ဘန်ကောက်ခရီးသွားဝန်ဆောင်မှုမဥမ္မာ

ဘန်ကောက်ခရီးသွားဝန်ဆောင်မှုမဥမ္မာ ထိုင်းနိုင်ငံတွင်းခရီးသွားနှင့် ထိုင်းနိုင်ငံစီးပွါးရေးတိုက်ခန်းအရောင်းဝယ်အားလုံးစီစဥ်ပေးပါတယ်နော်...

🌿🏨 Suvarnabhumi Airport ဘက်နားမှာ တည်းခိုဖို့ Hotel ရှာနေတယ်ဆိုရင်တော့ အေးချမ်းတဲ့ Green Hotel လေးတစ်ခုဖြစ်တဲ့ Chor Cher...
21/09/2026

🌿🏨 Suvarnabhumi Airport ဘက်နားမှာ တည်းခိုဖို့ Hotel ရှာနေတယ်ဆိုရင်တော့ အေးချမ်းတဲ့ Green Hotel လေးတစ်ခုဖြစ်တဲ့ Chor Cher - The Luxury Green Hotel ကို မိတ်ဆက်ပေးပါရစေရှင့်… ✨

မြို့ပြရဲ့ စည်ကားမှုတွေကနေ နည်းနည်းအေးအေးဆေးဆေးနားချင်ပြီး Hotel တစ်ခုတည်းမှာပဲ သက်တောင့်သက်သာ အနားယူလို့ကောင်းမယ့်နေရာလေးကို ရှာနေတယ်ဆိုရင် Chor Cher – The Luxury Green Hotel လေးက စိတ်ဝင်စားစရာ Hotel လေးတစ်ခုဖြစ်ပါတယ်ရှင့် 🌳💚

📍 Hotel လေးက Bang Bo, Samut Prakan ဘက်မှာတည်ရှိပြီး Suvarnabhumi Airport နဲ့လည်း 25 km ခန့်အကွာမှာရှိတာကြောင့် Airport ဘက်ကို သွားလာရမယ့်သူတွေအတွက်လည်း ထည့်သွင်းစဉ်းစားလို့ရတဲ့ Location လေးပါရှင့်။

🌱 Chor Cher ရဲ့ ထူးခြားချက်လေးကတော့ Hotel Name လေးနဲ့လိုက်ဖက်အောင် Greenery လေးတွေ၊ Garden Area လေးတွေနဲ့ အေးချမ်းတဲ့ Hotel Environment ကို ဖန်တီးထားတာပါရှင့်။ ခရီးပန်းလာတဲ့အချိန်မှာ Hotel ပြန်ရောက်ရင် အေးအေးဆေးဆေးအနားယူချင်သူတွေအတွက် သဘောကျစရာနေရာလေးတစ်ခုဖြစ်ပါတယ်နော် 🌿✨

🏊‍♀️ Hotel Facilities & Services အနေနဲ့လည်း
✨ Outdoor Swimming Pool
✨ Fitness Center
✨ Restaurant
✨ Free Wi-Fi
✨ Free Parking
စတဲ့ Facilities တွေပါဝင်တာကြောင့် တည်းခိုနေစဉ်အတွင်း အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်ရှင့်။

🛏️ အခန်းတွေအနေနဲ့ Deluxe Room နဲ့ Junior Suite စတဲ့ Room Type တွေရှိတာကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် အခန်းကိုရွေးလို့ရပါတယ်။

📸 ဈေးအသေးစိတ်လေးတွေကိုတော့ အောက်မှာတင်ပေးထားတဲ့ Graphic လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင့်။

🏨 Chor Cher - The Luxury Green Hotel မှာ Booking ပြုလုပ်ချင်ရင် Page Messenger ကို လာရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့် 💌✨

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

21/09/2026

မနက်ဖြန် ၂၂ ရက်နေ့အတွက် ပတ္တရား nong nooch နေ့ချင်းပြန်ခရီးစဉ်လေး ခုံနေရာလေးတွေ ကျန်ပါသေးတယ်နော်

🌸 ပထမဆုံးအကြိမ် ကျင်းပတဲ့ Bangkok Flower Festival 2026 ကတော့ ခင်းကျင်းပြသနေပါပြီ💐Awakening နဲ့ Yodpiman Riverwalk တို့ ပ...
21/09/2026

🌸 ပထမဆုံးအကြိမ် ကျင်းပတဲ့ Bangkok Flower Festival 2026 ကတော့ ခင်းကျင်းပြသနေပါပြီ💐

