JLM Visa Support Limited Partnership Chiangmai

JLM Visa Support Limited Partnership Chiangmai Visa Support

မင်္ဂလာပါရှင် လတ်တလော Update အခြေအနေတွေ ဖြစ်ပါတယ်။⚠️သတိပြုရန် အခြေအနေများ!!! ⚠️• လတ်တလောဖြစ်ပေါ်နေသော ကျားဖြန့်အခြေအနေမျ...
20/02/2025

မင်္ဂလာပါရှင် လတ်တလော Update အခြေအနေတွေ ဖြစ်ပါတယ်။

⚠️သတိပြုရန် အခြေအနေများ!!! ⚠️
• လတ်တလောဖြစ်ပေါ်နေသော ကျားဖြန့်အခြေအနေများကြောင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်သူများကို အထူးစိစစ်လျက်ရှိပါတယ်။
• အထူးသဖြင့် 1-year short course language ED Visa ဖြင့် ဝင်ရောက်မည့်သူများ၊ အဝင်အထွက်လုပ်မည့်သူများ အထူးသတိထားကြရန် လိုအပ်ပါတယ်။
• Retirement Visa, Guardian Visa နှင့် ED Visa ဖြင့် တက္ကသိုလ်မှာ အမှန်တကယ် ကျောင်းတက်နေတဲ့ ကျောင်းသားတွေကတော့ ပြဿနာမရှိပါဘူး။

✈️လတ်တလော အခြေအနေ 🔍
• လက်ရှိမှာ တရုတ်လူမျိုးများကို ပိုမိုစိစစ်လျှက်ရှိပါတယ်။
• အထူးသဖြင့် ချင်းမိုင်မှာ Language short course ED Visa နဲ့ ဝင်လာသူ၊ လက်ရှိနေထိုင်လျက်ရှိတဲ့ တရုတ်လူမျိုးတွေကို စိစစ်နေပါတယ်။
• လက်ရှိတွင်လည်း ကျားဖြန့်နဲ့ ပတ်သက်သူတွေဟာ ED Visa နဲ့ ဝင်ရောက်နေထိုင်တာကို စိစစ်တွေ့ရှိတဲ့အတွက်၊ ED Visa ကို ဘယ် Agent နဲ့ လုပ်တာကအစ စုံစမ်းစိစစ်နေပါတယ်။
• Language Course ED Visa နဲ့ ဝင်လာတဲ့ တရုတ်လူမျိုးတွေကို လေဆိပ်မှာတင် စိစစ်ပြီး မယုံကြည်ပါက Visa Auto Cancel လုပ်ကာ ထိုင်းနိုင်ငံသို့ အဝင်မခံဘဲ ပြန်လွှတ်နေတာမျိုးလည်းရှိနေပါတယ်။
• မြန်မာလူမျိုးတွေကိုတော့ အဲ့လို ပြန်လွှတ်နေတာတော့ လောလောဆယ် မရှိသေးပါဘူး။

💡မြန်မာလူမျိုးများအတွက် အကြံပြုချက် 💡
• မြန်မာလူမျိုးများအနေဖြင့်လည်း Language Course ED Visa နဲ့ ဝင်လာရင်ပဲဖြစ်ဖြစ်၊ လက်ရှိ ချင်းမိုင်မှာ နေနေတာပဲဖြစ်ဖြစ်၊ သတိထားဖို့ လိုအပ်ပါတယ်။ 🚨
• မိမိတို့အနေဖြင့် Language Course ED Visa နဲ့ဝင်ရောက်ရန်ကို စိုးရိမ်ပါက VIP လမ်းကြောင်း ဖြင့် ဝင်လာသင့်ကြောင်း အကြံပေးချင်ပါတယ်။ 💼

ကျေးဇူးတင်ပါတယ်ရှင်။ 🙏
JLM Visa Support Limited Partnership Chiangmai

လေးစားရပါသော JLM ၏ Customer လူကြီးမင်းများရှင့်။ 🙏◽️ လူကြီးမင်းတို့အနေဖြင့် ED Visa အတွက် JLM နှင့်ချိတ်ဆက်ထားသော သက်ဆို...
16/02/2025

လေးစားရပါသော JLM ၏ Customer လူကြီးမင်းများရှင့်။ 🙏

◽️ လူကြီးမင်းတို့အနေဖြင့် ED Visa အတွက် JLM နှင့်ချိတ်ဆက်ထားသော သက်ဆိုင်ရာကျောင်း/တက္ကသိုလ်တွင် JLM မှတစ်ဆင့် အပ်နှံပြီးမှ နောက်ပိုင်း ED Visa ကိစ္စများဆောင်ရွက်ရန်အဆင့်ရောက်သည့်အခါမှ အကြောင်းအမျိုးမျိုးကြောင့် JLM တွင် Cancellation ပြုလုပ်ကာ တူညီသော ထိုကျောင်း၌ပင် အခြား Agent တစ်ဦးဦးဖြင့် ပြောင်းလဲချိတ်ဆက်ဆောင်ရွက်သည့်အခါတွင် JLM နှင့် ကျောင်းအပ်နှံပြီးသားဖြစ်နေသဖြင့် လူကြီးမင်းတို့အနေဖြင့် ကျောင်းကိစ္စ၊ Visa ကိစ္စများဆောင်ရွက်၍ အဆင်ပြေမည်မဟုတ်ကြောင်းကို ကြိုတင်အသိပေး အကြောင်းကြားအပ်ပါသည်။ 📝🚫

