 2 ရွက်ပဲ ကျန်တော့တယ်။
(မရ‌နိုင်တော့ဘူး)

Dr ဘမော် ပုံပါ တဲ့ အရွက်ကတော့ USD 5,000 ဆိုလို့ မဝယ်နိုင်သေးဘူး။ 😥😥😥

ที่อยู่

Bangkok River Park Condominium
Bangkok
10100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Zhen Zhen - Go Travelผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์