Great Asian Eagle Travel Agency

Great Asian Eagle Travel Agency Travel High, Travel Smart 🦅
ပြည်တွင်း/ပြည်ပ ခရီးသွားဝန်ဆောင်မှု အေဂျင်စီ

17/08/2026

အရမ်းလှနေတဲ့ Wachirathan Waterfall

15/08/2026

အခုချိန် ချင်းမိုင်လည်ပတ်မယ်ဆို Doi Inthanon ကအကောင်းဆုံးပါ 🍃🍀

ပြည်တွင်း/ပြည်ပ ခရီးဆန့်ဖို့ Great Asian Eagle နဲ့အတူ ချိတ်စို့ !!အရင်က လူကြိုက်များခဲ့တဲ့ ဘန်ကောက်၊ ချင်းမိုင် စတဲ့ ထို...
13/08/2026

ပြည်တွင်း/ပြည်ပ ခရီးဆန့်ဖို့ Great Asian Eagle နဲ့အတူ ချိတ်စို့ !!

အရင်က လူကြိုက်များခဲ့တဲ့ ဘန်ကောက်၊ ချင်းမိုင် စတဲ့

ထိုင်းနိုင်ငံ ခရီးစဉ်တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့

ဆက်လက်ပေးစွမ်းသွားမယ့်အပြင် 😍

မြန်မာနိုင်ငံရဲ့ အထင်ကရ အလှတရားတွေနဲ့

အပန်းဖြေစရာ နေရာတွေကို အေးအေးဆေးဆေး ခံစားနိုင်မယ့်

ပြည်တွင်းခရီးစဉ်များကိုလည်း စတင် တော့မှာဖြစ်ပါတယ်။🥳

ဒါ့အပြင် စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်စတဲ့ အာဆီယံနိုင်ငံတွေကိုပါ

အလွယ်တကူနဲ့ ယုံကြည်စိတ်ချစွာ လည်ပတ်နိုင်ဖို့

Great Asian Eagle က အစစအရာရာ တာဝန်ယူ စီစဉ်ပေးနေပါပြီ။ ✈️

ခရီးစဉ်အသစ်တွေနဲ့အတူ အရင်ကထက်

ပိုမိုပြည့်စုံတဲ့ ဝန်ဆောင်မှု၊ ပိုမိုသက်တောင့်သက်သာရှိတဲ့

အတွေ့အကြုံတွေကို Customer တွေအတွက်

အပြည့်အဝ ပေးစွမ်းသွားဖို့ G*E အဖွဲ့သားတွေက အသင့်ရှိနေပါတယ်။ 🤝

မြန်မာပြည်တွင်း၊ ထိုင်းနဲ့ တခြားသော အာဆီယံ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး

အသေးစိတ် သိရှိလိုတာတွေကို အခုပဲ Page Messenger ကနေ

လာရောက်စုံစမ်း မေးမြန်းနိုင်ပါပြီ။ 📩

Travel High, Travel Smart

*E *ETravel

Responsible Traveller တစ်ယောက်ဖြစ်ဖို့ မမေ့သင့်တဲ့ အချက် (၅) ချက် 💡🎒ခရီးသွားရတာကို ဝါသနာပါတဲ့ သူငယ်ချင်းတို့ရေ... ကိုယ်ရ...
02/07/2026

Responsible Traveller တစ်ယောက်ဖြစ်ဖို့ မမေ့သင့်တဲ့ အချက် (၅) ချက် 💡🎒

ခရီးသွားရတာကို ဝါသနာပါတဲ့ သူငယ်ချင်းတို့ရေ... ကိုယ်ရောက်သွားတဲ့ ဒေသလေးတွေမှာ

အမှတ်တရကောင်းတွေ ချန်ထားခဲ့နိုင်ဖို့က အရမ်းအရေးကြီးပါတယ်နော်။

ဒါကြောင့် ခရီးသွားတဲ့အခါ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေအပေါ် တာဝန်သိတဲ့

