ဘန်ကောက်ခရီးသွားဝန်ဆောင်မှု-ဥမ္မာ

ဘန်ကောက်ခရီးသွားဝန်ဆောင်မှု-ဥမ္မာ ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ဘန်ကောက်ခရီးသွားဝန်ဆောင်မှု-ဥမ္မာ, บริษัทท่องเที่ยว, 604/3 Phetchaburi Road, Thanon Phetchaburi, Ratchathewi, Bangkok.

Chiang Mai Ma Ohnmar
BOM.Co,Ltd မှ
✅Air Tickets
✅Entrance Tickets
✅Hotel Reservation
✅Tour Guide
✅Car Rental Service
✅Package Tour
ချင်းမိုင်-ချင်းရိုင်-ရွှေတြီဂံနယ်မြေ-မဲဆိုင်-မဲဟောင်ဆောင်-ပိုင်မြို့နယ်-ချင်းဒေါင်း အကုန်
တာဝန်ယူဆောင်ရွက်ပေးပါတယ်ရှင်

21/09/2026

ချင်းမိုင်က နတ်ဖွတ်ထားတဲ့ ဒီနေရာ ရောက်ဖူးကြပြီးလာ? ပုံလေးနဲ့မန့်ပေးခဲ့ကြပါအုံး

#ချင်းမိုင်
#ချင်းမိုင်အလည်အပတ်
#ချင်းမိုင်ခရီးစဉ်
#ချင်းမိုင်ခရီးသွားဝန်ဆောင်မှု



21/09/2026

၂၄ ရက်နေ့ ည ဘန်ကောက်ကနေထွက်မည့် မယ့်ကမ်ပေါင် - ချင်းရိုင် - မွန်ကျင် ၂ညအိပ် ၃ရက်ခရီးစဉ်လေး လိုက်လို့ရပါသေးတယ်နော်

🌺 Chiang Mai ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ PANG HWA ပန်းခြံနဲ့ လိမ္မော်ခြံ 🍊✨သဘာဝတောင်တန်းကြီးတွေ ကြားထဲမှာ ပန်းလှလှလ...
21/09/2026

🌺 Chiang Mai ရောက်ရင် မဖြစ်မနေ သွားလည်သင့်တဲ့ PANG HWA ပန်းခြံနဲ့ လိမ္မော်ခြံ 🍊✨

သဘာဝတောင်တန်းကြီးတွေ ကြားထဲမှာ ပန်းလှလှလေးတွေနဲ့ ဓာတ်ပုံရိုက်ရင်း လိမ္မော်သီး လတ်လတ်ဆတ်ဆတ်လေးတွေကို ကိုယ်တိုင် ခူးဆွတ်စားချင်သူတွေအတွက် Chiang Mai, Mae Rim က Pang Hwa (ป้างฮวา) လေးကို မင်မင် ညွှန်းပေးမယ်နော်။

🌸 ဒီနှစ်ရဲ့အ‌ကောင်းဆုံး highlights တွေကို ပြောပါဆိုရင်
🌺တောင်ကုန်းတစ်ခုလုံးမှာ ပန်းရောင်၊ အနီရောင်၊ ခရမ်းရောင် ပန်းလေးတွေ အတန်းလိုက် လှလှပပ စိုက်ပျိုးထားလို့ အပေါ်ကစီးမိုးကြည့်ရင် အရောင်စုံပန်းခင်းကြီးကို စိတ်ချမ်းသာဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်။

✨ပန်းခင်းကြီးရဲ့ အလယ်မှာ အမှတ်တရ ဓာတ်ပုံရိုက်ဖို့ သစ်ပင်အိမ် (Tree House) လေးကိုလည်း အသစ်ဖန်တီးပေးထားပါသေးတယ်။

🍊ပန်းခင်းကနေ ခဏလေး လမ်းလျှောက်လိုက်တာနဲ့ ဖွေးနေ အောင်သီးနေတဲ့လိမ္မော်ပင်တွေကို တွေ့ရမှာဖြစ်ပြီး အပင်ပေါ်ကနေ လိမ္မော်သီး ကိုယ်တိုင်ခူးဆွတ်နိုင်ပါတယ်။

