Eain - အိမ်

Eain - အိမ် ဘယ်မှာတည်းမလဲ “Eain-အိမ်” မှာ တည်းမယ်

☔ This rainy season, find cozy comfort at Eain@cnx — your perfect stay in Chiang Mai 🌿📍 Just minutes from the Walking St...
12/07/2025

☔ This rainy season, find cozy comfort at Eain@cnx — your perfect stay in Chiang Mai 🌿

📍 Just minutes from the Walking Street Market
📍 Close to the Airport
📍 Surrounded by top tourist attractions

🐾 Traveling with your furry friend?
We’re a pet-friendly hotel!
Small dogs and cats under 10kg are welcome to stay with you.
(Available in Superior and Deluxe King rooms only)

✨ Special Offer for Walk-in Guests!
🎁 Get 50 THB off + enjoy a free breakfast
Not in the mood for breakfast?
Try our cozy lobby bakery with fresh pastries and great coffee!

🚗 Need a ride? We offer car rental with driver for your convenience.

🕗 Our reception is open daily from 8:00 AM to 8:00 PM
🌙 Planning to check in after 8 PM?
No worries — just let us know in advance and we’ll be happy to arrange a late check-in for you!

💛 Eain@cnx is always happy to welcome you!
— Let us make your stay in Chiang Mai extra special 🌈

☔ หน้าฝนนี้… มาพักสบาย ๆ ใจกลางเชียงใหม่ ที่ Eain@cnx 🌿

📍 ใกล้ ถนนคนเดิน
📍 เดินทางสะดวก ใกล้ สนามบิน
📍 รายล้อมด้วย สถานที่ท่องเที่ยวชื่อดัง

🐾 เราเป็นที่พัก Pet-Friendly
สามารถพาน้องหมาน้องแมวที่น้ำหนักไม่เกิน 10 กิโลกรัม เข้าพักได้
(เฉพาะห้อง Superior และ Deluxe King เท่านั้น)

✨ พิเศษ! สำหรับลูกค้าวอล์คอิน
🎁 รับส่วนลดทันที 50 บาท พร้อม อาหารเช้า ฟรี
หรือถ้าอยากลองอะไรใหม่ ๆ
แวะร้าน เบเกอรี่ที่ล็อบบี้ ของเราได้เลย หอมกรุ่น สดใหม่ทุกวัน!

🚗 ต้องการรถเช่าพร้อมคนขับ? เรามีบริการให้ครบ!

🕗 เคาน์เตอร์รีเซฟชั่น เปิดให้บริการทุกวัน
ตั้งแต่เวลา 08:00 - 20:00 น.
🌙 หากคุณต้องการเช็คอินหลัง 2 ทุ่ม
ไม่ต้องกังวลค่ะ — เพียงแจ้งให้เราทราบล่วงหน้า ทางเรายินดีจัดการให้เรียบร้อย

💛 Eain@cnx ยินดีต้อนรับเสมอค่ะ
— เติมเต็มวันพักผ่อนของคุณให้พิเศษมากกว่าที่เคย 🌈

#ที่พักราคาถูก #ที่พักใกล้เมือง #ที่พักเชียงใหม่ #โรงแรมเชียงใหม่ #ที่พักในเมืองเชียงใหม่ #ที่พัก

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေကြောင်း Eain-အိမ် မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏ဝါဆိုလပြည့်နေ့သည် မြတ်စွာ...
09/07/2025

မင်္ဂလာရှိသော ဝါဆိုလပြည့်နေ့ ဖြစ်ပါစေကြောင်း Eain-အိမ် မိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏
ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင် ဓမ္မစကြာ တရားဦး ဟောကြားတော်မူခဲ့သောနေ့ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာဝင်တို့အတွက် အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်လည်း ဖြစ်ပါသည်။
ဤကဲ့သို့ မင်္ဂလာရှိသော နေ့ထူးနေ့မြတ်တွင် ချမ်းမြေ့ခြင်း၊ ငြိမ်းချမ်းခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ကျွန်ုပ်တို့ Eain-အိမ် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Wishing you a blessed Waso Full Moon Day and Asalha Puja Day from EAIN-အိမ် family. 🙏
Waso Full Moon Day/Asalha Puja Day is a deeply significant day for Buddhists, marking the day the Lord Buddha delivered his first sermon, the Dhammacakkappavattana Sutta.
On this auspicious and special day, the family of EAIN-အိမ် wishes you all peace and serenity.

All we need is a camera and an open heart every Lanna corner turns into art. 📷“มีแค่กล้องกับใจ แล้วมุมล้านนาก็ทำให้ทุกภา...
07/07/2025

All we need is a camera and an open heart every Lanna corner turns into art. 📷

“มีแค่กล้องกับใจ แล้วมุมล้านนาก็ทำให้ทุกภาพเป็นงานศิลป์ 📷”

#โรงแรมเชียงใหม่ #ที่พักราคาถูก #ที่พักเชียงใหม่ #ที่พักใกล้เมือง #ที่พัก #ที่เที่ยวเชียงใหม่

During this rainy season in mid-June, when the air is cool and the gentle drizzle soothes the soul, it’s the perfect tim...
16/06/2025

During this rainy season in mid-June, when the air is cool and the gentle drizzle soothes the soul, it’s the perfect time to relax in the peaceful charm of Chiang Mai. We invite you to experience it for yourself. If you love this kind of cozy, nature-filled atmosphere, think of Eain@cnx Hotel we’re always happy to welcome you. 🍃

ในบรรยากาศหน้าฝนกลางเดือนมิถุนาแบบนี้ อากาศเย็นสบาย ละอองฝนโปรยปรายพอให้ใจสงบ เหมาะอย่างยิ่งแก่การพักผ่อนท่ามกลางความเงียบสงบของเมืองเชียงใหม่ อยากชวนคุณมาสัมผัสความรู้สึกนี้ด้วยตัวเอง หากคุณหลงใหลในบรรยากาศชุ่มฉ่ำและกลิ่นไอธรรมชาติ นึกถึงโรงแรม Eain@cnx ไว้ในใจนะคะ พวกเรายินดีต้อนรับเสมอค่ะ 🙏🏻

#โรงแรมเชียงใหม่ #ที่พักเชียงใหม่ - အိမ် #ที่พักในเมืองเชียงใหม่ #ที่พักราคาถูก #ที่พัก #ที่เที่ยวเชียงใหม่

မယ်ဟောင်ဆောင် ပတ်လမ်းတကမ္ဘာလုံးက စက်ဘီစီးသူတွေ ဆိုင်ကယ်စီးသူတွေ ကြားမှာ ထင်ရှားတဲ့၊ ဟစ်ပီ ပုံစံ ကြိုက်ကြတဲ့ လူတွေကြားမှာ...
10/06/2025

မယ်ဟောင်ဆောင် ပတ်လမ်း

တကမ္ဘာလုံးက စက်ဘီစီးသူတွေ ဆိုင်ကယ်စီးသူတွေ ကြားမှာ ထင်ရှားတဲ့၊ ဟစ်ပီ ပုံစံ ကြိုက်ကြတဲ့ လူတွေကြားမှာ ထင်ရှားတာက ဒီ မယ်ဟောင်ဆောင် ပတ်လမ်းပါ။ မယ်ဟောင်ဆောင် ပတ်လမ်းမှာ အဓိက နေရာတွေက ပိုင်၊ မယ်ဟောင်ဆောင်၊ မယ့်စရီးယန်း ပါ၊ ဒီ ထဲမှာ ခရီး ကို ဆန့်ချင်ရင် မယ့်ချန် နဲ့ ဒွိုင်အင်သနွန် ကို ထည့်လို့ရပါတယ်။

ကိုယ် က ပိုင်၊မယ်ဟောင်ဆောင်၊ မယ့်စရီးယန်း အစဉ်လိုက် သွားမလား၊ မယ့် စရီးယန်း၊ မယ်ဟောင်ဆောင်၊ ပိုင် သွားပြီးမှ ချင်းမိုင်ဝင်မလား။ စိတ်ကြိုက်လှည့်လို့ရပါတယ်။ ဒီ ပတ်လမ်း ကို သွားဖို့ ၇ ရက်ကနေ ၁၀ ရက်ကနေ ဆို ပြည့်စုံပြီး၊ ၅-၇ ရက်ဆို ရင် ကိုယ်သွားချင်တဲ့ နေရာ သေချာ ရွေးသွားနိုင်ပြီး၊ ၃-၅ ရက်ကတော့ ရောက် ပြန် သဘော ကား၊ ဆိုင်ကယ် ပတ်မောင်းတယ်လို့ သဘောထား ရမှာ ဖြစ်ပြီး၊ ၃ ရက်အောက် သွားတယ်ဆိုရင်တော့ မိုက်တယ်လို့ပဲ သတ်မှတ်ရမှာပါ။ ကျွန်တော်တို့ကတော့ ဒီလိုပဲ အကြံပြုချင်ပါရဲ့.

