16/05/2026
"မတွေ့ရတာ တော်တော်လေး ကြာသွားခဲ့တယ်နော်...
ဒီစာမျက်နှာလေးမှာ အသံတိတ်နေခဲ့ပေမဲ့ ကလေးတို့ရဲ့ ပညာရေးနဲ့ ဗဟုသုတတွေအတွက် အမြဲတမ်း စဉ်းစားတွေးတောနေခဲ့တာပါ။ ကိုယ်စီ အလုပ်ရှုပ်နေကြတဲ့ ရက်တွေကြားထဲမှာ စာအုပ်တွေ၊ စာဖတ်သူတွေနဲ့ ဝေးကွာနေခဲ့မိလို့ အားလုံးကို အားနာမိပါတယ်ရှင်။ အခုတော့ ပျောက်ချက်သားကောင်းနေခဲ့တဲ့ အကြွေးတွေကို ဆပ်ဖို့ အချိန်ပေးပြီး ပြန်လာခဲ့ပါပြီ။
ပြန်လာလာချင်းမှာပဲ... အခုတလော မိဘအများစု အမေးများနေကြပြီး အရမ်းကို အရေးကြီးတဲ့ 'ထိုင်းမှာ ကလေးကျောင်းတက်ရင် လိုအပ်မယ့် ဗီဇာ (Visa) အကြောင်း' ကို ဝေမျှပေးချင်ပါတယ်ရှင်။
ကလေးကျောင်းအပ်တဲ့အခါ ဗီဇာအတွက် စဉ်းစားလို့ရတဲ့ နည်းလမ်း (၂) မျိုး ရှိပါတယ်။ မိမိတို့ရဲ့ လက်ရှိအခြေအနေနဲ့ အကိုက်ညီဆုံးလမ်းကြောင်းကို ရွေးချယ်နိုင်အောင် နှိုင်းယှဉ်ပြပေးမယ်နော်။ 👇
✅ TR (Tourist Visa) နဲ့ အရင်ဝင်လာတာ (အချိန်သိပ်မရတော့တဲ့သူတွေအတွက်)
ကျောင်းဖွင့်ခါနီးမှ အလျင်စလို ပြင်ဆင်ရလို့ အချိန်မရှိတော့ဘူးဆိုရင် ကလေးရော မိဘပါ TR (ခရီးသွားဗီဇာ) နဲ့ အရင်ဝင်လာလို့ ရပါတယ်။ ဒါပေမဲ့ သတိထားရမှာက Visa Change (ဗီဇာအမျိုးအစားပြောင်း) တဲ့အခါ ပါ။
ကလေးအတွက်: ကလေးရဲ့ TR ဗီဇာကို ထိုင်းနိုင်ငံထဲမှာတင် ကျောင်းဗီဇာ (ED) အဖြစ် ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ ဗီဇာသက်တမ်း အနည်းဆုံး ကျန်ရမယ့်ရက် ရှိရပါမယ်။ မရှိရင်တော့ Extension (သက်တမ်းတိုး) ရတာ၊ ဗီဇာပြောင်းဖို့ ငွေအနည်းငယ် ပိုကုန်တာနဲ့ အလုပ်ရှုပ်တာမျိုးပဲ ရှိပါလိမ့်မယ်။
မိဘအတွက်: မိဘကတော့ Guardian (အုပ်ထိန်းသူ) ဗီဇာကို ထိုင်းနိုင်ငံတွင်းမှာတင် ပြောင်းဖို့က (မြန်မာ Passport/Bank Account နဲ့ဆိုရင်) မရပါဘူး။ (ထိုင်းဘဏ်အကောင့် ရှိရင်တော့ တစ်မျိုးပေါ့နော်)။ အဲ့ဒါကြောင့် နိုင်ငံပြင်ပကို ခဏ ပြန်ထွက်ပြီးမှ လျှောက်ရတတ်တဲ့အတွက် ကုန်ကျစရိတ်နဲ့ အချိန် ထပ်ကုန်နိုင်ပါတယ်။
✅ မြန်မာပြည်ကနေ ED (ကျောင်းသား) နဲ့ Guardian (အုပ်ထိန်းသူ) ဗီဇာ တန်းလျှောက်ပြီး ဝင်လာတာ
ဒါကတော့ မင်မင်တို့ Team က အမြဲတမ်း လုပ်ပေးနေကျ ပုံစံလေးပါ။ ကျောင်းမဖွင့်ခင် အချိန်ကြိုရနိုင်တဲ့သူတွေအတွက် အဆင်ပြေဆုံးဖြစ်ပြီး အချိန်ကုန်၊ စိတ်ပင်ပန်းမှုနဲ့ ငွေကုန်ကြေးကျ အသက်သာဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။ တန်းဝင်လာရုံပဲမလို့ ရင်တမမ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။
ဒါလေးကတော့ ထိုင်းမှာ ကလေးကျောင်းထားဖို့ စဉ်းစားနေတဲ့ မိဘတွေအတွက် ယေဘုယျ တွေးဆနိုင်အောင် အကြံပြုပေးတဲ့ အချက်လေးတွေပါရှင်။
နောက်လည်း စာအုပ်ကောင်းတွေအပြင် မိဘတို့အတွက် အသုံးဝင်မယ့် ဗဟုသုတစုံကို ပုံမှန်လေး ပြန်တင်ပေးသွားတော့မှာမလို့ Page လေးကို See First လုပ်ပြီး စောင့်မျှော်အားပေးကြပါဦးနော်။
#ထိုင်းကျောင်းဗီဇာ #ထိုင်းမှာကျောင်းတက်မယ် #ထိုင်းကျောင်းသားဗီဇာ #ဗဟုသုတ