Traveller Zwe BeyOnd JouRneys

Traveller Zwe BeyOnd JouRneys ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Traveller Zwe BeyOnd JouRneys, บริษัทท่องเที่ยว, Chiang Mai.

ထိုင်းမှာ AIS Fiber WiFi ဘယ်လိုကိုယ်တိုင်လျှောက်မလဲ?WiFi ဆိုတာနေရာတိုင်း ရှိပေမဲ့ ကိုယ်ပိုင် security အရသုံးချင်တာမျိုး ...
12/08/2024

ထိုင်းမှာ AIS Fiber WiFi ဘယ်လိုကိုယ်တိုင်လျှောက်မလဲ?

WiFi ဆိုတာနေရာတိုင်း ရှိပေမဲ့ ကိုယ်ပိုင် security အရသုံးချင်တာမျိုး internet speed လိုအပ်ချက်ရဖြစ်ဖြစ် ကိုယ်ပိုင် WiFi သုံးတာ ပိုကောင်းတာမို့ အကြံပေးချင်ပါတယ်🙏🏻🙏🏻🙏🏻

သူများ WiFi ယူသုံးတာ ဘာမှ မဖြစ်ပေမဲ့ Hacking လုပ်ခံရဖို့ အရမ်းများပါတယ် 🫣🫣🫣🫣 ဥပမာ ဆိုကြပါစို့ ကျနော်က WiFi ရှိတယ် သူငယ်ချင်းတွေက လိုလို့ သုံးချင်တယ်နော် ကျနော် ပေးသုံးလိုက်ရင်တောင် အဲ့ဖုန်းထဲက အချက်အလက်တွေ hack ချင် အကုန်ရတယ် 😝😝😝

WiFi ရတိုင်း free သုံးတာ သက်သာပေမဲ့ hack ခံရရင် အကုန် ပါနိုင်တာမို့ ကိုယ်ပိုင်သုံးတာ အကောင်းဆုံးပါ

နောက်တစ်ချက် က ကျနော်က Game ဆော့တယ် တစ်ခါတစ်လေ stream ရင် stream မှာမို့ Smart AI Gamer plan လေး ကို ယူဖြစ်တယ် 🥰🥰🥰🥰 (တစ်လကို ဘတ် ၈၀၀ တန်)

၁စက္ကန့်ကို 1GB speed ဆိုတော့ ကျနော်တစ်ယောက်ထဲ ဆိုတော့ high speed ပါပဲ🥶🥶🥶🥶

Download က 923Mb , Upload က 647 MB တတ်

AIS က နေ flyer လေးရလာတော့ တတ်ကြည့်မယ်ပေါ့

Qr scan လေး scan ပြီး AIS fiber line ကိုရောက်တယ်

နောက်မိမိအိမ် location ပို့ပေးတော့ WiFi တတ်လို့ရကြောင်း စာပြန်ပါတယ်

ဘယ်လိုစလျှောက်မလဲ ???????
1. Passport ဓာတ်ပုံရိုက်ပို့ရပါတယ်
2. အိမ်လိပ်စာကို ထိုင်းလိုရေးပေးရတယ်
3. အမည် နဲ့ ဖုန်းနံပါတ်ကို ပို့ပေးရတယ်

အဲ့အချက်တွေ ပြီးရင် AIS Fiber က သင့်ဖုန်းစီ Mail ဝင်လာပါလိမ့်မယ်

လာတတ်မဲ့ရက် လစဉ်ပေးသွင်းရမဲ့ကြေး ပြုလုပ်ပုံ အဆင်ဆင့် စာတွေတောက်လျှောက်ပို့ပါမယ်

ထိုင်းလို မပြောတတ်လည်းရတယ် English လို အကုန်ပြောနိုင်တယ်

မနေ့က လျှောက်လိုက်တာ ဒီနေ့ချက်ချင်း လာတတ်ပေးသွားပါတယ်

တက်ဆင်ခ + Router + ကြိုးဖိုး အားလုံး အခမဲ့ပါ လစဉ်ကြေး ၈၀၀ဘတ်ပဲ installation လာလုပ်သွားတဲ့သူတွေကိုပဲ ပေးရတယ် ဒါပါပဲ

အနည်းဆုံးလစဉ်ကျေး ၅၀၀ဘတ် ကနေ စရှိပါတယ် ကိုယ်သုံးမဲ့ Amount ကိုချိန်ပြီး ကြိုက်တာကို ရွေးချယ် ဝယ်ယူနိုင်ပါတယ်

လွယ်လွယ်ကူကူ WiFi တတ်ကပါစို့💪🏻💪🏻💪🏻💪🏻💪🏻

Guide ဘဝဇာတ်ကြောင်း တစေ့တစောင်း အပိုင်း (၆) အယောက် ၂၀၀ ကျော် ရွှေလမင်းဆေးရုံ Annual Trip (ညမအိပ်ရအောင် အားထည့်ခဲ့ရတဲ့ ခရ...
03/08/2024

Guide ဘဝဇာတ်ကြောင်း တစေ့တစောင်း အပိုင်း (၆)

အယောက် ၂၀၀ ကျော် ရွှေလမင်းဆေးရုံ Annual Trip (ညမအိပ်ရအောင် အားထည့်ခဲ့ရတဲ့ ခရီးစဉ်)

ပုံမှန်ကားတစ်စီးမှာ အယောက် ၄၀/၅၀ ကို လိုလေသေးမရှိအကုန်စီစဉ်နိုင်ပေမဲ့ ဒီ Trip ကတော့ကျနော်ရဲ့ Challenge ဆိုရင်လည်းမမှားပါဘူး….

ကျနော့် Boss ကမနက်ဖြန်ဆေးရုံပိုင်ရှင်နဲ့ သွားတွေ့ရမယ်သားရေ ရုံးစောစောလာနော်တဲ့ ……😂😂
( ကျနော်ရုံးတက်ချိန်သည် ၁၀နာရီ ၁၁ နာရီ အမြဲတမ်း….🤭🤭🤭)

မနက် ၈ နာရီလောက်ထဲကရုံးလာပြီး Boss ကိုစောင့်….လမ်းမတော်ရွှေလမင်းဆေးရုံကို ဆရာတပည့် ၂ ယောက်ထွက်လာခဲ့ကြတာပေါ့…..လာနေတဲ့လမ်းမှာ ကျနော့်ကို သေချာဂရုစိုက်ဖို့မှာတယ်…..သူဌေးတွေရှေ့မှာ ဘယ်လိုစကားပြော ပြုမူနေထိုင်ဖို့ကအစသေချာလေးမှာတယ်….
သူဌေးကလည်း အလုပ်တွေအရမ်းများတော့ နောက်အခါတွေသူဌေးတွေနဲ့တိုက်ရိုက်တွေ့ရမည်ဖြစ်ကြောင်း တစ်ခါထဲမှာတော့တာပါပဲ…..