လိမ္မော်သီး ခူးပြီးရင်လည်း အမောဖြေရင်း နားနားနေနေ ထိုင်လို့ရမယ့် ကော်ဖီဆိုင်လေးလည်း စီစဉ် ပေးထားတာနော်။ အရာအားလုံးဟာကွက်တိ။

အခုဆို တောင်ပေါ်ရာသီဥတုလေးက အေးအေးစိမ့်စိမ့်နဲ့ အရမ်းသာယာနေတာမို့ Chiang Mai ခရီးစဉ်မှာ Mon Jam ဘက်သွားရင်း Pang Hwa ကိုပါ တပါတည်း ထည့်လည်ခဲ့လိုက်တော့နော်! 🚗💨

🌸 ပန်းပွင့်ချိန်: ၂၀၂၇ မတ်လကုန်အထိ
🍊 လိမ္မော်သီး ခူးဆွတ်ချိန်: စက်တင်ဘာ ၂၀၂၆ လယ်မှ ၂၀၂၇ ဖေဖော်ဝါရီလဆန်းအထိ
⏰ ဖွင့်ချိန်: နံနက် ၇:၀၀ မှ ညနေ ၆:၀၀ ထိ
📍 တည်နေရာ: Pang Hwa Garden & Orange Orchard, Mae Hi, Mae Rim, Chiang Mai

သီတင်းကျွတ်အတွက် ခရီးစဉ်လေးထွက်ဖြစ်တာမို့ စာရင်းလေးပေးထားလို့ရပါသေးတယ်ရှင့် ... သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပိတ်ရက်မှာ ...
20/09/2026

သီတင်းကျွတ်အတွက် ခရီးစဉ်လေးထွက်ဖြစ်တာမို့ စာရင်းလေးပေးထားလို့ရပါသေးတယ်ရှင့် ...

သီတင်းကျွတ်နဲ့ တန်ဆောင်တိုင် ပိတ်ရက်မှာ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသရဲ့ အလှတရားတွေကို သွားရောက် လည်ပတ်လို့ရနိုင်မဲ့ ချင်းမိုင် - မွန့်ကျင် - မယ့်ကမ်ပေါင် - ပိုင် - မယ့်ဟောင်ဆောင် ၄ညအိပ် ၅ရက် ခရီးစဉ်လေး ရှိပါမယ်နော် ...

Ban Rak Thai လို့ခေါ်တဲ့ တရုတ်ရွာလေးကိုတော့ အားလုံးရင်းနှီးပြီးသား ဖြစ်မှာပါ … ချင်းမိုင်ကနေ နာမည်ကြီး တောင်ကွေ့ တွေကို ဖြတ်ကျော်ပြီးတာနဲ့ မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းများ၊ လက်ဖက်ခင်းများ၊ ရေကန်လေးနဲ့ တရုတ်စတိုင်ရွာလေးရဲ့ အေးချမ်းလှပမှုက သီးသန့်ကမ္ဘာငယ်တစ်ခုကို ရောက်ရှိသွားသလို ခံစားရစေမှာပါ 🌿

ဒီခရီးစဉ်မှာတော့ Ban Rak Thai တင်မကဘဲ…
🌼 Mon Jam ရဲ့ လှပတဲ့ပန်းခင်းများ
🏘️ မယ့်ကမ်ပေါင်ရွာလေးရဲ့ အေးချမ်းမှု
🏞️ Pai မြို့ရဲ့ သဘာဝရှုခင်းများ
⛰️ Mae Hong Son ရဲ့ တောင်တန်းအလှများ
🏯 Chiang Mai မြို့ရဲ့ အထင်ကရနေရာများကိုလည်း တစ်ခရီးတည်းနဲ့ အပြည့်အဝ လည်ပတ်နိုင်မှာ ဖြစ်ပါတယ်

ခရီးစဉ် အပြီးအစီး ဈေးနှုန်းလေးကတော့ တစ်ဉီးကိုမှ 💲 450 USD 💲 သာ ကျသင့်တာ ဖြစ်ပါတယ်နော်

