Ko Yan Naing YKK ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Yan Naing YKK, บริษัทท่องเที่ยว, Bangkok.

12/10/2025

ကျွန်တော့်ထံသို့ဆက်သွယ်ရန်
ဖုန်း - 0931819172 - 0925763994

📢ကျွန်တော့်ထံတွင်အလုပ်အပ်ထားသော ကျေးဇူးရှင် ကျွန်တော့်ညီက်ိုယ်မောင်နှမများအားလုံးက်ို အသိပေးရင်းတောင်းပန်ရင်းပေါ့ဗျာ🙏🙏🙏က...
12/10/2025

📢ကျွန်တော့်ထံတွင်အလုပ်အပ်ထားသော ကျေးဇူးရှင် ကျွန်တော့်ညီက်ိုယ်မောင်နှမများအားလုံးက်ို အသိပေးရင်းတောင်းပန်ရင်းပေါ့ဗျာ🙏🙏🙏
ကျေးဇူးပြုပြီး စာလေးတော့ဆုံးအောင်ဖတ်ပေးကြဖို့တောင်းဆိုအပ်ပါတယ်ဗျ။

📌ကျွန်တော့်အကောင့် "Yan Naing Soe " နာမည်နဲ့အကောင့်ရော Page ဖွင့်ထားတဲ့ "Ko Yan Naing " နာမည်နဲ့ရော "Page"ရော တစ်ပြိုင်တည်းကိုကျသွားတာ

‼️ဘာကြောင့်ကျသွားတယ်ဆိုတာကိုသိပါတယ်
အဲ့ကိစ္စထက် လုပ်ရမှာတွေအရေးကြီးတာအရင်လုပ်နေလို့ ခနထားထားတာ
အားလုံးပြီးစီးသွားမှ ဘောင်ချာတွေတစ်စောင်ချင်းစီဆုတ်ပါမယ် စီစဉ်ထားပါတယ် စိတ်မပူနဲ့

📌အခုတော့ "Yan Naing Soe " နာမည်နဲ့အကောင့်တော့ပြန်မရသေးဘူး ရက်ပိုင်းလောက်တော့ထပ်စောင့်ရပါအုံးမယ်

📍အခု ဒီအကောင့်နဲ့ Page နဲ့ပြန်ရတာနဲ့ပဲ ကျွန်တော်အရမ်းတွေဝမ်းသာနေပါပြီဗျာအလုပ်တွေက်ို ကျွန်တော်လောလောဆယ်
ဒီအကောင့်ကနေရော Page ကနေပြီးရောတင်သွားပေးပါတော့မယ်

ဒီကြားထဲ ဖုန်းပါခိုးသွားသေးတယ်
ဖုန်းကတန်ကြေးမရှိပေမယ့် ဖုန်းနံပါတ်နှစ်ခုနဲ့ အလုပ်နဲ့ပတ်သတ်တဲ့အချက်အလက်တွေအတော်များများပါသွားလို့ လုပ်ရကိုင်ရလည်းအတော်ခက်ခဲခဲ့ပါတယ်

ဖုန်းနံပါတ်တွေပြန်ရဖို့ Ais Center မှာသွားပြန်လျှောက်ပေမယ့်လည်း အတော်ခက်ခဲခဲ့တာ
ဖုန်းနံပါတ်ဝယ်တုန်းကစာအုပ်ကအဟောင်း

အခုစာအုပ်အသစ်ကလည်း ပြီးခဲ့တဲ့ သင်္ကြန်မတိုင်ခင်က မြဝတီမှာကတဲ့ပွဲတုန်းက မအလ ကအင်တာနက်တွေဖျက်လို့ ဒရုန်းတွေသုံးမရဖြစ်တော့ အရေးပေါ် မဲ့ဆောက်ကိုအမြန်ဆင်းကြပြီး ထိုင်းဘက်က ဖုန်းဆင်းမ်ကဒ်တွေ အင်တာနက်တွေပြေးဝယ်ပေးကြရတာ ကဒ်ပေါင်းမနည်းဆိုတော့ အခု ပတ်စပို့စ်ကဖုန်းနံပါတ်ထပ်ဝယ်မရတော့ပြန်တာကြောင့်ရယ်နဲ့

တစ်ခါတပ်ထဲဖုန်းဆက် အရေးမကြီးတဲ့နံပါတ်ကိုဖျက်ပစ်ပေးဖို့ ပြီးရင်ဒီဘက်ကလည်း Ais Centaral မှာသွားပြန်ပြောပြန်လျှောက် ပြန်စောင့်နဲ့ နံပါတ်နှစ်မှာ တစ်ခုတော့ပြန်ရခဲ့ပါပြီအခု

ထို့အတူပဲ face book အကောင့်တွေ Page တွေလည်း ID သမားတွေ Service အပ် တစ်ယောက်ပြီးတစ်ယောက်နဲ့

ပြီးတော့ဒိီလတွေထဲမှာ ကိုယ်တိုင်ပဲပြေးလွှားနေရတာရယ် နေ့စဉ်ကိစ္စ ရက်ရှည်ခရီးတွေကအစ
ပြီးတော့ နောက်ထပ်လုပ်ငန်းကလည်းထပ်တိုးထားတော့ ဟိုပြေးဒီပြေးနဲ့တစ်ယောက်တည်းတိုင်တွေပါတ်

ဒါတွေက အတိုချုပ်လေးရှင်းပြတာပါ
အခုချိန်မှာကျွန်တော့်အပေါ်အမြင်အမျိုးမျိုးနဲ့
ပြောဆိုတိုက်ခိုက်နေကြတာတွေလည်း နီးစပ်ရာအသိတွေကနေလာပြော လာပြလို့သိရပါတယ်
အားလုံးကိုလည်း ကျွန်တော်နားလည်ပါတယ်

