Shwe Ooe Lay BKK Travel ,Tour & Room Service

Shwe Ooe Lay BKK Travel ,Tour & Room Service Shwe Ooe Lay Bangkok Tour ( Guest House , Car rental and Tour Guide )

ဘန်ကောက်ခရီးစဉ်အတွက် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတစ်ခုကို ရှာဖွေနေပါသလား?ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်အပတ်၊ ဆေးကုသ...
18/08/2026

ဘန်ကောက်ခရီးစဉ်အတွက် ပြီးပြည့်စုံတဲ့ဝန်ဆောင်မှုတစ်ခုကို ရှာဖွေနေပါသလား?

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်အပတ်၊ ဆေးကုသမှု သို့မဟုတ် စီးပွားရေးကိစ္စများဖြင့် လာရောက်မည့် ဧည့်သည်တော်များအတွက် ခရီးသွားအစီအစဉ်မှစ၍ သက်တောင့်သက်သာ တည်းခိုနေထိုင်ရေးအထိ One-Stop Service ပေးနေသော SHWE OOE LAY မှ နွေးထွေးစွာ ကြိုဆိုပါသည်။

🧳 သင်ဘာတွေလိုအပ်နေလဲ?
• လည်ပတ်ဖို့အတွက် စိတ်ချရတဲ့ Tour ရှာနေတာလား?
• သန့်သန့်ရှင်းရှင်းနဲ့ စိတ်ချရတဲ့ တည်းခိုခန်းလား?
• မြို့လည်ခေါင် ပတိုနမ်းက Room Services လား?

🤩 ကဲ... ဒီအားလုံးအတွက် တစ်နေရာတည်းမှာ အစုံအလင်ရရှိနိုင်မယ့် SHWE OOE LAY က သင့်ကို စောင့်ကြိုနေပါတယ်။

"ခရီးသွားခြင်းဟာ ပင်ပန်းဖို့မဟုတ်ဘဲ ပျော်ရွှင်ဖို့ဖြစ်ရမယ်" ဆိုတဲ့အတိုင်း Shwe Ooe Lay နဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ။ 📸✨

📞 အသေးစိတ်စုံစမ်းရန်
Page Messenger: [https://business.facebook.com/latest/inbox/all/...]
Phone: 0944313851 (Thai), 0858002778 (Thai), 0827437315 (Thai)
Viber: +66944313851, +66858002778, +660827437315

#ရွှေအိုးလေး #ခရီးစဉ်

ထိုင်းကို အလည်လာတဲ့အခါ ဈေးဝယ်ထွက်တာတစ်ခုတည်းနဲ့ မပြီးဘဲ စိတ်အပန်းပြေပြီး အမှတ်တရကျန်မယ့် ဘုရားဖူးခရီးစဉ်တွေ သွားချင်သူတွ...
17/08/2026

ထိုင်းကို အလည်လာတဲ့အခါ ဈေးဝယ်ထွက်တာတစ်ခုတည်းနဲ့ မပြီးဘဲ စိတ်အပန်းပြေပြီး အမှတ်တရကျန်မယ့် ဘုရားဖူးခရီးစဉ်တွေ သွားချင်သူတွေအတွက် သိထားသင့်တဲ့ အချက်လေးတွေကို Share ပေးလိုက်ပါတယ်။

1️⃣Wat Arun (ဘန်ကောက်)
မြို့ထဲမှာတင်ရှိပြီး သွားရလွယ်ပါတယ်။ ထိုင်းဝတ်စုံငှားဝတ်ပြီး ဓာတ်ပုံရိုက်ချင်သူတွေအတွက် မနက်စောစော ဒါမှမဟုတ် ညနေစောင်း နေအေးချိန်သွားတာ အကောင်းဆုံးပါ။ နေ့လယ်ဘက်ဆိုရင်တော့ နေပူရှိန်ပြင်းနိုင်ပါတယ်။