◽️ JLM မှတစ်ဆင့် ကျောင်းအပ်လိုက်သောအခါ ကျောင်းဘက်တွင် ကျောင်းသားအမည်၊ Passport No. တို့မှာ Record ဝင်ထားပြီး ဖြစ်သောကြောင့် အခြား Agent ဖြင့် တူညီသောထိုကျောင်းတွင်ပင်ထပ်မံအပ်နှံပါက ကျောင်းဘက်မှ လက်ခံမည်မဟုတ်ပဲ အခက်အခဲများ၊ အဆင်မပြေမှုများ ကြုံတွေ့နိုင်ပါသည်။

◽️ ထိုအတွက် JLM ဘက်မှ တာဝန်မရှိကြောင်း နှင့် တာဝန်ယူဖြေရှင်းပေးနိုင်မည်မဟုတ်ကြောင်းကို ကြိုတင် အသိပေး အကြောင်းကြားအပ်ပါသည်။ ထိုအခြား Agent များကိုလည်း JLM သို့ ဖုန်းဖြင့်ဆက်သွယ်ခိုင်းခြင်းမျိုးမပြုကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။

မှတ်ချက်။ ကျောင်းမတူပါက ကျောင်းအပ်နှံကိစ္စများကို အဆင်ပြေစွာ ဆောင်ရွက်နိုင်ပါသည်။

ကျေးဇူးတင်ပါတယ်ရှင်။ 🙏
JLM Visa Support Limited Partnership Chiangmai

     မင်္ဂလာပါရှင် 🙏ချင်းမိုင်မြို့တွင် ED Visa ဖြင့်နေထိုင်သူများ သတိပြုမိစေရန် Information လေး sharing လုပ်ပေးပါရစေရှင...
11/02/2025



မင်္ဂလာပါရှင် 🙏

ချင်းမိုင်မြို့တွင် ED Visa ဖြင့်နေထိုင်သူများ သတိပြုမိစေရန် Information လေး sharing လုပ်ပေးပါရစေရှင် 👮🏻‍♂️

🔸 ED Visa ကိုင်ဆောင်ထားပြီး ထိုင်းနိုင်ငံပြင်ပသို့ အဝင်/အထွက် ပြုလုပ်၍ရသော်လည်း၊ ထိုင်းနယ်စပ်မှ တဆင့် မြန်မာနိုင်ငံဘက်အခြမ်းရှိ မြဝတီမြို့သို့ အဝင်အထွက် မကြာခဏ ပြုလုပ်နေသူ ED Visa သမားများ အနေဖြင့် အထူးသတိပြုရန် လိုအပ်ပါတယ်။ ⚠️

🔸 လတ်တလော မြဝတီ၏ အခြေအနေများကြောင့်၊ ထိုကဲ့သို့ အဝင်/အထွက် မကြာခဏ ပြုလုပ်နေသူ ED Visa သမားများ၏ စာရင်းကို ချင်းမိုင် Immigration မှ စိစစ်လျက်ရှိရာ၊ လက်ရှိတွင် အယောက် (၈၀) ကျော်ခန့်ရှိပြီ ဖြစ်ပါတယ်။

🔸 သို့ဖြစ်ပါ၍၊ မိမိရရှိထားသော ED Visa ရုတ်သိမ်းခံရခြင်းမျိုး မဖြစ်စေရန်နှင့် မလိုလားသော ကိစ္စများမဖြစ်စေရန်အတွက်၊ မြဝတီသို့ အဝင်အထွက် ပြုလုပ်ခြင်းအား သတိပြုဆင်ခြင်နိုင်ရန် အသိပေး အကြောင်းကြား အပ်ပါတယ်ရှင်။ ✨

ကျေးဇူးတင်ပါတယ်ရှင်။ 🙏


Passport PJ ကိုင်ဆောင်ထားသူများသို့ အသိပေးချက်! 📢ထိုင်းနိုင်ငံတွင် Visa သက်တမ်းတိုးအတွက် လိုအပ်သော မြန်မာသံရုံးထောက်ခံစာ...
11/02/2025

Passport PJ ကိုင်ဆောင်ထားသူများသို့ အသိပေးချက်! 📢
ထိုင်းနိုင်ငံတွင် Visa သက်တမ်းတိုးအတွက် လိုအပ်သော မြန်မာသံရုံးထောက်ခံစာယူရာတွင် Passport PJ ကိုင်ဆောင်ထားပါက အောက်ပါ (ထပ်တိုး) စာရွက်စာတမ်းများကို သံရုံးမှ တောင်းခံနိုင်ပါသည်။ 📄
• မှတ်ပုံတင် ရှေ့နောက် မိတ္တူ
• အလုပ်သမားကတ် OWIC ရှေ့နောက် မိတ္တူ
သို့ဖြစ်၍ မိမိသည် PJ Passport ကိုင်ဆောင်ထားသူဖြစ်ပါက Visa သက်တမ်းတိုးရန်အတွက် သံရုံးထောက်ခံစာယူရာတွင် အဆိုပါ စာရွက်စာတမ်းများကို ပြင်ဆင်ထားကြပါရန် အသိပေးအပ်ပါသည်။ 📝✅
သံရုံးထောက်ခံစာယူရာတွင်လည်း အချိန်ပေးရသဖြင့် သက်တမ်းကုန်ခါနီး နှစ်ရက်သုံးရက် အလိုမှ မယူကြပဲ သက်တမ်းမကုန်မီ (၇)ရက် အလိုတွင် သံရုံးတွင်တောင်းခံနိုင်ပါသဖြင့် ကြိုတင်ဆောင်ရွက်နိုင်ပါသည်။ ⏰🗓️
Agent ဖြင့်ဆောင်ရွက်သူများအနေဖြင့် မိမိတို့ Agent ကို ကြိုတင်ဆက်သွယ်ကာ ဆောင်ရွက်ထားသင့်ပါသည်။ 📞🤝
အားလုံး အဆင်ပြေကြပါစေ! 🙏
JLM Visa Support Limited Partnership Chiangmai