Awakening နဲ့ Yodpiman Riverwalk တို့ ပူးပေါင်းပြီး "Pak Khlong Talat" ပန်းဈေးတန်းကြီးကို အနုပညာ၊ ဒီဇိုင်း၊ အစားအသောက်နဲ့ Lifestyle စတိုင် အသစ်အဆန်းလေးတွေနဲ့ ဆန်းသစ်ပြင်ဆင်ထားတဲ့ Bangkok Flower Festival 2026 ကတော့ ဘန်ကောက် နေ ပြည်သူတွေ အတွက်အလှပဆုံး version နဲ့ ပွဲဦးထွက်လာပါပြီ။ 💐

ပန်းပွဲ တော်ရဲ့ မြင်နေကြ version တွေကကွဲထွက်ပြီး အစီစဉ် အပိုင်းလိုက်ပြသထားတာမို့လို့ ပွဲထဲမှာ ဘာတွေပါဝင်မလဲ‌ဆိုတာ မင်မင် သိသလာက် sharing လုပ်ပေးပါ့မယ်။

💐Market & Café
ဒုတိယထပ် မှာတော့ ပန်းဈေးတန်း၊ ပန်းအလှသစ်စက်ရုပ်နဲ့ လက်ရာမြောက် Craft ဈေးတန်း အပြင်
Fanta x SOURI Pop-up Café နဲ့ ပန်းများစွာအလှဆင်ထားတဲ့အစားအသောက်နဲ့ သောက်စရာများ ကို ရရှိနိုင်ပါတယ်။

💐 Activities & Show
ပန်းနဲ့ပတ်သက်တဲ့ Workshop မျိုးစုံနဲ့ စက်တင်ဘာ ၁၉ နဲ့ ၂၆ ရက်မှာ ပြသမယ့် ညပိုင်း Drone Show
* Art Installation: TO SMiLE, Artstraction, The Tweedles နဲ့ Flowers in the Mist စတဲ့ ထိုင်းအနုပညာရှင်များရဲ့ Photo spot အမိုက်စား ဖန်တီးမှုများ ကိုလည်း ထည့်သွင်းထားပါသေးတယ်။

🌇ညနေခင်း နေဝင်ချိန်ကနေ ညဘက်အထိ အချိန်ပေးပြီး သွားရောက်လည်ပတ်ရင် လှပတဲ့ အငွေ့အသက် နှစ်မျိုးလုံးကို ပြည့်ပြည့်ဝဝ ခံစားရမှာပါ။
Flower Lover တွေနဲ့ Art Lover တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ပွဲလေးတစ်ခုပဲဖြစ်ပါတယ်။ ✨

📍 နေရာ: Yodpiman Riverwalk, Pak Khlong Talat
🗓️ ရက်စွဲ: ၂၀၂၆ စက်တင်ဘာ ၁၈ မှ ၂၇ ရက်နေ့အထိ
⏰ အချိန်: ညနေ ၃:၀၀ မှ ည ၁၀:၀၀ နာရီအထိ
🎟️ ဝင်ကြေး: ၁၅၀ ဘတ်

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

ဘန်ကောက်မှာ အစားအသောက် ကောင်းကောင်းစားရင်း Bangkok မြို့ရဲ့အပေါ်စီး View ကိုပါ ခံစားချင်တယ်ဆိုရင် Baiyoke Sky Hotel ကို ...
20/09/2026

ဘန်ကောက်မှာ အစားအသောက် ကောင်းကောင်းစားရင်း Bangkok မြို့ရဲ့အပေါ်စီး View ကိုပါ ခံစားချင်တယ်ဆိုရင် Baiyoke Sky Hotel ကို မမေ့နဲ့နော်…

ဘန်ကောက်ရဲ့ နာမည်ကြီး Landmark တွေထဲက တစ်ခုဖြစ်တဲ့ Baiyoke Sky Hotel ကတော့ အမြင့်ပေါ်ကနေ Bangkok City View ကို ကြည့်ရင်း Buffet စားလို့ရတာကြောင့် ခရီးသွားတွေကြားမှာ လူသိများတဲ့နေရာလေးတစ်ခုပါရှင့်။ 🏨🌃

Baiyoke Sky ရဲ့ ထူးခြားတာက မနက်စာ၊ နေ့လည်စာနဲ့ ညစာ အတွက်ပါ Buffet ရွေးချယ်စရာတွေရှိပြီး ကိုယ်သွားမယ့်အချိန်နဲ့ ကြိုက်နှစ်သက်တဲ့အစားအစာပုံစံအလိုက် ရွေးချယ်လို့ရတာပါ။ 🍳🥗🍽️