“Responsible Traveller - တာဝန်သိ ခရီးသွား” တစ်ယောက်ဖြစ်ဖို့ ဒီအချက်လေး (၅) ချက်ကို မမေ့ဖို့ လက်တို့ချင်ပါတယ်။

(၁) ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးစံတွေကို လေးစားပါ 🙏

ကိုယ်သွားမယ့်ဒေသရဲ့ ဝတ်စားဆင်ယင်မှု၊ အပြုအမူနဲ့ အထွတ်အမြတ်ထားတဲ့ နေရာတွေကို ကြိုတင်လေ့လာပြီး လေးလေးစားစား နေထိုင်ပေးပါ။ (ဥပမာ - ဘုရားကျောင်းကန်သွားရင် သင့်တင့်လျောက်ပတ်စွာ ဝတ်ဆင်တာမျိုးပေါ့)

(၂) ဒေသခံစီးပွားရေးကို အားပေးပါ 🛍️

ဒေသခံတွေ ရောင်းတဲ့ ဈေးဆိုင်လေးတွေ၊ စားသောက်ဆိုင်လေးတွေနဲ့ ဒေသထွက် လက်မှုပစ္စည်းလေးတွေကို ဝယ်ယူအားပေးတာက သူတို့ရဲ့ စီးပွားရေးကို တိုက်ရိုက်အထောက်အကူ ဖြစ်စေပါတယ်။

(၃) သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေနဲ့ 🌳

တောတောင်ရေမြေတွေဆီ သွားတဲ့အခါ သစ်ပင်ပန်းမန်တွေကို မချိုးဖဲ့ဖို့နဲ့ တောရိုင်းတိရစ္ဆာန်တွေကို အစာသွားကျွေးတာမျိုး၊ အနှောင့်အယှက်ပေးတာမျိုးတွေ ရှောင်ကြဉ်ပေးဖို့ အရေးကြီးပါတယ်။

(၄) ပလတ်စတစ် အသုံးပြုမှု လျှော့ချပါ ♻️

ခရီးသွားတိုင်း တစ်ခါသုံး ပလတ်စတစ်ဘူးတွေ၊ အိတ်တွေ သုံးမယ့်အစား ကိုယ်ပိုင် ရေသန့်ဘူး နဲ့ အဝတ်အိတ် (Tote bag) လေးတွေ ယူသွားတဲ့ အကျင့်လေး လုပ်ကြည့်ရအောင်။

(၅) အမှိုက်ကင်းစင်အောင် ထားခဲ့ပါ 🗑️

"ခြေရာကလွဲပြီး ဘာမှမချန်ခဲ့ပါနဲ့၊ ဓာတ်ပုံကလွဲပြီး ဘာမှမယူလာပါနဲ့" ဆိုတဲ့ စကားလေးအတိုင်း ကိုယ်စားသောက်ထားတဲ့ အမှိုက်တွေကို စနစ်တကျပစ်ဖို့နဲ့ သေချာပြန်သိမ်းလာဖို့ မမေ့ပါနဲ့နော်။

ဒီအချက်လေးတွေထဲက သူငယ်ချင်းတို့ အမြဲတမ်း လက်တွေ့လုပ်ဖြစ်နေတဲ့ အချက်ကရော ဘယ်အချက်လေးများ ဖြစ်မလဲ? Comment မှာ မျှဝေပေးသွားပါဦး။ 👇

ခရီးသွားရင် အမြဲတမ်း စည်းကမ်းရှိတဲ့ ကိုယ့်ရဲ့ Travel Buddy ကိုလည်း Mention ခေါ်သွားလို့ ရပါတယ်နော်။ 😉✈️

လေယာဉ်စီးတဲ့အခါ နားအူတာ၊ နားကိုက်တာတွေကို ဘယ်လို ကြိုတင်ကာကွယ်မလဲ? ✈️👂🏻မိတ်ဆွေတို့ရေ... လေယာဉ်အတက်အဆင်း လုပ်တဲ့အချိန်မှာ...
29/06/2026

