Shwe Mate ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Shwe Mate, หนังสือเดินทางและบริการวีซ่า, Bangkok.

09/03/2026
ထိုင်းနိုင်ငံမှာ Passport သက်တမ်းတိုးဖို့၊ Passport အသစ်လဲဖို့ လိုအပ်နေပြီဆိုရင် ရွှေမိတ်ကိုသာ သတိရလိုက်ပါ။မိတ်ဆွေတို့ရဲ...
16/02/2026

ထိုင်းနိုင်ငံမှာ Passport သက်တမ်းတိုးဖို့၊
Passport အသစ်လဲဖို့ လိုအပ်နေပြီဆိုရင် ရွှေမိတ်ကိုသာ သတိရလိုက်ပါ။

မိတ်ဆွေတို့ရဲ့ အဖိုးတန်လှတဲ့ အချိန်တွေကို မဖြုန်းတီးမိစေဖို့ အချိန် (၁) ရက်တည်းနဲ့ ရွှေမိတ်က အပြီးအစီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ✨

📌 PV Passport ကိုင်ထားသူများ အသစ်လဲလျှင် PJ အဖြစ် ပြောင်းလဲထုတ်ပေးမှာ ဖြစ်ပါတယ်။

📌 ED Plus Visa နဲ့ ကျောင်းတက်နေသူများကတော့ PE Passport ရရှိမှာ ဖြစ်ပါတယ်။

စာအုပ်သက်တမ်းကုန်ခါနီးလို့ပဲဖြစ်စေ၊ မတော်တဆ ပျောက်ဆုံး/ပျက်စီးသွားလို့ပဲဖြစ်စေ ... ဘယ်လို ဗီဇာအမျိုးအစားနဲ့ပဲဖြစ်ဖြစ် အာမခံချက်အပြည့်နဲ့ ဆောင်ရွက်ပေးနေတာမို့ ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံနိုင်ပါတယ်နော်။ 🥰

📥 အသေးစိတ်ကို အားမနာတမ်း မေးမြန်းနိုင်ဖို့ Messenger မှာ စောင့်ကြိုနေပါမယ် … 💛

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #ပက်စ်ပို့သက်တမ်းတိုး

လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကြောင့် ရွှေမိတ်ရဲ့ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိနေတာပါ။ 💛ရွှေမိတ်ကို ယုံကြည်အားထားပြီး လေယာဉ်လ...
10/02/2026

လူကြီးမင်းတို့ရဲ့ ယုံကြည်မှုကြောင့် ရွှေမိတ်ရဲ့ နေ့ရက်တိုင်းက အဓိပ္ပာယ်ရှိနေတာပါ။ 💛

ရွှေမိတ်ကို ယုံကြည်အားထားပြီး လေယာဉ်လက်မှတ် ဝန်ဆောင်မှုရယူခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏

ရွှေမိတ်မှာ လက်မှတ်ဖြတ်တဲ့အခါ …
✅ အချိန်မပုတ်ဘဲ ခဏအတွင်း လက်မှတ်ရရှိစေရမယ်။
✅ Customer တွေအတွက် အဆင်အပြေဆုံးဖြစ်မယ့် အချိန်နဲ့ ဈေးနှုန်းကို စိတ်ရှည်ရှည်နဲ့ ရှာဖွေပေးတယ်။
✅ လေယာဥ်လက်မှတ် ဝယ်ယူခြင်းကိစ္စအတွက် လုံးဝပူစရာမလိုအောင် အစအဆုံး တာဝန်ယူပေးပါတယ်။

✈️ လေယာဉ်လက်မှတ်ဖြတ်ဖို့ လိုအပ်နေတဲ့ မိတ်ဆွေတွေလည်း ကိုယ်တိုင်ဝယ်ရတာ စိတ်ရှုပ်တယ်ဆိုရင် ရွှေမိတ်ဆီကိုသာ လှမ်းခဲ့လိုက်ပါ။ 🥰