ခရီးစဉ်အတွင်း ရောက်ရှိမည့်နေရာများကတော့ …
Day 1️⃣ - Mon Jam
ပန်းခင်းတွေကြား စန္ဒယားတီးရင်း အလှဓါတ်ပုံ ရိုက်ကူးလို့ရနိုင်မည့် ရင့်ရုံတောင်ပေါ်ပန်းခင်း၊ လူကြီး ခလေး ဆော့ကစားလို့ရနိုင်တဲ့ Pong Yang ကစားကွင်း နှင့် နာမည်ကြီး ပန်းခင်၊ သိုးခြံ တချို့ကို ရောက်ရှိမှာဖြစ်ပါတယ်
🔷 Maekee သိုးခြံ
🔷 ရင့်ရုံ ပန်းခင်း
🔷 Mon Jam Skywalk
🔷 Mon Jam Viewpoint
🔷 Pong Yang Jungle Coaster

Day 2️⃣ - Mae Kampong
စိမ်းလန်းနေတဲ့ တောင်တန်းတွေကြားထဲက မယ့်ကမ်ပေါင်ရွာငယ်လေးထဲ ကော်ဖီလေးတခွက်ကိုင်ရင်း ဘဝရဲ့ အေးချမ်းမှုကို တဝကြီးခံစားကြမယ် …
🔷 နှစ်တစ်ရာသစ်ပင်ပေါ်မှာရှိတဲ့ ကဖေး
🔷 မယ့်ကမ်ပေါင်ရွာရဲ့ အဓိက ရွာဈေးတန်း
🔷 မယ့်ကမ်ပေါင် တောတွင်းရေတံခွန်
🔷 အိမ်ခြေတစ်ရာမြင်ရတဲ့ တောင်ပေါ်ကဖေး

Day 3️⃣ - Pai
သဘာဝကဖန်တီးထားတဲ့ တောင်ကြောရှုခင်းအလှ၊ သဘာဝရေပူစမ်းတို့ကို ရောက်ရှိမှာဖြစ်ပြီး ယူနန်တရုတ်ရိုးရာကျေးရွာလေးနှင့် Pai မြို့ကို အပေါ်စီးကနေ ကြည့်ရှုနိုင်တဲ့ viewpoint ကလဲ ခရီးစဉ်အတွင်း မပါမဖြစ် Highlight တွေပါနော်
🔷Canyon
🔷Sai Ngam Natural Mineral Spring
🔷Santichon Village
🔷Yun Lai Viewpoint

Day 4️⃣ - Mae Hong Son
ထိုင်းနိုင်ငံရဲ့ ဆွစ်ဇာလန် လို့ တင်စားကြတဲ့ Pang Oung မှာ ဝါးဖောင်စီးအပန်းဖြေနိုင်ပြီး Ban Rai Thai တရုတ်ရွာလေးရဲ့ အေးချမ်းလှပမှုကို ခံစားကြမယ် … လှပတဲ့ Su Tong Pae Bridge နဲ့ ရာသီချိန်မှာ အဝါရောင်ပန်းတွေနဲ့ ဖုံးလွှမ်းနေတဲ့ Thung Bua Tong Fields at Doi Mae U Kho ကိုလည်း လည်ပတ်ရမှာဖြစ်ပါတယ်
🔷Pang Oung boat
🔷Ban Rak Thai Village
🔷Su Tong Pae Bridge
🔷Thung Bua Tong Fields at Doi Mae U Kho

Day 5️⃣ - Chiang Mai
ချင်းမိုင်မြို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားတစ်ဆူဖြစ်တဲ့ ဒွိုင်ဆူထေ့တောင်ပေါ်ဘုရားကို ဖူးမြော်ရောက်ရှိမှာဖြစ်ပြီး၊ တောင်ခြေမှာ တည်ရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတော် Wat Pha Lat နဲ့ ဆုတောင်းပြည့် စံပါယ်ပန်းဘုရားအပါအဝင် မြို့တွင်းအနီးတဝိုက် နေရာလေးတွေကို လိုက်ပါပို့ဆောင်ပေးမှာဖြစ်ပါတယ်
🔷 Wat Phra That Doi Suthep
🔷 Wat Phra Lad
🔷 စံပါယ်ပန်းဘုရား
🔷 Sliver Temple
🔷 Tha Phae Gate