လေယာဉ်စီးတဲ့အခါ နားအူတာ၊ နားကိုက်တာတွေကို ဘယ်လို ကြိုတင်ကာကွယ်မလဲ? ✈️👂🏻

မိတ်ဆွေတို့ရေ... လေယာဉ်အတက်အဆင်း လုပ်တဲ့အချိန်မှာ လေဖိအား ရုတ်တရက် အပြောင်းအလဲဖြစ်သွားတာကြောင့် နားအူတာ၊ နားပိတ်သွားတာမျိုးတွေ မကြာခဏ ကြုံဖူးကြမှာပါ။

တချို့ဆိုရင် နားကိုက်တဲ့အထိတောင် ခံစားရတတ်ပါတယ်နော်။ 😓😓

ဒါကြောင့် ဒီနေ့မှာတော့ ခရီးသွားမိတ်ဆွေတို့အတွက် လေယာဉ်ပေါ်မှာ နားအူတာကို

အလွယ်တကူ ကာကွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

🍬 ပီကေဝါးပါ (သို့) သကြားလုံးငုံပါ

မေးရိုးလှုပ်ရှားမှုနဲ့ တံတွေးမျိုချတာက နားစည်ထဲက လေဖိအားကို အလိုအလျောက် ညှိပေးပါတယ်။ ဒါကြောင့် လေယာဉ်အတက်အဆင်းမှာ ပီကေလေးဝါးတာဖြစ်ဖြစ်၊ သကြားလုံးလေး ငုံထားတာဖြစ်ဖြစ် လုပ်ပေးပါ။

🥱 သမ်းဝေပေးပါ

ပါးစပ်ကို ဟပြီး သမ်းဝေတာကလည်း နားတွင်းပြွန်ကို ပွင့်စေလို့ လေဖိအားကို ညီမျှသွားစေဖို့ အမြန်ဆုံး ကူညီပေးပါတယ်။

💧 ရေများများသောက်ပါ

ရေသောက်တဲ့အခါ တံတွေးမျိုချသလို အကျိုးသက်ရောက်မှုရှိလို့ နားပိတ်တာကို သိသိသာသာ သက်သာစေပါတယ်။

👃 လေမှုတ်ထုတ်ပါ

နှာခေါင်းကို လက်နဲ့ညှစ်ပြီး ပါးစပ်ကိုပိတ်ထားပါ။ ပြီးရင် နှာခေါင်းထဲကနေ လေကို ဖြည်းဖြည်းချင်း မှုတ်ထုတ်ပေးပါ။ နားထဲမှာ "ဖောက်" ဆိုပြီး ပွင့်သွားပါလိမ့်မယ်။ (အရမ်းပြင်းပြင်း မမှုတ်ထုတ်မိဖို့တော့ သတိထားပါနော်)

🚫😴 အတက်အဆင်းမှာ မအိပ်ပါနဲ့

လေယာဉ်စတက်မယ့်အချိန်နဲ့ ကွင်းဆင်းမယ့်အချိန်တွေမှာ နိုးနေဖို့ အရေးကြီးပါတယ်။ ဒါမှသာ နားအူလာရင် ချက်ချင်း သိရှိပြီး ကာကွယ်နိုင်မှာပါ။

💊 အအေးမိနေရင် ဆေးကြိုသုံးပါ

နှာစေး၊ အအေးမိဖြစ်နေချိန် လေယာဉ်စီးရင် နားပိုအူ၊ ပိုကိုက်တတ်ပါတယ်။ ဒါကြောင့် မစီးခင်မှာ နှာခေါင်းပွင့်ဆေးရည် (Nasal Spray) ဒါမှမဟုတ် နှာစေးပျောက်ဆေး ကြိုတင်သုံးထားဖို့ အကြံပြုချင်ပါတယ်။

🎧 လေယာဉ်စီး နားပလပ် အသုံးပြုပါ

လေဖိအားကို ညှိပေးနိုင်တဲ့ လေယာဉ်စီးတဲ့အခါ သီးသန့်တပ်ရတဲ့ Flight Earplugs လေးတွေကိုလည်း အသုံးပြုနိုင်ပါတယ်ဗျာ။