ဒါပေမယ့် ကျွန်တော်ကတော့ ကိုယ်လုပ်ရမယ့်အရာ ကိုယ်လုပ်ရမယ့်အလုပ်သာပြီးစီးအောင်ဆောင်ရွက်ပေးသွားမယ်ဆိုတာပါပဲ
လိုင်းပေါ်ကပြောဆိုနေကြတိုင်း ပြန်ပြောဆိုမတတ်တာတော့ ကျွန်တော့်အကျင့်ပါ
ပြောနေကြတဲ့ လိမ်သွားတာတွေရော ပြေးသွားတာတွေရော စုံနေတာပါပဲ တကယ်
စိတ်ချပါအားလုံး ကျွန်တော်တို့လုံးဝမပြေးပါဘူး စိတ်ချပါ ဒီလောက်နဲ့လည်းမချမ်းသာသွားသလို
ကျွန်တော်တို့တွေ ပြေးရမယ့်အနေထားလည်းမဟုတ်သလို ဒီလုပ်ငန်းသည်လည်းကျွန်တော်တို့ဘဝကြီးမဟုတ်ပါဘူး ဘယ်တော့မှလည်းမလုပ်ဘူးအဲ့လိုကျွန်တော်တို့ ချမ်းသာချင်လို့ဒါတွေလုပ်နေကြတာမဟုတ်ဘူး ကျွန်တော်တို့
မအလ ကိုရှင်းလို့ပြီးတာနဲ့အားလုံးပြန်ကြမှာ

နောက်တစ်ခုက အလုပ်ကို အလုပ်လုပ်နေတဲ့အကောင့်ကပဲကျွန်တော်ရှင်းချင်တာရယ် တစ်ချို့တွေကလည်းပြောပါတယ် အကိုရယ် ဒီအကောင့်လေးကနေလောလောဆယ် ရှင်းပြထားပါလားပေါ့ ဒါပေမယ့် ပျက်ထားတဲ့ကျွန်တော့်အကောင့်တွေကလည်း Tag တွေပိတ်ထားတော့ Tag တွဲမရတာရယ် နောက်တစ်ခုက ကျွန်တော်က
ကိုယ်ရေးကိုယ်တာသုံးနေတဲ့အကောင့်ကနေကျွန်တော်မပြောဘူး မတင်ပေးဘူးဆိုတာက
ကျွန်တော်တို့အပျော်သုံးတယ်ဆိုတာက အပျော်တွေတင် ပေါက်ပန်းလေးဆယ်တွေ ပေါက်ကရတွေတင်တာတွေလည်းရှ်ိကြပါတယ်
ဒါကြောင့် မတင်သင့်လို့ကျွန်တော်မတက်တာပါ
အလုပ်အကောင့်တွေကိုပဲ ဘယ်လောက်ပေးရပေးရဆ်ိုပြီးရအောင်လုပ် ရတဲ့ထိစောင့်နေတာပါ ပို့စ်တွေတင်မို့က

စာတွေရှည်ပါတယ် ဖတ်ရလည်းပျင်းကြမှာပေါ့
ကျွန်တော်ဆိုရင်လည်း ဖတ်ရပျင်းတယ် ကျွန်တော် ဗွီဒီယိုနဲ့ထပ်တင်ရှင်းပြပေးပါမယ်
အခုကတော့ လိုရင်းလေးပဲပြောပ့မယ်ဗျာ

ကျွန်တော့်ထံတွင်သက်တမ်းတိုးထားသောညီကိုမောင်နှမများအားအသိပေးချင်တာက
ကျွန်တော့်ထံတွင် သွေးလာစစ်ပြီး ဒုတိယအကြိမ်သွင်းရမည့်ငွေပေးသွင်းထားသောသူများအားလုံး ကျွန်တော်တို့ (1) ဆေးစစ်လက်မှတ် (2) အာမခံ ပကန် (3) ဝေါ့ပါမစ်ဖိုး သွင်းလို့ရတဲ့သူများအားလုံးသွင်း လုပ်ထားပြီးပါပြီ
ပြီးခဲ့တဲ့အသုတ်က ဝေါ့ပါမစ်ကျတဲ့လူများလည်း ပေးထားတဲ့ဖုန်းနံပါတ်တွေကျွန်တော်ဖုန်းဆက်အကြောင်းပေးခဲ့ပါတယ်
ဘာတစ်ခုမှစိတ်မပူကြပါနဲ့ဗျာ ကျွန်တော်တို့ လုပ်ရမယ့်လုပ်ငန်းစဉ်တွေအဆင့်ဆင့်ကိုအားလုံးလုပ်ဆောင်ပေးထားပြီးသားပါ
ဒီနေရာမှာတစ်ခုထည့်ပြောချင်သေးတယ်
ကျွန်တော့်ညီကိုယ်မောင်နှမများက စိတ်ပူပင်ကြတယ်ဆိုတာနားလည်ပါတယ် အဲ့အတွက်နဲ့ ဖုန်းတွေဆက်မေးကြမြန်းကြစုံစမ်းကြနဲ့ရယ် အဲ့အပေါ်မှာ ကျွန်တော့်ဘက်ကလူတွေကပဲကျွန်တော့်အပေါ်တိုက်ခိုက်နေတာကိုတွေ့ရလာပြန်တယ် ဟိုဟာမလုပ်ရသေးဘူး ဒီဟာမလုပ်ရသေးဘူးညာဘာနဲ့ပေါ့ သူတို့ဆီဘယ်လောက်ပေး ဘယ်လိုလုပ်ပေးမယ်ဆိုတာတွေကအစ
နောက်ဆုံးကျွန်တော်သိရတော့ စိတ်ထဲဩံ့ပြီးအတော်စိတ်မကောင်းဖြစ်ရတယ်
ဪ…… ပေါ့
ဒါပေမယ့် ဘယ်သူ့အပေါ်မှ ကျွန်တော်သည်ဘာစိတ်မှမထားတတ်တဲ့အတွက်ကြောင့် အကောင်းဘက်ကပဲတွေးပေးပြီး စိတ်အေးအေးနဲ့က်ိုလုပ်စရာရှိတာသာဆက်လုပ်နေဆဲပါပဲ