သီတင်းကျွတ် ခရီးစဉ် ထွက်ရက်လေးတွေကတော့
📅 24 to 28 အောက်တိုဘာလ

တန်ဆောင်တိုင် ခရီးစဉ် ထွက်ရက်လေးတွေကတော့
📅 21 to 25 နိုဝင်ဘာလ

ခရီးစဉ်အတွင်းရော ဘာတွေပါဝင်မှာလဲ .?
🔸ဇိမ်ရှိရှိအိပ်စက်သွားနိုင်မည့် အဲကွန်းကားကောင်းကောင်းလေး
🔸ထိုင်းတရားဝင်ဂိုက်
🔸မြန်မာလမ်းညွှန်
🔸နေ့လည်စာ ၅ နပ်
🔸ညစာ ၅ နပ်
🔸ဖေါ်ပြပါဝင်ခွင့်များ
🔸ထပ်ဆင့်တောင်တတ်ကားခများ
🔸မယ့်ဟောင်ဆောင် budget ဟိုတယ် ၁ည
🔸ချင်းမိုင် budget ဟိုတယ် ၃ည
(၂ ယောက်ခန်းသီးသန့် နေချင်းသူများ extra surcharge ရှိပါမယ်ရှင့်)

သဘာဝအလှတရားတွေ၊ အေးမြတဲ့တောင်ပေါ်ရာသီဥတု၊ ရောင်စုံပန်းခင်းတွေနဲ့ ချင်းမိုင်မြို့ရဲ့ ယဉ်ကျေးမှုအငွေ့အသက်တွေကို တစ်ခရီးတည်းမှာ အပြည့်အဝခံစားချင်သူတွေအတွက်တော့ လက်မလွတ်သင့်တဲ့ ခရီးစဉ်လေးပါနော် …

⏳နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိ ချင်းမိုင်ကရှေးဟောင်း သစ်သားသိမ်တော်ကြီး ✨ချင်းမိုင်မြို့ရဲ့ သမိုင်းကမ္ပည်းတင် ကျန်ရစ်ခ...
20/09/2026

⏳နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိ ချင်းမိုင်ကရှေးဟောင်း သစ်သားသိမ်တော်ကြီး ✨

ချင်းမိုင်မြို့ရဲ့ သမိုင်းကမ္ပည်းတင် ကျန်ရစ်ခဲ့တဲ့ နှစ်ပေါင်း ၄၄၀ ကျော် သက်တမ်းရှိ ဝပ်ဥဘိုစို့ကျောင်း ဆိုတာ ရှေးဟောင်း အမွေအနှစ်ကို တန်ဖိုးထားတဲ့ သူတွေအတွက် တော့ ရွှေပါပဲ🏯✨

ဒီကျောင်းတော်ကြီးမှာ ခေတ်အဆက်ဆက်က လက်ရာမြောက် အနုပညာတွေနဲ့အတူ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗိသုကာလက်ရာတွေကို တွေ့မြင်နိုင်မှာပါ။
ဒီလိုလက်ရာ အမြောက်အမြားထဲကမှ နှစ်ပေါင်း ၁၇၀ ကျော် သက်တမ်းရှိ သစ်သားသိမ်တော်ကြီးဟာလည်း မဖြစ်မနေ ကိုလေ့လာသင့်တဲ့ နေရာလို့ဆိုနိုင်ပါတယ်။

အောက်ခြေကို အင်္ဂတေ၊ အပေါ်ပိုင်းကို သစ်သားနဲ့ ဆောက်လုပ်ထားတဲ့ တစ်မူထူးခြားတဲ့ အနုပညာလက်ရာ နဲ့အတူ အမိုး ၂ ထပ်ကို နွဲ့နှောင်းလှပစွာ ပုံဖော်ထားပြီး၊ ရှေ့မျက်နှာစာမှာတော့ ကျောက်ပန်းချီတွေနဲ့ ခြယ်သထားတဲ့ "အင်းဝဖန်ချက်ကျောက် (Keaw Angwa)တွေက ရတနာတွေလို တောက်ပနေပါတယ်။

လှေကားထိပ်မှာတော့ သိမ်တော်ကြီးကို စောင့်ရှောက်နေတဲ့ နတ်မင်းရုပ်တု ၂ ပါးကို ထည်ဝါစွာ တွေ့ရမှာပါ။