2️⃣Khao Chi Chan (ပတ္တယား)
ဘန်ကောက်ကနေ ကားနဲ့ ၂ နာရီခွဲလောက် မောင်းရပါတယ်။ ပတ္တယားကမ်းခြေဘက်ဆင်းရင်း ကြားဖြတ်ဝင်လည်လို့ အရမ်းအဆင်ပြေတဲ့ နေရာဖြစ်ပြီး ကွင်းပြင်ကြီးဖြစ်တာကြောင့် ထီးနဲ့ ဦးထုပ် ယူသွားဖို့ လိုပါမယ်။

3️⃣Wat Tham Suea (ကန်ချနဘူရီ)
တောင်ပေါ်ကနေ စိမ်းစိုနေတဲ့ လယ်ကွင်းရှုခင်းကြီးကို အပေါ်စီးကနေ မြင်ရတဲ့နေရာပါ။ တောင်ပေါ်တက်ဖို့ လှေကားအပြင် Cable car လည်း ရှိတာကြောင့် လူကြီးမိဘတွေပါရင်လည်း အဆင်ပြေပြေ တက်ရောက်ဖူးမြော်နိုင်ပါတယ်။

4️⃣Luang Pho U Thong (ဆူဖန်ဘူရီ)
ကျောက်တောင်နံရံထွင်း ဘုရားကြီးဖြစ်ပြီး လူသိပ်မရှုပ်ဘဲ တိတ်ဆိတ်အေးချမ်းပါတယ်။ ဓာတ်ပုံရိုက်ရင်လည်း သဘာဝကျောက်တောင်ကြီးနဲ့ ပုံထွက်လှသလို ရှုခင်းအေးအေးလူလူ ကြိုက်သူတွေ သဘောကျမယ့် နေရာပါ။

ဒီနေရာတွေက မြို့နယ်မတူတဲ့အတွက် ကိုယ်သွားချင်တဲ့ နေရာပေါ်မူတည်ပြီး Day Trip ဒါမှမဟုတ် ၁ ညအိပ် ၂ ရက် ခရီးစဉ်အဖြစ် စိတ်ကြိုက် Plan ဆွဲပြီး သွားလို့ရပါတယ်။

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးထွက်ဖို့ စဉ်းစားနေပြီဆိုရင် အခုပဲ ကျွန်တော်တို့ဆီကို စုံစမ်းမေးမြန်းလိုက်ပါခင်ဗျာ။ 📥✨
👉အ​သေးစိတ်သိချင်ရင်​တော့
Messanger ကနေ လာရောက်မေးမြန်းနိုင်သလို Phone -0944313851(Thai), 0858002778(Thai)
Viber-+660827437315, +66944313851, +66858002778 ကနေလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။ #လေဆာဘုရား #ကျားဂူ

Rayong ရဲ့ အလှအပကို Shwe Ooe Lay နဲ့အတူ ခံစားကြည့်ရအောင်"ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေတွေထဲမှာမှ Bangkok နဲ့ မလှမ်း...
16/08/2026

Rayong ရဲ့ အလှအပကို Shwe Ooe Lay နဲ့အတူ ခံစားကြည့်ရအောင်

"ထိုင်းနိုင်ငံရဲ့ နာမည်ကြီး ကမ်းခြေတွေထဲမှာမှ Bangkok နဲ့ မလှမ်းမကမ်းမှာရှိပြီး အေးအေးချမ်းချမ်းနဲ့ သဘာဝအလှကို အပြည့်အဝ ခံစားလို့ရမယ့် Rayong (ရာယောင်း) ကမ်းခြေ... 🏖️✨

လူစည်ကားတဲ့ နေရာတွေနဲ့ ခပ်ဝေးဝေးမှာ သီးသန့်ဆန်ဆန် အပန်းဖြေချင်သူတွေအတွက် Rayong ဟာ တကယ့်ကို Paradise တစ်ခုပါပဲ။ ဖြူလွလွ သဲသောင်ပြင်၊ ကြည်လင်တဲ့ ရေပြာပြာနဲ့ လတ်ဆတ်တဲ့ ပင်လယ်စာတွေက သင့်ကို စောင့်ကြိုနေမှာပါ။ 🦀🦐