ပထမနေ့

ပိုင် ကို သွားပါ၊ ၃ နာရီ-၄နာရီ လောက် ပတ်ချာလည် မူးနောက်အောင် မောင်းသွားရင် ပိုင် မြို့ဝင်ပါပြီ၊ ပိုင် မြို့ အဝင်မှာ ဂျပန်ခေတ်က မြန်မာပြည်ထဲ ကို စစ်လက်နက် ထောက်ပံ့ဖို့ ဂျပန်တွေ ဆောက်သွားတဲ့ ပိုင်တံ တား အဟောင်းကြီး ဖြစ်ပါတယ်။ အမှတ်တရ ဓါတ်ပုံရိုက်ပါလေ၊ Trekking ပေါ့ပေါ့ပါးပါး သွားချင်ရင် Pai Canyon ဝင်ပါ။ ပိုင်မှာ နှစ်ည လောက် အိပ်ရင် အလောတော်ပါပဲ။ ဒီ ပိုင်မြို့ လေး က အရင် ခေတ်က W**d ချချင်၊ ဘိန်း ချချင် ဒီမှာ လာချကြလို့ ဟစ်ပီ တွေကြား ခေတ်ထ လာတဲ့ မြို့လေးပါ။

ချင်းမိုင် နဲ့ ပိုင် ကြားခြားနားထားတဲ့ တောင်တန်းကြီးတွေပေါ် မြစ်ဖျားခံ ပြီး စ စီးဆင်းတဲ့ ပိုင်မြစ် ဟာ ဒီမှာ အဖျားဖြစ်ပြီး ပိုင် ကနေ၊ မယ်ဟောင်ဆောင်၊ မယ်ဟောင်ဆောင်ကနေ ပြီး ကရင်နီ နယ် ထဲ ဝင်ကာ ဖားဆောင်း အထက်ဘက်မှာ သံလွင်မြစ်ထဲ စီးဝင်ပါတယ်။ မြန်မာဘက်က ဘီန်း၊ ဆေးပြား စတာတွေ လည်း ဒီ နယ်တကြောမှာ ကျော်ကြားခဲ့သမို့ ပိုင် ဟာ ဟစ်ပီတွေရဲ့ နိဗ္ဗာန်လို့ အရင်ခေတ်က ကျော်ကြားခဲ့တာပေါ့။

ခုတော့ Backpacker’s paradise လို့ ဆိုနိုင်ပြီး ဝိ လေး တချချ ဧည့်ခံတတ်တဲ့ ဟိုတယ်ဝန်ထမ်းလေးတွေ၊ တောင်ပတ်လည် ကြားက စပါးခင်းတွေကြား မနက်ခင်း နဲ့ ညနေ ဆို ‌ဝေ့သီနေတဲ့ တဲ့ မြူခိုး တွေက ဝိ လေး တပြဲပြဲနဲ့ အေးဆေး ငြိမ်သက်စွာ နှပ်ချင်သူများ အဖို့တော့ တကယ့်ကို နိဗ္ဗာန်ဘုံပါပဲ။ ပိုင်မှာ လုပ်စရာတွေ က ပိုင်မြစ်ထဲ ဘောကွင်းစီးတာ၊ ပေါများလှတဲ့ ရေပူစမ်း တွေမှာ သွားပြီး ရေပူစမ်း စိမ်တာ၊ အနီးအနားက ကရင်၊ ရှမ်း၊ အခါ ရွာတွေကို သွားလည်တာ၊ ပိုင် လမ်းလျှောက်ညစျေး လေး လျှောက်တာ စတာလေး တွေရှိပါတယ်။ ပိုင်မှာ ရောက်တဲ့ တည အိပ်မယ်၊ နောက်ရက် အပေါ်က ပြောခဲ့တဲ့ ဟာလေးတွေထဲက တခု၊ နှစ်ခု လောက် ရွေးလုပ်ပြီး နောက်တည ထပ် အိပ်လိုက်ပါ။

ပြီး သုံးရက် မြောက်နေ့ မှာ ပိုင် ကနေ စထွက်ပါ။

ပိုင်ကနေ Baan Rak Thai

ပိုင်ကနေ စထွက်ပြီ ဆိုတာ နဲ့ တမျှော်တခေါ်ကြီး တက်ပြီး တဲ့ အခါ Kiew lom View Point မှာ ချမ်းချမ်းစီးစီး ကော်ဖီသောက်၊ မနက်စာစား၊ ပြီး ကရင်နီ နယ်ထဲက ကျတ်ဂူလို သစ်ထွင်းခေါင်းတလားတွေ တွေ့တဲ့ Nam Lod ဂူဝင်၊ ပြီး နေ့လည်စာ ကို အဆင်ပြေတဲ့ နေရာ မှာ စားပြီး၊ Baan Rak Thai ဘက်ကို ဆက်သွား၊ Baan Rak Thai လမ်းခွဲ မရောက်ခင်မှာ ဂူထဲက ရေကန်မှာ ငါးတွေ အများကြီး နေကြတဲ့ ငါးဂူ ဝင်၊ ပြီးရင် Baan Rak Thai သွားရင် ညနေ ၄/၅ နာရီ ဆို ဝင်ပြီ။ အဲ့ဒီည တော့ Baan Rak Thai မှာ အိပ်။

Baan Rak Thai ဆိုတာ မြန်မာပြည် နဲ့ ထိုင်း နယ်စပ် နားလေး နဲ့ ခဲတပစ်စာလောက်မှာ ရှိတာ၊ မြန်မာပြည် ဘက် မှာ အနီးဆုံး မြို့က နာမည် အရမ်းကြီးတဲ့ ခွန်ဆာ ရဲ့ ဟိုမိန်းမြို့လေး။ အရင် က တရုတ်ဖြူ ဗိုလ်ချုပ်ကြီးတွေ အပန်းဖြေနေခဲ့ကြတဲ့ နေရာလို့တော့ ပြောကြတယ်။ တည်းခိုစရိတ်ကတော့ စျေးကြီးတဲ့ထဲ ပါတယ်။ ဒါပေမယ့် တောင်တွေကြားထဲက ရေကန် စပ်က ဆိုင်မှာ ဝက်နံရိုးပေါင်း နဲ့ မန်ထို ပေါက်စီ ကောင်းကောင်းစားရတာနဲ့ တင်တန်ပါတယ်။ ဒါပေသိ လက်ဖက်သုတ် ဆိုတာတော့ သွားစမ်းမစားလေ နဲ့ လက်ဖက်ညွန့်ကို တူနာငါးဗူး နဲ့ သုပ်ထားတာမျိုး။ Baan Rak Thai က ထိုင်းရဲ့ အအေးဆုံး မြို့တွေထဲမှာပါတယ်။ ဆောင်းတွင်းဆိုရင် မနက်ဘက် တောင်လုံး ပြည့်နေတဲ့ လက်ဖက်ခင်း ကြားက တရုတ်အိမ်လေးတွေကို နောက်ခံထားပြီး ရေငွေ့ပျံနေတဲ့ ကန်ရေပြင်မှာ တရုတ်ပုံ လှေလေးတွေ စီးပြီး (တရုတ် ဝတ်စုံ ဝတ်ချင် ဝတ်ပေါ့လေ) ဓါတ်ပုံရိုက်ရတာ က Baan Rak Thai ဆီ ရောက်ဖို့ တက်ရတဲ့ လမ်းတွေ၊ ညအိပ်ဖို့ ပေးရတဲ့ စားရိတ် တွေနဲ့ တန်ပါတယ်။