သိမ်တော်အတွင်းမှာဆိုရင် တရုတ်ရိုးရာ အနုပညာစစ်စစ်အတိုင်း ရွှံ့မီးဖုတ်အုတ်ချပ်တွေနဲ့ ကပ်လှူထားပြီး၊ ရှေးဟောင်း လာန္နာ (အာခါ) စာလုံးတွေနဲ့ သမိုင်းကြောင်းတွေကို စာစီထုဆစ်ထားတဲ့ တစ်တောင်ခန့်ကျယ်တဲ့ သစ်သားပြားကြီး ရှိပါတယ်။

ဝပ်ဥဘိုစို့ကျောင်းတော်ကြီးကို လာရောက်လည်ပတ်ခြင်းဟာ ကုသိုလ်ယူရုံတင်မကဘဲ မတူညီတဲ့ ယဉ်ကျေးမှုတွေ ပေါင်းစပ်ထားတဲ့ သမိုင်းဝင်အနုပညာ လက်ရာစစ်စစ်တွေကိုပါ ခံစားသိရှိနိုင်မှာ ဖြစ်ပါတယ်။ 🙏❤️
📸 ချင်းမိုင်ကို ရောက်ရင် မဖြစ်မနေ သွားရောက်ဖူးမြော်သင့်တဲ့ နေရာလေးမို့ လက်လွတ်မခံပါနဲ့ဦးနော်။

📌ဝပ်ဥဘိုစို့ကျောင်း (Wat Ubosot)၊ မယ်ဟီယ သာယာဝပြောရွာ၊ ချင်းမိုင်မြို့။**

✨ အပတ်စဉ် တနင်္လာနေ့တိုင်း လူပြည့်တာနဲ့ ထွက်ပေးမည့် ချင်းမိုင်မြို့တွင်း နေ့ချင်းပြန်ခရီးစဉ် ✨ချင်းမိုင်ဆိုတာ ရှေးဟောင်း...
19/09/2026

✨ အပတ်စဉ် တနင်္လာနေ့တိုင်း လူပြည့်တာနဲ့ ထွက်ပေးမည့် ချင်းမိုင်မြို့တွင်း နေ့ချင်းပြန်ခရီးစဉ် ✨

ချင်းမိုင်ဆိုတာ ရှေးဟောင်းဘုရာစေတီ၊ ပုထိုးတွေအပြင် Lanna ယဉ်ကျေးမှု အမွေအနှစ်တွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခုဖြစ်ပါတယ်

မဥမ္မာအခုပြောပြပေးမည့် ဒီခရီးစဉ်လေးကတော့ ချင်းမိုင်မြို့အနီးအနား ဘုရားဖူးလည်ပတ်ချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ ခရီးစဉ်လေးတစ်ခုဖြစ်ပါတယ် ခရီးစဉ်တစ်လျောက် ချင်းမိုင်မြို့အတွင်းရှိ အထင်ကရာ ဘုရားတွေကို လိုက်ပါိပို့ဆောင်ပေးမှာဖြစ်တဲ့အပြင် ဘုရင့်ပန်းခြံအတွင်း အေးအေးချမ်းချမ်းဖြင့် ဝင်ရောက်လေ့လာခွင့်ရအုံးမှာမို့ ပြီးပြည့်စုံတဲ့ ခရီးစဉ်လေးတစ်ခုဆိုလဲ မမှားပါဘူးနော် …

မဥမ္မာတို့ လိုက်ပါပို့ဆောင်ပေးမယ့်‌ နေရာလေးတွေကတော့ …
🙏 ချင်းမိုင်မြို့ရဲ့ အထွဋ်အမြတ်ထားရာ ဘုရားတစ်ဆူဖြစ်တဲ့ ဒွိုင်ဆူထေ့တောင်ပေါ်ဘုရား
🙏 ဒွိုင်ဆူထေ့တောင်ခြေမှာ တည်ရှိသော Wat Pha Lat ရှေးဟောင်းဘုရားကျောင်းတော်
🙏 ၉ ဆက်မြောက် ဘုရင်ရဲ့ အဆုံးအမ နှင့် အငွေ့အသက်များ များစွာကျန်ရှိရာ ဘုရင့်ပန်းခြံကြီး Royal Park Rajapruek
🙏 ထိုင်နှင့် မြန်မာပြည်သူများကြား ဆုတောင်ပြည့်စံပယ်ပန်းဘုရားဟု ထင်ရှားတဲ့ Wat Phra That Doi Kham
🙏 Old Town အနီး ပန်းပဲရွာမှာ တည်ရှိတဲ့ ငွေရောင်တောက်ပတဲ့ အနုပညာလက်ရာတွေကြောင့် ထင်ရှားကျော်ကြားသော Wat Sri Suphan (Sliver Temple)