      မင်္ဂလာပါရှင်📌ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ED visa (သို့) အခြား Long Term Visa တစ်ခုခုဖြင့် နေထိုင်သူများအနေဖ...
08/02/2025


မင်္ဂလာပါရှင်
📌ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ED visa (သို့) အခြား Long Term Visa တစ်ခုခုဖြင့် နေထိုင်သူများအနေဖြင့် Visa သက်တမ်း ပထမ(၃)လပြည့်ပြီးနောက် ချင်းမိုင်Immigration ၌ တုံးထုသောအခါ “စာရွက်အဖြူ အရှည်ပုံစံ TM 30” လိုအပ်ပါတယ်ရှင်။
🔹 ပုံမှန် Print ထုတ်ထားသော A4 စာရွက် TM 30 နဲ့မရပါဘူးနော်။ Tourist Visa သမားတွေကတော့ Long-term မဟုတ်တာကြောင့် သက်တမ်းတိုးလုပ်ရင်တော့ A4 စာရွက် TM 30 ရပါတယ်။ Long Term Visa သမားတွေကတော့ အဲ့ဒါနဲ့မရပဲ “စာရွက်အဖြူ အရှည်ပုံစံ TM 30” လိုအပ်ပါတယ်ရှင်။
🔹 ထိုစာရွက်အရှည်လေးကို လေဆိပ်နားမှာရှိတဲ့ ချင်းမိုင် Immigration ဝန်းထဲမှာရှိတဲ့ အနောက်ဘက်က မိတ္တူကူးတဲ့နေရာနဲ့ ကပ်လျက်ဘေးကရုံးခန်းမှာ လုပ်လို့ရပါတယ်။ ပိုက်ဆံပေးစရာမလိုပါဘူး။
🔹 အကယ်၍ မိမိမှာ Print ထုတ်ထားတဲ့ လုပ်ထားပြီးသား A4 စာရွက် TM 30 ရှိရင်၊ အဲ့တာနဲ့ Passport ယူသွားပြီး အခုပြောပြထားတဲ့ ရုံးခန်းမှာ စာရွက်အဖြူအရှည်လေး သွားလုပ်လို့ရပါတယ်။
🔹 အကယ်၍ TM 30 လုံးဝ မလုပ်ရသေးဘူးဆိုရင်တော့ ဒါတွေယူသွားရပါမယ်။
• Passport မိတ္တူ (ဓာတ်ပုံပါ စာမျက်နှာ)
• Passport ရှိ ဗီဇာ စာမျက်နှာ မိတ္တူ
• အိမ်ပိုင်ဆိုင်မှု အမည်ပေါက် မိတ္တူ (အိမ်ရှင်ထံမှ)
• အငှားစာချုပ် မိတ္တူ (အိမ်ရှင်ထံမှ)
• အိမ်ရှင်၏ ID Card မိတ္တူ (အိမ်ရှင်ထံမှ)
အားလုံးအဆင်ပြေကြပါစေရှင် 🙏
JLM Visa Support Limited Partnership Chiangmai

📌ထိုင်းကို (၁၄)ရက် Visa Free နဲ့ရောက်လာပြီးနောက် ထိုင်းမှာဆက်ပြီး နေထိုင်ချင်တယ်ဆိုရင် ဆက်လက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလ...
05/02/2025

📌ထိုင်းကို (၁၄)ရက် Visa Free နဲ့ရောက်လာပြီးနောက် ထိုင်းမှာဆက်ပြီး နေထိုင်ချင်တယ်ဆိုရင် ဆက်လက်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်

1️⃣ပထမနည်းလမ်း
🔹 (၁၄)ရက် သက်တမ်းမကုန်ခင်မှာ Online E-extension (or) Walk-in Extension နဲ့ သက်တမ်းတိုးပြီး (၁)လ ဆက်နေလို့ ရပါတယ်။ သက်တမ်းတိုးတဲ့အခါမှာ သံရုံးထောက်ခံစာတော့လိုပါတယ်။
🔹သံရုံးထောက်ခံစာဖြင့် ချင်းမိုင်တွင် သက်တမ်း(၁)ကြိမ်သာ တိုးလို့ရပါတယ်။
ဘန်ကောက်တွင်တော့ သံရုံးထောက်ခံစာဖြင့် သက်တမ်း(၂-၃) ကြိမ်ခန့်ထိတိုးလို့ရနိုင်ပါတယ်။
🔹ထိုင်းမှာ Long term ဆက်နေချင်သေးတယ်ဆိုရင်တော့ သက်တမ်း (၁)ကြိမ်တိုးပြီးတာနဲ့ချက်ချင်း အချိန်မဆွဲပဲ Non-Immigrant (Education) ED Visa (သို့) အခြား Long-term Visa တစ်ခုခုလျှောက်ပြီး နေထိုင်လို့ရပါမယ်။
🔸ထိုကဲ့သို့ Long-term Visa ကို ထိုင်းနိုင်ငံ အတွင်းမှာပဲ လျှောက်ဖို့ ရည်ရွယ်ထားရင်တော့ သက်တမ်းတိုးကို (၁)ကြိမ်သာလုပ်ပါ။ သက်တမ်း(၁)ကြိမ်တိုးထားသော သူများသာ လျှောက်လို့ရပါမှာပဲဖြစ်ပါတယ်။

