06/02/2026
👨👩👧👦 မိသားစုနဲ့ ပတ္တယားသို့ (၁) ညအိပ် (၂ ) ရက် ခရီးစဉ်🏖️
ကမ်းခြေမှာ လေညင်းခံပြီး အနားယူကြမယ်🌊
ဘန်ကောက်နဲ့နီးပြီး မိသားစုလိုက် အပန်းဖြေဖို့ အကောင်းဆုံးဖြစ်တဲ့ ပတ္တရားကို တစ်ရက်တည်းနဲ့ အချိန်လုပြီး မလည်ချင်ဘူးဆိုရင် (၂) ရက် (၁) ည အိပ် ခရီးစဉ်လေးကို
ရွေးချယ်သင့်ပါတယ် ။ ဒီခရီးစဉ်မှာ လူကြီးမိဘတွေရော ၊ ကလေးတွေပါ ပျော်ရွှင်ရမယ့် Activity တွေအစုံပါဝင်အောင်လည်း စီစဉ်ပေးထားပါတယ်။
ဒီ (၁) ညအိပ် (၂) ရက် ခရီးစဉ်မှာ ဘာတွေပါဝင်မလဲဆိုရင်
1. Iconic Attractions Experience 🏛️
ပတ္တရားရောက်ရင် မသွားမဖြစ် နေရာတွေဖြစ်တဲ့ Nong Nooch Tropical Garden က ဒိုင်နိုဆောတွေနဲ့ ပန်းခင်းတွေ ၊ သစ်သားပန်းပု လက်ရာတွေနဲ့ ခမ်းနားလှတဲ့ Sanctuary of Truth တို့ကို အေးအေးဆေးဆေး ဝင်ရောက်လေ့လာနိုင်ပါတယ် ။
2. Sunset at Pattaya Beach 🌅
ညနေခင်း နေဝင်ချိန်မှာ ပတ္တရားကမ်းခြေ (Pattaya Beach) မှာ လမ်းလျှောက်ရင်း ၊ မိသားစုနဲ့အတူ Sunset ကြည့်ရတဲ့ ခံစားချက်က အရမ်းကို အေးချမ်းပြီး ပင်ပန်းသမျှ ပြေပျောက်စေပါတယ် ။
3. Alcazar Cabaret Show 💃
ညပိုင်းမှာတော့ ကမ္ဘာကျော် Alcazar Show ကို ကြည့်ရှုရမှာပါ ။ ရောင်စုံမီးတွေ ၊ ခမ်းနားတဲ့ ဝတ်စုံတွေနဲ့ တင်ဆက်တဲ့ ဖျော်ဖြေပွဲမို့လို့ ကလေးတွေကော လူကြီးတွေပါ မျက်တောင်မခတ်
တမ်း ငေးမောရမှာ သေချာပါတယ် ။
4. Pattaya Walking Street 🌃
ပတ္တရားရဲ့ ညအလှကို ခံစားဖို့ Walking Street ကိုလည်း ဝင်ရောက်လေ့လာနိုင်ပါတယ် ။ မီးရောင်စုံတွေ ၊ စည်ကားတဲ့ လူအုပ်ကြီးနဲ့ Street Food တွေကို မြည်းစမ်းရင်း ညဘက် Atmosphere ကို အပြည့်အဝ ခံစားနိုင်ပါတယ် ။
🚗 သွားလာရေး
မိသားစုခရီးစဉ်ဖြစ်တဲ့အတွက် လုံခြုံမှုနဲ့ သက်တောင့်သက်သာရှိမှုက အရေးအကြီးဆုံးပါ ။ MYA Car Rental ရဲ့ Private Car Service နဲ့ဆိုရင် အထုပ်အပိုးတွေများလည်း စိတ်မပူရသလို ၊ ကလေးနဲ့ လူကြီးတွေ ပင်ပန်းရင်လည်း ကားပေါ်မှာ အေးဆေး အနားယူနိုင်ပါတယ်နော် ။ Driver ကလည်း မြန်မာလိုပြောတတ်တော့ ပိုပြီး အဆင်ပြေတာပေါ့ရှင် ။
ပတ္တရားခရီးစဉ်ကို စိတ်ချလက်ချ သွားလာနိုင်ဖို့ MYA Car Rental ရဲ့ Message Box မှာ အမြန်ဆုံး Booking လုပ်
လိုက်ပါ! 👇