Rayong ရောက်ရင် ဘာတွေလုပ်မလဲ?
• ✅ Mae Ramphueng Beach မှာ လမ်းလျှောက်ရင်း နေဝင်ဆည်းဆာ ကြည့်မယ်။
• ✅ Koh Samet (စမက်ကျွန်း) ကို ကူးတို့လှေလေးနဲ့ သွားလည်မယ်။
• ✅ နာမည်ကြီး ပင်လယ်စာ စားသောက်ဆိုင်တွေမှာ ဗိုက်ကားအောင် စားမယ်။

စိတ်ဖိစီးမှုတွေကို အဝေးမှာ ထားခဲ့ပြီး Rayong ရဲ့ ပင်လယ်လေကို ရှူရှိုက်ဖို့အတွက် Shwe Ooe Lay Travel and Tour က ခရီးစဉ်တွေကို စနစ်တကျ စီစဉ်ပေးနေပါပြီ။ 🚌💼

မိသားစုနဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ခရီးထွက်ဖို့ စဉ်းစားနေပြီဆိုရင် အခုပဲ ကျွန်တော်တို့ဆီကို စုံစမ်းမေးမြန်းလိုက်ပါခင်ဗျာ။ 📥✨

👉အ​သေးစိတ်သိချင်ရင်​တော့
Messanger ကနေ လာရောက်မေးမြန်းနိုင်သလို Phone -0944313851(Thai), 0858002778(Thai)
Viber-+66944313851, +66858002778 ကနေလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။
ှာခရီးသွားဖို့ ကိုသတိရစို့။

"

ထိုင်းနိုင်ငံရဲ့ နယူးဇီလန်ကို အလည်သွားမယ့် ဘန်ကောက်-ဆာရာဘူရီ နေ့ချင်းပြန်ခရီးစဉ် 🌿🐑ပိတ်ရက်မှာ ဘန်ကောက်ကနေ ခဏလောက်ရုန်းထွ...
14/08/2026

ထိုင်းနိုင်ငံရဲ့ နယူးဇီလန်ကို အလည်သွားမယ့် ဘန်ကောက်-ဆာရာဘူရီ နေ့ချင်းပြန်ခရီးစဉ် 🌿🐑

ပိတ်ရက်မှာ ဘန်ကောက်ကနေ ခဏလောက်ရုန်းထွက်ပြီး သဘာဝအလှအပတွေ ခံစားချင်သူတွေအတွက် အရမ်းတန်တဲ့ လမ်းကြောင်းလေးတစ်ခုကို မျှဝေပေးလိုက်ပါတယ်။ တစ်ရက်တည်းနဲ့ နေရာ (၄) မျိုး ကို မပင်မပန်းဘဲ အပြည့်အဝခံစားနိုင်မယ့် ခရီးစဉ်လေးပါနော်။ 👇

🙏🏻 ၁။ Wat Phra Phutthabat (ဗုဒ္ဓခြေတော်ရာဘုရား)
မနက်ပိုင်းကို စိတ်အေးချမ်းသွားအောင် သမိုင်းဝင် ဗုဒ္ဓခြေတော်ရာကို အရင်ဆုံး ဖူးမြော်ပါမယ်။ ဘုရားဝင်းရဲ့ ဗိသုကာလက်ရာတွေက အရမ်းခမ်းနားလို့ ဓာတ်ပုံရိုက်လို့လည်း လှပါတယ်။
(ဝင်ကြေး - အခမဲ့)