Meeting စတဲ့အချိန် သူဌေး ၂ ယောက် တိုက်ရိုက်ပြော….ကျနော်ကတော့ Notebook လေးနဲ့လိုက်မှတ်ပြီး သူတို့သုံးချင်တဲ့ budget/ဝန်ထမ်းဦးရေနဲ့ ဝင်အောင်ဆွဲဖို့စီစဉ်ရတယ်….

သွားမဲ့ဦးရေက ၂၅၀ ကျော်….သီတင်းကျွတ်လပြည့်ကျော် ၂ရက်လောက်ရှိသေးတော့ ပုဂံမှာလူတွေကတိုးလို့မပေါက်သေးဘူး….

ပုဂံကို တစ်ခေါက်အရင်သွားပြီး ကြိုစီစဉ်ရတာပေါ့….စားသောက်ဆိုင်/ဟိုတယ်/စက်လှေ/တောင်တတ်ကား အကုန်ကြိုချိတ်ပြီးစကားပြောရပြီပေါ့…ပုံမှန် ၄၀/၅၀/၁၀၀ လောက်ကဆိုင်တွေ ဟိုတယ်တွေ တန်းဝင်လို့ရပေမယ့် ၂၅၀ ကျတော့ကြိုချိတ်ထားရတယ်….

ပုဂံမှာ ရှေ့တစ်ခေါက်ပြသာနာတွေတက်တုန်းပဲရှိသေးတော့ ကျနော်မသ်ိစိတ်ကတော့စိုးရိမ်နေမိတာအမှန်ပါပဲ….

နောက်တစ်ချက်ကတော့ ကား ၄ စီး ဖြစ်တဲ့အတွက် Guide ၄ ယောက်…ကျနော်တို့အတွက် ပထမဆုံးအခေါက် ဖြစ်တဲ့အတွက် သူဌေးကိုယ်တိုင်လိုက်လာပါတယ်….

ပါတဲ့ Guide တွေအကုန်လုံးက မိန်းကလေးတွေပဲ…ယောကျာ်းလေးဆိုလို့ကိုယ်တစ်ယောက်ထဲရယ်….

Bus1 - အိခင် ၊ Bus2 - သူသူ ၊ Bus3 - သက်မှုး…..ပြီးတော့ကျနော်ကယောကျာ်းလေးဆိုတော့ နောက်ဆုံးကား Bus4 နဲ့လိုက်ပေးရတယ်…

ဒီတစ်ခါတော့ ကျနော်တော်တော်လည်သွားပြီ….မနက်စာကို လူချောင်တဲ့ကျောက်ပန်းတောင်းကဆိုင်တစ်ဆိုင်မှာ အကုန်ဝင်ကျွေးလိုက်တယ်…

နောက်ပြီး ပုပ္ပါးအရင်ဝင်တာပေါ့နော်….ဒီတစ်ခါတော့ အရမ်းလည်သွားပြီ…ကားတွေကိုထိပ်ဆုံးမှာရပ်ပြီး ခေါင်းပြန်လှည့်ခိုင်းထားတယ်….လေးစီးလုံး ဧည့်သည်တွေကိုကြိုမှာထားတယ်….သီတင်းကျွတ်ပိတ်ရက်ဖြစ်သည့်အတွက် ကားတွေလူတွေ အရမ်းများတဲ့အကြောင်း…မိမိတို့ကားတွေထိပ်ဆုံးမှာရပ်မှသာ အမြန် ပြန်ထွက်နိုင်ကြောင်း….လမ်းအနည်းငယ်လျှောက်ရသော်လည်း ကိုယ်တွေ အရင်ထွက်နိုင်ကြောင်းသေချာရှင်းပြတော့ လက်ခံတဲ့အတွက် လူထောင်ချီတိုးနေတဲ့ပုပွါးမှာ အခက်အခဲမရှိဖြတ်ကျော်နိုင်ခဲ့တယ်…

ပုဂံကိုဆက်ထွက်လာပြီး မြို့သစ်ဘက်က ဘုရားတွေလည်ပြီး နေ့လည်စာကိုမာလာသိင်္ဂီမှာ….
တစ်စီးခြင်းဆီ အဝင်အထွက်လုပ်ပြီး အချိန်ကိုက် Timing မိအောင်ဝင်ကြသည်ပေါ့….

ကျွန်တော်တို့ ဘုရားတွေပတ်ဖူးနေတဲ့ အချိန် Boss ကညစာဆိုင်တွေ Hotel တွေက်ိုကြိုစီစဉ်နေပါပြီ…

လူအရမ်းကြပ်ပြီး တိုးလို့မရနိုင်အောင် များပေမယ့် ကားကိုလှည့်လို့ရတဲ့နေရာတွေမှာရပ်ခဲ့ပြီး လမ်းလျှောက်ကြပါတယ်(ဥပမာ ကားတွေကို သဗ္ဗညုနဲ့ အာနန္ဒာကြားရပ်ပြီး ၂ခုလုံး လမ်းလျှောက်ကြတယ်…စူဠာမဏိ/ဓမ္မရံကြီး/ရွှေဆံတော် ဘက်ကိုလည်း ကြားမှာ ရပ်ပြီး လမ်းလျှောက်ကြသည်ပေါ့)….

ညစာမစားခင် အလိုတော်ပြည့် ထီးလိုမင်းလိုဘက်ကိုဖူးပြီး ပွင့်မာလာမှာညစာစားခဲ့ပါတယ်…..

ပွဲတော်ရက် ရက်ကြပ်ဖြစ်နေတော့ Hotel ၄ ခုခွဲပြီးထားရတာတော်တော်ခက်တယ်…ကားတစ်စီး တစ်လုံးစီခွဲ အခန်းတွေခွဲပြီးတဲ့အချိန်မှာ ည ၁၁ နာရီကျော်နေပါပြီ….

ရှေ့ညတွေလည်းအိပ်ရေးမဝခဲ့….ခရီးစဉ်ကဆက်တိုက်မနားရသေးတဲ့ အပြင် အိပ်ချိန်အရမ်းနည်းခဲ့ပါတယ်….

နောက်နေ့ မနက် လူတွေတိုးနေတဲ့ စွယ်တော်လေးဆူကို နောက်နေ့မကူး နေ့ချင်းဖူးနိုင်အောင်လုပ်ဖို့ Guide ၄ ယောက် ခေါင်းချင်းဆိုင်နေပါပြီ( ဒီတစ်ခါတော့ အားရှိတယ် အတော်ဆုံး ၄ယောက်မို့ အကုန်ညီတယ်)….