ဒီအချက်လေးတွေကို သိထားရင် နောက်ခရီးစဉ်တွေမှာ နားအူ၊နားကိုက်တဲ့ ပြဿနာမရှိဘဲ သက်တောင့်သက်သာနဲ့ ခရီးသွားနိုင်မှာပါ။

ကိုယ့်ရဲ့ ခရီးသွားဖော် သူငယ်ချင်းတွေကိုလည်း သိသွားအောင် ဒီ Post လေးကို Share လုပ်ပြီး မျှဝေပေးလိုက်ပါဦးနော်။ ✨

ခရီးသွားမိတ်ဆွေများအားလုံး စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးစဉ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ 💙

လေဆိပ်မှာ ခရီးဆောင်အိတ် - Luggage မှားယူခံရတာ၊ ပျောက်ဆုံးတာမျိုး မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ? 🧳🪬ခရီးသွားတဲ့အခါ လေ...
25/06/2026

လေဆိပ်မှာ ခရီးဆောင်အိတ် - Luggage မှားယူခံရတာ၊ ပျောက်ဆုံးတာမျိုး မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်မလဲ? 🧳🪬

ခရီးသွားတဲ့အခါ လေဆိပ်မှာ အိတ်တွေထွက်လာပြီဆိုရင် ကိုယ့်အိတ်လေးများလားဆိုပြီး မျက်လုံးပြူးရှာရတဲ့ အဖြစ်မျိုးက တော်တော်များများ ကြုံဖူးကြမှာပါ။

အိတ်ပျောက်မှာ၊ သူများအိတ်နဲ့ မှားပါသွားမှာကို စိတ်ပူတတ်တဲ့ မိတ်ဆွေတွေအတွက် လက်တွေ့အသုံးဝင်မယ့် နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်ခင်ဗျာ။

လေဆိပ်မှာ အိတ်တွေက အရောင်တူ၊ ဒီဇိုင်းတူတွေ များတတ်လို့ အောက်က အချက်လေးတွေက ရိုးရှင်းပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။

(1) Name Tag တပ်ထားပါ 🔖

နာမည်နဲ့ ဖုန်းနံပါတ်ပါတဲ့ Tag လေး တပ်ထားပေးပါ။ မှားယူမိတဲ့သူက သတိထားမိရင် အလွယ်တကူ ပြန်ဆက်သွယ်နိုင်ပါတယ်။

(2) ထူးခြားတဲ့ Sticker လေးတွေ ကပ်ပါ 😍

သူများအိတ်နဲ့ မတူအောင် ကိုယ်သဘောကျတဲ့ ချစ်စရာ Sticker လေးတွေ ကပ်ထားရင် Baggage Claim မှာ အိတ်လာရွေးတဲ့အခါ အဝေးကတည်းက တန်းမြင်ရပါတယ်။

(3) Check-in မဝင်ခင် ဓာတ်ပုံရိုက်ထားပါ 📷

အိတ်ကို ကောင်တာမှာ မအပ်ခင် ဖုန်းနဲ့ ဓာတ်ပုံတစ်ပုံလောက်တော့ ရိုက်ထားပေးပါ။ အကြောင်းတစ်စုံတစ်ရာကြောင့် အိတ်ကို ပြန်ရှာရမယ်ဆိုရင် မှတ်တမ်းအဖြစ် ပြစရာရှိလို့ အရမ်းအထောက်အကူ ဖြစ်စေပါတယ်။

ဒီအချက်လေးတွေက လွယ်လွယ်ကူကူနဲ့ အနည်းငယ်ဖြစ်ဖြစ် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ဗျာ။ 🙏🏼

ခရီးသွားတိုင်း ကိုယ့်အိတ်လေးကို လိုက်ရှာနေရတတ်တဲ့ သူငယ်ချင်းကိုလည်း ဒီ Post လေးမှာ mention ပြီး သတိပေးလိုက်ပါဦး။ 😁