💦 ၂။ Chet Sao Noi National Park (ရေတံခွန်)
နေ့လည်ဘက်မှာတော့ အဆင့် (၇) ဆင့်ရှိတဲ့ ရေတံခွန်မှာ သဘာဝလေကောင်းလေသန့်ရှူရင်း အေးအေးဆေးဆေး အနားယူပါမယ်။ သစ်ပင်အုပ်တွေကြားထဲ လမ်းလျှောက်ရင်း စိတ်အပန်းဖြေဖို့ သိပ်ကောင်းတဲ့ နေရာလေးပါ။
(ဝင်ကြေး - ၁၀၀ ဘတ်)

🌊 ၃။ Muak Lek Dam (ဆည်)
ညနေစောင်းလေးမှာ ဆည်ဘောင်ပေါ်မှာ လေညင်းခံရင်း တောင်တန်းတွေနဲ့ ရေပြင်ကျယ်ကြီးရဲ့ အလှကို ခံစားပါမယ်။ ကားနဲ့ ဖြည်းဖြည်းချင်း မောင်းရင်း ရှုခင်းကြည့်ဖို့ အကောင်းဆုံးပါပဲ။
(ဝင်ကြေး - အခမဲ့)

🐑 ၄။ New Zealand of Thailand (ထိုင်းနိုင်ငံရဲ့ နယူးဇီလန်)
ဒီခရီးစဉ်ရဲ့ Highlight လို့ပြောလို့ရပါတယ်။ မျက်စိတစ်ဆုံး ကျယ်ပြန့်တဲ့ မြက်ခင်းစိမ်းစိမ်းကြီးတွေ၊ ရေပြင်ကျယ်ကြီးနဲ့အတူ သိုးလေးတွေကို အစာကျွေးရင်း နေဝင်ချိန် (Sunset) အလှကို ခံစားပါမယ်။ တကယ့် နယူးဇီလန်နိုင်ငံကို ရောက်သွားသလို ခံစားရမှာ အသေအချာပါပဲ။
(ဝင်ကြေး - အခမဲ့ ၊ သိုးစာ - ၂၀ ဘတ်)

✨ ဒီခရီးစဉ်လေးရဲ့ အားသာချက်က ဘာလဲ?
နေရာတစ်ခုနဲ့ တစ်ခု သိပ်မဝေးတဲ့အတွက် ကားမောင်းရတဲ့အချိန် သက်သာပြီး လမ်းကြောင်းဆက်တိုက် သွားလို့ရပါတယ်။ မနက် ၈ နာရီလောက်ထွက်ပြီး ည ၈ နာရီဝန်းကျင်လောက်ဆို ဘန်ကောက်ကို အေးအေးဆေးဆေး ပြန်ရောက်ပါပြီ။

"ခရီးသွားခြင်းဟာ ပင်ပန်းဖို့မဟုတ်ဘဲ ပျော်ရွှင်ဖို့ဖြစ်ရမယ်" ဆိုတဲ့အတိုင်း Shwe Ooe Lay နဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ။ 📸✨
✅ ကားဆရာ၊ ဆီဖိုး နှင့် အမြန်လမ်းကြေး အားလုံး ပါဝင်ပြီးသားမို့ ထပ်စိုက်စရာ မလိုတော့ဘူး။
✅ကားအသုံးပြုချိန် မြို့တွင်း (၁၀) နာရီ၊ မြို့ပြင် (၁၂) နာရီအထိ ရတာမို့ အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်။
✅ ယုံကြည်စိတ်ချရမှု: တစ်ယောက်တည်းဖြစ်ဖြစ်၊ မိသားစု/သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဘန်ကောက်တွင်း/ပြင် ခရီးစဉ်တွေအတွက် ရွှေအိုးလေးကို ယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ်။
📞 အသေးစိတ်စုံစမ်းရန်
Page Messenger: [https://business.facebook.com/latest/inbox/all/...]
Phone: 0944313851 (Thai), 0858002778 (Thai), 0827437315 (Thai)
Viber: +66944313851, +66858002778