အိပ်ချိန် ၂နာရီကို ဝအောင်အိပ်ပြီး မနက် ၂နာရီထ…သူများတွေထက်စောအောင် ဧည့်သည်တွေ ၃နာရီ ကားပေါ်အရောက်….စက်လှေအများစုက ဗူးဘုရားကနေဆင်းကြတယ်….ကျနော်တို့က ဧရာဆိပ်ကနေ ငါးစီးမှာထားပြီး အကုန်အဲ့ကဆင်းကြတယ်….

တန့်ကြည်တောင်ဘက်ရောက်တော့ Hijet အစား Light truck တွေရအောင်ယူပြီး Guide တစ်ယောက်ကို ၃စီးနှုန်းရအောင် ထိန်းပြီးမြန်မြန်ဖူးနိုင်ခဲ့တယ်….

နောက်လောကနန္ဒာမှာ မုဒ်ဦးလောက်ကို ကားရပ်ခဲ့ပြီး လမ်းလျှောက်ဖူးကြပြန်သည်….🤣🤣

မနက်စာ မာလာသိင်္ဂီမှာပြန်စားပြီး တူးရွင်းတောင်ကိုပြေး….ကားတွေကို ကားကွင်းထက်ချောင်တဲ့နေရာကိုပြန်လာကြိုခိုင်းပြီး တက်ကြတယ်……

နောက်ဆုံး ရွှေစည်းခုံလည်းရောက်တော့ ၁၅မိနစ် အလိုမှာ ဘုရားထဲကို ပြေးဝင်ကြတာ…..အကုန်လုံး ၁၂နာရီမကျော်ခင် စွယ်တော်လေးဆူလုံးမီတဲ့အတွက် အရမ်းပျော်ကြပါတယ်…..

နေ့လည်စာစားပြီး ကျန်တဲ့ဘုရားတွေ အကုန်ဆက်ဖူးရင်း ညနေမှပြန်ထွက်လာခဲ့တယ်….ညစာစားရင် Game plan တွေပါတဲ့အတွက် ဦးလှမျိုးတို့ ထန်းရိပ်သာမှာ အကျယ်ကြီးပျော်ပျော်ပါးပါးစီစဉ်ပေးနိုင်ခဲ့တယ်….

ကျနော်တို့ အရမ်းပင်ပန်းနေပါပြီ….Guide တွေတောက်လျှောက်မနားရတာ….ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကို ဆေးရုံတစ်ဖွဲ့လုံးလည်း မြင်တဲ့အတွက် နှစ်တိုင်းကျနော်တို့နဲ့ပဲ ခရီးတွေဆက်တိုက်သွားခဲ့ရပါတယ်…..

ဆက်လက်ရေးသားပါဦးမည်….

အပိုင်း (၇) ကိုယ်တိုင်ဆွဲ ခရီးစဉ်သစ်
ကလော Trekking…အင်းလေး-ရွာငံခရီးစဉ်…..

Guide ဘဝ ဇာတ်ကြောင်းတစေ့တစောင်း အပိုင်း ၅ ....မမေ့နိုင်တဲ့ပုဂံမှာပြည့်လျှံမှုကြီးရှေ့ကခရီးတွေ ရေးနေခဲ့တဲ့ အချိန်တုန်းက မ...
02/08/2024

Guide ဘဝ ဇာတ်ကြောင်းတစေ့တစောင်း အပိုင်း ၅
....မမေ့နိုင်တဲ့ပုဂံမှာပြည့်လျှံမှုကြီး

ရှေ့ကခရီးတွေ ရေးနေခဲ့တဲ့ အချိန်တုန်းက မိုးတွင်းကာလပေါ့.....မိုးတွင်းဆိုရင် လူသွားအများဆုံးခရီးစဥ်ကိုပြောပါဆိုရင် ပုဂံခရီးစဥ်ပါ... 👍👍👍

ဘာလို့ဆိုရင် မိုးတွင်းကာလဆိုတာ မြန်မာနိုင်ငံမှာ Tourism လောကအတွက် Low Season ကို ဘယ်​တော့မှ မရနိုင်တဲ့စျေးတွေနဲ့ Hotel တွေက စျေးချတယ် ကား​တွေသက်သာတယ် Package စျေးတွေအကုန် သက်သာတယ်😁😁😁 အဲ့တာကြောင့် အညာဒေသ မိုးမရွာတဲ့ ပုဂံကို စိတ်ဝင်စားကြတယ်

ဘာလို့ဆို နွေခေါင်ခေါင်လောက် မပူသလိုရှေးဟောင်းဘုရားတွေကြား စိမ်းစိမ်းစိုစိုနဲ့ဆိုတော့
ပုဂံရဲ့ အလှကို စိတ်ကူးနဲ့တင်ခံစားကြည့်လို့ရနေပါပြီ❤❤❤❤❤

မိုးတွင်းတောက်လျှောက် အပတ်စဥ် ပုဂံတွေကလည်းသွားနေရတဲ့သကာလ October. သီတင်းကျွတ်ကို ကျွန်တော်ကိုင်ရတာက ပုဂံခရီးစဥ်ပါ...အမြဲတမ်းလည်းသွားနေကျ...ဘာအခက်အခဲမှ မရှိခဲ့ပေမဲ့ ကျွန်တော် မျက်ရည်ကျခဲ့ရတဲ့ခရီးစဥ်ပါ ဘဝမှာမမေ့ဘူး😢😢😢😢

ကျန်တဲ့အချိန် ရက်ကြပ်ရက်တွေသွားဖူးပေမယ့်ပုဂံရဲ့ သီတင်းကျွတ် တိုးမပေါက်တဲ့ခရီးစဥ် ဘဝမှာ ပထမဦးဆုံးပါ…အတွေ့ကြုံနုသေးတာက တစ်ကြောင်း.....
Pressure တွေများခဲ့တာတစ်ကြောင်း....တကယ်ကို ခက်ခဲခဲ့ပါတယ်.......

ခရီးစဥ်တစ်ခု စပြီးပြဿနာတတ်တော့မယ်ဆိုရင် ရန်ကုန်စထွက်ထဲက နိမိတ်မကောင်းဘူး..😁😁ပြောပြမယ်နော်...ကြိုနေ့ကျဧည့်သည်တစ်ခါမှ မကျန်ခဲ့ဘူးပေမယ့် ဘာတာနဲ့သံလမ်း မှတ်တိုင်မှားပြီး ကျန်ခဲ့တယ်.....ဧည့်သည်အမက စိတ်ဆိုးပြီးမလိုက်​တော့ဘူးလုပ်ပေမယ့် ဒူးထောင်တောင်းပန်တမျှ ခေါ်ပြီးလိုက်ခဲ့ခိုင်းရတယ်......