အားလုံးပဲ လေဆိပ်မှာ အိတ်ပျောက်၊ အိတ်မှားတဲ့ ပြဿနာကင်းကင်းနဲ့ စိတ်ချမ်းသာစရာကောင်းတဲ့ ခရီးစဉ်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေဗျာ။ ✈️✨

#ခရီးသွားဗဟုသုတ

မိုးအေးအေးလေးမှာ ဖန်တီးသင့်တဲ့ Romantic ဆန်ဆန် Perfect Date လေး... ☁️☕️ကိုယ်ချစ်ရတဲ့သူရယ်...မွှေးပျံ့နေတဲ့ ကော်ဖီပူပူလေး...
21/06/2026

မိုးအေးအေးလေးမှာ ဖန်တီးသင့်တဲ့ Romantic ဆန်ဆန် Perfect Date လေး... ☁️☕️

ကိုယ်ချစ်ရတဲ့သူရယ်...
မွှေးပျံ့နေတဲ့ ကော်ဖီပူပူလေး တစ်ခွက်ရယ်...
မျက်စိရှေ့မှာ မြင်နေတဲ့ အဖြူရောင် တိမ်ပင်လယ်ကြီးရယ်... 🤍

မိုးရာသီမှာ ချင်းမိုင်ရဲ့ နာမည်ကျော် Mon Jam တောင်ပေါ်က သပ်ရပ်လှပတဲ့ Homestay တွေ၊ Resort လေးတွေဆီသွားပြီး

သီးသန့်ဆန်ဆန် Romantic Vibe လေးကို အတူတူ ခံစားကြည့်ဖို့ စိတ်ကူးဖူးလား? 😇

သဘာဝရဲ့ အလှတရားတွေကြားမှာ နှစ်ယောက်တည်း အေးအေးဆေးဆေး Healing လုပ်ရင်း

အလှပဆုံး အမှတ်တရတွေကို ဖန်တီးလို့မယ့် အချိန်ပါပဲ 🌿

အကောင်းဆုံးတွေချည်းပဲ ပေးချင်တဲ့ ချစ်ရသူအတွက် Blue Eagle ရဲ့

Couple Private Tour နဲ့အတူ အလှပဆုံး ခရီးစဉ်လေးတစ်ခုကို အခုပဲ စီစဉ်လိုက်ပါ 😍

ဒီ Package လေးနဲ့ဆိုရင်...

✨ Tour တွေလို Schedule အတင်းအကျပ် မရှိဘဲ ကြိုက်တဲ့ ကော်ဖီဆိုင်လေးတွေမှာ နှစ်ယောက်တည်း စိတ်ကြိုက် အချိန်ဖြုန်းလို့ရမယ်…

✨ တခြားသူတွေနဲ့ ရောနှောစရာမလိုဘဲ သီးသန့်ကားလေးနဲ့ အေးဆေးသွားနိုင်မယ်…

စိတ်အေးချမ်းမှုနဲ့ Romantic ဆန်မှုတွေကို အပြည့်အဝ ပေးစွမ်းနိုင်မယ့်

ဒီခရီးစဉ်လေးက အသင့်စောင့်ကြိုနေပါတယ်နော်... 👩‍❤️‍👨

ခရီးစဉ်လေးကို စုံစမ်းချင်တယ်ဆိုရင်တော့ Chat Box သို့မဟုတ် ဖုန်းနံပါတ်များမှ ဆက်သွယ် စုံစမ်းနိုင်ပါတယ် 👇

📱 Viber / Line: +66837088601
📞 Phone: 0837088601

🦅 "Travel high, Travel smart” 🦅

တစ်နှစ်မှ တစ်ခါပဲ ကြုံရမယ့် ထူးခြားတဲ့ ရိုးရာအငွေ့အသက်တွေထဲ စီးမျောကြည့်လိုက်ပါ... 🎭✨ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Isa...
19/06/2026