မိုးရာသီရဲ့ အလှဆုံး မြူတွေကြားထဲ ခေါက်ရိုင် (Khao Yai) ကို Private ကားလေးနဲ့ အလည်သွားကြမယ် 🌧️⛰️မိုးဖွဲဖွဲလေးတွေရွာပြီး တ...
11/08/2026

မိုးရာသီရဲ့ အလှဆုံး မြူတွေကြားထဲ ခေါက်ရိုင် (Khao Yai) ကို Private ကားလေးနဲ့ အလည်သွားကြမယ် 🌧️⛰️

မိုးဖွဲဖွဲလေးတွေရွာပြီး တောင်တန်းတစ်ခုလုံး စိမ်းစိုပြီး မြူနှင်းတွေ ဝေမှိုင်းနေမယ့် အချိန်မှာ သဘာဝတရားရဲ့ အေးချမ်းမှုကို အပြည့်အဝခံစားဖို့ ခေါက်ရိုင်ထက် ကောင်းတဲ့နေရာ မရှိပါဘူး။

မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းအဖွဲ့လိုက်ပဲဖြစ်ဖြစ် ကိုယ်ပိုင်ကားသီးသန့်လေးနဲ့ စိတ်ကြိုက်လွတ်လပ်စွာ လည်ပတ်နိုင်ဖို့ Shwe Ooe Lay BKK Travel & Tour ကနေ အဆင်သင့်ရှိနေပါပြီနော်။ 😉

🗺️ (၁) ရက်တာ မိုးရာသီခေါက်ရိုင် ခရီးစဉ် (၅) နေရာ

1.Buddha Sakolsima Mongkhon – တောင်ပေါ်က ကြီးကျယ်ခမ်းနားလှတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးထံ သွားရောက်ဖူးမြော်ရင်း မိုးရာသီတောင်တန်းအလှကို အပေါ်စီးကနေ ခံစားမယ်။

2.Primo Piazza – အီတလီကျေးလက်စတိုင် ဥရောပဗိသုကာလက်ရာတွေကြား လမ်းလျှောက်ရင်း အယ်လ်ပါကာ (Alpaca) လေးတွေကို အစာကျွေးမယ်။

3.Toscana Valley – အီတလီနိုင်ငံကို ရောက်သွားသလို ခံစားရစေမယ့် ခေါက်ရိုင်ရဲ့ အထင်ကရ ရင်သပ်ရှုမောဖွယ် အလှဆုံး နေရာကြီး။.

4.Hokkaido Flower Park – မိုးရေစက်လေးတွေနဲ့အတူ လန်းဆန်းပြီး အရောင်အသွေးစုံလင်စွာ ပွင့်လန်းနေတဲ့ ပန်းခင်းကြီးထဲမှာ ဂျပန်စတိုင် ဓာတ်ပုံလှလှလေးတွေ ရိုက်မယ်။

5.BUCOLIC Khaoyai – မိုးအေးအေးလေးမှာ တောင်တန်းတွေကို ငေးမောရင်း၊ သဘာဝတရားနဲ့အတူ ကော်ဖီပူပူလေး သောက်လို့အကောင်းဆုံး Aesthetic ဖြစ်တဲ့ Café ဆန်းဆန်းလေး။

💰 ကားငှားရမ်းခ ဈေးနှုန်းများ
🚗 (၄) ယောက်စီး — ၄,၃၀၀ ဘတ်
🚐 (၇) ယောက်စီး — ၄,၅၀၀ ဘတ်
🚌 (၁၁) ယောက်စီး — ၄,၉၀၀ ဘတ်

(ကားသုံးချိန်မှာ (၁၂) နာရီအထိ ရရှိမှာဖြစ်ပြီး မြန်မာစကားပြော ကားဆရာနှင့်အတူ ကိုယ်သွားချင်တဲ့နေရာတွေကို လွတ်လပ်စွာ ညှိနှိုင်းတိုင်ပင်ပြီး သွားနိုင်ပါတယ် ခင်ဗျာ။)