#ပုပ္ပါးမှာပိတ်ပြီ
အပြန်မှာပုပ္ပါးပိတ်မှာကျိန်းသေပေါက်သိနေပေမယ့် အသွားထဲကဝင်မယ်ဆိုပြီး ဝင်ချသွားတယ်….ဧည့်သည်တွေတော့ပင်ပန်းတယ်…ကားကိုအောက်ထဲထိမဆင်းခိုင်းပဲ ခေါင်းပြန်လှည့်ထားတယ်….လမ်းလျှောက်ရတာဝေးတယ်ဆိုပေမယ့် ကိုယ့်ကားကထိပ်ဆုံးမှာ.....အဲ့တော့ပြန်ထွက်တာထိပ်ဆုံးမှာ….အရမ်း​တော့မပိတ်ခဲ့ဘူး...😁😁😁

#ဧည့်သည်ဆိုတာဗိုက်ဆာလေစိတ်တိုလေပုပ္ပါးကို မနက် ၆နာရီထဲကရောက်ပေမယ့်တိုးကြ ကားတန်းကြ ပိတ်ကြနဲ့ တစ်ကယ်တမ်းပြန်ထွက်နိုင်တာ နေ့လည် ၁၁ထိုးပြီ….ပုဂံနဲ့ နီးနီးလေးကို ၂နာရီကြာမောင်းပြီး ၁နာရီမှာ ထမင်းစား Hotel ဝင်ရတယ်....

်ခန်းလိုနေချင်း
အခန်းရောက်တော့ အဲ့နေ့ကဖြစ်ချင်တော့ကားက နှစ်စီး….ကျွန်တော်ကနောက်မှရောက်တော့ အခန်းတွေအကုန်လုံးကလည်း ပြည့်နေပြီ မကျန်တော့ဘူး….အကုန်လုံး အခန်းတွေခွဲလိုက်ပြီး ၁ခန်းပဲကျန်တော့တယ်….နေရမှာ ၄ယောက်…😁😁CB bankကအဖွဲ့တွေ ခုထိသတိရနေပါသေးတယ်....
အခန်းရအောင်စီစဥ်ပေးပါမယ်ပြောပြီး ခဏ​ရေဝင်ချိုးခိုင်းပြီး နေ့ခင်း ၃နာရီ မှာ ပြန်ထွက်မယ်ချိန်းလိုက်တယ်....

#ကားပေါ်မှာအချင်းချင်းငြိကုန်ပြီ
အခန်းခွဲတာနဲ့ တချို့စောပေမဲ့ တချို့နောက်ကျတယ်…ဒါပေမဲ့ အခန်းတစ်ခန်းလိုတဲ့အဖွဲ့က ရေလုချိုးရတော့နောက်ကျတယ်လေ....၃ခွဲမှာ ကားပေါ်ရောက်တော့ တခြားသူတွေဝိုင်းပြောကြတယ်သူတို့ကို ….ဒါပေမယ့် သူတို့အခန်းအခက်အခဲဖြစ်တာမသိဘူးလေ….စိတ်ဆိုးပြီးမလိုက်တော့ဘူးဆိုပြီး ဆင်းသွားတယ်…ရတယ် Ebike နဲ့လည်မယ်ဆိုပြီးတော့.....

အနေအထားကမလှတော့ အဲ့အချိန်ဖြစ်နေမယ့် ကျွန်တော့်မျက်နှာကို မှန်းဆကြည့်…😁😁

#ပုဂံမှာတိုးမရအောင်ကားတွေပိတ်ပြီ
အရင်ဆုံး ဓမ္မရံကြီးဘုရားသွားတယ်…ကားတွေဆိုတာလှည့်လို့တောင်မရဘူး…၃နာရီထဲကဝင်လိုက်တာ ၅နာရီအထိ ပြန်ထွက်လို့မရဘူး…Sunset ကြည့်ဖို့
ရွှေဆံတော် (အဲ့တုန်းကကြည့်လို့ရသေး) ကိုအချိန်မီတိုးရတော့မယ်…မရမကရအောင်တိုးပြီး Sunset ကြည့် ၇နာရီထိုးမှ ထွက်ရတယ်…ထမင်းစားပြီး Hotel ဝင်ရတော့တာပေါ့…တနေ့လုံးဖူးတာ ၂ဆူပဲပြီးသေးတယ်….ဘုရားတွေအများကြီး......

#စိတ်ဓာတ်တော်တော်ကျနေပီ
ကားပေါ်မှာ အားလုံးကျနော့်ကို မေတ္တာပို့နေကြပြီ…..
အခန်းပြဿနာတက်တယ်…စားသောက်ဆိုင်လုရတယ်….ဘဘကြီးတစ်ယောက်ကစိတ်ဆိုးနေတယ်….လမ်းတွေလျှောက်ရလို့ အဝေးကြီးတွေ.......
မနက်ဖြန် သီတင်းကျွတ်လပြည့်နေ့နဲ့ စွယ်တော်လေးဆူဖူးရမှာ…အချိန်မီပါ့မလားပေါ့…..😢😢😢😢

ဘာတာမှာကျန်ခဲ့တဲ့ ဧည့်သည်မမကို နှင်းဆီပန်းလေးပေးပြီး တောင်းပန်ပါတယ်မမဆိုတော့ ရီတယ်
😁😁😁
နောက်တစ်ယောက်ကတော့ အာပွားပါပေးခဲ့ရတယ်
ပြောရရင်အဲ့အကိုကနွဲ့တယ်….ပြောရရင် Gay ပေါ့….
လူကိုယ်တိုင်တောင်းပန်ရမယ်တဲ့…သူတို့မိန်းခလေး ၂ယောက် ယောကျာ်းလေး ၂ယောက် အခန်းထဲခေါ်ပြီး အခန်းမရတဲ့အကြောင်းတောင်းပန်တယ်....
နောက်တာလား တကယ်လားမသိ အာပွါးပေးလိုက်ရတယ် အဲ့အကိုကို….😁😁😁😁