အခုအပါတ်အတွင်း 10/10/2025 သေကြာနေ့အထိ ဝေါ့ပါမစ်နဲ့ကျတဲ့သူနဲ့ဗီဇာရတဲ့သူ (54) ဦး
ရှိပါတယ် လက်ရှိ ဒီအကောင့်နဲ့ Page ပြန်ရပြီမို့
နာမည်နဲ့ ပတ်စပို့စ်နံပါတ်တွေတင်ပေးပါမယ်
လာယူလို့ရပါပြီဗျ

မကျသေးသောသူများလည်း အားလုံးကျပါလိမ့်မယ်ဗျ စောင့်ပေးကြပါ ကျတာနဲ့ အမြဲပို့စ်တင်ကြေညာပေးသွားပါမယ်

ဘယ်သူဘယ်တော့ကျမလဲဆိုတာတွေတော့ကျွန်တော်တို့မှာလည်းပြောရခက်ပါတယ်ဗျ
ကျချင်သလို ကျချင်တဲ့လူ မတူညီပဲကျနေတော့
အစိုးရက သူသတ်မှတ်ထားတဲ့ကာလ 13/12/2025 မတိုင်မှီအားလုံးရကိုရကြရမှာပါ။

အခုကတစ်ခါ ဘတ်ကလည်းအသစ်ပြန်ဖွင့်ပေးတော့မှာဆိုတော့ ကျွန်တော်တို့လည်း ဘတ်အသစ်တွေအတွက်ပြန်လုပ်နေကြရပြန်တဲ့အချိန်တွေတိုက်နေကြပြန်တာရယ် ဒါပေမယ့် အားလုံးသူ့ဟာနဲ့သူ သူ့နေရာနဲ့သူသွားကြမှာပါ
ရရမယ့်အချိန် ရကိုရရပါမယ်

ကျွန်တော့်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်နှစ်ခု
ပြန်ချထားပေးပါမယ်ဗျ တစ်ခုကတော့အသဲအသန်ပြန်လိုက်ထားရတဲ့ ဟိုး နှစ်ပေါင်းများစွာထဲကအလုပ်လုပ်လာတဲ့ လူအများသိတဲ့နံပါတ်ပါပဲ

ဖုန်း - 0931819172 - 0925763994

ဒီနေ့တော့ အကောင့်လေးတွေ Page လေးတွေကလည်းအခုမှ စပြန်ရတော့လုပ်စရာလေးတွေ ပြင်ဆင်စရာရှိတာလေးတွေ အလုပ်အကြွေးလေးတွေ များကြမှာမို့

တနင်္လာနေ့ကနေစပြီး ကျွန်တော်တို့ ဖုန်းတွေပြန်ဖြေ Page ကနေစာပြန်တာတွေလုပ်ပေးပါတော့မယ် တနင်္လာနေ့မှဆက်သွယ်မေးမြန်ပေးပို့ကြဖို့လည်း မေတ္တာရပ်ခံပါတယ်ဗျ🙏🙏🙏

ဝေါ့ပါမစ်အတုတွေလုပ်နေတဲ့အောက်တန်းစားတစ်ချို့ကြောင့် အခက်ခဲတွေမကြုံသင့်ပဲကြုံနေကြရပြန်ပြီအခုလတွေထဲ စာတွေရေးမအားလို့ ပို့စ...
17/06/2025

ဝေါ့ပါမစ်အတုတွေလုပ်နေတဲ့အောက်တန်းစားတစ်ချို့ကြောင့် အခက်ခဲတွေမကြုံသင့်ပဲကြုံနေကြရပြန်ပြီ
အခုလတွေထဲ စာတွေရေးမအားလို့ ပို့စ်တွေသိပ်မတင်ဖြစ်တာကြာပေါ့ အခုတော့ပြီးစီးသွားပါပြီအားလုံး မြန်မာဆိုပြီးအားလုံးအရစ်ခံထားရတဲ့ စာအုပ်တွေရော ပါမစ်တွေရော။

အခုကျွန်တော်တို့ညီကိုမောင်နှမတွေအရေးကြီးနေတဲ့ ပထမကိစ္စတစ်ခုကိုအရင်ပြောပြပါမယ်
ကျွန်တော်တို့ဝင်နေတဲ့တောမောင်းရုံးမှာ အခုဘတ်အသစ်သမားတွေထဲကနေ ယနေ့အချိန်ထိနေ့စဉ် ဝေါ့ပါမစ်အတုတွေဖမ်းမိနေဆဲဖြစ်ပါတယ် အခုဆို တောမောင်းတွင်သာမက ကျဟာငန်ရုံးတွေမှာပါအတုတွေတွေ့ရှိပြီးဖမ်းဆီးခံနေကြရပါတယ်

အဲ့ဒီပြသနာတွေကြောင့် မြန်မာဆိုရင်အားလုံးပတ်အရစ်ခံ အားလုံးဂျမ်းခံနေကြတယ် ဘာမှမဆီမဆိုင်တဲ့အခြားကုမ္ပဏီတွေပါ

