30/07/2025
🚨 ရုရှားနိုင်ငံ အရှေ့ဖျားမှာ အင်အား ရစ်ချ်တာစကေး ၈.၈ ရှိတဲ့ ငလျင်ကြီးတခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီလှိုင်းလုံးကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပစိဖိတ်သမုဒ္ဒရာတဝန်းလုံးမှာ သတိပေးချက်တွေ ထုတ်ပြန်ပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းခိုင်းထားပါတယ်။
🔔 ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးက မြို့တမြို့ကို ၃၀ စင်တီမီတာ (၁၂ လက်မ) မြင့်တဲ့ ပထမလှိုင်းတွေ ရိုက်ခတ်လာခဲ့ပြီး နောက်ဆက်တွဲလှိုင်းတွေဟာ ပိုကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
📣 ဂျပန်မိုးလေဝသအေဂျင်စီကလည်း သတိပေးချက်အဆင့်ကို မြှင့်တင်လိုက်ပြီး ၃ မီတာ (၁၀ ပေ) အထိ မြင့်တဲ့ ဆူနာမီရေလှိုင်းတွေဟာ ကမ်းရိုးတန်းဒေသတွေကို ရောက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။