#လက်ညှိုးငေါက်ငေါက်အထိုးခံရချိန်_မမေ့နိုင်ဘူး
မနက်၃နာရီထပြီး တန့်ကြည်​တောင်ကူးရမယ့်အချိန်
လပြည့်နေ့ဆိုတော့ ဧရာဝတီမြစ်ရေကလည်းတက်နေတယ်…မှောင်မှောင်မဲမဲထဲလှေစီးပြီး ဟိုဘက်ကမ်းရောက်... Light truck ကားတွေမကျန်တော့…..
Hijet တွေပဲငှားရတာ….ကားက ၅စီး ကိုယ်တစ်ယောက်ထဲ….လူတွေကလည်းကြပ်ပိတ်သိပ်နေတယ်…
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို သီတင်းကျွတ်လပြည့်နေ့ ပုလ္လင်ဆေးမိုးရွာချလိုက်တာ ကြောက်မခန်းလိလိ….
ရေကျော်တွေအကုန် ရေစီးကြမ်းပြီးကားတွေရပ်ကုန်တဲ့အထိပဲ….ကားတွေ လူတွေ ကွဲကုန်တယ်....... ကျွန်တော်ဆောက်တည်ရမရတော့ဘူး….ရသလောက် လမ်းလျှောက်တက်ပြီး ကားတွေ အကုန်ရပ်ခိုင်းထားတယ် ကားတွေကရပ်ချင်တဲ့နေရာရပ်.........
ဧည့်သည်တွေစကားသံတွေ ထွက်လာပြီ…ငါတို့ Guide ကအသုံးမှမကျတာ....ဆွမ်းပွဲလဲမကပ်ရဘူး….
အစီစဥ်တွေ အကုန်ကြန့်ကြာ..စားရသောက်ရတာလဲ အဆင်မပြေ.....
သူတို့စကားတွေ ကျွန်တော့်နားထဲ ပဲ့တင်သံထပ်နေပီ
ဒါပေမဲ့ ကျွန်တော့်ကိုထိုးနှက်တဲ့လူတွေရှိသလို ဝိုင်းဖေးမတဲ့လူတွေလဲရှိပါတယ်.....

#မဖြစ်ဘူးရုံးကိုဖုန်းဆက်တိုင်ရမယ်.....
ကျွန်တော့်ရင်ဘက်ထဲကို တက်​ဆောင့်တဲ့စကား….အမြဲတမ်းတော်လွန်းလို့ ချီးမွမ်းခံရတဲ့ငါ အဆူခံရမှာလား ငါအသုံးမကျတော့ဘူးလား...ငါတော်တော်ညံ့ပါလား စိတ်ထဲမှာဖြစ်နေပြီ….
အရင်ဆုံးကားတွေစုတယ်….လူမပြည့်မချင်း မထွက်ဘူးပြောတဲ့အချိန် ကားသမားတွေနဲ့ ဒဲ့စကားများတယ်....ဒေါသကထွက်နေပြီ…..ကားခပိုပေးမယ် ရပ်ထားဆိုမှ ငြိမ်သွားတယ်….ပြန်ဆင်းလာတာ မနက် ၉နာရီကျော်ပြီ.....မနက်စာမစားရသေး Hotel ကို ဖုန်းဆက် အတင်းတောင်းပန်ပြီး မနက်စာ ချန်ခိုင်းရတယ်

#ကျွန်တော့်သူဌေးဖုန်းဆက်ပြီ
အကိုရောအမရောတကယ်ကိုဖုန်းဆက်ပြီ…ကျွန်တော်မကိုင်ရဲဘူး ပြောဖို့ဆွံ့အနေတယ်.....အသံတွေတုန်နေတယ်....
သားအဆင်ပြေလားတဲ့....မပြေဘူးအမ (ငိုသံပါနေတယ်) ဘယ်လိုဖြစ်တာလဲတဲ့.... အကြောင်းစုံပြောပြလိုက်တယ်...သားဘာမှမဖြစ်နဲ့ စိတ်ဓာတ်မကျနဲတဲ့….
အေးဆေးကိုယ်လုပ်စရာရှိတာဆက်လုပ် သားတော်တာ အမသိတယ်တဲ့....
အကို ထပ်ဆက်လာတယ်....ညီလေး..ဘာမှမဖြစ်နဲ့
ဧည့်သည်ဆိုတာဒီလိုပဲပြောကြမှာပဲ....တကယ်တော်တဲ့လူဆိုတာ..ဖြစ်လာတဲ့အခက်ခဲကိုခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်တယ်...မင်းကို အကိုယုံတယ်တဲ့....(အဲ့စကားတွေကြားတဲ့အချိန် တကယ် မျက်ရည်ကျနေခဲ့မိတယ်)
တကယ်မငိုခဲ့ပေမဲ့ ရင်ထဲမှာ ကျနော်ဆို့နေတယ်......
😭😭😭😭😭😭😭😭😭😭😭😭

#ဧည့်သည်တွေကိုRequestလုပ်
မနက်စာစား checkout လုပ်ပြီး ကျန်တဲ့ဘုရားတွေဖူးတယ်….စွယ်တော်လေးဆူကတော့ မမီတော့ပေမဲ့ ကျန်တာတွေအေးဆေးဖူးပြီး ပြန်မယ်ဆိုပြီးပေါ့….
ကျွန်တော် ထီးလိုမင်းလိုနဲ့အလိုတော်ပြည့်တော့ကျန်သေးတယ်….ဒါပေမဲ့ ညစာနောက်ကျနေတော့ ချန်ထားခဲ့လိုက်တယ်..... တူးရွင်းတောင်ဝင််ပြီး ပြန်ဆင်းခါနီးမှာ ၂ဆူ ကျန်သေးတယ်နော်တဲ့ ပြန်ပို့ပေးပါလုပ်ကြပြန်ရော.....
ကိုပိုင်ပိုင်ရယ် အကိုက Reviewတွေ ဒီလောက်များတာအကိုတော်မှန်းသိပါတယ်ဗျာ.....
လုပ်ပါနော်ဆိုတော့...ကားဆရာနဲ့ရှင်းရတော့တာပေါ့....
ကိုကြည်ဝင်း ကျွန်တော့်အကိုကြီး.😁😁.တောင်းတောင်းပန်ပန်နဲ့ ပုဂဲထဲ ပြန်ဝင်မောင်းရတယ်...ညစာကတော့ နောက်ကျပြီလေ မတတ်နိုင်ဘူး….ထန်းရိပ်သာက ဦးလှမျိုး ကျွန်တော့်ကိုသားတစ်ယောက်လိုချစ်တယ် ကူညီပေးတယ် အမြဲတမ်း ❤❤❤ ကျန်တဲ့ဘုရားတွေဖူးပြီး ညစာကို ၈နာရီကျော် ၉နာရီမှစားခဲ့ရတယ်....

အပြန်ခရိီးနှုတ်ဆက်စကားပြောတဲ့အချိန်မှာတော့ အသံတွေ တုန်ရီနေခဲ့ပါတယ်.......
အဆင်မပြေဖြစ်ခဲ့တဲ့ ဧည့်သည်တစ်ဖွဲ့စီတိုင်းကို ကျွန်တော်လက်အုပ်ချီတောင်းပန်တယ်….လူသိရှင်ကြားနော်.🙏🏻🙏🏻🙏🏻🙏🏻 ဒါကြောင့် review တွေ မဆိုးတဲ့အပြင် အကောင်း Review တွေထပ်ရခဲ့ပါသေးတယ်....