ပြောချင်တာက ကျွန်တော်တို့ညီကိုယ်မောင်နှမများအားလုံးသည် မိမိတို့ရရှိထားသော ဝေါ့ပါမစ်စာရွက်(ဘိုင်အနုမတ်)ကို သေသေချာချာစစ်ဆေးကြဖို့လိုပါတယ်။

အခုဆိုရင် နိမ်းလစ်နဲ့လက်ဗွေနှိပ်ထားတဲ့သူများအတွက်ပိုအရေးကြီးပါတယ် လက်ဗွေနှိပ်ထားပြီးပြီဆိုပြီး စိတ်အေးလက်အေးနေလို့မရပါဘူး

ကျွန်တော်တို့ပြောဖူးပါတယ် နိမ်းလစ်နဲ့လက်ဗွေနှိပ်ထားတာနဲ့ အလုပ်သမားရုံး (ကျဟာငန်ရုံး) မှာတရားမဝင်သေးဘူးဆိုတာ

အခုက တောမောင်းမှာအတုတွေမိတာနဲ့တင်မပြီးသေးပဲ အခု ကျဟာငန်မှာပါလာမိနေကြပြန်ပါပြီ

ဘာကြောင့်လဲဆိုတော့ အခုလက်ရှိမှာဂယက်ထနေတဲ့ ကျန့်အော်ထုတ်တော့မယ်ဆိုပြီးသူဌေးပြောင်းခိုင်းနေတဲ့ တစ်ချို့ အေးဂျင့်တွေကုမ္ပဏီတွေရဲ့သတင်းတွေကြည့်ပြီး သူဌေးပြောင်းနေကြတာတွေ

တစ်ချို့ကျတော့လည်း အလုပ်ရသွားပြီး အလုပ်ရှင်သူဌေးထံ သူဌေးနာမည်ပြောင်းကြတာတွေ
ဒါတွေလုပ်တဲ့အချိန် သူဌေးပြောင်းမရပဲ ဒီဝေါ့ပါမစ်သည် အစိုးရဌာနထဲဘာအချက်အလက်မှမရှိတဲ့ဝေါ့ပါမစ်အတုဖြစ်ကြောင်းတွေ ပေါ်လာနေကြပြန်ပါပြီ။

အခုဆိုရင် ပြီးခဲ့တဲ့အပါတ်က( กรมการจัดหางาน- ထိုင်းအစိုးရအလုပ်အကိုင်ဦးစီးဌာန ) ကနေပြီးတော့ပါ တရားဝင်သာတွေထုတ်လာပြီ ဝေါ့ပါမစ်အတုတွေတွေ့ရှိလာနေကြောင်း

ဒါကြောင့် မိမ်ိတို့ဝေါ့ပါမစ်တွေကို သေသေချာချာစစ်ဆေးကြဖို့ကို အသိပေးအပ်ပါတယ်။

မေးလာကြမှာသိလို့ ကျွန်တော်တစ်ခါတည်းပြောထားပေးပါမယ်ဗျ
ကျွန်တော်တို့ကုမ္ပဏီမှ ဘတ်လုပ်ထားသူမည်သူမဆို တစ်ဦးတစ်ယောက်မှ ဒီကိစ္စနဲ့ပတ်သတ်ပြီး မပူကြပါနဲ့ ဘာမှပူပင်စရာမလိုပါဘူး
VIP ဖြစ်စေ ရိုးရိုးနဲ့ဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကျွန်တော်တို့ကုမ္ပဏီမှ မမှန်မကန်တာ အတုအပတွေလုပ်ထားချင်းလုံးဝမရှိပါဘူးဗျ။

Visa ထည့်ထားသော ဒီစာအုပ်ပိုင်ရှင်တွေအမြန်လာယူပေးကြပါဗျ။ကျွန်တော်က အားလုံးအဆင်ပြေအောင် Visa ကြေးကို Visa ထည့်ပြီးမှယူပေးတ...
16/05/2025

Visa ထည့်ထားသော ဒီစာအုပ်ပိုင်ရှင်တွေအမြန်လာယူပေးကြပါဗျ။

ကျွန်တော်က အားလုံးအဆင်ပြေအောင် Visa ကြေးကို Visa ထည့်ပြီးမှယူပေးတာပါ။

ဒါပေမယ့် ပြီးသွားရင်တော့ Visa ဖိုးလေးတွေပေးကြပြီးစာအုပ်တွေတော့လာယူပေးကြဖို့ မေတ္တားပ်ခံအပ်ပါတယ်။

အရင်လိုတဲ့လူတွေရဲ့စာအုပ်တွေကျမထွက်လာသေးပဲအချိန်ဆွဲတဲ့လူတွေရဲ့စာအုပ်တွေကျထွက်လာတယ်
ဒီလူတွေနေရာမှာ အရင်လိုတဲ့လူတွေစာအုပ်အရင်ထွက်လာရမှာ။

ကျန်တဲ့လူတွေလည်း မကြာတော့ပါဘူး ထွက်တော့မှာပါအကုန် ခနလေးပဲစောင့်ပေးပါ။

09/05/2025

ကျွန်တော့်ရုံးတွင်ပန်းရောင်ကဒ်တွေ စရိုက်ပေးနေပါပြီ

ပန်းရောင်ကဒ်ရိုက်မယ်ဆိုပါက

ကျွန်တော်နှင့် ဘတ်လုပ်ထားသူများအနေနဲ့
မိမိရဲ့ နိမ်းလစ်စာရွက် (သို့မဟုတ်) ဘိုင်အနုမတ် နဲ့ ငွေချေစာရွက် တစ်ခုခုက်ို ဓါတ်ပုံသေသေချာချာကြည်ကြည်လင်လင်လေးရိုက်ပို့ပေးရပါမယ်။

