26/10/2026
🇻🇳 ၅ နှစ်တိတိ ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ Work Permit မလိုတဲ့ ဗီယက်နမ်ရဲ့ Talent Visa မူကြမ်း
နိုင်ငံတကာက ထိပ်တန်းကျွမ်းကျင်ပညာရှင်တွေကို ဆွဲဆောင်ဖို့အတွက် ဗီယက်နမ်နိုင်ငံက မက်လောက်စရာ အခွင့်အရေးများစွာပါဝင်တဲ့ အစီအစဉ်အသစ်တစ်ခုကို အဆိုပြုတင်ပြထားပါတယ်။
ဗီယက်နမ် ပြည်ထဲရေးဝန်ကြီးဌာန (Ministry of Home Affairs) က အရည်အချင်းပြည့်မီတဲ့ နိုင်ငံခြားသားပညာရှင်တွေအတွက် “Vietnam Talent Visa” အမျိုးအစားသစ် ထုတ်ပေးနိုင်မယ့် မူကြမ်းတစ်ရပ်ကို လူထုသဘောထားမှတ်ချက် ရယူနိုင်ဖို့ ထုတ်ပြန်ထားပြီး၊ မကြာမီမှာ အမျိုးသားလွှတ်တော်သို့ အတည်ပြုချက်ရယူဖို့ ဆက်လက်တင်ပြသွားမှာ ဖြစ်ပါတယ်။
ပါဝင်လာမယ့် အဓိကအခွင့်အရေးများ ...
🔹 လစာနဲ့ ဘောနပ်စ်များအပေါ် ၅ နှစ်တိတိ တစ်ဦးချင်းဝင်ငွေခွန် (Personal Income Tax) ကင်းလွတ်ခွင့် ရရှိခြင်း
🔹 အလုပ်လုပ်ကိုင်ခွင့်ပါမစ် (Work Permit) မလိုအပ်ဘဲ လုပ်ငန်းအဖွဲ့အစည်း တစ်ခုထက်မကမှာ တစ်ပြိုင်နက်တည်း တရားဝင် တွဲဖက်လုပ်ကိုင်ခွင့်ရရှိခြင်း
🔹 အလုပ်အကိုင်ပြောင်းလဲချိန်မှာ ဗီဇာအသစ် ထပ်မံလျှောက်ထားရန် မလိုခြင်း
🔹 ဇနီး/ခင်ပွန်းနှင့် အသက် ၁၈ နှစ်အောက် သားသမီးများပါ ဗီဇာနှင့် နေထိုင်ခွင့်ကတ် (Residence Card) ရရှိခြင်း၊ စသည့်အခွင့်အရေးများ ရှိမည်ဖြစ်သည်။
ဒီအခွင့်အရေးတွေဟာ ပြည်ပကျွမ်းကျင်ပညာရှင်တွေတင်မကဘဲ ပြည်တွင်းဗီယက်နမ်နိုင်ငံသားတွေနဲ့ ပြည်ပရောက် ဗီယက်နမ်လူမျိုးတွေအတွက်ပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မဟာဗျူဟာမြောက် စီမံကိန်းတွေအတွက် ကျွမ်းကျင်ပညာရှင်တွေကို ခန့်အပ်တဲ့ ကုမ္ပဏီ/စီးပွားရေးလုပ်ငန်းတွေအနေနဲ့လည်း ပေးချေရတဲ့ လစာနဲ့ ဘောနပ်စ်ပမာဏကို ကော်ပိုရိတ်ဝင်ငွေခွန် တွက်ချက်ရာမှာ ၂ ဆအထိ စရိတ်နုတ်ပယ်ခွင့် ရရှိမှာဖြစ်ပြီး၊ အစိုးရဘက်ကလည်း ကျွမ်းကျင်ပညာရှင်များဆိုင်ရာ အစီအစဉ်တွေအတွက် နှစ်စဉ် GDP ရဲ့ ၀.၁ ရာခိုင်နှုန်းခန့်ကို လျာထားသုံးစွဲသွားမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဒီအဆိုပြုချက်ဟာ လူထုသဘောထားရယူဆွေးနွေးဆဲ အဆင့်မှာသာရှိသေးပြီး၊ မည်သို့သော အရည်အချင်း/နယ်ပယ်ရှိသူတွေကို "Talent (ထိပ်တန်းကျွမ်းကျင်သူ)" အဖြစ် သတ်မှတ်သတ်မှတ်မည်ဆိုတဲ့ အသေးစိတ်စံနှုန်းတွေကိုတော့ ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။
ဒါဟာ အရှေ့တောင်အာရှနိုင်ငံတွေအကြား ကျွမ်းကျင်လုပ်သားတွေ ခေါ်ယူနိုင်ဖို့ အပြိုင်အဆိုင်ကြိုးပမ်းနေကြတဲ့ ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်ပါတယ်။ (ဥပမာ - ထိုင်းနိုင်ငံကလည်း ချမ်းသာကြွယ်ဝသူတွေနဲ့ အဆင့်မြင့်ကျွမ်းကျင်သူတွေအတွက် Long-Term Resident (LTR) Visa တွေ ပေးအပ်နေသလိုမျိုး ဖြစ်ပါတယ်)။
အကယ်၍ ဒီဗီဇာအစီအစဉ်သာ အတည်ဖြစ်လာရင် နိုင်ငံတကာအတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်တွေအတွက် ဗီယက်နမ်ဟာ ဆွဲဆောင်မှုအရှိဆုံး ရွေးချယ်စရာနေရာတစ်ခု ဖြစ်လာမလားဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
#ဗီယက်နမ် #ဗီယက်နမ်ဗီဇာ #နိုင်ငံတကာသတင်း #အလုပ်အကိုင်အခွင့်အလမ်း ေစက်