ဒီခရီးလေးနဲ့ပတ်သတ်ပြီးကျွန်တော့်ဘဝအတွက်သင်ခန်းစာတွေအများကြီးရခဲ့တယ်.......

ဒီအချိန်အထိ အခက်အခဲတွေဘယ်လောက်ရှိရှိရပ်တည်နိုင်ခဲ့တယ်........

အဲ့နေ့ကခရီးစဥ်ပြီးတာနဲ့ မနက်ရောက်ပေမယ့် ညနေမှာပုဂံကို လူ၂၀၀နဲ့ ထပ်လာခဲ့ရပါတယ်.....

အဲ့တာက #ရွှေလမင်းဆေးရုံရဲ့ပုဂံခရီးစဥ်

အပိုင်း(၆) ဆက်လက်ဖတ်ရှုပေးပါဦးနော်


Guide ဘဝဇာတ်ကြောင်း တစေ့တစောင်း အပိုင်း (၄)   Guide ရယ်လို့ ဖြစ်လာခဲ့ခြင်းမှတ်မိသလောက် အချိန်ကလည်း မိုးတွင်းကာလ  မြန်မာန...
28/07/2024

Guide ဘဝဇာတ်ကြောင်း တစေ့တစောင်း အပိုင်း (၄)


Guide ရယ်လို့ ဖြစ်လာခဲ့ခြင်း

မှတ်မိသလောက် အချိန်ကလည်း မိုးတွင်းကာလ မြန်မာနိုင်ငံမှာတော့ Low Season ပေါ့ဗျာ… ခရီးသွားဧည့်သည်တွေပါးတဲ့ အချိန် ဘယ်ခရီးစဉ်မှ ရောင်းစရာမရှိတဲ့ အချိန်ပေါ့……

ဒါပေမယ့် ကျွန်တော်တို့ မြန်မာနိုင်ငံ မြေပြင်အနေအထားအရ အောက်ပြည်အောက်ရွာရယ် တောင်ပေါ်ဒေသတွေက မိုးများပြီးတော့ တစ်နေရာကတော့ မိုးတောင်မရှိသလောက်ပါပဲ

ထိုအရပ်ကအညာဒေသ …မိုးအရမ်းနည်းပါတယ် အရိမဒ္ဒနာပူရတစ်ချိန်က တမ္ပဒီပ ရှေးအခါ ပေါက္ကံ ပြည်ရယ်လို့ ခေါ်ဆိုတဲ့ ပုဂံမှာ ရာသီဥတုလေး က သာယာလို့နေပါတယ်

နောက်တစ်ချက် မိုးတွင်းဆို 4star 5star Hotel ကြီးတွေက အပြိုင်အဆိုင်စျေးချတဲ့အချိန်ဆိုတော့ ပုဂံခရီးစဉ်လေး အသက်သွင်းဖို့ စိတ်ကူးဖန်လာတော့တာပါပဲ

ခရီးစဉ်စဆွဲတော့ ပုဂံ-ပုပ္ပါး-စွယ်တော်လေးဆူ

Guide ဘဝ မှာ သမိုင်းကြောင်း အရှင်းပြရဆုံး နေရာဆိုတာ ပုဂံ အစစ်ပါပဲ ရာဇဝင် သမိုင်း ခုနှစ်သက္ကရာဇ်ကစလို့ မြန်မာမင်းတွေရဲ့ အကြောင်းတွေကစလို့ အကုန်လေ့လာရပါတော့တယ်

Tour တော်တော်များကတော့ ပုဂံGuide ခေါ်လိုက်တယ် ဒါပေမယ့်ကျနော်ကတော့ မခေါ်ချင်ဘူး ကိုယ်တိုင်ကိုယ်ကျ ရှင်းပြချင်တာ တစ်ကြောင်း နောက်ပြီး စဉ်းစားကြည့်ရင် ကိုယ်တိုင် ကလည်း Guide ဖြစ်နေပီ မရှင်းပြ မသိရင် Guide မဟုတ်သလိုပဲလေဆိုတော့

ကိုယ်တိုင် တစ်ယောက်ထဲပဲ သွားဖြစ်တယ် ခရီးလေးစထွက်ပြီပေါ့ဗျာ အရင်ဆုံး ပုဂံနယ်ကို ကျနော်အကောင်းဆုံးကြီးစိုးမယ်ဆိုပြီး အတူလက်တွဲလုပ်ကိုင်ရမဲ့ လုပ်ငန်းရှင်တွေ ချိတ်ရတာပေါ့ဗျာ…….

မနက်စာဆို ပိုင်ထန်းတဲလို့ခေါ်တဲ့ဆိုင်မှာ အညာဒေသစာမနက်စာလေးတွေ ရအောင် စီစဉ်တယ်
(ပိုင်ထန်းတဲပိုင်ရှင် ပိုင်အဘကြီးရဲ့သား ကိုချစ်ဦးကိုသတိတောင်ရမိတယ်)

ဟိုတယ်တွေကလည်း မိုးတွင်းဆိုတော့ လူမရှိတော့ Early check in တွေ ပေးတဲ့ အချိန် အခန်း ၂၀ ဆို ၂၀ လုံးပေးတာပေါ့ ကျနော်စလုပ်ခဲ့တဲ့ Hotel တွေဆို Famous 1,2 , Gracious Bagan, Bagan Scene, Bagan Wynn, Bagan Land Mark များလွန်းလို့ မှတ်တောင် မမှတ်မိတော့ဘူး

Hotel ပေးနားပြီးမှ အေးဆေး ပုဂံလည်ကြတာ
Restaurant တွေဆို နာမည်ကြီး Buffet ဆိုင်တွေ အခုတောင်စားချင်လာပြီ

မြို့သစ်ကဆိုရင် မာလာသိင်္ဂီအန်တီမီးဆိုရင် ကျွန်တော်တို့ကို အရမ်းချစ်တာ
နောက် ဦးသီလ , ဘိုထက် (တရုတ်စာဆိုင်),
ရှင်းရှင်းလေး ,ပွင့်မလာ , နှမ်းဖတ်ချဉ် အများကြီး ကျွန်တော်တို့သုံးခဲ့ရတယ်

လက်ပန်းချီဆွဲတဲ့သူတွေဆို ဟိုတယ်ထိ လာဆွဲပေးတယ် ဘုရားမှာ သက်သက် အချိန်ကုန်မှာဆိုးလို့ပေါ့ဗျာ

နောက် တန့်ကြည်တောင်သွားဖို့ စက်လှေ သမားတွေ တောင်တက်ကားသမားတွေက စလို့ လာမိတ်ဆက်ကြတယ် ဗူးဘုရားရောက်ပြီဆိုတာနဲ့ စက်လှေလေးတစ်ခါငှါးရဖို့ အညာလက်ဆောင်တွေနဲ့ မုန့်တွေကထည့်ထည့်ပေးတာ
( အမြဲတမ်း ငှါးအောင်ပေါ့ဗျာ ကိုကျော်နိုင်ဦး ရဲ့ စက်လှေတွေပဲအဓိကသုံးခဲ့တယ်)