ကျွန်တော်တို့သူဌေးနာမည်ခံပြီးကျွန်တော်နှင့်ဘတ်လုပ်ထားသူများရဲ့ကျသင့်ငွေနဲ့

ကျွန်တော်တို့သူဌေးနာမည်ခံမဟုတ်သော အခြားသောပွဲစားနဲ့ဘတ်လုပ်ထားသောညီကိုမောင်နှမများအနေနဲ့ ကျသင့်ငွေ မတူပါဗျ

စျေးနူန်းနဲ့ ပန်းရောင်ကဒ်ရိုက်ဖို့စာရင်းကိုတော့ Page ကနေအချက်အလက်များတကွ ကြိုတင်ငွေလွှဲ၍ စာရင်းတင်ပေးရပါမယ်ဗျ။

စာရင်းတင်ပြီး 7 ရက်မှ 10 အကတွင်းပန်းရောင်ကဒ်ရိုက်ဖို့စောင့်ပေးရပါမယ်
ပန်းရောင်ကဒ်လာရိုက်ရမယ့်နေ့ကို 3ရက်လောက်ကြိုတင်အကြောင်းကြားပေးပါမယ်ဗျ။

ပိုက်ဆံကြိုတင်လွှဲခိုင်းရခြင်းကို နားလည်ပေးပါလို့ပြောချင်ပါတယ်ဗျ
ဘာကြောင့်လဲဆ်ိုတော့ တစ်ချို့သော ကတိမတည်
ပိုက်ဆံမပေးထားရသေးဘူးဆိုပြီး ပေါ့ပေါ့တန်တန်နဲ့ မလုပ်ဖြစ်တော့ဘူးဟု လွယ်လွယ်လေးပြောလိုက်ကြတဲ့လူတစ်ချို့ကြောင့် ကျွန်တော်တို့မှာလူဦးရေအများနဲ့ကျရင် အရမ်းဆုံးရှုံးမှု့တွေအကြိမ်ကြိမ်ခံစားခဲ့ရပြီမ်ို့ပါ။



(YKK Travel Business)

ဖက်လန်စောင် ဘန်ဘောစျေးအနီး ဘန်ခွန်ထီယမ် ၂လမ်းထိပ်

20/30 Soi 2 Bang Khun Thian, Bang Bon District, Bangkok 10150

20/30 ซอย 2 บางขุนเทียน เขตบางบอน กรุงเทพมหานคร 10150

ဖုန်း-0931819172 - 0928602834

ရုံးတည်နေရာ ⬇️⬇️⬇️

https://maps.app.goo.gl/ygoehXa5d1mvmS5U6?g_st=com.google.maps.preview.copy

13/2/2025 လူဟောင်း သက်တမ်းတိုးထားသူများ ဆက်လက်လုပ်ဆောင်ခွင့် ရပါပြီဗျဒါပေမယ့် အွန်လိုင်းစနစ်ကနေပဲလုပ်ဆောင်ရတော့မှာဖြစ်တဲ...
07/05/2025

13/2/2025 လူဟောင်း သက်တမ်းတိုးထားသူများ ဆက်လက်လုပ်ဆောင်ခွင့် ရပါပြီဗျ

ဒါပေမယ့် အွန်လိုင်းစနစ်ကနေပဲလုပ်ဆောင်ရတော့မှာဖြစ်တဲ့အတွက် အခြေနေကတော့
သက်တမ်း 1နှစ်ပဲရမလား 2နှစ်ရမလားဆိုတာရယ် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့အဆင့်ဆင့်အသေးစိတ်ကိုတော့ ယခုလ 21 ရက်နေ့မတိုင်မှီတော့သိရပါမယ်။

သက်တမ်းတိုးထားသူများအားလုံး လိုအပ်ချက်များပြင်ဆင်ထားပေးကြပါ
ယခုပြီးခဲ့တဲ့ ဘတ်အသစ်တုန်းကလိုအခက်ခဲတွေ ကျွန်တော်တို့ဆက်ပြီးလက်ခံကူညီဖြေရှင်းသွားမှာမဟုတ်တော့ပါဘူးဗျ နားလည်ပေးပါ။

အရေးကြီးတဲ့အချက်ဘာတွေပြင်ဆင်ထားရမလဲဆိုတော့
1. ပတ်စပို့စ်စာအုပ်တွေကို ကျွန်တော်တို့သက်မှတ်ကာလအတွင်း ပေးပို့ရပါမယ်
2. အစကတည်းက ကျွန်တော်တို့အသိပေးကြေညာထားတဲ့အတိုင်း ပတ်စပို့စ်စာအုပ်နှင့်အတူ ကျန်ငွေကိုတစ်ခါတည်းပေးချေပေးသွားရပါမယ် (Update လုပ်ထားရသူများ Update ဖိုးပါပေးသွင်းရပါမည်)
3. လူကိုယ်တ်ိုင်လာရမည့်နေ့ရက်အချိန် လာကိုလာပေးရပါမယ် ရက်ရွှေ့တာတ်ို့ မလာနိုင်တာတို့ အဆင်မပြေပါဘူးဗျ။
ဒါတွေကကျွန်တော်တို့သည် အစိုးရရဲ့ နေ့တစ်မျိုးညတစ်မျိုး အလွယ်တကူပြောင်းလဲချင်တိုင်းပြောင်းလဲနေတဲ့နှစ်မို့ အားလုံးရဲ့အခြေနေပေါ်မူတည်ပြီး လိုက်လုပ်နေရတာမို့ ဒီအချက်လေးတွေကို နားလည် လိုက်လုပ်ဆောင်ပေးကြဖို့ တောင်းဆိုပါတယ်။