စတုတ္ထနေ့

စတုတ္ထနေ့ ကတော့ မယ်ဟောင်ဆောင် ကို ပြန်ဆင်းပါ၊ မကြာလှပါ တနာရီလောက် ခရီးပါပဲ။ အပြန် လမ်းမှာ ထင်းရှူးတောတွေကြားမှာ လှပနေတဲ့ ကန်နေရာလေး ဖြစ်တဲ့ Pang Ung မှာ ဝင်ပါ၊ တချို့ကတော့ Bann Rak Thai မှာ မအိပ်ပဲ အဲ့ ဒီမှာလည်းသွားအိပ်တတ်ကြတယ်။ ဒီနေရာလေး ကို ရောက်ဖူးအောင် ဝင်ချင်ဝင်၊ လှတယ်။ ပြီး အဲ့ကနေ မယ်ဟောင်ဆောင် ဆက်ဆင်း၊ မယ်ဟောင်ဆောင် အဝင်မှာ ဆုတောင်းပြည့် တံတား ဆိုတာ ရှိတယ်၊ လယ်ကွင်းတွေထဲက နေ ဖြတ်ဆောက်ထားတဲ့ လူလျှောက် ဝါးတံတားလေး ဟာ သူ့နောက်က တောင် နောက်ခံနဲ့ နာမည် ကြီးပြီး တကယ်လည်း လှပါတယ်။ ပြီးရင် ညနေခင်း မယ်ဟောင်ဆောင် မြို့ထဲက ကောင်းမှုတောင် (Doi Kongmu) ကို တက်ပါ၊ ဒီ တောင်ပေါ်ကနေ တောင်တွေကြားထဲမှာ အိကျ နေတဲ့ မယ်ဟောင်ဆောင် တမြို့လုံးနဲ့ လေယာဉ်တွေ ဆင်းတက် သွားတာကို အပေါ်ကနေ စီးမြင်နေရတာက တကယ့်ကို အတွေ့အကြုံသစ်ပါ။ ဒီ ကောင်းမှုတောင် ပေါ်က မြန်မာ ပန်းရံဆရာတွေ လာဆောက်ပေးသွားတဲ့ မြန်မာဟန် စေတီ နှစ်ဆူ ကလည်း အတော်လေး သပ္ပါယ်လှပပါတယ်။ ဒီညတော့ မယ်ဟောင်ဆောင် က အေးအေးလူလူ ရှိတဲ့ ဘန်ဂလို ပုံ ဟိုတယ်လေးတွေ မှာ ပဲ အေးဆေး အိပ်လိုက်ပါ။

ပဉ္စမနေ့

ဒီနေ့ မနက်စောစော ကိုတော့ မယ်ဟောင်ဆောင် စျေးထဲက ရှမ်းမကြီးတွေ ရောင်းတဲ့ တို့ဟူးနွေး ကောင်းကောင်း ကို မုန့်ညဉ်းချဉ်ကောင်းကောင်း နဲ့ စားပါလေ။ ပြီးရင် စျေးနားလေး မှာ ပွစာထိုးနေတဲ့ မြန်မာစတိုင် ဘုန်းကြီးကျောင်းတွေထဲ တကျောင်း နှစ်ကျောင်းလောက် ဝင်ကြည့်ပါ၊ (မြန်မာပြည်က လာတဲ့သူအဖို့တော့ မြန်မာ ဘုန်းကြီးကျောင်း ကြည့်ပြီး ဘာလုပ်မလဲ)။ မယ်ဟောင်ဆောင် က အရင် က မောက်မယ် နယ်ထဲ ပါပြီး နောက်တော့ ဒီက စော်ဘွားက ထိုင်း ဘက်ပဲ နေဖို့ ရွေးချယ် သွားလို့ ထိုင်း ဘက် ရောက်သွားတယ် ဆိုကြပါတယ်။ မယ်ဟောင်ဆောင် ရဲ့ ထူးခြားချက်က ဘုန်းကြီးကျောင်းတွေ၊ ဘုရား စေတီတွေ အကုန်လုံး က မြန်မာပုံစံ တွေ ကျန်နေခဲ့တာပါပဲ။ ဒါတွေထက် ကျွန်တော်အတွက်တော့ ပို စိတ်ဝင်စားဖို့ကောင်းတာက မယ်ဟောင်ဆောင် စျေးထဲမှာ ထိုင်းတနိုင်ငံလုံး ရှာလို့မလွယ်တဲ့ ကိုင်းခရမ်းချဉ်သီး ကြီးကြီးတွေ ရတတ်တာပါပဲ။ တခါတလေ တောင်ပို့မှိုတွေပါ ပေါပေါများများ ရတတ်လို့ ပါ။

မယ်ဟောင်ဆောင် မှာ မနက်စာစား ပြီးရင် ကော်ဖီ မသောက်ပဲ ဆက်ထွက်ခဲ့ပါ။ မယ်ဟောင်ဆောင် ကနေ စတက်ပြီး Pha B**g Viewpoint က Chomview Coffee မှာ ကော်ဖီကောင်းကောင်း လေး သောက် အဲ့ ဆိုင်ထဲက ကိုယ့်စိတ်ကြိုက်နေရာမှာ အမှတ်တရ စာလေး တွေ ရောင်စုံ မြေဖြူနဲ့ စိတ်ကြိုက်ရေးလို့ရတယ်။ အဲ့ကနေ အေးဆေး နှပ်ပြီး မှ ဆက်ထွက်ခဲ့၊ ကိုယ် က ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သွားတာ ဆိုရင်တော့ Mae U Kho တောင်ကို ဝင်၊ အင်တာ နက်မှာ အရမ်းနာမည်ကြီးတဲ့ နေကြာရိုင်း ခင်းကြီးက အဲ့ဒီမှာ၊ ချင်းမိုင် က နေကြာရိုင်းခင်းကြီး ရိုက်မယ် ဆို ပြီး ချင်းမိုင် ကနေ မယ့်ဥခို ကို တရက်တည်း ရောက်မယ် ထင်တဲ့ လူမိုက် တော့ မလုပ်လေနဲ့။ ထိုင်း အရှေ့မြောက်ပိုင်း ဆိုတာ အကျယ် ကြီးရယ်။

ဒီ မယ်ဟောင်ဆောင် ကနေ မယ့်စရီးယန်း ခရီး ကိုတော့ အေးအေး လူလူ သွားပါလေ၊ လမ်းမှာ View Point လေးတွေ တွေ့ရင် ရပ်၊ ကော်ဖီဆိုင် လှလှလေး တွေ တွေ့ရင် ထိုင်၊ ညနေ လောက် မယ့်စရီးယန်း ရောက်သွားရင် အတော်ပါပဲ။

မယ့်စရီးယန်း ရောက်ရင်တော့ ယွန်းချောင်း ဘေး က ဟိုတယ်လေးတွေမှာ စိတ်ကြိုက်တည်းလို့ရပါတယ်။ ဒီ ယွန်း ချောင်းက မြန်မာ နဲ့ ထိုင်း နယ်စပ် မျဉ်းမှာ ရှိတဲ့ သံလွင်မြစ်ထဲ စီးဝင်တော့၊ အရင် က မုတ္တမ မှာ သစ်စက်တွေ ထောင် သစ်ထုတ်တဲ့ ဘုံဘေဘားမား ကုမ္ပဏီ ရုံးစိုက်ရာလည်း ဖြစ်ခဲ့ပါတယ်။ ကျွန်းသစ် ပေါတဲ့ အရပ်မို့ ကျွန်းသစ် နဲ့ ဆောက်ထားတဲ့ ရေနံဝနေတဲ့ အိမ်ဟောင်းကြီးတွေ စီစီရီရီ မြင်ရမှာဖြစ်ပြီး၊ နွေဦးရွက်ကြွေချိန်များ သွားမိရင် ပြည်မြို့ အဝင်လိုလို၊ အုန်းသျှစ်ပင် ဘက် ပဲ ရောက်နေသလိုလို ဖီလင်တော့ ရပါတယ်။