သမိုင်းကြောင်းတွေ လိုက်ရှင်းပြရင် Guide လိုရင်ခေါ်ဖို့ လာချိတ်ကြတဲ့ Guide တွေ အများကြီးပေါ့ဗျာ

ဒါပေမယ့်အဲ့အချိန် တစ်ခုသွားစဉ်းစားမိတာ ရုံးမှာပုဂံသမိုင်းအကုန်ရတာ အဲ့တုန်းက ကျွန်တော်တစ်ယောက်ထဲရှိတာထင်တယ် နောက် ကျနော်မအားတာဖြစ်ဖြစ် နောက်ခရီးတစ်ခုရောက်နေတဲ့အခါ ဘယ်သူကို့အစားထိုးရမလဲစဉ်းစားမိတယ်

အဲ့ချိန်မှာ ကျနော်သဘောကျပြီးစိတ်တိုင်းကျတဲ့ Guide တစ်ယောက်ရှာတွေ့ခဲ့တယ် ပုဂံသားရန်နိုင်တဲ့ တော်ပါတယ် သမိုင်းကြောင်းရှင်းပြတာရော ဧည့်သည်ထိန်းတာရော ဂရုစိုက်တာရော သူအကုန် လုပ်ပေးရှာတယ်

နောက် ပုဂံမြို့က ရွှေဝါသိန်းလက်ဆောင် ပစ္စည်းဆိုင် ကျနော်လာရင်ပြာပြာသလဲနဲ့ကိုကြိုရှာတယ်

နောက် ပုန်းရည်ကြီးဆိုင်တွေ ဆိုင်မှာကားထိုးပေးဖို့လာချိတ်ကြတယ် ကျွန်တော်ကလည်း တကယ်ကောင်းတဲ့ဆိုင်မှာထိုးပေးတာမျိုးလေ

နောက်တစ်ခုက ကျနော်ဘယ်တော့မှမလုပ်တဲ့ အကျင့် Guide ဆိုပေမယ့် တစ်ခါမှ % နဲ့ပိုက်ဆံပြန်မတောင်းဘူး ဒေသထွက်လေးတွေ မုန့်လေးတွေ စားစရာ အဝတ်စားအသုံးအဆောင် လေးတွေ လက်ဆောင်ထည့်ပေးရင်ယူတယ်
(ကျနော့်စိတ်ကိုသိတော့ လက်ဆောင်တွေ အများကြီးအမြဲတမ်းရတယ်)

တချို့ဆိုင်တွေကတော့ ကျနော့်ကို သက်သက်ဆိုပြီး စာအိတ်လေးတွေနဲ့ မုန့်ဖိုးထည့်ထည့်ပေးကြတယ် ကိုင်းကျွန်းမှီကျွန်းကိုင်းမှီပေါ့ဗျာ

ကျွန်တော်နဲ့ ချိတ်ဆက်လုပ်ကိုင်တော့ သူတို့ဆိုင် တွေ Hotel တွေ စက်လှေကား စသဖြင့် အကုန်အလုပ်ဖြစ်ကြတော့ နောက်ပိုင်းခြင်းတွေလက်ဆောင်တွေထိ အိမ်အရောက်ပို့ကြတာပေါ့ဗျာ

ပုဂံမှာ နှံ့အောင်လည်ပြီးနောက်ပုပ္ပါးမှာ ဝင်ပြီး အေးဆေးရန်ကုန်ခရီးဆက်ကြသည်ပေါ့

ဒါနဲ့ နောက်အပိုင်းမှာတော့ ပုဂံမှာမျက်ရည်ကျခဲ့ရတဲ့ ခရီးစဉ်လေးတစ်ခု………….

ဆက်လက် ရေးသားပါဦးမည်…..

Guideဘဝဇာတ်ကြောင်း တစ်စေ့တစ်စောင်း အပိုင်း - (၃) တောင်ကြီးတွေကြီးပဲ တောက်လျှောက်သွားနေရတဲ့ ကျွန်တော် ဒီတစ်ခါစေလွှတ်ခံရတာ...
27/07/2024

Guideဘဝဇာတ်ကြောင်း တစ်စေ့တစ်စောင်း
အပိုင်း - (၃)


တောင်ကြီးတွေကြီးပဲ တောက်လျှောက်သွားနေရတဲ့ ကျွန်တော် ဒီတစ်ခါစေလွှတ်ခံရတာက #မြဝတီ_မဲဆောက်_ဘားအံ ခရီးစဥ်😎😎😎😎

တစ်ခါမှတော့ မရောက်ဖူးပေမဲ့ အရဲစွန့််သွားခဲ့ရတဲ့ ခရီးစဥ်​လေးပါ မြဝတီကကိုနိုင်ဝင်းတို့ ဆို အစစအရာရာ အမြဲတမ်းကူညီတယ် ခုချိန်ထိပါ

ဘာမှအခက်ခဲမရှိခဲ့သလို ပျော်စရာလဲကောင်းခဲ့တယ် မိုးတွင်းတောင်ကြီး ခပ်ပါးပါးလေးသွားပြီး
ရက်ရှည်ခရီးစဥ်တစ်ခုကြီးဝင်လာခဲ့ပါတယ်...

#တောင်ကြီး_အင်းလေး_ပင်းတယ_ကလော_ရွာငံ_မန္တလေး_ပြင်ဦးလွင်_စစ်ကိုင်း_မုံရွာ_ပုဂံ_ပုပ္ပါး_စွယ်တော်လေးဆူ😁😁 ၈ညအိပ်/ညအိပ်၉ရက်

ဒီအပိုင်းမှာ အဓိကရေးချင်တာက Foreigners တွေနဲ့ ပထမဆုံးသွားခဲ့ရတဲ့ခရီးပါ.....🤗🤗🤗🤗

မိသားစု ၆ယောက်သီးသန့် Package လေးစီစဥ်ခိုင်းလို့ အံစာတုံးကားလေးနဲ့ သွားကြတာပေါ့ဗျာ.......

ဘုရားသမိုင်းတွေပြန်လေ့လာဖတ်ရတာ အများကြီးပဲ 😁😁 ကျွန်တော် မြန်မာလူမျိုးတွေက ရှင်းပြရင် ရှင်းပြတဲ့ အတိုင်းနားထောင်တယ် No complaint 😁😁 Its Ok ပဲ Foreigners တွေက ကျတော့မရဘူး
အရမ်းရှင်းပြရတယ် တစ်ခုချင်းမေးတယ်.....