👨‍💻လူသစ်ဘတ်များထဲမှ ကျွန်တော့်ထံတွင် ဘတ်ရိုက်ထားသူအားလုံးကတော့ ဝေါ့ပါမစ်ကို တစ်ဦးမကျန်အားလုံးပြီးဆုံးပြီး ရရှိထားပြီးကြပ...
29/04/2025

👨‍💻လူသစ်ဘတ်များထဲမှ ကျွန်တော့်ထံတွင် ဘတ်ရိုက်ထားသူအားလုံးကတော့ ဝေါ့ပါမစ်ကို တစ်ဦးမကျန်အားလုံးပြီးဆုံးပြီး ရရှိထားပြီးကြပါပြီ မယူရသေးသောသူများလည်း အားလုံး လာယူကြပါဗျ။

📮အကယ်၍ ကျွန်တော်တို့ကိုပို့ပေးဖို့တောင်းဆိုထားသော ညီကိုမောင်နှမများအနေနဲ့ကတော့ 3/5/2025 ရက်နေ့မှစ၍ ကျွန်တော်တို့ပို့ပေးတဲ့အစီစဉ်ကို
စတင်ဆောင်ရွက်ပေးပါမယ်ဗျ။

📍အခုအသိပေးချင်တာက တစ်ချို့သောညီကိုမောင်နှမတွေ နေ့စဉ်ယနေ့အချိန်ထိ ကျွန်တော်တို့ထံ
အကူညီလာတောင်းနေကြတာ အများကြီးပဲ

🤵အကိုရေနိမ်းလစ်စာရွက်တစ်ရွက်ပဲပွဲစားကပေးထားပြီး ကျန်တာဘာမှမရသေးလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကူညီလာတောင်းနေကြတဲ့ ညီကိုမောင်နှမများအတွက်
အခုအသိပေးပါရစေ။

🔖နိမ်းလစ်စာရွက်တစ်ရွက်သာရရှိထားပြီး ဝေါ့ပါမစ်လမ်းစဉ်ကို လုပ်ဆောင်လို့မမှီလိုက်သူများအတွက် အခုဆိုရင် ထိုင်းအစိုးရမှ 7/5/2025 ရက်နေ့အထ်ိ နယ်မြေကျဟာငန်ရုံးများတွင်သွားရောက်၍ ဝေါ့ပါမစ်လမ်းစဉ်ကို ပြီးဆုံးအောင်ဆက်လက်လုပ်ဆောင်ရန် အချိန်ထပ်တိုးခွင့်ပြုထားတာဖြစ်တဲ့အတွက် နိမ်းလစ်တစ်ရွက်တည်းရရှိထားသေးသောသူများအတွက် အခွင့်အရေးတစ်ခုပါ။

📍ဒါကြောင့် နိမ်းလစ်တစ်ရွက်တည်းသာရရှိထားသေးပါက ကိုယ့်ရဲ့အလုပ်ရှင်(သို့မဟုတ်)ကိုယ့်ရဲ့အကျိုးဆောင်များထံ တိုက်တွန်း၍ အမြန်ဆက်လက်လုပ်ဆောင်ကြပါလို့ အသိပေးပါရစေ။

မောင်ရန်န်ိုင် (YKK TRAVEL BUSINESS)

29/04/2025

ကျွန်တော်နှင့် ဘတ်တင်ထားသောညီကိုမောင်နှမများနှင့် Visa ထည့်ထားသောညီကိုမောင်နှမများအား
ဘိုင်အနုမတ်ရပြီလား ပန်းရောင်ကဒ်ဘယ်တော့ရမှာလဲ Visa တွေရပြီလား စာရွက်ပို့ပေးပါလား စာအုပ်ပို့ပေးပါလား စသဖြင့်နေစဉ်မေးလာကြတာတွေ တစ်ဦးတစ်ယောက်ချင်းစီ ပြန်ဖြေပေးဖ်ို့အဆင်မပြေသောကြောင့် ဒီဗွီဒီယိုလေးနဲ့ အသိပေးအပ်ပါတယ်။

ကျွန်တော့်ထံတွင် ဘတ်တင်ထားသူအားလုံး ဘိုင်အနုမတ်မကျသေးသောသူသည် ၄ဦးသာကျန်ရှိပါတော့သည် ထိုသူများလည်း ယခုရက်ပိုင်းအတွင်းရရှိသွားမှာဖြစ်ပြီး
ဘိုင်အနုမတ် လာရောက်မယူရသေးသော ကျန်သောလူများအားလုံးလည်း လာရောက်ယူကြပါ။
ပါတ်စပို့စ်စာအုပ်ထဲ Visa ထည့်ထားသော တစ်ချို့စာအုပ်အနည်းငယ်သာ ကျန်ရှိပါတော့တယ် ထိုစာအုပ်များသည်လည်း ယခုအပါတ်ထဲတွင်အားလုံးရရှိသွားကြမှာဖြစ်ပါတယ် Visa ထည့်ပြီးသောစာအုပ်များအား ပိုင်ရှင်များထံ တစ်ဦးချင်းစီဆက်သွယ်အကြောင်းကြားပေးနေပါတယ်
ကျွန်တော်ဆက်သွယ်လာတာလေးစောင့်ပေးပြီး စာအုပ်များကို ရုံးသိုလာရောက်ယူရမှာဖြစ်ပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲ‌ရေးဝန်ကြီးဌာနကတော့ သက်တမ်းတိုးနိမ်းလစ်အမည်စာရင်း တင်ထားပြီးတဲ့ 13/2/2025 ဗီဇာနဲ့ဝေါ့...
19/02/2025