လာကြိုရမည့် နေရာဒေသ တည်နေရာ အနေအထားပေါ်မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲ အနည်းငယ် ရှိနိုင်ပါသည်။

မိုးစက်တွေအောက်မှာ စိမ်းလန်းစိုပြေနေတဲ့ တောင်တန်းတွေနဲ့ မြူခိုးတွေရဲ့ အလှကို ခံစားဖို့ အခုပဲ Shwe Ooe Lay ရဲ့ Chat Box မှာ ခရီးစဉ် ရက်ရွေးပြီး Booking လှမ်းတင်လိုက်တော့နော်... 📩✨

👉အ​သေးစိတ်သိချင်ရင်​တော့
Page Messanger ကနေ လာရောက်မေးမြန်းနိုင်သလို Phone -0944313851(Thai), 0858002778(Thai)
Viber-+66944313851, +66858002778 ကနေလည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။

#ခေါက်ရိုင်

ပိတ်ရက်မှာ မိသားစုနဲ့အတူ အပန်းဖြေဖို့ ဘန်ကောက်ကနေ သိပ်မဝေးဘဲ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု ရှာနေတယ်ဆိုရင်တေ...
10/08/2026

ပိတ်ရက်မှာ မိသားစုနဲ့အတူ အပန်းဖြေဖို့ ဘန်ကောက်ကနေ သိပ်မဝေးဘဲ သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ နေရာလေးတစ်ခု ရှာနေတယ်ဆိုရင်တော့ 🌿☁️

Nakhon Nayok က Sai Thong Reservoir (အ่างเก็บน้ำทรายทอง) လေးကို ရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။

ကားမောင်းသွားရင် ၂ နာရီ ဝန်းကျင်လောက်ပဲ ကြာတာမို့ ကလေးတွေ၊ လူကြီးတွေ ခရီးပန်းတာမျိုး မဖြစ်ဘဲ သက်တောင့်သက်သာ သွားနိုင်တဲ့ နေရာလေးပါ။ ကားလမ်းလည်းကောင်းသလို အချိန်အများကြီး မပေးရဘဲ မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ အမြန်ဆုံး ရုန်းထွက်နိုင်တာက ဒီနေရာလေးရဲ့ အကြီးမားဆုံး အားသာချက်ပါပဲ။

ဒီရေလှောင်တမံလေးက ဆူဆူညံညံ လူထူထပ်တဲ့ နေရာမျိုးမဟုတ်ဘဲ တိတ်ဆိတ်ငြိမ်သက်နေလို့ မိသားစုလိုက် လွတ်လွတ်လပ်လပ် အနားယူဖို့ အရမ်းကောင်းပါတယ်။ စိမ်းလန်းပြီး ကျယ်ဝန်းတဲ့ မြက်ခင်းပြင်ကြီးတွေ ရှိလို့ ကလေးတွေ စိတ်ကြိုက် ပြေးလွှားဆော့ကစားနိုင်သလို၊ လူကြီးတွေလည်း သဘာဝရှုခင်းကို ငေးကြည့်ရင်း လေကောင်းလေသန့်ရှူဖို့ အဆင်ပြေပါတယ်။

ရေကျချိန်ဆိုရင် ပေါ်လာတတ်တဲ့ ရေစပ်နားက မြက်ခင်းစိမ်းစိမ်းလေးတွေပေါ်မှာ ဖျာလေးခင်း၊ အိမ်က ပါလာတဲ့ မုန့်တွေ ထမင်းဟင်းတွေ စားရင်း မိသားစု Picnic လေး လုပ်ရတာက တကယ့်ကို နွေးထွေးစရာကောင်းတဲ့ အချိန်လေးတစ်ခု ဖြစ်စေမှာပါ။ ကလေးတွေနဲ့အတူ စွန်လွှတ်တာ၊ ရေစပ်နားမှာ ဓာတ်ပုံလှလှလေးတွေ ရိုက်တာမျိုးတွေလည်း လုပ်လို့ရပါသေးတယ်။