2️⃣ဒုတိယ နည်းလမ်း
🔹ထိုင်းကနေ (၁၄)ရက်မပြည့်ခင် လာအို(သို့) ကမ္ဘောဒီးယားသို့ ထွက်ပြီး အဲ့ဒီမှာရှိတဲ့ ထိုင်းသံရုံးမှာ Long-term Visa တစ်ခုခုကို ကိုယ့်မှာလည်း စာရွက်စာတမ်းအစုံရှိရင် တစ်ခါတည်းလျှောက်ပြီး ထိုင်းကိုပြန်ဝင်လာပြီးနေလို့ရပါတယ်။
🔹ဒါမှမဟုတ် အဲ့ဒီမှာရှိတဲ့ ထိုင်းသံရုံးမှာ Tourist Visa လျှောက်ပြီး (၂)လနေထိုင်ခွင့် + (၁) လ Extension နဲ့ ထိုင်းကိုပြန်ဝင်လာပြီး နေလို့ရပါတယ်။ အဲ့ဒီနောက်ပိုင်း Long term နဲ့ဆက်နေချင်သေးတယ်ဆိုရင်တော့ Visa သက်တမ်းအနည်းဆုံးလက်ကျန် (၁ )လ ရှိပါက ED (သို့) Long-term visa တစ်ခုခု လျှောက်ပြီး နေထိုင်လို့ရပါမယ်။

အားလုံး အဆင်ပြေကြပါစေ 🙏
JLM Visa Support Limited Partnership Chiangmai

03/02/2025



📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်

🔸 အီရတ်
🔸 အီရန်
🔸 ပါလက်စတိုင်း
🔸 အစ္စရေး
🔸 ပါကစ္စတန်
🔸 နိုင်ဂျီးရီးယား
🔸 Uyghurs တရုတ်

🔺Tourist Visa To ED Visa နိုင်ငံ (၇)ခု၏ နိုင်ငံသားများ ဗီဇာပြောင်းရန် ပြောင်းခွင့်မပြုတော့ပါဘူး။ ❌

🔹 ချင်းမိုင် Immigration ၏ Update ကိုသာ Share ပေးခြင်းဖြစ်ပါတယ်။ ခွင့်မပြုတဲ့အထဲ မြန်မာနိုင်ငံတော့ မပါသေးပါဘူးရှင့်။

ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်🙏👩🏻မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက်ပါ⬇️Tourist Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလ...
31/01/2025

မင်္ဂလာပါရှင်🙏👩🏻
မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက်ပါ⬇️
Tourist Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ
1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့ဆုံးစာမျက်နှာ
2. ၆လအတွင်း ရိုက်ထားသော နောက်ခံအဖြူရောင်နှင့် လိုင်စင်ဓာတ်ပုံ (၁) ပုံ
3. မြန်မာနိုင်ငံတွင်လျှောက်ပါက သန်းခေါင်စာရင်းနှင့် နေရပ်လိပ်စာ အပြည့်အစုံ
4. တခြားနိုင်ငံ (ဥပမာ လာအို/ကမ္ဘောဒီးယား) တွင်လျှောက်ပါက Visa တုံးထုထားသော စာမျက်နှာ (ဥပမာ လာအို/ကမ္ဘောဒီးယား သို့အဝင် Immigration Stamp)နှင့် တည်းခိုသည့် နေရာ၏လိပ်စာ အပြည့်အစုံ။
5. ထိုင်းသို့သွားမည့် လေယာဉ်လက်မှတ် (သို့) ကားလက်မှတ်
6. ထိုင်းတွင် နေထိုင်မည့် အထောက်အထား (ဥပမာ Hotel Booking, invitation letters from family/friends in Thailand)
7. ထိုင်းနိုင်ငံသို့ ယခင်က ဝင်ရောက်ဖူးခြင်း ရှိ/မရှိ
8. ထိုင်းနိုင်ငံသို့ ဝင်ရန် ဗီဇာလျှောက်ထားဖူးခြင်းရှိ/မရှိ
9. Bank Statement သည် Online မှ TR Visa လျှောက်ထားရာတွင် ပြစရာမလိုပါ။ သို့သော် Visa Fees သွင်းပြီးနောက် စာရွက်စာတမ်းများကို သံရုံးမှ စိစစ်သည့် အချိန်တွင် လိုအပ်ပါက တောင်းခံနိုင်ပါသည်။ မတောင်းရင်လည်း မတောင်းပါ။ လူတစ်ဦးနှင့် တစ်ဦးမတူညီပါ။
10. ဗီဇာကြေးကို သက်ဆိုင်ရာ ထိုင်းသံရုံးတွင် ပေးသွင်းရပါမည်။

မင်္ဂလာပါရှင် 🙏🇹🇭 ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် E-Visa လျှောက်ထားခြင်းကို Agent မအပ်ပဲ မိမိကိုယ်တိုင် Online မှ E-Visa လ...
21/01/2025

မင်္ဂလာပါရှင် 🙏

🇹🇭 ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် E-Visa လျှောက်ထားခြင်းကို Agent မအပ်ပဲ မိမိကိုယ်တိုင် Online မှ E-Visa လျှောက်ထားနိုင်ရန်အတွက် အများစုလျှောက်ကြသည့် လိုအပ်ချက်တွေကို အခုလိုဖော်ပြပေးလိုက်ပါတယ်ရှင်။

🎯Online ကနေ ဗီဇာလျှောက်ထားခြင်းနဲ့ ပတ်သက်ပြီး JLM သို့ ဖုန်း၊ Messenger တို့မှ စုံစမ်းမေးမြန်းခြင်းများအတွက် အားလုံးသိရှိစေရန် ကိုယ်တိုင်လျှောက်လိုသူများအတွက် ယခုလို sharing လုပ်ပေးခြင်းဖြစ်ပါတယ်။