ထိုင်းအလုပ်သမားဝန်ကြီးဌာနနဲ့ ပြည်ထဲ‌ရေးဝန်ကြီး
ဌာနကတော့ သက်တမ်းတိုးနိမ်းလစ်အမည်စာရင်း တင်ထားပြီးတဲ့ 13/2/2025 ဗီဇာနဲ့ဝေါ့ပါမစ် သက်တမ်းကုန်သူတွေကို
13/8/2025 ရက်နေ့အထိ အဖမ်းအဆီးမရှိ တရားဝင်
နေခွင့်ပြုကြောင်း စာထုတ်ပေးထားပြီးဖြစ်ပါတယ် ။

ကျွန်တော်နဲ့ သက်တမ်းတိုးဖို့ အပ်ထားသောညီကိုမောင်နှမများကို 21/2/2025 ရက်နေ့မှစပြီး

နိမ်းလစ် ကျလာပြီးသူများကို နိမ်းလစ်စာရွက်များ ပေးပို့သွားပြီး

နိမ်းလစ်မကျလာသေးသူများကိုတော့ ကျွန်တော့်ရုံးမှ နိမ်းလစ်တင်ထားကြောင်း အထောက်အထားစာရွက် (รอพิจารณา คำร้อง) တွေကို ထုတ်ပေးသွားမှာ
ဖြစ်ပါတယ် ။

ဒီနေရာမှာကျွန်တော်တစ်ခုရှင်းပြပါမယ် ဒီနှစ်မှာ
သက်တမ်းတိုးနိမ်းလစ် အမည်စာရင်း တင်တဲ့နေရာမှာ ဝက်ဆိုက်ကနေ တင်လိုက်တဲ့အမည်စာရင်းတွေအားလုံးကို ထိုင်းနိုင်ငံဘက်ခြမ်းကအလုပ်သမားဝန်ကြီးဌာန နဲ့ကျဟာငန်အလုပ်သမားရုံးများမှ
ကိုယ့်အလုပ်ရှင်တည်ရှိရာနေရာ မြို့နယ်အလိုက် အသီးသီးမှ ဝက်ဆိုက်ထဲသို့ ဝင်ရောက်၍ တစ်ဦးချင်းစီစစ်ဆေးပါတယ် အဲ့လိုစစ်ပြီးသွားရင်မြန်မာနိုင်ငံအစိုးရထံသို့လွှဲပြောင်းပါတယ်။
မြန်မာနိုင်ငံ အစိုးရမှတစ်ခါထပ်မံစစ်ဆေးပါတယ်

အဲ့ဒီလိုနှစ်နိုင်ငံလုံးမှစစ်ဆေးပြီး အတည်ပြုလိုက်ပြီးမှနိမ်းလစ်စာရွက်ကကျတာဖြစ်ပါတယ် ။

ဒါကြောင့် နိမ်းလစ်စာရွက်ကျဖို့ကို ကျွန်တော်တို့အနေနဲ့ ဒီနှစ်မှာဆိုရင် အချိန်အတော်ပေးပြီး တော်တော်လေးလဲလုပ်ရကိုင်ရတာ ခက်ခဲရစိတ်ညစ်ရပါတယ်။

ပြီးတော့ကျဟာငန်တစ်ခုနဲ့တစ်ခု၊ နယ်မြေ - ခရိုင်တစ်ခုနဲ့တစ်ခုအမည်စာရင်းကျတာခြင်း မတူကြပါဘူး
နောက်တစ်ခုက အမည်စာရင်း တင်လိုက်တဲ့
အချိန်မှာ အချက်အလက် တခုခုလိုအပ်နေတာ
မျိူးရှိလို့ဖြစ်စေ စာရွက်စာတမ်းတွေဓါတ်ပုံတွေ မကြည်လင်တာမျိုးဖြစ်စေ ကျဟာငန်အလုပ်သမားရုံး က တာဝန်ရှိသူတွေက ဝက်ဆိုက်ထဲမှာ ပြန်ပြင်ခိုင်းရင် ပြန်ပြင်ရပါတယ် ပြီးမှပြန်တင်ရပါတယ် ဒါတွေကိုလည်း နေ့စဉ်တစ်ဦးချင်းစီ ကျွန်တော်တို့ တွေ ဝက်ဆ်ိုက်ထဲဝင်ပြီးစစ်ဆေးနေရပါတယ်

နောက်တစ်ခုက လူ ၅၀ လောက်စုပြီးတင်ထားတယ်ဆိုရင် တစ်ဦးတစ်ယောက်က တစ်ခုခုလိုအပ်လို့ မကျသေးရင် ကျန်တဲ့လူတွေအားလုံးပါ တူတူပဲ မကျပဲဖြစ်ပါတယ် ဒါကြောင့် တော်တော်များများ နိမ်းလစ်တွေမထွက်သေးတာမျိူးလဲ ရှိတတ်ပါတယ်။
နောက်တစ်ခုက အပ်ဒိတ်လုပ်ရတယ်ဆိုတာပါပဲ
တချို့ ပါတ်စပို့စ်စာအုပ် အနီဖြစ်စေ CI ဖြစ်စေ
စာအုပ်အဟောင်းရှိပြီးသားလူတွေ ဘတ်ရိုက်ပြီးဗီဇာထုထည့်ထားသူများနဲ့ တချို့ဆိုရင်လည်းစာအုပ်အစိမ်းကနေအနီ အနီကနေ အနီ စာအုပ်အသစ်လဲထားသူများ ထိုလူတွေဆိုရင် ကျဟာငန်ရုံးမှာသွားပြီး အပ်ဒိတ်ခေါ့မူလို့ ခေါ်တဲ့အချက်အလက် ပြန်ပြင်ပြန်ထည့်တာမျိုးတွေလည်းလုပ်ပေးရပါသေးတယ် အချိန်တွေအတော်ပေးရကြပါတယ်။