🍳 Breakfast အတွက်တော့ မနက်ခင်း Bangkok City View လေးကို ကြည့်ရင်း အေးအေးဆေးဆေး မနက်စာစားလို့ရပြီး 🍤 Lunch မှာတော့ Seafood နဲ့ International Buffet တွေကို အစားအသောက်မျိုးစုံနဲ့ သုံးဆောင်နိုင်ပါတယ်။

🌙 Dinner စားမယ့်သူ​တွေအတွက်​တော့ Bangkok ရဲ့ ညမီးရောင်တွေကို အပေါ်စီးကနေ ကြည့်ရင်း Seafood၊ Grilled Menu၊ International Food နဲ့ Premium Buffet တွေကို ရွေးချယ်စားသုံးနိုင်တာက Baiyoke Sky ရဲ့ လူကြိုက်များတဲ့ Experience တစ်ခုပါရှင့်။ ✨

ပြီးတော့ Buffet တွေကို 76th, 78th, 79th, 81st နဲ့ 82nd Floor စတဲ့ အထပ်အလိုက် Restaurant တွေမှာ မတူညီတဲ့ Dining Experience တွေနဲ့ ရွေးချယ်နိုင်ပါတယ်။ 🏨

ဒါ့အပြင် 84th Floor Revolving View Point ကိုပါ ဝင်ရောက်ကြည့်ရှုနိုင်တာကြောင့် Buffet စားပြီးရင် Bangkok မြို့ကို အပေါ်စီးကနေ လှည့်ပတ်ကြည့်ရှုနိုင်တဲ့ Experience ကိုပါ ရရှိနိုင်ပါတယ်။ 🌆✨

📌 Baiyoke Sky Hotel ရဲ့ Breakfast / Lunch / Dinner Buffet Package တွေနဲ့ လက်ရှိရရှိနိုင်တဲ့ Ticket ဈေးနှုန်းတွေကိုတော့ အောက်က Graphic ထဲမှာ တစ်နေရာတည်း စုစည်းဖော်ပြပေးထားပါတယ်ရှင့်။ 🎟️

📩 Booking ပြုလုပ်လိုပါက Page Messenger မှာ သွားမယ့်ရက်၊ လူဦးရေနဲ့ ရွေးချယ်ချင်တဲ့ Buffet အချိန်လေးတွေ ပို့ပေးနိုင်ပါတယ်ရှင့်။

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

အင်္ဂါနေ့လေးမှာ ဘန်ကောက်အနီးတစ်ဝိုက် ခရီးထွက်ချင်တဲ့သူတွေအတွက် ဘန်ကောက်ကနေ နှစ်နာရီဝန်းကျင်သာသွားရတဲ့ ပတ္တရားက အသင့်တော်...
20/09/2026

အင်္ဂါနေ့လေးမှာ ဘန်ကောက်အနီးတစ်ဝိုက် ခရီးထွက်ချင်တဲ့သူတွေအတွက် ဘန်ကောက်ကနေ နှစ်နာရီဝန်းကျင်သာသွားရတဲ့ ပတ္တရားက အသင့်တော်ဆုံးဖြစ်ပါတယ်။

တစ်နေ့တာလေးနဲ့ မြို့ပြအငွေ့အသက်တွေကနေ ခဏလောက်အနားယူရင်း ပင်လယ်ကမ်းခြေ၊ ဘုရားဖူးစတဲ့နေရာတွေနဲ့ သဘာဝအလှတွေကို တစ်ခရီးတည်းမှာ ခံစားချင်တယ် ဆိုရင်တော့ မဥမ္မာရဲ့ အင်္ဂါနေ့တိုင်းထွက်တဲ့ Pattaya City Tour လေးကို လိုက်ခဲ့ပါနော်

ဒီခရီးစဉ်မှာလိုက်ပို့ပေးသွားမယ့်နေရာလေးတွေကတော့.....

🌿 Nong Nooch Tropical Botanical Garden
ပတ္တရားရဲ့ နာမည်ကြီး Attraction တစ်ခုဖြစ်ပြီး စိမ်းစိုလှပတဲ့ ပန်းခြံကြီးထဲမှာ အပင်အမျိုးမျိုးနဲ့ သဘာဝအလှတွေကို ခံစားရင်း ဓာတ်ပုံလှလှလေးတွေလည်း ရိုက်ကူးနိုင်ပါတယ်။ ကလေးတွေအကြိုက် ဒိုင်နိုဆောရုပ်တုကြီးတွေလည်း အများကြီးရှိတာမို့ မိသားစုနဲ့အဆင်ပြေမယ့်ခရီးစဉ်လေးလည်းဖြစ်ပါတယ်ရှင်။ 🌺📸