ဒီ မယ့်စရီးယန်း မြို့လေး က အေးဆေး လှပြီး၊ မယ့်စရီးယန်း မှာ နာမည်ကြီးတာတော့ မြို့ရဲ့ ပြတိုက်နား က အမဲကင်၊ ဝက်ကင် ဆိုင်ပဲ ဖြစ်ပြီး ထိုင်း အရှေ့မြောက်တခွင်မှာ ဒီဆိုင် က အမဲကင်၊ ဝက်ကင် ဆို ကီလို နဲ့ ချိန် အိမ်ပြန်လက်ဆောင် ဝယ်သွားရအောင် နာမည်ကြီးပါတယ်။ လက်သီးဆုပ် နှစ်ဆုပ် စာလောက် ရှိတဲ့ အသားတုံးကြီးကြီး တွေကို သေချာ နယ်နှပ်ထားပြီး မီးသွေးမီး အေးအေး နဲ့ အချိန်ယူ ကင်တာမို့၊ မွှေးကြိုင်ပြီး အရသာက လည်း ကောင်းလှပါတယ်။ အချဉ်က လည်း ခရမ်းချဉ်သီး ပန်ထွေဖျော် ဆန်ဆန် ပြင်ဆင်ထားတာ မို့ ဒီ အမဲကင်၊ ဝက်ကင်လေး နဲ့ ဘီယာလေး၊ ဝီစကီ လေး၊ Regency ဆိုဒါ လေး နဲ့ဆိုရင် ဒီ မယ့်စရီးယန်း ညနေ ဟာ လိုအပ်တာထက်ကို ပိုနေပါပြီ။

ဆဌမ နေ့

မယ့်စရီးယန်း က မြန်မာ နယ်စပ် နဲ့ နီးတာ၊ ပြီးတော့ အရင် ဘုံဘေ ဘားမား ကုမ္ပဏီ နဲ့ ပါလာတဲ့ ဝန်ထမ်းဟောင်းတွေ အချေချခဲ့တာ နဲ့ အညီ စမူဆာ၊ အီကြာကွေး၊ ဆနွင်းမကင်း၊ ဘိန်းမုန့် စတဲ့ မြန်မာမုန့်တွေလည်း ရတတ်တော့ ဒီ မုန့်လေး တွေ ရှာဝယ်ပြီး၊ ချောင်းဘေး က MitMaitri coffee ဆိုင်မှာ အေးဆေး မနက်စာ စား၊ ကော်ဖီ သောက် ပြီး၊ မနေ့က အမဲကင်၊ ဝက်ကင် မစားလိုက်ရရင် သွားစားလို့ရသေးတယ် ၈ နာရီ ဆို ဖွင့်ပြီ။ မယ့်စရီးရန်းမှာ အေး‌အေး ဆေး ဆေး မနက်စာ စား ထွက်လာရင် ချင်းမိုင် တန်းမောင်းရင်တော့ သုံးလေး နာရီ ပဲ မောင်းရမယ်။ သို့ပေသိ ဒွိုင်အင်သနွန်က ဝင်ကို ဝင်သင့်တဲ့ နေရာ လို့ ကျွန်တော်တို့ကတော့ ထောက်ခံပေးချင်တော့ ဒွိုင်သနွန်ကို ဝင်ဖို့ ချင်းမိုင် ဘက် အသွား လမ်းတဝက်လောက် ရောက်ရင် Mae Chaem မြို့လေး ဘက် ခွဲထွက်ခဲ့လိုက်၊ အဲ့ Mae Chaem မြို့လေး မှာ Home stay လေးတွေ၊ လယ်တော ထဲမှာ နေရတဲ့ Farm Stay လေးတွေ အားကြီး၊ အဲ့ကနေ ဒွိုင်အင်သနွန် တောင်ကြီး ကို မနက်နေထွက်မှာ ကြည့်ရတာ အတော်လေး လှပါတယ်။ Mae Chaem မြို့နဲ့ ဒွိုင်အင်သနွန်ကြား တိမ်ပင်လယ် ရာသီ ဆို တိမ်ပင်လယ် ကြီး ဖြစ်နေပြီးတော့ အဲ့ တိမ်ပင်လယ်ကြားက ထိုးထွက်နေတဲ့ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံး ဒွိုင် အင်သနွန်တောင် ကြီးကို မနက်စောစော မြင်ရတာ အတော့်ကို အိပ်မက်ဆန်ပြီး လှပါပါတယ်။ အဲ့မှာ ခြောက်ရက်မြောက် နေ့ ကို အိပ်လိုက်ပါ။

သတ္တမ နေ့

ခုနှစ်ရက်မြောက်နေ့ကိုတော့ ဒွိုင်အင်သနွန်ကို တက်ပါ၊ ဒွိုင် သနွန်မှာ Trail သုံးခု ရှိပါတယ်၊ Kew Mae Pan၊ Ang Ka၊ Pha Dok Sieo ဆိုပြီးတော့ပါ၊ Kew Mae Pan Trail ကတော့ မေလကုန် ကနေ အောက်တိုဘာလအစ ထိ ပိတ်ပါတယ်၊ ထိုင်းနိုင်ငံမှာ အလှဆုံး Trail လို့ ဆိုကြပါတယ်၊ လျှောက်ချိန် ၁ နာရီကနေ ၂ နာရီ ကြား ကြာတတ်ပါတယ်။ Ang ka ကတော့ ဒီတိုင်း အလှ လျှောက် ဓါတ်ပုံရိုက်ပေါ့၊ ၁၅ မိနစ်လောက်ပါ၊ Pha Dok Sieo ကတော့ တောင်ပေါ်ကနေ ချောင်းအတိုင်း Pha Dok Sieo ရေတံခွန် ရှိတဲ့အထိဆင်း၊ ရေတံခွန် ကို ဖြတ်ပြီး၊ လှေကားထစ် စပါးစိုက်ခင်းတွေ ထဲကနေ ဖြတ်ပြီး ကရင်ရွာလေးထဲ ဝင်ကာ ကရင်ရွာက လကားတိုက်တဲ့ ကော်ဖီသောက်၊ ရေနွေးသောက် (အမြည်းပေါ့ဗျာ၊ သူတို့ ထွက်ကုန်လေးတွေ အားပေးချင်အားပေးပေါ့) ရိုးရာဆန်တာပေါ့။ ဒီထဲက Trail နှစ်ခု လောက် ရွေးလျှောက်၊ ပြီးရင် အပြန် ၄ နာရီလောက် မတိုင်ခင် တောင်ပေါ်က ဆင်းပြီး Mae Ya ရေတံခွန်ဝင်၊ ပေငါးရာ ခြောက်ရာ လောက် ရှိတဲ့ တောင်နှစ်လုံး ကြားက စီးကျလာတဲ့ ရေတံခွန်ကြီး က ကြီးလွန်းလို့ ဟုတ်မှဟုတ်ပါ့မလားတောင် ထင်ရတယ်။