➡️ချင်းမိုင်တွင် လက်ရှိ Language ED Visa ဖြင့် (၂)နှစ်ကြာနေပြီးသူများအနေဖြင့်လည်း ဆက်လက်နေထိုင်လိုပါက ထိုင်းနိုင်ငံ ပြင်ပသို့အထွက်ပြရန်လိုအပ်ပြီး Visa တစ်ခုခုလျှောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ဝင်ရောက်နိုင်ပါတယ်။

➡️Visa အမျိုးအစားအားလုံးကို Online ကနေလျှောက်ထားဖို့ တရားဝင် Website ဖြစ်တဲ့ https://www.thaievisa.go.th/ မှာ Email ဖြင့် Account လုပ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။ (Account တစ်ခုကို လျှောက်လွှာ (၁၀)ခုထိတင်လို့ရပါတယ်)

➡️Online မှာ ဖြည့်ရတဲ့ပုံစံကို မြန်မာလိုရှင်းပြထားတာကိုတော့ ဒီမှာသွားကြည့်လို့ရပါတယ် https://thaiconsularyangon.com/evisapay/index.php/instruction-2

➡️Online Form အားလုံးဖြည့်ပြီး နောက်ဆုံးအဆင့်အနေဖြင့် ရန်ကုန် ထိုင်းသံရုံးမှာ Visa Fees ပေးသွင်းခြင်းအတွက်ကိုတော့ ဒီကနေတစ်ဆင့် ရက်ချိန်း booking ယူဖို့လိုအပ်ပါတယ်။
https://thaiconsularyangon.com/evisapay/index.php/make-an-appointments
(Laos, Cambodia ကထိုင်းသံရုံးဆိုရင်တော့ Visa Fees Payment အတွက် appointment booking လုပ်စရာမလိုပါ၊ Cambodia ကထိုင်းသံရုံးဆိုရင် online ကနေ Fees ပေးလို့ရပါတယ်၊ Laos ကထိုင်းသံရုံးဆိုရင်တော့ သံရုံးမှာပဲ ငွေသွင်းရမှာပါ)

⏳Visa ရရှိရန်ကြာချိန် ကတော့ Visa ကြေးသွင်းပြီး 10-15 working days ကြာမှာပဲဖြစ်ပါတယ်။ ဒါကြောင့် Laos, Cambodia မှာလျှောက်မယ်ဆိုရင်တော့ အချိန်ပေးပြီး ရက်ကြာကြာနေဖို့ လိုအပ်ပါတယ်။ (10-15 ရက်ဆိုပေမယ့်လဲ ရက်စောပြီးလဲရနိုင်ပါတယ်ရှင့်)

ကျေးဇူးတင်ပါတယ်ရှင်🙏
JLM Visa Support Limited Partnership Chiangmai

ထိုင်းဘာသာ/မွေထိုင်း သင်တန်းအတွက် ED Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့...
18/01/2025

ထိုင်းဘာသာ/မွေထိုင်း သင်တန်းအတွက် ED Visa (E-Visa) တင်ရန် လိုအပ်သောအချက်အလက်များ
1. ကိုယ်ရေးအချက်အလက်ပါသော ပတ်စ်ပို့ ရှေ့ဆုံးစာမျက်နှာ
2. ၆လအတွင်း ရိုက်ထားသော နောက်ခံအဖြူရောင်နှင့် လိုင်စင်ဓာတ်ပုံ (၁) ပုံ
3. မြန်မာနိုင်ငံတွင်လျှောက်ပါက သန်းခေါင်စာရင်းနှင့် နေရပ်လိပ်စာ အပြည့်အစုံ
4. တခြားနိုင်ငံ (ဥပမာ လာအို/ကမ္ဘောဒီးယား) တွင်လျှောက်ပါက Visa တုံးထုထားသော စာမျက်နှာ (ဥပမာ လာအို/ကမ္ဘောဒီးယား သို့အဝင် Immigration Stamp)နှင့် တည်းခိုသည့် နေရာ၏လိပ်စာ အပြည့်အစုံ။
5. ငွေကြေးအထောက်အထားအတွက် ဘဏ်စာရင်း (၃)လစာ (Financial evidence e.g. bank statements, sponsorship letter covering tuition fees and living expenses)
6. ကျောင်းဘက်မှထုတ်ပေးသော စာရွက်စာတမ်းများ (Letter from relevant authority under the Ministry of Education/Letter from relevant organizations including Sports Authority of Thailand)
7. ကျောင်းဘက်မှထုတ်ပေးသော စာရွက်စာတမ်းများ (Letter confirming enrollment details from school signed by authorized person together with a copy of ID card or passport of the signer)
8. ထိုင်းနိုင်ငံသို့ ယခင်က ဝင်ရောက်ဖူးခြင်း ရှိ/မရှိ
9. ထိုင်းနိုင်ငံသို့ ဝင်ရန် ဗီဇာလျှောက်ထားဖူးခြင်းရှိ/မရှိ
10. ဗီဇာကြေးကို သက်ဆိုင်ရာ ထိုင်းသံရုံးတွင် ပေးသွင်းရပါမည်။

ဂရုတစိုက်ပါ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ခွင့်မရှိပူးနော် မိုင်းမိုင်ဈေးမှာဝင်စစ်ဆေးပါတယ်။
09/01/2025

ဂရုတစိုက်ပါ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ခွင့်မရှိပူးနော် မိုင်းမိုင်ဈေးမှာဝင်စစ်ဆေးပါတယ်။