ချင်းမိုင်မြို့တွင်းခရီးစဉ်‌ ဈေးနှုန်းလေးကတော့ …
🎫 လူကြီးတစ်ဦးကို - 1600 ဘတ်
🎫 ကလေးတစ်ဦးကို - 1500 ဘတ်

​ခရီးစဉ်မှာ ပါဝင်မယ့် ဝန်ဆောင်မှုများ
​✅ တစ်နေ့တာ လည်ပတ်မှု VIP ကားဖြင့် ပို့ဆောင်ပေးခြင်း။
🧭 ခရီးသွားဧည့်လမ်းညွှန်
🍽️ အရသာရှိတဲ့ ​နေ့လည်စာတစ်နပ်
🚞 Royal Park (ကားစီးပြီး လည်ပတ်ခြင်းအပါ)
✅️ သွား​ရောက်လည်ပတ်မယ့်​နေရာများရဲ့ ဝင်ခွင့်လက်မှတ်များ အကုန်အပြီးအစီး ပါဝင်ပြီးသားပါရှင်။

📍 စုရပ်နေရာလေးကတော့ - Sawadee CNX Hostel
https://maps.app.goo.gl/uGiX75hKR3LNUCBd8

👉 ☎️ Contact +66986160650 သို့မဟုတ် Page Messenger ကို ခုပဲ မက်ဆေ့ခ်ျပို့ပြီး စာရင်းပေးထားလို့ ရပါပြီနော် …

✨ ချင်းမိုင်မြို့ရဲ့ ရှေးဟောင်း လန်နာအနုလက်ရာ တွေ ကိန်းအောင်းရာ ဘုရားကျောင်းတော်ကြီး Wat Lok Moli🌿🏰ချင်းမိုင်မြို့ရဲ့ မြ...
19/09/2026

✨ ချင်းမိုင်မြို့ရဲ့ ရှေးဟောင်း လန်နာအနုလက်ရာ တွေ ကိန်းအောင်းရာ ဘုရားကျောင်းတော်ကြီး Wat Lok Moli🌿🏰

ချင်းမိုင်မြို့ရဲ့ မြို့ရိုးဟောင်းအပြင်ဘက်မှာ တည်ရှိပြီး နှစ်ပေါင်း ၅၀၀ ကျော် သက်တမ်းရှိ သမိုင်းလှတဲ့ Wat Lok Moli ကိုသိကြလားနော်...
ဒီကျောင်းတော်ကြီးဟာလေ ရှေးဟောင်း လန်နာ ယဉ်ကျေးမှုနဲ့ သစ်သားပန်းပု လက်ရာစစ်စစ်တွေနဲ့ လှချင်တိုင်းလှ နေတဲ့ ချင်းမိုင်ရဲ့ ဂုဏ်ယူစရာတစ်ခုပါပဲ။

✨ ရာစုနှစ်များစွာ ကြံ့ကြံ့ခံရပ်တည်နေတဲ့ အုတ်နီရောင် ရှေးဟောင်း စေတီတော်ကြီးဟာ လန်နာစတိုင် စေတီပုထိုးများထဲမှာမှ ထင်းထင်းရှားရှား ခန့်ထည်လှပါတယ်။

ကျောင်းဆောင်ကြီး၏ တံခါး၊ ပြတင်းနှင့် မုခ်ဦးများတွင် ပန်းပုလက်ရာ အသေးစိတ်များကို လက်ရာမြောက်စွာ ထုဆစ်ထားပြီး မြွေနဂါးရုပ်တုများဖြင့် အလှဆင်ထားတာကိုလည်း မြင်တွေ့ရမှာပါ။