ပြီးရင် ချင်းမိုင် ပြန် အိပ်ပေါ့ဗျာ၊ ညဘက် ဝင်မှာပေါ့။

ဒါကတော့ နေရာစုံ မဝင်ရပေမယ့် အတော်လေး ဆုံမယ့် ၆ ညအိပ် ၇ ရက် မယ်ဟောင်ဆောင် ပတ်လမ်း လမ်းညွှန်လေးပေါ့။ ဒီ ပတ်လမ်း ခရီးစဉ်တွေ၊ ချင်းမိုင် နားလေး က မယ့်ကမ်ပေါင်၊ မွန်ဂျန်း ခရီးစဉ်တွေ ကို အိမ်မှာ တည်းပြီး သွားချင်တယ် ဆိုလည်း ကျွန်တော်တို့ အိမ် ကနေ စီစဉ်ပေးပါမယ်။ စျေးကတော့ လာမယ့် ရာသီ ကို မူတည်ပြီး ဟိုတယ် စျေးတွေ ပေါ်မူတည်ပြီး အပြောင်းအလဲ ရှိမှာဆိုတော့ သွားမယ့်လူနဲ့၊ သွားချင်တဲ့ Mode နဲ့ သွားချင်တဲ့ ပုံ ကို မူတည်ပြီး စျေးလေးတွေ ကွာမှာပေါ့နော်၊ ဒီလောက်ပါပဲ။ စာအရှည်ကြီး မရေးချင်ပေမယ့် ဒီလိုရေးမှ ဒီ ခရီးစဉ်တွေကို မြင်သာမှာမို့ ရေးလိုက်တာပါ။ ဖတ်ပေးတာ ကျေးဇူးပါ။

Eain-အိမ်က တင်နေတဲ့ ချင်းမိုင် ခရီးသွား လမ်းညွှန် အဆက်လေးပါဗျာ။ ချင်းမိုင် ကို လာလည်တယ်ဆိုရင် တကယ်က ချင်းမိုင် ဆိုတာထက် ...
05/06/2025

Eain-အိမ်က တင်နေတဲ့ ချင်းမိုင် ခရီးသွား လမ်းညွှန် အဆက်လေးပါဗျာ။

ချင်းမိုင် ကို လာလည်တယ်ဆိုရင် တကယ်က ချင်းမိုင် ဆိုတာထက် ပိုပါတယ်။ ချင်းမိုင် နားမှာ သွားစရာ များလွန်းတော့ ချင်းမိုင် ကို လာ ဘယ်တွေ သွားရမလဲဆိုရင် အရေးကြီးတာက ကိုယ် ဘယ်တွေ သွားချင်တာလဲ နဲ့ ကိုယ် ဘယ်နှစ်ရက် နေမလဲ ဆိုတာက အရေးပါပါတယ်။ ချင်းမိုင် ကနေ ဗဟို ပြုပြီး သွားလို့ရတဲ့ ခရီးရှည် ပတ်လမ်း ၂ ခု ရှိပါတယ်။ မယ်ဟောင်ဆောင်ပတ်လမ်း နဲ့ ချင်းတောင်း၊ ချင်းရိုင် ပတ်လမ်းဖြစ်ပြီး နှစ်လမ်း လုံး က အတော့်ကို လှပ ပြီး လည်ပတ် စရာနေရာတွေများပြားလှပါတယ်။ မယ်ဟောင်ဆောင် ပတ်လမ်း ကို သွားမယ်ဆိုရင်တော့ ၅ ရက်ကနေ ၇ ရက်လောက် အချိန် ပေးရင် ပိုကောင်းပြီး၊ ချင်းတောင်း၊ ချင်းရိုင် ပတ်လမ်း ကတော့ ၃ ရက်ကနေ ၄ ရက် လောက် အချိန် ပေးရပါမယ်။

ချင်းတောင်း၊ ချင်းရိုင် ပတ်လမ်း ကို သွားချင်တယ်ဆိုရင်

ပထမနေ့

- ချင်းမိုင်ကနေ မနက် ထွက်၊ Bua Thong Waterfall ဝင် ရေဆော့၊ ချင်းတောင်း အဝင် Chef’s Kitchen ဆိုတဲ့ စားသောက်ဆိုင် မှာ နေ့လည်စာစား ထိုင်း တနိုင်ငံလုံး စပါဂတ်တီ တပွဲ ဘတ် ၄၀ နဲ့ ရတာ အဲ့ဆိုင်ပဲ ရှိတယ်။ တန်လည်းတန် အရသာလည်း ရှိ။ ပြီးရင် Atmosphere ဆိုင်မှာ ကော်ဖီသောက် ဓါတ်ပုံရိုက်၊ ကိုယ်က ဓါတ်ပုံလှလှ ရိုက်ချင်တယ်ဆို ကျွန်းပင် အရှည်ကြီးတွေ ရှိတဲ့ Giant Tree Alley မှာ ဓါတ်ပုံသွားရိုက်၊ တကယ်လို့ ဂူကြိုက်တတ်တယ်ဆို ချင်းတောင်းဂူ ထဲဝင်၊ ရေနံဆီမီးအိမ်လေး ကိုင်ပြီး လမ်းပြက ရှေ့က ခေါ်သွားတာကို မှောင်နဲ့မည်းမည်း လိုက်သွား။ ကျွန်တော်တို့ အဖို့တော့ လမ်းနံပါတ် ၁၀၇ က View point ဟာ မရပ်မဖြစ် ဓါတ်ပုံရိုက်၊ ထိုင်းမှာ တတိယ အမြင့်ဆုံးဖြစ်တဲ့ ချင်းတောင်း တောင်ကြီးကို လမ်းက ဦးတိုက် သွားတာ ဆိုတော့ ဗျူးက အရမ်းလှ။ အဲ့ကနေ မှ ဂျပန် ပုံစံ မြို့လေး အတိုင်းပြင်ထားတဲ့ Hinoki Land ကို ဝင်၊ ဂျပန် ကီမိုနို ဝတ် ဓါတ်ပုံရိုက်၊ ပြီး အဲ့ ညကို ဘယ်မှာ အိပ်မလဲ၊ စဉ်းစားစရာ သုံးနေရာ ရှိတယ်။ ကိုယ်က Camping ကြိုက်တယ် ဆို Doi Ang Kang တောင် က Mon Sone Viewpoint မှာ Camp ငှားပြီး ညအိပ်။

အဲတောင် က ဇန်နဝါရီ၊ ဖေဖော်ဝါရီ ဆို ချယ်ရီတွေ ဝေနေအောင် ပွင့်ပြီး အရမ်းလှတယ်။ ခွန် ထိုင်းတွေ အကုန် အုံးအုံးကျက်ကျက် လာကြတဲ့အချိန်၊ ပုံမှန်ဆိုရင်တော့ အေးအေးဆေးဆေး ထင်းရှူးတော ထဲကနေ ချင်းရိုင် နဲ့၊ Fang မြို့ လွင်ပြင်ကြီး ကို တမျှော်တခေါ် ဝင်လှပနေတဲ့ နေရာ။ ကိုယ်က Camp နဲ့ အပင်ပန်း မခံချင်ဘူး လူကြီးသူမ နဲ့ အေးအေးဆေးဆေး အိပ်ချင်တယ်ဆို ပျင်းရိငြီးငွေ့ဖွယ်ကောင်းအောင် အေးဆေး လှပတဲ့ Tha Ton ဆိုတဲ့ ရွာလေးမှာ အိပ်။ တကယ်လို့ ကိုယ်က လက်ဖက်ခင်းတွေ ကြား တောင်မတ်မတ်ကြီးတွေရဲ့ ကမ်းပါးစွန်းက ဟိုတယ်မှာ အိပ်ချင်တယ် ဆိုရင်တော့ ယူနန်က ပြောင်း ရွှေ့လာတဲ့ တရုတ်တွေ အခြေချကြတဲ့ Mae Salong ရွာထိ တက်အိပ်။ မြန်မာစကား မတောက်တခေါက် တတ်ကြတဲ့ တရုတ်ဆိုင်တွေ မှာ အမြည်းတိုက်တဲ့ အူးလောင်းလက်ဖက်ရည်လေး နဲ့ ယူနန် စတိုင် ဟင်းတွေ နဲ့ဆို ယူနန်ဟင်း ကြိုက်ကြတဲ့ ကိုယ်တွေ နဲ့ ကွက်တိပဲ။ မယ့်စလောင်းမှာ အိပ်မယ်ဆိုရင်တော့ ချင်းတောင်းမှာ အချိန် သိပ်မဖြုန်းတာ ကောင်းတယ်၊ တောင်တက်လမ်းတွေ က မတ်တယ်။