သိချင်တာတွေကိုလည်း နွေးထွေးစွာ ဖြေကြားပေးဖို့ အမြဲစောင့်ကြိုနေပါတယ်နော် … 🤗

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #လေယာဥ်လက်မှတ်

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ Passport ပျောက်သွားရင် ဘယ်လိုလုပ်ရမလဲ ❓နိုင်ငံရပ်ခြားမှာ Passport ပျောက...
07/02/2026

မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံရပ်ခြားမှာ Passport ပျောက်သွားရင် ဘယ်လိုလုပ်ရမလဲ ❓

နိုင်ငံရပ်ခြားမှာ Passport ပျောက်ဆုံးသွားတယ်ဆိုတာ ခရီးသွားတိုင်းအတွက် အိပ်မက်ဆိုးတစ်ခုပါပဲ။ ဒါပေမဲ့ စိတ်အေးအေးထားပြီး လုပ်သင့်လုပ်ထိုက်တာကို အဆင့်ဆင့် လုပ်ဆောင်သွားမယ်ဆိုရင် စိတ်ပူစရာမရှိတော့ပါဘူး။

ဘာတွေ လုပ်ဆောင်ရမလဲဆိုတဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

1️⃣ နီးစပ်ရာ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခြင်း (Police Report)

Passport ပျောက်တာကို သိသိချင်း အရင်ဆုံးလုပ်ရမယ့်အလုပ်ကတော့ နီးစပ်ရာ ရဲစခန်းကိုသွားပြီး Police Report (တိုင်ချက်) ဖွင့်ပါ။

ရဲစခန်းကပေးတဲ့ တိုင်ချက်မိတ္တူကို သေချာသိမ်းထားပါ။ (ဒါဟာ Passport အသစ်လျှောက်ဖို့အတွက် အရေးကြီးဆုံး စာရွက်စာတမ်းဖြစ်ပါတယ်။)

2️⃣ မြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးသို့ အကြောင်းကြားခြင်း

သင်ရောက်ရှိနေတဲ့ နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို လူကိုယ်တိုင်သွားရောက်ရပါမယ်။

သံရုံးကိုတင်ပြရမည့် စာရွက်စာတမ်းများ -
▪️ ရဲစခန်းကထုတ်ပေးထားသော Police Report မူရင်း
▪️ Passport မိတ္တူ (ရှိလျှင်)
▪️ မှတ်ပုံတင် မူရင်းနှင့် မိတ္တူ
▪️ အလုပ်ခန့်စာ သို့မဟုတ် ကျောင်းတက်နေကြောင်း အထောက်အထား (ဗီဇာအခြေအနေပြရန်)
▪️ ပတ်စပို့ဆိုဒ် ဓာတ်ပုံများ

3️⃣ ပြန်ရရှိမည့် စာအုပ်အမျိုးအစား

အခြေအနေပေါ်မူတည်ပြီး သံရုံးက အောက်ပါနှစ်ခုထဲက တစ်ခုကို ထုတ်ပေးပါလိမ့်မယ် -

Certificate of Identity (C.I) - အရေးပေါ် မြန်မာနိုင်ငံသို့ ပြန်ရန်အတွက်သာ အသုံးပြုနိုင်သော ယာယီစာရွက်စာတမ်း (တစ်ခါသုံး)

Passport အသစ် - သင်က ထိုနိုင်ငံမှာ ဆက်လက်နေထိုင်ရဦးမယ်ဆိုရင် (ဥပမာ- အလုပ်လုပ်နေသူ၊ ကျောင်းတက်နေသူ) ပတ်စပို့အသစ် ပြန်လျှောက်ရပါမယ်။

‼️ မှတ်ချက် - ပတ်စပို့အသစ်လျှောက်ပါက ဒဏ်ကြေး (Fine) ပေးဆောင်ရတတ်ပါတယ်။

4️⃣ လူဝင်မှုကြီးကြပ်ရေးဌာန (Immigration) သို့ သွားခြင်း

သံရုံးကနေ Passport အသစ် (သို့မဟုတ်) C.I ရလာပြီဆိုရင် -

ထိုနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနကိုသွားပြီး သင့်ရဲ့ Visa ကို စာအုပ်အသစ်ထဲသို့ ပြန်လည်ကူးထည့်ခြင်း သို့မဟုတ် အတည်ပြုချက်ရယူခြင်းများ ပြုလုပ်ရပါမယ်။