📢 Notary ပြုလုပ်ရာတွင် သတိပြုရန်❗📌လေးစားရပါသော မိတ်ဆွေများရှင့်၊  ကလေးများအတွက် ED Visa နှင့် အုပ်ထိန်းသူ မိဘများအတွက် G...
04/12/2024

📢 Notary ပြုလုပ်ရာတွင် သတိပြုရန်❗

📌လေးစားရပါသော မိတ်ဆွေများရှင့်၊ ကလေးများအတွက် ED Visa နှင့် အုပ်ထိန်းသူ မိဘများအတွက် Guardian Visa လျှောက်ထားရန်အတွက် ချင်းမိုင် Immigration တွင် Notary စာရွက်စာတမ်းများ (အထူးသဖြင့် ကလေး၏မွေးစာရင်း Notary) တင်ပြရပါတယ်။

🔸 ထိုကဲ့သို့တင်ပြရာ၌ ကလေးအမည်နှင့် မိဘအမည်တို့သည် Passport ရှိအမည်နှင့် Notary ရှိအမည်တို့မှာ ကွက်တိ အပိုအလိုမရှိ တူညီနေရမှာဖြစ်ပါတယ်။ အမည်ကွဲလွဲနေပါက Immigration ကလုံးဝလက်ခံမည်မဟုတ်ဘဲ ❌ Notary အသစ်ပြန်တောင်းမှာဖြစ်ပါတယ်။

⚠️ အမည်ကွဲလွဲတဲ့ပုံစံနမူနာအချို့ကို ပုံမှာကြည့်ပါ။ (အမည်တွင် "U", "Daw" ထည့်ရေးထားခြင်း၊ Nick name များပါရှိနေခြင်း၊ စသဖြင့်)

🔹 ဒါကြောင့် မလိုလားအပ်သော အဆင်မပြေမှု၊ ကြန့်ကြာမှုများမဖြစ်စေရန်အတွက် Notary ပြုလုပ်ရာတွင် Passport ထဲကအမည်နှင့် ကွက်တိတူရမှာဖြစ်ကြောင်း သတိပြုရန် အသိပေးလိုက်ရပါတယ်ရှင်။

---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

     📢 လေးစားရပါသော မိတ်ဆွေများရှင့်📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့် 🔸 အီရတ...
26/11/2024



📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ချင်းမိုင် Immigration နဲ့ပတ်သက်ပြီး Update လေးတစ်ခု ပြောပြပေးချင်ပါတယ်ရှင့်

🔸 အီရတ်
🔸 အီရန်
🔸 ပါလက်စတိုင်း
🔸 အစ္စရေး

🔺ED Visa (၁)နှစ်ရရှိထားသော အထက်ဖော်ပြပါ နိုင်ငံ (၄)ခု၏ နိုင်ငံသားများ ကို ဒုတိယနှစ်အတ္ပက် Extension ထပ်လုပ်ဖို့ (ED to ED ဒုတိယနှစ်အတွက်ဆက်လက်သက်တမ်းတိုးခြင်း) ကိုခွင့်မပြုတော့ပါဘူး။ ❌

🔹 ချင်းမိုင် Immigration ၏ Update ကိုသာ Share ပေးခြင်းဖြစ်ပါတယ်။ ခွင့်မပြုတဲ့အထဲ မြန်မာနိုင်ငံတော့ မပါသေးပါဘူးရှင့်။

ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

📢 လေးစားရပါသော မိတ်ဆွေများရှင့်📌ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ 🇹🇭 အစိုးရရုံးပိတ်ရက်များရှိနေသောကြောင့် မိတ်ဆွေများအနေဖြင့်...
21/11/2024

📢 လေးစားရပါသော မိတ်ဆွေများရှင့်

📌ဒီဇင်ဘာလအတွင်း ထိုင်းနိုင်ငံ 🇹🇭 အစိုးရရုံးပိတ်ရက်များရှိနေသောကြောင့် မိတ်ဆွေများအနေဖြင့် Immigration ကိစ္စနှင့် အစိုးရဌာနဆိုင်ရာ ကိစ္စများကို ရုံးပိတ်ရက်များတွင်ဆောင်ရွက်နိုင်မည်မဟုတ်ပါ။

📅 သို့ဖြစ်ပါ၍ ဌာနဆိုင်ရာရုံးကိစ္စများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ရန်အတွက် အစိုးရရုံးပိတ်ရက်များကို အသိပေးကြေညာအပ်ပါတယ်ရှင်။

ကျေးဇူးတင်ပါတယ်ရှင် 🙏

JLM Visa Support Limited Partnership Chiangmai

📢 ချင်းမိုင်တွင်  ED Visa ဖြင့် Certificate သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများသို့ အသိပေးအကြံပြုချက် 📝🛂 Visa သက်တမ်...
18/11/2024

📢 ချင်းမိုင်တွင် ED Visa ဖြင့် Certificate သင်တန်း တက်ရောက်နေသော ကျောင်းသား/သူများသို့ အသိပေးအကြံပြုချက် 📝

🛂 Visa သက်တမ်းကုန်သည့် နေ့ နှင့် သင်တန်းပြီးဆုံးသည့်နေ့မှာ မတူညီနိုင်ပါ။
• ဥပမာ- Visa သက်တမ်းသည် July 2025 ထိသက်တမ်းကျန်သေးသော်လည်း သင်တန်းမှာ February (သို့) March 2025 တွင်စောစီးစွာ ပြီးသွားနိုင်ပါသည်။