ဒုတိယ နေ့

- ဒုတိယ နေ့ မနက်စောစောထ ပြီး ချင်းရိုင် ဘက် ဆက်ထွက်၊ ချင်းရိုင် အထွက် အဆင့်မြင့် လက်ဖက်ခြံကြီး လုပ်ထားတဲ့ Choui Fong Tea လက်ဖက်စိုက်ခင်း ကို ဝင်လည်၊ Green Tea Crepe လေးစား၊ လက်ဖက်ရည် ကောင်းကောင်းလေးသောက်၊ အဲ့ကနေ တာချီလိတ် တဖက်ကမ်း မယ်ဆိုင် ကို ဝင်ချင်ဝင်၊ “မြန်မာနိုင်ငံမှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ် နဲ့ ဓါတ်ပုံရိုက်ချင်ရိုက်၊ မယ်ဆိုင် ဘက် တံတားဆင်းဆင်းချင်းမှာ ဖွင့်ထားတဲ့ မြန်မာထမင်းဆိုင် မှာ အားပေးချင်ပေး။ မြန်မာစာ‌ တော်ပဟ ဆိုရင်ဖြင့် ရွှေတြိဂံ ဆက်ဒိုး၊ အမှတ်တရ ဓါတ်ပုံရိုက်ပေါ့ဗျာ၊ ဘာမှ သိပ်ရှိတာတော့ မဟုတ်၊ မဲခေါင်မြစ် နဲ့ မယ်ဆိုင် ချောင်းဆုံ၊ နိုင်ငံ သုံးနိုင်ငံ ထိစပ်နေတဲ့ နေရာပေါ့၊ မြန်မာဘက်မှာ ဒီတိုင်းပစ်ထားတဲ့ မြေအလွတ်တွေ ကြည့်ရမယ်၊ လာအို ဘက် က ကာစီနို မြို့တော် ကြီးကို မြင်ရမယ်၊ ထိုင်း ဘက်မှာတော့ အဲ့ ဒါတွေ ကြည့်ဖို့ မုန့်တန်းလေး၊ ဗျူးပွိုင့်လေး လုပ်ပေးထားတယ်။ ကာစီနိုနဲ့ နီးတော့ စားသောက်ဆိုင်တွေ က စျေးကြီးတယ်၊ ဘန်ကောက်တောင် အဲ့လောက် မကြီး၊ အဲ့တော့ လမ်းဘေး မှာ ရောင်းတဲ့ မုန့်ပဲစားအဲ့မှာ။ ထမင်းကြော် တစ်ပွဲ ကို ဝက်သားတဖက် တင်ပြီး ဘတ် ၁၀၀ တောင်းတဲ့ ဆိုင် ထိုင်းတနိုင်ငံလုံး အဲ့ ရွှေတြိဂံ လှေဆိပ်မှာပဲရှိတယ်။ ကာစီနို မှာ ထီပေါက်တဲ့ လူတွေ ဝင်စားတဲ့ ဆိုင်ထင်ပါရဲ့။
အဲ့ကနေ ချင်းရိုင် ဘက် ပြန်လာ၊ လမ်းမှာ မြန်မာ ရာဇဝင် မှာ ခဏခဏ ပါပြီး၊ မြန်မာဘုရင့်တပ်တွေ နောက်ဆုံး ခြေချသွားတဲ့ ကျိုင်းစင် ကို ဝင်ကြည့်ချင်ကြည့်၊ မကြည့်ချင် ချင်းရိုင် ဘက် ဆက်‌မောင်းလာပြီး ညဘက် Singa Park က ရှုမဆုံးတဲ့ မြက်ခင်းပြင် ကြီးမှာ Singa ဘီယာ လေး၊ ဝက်နံရိုးကင်လေး နဲ့ ချင်းရိုင် ညနေခင်း ကို မျှောချပစ်။ ကြယ်တွေ အောက်မှာ သောက်ရတဲ့ ဘီယာ ဟာ အရသာ ရှိလွန်းလှရဲ့။ ချင်းရိုင် မြို့ထဲ ပြန်အိပ်ချင် အိပ်၊ ဒါမှမဟုတ်လည်း အဲ့ Singa Park နားတင် ဟိုတယ်လေးတွေ စျေးတန် ပါတယ်။

တတိယ နေ့

- တတိယနေ့ တော့ ချင်းရိုင်ပေါ့။ ချင်းရိုင် မှာ ဘုရားဖြူ၊ ဘုရားပြာ၊ ထိုင်းတွေရဲ့ နိုင်ငံ့ဂုဏ်ဆောင် ခေတ်ပြိုင်အနုပညာ ဆရာကြီး သဝန် ရဲ့ အိမ်နက်ကြီးပြတိုက်၊ သိုးခြံ၊ Lalitta Café စသဖြင့် လည်စရာတွေ ပတ်လည်၊ နေ့လည်စာ ကို တော့ ချင်းရိုင် မှာ ပေါတဲ့ Farm to Table စားသောက်ဆိုင် တဆိုင်ဆိုင်မှာ ဝင်စား၊ ခြံထဲ ရတဲ့ သီးနှံ ပေါ် မူတည်ပြီး မီနူး ကတော့ ရွေးရတယ်၊ ရတာရှိ၊ မရတာရှိပဲ။ စားရတာတော့ ခုခူး၊ ခုချက်၊ ခုစား ဆိုတော့ အရသာက ရှယ်မှရှယ်ပဲ။

ချင်းရိုင် မှာ ပတ်လိုက်ရင် ကို တနေကုန်တတ်တော့ ကိုယ်က အဲ့ ည ချင်းမိုင် ပြန်အိပ်မယ်ဆို 3-4 နာရီလောက် ပြန်ထွက်၊ ချင်းမိုင် ရောက် ဟိုတယ် ဝင် နား။ လမ်း မှာ လှတဲ့ ကော်ဖီဆိုင်တွေ အားကြီး တဆိုင်လောက် ဝင် ကော်ဖီသောက် နားဖို့လည်း မမေ့နဲ့။

တကယ်လို့ ချင်းမိုင် မှာ ပြန်မအိပ်လည်း အိုကေတယ်ဆို တိမ်ပင်လယ်တွေ ရှိတဲ့ Doi Chang ကို ညတက်အိပ်၊ ဟိုတယ်စျေးတွေ ကတော့ ရှယ်၊ တည ကို ဘတ် ၂၅၀၀ လောက်ကနေ သောင်းကျော် ထိ ရှိတတ်တယ်။ မနက်မိုးလင်းရင် တိမ်ပင်လယ် ကြီးကို လှပတဲ့ ဘန်ဂလို လေးတွေကနေ နိုးထကြည့်ရတဲ့ အရသာ ကတော့ ရှယ်၊ အင်တာနက် မှာ တွေ့တွေ့နေကြတဲ့ ထိုင်းမ လေးတွေ Bathtub ထဲ ထိုင်ပြီး တိမ်ပင်လယ် နောက်ခံ ကြီးနဲ့ ဆိုတာ အဲ့ဒီမှာ ရိုက်ကြတာ များတယ်၊ ဆောင်းတွင်းကြီး အဲ့လို အပြင်က Bathtub ထဲဝင် ဓါတ်ဖမ်းဖို့ ဆိုရင်တော့ အရိုးစိမ့်အောင် အေးသွားမယ့် ဖြစ်ချင်းပဲ။