📌 သတိပြုရန်အချက်များ

▫️ Passport ရဲ့ ရှေ့စာမျက်နှာနဲ့ ဗီဇာစာမျက်နှာတွေကို Google Drive သို့မဟုတ် Email ထဲမှာ ဓာတ်ပုံရိုက်ပြီး အမြဲသိမ်းထားပါ။

▫️ နိုင်ငံခြားသွားရင် မှတ်ပုံတင်မူရင်းကို Passport နဲ့ သီးခြားစီ ခွဲသိမ်းထားပါ။

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #ပတ်စ်ပို့ပျောက်

ထိုင်းနိုင်ငံပြင်ပမှာ TR Visa ထွက်လျှောက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေတို့ရေ... စာရွက်စာတမ်းကိစ္စတွေ၊ နယ်စပ်အဝင်အထွက်တွေနဲ့ ...
30/01/2026

ထိုင်းနိုင်ငံပြင်ပမှာ TR Visa ထွက်လျှောက်ဖို့ ပြင်ဆင်နေတဲ့ မိတ်ဆွေတို့ရေ...
စာရွက်စာတမ်းကိစ္စတွေ၊ နယ်စပ်အဝင်အထွက်တွေနဲ့ သံရုံးကိစ္စတွေအတွက် ခေါင်းစားမခံပါနဲ့တော့ ❗

✔️ နယ်စပ်အဝင်အထွက် မခက်ခဲ
✔️ သံရုံးကိုယ်တိုင်ဝင်ရန်မလို
✔️ စာရွက်စာတမ်းအတွက် ခေါင်းရှုပ်ခံစရာမလိုဘဲ
✔️ ရက်ပိုင်းအတွင်း ဗီဇာရအောင် ရွှေမိတ်က အစအဆုံး ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

1️⃣ ကားနဲ့သွားလိုသူတွေအတွက် Budget Package နဲ့
2️⃣ လေယာဥ်နဲ့ သွားလိုသူတွေအတွက် Premium Package ဆိုပြီး ရွေးချယ်လို့ရတဲ့အပြင် …

Package (၂) မျိုးလုံးမှာ …
▪️ စာရွက်စာတမ်း အစအဆုံး ပြင်ဆင်ပေးခြင်း
▪️ အသွား/အပြန် ကားလက်မှတ် (သို့) လေယာဉ်လက်မှတ်
▪️ နယ်စပ် အကြို/အပို့ ဝန်ဆောင်မှု
▪️ သက်တောင့်သက်သာရှိမည့် Hotel
▪️ Embassy Service နှင့်
▪️ TDAC ဖြည့်ပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေအားလုံး ပါဝင်မှာဖြစ်ပါတယ်။

လာအိုမှာ လွယ်ကူစွာနဲ့ TR Visa လျှောက်ထားဖို့အတွက် အခုပဲ ရွှေမိတ်ကို ဆက်သွယ်လိုက်ပါ‌နော် … 🤗💛

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ်

ထိုင်းနိုင်ငံမှာ Non-B, Non-O, Non-LA, ED, DTV Visa စတဲ့ ဗီဇာအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မိတ်ဆွေတိုင်းအတွက် ရက် (၉၀) သ...
25/01/2026

ထိုင်းနိုင်ငံမှာ Non-B, Non-O, Non-LA, ED, DTV Visa စတဲ့ ဗီဇာအမျိုးမျိုးနဲ့ နေထိုင်နေကြတဲ့ မိတ်ဆွေတိုင်းအတွက် ရက် (၉၀) သတင်းပို့ခြင်း (90-Day Report) က အရမ်းအရေးကြီးပါတယ်။

မေ့လျော့ပြီး ပျက်ကွက်မိရင် ဒဏ်ငွေအပြင် နောက်ပိုင်း ဗီဇာကိစ္စတွေမှာပါ အမည်းစက် ဖြစ်သွားနိုင်လို့ပါပဲ။ ❗