🏫 ထိုကဲ့သို့သော် ကိစ္စရပ်မျိုးတွင် Visa သက်တမ်းကျန်သေးသော်လည်း သင်တန်းကာလကျော်လွန်ပြီးဆုံးပြီးမှ ကျောင်းတွင် ထောက်ခံစာ (ဥပမာ Bank Account ဖွင့်ရန် ထောက်ခံစာ) တောင်း၍ မရကြောင်း၊ ကျောင်းဘက်မှ သင်တန်းပြီးသွားပြီးဖြစ်သဖြင့် ထောက်ခံစာထုတ်ပေးမည် မဟုတ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

💡 သို့ဖြစ်ပါ၍ မိမိလိုအပ်သော သက်ဆိုင်ရာ ထောက်ခံစာနှင့် စာရွက်စာတမ်းများကို ED Visa ရရှိပြီးနောက် ကျောင်းတွင် စောစီးစွာ တောင်းထားကြပါရန် အကြံပြုလိုက်ရပါတယ်ရှင်။

(မှတ်ချက်။ ကျောင်းဘက်မှ ထုတ်ပေးသော ထောက်ခံစာများသည်လည်း ကျောင်းပေါ်မူတည်၍ Valid ဖြစ်သော ကာလမှာ ရက် (၃၀) မှ ရက် (၆၀) ခန့်ထိ ရှိတတ်ပါသည်။)

ကျေးဇူးတင်ပါတယ်ရှင် 🙏

JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင် ☀️📜 Visa Cancellation လုပ်ရန်အတွက် Visa Cancellation Letter 📑 များကို ကျောင်းတွင် တောင်းခံခြင်းနှင့် Visa ...
09/11/2024

မင်္ဂလာပါရှင် ☀️

📜 Visa Cancellation လုပ်ရန်အတွက် Visa Cancellation Letter 📑 များကို ကျောင်းတွင် တောင်းခံခြင်းနှင့် Visa Cancellation ပြုလုပ်ခြင်းတို့နဲ့ ပတ်သက်ပြီး အသိပေးပြောကြားချင်တာလေး ရှိပါတယ်ရှင့်။

🔹 စာရွက်စာတမ်းများတောင်းခံခြင်း
• ကျောင်းတွင် အထက်ဖော်ပြပါ စာရွက်စာတမ်းများ တောင်းခံရာတွင် အလုပ်လုပ်ရက် အချိန် ၇ ရက်မှ ၁၀ ရက် (7 to 10 Working Days) စောင့်ရပါမယ်နော် ⏳
• ထိုသို့ ထောက်ခံစာနှင့် စာရွက်စာတမ်းများတောင်းခံရာတွင် ကျောင်းသို့ ပေးသွင်းရသော Fees ကျသင့်ငွေ ရှိမှာဖြစ်ပါတယ်။ ပေးရမယ့် Fees ဟာလည်း ကျောင်းပေါ်မူတည်ပြီးတော့ မတူပါဘူး။
• စာရွက်စာတမ်းတောင်းခံရာတွင် ကိုယ်တိုင်တောင်းခံရန် လိုအပ် ပါတယ်။ Agency မှ တောင်းပေးလို့ မရပါဘူး ❌

👉 စာရွက်စာတမ်းများတောင်းခံခြင်း အသေးစိတ်ဖတ်ရန် Link: https://www.facebook.com/share/p/159oQ6ttwh/
---------------------------------------------

🔸 Visa Cancellation နဲ့ ပတ်သက်ပြီး သတိပြုစရာများ

• Education Visa ကို Cancel မလုပ်ပဲ ထိုင်းကနေ ထွက်သွားလို့ရလား ဆိုရင်တော့ ရပါတယ်။ ထိုင်းကို ပြန်ဝင်လာတဲ့အခါ (ဥပမာ- TR Visa နဲ့) ကုန်လမ်းကြောင်းနဲ့သော်လည်းကောင်း၊ လေကြောင်းနဲ့သော်လည်းကောင်း ဝင်လာလို့လည်းရပါတယ်။ ✈️။
• ဒါပေမယ့် Visa သက်တမ်းတိုး (or) Visa ပြောင်းခြင်း အတွက် Immigration သို့သွားသောအခါ တွင် ၎င်းတို့ကို ဘာတစ်ခုမှ ဆောင်ရွက်လို့ရမှာ မဟုတ်ပါဘူး❗
• Visa Cancellation မလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် Visa Cancellation ကလည်းအရေးကြီးတယ်ဆိုတာကို သတိထားရမှာဖြစ်ပါတယ်။ ⚠️

---------------------------------------

🔹 Visa Cancellation ကြိုလုပ်နိုင်မယ်
• Visa Expiry Date နားကပ်မှ မလုပ်ပဲ ကြိုလုပ်လို့ရပါတယ် 📆
• Cancellation Letter ကို ကြိုတင်ရယူပြီး Visa သက်တမ်းရက်ကုန်သည့်အထိ ထိုင်းမှာ နေရန် အခွင့်အရေးရှိပါတယ်။
• ဥပမာ။ Visa က 20-Nov ရက်ဆိုကုန်မယ်၊ ကျောင်းကနေ Cancellation Letter ကို 1-Nov မှာရလာပြီး Date ကိုလဲ 20-Nov ထိနေလို့ရအောင် Letter ထဲမှာ ဖော်ပြထားမယ်ဆိုရင် Immigration မှာ 1-Nov မှာ Stamp သွားထုရင်လည်း 20-Nov ထိနေလို့ရပါတယ်။
• Cancellation အတွက် Immigration မှာ တုံးထုတာကို Visa Expire မဖြစ်ခင် (၂၁)ရက်ကြိုတင်ပြီး ဆောင်ရွက်လို့ရပါတယ်။ ဒါကြောင့် အနားကပ်မှ မလုပ်ကြပဲနဲ့ ကျောင်းကနေ Cancellation Letter ယူတဲ့အခါ ကျောင်းဘက်ကလဲ အချိန်ယူ ( အလုပ်ချိန် ၇ ရက်မှ ၁၀ ရက်) ဆောင်ရွက်ရတာမို့လို့ စာရွက်စာတမ်းများ စောစီးစွာ တောင်းယူထားဖို့ အကြံပြုလိုက်ပါတယ် 🚀