🙏 Wat Khao Chi Chan
တောင်နံရံပေါ်မှာ ထွင်းထုထားတဲ့ ဘုရားရုပ်ပွားတော်ကြီးကို ဖူးမြော်ရင်း ပတ်ဝန်းကျင်ရဲ့ အေးချမ်းတဲ့အငွေ့အသက်လေးကို ခံစားနိုင်မယ့်နေရာပါရှင့်။ ✨

🏖️ Jomtien Beach
ပတ္တရားရဲ့ ပင်လယ်လေရှူရှိုက်ချင်တဲ့သူတွေအတွက်လည်း ကမ်းခြေဘေးမှာ အေးအေးဆေးဆေး အနားယူနိုင်အောင် လူသိပ်မများတဲ့ ကမ်းခြေလေးကို ခရီးစဉ်ထဲမှာ ထည့်သွင်းပေးထားပါတယ်။ 🌊☀️

🙏 Big Buddha
ပတ္တရားရဲ့ ထင်ရှားတဲ့ ဘုရားကြီးဖြစ်ပြီး ဘုရားဖူးရင်း မြို့ပေါ်ကနေ ပတ်ဝန်းကျင်ရှုခင်းလေးတွေကိုလည်း ကြည့်ရှုနိုင်ပါတယ် 💛

🌅 Pattaya View Point
တစ်နေ့တာခရီးစဉ်ရဲ့ အမှတ်တရလေးအဖြစ် ပတ္တရားမြို့နဲ့ ပင်လယ်ပြင်ကို အပေါ်စီးကနေ မြင်ရတဲ့ View Point မှာ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိုင်မှာပါ 📸💚

ခရီးစဉ်ဈေးနှုန်း
💰 Adult - 1,600 Baht
👧 Child - 1,500 Baht (3–9 Years)

✨အထက်ဖော်ပြပါဈေးနှုန်းထဲမှာ
🚐 ကား
👩‍💼 လမ်းညွှန်
💧 ရေသန့်
🍞 အဆာပြေမုန့်
🍱 နေ့လည်စာတစ်နပ်
🎫 ဝင်ခွင့်လက်မှတ်များ အကုန်အပြီးအစီး ပါဝင်ပြီးသားပါရှင့်။

ဘန်ကောက်ကနေ အဝေးကြီးသွားစရာမလိုဘဲ တစ်နေ့တာလေးနဲ့ ပတ္တရားရဲ့ ပင်လယ်အလှနဲ့ နာမည်ကြီးနေရာလေးတွေကို လည်ပတ်ချင်တယ်ဆိုရင် ဒီ Tuesday Pattaya City Tour လေးကို မဥမ္မာနဲ့အတူ လိုက်ခဲ့ပါနော် 💙🌊

📩 Booking တင်ချင်သူများနဲ့ ခရီးစဉ်အသေးစိတ် သိချင်သူများ Page Messenger မှာ လာရောက်မေးမြန်းနိုင်ပါတယ်ရှင့်။

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

🌺 Nature, Culture & Entertainment ကို တစ်နေရာတည်းမှာ ပြည့်ပြည့်ဝဝခံစားနိုင်မယ့် Pattaya ရဲ့ Iconic Destination ဖြစ်တဲ့  ...
19/09/2026

🌺 Nature, Culture & Entertainment ကို တစ်နေရာတည်းမှာ ပြည့်ပြည့်ဝဝခံစားနိုင်မယ့် Pattaya ရဲ့ Iconic Destination ဖြစ်တဲ့ Nong Nooch Tropical Botanical Garden 🇹🇭🌴

Nong Nooch ဆိုတာ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး Tropical Botanical Garden တစ်ခုဖြစ်ပြီး ဧရိယာကလည်း 1,700 Rai ကျော် ကျယ်ဝန်းတာကြောင့် တစ်နေရာတည်းမှာ သဘာဝအလှ၊ အပင်မျိုးစုံ၊ ဥယျာဉ်ပုံစံမျိုးစုံနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကို တစ်နေ့တည်းအတွင်း အများကြီးခံစားနိုင်တဲ့နေရာပါ 🌴🌺🌿