90-Day Report မတင်ရင်/ နောက်ကျရင် ဘာတွေဖြစ်မလဲ ❓

⚠️ ဒဏ်ငွေ ဘတ် ၂,၀၀၀ ကနေ ၅,၀၀၀ အထိ ပေးဆောင်ရနိုင်ပြီး
⚠️ နိုင်ငံအဝင်အထွက် လုပ်တဲ့အခါ လူဝင်မှုကြီးကြပ်ရေးမှာ အစစ်ဆေး တင်းကျပ်ခံရမယ့်အပြင်
⚠️ အဆိုးဆုံးကတော့ နေရပ်ပြန်ပို့ခံရတဲ့အထိ ဖြစ်နိုင်ပါတယ်။

💡90-Day Report တင်တဲ့အခါ …
♦️ ပထမဆုံးအကြိမ်ဆိုရင်တော့ Online က တင်လို့မရဘဲ နိုင်ငံထဲမှာ နေထိုင်ချိန် ရက် (၉၀) မပြည့်မီ သက်ဆိုင်ရာ Immigration ကို လူကိုယ်တိုင် သွားတင်ရပါမယ်။
♦️ ဒုတိယအကြိမ်ကစပြီး Online ကနေ တင်နိုင်ပါပြီ။ သက်တမ်းမကုန်ခင် ၁၅ ရက် ကြိုတင်လို့ရပါတယ်။
♦️ Immigration ကပေးတဲ့ စာရွက်လေးကိုတော့ Passport နဲ့အတူ အမြဲသိမ်းထားဖို့ လိုပါတယ်။

90-Day Report ကိုယ်တိုင်တင်ဖို့အတွက် အချိန်မရှိရင် ရွှေမိတ်ကိုသာ လွှဲထားလိုက်ပါ။ လူကြီးမင်းတို့ စိတ်အေးလက်အေးဖြစ်အောင် တာဝန်ယူ ဆောင်ရွက်ပေးပါ့မယ်နော် … 💛

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ်

🏷️ “အထူးလျှော့စျေး” နဲ့ VIP Pass Service ရယူလိုက်ပါ။ ထိုင်းနိုင်ငံ အဝင်လေဆိပ်မှာ နာရီနဲ့ချီပြီး တန်းစီရတာ ... 😓 စာရွက်စာ...
11/01/2026

🏷️ “အထူးလျှော့စျေး” နဲ့ VIP Pass Service ရယူလိုက်ပါ။

ထိုင်းနိုင်ငံ အဝင်လေဆိပ်မှာ နာရီနဲ့ချီပြီး တန်းစီရတာ ... 😓
စာရွက်စာတမ်း အစုံပြနိုင်ရင်တောင် ဖြေဖို့ခက်တဲ့ မေးခွန်းတွေ အမေးခံရတာ ...
ဝင်ခွင့်ရဖို့ စိုးရိမ်ပူပန်နေရတာ …
ပြန်လွှတ်ခံရတာ … စတဲ့ အခြေအနေတွေကို ကျော်လွှားဖို့အတွက် ရွှေမိတ်က ကူညီပေးပါရစေ …

VIP Pass Service ရယူပြီးတဲ့အခါ …
❌ တန်းစီပြီး စောင့်ဆိုင်းစရာမလို
❌ ဖြေဖို့ခက်တဲ့ မေးခွန်းတွေ ဖြေစရာမလိုဘဲ
ခရီးစဉ်အစမှာကတည်းက စိတ်အေးချမ်းသာမှု ရရှိစေမှာ ဖြစ်ပါတယ်။ ✨

🗓️ ဖေဖော်ဝါရီလကုန်အထိ အထူးလျှော့စျေးလည်း ရှိဦးမှာမလို့ အခုတည်းက ကြိုတင်အပ်နှံထားကြဖို့ တိုက်တွန်းပါရစေနော် …

ရွှေမိတ်ရဲ့ လမ်းညွှန်မှုအတိုင်းသာ တိတိကျကျ ဆောင်ရွက်ပေးပါ … ပူပန်စရာမလိုတဲ့ နေ့ရက်တွေဆီကို ရောက်ရှိလာမှာ သေချာပါတယ် … 🤝

