20/10/2026
Ticket လွယ်လွယ်နဲ့ ချက်ချင်းရတယ်ဆိုပြီး Rush ပြီး ဝယ်လိုက်ပြီးမှ နောက်ကျမှ ပြသာနာလေးတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် Booking မလုပ်ခင် ဒီ 7 ချက်ကို မဖြစ်မနေ Double Check
လုပ်ကြည့်ပါ။
1️⃣ ကိုယ်သွားမဲ့ရက်မှန်ရဲ့လား။ မှန်မှန်ကန်ကန် ရွေးထားရဲ့လား ဆိုတာကို ပြန်စစ်ကြည့်သင့်ပါတယ်။ တစ်ချို့ Attractions တွေမှာ တစ်ပတ်အတွင်း ပိတ်ရက်ရှိတတ်တာကြောင့် Confirmed လုပ်ထားမှသာ စိတ်ချရမှာပါ။
2️⃣ နောက်တစ်ခုက Ticket ပေါ်ကနာမည်နဲ့ Passport ပေါ်ကနာမည် တူညီနေဖို့ လိုပါတယ်။ Group နဲ့ ဝယ်တဲ့အခါဆို တစ်ယောက်ချင်းစီရဲ့ နာမည်ကို ပြန်စစ်ထားတာက ပိုကောင်းပါတယ်။
3️⃣ Age ကိုလည်း သတိထားဖို့လိုပါတယ်။ Adult, Child, Senior Ticket တွေက Attraction တစ်ခုနဲ့ တစ်ခု ဈေးနှုန်းအမတူနိုင်တာကြောင့် ကလေးအတွက် ဝယ်မယ်ဆိုရင် Age Range ကို သေချာကြည့်ပေးပါ။
4️⃣ ဒါ့အပြင် Child Rules လေးလည်း ရှိပါသေးတယ်။ ဥပမာ Ride အချို့မှာ အရပ်အမြင့် သတ်မှတ်ချက်ရှိပြီး Minimum Height မမှီရင် စီးခွင့်ရမှာ မဟုတ်ပါဘူး။
5️⃣ Ticket ဝယ်ခင် Inclusions ကိုလည်း ဖတ်ကြည့်ဖို့လည်း မမေ့ပါနဲ့အုံး။ Entrance Fee ချည်းလား, Meal ပါလား, Transfer ပါလား ဆိုတာတွေကို သိထားရင် ရောက်မှ အံ့ဩစရာ မရှိတော့ပါဘူး။
6️⃣ Plan ပြောင်းရင်ကော ဘယ်လိုဖြစ်မလဲ ဆိုတာအတွက် Cancellation Terms ကို ကြိုသိထားရင် Trip ပြောင်းစရာရှိလာရင်တောင် စိတ်ပူစရာ မလိုတော့ပါဘူး။
7️⃣ နောက်ဆုံးအနေနဲ့ Operating Updates ကို သွားမည့်ရက်နီးမှ ပြန်စစ်ဖို့ မမေ့ပါနဲ့ ။ Renovation, Weather, Seasonal Closure စတာတွေကြောင့် Attraction တချို့ ယာယီပိတ်ထားတတ်ပါတယ်။
ဒီ ၇ ချက်ကို စစ်ပြီးမှ ဝယ်ရင် Trip တစ်လျောက်လုံး စိတ်ချစွာ ခရီးထွက်နိုင်မှာပါ။
Confuse ဖြစ်နေတာရှိရင် JustYM ကို Messenger ကနေ မေးလို့ရပါတယ်ရှင်။ Booking မလုပ်ခင် အသေးစိတ်ကို ရှင်းပြပေးပါမယ်။
🌐 www.justym.me
💬 ဈေးနှုန်းနဲ့ အသေးစိတ်ကို Page Messenger ကနေလည်း အလွယ်တကူ မေးမြန်းနိုင်ပါတယ်။