တစ်နှစ်မှ တစ်ခါပဲ ကြုံရမယ့် ထူးခြားတဲ့ ရိုးရာအငွေ့အသက်တွေထဲ စီးမျောကြည့်လိုက်ပါ... 🎭✨

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Isan ပြည်နယ်၊ Loei ခရိုင်မှာ ကျင်းပတဲ့ Phi Ta Khon (တစ္ဆေမျက်နှာဖုံးပွဲတော်) ဟာ

ယဉ်ကျေးမှုအရရော၊ အတွေ့အကြုံအရပါ ထိုင်းနိုင်ငံရဲ့ အထူးခြားဆုံးပွဲတော်တစ်ခုပါ။

ဇွန်လ(၂၀)ကနေ (၂၂) အထိ ကျင်းပမယ့် ဒီပွဲတော်ရဲ့ ထူးခြားချက်ကတော့

ပါဝင်ဆင်နွှဲသူတွေဟာ ထူးခြားဆန်းပြားတဲ့ မျက်နှာဖုံးကြီးတွေကို ဝတ်ဆင်ပြီး ဝိညာဉ်တွေလို ဟန်ဆောင်ကာ လမ်းလျှောက်ကပြကြတာပါ။

ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှု ယုံကြည်ချက်တွေ ပေါင်းစပ်ထားတဲ့ ဒီပွဲတော်ကို

မိုးခေါ်ပွဲအဖြစ်လည်း သတ်မှတ်ကြပါတယ်။

ဒီခရီးစဉ်မှာ -

🎭 Phi Ta Khon ပွဲတော်ရဲ့ အရောင်အသွေး၊ တက်ကြွမှုနဲ့ ရိုးရာအငွေ့အသက်ကို (၁) ညအိပ်ခရီးစဉ်နဲ့ အနီးကပ်ခံစားမယ်။

🌿 အပြန်လမ်းမှာတော့ လန်ပန်း (Lampang) မြို့ရဲ့ ရှေးဟောင်းစေတီတော် Wat Phra That Lampang Luang နဲ့ Kad Kong Ta ဈေးတန်းလေးမှာ အနားယူမယ်။

ချင်းမိုင်ကနေ Loei ထိ ခရီးက (၄၀၀) ကီလိုမီတာကျော် ဝေးပေမယ့်

BETA ရဲ့ VIP Car Rental Service နဲ့ဆိုရင် ပင်ပန်းမှုဆိုတာ လုံးဝမရှိစေရပါဘူး။

ကျယ်ဝန်းပြီး သက်သောင့်သက်သာရှိတဲ့ VIP ကားတွေ၊ ကျွမ်းကျင်တဲ့ Driver တွေနဲ့ဆိုရင်

လမ်းတစ်လျှောက်လုံး အေးအေးဆေးဆေး နားနေရင်း အမှတ်တရတွေကိုသာ ပျော်ရွှင်စွာ ဖန်တီးနိုင်မှာပါ။

ချင်းမိုင်နဲ့ မတူညီတဲ့ အလှအပ၊ ဓလေ့တွေကို Phi Ta Khon ပွဲတော်မှာ လေ့လာချင်တယ်၊ ခံစားချင်တယ်ဆိုရင်တော့

ရက်လည်း ကပ်နေပြီမို့ အခုပဲ ကြိုတင် Booking တင်နိုင်ပြီနော်။

ခရီးစဉ်နဲ့ ပတ်သက်ပြီး သိချင်တာရှိရင်လည်း ဘာမှအားမနာဘဲ messenger ကနေ အခုပဲ လာရောက် မေးမြန်းနိုင်ပါတယ် ခင်ဗျ။

📱 Viber / Line: +66837088601
📞 Phone: 083-708-8601

🦅 “Travel high, Travel smart” 🦅

Photos credit to rightful owners

ที่อยู่

Bayint Naung Road
Chiang Mai
50000

เบอร์โทรศัพท์

+66837088601

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Great Asian Eagle Travel Agencyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Great Asian Eagle Travel Agency:

ทางลัด

แชร์