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #လေဆိပ်အဝင်

ရွှေမိတ်က ဝန်ဆောင်မှုတွေ မယူရင်တောင် ... သိလိုသမျှကို အာမနာတမ်း မေးမြန်းနိုင်ပါတယ် 💡ဗီဇာကိစ္စတွေ၊ ထိုင်းနိုင်ငံရဲ့ နေထို...
09/01/2026

ရွှေမိတ်က ဝန်ဆောင်မှုတွေ မယူရင်တောင် ... သိလိုသမျှကို အာမနာတမ်း မေးမြန်းနိုင်ပါတယ် 💡

ဗီဇာကိစ္စတွေ၊ ထိုင်းနိုင်ငံရဲ့ နေထိုင်မှု စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး လူကြီးမင်းတို့ သိလိုသမျှကို ရွှေမိတ်မှာ အခမဲ့ လာရောက်တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ခင်ဗျာ …

ကျွန်တော်တို့ဆီမှာ ဝန်ဆောင်မှု ယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ... မိတ်ဆွေတစ်ယောက်လိုပဲ နွေးထွေးဖော်ရွေစွာနဲ့ အကောင်းဆုံး လမ်းညွှန်ပေးဖို့ အမြဲအသင့်ရှိနေမှာပါ။

မသိတာရှိရင် မေးဖို့ ဝန်မလေးပါနဲ့ … 🙅
ရွှေမိတ်က လူကြီးမင်းတို့အတွက် အမြဲရှိနေပေးမှာပါ 💛

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #အခမဲ့ #မေးပါ

ခရီးလမ်းရဲ့ ပထမဆုံးခြေလှမ်းမှာ ရွှေမိတ်ကို ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပ...
07/01/2026

ခရီးလမ်းရဲ့ ပထမဆုံးခြေလှမ်းမှာ ရွှေမိတ်ကို ယုံကြည်စွာ အပ်နှံခဲ့ကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🙏✨

ထိုင်းနိုင်ငံကို လာရောက်ကြတဲ့အခါ လေဆိပ်မှာ တန်းစီစောင့်ရမှာ၊ မေးခွန်းတွေ အမေးခံရမှာကို စိုးရိမ်မနေရဘဲ စိတ်အေးလက်အေး ဝင်ရောက်နိုင်ဖို့ ကျွန်တော်တို့ ရွှေမိတ်အဖွဲ့သားတွေ အကောင်းဆုံး ကူညီပေးခဲ့ပါတယ်။

လူကြီးမင်းတို့ရဲ့ "အဆင်ပြေပြေနဲ့ မြန်မြန်ဆန်ဆန် ဝင်ခဲ့ရတယ်" ဆိုတဲ့ စကားသံလေးတွေဟာ ရွှေမိတ်အတွက်တော့ အားအင်တွေပါပဲ။ 💛

လေယာဉ်စီးရတာ ပင်ပန်းလာသမျှ လေဆိပ်မှာ ထပ်ပြီး စိတ်မပင်ပန်းရလေအောင်... နောက်ထပ် လာရောက်မယ့် မိတ်ဆွေတွေကိုလည်း ရွှေမိတ်မှာ VIP Pass Service ရယူဖို့ နွေးထွေးစွာ ဖိတ်ခေါ်ပါရစေ။ 🤗

📞 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ် #လေဆိပ်အဝင်

ဘယ်ကိုပဲသွားသွား... လေယာဥ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ ကားလက်မှတ်၊ ရထားလက်မှတ်လိုရင် ရွှေမိတ်ကို သတိရလိုက်ပါ။ ✨မြန်မာပြည်ကနေ ထ...
22/12/2025

ဘယ်ကိုပဲသွားသွား...
လေယာဥ်လက်မှတ်၊ ဟိုတယ်ဘိုကင်၊ ကားလက်မှတ်၊ ရထားလက်မှတ်လိုရင် ရွှေမိတ်ကို သတိရလိုက်ပါ။ ✨