ဒီအပတ် ပိတ်ရက်မှာတော့ အဝေးကြီးတွေသွားဖို့ ခေါင်းရှုပ်မခံဘဲ မိသားစုနဲ့အတူ အေးချမ်းတဲ့ အမှတ်တရလေးတွေ ဖန်တီးဖို့ Sai Thong Reservoir ဆီကို အလည်တစ်ခေါက် သွားလိုက်ကြရအောင်။

📍 တည်နေရာ: Sai Thong Reservoir (อ่างเก็บน้ำทรายทอง), Khao Phra, Mueang Nakhon Nayok District, Nakhon Nayok

"ခရီးသွားခြင်းဟာ ပင်ပန်းဖို့မဟုတ်ဘဲ ပျော်ရွှင်ဖို့ဖြစ်ရမယ်" ဆိုတဲ့အတိုင်း Shwe Ooe Lay နဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ။ 📸✨
✅ ကားဆရာ၊ ဆီဖိုး နှင့် အမြန်လမ်းကြေး အားလုံး ပါဝင်ပြီးသားမို့ ထပ်စိုက်စရာ မလိုတော့ဘူး။
✅ကားအသုံးပြုချိန် မြို့တွင်း (၁၀) နာရီ၊ မြို့ပြင် (၁၂) နာရီအထိ ရတာမို့ အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်။
✅ ယုံကြည်စိတ်ချရမှု: တစ်ယောက်တည်းဖြစ်ဖြစ်၊ မိသားစု/သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဘန်ကောက်တွင်း/ပြင် ခရီးစဉ်တွေအတွက် ရွှေအိုးလေးကို ယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ်။
📞 အသေးစိတ်စုံစမ်းရန်
Page Messenger: [https://business.facebook.com/latest/inbox/all/...]
Phone: 0944313851 (Thai), 0858002778 (Thai)
Viber: +66944313851, +66858002778

#မိသားစုခရီးစဉ် #သဘာဝအလှ #ဘန်ကောက်အနီးတဝိုက်

မင်္ဂလာနံနက်ခင်းလေးပါခင်ဗျအားလုံးပဲ မြူတွေဆိုင်းပြီး သပ္ပါယ်လှတဲ့ ငါးမျက်နှဘုရားဖူးမျှော်နိုင်ကြစေရန် တင်ပေးလိုက်ပါတယ်… ...
09/08/2026

မင်္ဂလာနံနက်ခင်းလေးပါခင်ဗျ
အားလုံးပဲ မြူတွေဆိုင်းပြီး သပ္ပါယ်လှတဲ့ ငါးမျက်နှဘုရားဖူးမျှော်နိုင်ကြစေရန် တင်ပေးလိုက်ပါတယ်…

#ရွှေအိုးလေး #ငါးမျက်နှာဘုရားခရီးစဉ်

09/08/2026

မင်္ဂလာနံနက်ခင်းလေးပါခင်ဗျ

ငါးမျက်နှာ ဘုရား မြူတွေဆိုင်းပြီး အရမ်းသပ္ပါယ်နေပါတယ်ခင်ဗျ။

Hua Hin ကို ခရီးထွက်မယ့် သူငယ်ချင်းတွေအတွက် အရမ်းမိုက်တဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း Share ပေးချင်ပါတယ်။ ✨ဆိုင်နာမည်ကတော့ ...
08/08/2026

Hua Hin ကို ခရီးထွက်မယ့် သူငယ်ချင်းတွေအတွက် အရမ်းမိုက်တဲ့ ဆိုင်လေးတစ်ဆိုင်အကြောင်း Share ပေးချင်ပါတယ်။ ✨