🌱 အပင်ချစ်သူတွေဆို ဝင်လည်ပြီးရင် ပြန်မထွက်ချင်မယ့်နေရာပါ။ Nong Nooch ရဲ့ Botanical Collection မှာ အပင်မျိုးစိတ် 12,000 ကျော်ရှိပြီး Palm, Cycad, Hoya, Bougainvillea, Heliconia တို့လို အပင်အုပ်စုကြီးတွေအပြင် Orchid, Cactus, Bromeliad, Adenium, Banana စတဲ့ အပင်မျိုးစုံကိုလည်း စုစည်းထိန်းသိမ်းစိုက်ပျိုးထားပါတယ်။ Indoor & Outdoor Botanical Garden တွေထဲမှာတော့ အပင်တွေကို မျိုးစိတ်အလိုက် ခွဲခြားပြသထားတာကြောင့် လှပရုံတင်မကဘဲ အပင်အမျိုးအစားတွေကို လေ့လာကြည့်ရှုလို့လည်း ရပါတယ် 🌵🌸🌴

🚋 Garden က အရမ်းကျယ်တာကြောင့် Nong Nooch ရဲ့ Sightseeing Bus နဲ့ Garden အတွင်းက နာမည်ကြီးနေရာတွေကို သက်တောင့်သက်သာ လှည့်လည်ကြည့်ရှုနိုင်ပါတယ်။ လမ်းတစ်လျှောက်မှာလည်း ဓာတ်ပုံရိုက်လို့ကောင်းတဲ့နေရာတွေ အများကြီးရှိပြီး အချိန်မလောက်တဲ့သူတွေအတွက်လည်း Garden ရဲ့ အဓိကနေရာတွေကို လွယ်လွယ်ကူကူ လည်ပတ်နိုင်တဲ့နည်းလမ်းကောင်းတစ်ခုပါ 📸✨

🎭 သဘာဝအလှတွေကြည့်ပြီးရင် ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ဆက်ခံစားလို့ရပါတယ်။ Nong Nooch မှာ နေ့စဉ် Thai Cultural Performance ပြသပေးပြီး ထိုင်းရိုးရာယဉ်ကျေးမှု၊ အကအလှနဲ့ Martial Arts Performance တွေကို လှပတဲ့ Costume တွေနဲ့ တွဲဖက်တင်ဆက်ထားတာကြောင့် ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှုအငွေ့အသက်ကို တစ်နေရာတည်းမှာ ခံစားနိုင်ပါတယ် 🇹🇭✨ ဒါ့အပြင် Elephant Show လည်းရှိတာကြောင့် Garden လည်ရင်း ဖျော်ဖြေရေးအစီအစဉ်တွေကိုပါ တစ်ခါတည်း ကြည့်ရှုနိုင်ပါတယ် 🐘🎭

🚗 ကားဝါသနာရှင်တွေအတွက်တော့ Car Museum / Car Garden က နောက်ထပ် Highlight တစ်ခုပါ။ Nong Nooch ရဲ့ Car Museum I & II မှာ ကားအမျိုးအစားနဲ့ ခေတ်အမျိုးမျိုးက စိတ်ဝင်စားစရာကားတွေကို စုစည်းပြသထားတာကြောင့် Garden ထဲမှာ သဘာဝအလှတွေကြည့်ပြီး ကားတွေကိုပါ လေ့လာ၊ ဓာတ်ပုံရိုက်နိုင်ပါတယ် 📸🚘

🍽️ ဒါကြောင့် Nong Nooch ကို တစ်နေ့တာအပြည့် လည်ပတ်မယ်ဆိုရင် Buffet ပါတဲ့ All Package ကို ပိုပြီးတန်တယ်လို့ အကြံပြုချင်ပါတယ်။ 🌿 Nong Nooch Garden ဆိုတာ ပန်းပင်တွေကြည့်ရုံနဲ့ ပြီးသွားမယ့်နေရာမဟုတ်ဘဲ သဘာဝအလှ 🌺 + Botanical Garden 🌴 + Thai Culture 🇹🇭 + Show 🎭 + Car Museum 🚘 + Sightseeing Tour 🚋 ကို တစ်နေရာတည်းမှာ ခံစားနိုင်တဲ့ Destination တစ်ခုပါ။

🎟️ Nong Nooch Garden ဝင်ခွင့်လက်မှတ်များကို ဘန်ကောက်မဥမ္မာမှာ ဝယ်ယူရရှိနိုင်ပါပြီရှင်။ ဈေးနှုန်းလေးတွေကိုတော့ အောက်ကပုံထဲမှာ ဖော်ပြပေးထားပါတယ်ရှင့်။

လက်မှတ်ဖြတ်လိုပါက Page Messenger သို့ဆက်သွယ်ပြီး လက်မှတ်ဖြတ်လို့ရပါပြီရှင့်

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

19/09/2026

မနက်ဖြန်ထွက်မယ့်ကန်ချနာဘူရီခရီးစဥ်အတွက်ည​နေ၃နာရီမတိုင်ခင်အထိစာရင်း​ပေးလို့ရပါ​သေးတယ်ရှင့်