🌿သဘာဝသစ်ပင်ကြီးများ၊ သစ်ခွပန်းများခြံရံထားပြီး အေးချမ်းဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကြောင့် စိတ်လက်ပေါ့ပါးစွာ ကုသိုလ်ယူ စိတ်အပန်းဖြေနိုင်ပါသေးတယ်။

ချင်းမိုင်ရောက်ရင် ဓာတ်ပုံလှလှရိုက်ရင်း ရှေးဟောင်းအနုလက်ရာတွေကို ခံစားဖို့ Wat Lok Moli ကို တစ်ခေါက် လောက်တော့ ရောက်အောင်သွားလည်ကြပါနော်။✨

📍 တည်နေရာ: ချင်းမိုင်မြို့ဟောင်း (Old City) ရဲ့ မြောက်ဘက် မြို့ကျုံးအနီး
🎟️ ဝင်ကြေး: အခမဲ့ (စိတ္တဇဒါန အလှူငွေ ထည့်ဝင်နိုင်သည်)
⏰ ဖွင့်ချိန်: မနက် ၆:၀၀ - ညနေ ၆:၀၀

Adventure လုပ်ရတာကြိုက်သူတွေအတွက် တောင်ပေါ်သဘာဝရှုခင်းတွေကြားမှာ ငှက်တစ်ကောင်လို ပျံဝဲလို့ရမဲ့ Kingkong Smile Zipline 🌳 ...
18/09/2026

Adventure လုပ်ရတာကြိုက်သူတွေအတွက် တောင်ပေါ်သဘာဝရှုခင်းတွေကြားမှာ ငှက်တစ်ကောင်လို ပျံဝဲလို့ရမဲ့ Kingkong Smile Zipline

🌳 သဘာဝကို အနီးကပ်ခံစားရင်း
📸 တောင်တန်းရှုခင်းတွေကြားမှာ ဓာတ်ပုံရိုက်ရင်း
🪂 Adventure Experience လည်း ရနိုင်တာကြောင့် Chiang Mai ရောက်တဲ့အခါ တစ်ခေါက်တစ်ခါလောက် စမ်းကြည့်သင့်တဲ့ Activity တစ်ခုလဲ ဖြစ်ပါတယ်နော်

ဒါ့အပြင် ထိုင်းနိုင်ငံက zipline တွေထဲ အရှည်ဆုံးနှင့် အကြီးမားဆုံး zipline တခုဖြစ်ပြီး Tourism တွေအများဆုံး လာရောက်ဆော့ကစားကြတဲ့ zipline တစ်ခုဖြစ်ပါတယ် Platforms စုစုပေါင်း ၃၈ ခုထိရှိတာမို့ တစ်နေကုန်နီးပါး အချိန်ပေးဆော့ကစားလို့ရနိုင်မည့် နေရာလေးဖြစ်ပါတယ်

ဒါကြောင့် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ Couple အနေနဲ့ဖြစ်ဖြစ် Chiang Mai ရောက်တဲ့အခါမှာ Adventure Activity တစ်ခုဆော့ကစားချင်တယ်ဆိုရင်တော့ မဥမ္မာတို့ဆီမှာ လက်မှတ်လေး ဝယ်ယူလို့ရပါပြီနော် ..

ဈေးနှုန်းလေးတွေကတော့ …

🧗‍♀️ Ultimate (19 Platforms) + Thai buffet
Adult/Child : 1220 Baht

🧗‍♀️ Ultimate (19 Platforms)
Adult/Child : 1120 Baht

🧗‍♀️ Extreme (38 Platforms) + Thai buffet
Adult/Child : 1620 Baht

🧗‍♀️ Extreme (38 Platforms)
Adult/Child : 1520 Baht

📍 Location : https://maps.app.goo.gl/oHmB8i4w28YwTMML6

⏰ Opening Hour : 8:30 AM–5:30 PM

ที่อยู่

604/3 Phetchaburi Road, Thanon Phetchaburi, Ratchathewi
Bangkok
10400

เบอร์โทรศัพท์

+959766282855

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက်ခရီးသွားဝန်ဆောင်မှု-ဥမ္မာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง ဘန်ကောက်ခရီးသွားဝန်ဆောင်မှု-ဥမ္မာ:

ทางลัด

แชร์