ဆိုင်နာမည်ကတော့ Chaplu Cafe & Restaurant ပါ။ Hua Hin ရောက်ရင် ဘာလို့ ဒီဆိုင်လေးကို မဖြစ်မနေ ဝင်သင့်တာလဲဆိုတော့ -
ပင်လယ်ကမ်းခြေမြို့လေးရဲ့ အေးချမ်းမှုနဲ့အတူ ဆိုင်ရဲ့ သဘာဝဆန်ဆန် အပြင်အဆင်လေးတွေက တကယ့်ကို စိတ်အပန်းပြေစေပါတယ်။ ချစ်ရတဲ့သူနဲ့ နှစ်ယောက်တည်း အေးအေးဆေးဆေး အချိန်ဖြုန်းဖို့ အရမ်းကောင်းတဲ့ နေရာလေးပါ။ ကော်ဖီမွှေးမွှေးလေးသောက်ရင်း Chill မလား၊ သူတို့ဆိုင်ရဲ့ သီးသန့် Signature ဟင်းပွဲတွေပဲ သုံးဆောင်မလား.. အကုန်လုံးက လျှာပေါ်မှာ အရသာစွဲကျန်ခဲ့လောက်အောင် ကောင်းပါတယ်။

ဓာတ်ပုံလှလှလေးတွေအတွက်: ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူတွေအတွက်လည်း ဆိုင်ရဲ့ ထောင့်တိုင်းက အလှဆင်ထားတာမို့ Memories လှလှလေးတွေရဖို့အာမခံတယ်နော်။

မြို့ပြရဲ့ မွန်းကျပ်မှုတွေကနေ ခဏတာ ရုန်းထွက်ပြီး Hua Hin ဘက်ကို သွားဖို့ စဉ်းစားနေရင် ဒီဆိုင်လေးကို Save သာ လုပ်ထားလိုက်တော့။
🚐 Shwe Ooe Lay (ရွှေအိုးလေး) နဲ့အတူ စိတ်အေးချမ်းသာစွာ သွားကြမယ်
"ခရီးသွားခြင်းဟာ ပင်ပန်းဖို့မဟုတ်ဘဲ ပျော်ရွှင်ဖို့ဖြစ်ရမယ်" ဆိုတဲ့အတိုင်း Shwe Ooe Lay နဲ့အတူ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ။ 📸✨
✅ ကားဆရာ၊ ဆီဖိုး နှင့် အမြန်လမ်းကြေး အားလုံး ပါဝင်ပြီးသားမို့ ထပ်စိုက်စရာ မလိုတော့ဘူး။
✅ကားအသုံးပြုချိန် မြို့တွင်း (၁၀) နာရီ၊ မြို့ပြင် (၁၂) နာရီအထိ ရတာမို့ အေးအေးဆေးဆေး လည်ပတ်နိုင်ပါတယ်။
✅ ယုံကြည်စိတ်ချရမှု: တစ်ယောက်တည်းဖြစ်ဖြစ်၊ မိသားစု/သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဘန်ကောက်တွင်း/ပြင် ခရီးစဉ်တွေအတွက် ရွှေအိုးလေးကို ယုံကြည်စွာ ဆက်သွယ်နိုင်ပါတယ်။
📞 အသေးစိတ်စုံစမ်းရန်
Page Messenger: [https://business.facebook.com/latest/inbox/all/...]
Phone: 0944313851 (Thai), 0858002778 (Thai)
Viber: +66944313851, +66858002778

06/08/2026

Hua Hin Beach

ที่อยู่

I House RCA ( RAMA9 ) 45Building (B) Laguna Garden Rama 9 Bangkapi, Huaykwang Bangkok
Bangkok
10310

เวลาทำการ

จันทร์ 07:00 - 23:00
อังคาร 07:00 - 23:00
พุธ 07:00 - 23:00
พฤหัสบดี 07:00 - 23:00
ศุกร์ 07:00 - 23:00
เสาร์ 07:00 - 23:00
อาทิตย์ 07:00 - 23:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Shwe Ooe Lay BKK Travel ,Tour & Room Serviceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Shwe Ooe Lay BKK Travel ,Tour & Room Service:

ทางลัด

แชร์