18/06/2026
🌧️ မိုးအေးအေးလေးမှာ တိမ်မြူတွေကို ငေးရင်း 'Healing' လုပ်လို့ရမယ့် အစိမ်းရောင် လည်ပတ်စရာ ၄ နေရာ ⛰️🍀
အခုလို June နဲ့ July ရဲ့ ရာသီဥတုအကူးအပြောင်း (Green Season) မျိုးဟာ ထိုင်းနိုင်ငံရဲ့ တောတောင်ရေမြေတွေ အစိမ်းစိုဆုံးနဲ့ ခရီးသွားရတာ အေးချမ်းဆုံး အချိန်ပါပဲ။
မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး စိတ်ရောကိုယ်ပါ အပန်းဖြေဖို့အတွက် A.T.S ကနေ အကောင်းဆုံးခရီးစဉ်တွေကို ပြင်ဆင်ပေးထားပါတယ်ရှင်။ 😍🙌
❗ Full Package အပြင် မိမိတို့စိတ်ကြိုက် ဟိုတယ်နဲ့ စားသောက်ဆိုင်တွေကို ကိုယ်တိုင်ရွေးချယ်ချင်သူတွေအတွက် အစအဆုံး အပူအပင်မရှိဘဲ လွတ်လပ်မှုအပြည့်နဲ့ သွားလာနိုင်မယ့် "Private Tour (Car + Driver) ဝန်ဆောင်မှု" ကိုလည်း သီးသန့်စီစဉ်ပေးနေပါပြီရှင်။ ✨
ဘန်ကောက်ကဖြစ်ဖြစ်၊ မြန်မာပြည်ကဖြစ်ဖြစ် မိသားစု (သို့) သူငယ်ချင်းအဖွဲ့လိုက်အတွက် စိတ်ကြိုက်အစီအစဉ်နဲ့ သွားလာနိုင်မယ့် ခရီးစဉ်အတွင်း မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။
📍 Khao Yai (ခေါင်ယိုင်) ⛰️
ဘန်ကောက်ကနေ ၃ နာရီခွဲပဲ မောင်းရတဲ့ တိမ်မြူတွေကြားက ဥရောပမြို့ကလေးဖြစ်ပါတယ်။ မိုးရွာပြီးစ မနက်ခင်းမှာ တောင်ပေါ်လေအေးအေးလေးကို ရှူရင်း၊ ဥရောပစတိုင် Castle တွေနဲ့ တောင်ချိုင့်ဝှမ်းထဲက ကဖေးလှလှလေးတွေမှာ ဓာတ်ပုံရိုက်ပြီး Social Media Feed ကို အလှဆင်ဖို့ အကောင်းဆုံး Spot ကြီးတစ်ခု ဖြစ်ပါတယ်။
📍 Kanchanaburi (ကန်ချနဘူရီ) 🛶
မိုးရေစက်တွေနဲ့အတူ မြစ်ပြင်ကျယ်ပေါ်က ဖောင်အိမ်လေးတွေရဲ့ Chill ခံစားချက်ကို ပေးစွမ်းနိုင်မယ့်နေရာပါ။ မိုးရာသီမှာ ရေပြည့်ပြီး စိမ်းမြနေတဲ့ Erawan ရေတံခွန်မှာ အပန်းဖြေရင်း၊ River Kwai မြစ်ပေါ်က မနက်ခင်းမြူတွေကြား Floating Resort (ဖောင်အိမ်) ပေါ်မှာ အေးအေးလူလူ အနားယူကာ စိတ်ပင်ပန်းမှုတွေကို အကုန်အဝေးကြီး နှင်ထုတ်ပစ်မယ့် နေရာလေးပါပဲ။
📍 Nakhon Nayok (နခွန်နယုတ်) 🏞️
ဘန်ကောက်ကနေ ၂ နာရီလေးပဲဝေးပြီး ရေတံခွန်တွေ၊ ဆည်ကြီးတွေနဲ့ သဘာဝတရားရဲ့ ပြတိုက်ကြီးတစ်ခု ဖြစ်ပါတယ်။ Khun Dan Prakas Chon ဆည်ကြီးပေါ်ကနေ တိမ်မြူဆိုင်းနေတဲ့ တောင်တန်းကြီးတွေကို ၃၆၀ ဒီဂရီ ငေးမောကြည့်ရှုနိုင်မယ့်အပြင်၊ မိုးရာသီမှာ ရေတရဟောစီးဆင်းနေတဲ့ ရေတံခွန်အလှနဲ့ စိမ်းစိုနေတဲ့ တောတောင်အလှကြားက Cafe လှလှလေးတွေမှာ ကော်ဖီသောက်ရင်း အပန်းဖြေဖို့ အမိမိုက်ဆုံးနေရာပါပဲ။
📍 Chiang Mai (ချင်းမိုင် - Pa Pong Piang) 🌾☁️