ဒါကြောင့် နိမ်းလစ်ကျပြီးသူများကိုလည်း ကျွန်တော်တို့ နိမ်းလစ်တွေပေးပို့သွားပြီး
နိမ်းလစ်မကျသေးသူများကိုလည်း ကျွန်တော်တို့ကိုယ်တ်ိုင်ဆက်သွယ်ပြီး စာရင်းတင်ထားသောအထောက်အထားများပေးပို့သွားပါမယ်ဗျ။

ကျေးဇူးပြုပြီး ကျွန်တော်ဆက်သွယ်ပေးပို့လာတာလေးပဲ စောင့်ပေးကြပါဗျ
ကျွန်တော်တို့မှာလည်း လုပ်ရတာအရမ်းခက်ခဲတဲ့အတွက်ကြောင့် အချိန်တစ်ခုတော့ပေးရပါတယ်
ဒါကြောင့် စိတ်အေးအေးနဲ့စောင့်ပေးကြဖို့တောင်းမေတ္တာရပ်ခံပါတယ်ဗျ။

အခုချိန်မှာဖုန်းဆက်မေးကြ စာပို့မေးကြတာများအားကျွန်တော်စာပြန်တာတို့ ဖုန်းကိုင်တာတို့မစောင့်န်ိုင်သော ကျွန်တော့်ညီကိုမောင်နှမများအနေနဲ့ ကျွန်တော့်ရုံးသို့ကိုယ်တိုင်လာရောက်၍ နိမ်းလစ်များ အထောက်အထားများ လာရောက်မေးမြန်းထုတ်ယူနိုင်ပါတယ်ဗျ။

YKK Travel Business
မောင်ရန်နိုင်
ဖုန်း- 0931819172-0928602834

16/12/2024 ရက် ဘတ်ဖွင့်တဲ့ ပထမနေ့မှာ လူ 200 ကျော် နိမ်းလစ်ကျပါတယ် ကိုယ့်နာမည်ပါပြီလား ဝင်ကြည့်သွားကြပါလောလောဆယ် ကိုယ့်နာ...
17/12/2024

16/12/2024 ရက် ဘတ်ဖွင့်တဲ့ ပထမနေ့မှာ လူ 200 ကျော် နိမ်းလစ်ကျပါတယ် ကိုယ့်နာမည်ပါပြီလား ဝင်ကြည့်သွားကြပါ

လောလောဆယ် ကိုယ့်နာမည်ပါပြီလားဆိုတာလေးပဲ ဝင်စစ်ကြည့်သွားပါနော် နိမ်းလစ်တွေကိုကတော့ ပြီးမှ တစ်ဦးချင်းစီရဲ့ က်ိုယ်ပိုင်နိမ်းလစ်ကိုထုတ်ပြီး အယောက်တိုင်းကိုပို့ပေးမှာဖြစ်ပါတယ်
အခုတော့စာရင်းတွေအမှီအမြန်တင်နေရတာကြောင့် ထုတ်ပေးဖို့အဆင်မပြေသေးလို့ပါ🙏🙏🙏

နိမ်းလစ်ယူမယ်ဆိုရင်တော့ နိမ်းလစ်ကျရင်ပေးရမယ့် အရစ်ကျငွေလေးကိုလည်း ပေးဆောင်ရမှာဖြစ်ပါတယ်ဗျ

မပါသေးတဲ့ညီကိုမောင်နှမများလည်း စောင့်ပေးပါနော် ကျန်ခဲ့မှာစိုးရိမ်လို့ဆိုတဲ့ညီကိုမောင်နှမများကိုလည်း ကျွန်တော်ပြောချင်ပါတယ် စိတ်ချပါ ကျွန်တော့်ရုံးမှလက်ရှိစာရင်း လူဦးရေ 2000ကျော် တစ်ဦးမှမကျန်စေရပါဘူးအာမခံပါတယ် ဘယ်တုန်းကမှလည်းကျွန်တော်တို့ဆီမှာ ဘတ်တင်ပြီး နိမ်းလစ်မမှီ ဘတ်မရလို့ကျန်ခဲ့ဖူးတယ်ဆိုတာ တစ်ဦးတစ်ယောက်မှ ယနေ့အချိန်ထိမရှိခဲ့ဖူးပါဘူး

အခုမှပထမဆုံးရက်ပဲရှိသေးတာမို့ ကျွန်တော်တို့နေ့တိုင်းတင်နေပါတယ်
အားလုံးပဲ စိတ်မပူကြပါနဲ့ဗျ။

17/11/2024

13/2/2025 မှာ တစ်သောင်းကျော်ကုန်ပြီးသက်တမ်းတိုးရမယ့်တွေ
CI ကနေ PJ မဖြစ်နေ စာအုပ်လဲရမယ်တွေဆိုပြီး
လူတွေကိုစိတ်ဒုက္ခပေးနေတဲ့ လူတွေအပေါ်
ယုံပြီး တကယ်စိတ်ဒုက္ခရောက်နေကြတဲ့ကျွန်တော့်ညီကိုမောင်မနှမတွေအတွက်
ဗွီဒီယိုနဲ့ရှင်းပြထားပေးပါတယ်

Ci ဖြစ်စေ PJ ဖြစ်စေ သက်တမ်းရှိနေသေးရင် လုံးဝအနီလဲစရာမလိုပါဘူးနော်
လိုအပ်မှလဲကြစေချင်တယ်

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Yan Naing YKKผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์