---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

    📌မိတ်ဆွေများသို့ အသိပေးကြေညာချက်🛤️ ချင်းမိုင် Immigration ၏ policy အသစ်အရ 🛂 ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအန...
13/10/2024



📌မိတ်ဆွေများသို့ အသိပေးကြေညာချက်

🛤️ ချင်းမိုင် Immigration ၏ policy အသစ်အရ 🛂 ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် ချင်းမိုင်တွင် Visa ပြောင်းလဲ လျှောက်ထားခြင်း (ဥပမာ Tourist Visa မှ ED Visa သို့ပြောင်းလျှောက်ထားခြင်း) ပြုလုပ်၍ မရတော့ကြောင်းအသိပေး အကြောင်းကြားအပ်ပါတယ်ရှင်။

⏳ ကုန်းလမ်းကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် Visa သက်တမ်းတိုးကိစ္စများကိုတော့ နဂိုမူလအတိုင်း သက်တမ်းတိုးနိုင်ပါတယ်။

✈️ လေကြောင်းဖြင့် ဝင်ရောက်လာသူများအနေဖြင့် ပုံမှန်အတိုင်း ချင်းမိုင်တွင် Visa ပြောင်းလဲလျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်ရှင်။

----------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

မင်္ဂလာပါရှင်🙏📌14 Days arrival ဖြင့် ချင်းမိုင်သို့ ရောက်ရှိလာသူများ အနေဖြင့် ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်စရာမလိုပဲ Long...
27/08/2024

မင်္ဂလာပါရှင်🙏
📌14 Days arrival ဖြင့် ချင်းမိုင်သို့ ရောက်ရှိလာသူများ အနေဖြင့် ထိုင်းနိုင်ငံ ပြင်ပသို့ ထွက်စရာမလိုပဲ Long Term Visa (ED, Retirement, Guardian) တစ်ခုခုကို ပြောင်းမည်ဆိုပါက 14 Days ကို E-extension ဖြင့် ဗီဇာ (၁)လ သက်တမ်းတိုးကာ Long-term Visa သို့ “ချက်ချင်း”လျှောက်ထားရန်လိုအပ်ပါတယ်ရှင် (Visa သက်တမ်း ၁ လကျန်ရန် လိုအပ်သောကြောင့်ဖြစ်ပါတယ်)
⚠️သတိပြုရန်။ 14 Days arrival ကို E-extension (၂)ကြိမ် တိုးထားပါက ချင်းမိုင် Immigration တွင် Long-term Visa သို့ပြောင်းလို့မရပါ❗
🙋🏻 ချင်းမိုင်တွင် E-extension ပြုလုပ်ရန် အောက်ပါ အချက်အလက်များလိုအပ်ပါတယ်။
• Passport ဓာတ်ပုံ (နောက်ခံ အဖြူရောင် 4x6 cm)
• Passport Bio Page and Visa Stamp Page
• TM 30 (ချင်းမိုင်လိပ်စာဖြင့်)
• သံရုံးထောက်ခံစာ (ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးတွင် စုံစမ်းနိုင်ပါတယ်ရှင်)
E-extension အကြောင်း အသေးစိတ်ဖတ်ရန် Link: https://www.facebook.com/share/p/jeqFdQG6Gqm46T6A/
---------------------
🔹14 Days arrival ဖြင့် ဝင်လာပြီးနောက် Long-term visa မပြောင်းပဲ ထိုင်းတွင် ၂-၃ လ ခန့်သာ ခေတ္တနေထိုင် လိုသူများအနေဖြင့်လည်း E-extension ကို (၂-၃)ကြိမ်ခန့် တိုး၍နေထိုင်နိုင်ပါတယ်။
🔸 သို့သော် E-extension ကို (၁)ကြိမ်ထက်မက ပြုလုပ်လိုပါက ဘန်ကောက်တွင်သာ ပြုလုပ်ကြပါရန်နှင့် ချင်းမိုင်တွင် သံရုံးထောက်ခံစာဖြင့် Extension ကို (၁)ကြိမ်သာ ပြုလုပ်နိုင်ကြောင်း ကိုလည်း အသိပေးအပ်ပါတယ်ရှင်။
---------------------
🔸Tourist Visa နှင့် Visa E-extension တို့ကနေ Other Visa or Long term Visa ပြောင်းလိုပါက Visa Change ရန်အတွက် ချင်းမိုင် Immigration သို့ဝင်သည့်နေ့၊ Immigration တွင် ဓာတ်ပုံရိုက်သည့်နေ့တွင် မိမိ Passport တွင် “Visa သက်တမ်း (၁)လ” ကျန်ရှိရပါမယ်ရှင်❗❗
---------------------
ကျေးဇူးတင်ပါတယ်ရှင် 🙏
JLM Visa Support Limited Partnership Chiangmai

ที่อยู่

City Home Place 3, 179/66, Soi 3, Moo 8, Ton Pao Subdistrict, San Kamphaeng
Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ JLM Visa Support Limited Partnership Chiangmaiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง JLM Visa Support Limited Partnership Chiangmai:

แชร์