မြန်မာပြည်ကနေ ထိုင်းကို လာမလား ❓
ထိုင်းနိုင်ငံအနှံ့ တောင်ပေါ်မြေပြန့် လျှောက်လည်မလား ❓

လိုအပ်တဲ့ …
✈️ လေယာဥ်လက်မှတ်
🏨 ငွေကြိုချေစရာမလိုတဲ့ ဟိုတယ်ဘိုကင်
🛋️ အမှန်တကယ် ရက်ရှည်နေထိုင်ဖို့အတွက် နေရာကောင်းက ဟိုတယ်ဘိုကင်
🚆 ထိုင်းနိုင်ငံအနှံ့ ကားလက်မှတ်၊ ရထားလက်မှတ်တွေကို ရွှေမိတ်တစ်နေရာတည်းမှာ အပြည့်အဝတာဝန်ယူဆောင်ရွက်ပေးမှာနော် …

လမ်းခရီးမှာ စိတ်မပူရဘဲ ပျော်ရွှင်စရာ ခရီးစဉ်လေးဖြစ်ဖို့ ရွှေမိတ်က အမြဲအသင့်ရှိနေပါတယ်။

📩 အသေးစိတ်ကို Messenger ကနေ အခုပဲ မေးမြန်းနိုင်ပါပြီခင်ဗျာ … 💛

📞 ဖုန်းနံပါတ်: 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ်

ထိုင်းမှာနေရင်း ဗီဇာရက်ကုန်ခါနီးတိုင်း  "ဟူး... နိုင်ငံပြင်ပပြန်ထွက်ရဦးမှာလား" 😓 "Immigration ကို ခဏခဏသွားရဦးမှာလား" ဆိ...
21/12/2025

ထိုင်းမှာနေရင်း ဗီဇာရက်ကုန်ခါနီးတိုင်း "ဟူး... နိုင်ငံပြင်ပပြန်ထွက်ရဦးမှာလား" 😓
"Immigration ကို ခဏခဏသွားရဦးမှာလား" ဆိုပြီး စိတ်ညစ်နေရပြီလား❓

ဒီလို စိုးရိမ်မှုတွေ လုံးဝမရှိရအောင် Shwe Mate က ကူညီပါရစေ။ 🤝

✔️ နိုင်ငံပြင်ပထွက်စရာမလိုဘဲ ထိုင်းနိုင်ငံထဲမှာဘဲ Visa Run နိုင်မယ်။
✔️ (3+12) ဗီဇာ သုံးလအရင်ရပြီးနောက် တစ်နှစ်တုံးတစ်ခါတည်းရမယ်။
✔️ Immigration ကို ခဏခဏသွားစရာမလိုတာကြောင့် စိတ်ရောလူပါ မပင်ပန်းဘဲ ED Visa နဲ့ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

ရွှေမိတ်မှာ အပ်လိုက်ပြီဆိုတာနဲ့ …
▪️ စာရွက်စာတမ်းကိစ္စတွေ လုံးဝ စိတ်ပူစရာမလို
▪️ ဗီဇာရရှိမှု ရာနှုန်းပြည့်သေချာပြီး
▪️ ဗီဇာလုပ်ငန်းစဥ် အစ၊ အဆုံး တာဝန်ယူမှုအပြည့်နဲ့လုပ်ဆောင်ပေးမှာမို့ စိတ်အေးချမ်းသာရစေမှာပါ။

ရွှေမိတ် ဆိုတဲ့အတိုင်း မိတ်ဆွေတို့ရဲ့ ယုံကြည်မှုကို တန်ဖိုးအထားဆုံးမို့ စိတ်ချစွာနဲ့ အပ်နှံနိုင်ပါတယ်ခင်ဗျာ … 💛

📞 ဖုန်းနံပါတ်: 08 257 257 57

#ထိုင်းဗီဇာ #ဗီဇာ #‌ရွှေမိတ်

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Mateผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แนะนำ

  • ThailandBiking

    ThailandBiking

    884/20 Rama III Road, Soi 34/3, Bang Phongpang, Yan Nawa

แชร์