🌿🤍 Khao Yai ရောက်ရင် အီတလီဆန်ဆန်အလှအပလေးနဲ့ အေးအေးဆေးဆေးအနားယူလို့ကောင်းတဲ့ Lago di Khao Yai ကိုလည်း မမေ့နဲ့နော်…Khao Ya...
19/09/2026

🌿🤍 Khao Yai ရောက်ရင် အီတလီဆန်ဆန်အလှအပလေးနဲ့ အေးအေးဆေးဆေးအနားယူလို့ကောင်းတဲ့ Lago di Khao Yai ကိုလည်း မမေ့နဲ့နော်…

Khao Yai ဆိုတာ သဘာဝတောင်တန်းရှုခင်းတွေ၊ အစိမ်းရောင်သစ်ပင်တွေ၊ လှပတဲ့ Café တွေနဲ့ အပန်းဖြေစရာနေရာတွေကြောင့် Bangkok ကနေ ခရီးတိုလေးထွက်ချင်တဲ့သူတွေကြားမှာ လူကြိုက်များတဲ့ destination တစ်ခုပါ။ Khao Yai ကိုသွားလည်မယ့် မိတ်ဆွေများအတွက် Lago di Khao Yai လေးကိုလည်း ဝင်လည်ကြည့်ဖို့ ညွှန်ပေးချင်ပါတယ်ရှင့်။ 🌳⛰️

နာမည်လေးကတည်းက အီတလီအငွေ့အသက်လေးရနေပြီး နေရာအတွင်းမှာလည်း European / Italian-inspired atmosphere လေးနဲ့ Khao Yai ရဲ့ သဘာဝတောင်တန်းရှုခင်းတွေကို တွဲပြီးခံစားလို့ရတဲ့ vibe မျိုးရှိတာကြောင့် အေးအေးဆေးဆေးထိုင်ပြီး အနားယူချင်သူတွေအတွက် သင့်တော်ပါတယ်။ ☕️🌿

အထူးသဖြင့် Khao Yai ရဲ့ လတ်ဆတ်တဲ့လေထုနဲ့ စိမ်းစိုတဲ့သဘာဝရှုခင်းတွေကြားမှာ အချိန်ဖြုန်းရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ချင်သူတွေအတွက်လည်း Photo Spot အနေနဲ့ ထည့်စဉ်းစားလို့ကောင်းပါတယ်ရှင့်။ 📸🤍

ဒါကြောင့် Khao Yai ကို Day Trip ထွက်မယ်ဆိုရင် Lago di Khao Yai တစ်နေရာတည်းသွားပြီး ပြန်တာထက် ကိုယ်သွားချင်တဲ့ အနီးနားက အခြားနေရာလေးတွေကို တစ်နေ့တည်းနဲ့ လည်ပတ်ဖို့အတွက်မင်မင်တို့ဆီက ကားငှားပြီး လည်လို့ရပါတယ်ရှင့်။ 🚗💨

👨‍👩‍👧‍👦 မိသားစုနဲ့လာတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်လာတာဖြစ်ဖြစ် လူဦးရေအလိုက် သင့်တော်တဲ့ကားအမျိုးအစားကို ရွေးချယ်ပြီး Khao Yai Day Trip အတွက် ဘိုကင်ကြိုချိတ်ထားလို့ ရပါပြီရှင်။

Bangkok - Khao Yai only - Bangkok (Day Trip)
4 ယောက်စီး ကားအသေး - 4000 Baht
6 ယောက်စီး ကားအလတ် - 4300 Baht
10 ယောက်စီး ကားအကြီး - 4500 Baht
14 ယောက်စီး ကားကြီး - 5000 Baht

အထက်ဖော်ပြပါဈေးနှုန်းတွေထဲမှာ.....
- ဆီကြေး⛽️
- ကားပါကင်ကြေး🚗
- အမြန်လမ်းကြေး🛣
- ကားဆရာကြေး🚘
- ကုန်းကျော်တံတားကြေး 🌁 အကုန်အပြီးအစီး ပါဝင်ပြီးသားဖြစ်ပါတယ်နော်

သွားမယ့် Date + လူဦးရေ + Pickup Location + Khao Yai မှာ သွားချင်တဲ့နေရာတွေ ကို Page Messenger မှာ ပို့ပေးပြီး အသေးစိတ်စုံစမ်းနိုင်ပါတယ်ရှင့်။ 🤍

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

🌿🏞️ တနင်္ဂနွေနေ့လေးမှာ ဘန်ကောက်မြို့ရဲ့ လူရှုပ်လူများတဲ့အငွေ့အသက်တွေကနေ ခဏလောက်ထွက်ပြီး သဘာဝအလှတွေနဲ့ သမိုင်းဝင်နေရာတွေက...
18/09/2026