လှေကားထစ်လယ်ကွင်း စိမ်းစိမ်းတွေနဲ့ ကော်ဖီနံ့သင်းတဲ့ တောင်ပေါ်မြို့ကလေး ဖြစ်ပါတယ်။ မိုးရာသီမှာပဲ မြင်တွေ့ခွင့်ရမယ့် Pa Pong Piang ရဲ့ လှေကားထစ်လယ်ကွင်း စိမ်းစိမ်းစိုစိုကြီးတွေ၊ တောင်စောင်းတစ်လျှောက် နှင်းမြူတွေနဲ့အတူ တိမ်တိုက်တွေက ပင်လယ်ပြင်ကြီးလို ဖုံးလွှမ်းထားတဲ့ မြင်ကွင်းက တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာမို့ လုံးဝလက်လွတ်မခံသင့်တဲ့ နေရာပါပဲ။
အခုလိုရာသီမှာ သွားရတာ ပိုပြီး အေးချမ်းသလို လူလည်း သိပ်မရှုပ်လို့ စိတ်ကြိုက် ဓာတ်ပုံလှလှလေးတွေ ရိုက်နိုင်ပါတယ်။ ဒီ June နဲ့ July အားလပ်ရက်တွေမှာ စိမ်းစိုစို တောင်တန်းတွေဆီ အလည်သွားဖို့ အကောင်းဆုံးရွေးချယ်မှုပါပဲ🙏💛
✅ အခုပြထားတဲ့ခရီးစဥ် နေရာလေးတွေကို Service ကောင်းကောင်းနဲ့ သွားလည်ချင်ရင် ကျွန်မတို့ Aladdin Travel Service (A.T.S) ရဲ့ သဘောကောင်းပြီး ခရီးသွားအကြောင်း နားလည်ကျွမ်းကျင်တဲ့ Admin တွေက ဧည့်သည်တို့ သွားချင်တဲ့ Trip plan အတိုင်း flexible ဖြစ်အောင် Free Consulting ဆွေးနွေးပေးမယ့်အပြင်၊ ခရီးစဉ်တစ်လျှောက် အဆင်ပြေချောမွေ့အောင် အစအဆုံး စီစဉ်ပေးတာမို့ လိုအပ်တာရှိရင် အခုပဲ ဆက်သွယ်လိုက်လို့ ရပါတယ်ရှင် 🤗
ℹ️ ကျွန်မတို့ Aladdin Travel Service (ATS) သည် ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီဖြစ်ပြီး ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းလိုင်စင် TAT License No. 14/04517 နှင့် ATTA Member No. 04710 ရရှိထားသည့်အပြင်၊ ခရီးသွားဝန်ဆောင်မှု အတွေ့အကြုံရင့်ကျက်သော တရားဝင် Local Tour Company ဖြစ်တာမို့ လူကြီးမင်းတို့ရဲ့ ခရီးစဉ်အတွက် 100% ယုံကြည်စိတ်ချစွာ အပ်နှံနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်။
🧏မိသားစု၊ သူငယ်ချင်းတွေနဲ့ စိတ်တိုင်းကျ Private Car + Driver နဲ့ပဲ သွားမလား၊ Full Package နဲ့ပဲ စိတ်အေးချမ်းသာ သွားမလား... အခုပဲ စုံစမ်းမေးမြန်းနိုင်ပါပြီရှင်။
💁 လည်ချင်တဲ့ ရက်အရေအတွက်
💁 လူဦးရေ နဲ့တကွ
Messenger ကနေ လာရောက်ပြောပြပေးပါက Quotation အမြန်ဆုံး တွက်ချက်ပေးဖို့ အသင့်ရှိနေပါတယ်။ 💛
🌍 Travel with Peace of Mind 🌍
ALADDIN TRAVEL SERVICE CO.,LTD
#ခေါင်ယိုင် #ကန်ချနဘူရီ
#နခွန်နယုတ် #ချင်းမိုင် #ထိုင်းနိုင်ငံခရီးသွား #မြန်မာခရီးသွားများအတွက် #မိုးရာသီခရီးစဉ် #အလည်ပတ် #ထိုင်းရောက်ရွှေမြန်မာ #မိသားစုခရီးစဉ် #ထိုင်းခရီးသွားအာမခံ