ကိုယ်က Doi Chang မှာ ညအိပ်တယ် ဆိုရင်တော့ အရင်နေ့ က Mae Kampong မသွားရသေးရင် အဲ့ကနေ မှ အပြန် ဝင်လည်း ရပါသေးတယ်။ အဲ့ဒါဆိုရင်တော့ စတုတ္ထနေ့ပေါ့။ Mae Kampong မှာ ဘယ်တွေသွားမလဲတော့ ရှေ့က Post ကိုပဲ ပြန်ကိုးကားပါဗျာ။ နောက်တရက်မှ မယ်ဟောင်ဆောင် ပတ် ခရီးစဉ်လေး ဆက်ရေးပါအုံးမယ်။

ချင်းမိုင်လာရင် ဘယ်ကို သွားမလဲချင်းမိုင် နဲ့ ချင်းမိုင် ပတ်ဝန်းကျင်က အရမ်းကျယ် သွားစရာ တွေက အရမ်းများတော့ ရောက်လာတဲ့သူတွ...
03/06/2025

ချင်းမိုင်လာရင် ဘယ်ကို သွားမလဲ

ချင်းမိုင် နဲ့ ချင်းမိုင် ပတ်ဝန်းကျင်က အရမ်းကျယ် သွားစရာ တွေက အရမ်းများတော့ ရောက်လာတဲ့သူတွေ အဖို့ ဘယ်ကိုသွားရမလဲ၊ ဘယ်မှာစားရမလဲ၊ ဘယ်လိုသွားရမလဲ ဆို အမြဲ ဗျာများရပါတယ်။

ချင်းမိုင် ကို အလည်လာသူတွေ အဖို့ Eain-အိမ် ကနေ ဒီလို အကြံပေးလိုပါတယ်။

၃ ည အိပ် ၄ ရက် ...... ခပ်တိုတို အညွှန်း ဆိုရင်တော့
ပထမ နဲ့ ဒုတိယ ရက်၊ ချင်းမိုင်း နဲ့ Doi Suthep၊
တတိယရက် ၊ Mae Wong, Mae Kampong
စတုတ္ထရက်၊ ချင်းမိုင် မြို့ထဲ နဲ့ စျေး၊ ပြီး ပြန်။

စာအရှည်ကြီး ဖတ်ချင်ရင်တော့ အောက်မှာဆက်ဖတ်...

၃ ည အိပ် ၄ ရက် - ဆို ကိုယ်က ချင်းမိုင်ကို နေ့လည် ညနေမှ ရောက်တယ်ဆို၊ ဟိုတယ် Check in ဝင်၊ ရောက်‌ရောက်ချင်း ည စနေ၊ တနင်္ဂနွေ ဆို လမ်းလျှောက်ညစျေး လျှောက် ပါ၊ စနေ၊ တနင်္ဂနွေ မဟုတ်ဘူးဆို Night Bazar ကို သွားပါ။

ဒုတိယနေ့

နောက်နေ့ မနက် ချင်းမိုင် တံခါး နားက စျေး ကို သွားပြီး ဒေသစာ တွေ စားပါ၊ ပြီးရင် ကော်ဖီ ကောင်းကောင်း တခွက် ကို ချင်းမိုင်က များပြားလှတဲ့ ကော်ဖီဆိုင် တွေ ထဲကနေ ကိုယ်ကြိုက်မယ့်ဆိုင် ရွေးသောက်လိုက်ပါ။ အခါအမ၊ ခဲ‌ရော့၊ Roast8ry၊ Fernpresso၊ စသဖြင့် ဆိုင်တွေ များလှသလို စပါယ်ရှလတီ ကော်ဖီဆိုင်တွေ က လည်း ပေါမှ ပေါပါပဲ။ ပြီးရင် ကိုယ် က မြို့ဟောင်းထဲမှာ ပဲ ရှိနေသေးရင် Wat Cedi Luang, Wat Phra Singh, Wat Sri Suphan, Wat Lok Moli စတဲ့ ဘုရား တဆူ၊ နှစ်ဆူ ဝင်ဖူးလှည့်ပါ။ သာဖ ဂိတ် ရှေ့မှာ ခိုလေးတွေ နဲ့ ဓါတ်ပုံရိုက်ဖို့လည်း မမေ့ပါနဲ့။

ပြီးရင် နေ့လည်စာစားဖို့ Tong Tem Toh ဒါမှမဟုတ်၊ Heng Teng Chiang Mai မှာ ထိုင်းမြောက်ပိုင်းစာ ဝင်ဆွဲပါလေ။ ပြီးတာနဲ့ Doi Suthep ကို တက်၊ တော အုပ်ကြီးထဲ မှာ နတ်ဖွက်ထားတဲ့ Wat Phalet ကို ဝင်၊ ပြီးရင် Viewpoint ကနေ ချင်းမိုင် မြို့ကြီး နဲ့ ဓါတ်ပုံရိုက်၊ Wat Suthep ကို ဆက်တက် ဘုရားဖူး၊ ဘုရားက ပြန်ဆင်းလာလို့ ၃ နာရီလောက်ပဲ ရှိသေးရင်၊ Doi Pui ကို ဆက်သွားပြီး အမ်း လူမျိုး တွေရဲ့ ရွာလေး ကို ဝင်၊ အဲ့က တရွာလုံးကို စီးမြင်နေရတဲ့ ကော်ဖီဆိုင်လေး မှာ ကော်ဖီသောက်ပြီး အေးဆေး နှပ်၊ ပြီး ညနေ ၅ နာရီလောက် ပြန်ဆင်းရင်၊ ထမင်းစားချိန်လောက် ချင်းမိုင် ထဲ ပြန်ဝင်၊ မြောက်ပိုင်းစာ မစားချင်ရင် Fried Pork မှာထိုင် ချင်းမိုင် ညခင်းကို ဘီယာလေးနဲ့ မျောချ။ ဒီလောက်ဆို ဒီတရက် က များနေပြီး၊ သိပ်အပင်ပန်း မခံနဲ့။ ကိုယ်က အနားယူဖို့ ခရီးထွက်တာ။

တတိယနေ့

တတိယနေ့ မှာ ကိုယ်က ဘယ်သွားချင်လဲ ကြိုစဉ်းစားထား၊ ဓါတ်ပုံလှလှလိုချင်တယ်ဆို မယ့်ကမ်ပုံ Mae Kampong ရွာဘက်ကို သွား၊ ပြီးရင် သူများတွေလို ဘယ်သွားရမှန်းမသိပဲ ရွာလယ်လမ်း ဓါတ်ပုံရိုက် ပြန်တော့ မလုပ်လေနဲ့ မယ့်ကမ်ပုံ ရွာဘက် သွားရင် အရင် Mae Wong ရွာဘက်ကိုသွား အဲ့ဘက်မှာ Zip Line တွေ ရှိသလို၊ အရမ်းလှတဲ့ တောထဲက ကော်ဖီဆိုင်လေးတွေမှာ ထိုင်၊ ရေတံခွန် မှာ သွားပြီး ဓါတ်ပုံရိုက်ချင်ရိုက်လိုက်အုံး။ Mae Wong ရွာ အကျော် အတက်ကို ဆက်တက်သွားပြီး ညာဘက် ချိုးလိုက်ရင် First Valley ဆိုတဲ့ တောင်စောင်းပေါ်က အရမ်းလှတဲ့ ကော်ဖီဆိုင်မယ် ကော်ဖီကောင်းကောင်းသောက်၊ ပြီး ပြန်ဆင်းပြီး မယ့်ကမ် ပေါင်သွား၊ အဲ့ရောက်ရင် သစ်ပင်အကြီးကြီးပေါ် မှာ ဖွင့်ထားတဲ့ Gian Coffee ဆိုင်၊ လျှိုထဲကို ဆင်းသွားပြီး သစ်ပင်ပေါ်က ကြိုးတံတားကနေ ဖြတ်ပြီး ပြန်တက်လာရတဲ့ Teddu Coffee ဆိုင်၊ ရွာလယ်မှာ ရှိတဲ့ စားသောက်ဆိုင်၊ နောက် တောင်ထိပ် ဆုံးမှာ ရှိတဲ့ Rabiang View Coffee ဆိုင် ဒီဆိုင်တွေမှာ အေးဆေး ထိုင် ဓါတ်ပုံရိုက်။ ဒါဆိုရင်ကို ၃-၄ နာရီ ရှိပြီ။