🌿🏞️ တနင်္ဂနွေနေ့လေးမှာ ဘန်ကောက်မြို့ရဲ့ လူရှုပ်လူများတဲ့အငွေ့အသက်တွေကနေ ခဏလောက်ထွက်ပြီး သဘာဝအလှတွေနဲ့ သမိုင်းဝင်နေရာတွေကို တစ်နေ့တည်းမှာ လည်ပတ်ချင်တယ်ဆိုရင်တော့ Kanchanaburi ခရီးစဉ်လေးကို လိုက်ခဲ့ပါနော်… 💚✨

အလုပ်တွေ၊ နေ့စဉ်အလုပ်ရှုပ်မှုတွေနဲ့ တစ်ပတ်လုံးပင်ပန်းထားသမျှကို တနင်္ဂနွေနေ့လေးမှာ ခဏမေ့ထားပြီး 🌿 ဘုရားဖူးမယ်၊ သမိုင်းဝင်နေရာတွေကို လေ့လာမယ်၊ သဘာဝရှုခင်းလေးတွေကြားမှာ အပန်းဖြေမယ် ဆိုရင် ဒီ Kanchanaburi One Day Trip လေးက သင့်တော်ပါတယ်ရှင့်

လိုက်ပို့ပေးမယ့်နေရာလေးတွေကတော့
🏞️ Wat Tham Suea (Tiger Cave Temple)
တောင်ပေါ်မှာတည်ရှိတဲ့ Wat Tham Suea က Kanchanaburi ရဲ့ လူသိများတဲ့ ဘုရားကျောင်းတွေထဲက တစ်ခုဖြစ်ပြီး ဘုရားဖူးရင်း အပေါ်ကနေ မြင်ရတဲ့ ပတ်ဝန်းကျင်ရှုခင်းလေးတွေကိုပါ ခံစားနိုင်တဲ့နေရာပါ 🙏✨

🌉 Bridge Over The River Kwai
Kanchanaburi ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ သမိုင်းဝင်နေရာလေးတစ်ခုပါ။ ဒုတိယကမ္ဘာစစ်ကာလ သမိုင်းကြောင်းတွေနဲ့ ဆက်နွယ်နေတဲ့ ဒီတံတားလေးပေါ်မှာ လမ်းလျှောက်ရင်း Kanchanaburi ရဲ့ ထင်ရှားတဲ့ သမိုင်းအကြောင်းအရာတွေကို လေ့လာနိုင်မှာပါ 📸🌉

🌳 Anaata River Hills Resort
ခရီးတစ်နေ့တာလုံး လည်ပတ်ပြီးတဲ့နောက် သဘာဝရှုခင်းလေးတွေနဲ့ အေးအေးဆေးဆေး အပန်းဖြေလို့ကောင်းတဲ့နေရာလေးကိုလည်း သွားရောက်ခံစားနိုင်မှာပါ 💚🏞️

ဒီခရီးစဉ်လေးက ဘုရားဖူးတာတင်မဟုတ်ဘဲ သမိုင်းဝင်နေရာ၊ သဘာဝရှုခင်းနဲ့ အပန်းဖြေစရာတွေကိုပါ တစ်နေ့တည်းမှာ ရရှိနိုင်တာ မို့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊ မိသားစုနဲ့ဖြစ်ဖြစ် လိုက်ဖို့အရမ်းအဆင်ပြေပါတယ်ရှင့် 🥰

ခရီးစဉ်ဈေးနှုန်း
💰 Adult - 1,700 Baht
👧 Child - 1,600 Baht (3-9 Years)

✨ ခရီးစဉ်အတွင်းပါဝင်မှုများ
🚐 ကား
👩‍💼 လမ်းညွှန်
💧 ရေသန့်
🍞 အဆာပြေမုန့်
🍱 နေ့လည်စာတစ်နပ်
🎫 ဝင်ခွင့်လက်မှတ်များ အကုန်အပြီးအစီး ပါဝင်ပြီးသားပါရှင့်။

📅 စာရင်းပေးလို့ရတုန်း သွားဖို့စိတ်ကူးထားတယ်ဆိုရင် အမြန်ဆုံး Booking တင်ထားဖို့ အကြံပြုချင်ပါတယ်နော် 💕

ဘန်ကောက်ကနေ အဝေးကြီးသွားစရာမလိုဘဲ တစ်နေ့တာလေးနဲ့ Kanchanaburi ရဲ့ သမိုင်း၊ သဘာဝနဲ့ အေးချမ်းတဲ့အငွေ့အသက်တွေကို ခံစားချင်တယ်ဆိုရင် ဒီခရီးစဉ်လေးကို မဥမ္မာနဲ့အတူ လိုက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော် 💚🌿

📩 Booking တင်ချင်သူများ Page Messenger ကို အခုပဲဆက်သွယ်လိုက်တော့နော်။

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

ဘန်ကောက်ရဲ့ မြစ်ဘေးမှာ ပန်းပွဲတော်ကြီး ပြန်လည် ကျင်းပတော့မယ်နော်🌸💐 ချစ်ရတဲ့သူလေးကို လက်တွဲပြီး အတူတူ လမ်းလျှောက်ဖို့ ဘန်...
18/09/2026

ဘန်ကောက်ရဲ့ မြစ်ဘေးမှာ ပန်းပွဲတော်ကြီး ပြန်လည် ကျင်းပတော့မယ်နော်🌸💐

ချစ်ရတဲ့သူလေးကို လက်တွဲပြီး အတူတူ လမ်းလျှောက်ဖို့ ဘန်ကောက်ရဲ့ နာမည်ကြီး Pak Khlong Talat နားက Yodpiman Riverwalk မှာ ပြုလုပ်မယ့် “Bangkok Flower Festival ဟာဒီနှစ်မှာလဲ ခမ်းခမ်းနားနားနဲ့ ပြန်လည်ရောက်ရှိလာ တော့မှာဖြစ်ပါတယ်။

Awakening အဖွဲ့က ဦးစီးကျင်းပတာဖြစ်ပြီး ပန်းအလှပြပွဲတွေကြည့်မယ်၊ ပန်းဆိုင်လေးတွေပတ်ကြည့်မယ်၊ Workshop တွေမှာ ပါဝင်ဆော့ကစားရင်း ပန်းလေးတွေနဲ့ အချိန်ကုန်ဆုံးနိုင်မယ့် ပွဲလေးတစ်ခုဖြစ်ပါတယ်။ 🌷

ဘန်ကောက်မှာ အေးအေးဆေးဆေး Date ဖို့ နေရာရှာနေရင်တော့ သူငယ်ချင်းဖြစ်ဖြစ်၊ ချစ်သူကိုဖြစ်ဖြစ် ခေါ်ခဲ့ပြီး ပန်းလှလှလေးတွေကြည့်၊ ကြိုက်တဲ့ ပန်းစည်းလေးရွေး၊ အမှတ်တရ ဓာတ်ပုံလှလှလေးတွေ အတူတူရိုက်ရင်း ပေါ့ပေါ့ပါးပါး date ကိုဖြတ်သန်းလိူ့ရပါတယ်။📸

💐 ပွဲစီစဉ်သူတွေ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း ပန်းလေးတွေ အခမဲ့ရယူနိုင်မယ့် အခွင့်အရေးလည်း ရှိပါတယ်နော်။ Workshop စိတ်ဝင်စားရင်တော့ မသွားခင် ပွဲစီစဉ်သူတွေထံ အသေးစိတ်နဲ့ အချိန်ဇယားလေး ကြိုကြည့်ထားဖို့အကြံ ပေးပါရစေ။
တစ်ခုလောက် မေးကြည့်ရစေ... ပန်းစည်းတစ်စည်း လက်ဆောင်ရမယ်ဆိုရင် ဘာပန်းလေး အလိုချင်ဆုံးလဲ? 🤭 မန့်ခဲ့နော်၊ သူများ လာဖတ်မိပြီး ဝယ်ပေးသွားအောင်လို့ရယ်😛

📅 နေ့ရက်: ၁၈ - ၂၇ စက်တင်ဘာ ၂၀၂၆
⏰ အချိန်: ညနေ ၃:၀၀ - ည ၁၀:၀၀
📍 နေရာ: Yodpiman Riverwalk, ဘန်ကောက်
🎟 ဝင်ကြေး: တစ်ဦးလျှင် ၁၅၀ ဘတ်
🚇 MRT Sanam Chai ဘူတာမှာဆင်းပြီး ပွဲကျင်းပရာနေရာသို့ လမ်းလျှောက်သွားနိုင်ပါတယ်

#ဘန်ကောက်ခရီးသွား၀န်ဆောင်မှုမဥမ္မာ

ที่อยู่

Room 5CW-01/03 5fl Phenix Pratunam, Phetchaburi Road, Thanon Phetchaburi, Ratchathewi
Bangkok
10400

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ဘန်ကောက်ခရီးသွားဝန်ဆောင်မှုမဥမ္မာผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์