တကယ်လို့ ကိုယ်က တောင်ပေါ်ရွာမှာ အိပ်ချင်တဲ့ သူဆို အဲ့ည တခါတည်း Mae Kampong က Home Stay တွေမှာ အေးအေးလူလူ တောအနံ့ တောင်အနံ့ခံပြီး အိပ်လိုက်။ မအိပ်ချင်ဘူးဆိုရင် ချင်းမိုင် ပြန်လာ ညဘက် ထိုင်း မြောက်ပိုင်း စာ ကောင်းကောင်းကို မနေ့က မစားလိုက်ရတဲ့ ဆိုင်မှာ ရွေးစား။ ပြီးရင် ညဘက် ချင်းမိုင် က နာမည် ကျော် Jazz bar တွေ ဖြစ် တဲ့ North Gate, Moment’s Notice စတဲ့ Jazz bar တွေမှာ အရမ်းမိုက်တဲ့ Jazz music နဲ့ ညကို ကုန်ဆုံးလိုက်။ လူဖြစ်ရတာ ဒီလောက်တော့ နား အရသာ ခံတတ်မှ။

စတုတ္ထနေ့

ဒီနေ့ကတော့ ပြန်ရမယ့်နေ့ဆိုတော့ ကိုယ်က Mae Kam Pong မှာ အိပ်ရင် စောစောထထွက်။ ပြီးရင် ချင်းမိုင် ရောက်ရင် မဝင်မနေရလို ဖြစ်နေတဲ့ Chom မှာ သွားထိုင် ဓါတ်ပုံရိုက်၊ ပြီးလို့ လေယာဉ်ချိန် ‌ဝေးသေးရင် Woraros စျေးကို ပြေး လက်ဆောင်ပစ္စည်းဝယ်။ ဒါဆို ချင်းမိုင် ၃ ည အိပ် ၄ ရက် ခရီး က မနှံ့ပေမယ့် အတော်လေး ပျော်စရာ ကောင်းတဲ့ ခရီးစဉ်ဖြစ်နေပြီ။ နောက်နေ့မှ တခြား ရွေးချယ်စရာတွေ ဖြစ်တဲ့ Doi Inthanon, Mon Cham, Chiang Dao, Mae Hong Son Loop, Chiang Rai စတာတွေ ဆက်ရေးပါအုံးမယ်။ ချင်းမိုင်မှာ တပါတ်လောက်ဆိုရင်တော့ အတော်လေး ရွေးသွားလို့ရပြီးတော့၊ တလ လောက်ဆိုရင်တော့ အတော်လေး ကို စုံစုံလင်လင် သွားနိုင်မယ့် အကြောင်းလေးပါ ပြောပြပါအုံးမယ်ခဗျာ။

27/04/2025

ကလေးတွေ အတွက် ချင်းမိုင်မှာ လည်စရာ

“VACANCY  ANNOUNCEMENT”Eain@CNX is currently seeking a motivated, experienced and dedicated candidate for the new projec...
27/04/2025

“VACANCY ANNOUNCEMENT”

Eain@CNX is currently seeking a motivated, experienced and dedicated candidate for the new project.

Job Vacancy: Hotel Manager
Location: Thailand (Eain@CNX – New project)
Employment Type: Full-Time
Salary: Competitive, based on qualifications and experience
Visa Sponsorship: Available
Eligibility: Open to all nationalities

Interested candidate shall submit an application letter, C.V with a recent photo to HR Department not Later than __3.5.2025__. Only short-listed candidates will be contacted for interview.
EAIN@CNX

25/04/2025

ပူအိုက်တဲ့ ရာသီ ရောက်လာပြီဆိုတော့ ချင်းမိုင်မှာလည်း ပူနေပါပြီ။ ဒါပေမယ့် ချင်းမိုင် ပတ်ချာလည် မှာ အပူရှောင်လို့ရတဲ့နေရာတွေ ပေါမှ ပေါပါပဲ။ Mae Kampong၊ Mon Jam၊ Doi Pui စတဲ့ တောင်ပေါ်တွေမှာ မပူလှပဲ ရာသီဥတု သင့်တင့်လှပါတယ်။ ဒီရာသီဟာ Sticky Water fall, Mae Klang, Sai Yot စတဲ့ ရေတံခွန်မြောက်များစွာကို သွားရောက်လည်ပတ် ရေထဲစိမ်ရင်း အနားယူလို့ကောင်းတဲ့ အချိန်ပါပဲ။

ပူအိုက်တဲ့ ရာသီ မှာ ရေအေးအေးစိမ်ထားတဲ့ ဘီယာ နဲ့ နားလိုက်မယ်ဆိုရင်ဖြင့်။

ပိုမိုက်တာလေး တခုက ဒီရာသီက low season ဖြစ်လို့ ဟိုတယ်တွေ အကုန် Discount ချနေကြပါတယ်။ Eain-အိမ် မှာ လည်း မေလကုန်ထိ ဈေးချထားပါတယ်။ လာလည်ချင်တယ် ဆိုရင် ဖြင့် ခရီးစဉ်လေးတွေပါစီစဉ်ပေးသွားမှာပါ။

We wish you a happy and prosperous new year ahead.
17/04/2025

We wish you a happy and prosperous new year ahead.

Our thoughts and prayers are with all those affected by the earthquake in Myanmar.In an effort to support the relief eff...
29/03/2025

Our thoughts and prayers are with all those affected by the earthquake in Myanmar.

In an effort to support the relief efforts, we will be donating one day's revenue (28th March, 2025) from Eain@CNX Guesthouse to those in need.

We sincerely hope that Myanmar remains strong and resilient as it rebuilds and heals the lives impacted by this tragedy.

မြန်မာငလျင် မှာ အသက်၊ အိုးအိမ်၊ စည်းစိမ် ပျက်စီးဆုံးရှုံး ခဲ့ကြသူတိုင်း ပြောစရာစကားမရှိအောင် အင်မတန် ဝမ်းနည်းနေကြမယ်‌ဆိုတာ Eain - အိမ် မိသားစု အနေနဲ့ စာနာနားလည်ပြီး ကာယကံရှင် များနဲ့ ထပ်တူ ကြေကွဲ ဝမ်းနည်းရပါတယ်။

ပြန်လည်တည်ထောင်ရေး နဲ့ ကူညီ ကယ်ဆယ်ရေးမှာ သဲတဆုပ် ဖြစ်ဖြစ်ပါဝင်နိုင်အောင် Eain-အိမ် ရဲ့ မတ်လ 28 ရက်နေ့က တရက်စာ ဝင်ငွေကို ထိရောက်တဲ့ဆီကို ဆက်သွယ် ကူညီ လှုဒါန်းသွားမယ့်အပြင် Eain@အိမ် ရဲ့ Reception မှာလည်း ထည့်ဝင်ချင်တဲ့သူ ထည့်ဝင်နိုင်အောင် Donation box လေး ထားသွားပေးပါမယ်။

ဘာဘေးဒဏ် ကြုံကြုံ ထုသားပေသားကျနေတဲ့ မြန်မာပြည်သူပြည်သားတွေ ဒီ ငလျင်ဘေးကိုလည်း အကောင်းဆုံးပြန်လည်တည်ဆောက်၊ ကုသ ကျော်လွှားနိုင်ကြပါစေ၊ မြန်မာပြည်မှာ ဘေးဒုက္ခ တွေကို ကြံ့ကြံ့ခံ ကျော်လွှားနိုင်တဲ့ အေးချမ်းတည်ငြိမ်တဲ့ လူမှုအဖွဲ့အစည်း မြန်မြန်တည်ထောင်နိုင်ကြပါစေ ကြောင်း Eain-အိမ် မိသားစု မှ ဆုဝောာင်းမေတ္တာ ပြုအပ်ပါတယ်။

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+66825311061

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Eain - အိမ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Eain - အိမ်:

แชร์