ဥပမာဆိုကြပါဆို ဘုရားစေတီတစ်ခုမှာ ခေါင်းလောင်း တွေ့တယ်ဆိုကြပါဆို..... ဒီခေါင်းလောင်းက ဘာလုပ်ဖို့ထားထားတာလဲ....
ဘာလို့ ၃ကြိမ်တီးရတာလဲ....
တကယ်တီးပြီးဆုတောင်းရင်ပြည့်မှာလား......
စသဖြင့်ပေါ့နော် မေးခွန်း အရမ်းများတယ်......

ကျွန်တော့်ဧည့်သည်တွေနဲ့ အမှတ်တရ သူတို့တွေက တကယ်တမ်း​တော့ မြန်မာတွေကြီးပါပဲ..😁😁 သို့ပေမဲ့ အကုန်လုံးက အမေရိကားမှာမွေး အမေရိကားမှာ ကြီးတဲ့ လူတွေဆိုတော့ မြန်မာစကား တစ်ယောက်မှ မတတ်ဘူး တတ်တာ ဆိုလို့ တစ်ယောက်ပဲပါတယ်......ပြီး​တော့ ကလေးနဲ့ လူငယ်ပိုင်း အရမ်းမေးတာပေါ့ တနေရာရောက်ရင်

Hotel SS က မသဲနဲ့ အဲ့မှစခင်ပြီဆိုတော့ သူ Hotel စသုံးဖြစ်တယ် Hotel SS အောင်ပန်းမှာ ပထမဆုံးစခဲ့တဲ့ ခရီးစဥ်လေးပေါ့😁😁

ရွာငံတို့ ပင်းတယတို့မှာ လည်ပြီး အောင်ပန်းမှာ တစ်ညအိပ်ကြတ နောက်နေ့ ကက္ကူ ထမ့်စမ်းလည်ပြီး တောင်ကြီး Royal Starမှာ အိပ်ကြတယ်....

နောက်ရက်အင်းထဲဆင်းပြီး မန်းလေးထိတောက်လျှောက်ဆင်းလာပြီး မန်း​လေးက
ဒေါင်းလန်းကြီးမှာ ညစာစားပြီး ကိုခင်အေးတို့ရဲ့
Hotel Mandalay မှာတစ်ညနားကြတာပေါ့ဗျာ....

တောင်ကြီးမှာက သွားနေကြဆိုတော့ အခန်းရတယ်
မန်းလေးရောက်တော့ Hotel က အခန်းမပေးဘူးလေ အဲ့တာနဲ့ နီးစပ်ရာတည်းခိုခန်းရှာပြီး ဘူတာကြီးနားမှာ အိပ်ရပြီပေါ့ဗျာ......

တောင်ကြီး အင်းလေး ဘက်မှာ ​နိုင်ငံခြားသားဆိုပေမဲ့ မြန်မာရုပ်တွေဆိုတော့ Zone fees တွေ လွတ်ခဲ့ပေမဲ့ မန်းလေးရောက်ပြီး စထိပါပြီ😁😁😁

မှတ်မှတ် ရွှေကျောင်းမှာ ဝင်တော့ ကြည့်တတ်တယ်ဗျာ မြန်မာမဟုတ်ဘူးထင်တယ်နော်တဲ့😁😁
အဲ့မှာစပြီး ပေးရပါပြီး မန်း​လေးနဲ့ စစ်ကိုင်း ပတ်ချာလည် လည်ပြီး ပြင်ဦးလွင်က Win Unity Hotel မှာ ၂ညအိပ်ပါတယ်....😁😁😁

Foreigners တွေကနဲ့ကျတော့ တစ်ခုကောင်းတာ
နေ့တိုင်း သူတို့စားသလိုစားခိုင်းတယ် ပြန်ရောက်ရင် ညကျရင် သောက်ဖို့ဆိုပြီး မုန့်ဖိုးပေးတယ်...
😁😁😁😁 မြန်မာတွေနဲ့ မတူတာပေါ့နော်

ပြင်ဦးလွင်မှာ တနေကုန်လည်ပြီး ပြင်ဦးလွင်မှာ ထပ်အိပ်ကြတယ်...😁ရက်လည်းတော်တော်ရှည်နေပီဆိုတော့ ဧည့်သည်နဲ့လည်းတော်တော် ရင်းနှီးနေပါပြီ😁😁

မနက်စောစော ထပြီး ပုဂံကိုထွက်လာလိုက်တာ နေ့လည်မှာ ပုဂံကိုရောက်ပါတယ် Famous Bagan မှာ
Check in ဝင်ပြီး နေ့ခင်းပူတော့ ခဏနားကြ ​ပြီးတော့မှ ပုဂံကိုဆက်လည်ကြတာပေါ့.....

သမိုင်းကြောင်းတွေရှင်းရတာ မနည်းမနောပဲ.....
တနေကုန်လည်းရှင်းပြီး ဖလက်ပြသွားလေရဲ့...
နောက်နေ့မနက် စွယ်တော်လေးဆူထဖူးပြီး...
ကျန်တဲ့ဘုရားတွေဖူးပြီး....ပိုင်ထန်းတဲမှာနား ထန်းရည်လေးသောက်ပြီး......ပုပ္ပါးဝင်ပြီးတော့....
ရန်ကုန်အပြန်ခရီးကို စရတော့တာပေါ့ဗျာ.....

မနက်အိမ်တိုင်ရာရောက် ပို့ပေးတဲ့အချိန်မှာ....
စာအိတ်ထဲ မြန်မာငွေ ၅သောင်းနဲ့ ဒေါ်လာ ၁၀၀ ဘဝမှ ပထမဆုံးရဖူးတဲ့ Tip Money😁😁
(ခုချိန်ထိရခဲ့ဖူးတဲ့ Tips တွေ စာအိတ်တွေသိမ်းထားဆဲ)

နောက်ပိုင်းမှာ ကျိုက်ထီးရိုး ထပ်သွားပေမဲ့ ကျွန်တော်မအားတော့ တခြား Guide နဲ့ပဲ လွှတ်ရပါတယ် 😔😔😔😔😔😔😔😔

အမြဲတမ်း အမှတ်ရနေခဲ့တာပါ ဒီခရီးကြောင့် Hotel အသစ် Restaurants အသစ်တွေနဲ့ Contact တွေရခဲ့သလို ကိုယ်လဲနေရာစုံတစ်ခေါက်ထဲရောက်ခဲ့တယ်

နောက်ပိုင်းမှာတော့ ပုဂံဘက်ကို လုံးဝပြောင်းပြီးလိုက်ရပါတော့တယ် ဘာလို့ဆို😁😁 ကျွန်တော်က ကိုယ်တိုင် သမိုင်းကြောင်းရှင်းတာလေ.........

ပုဂံခရီးစဥ်လေးတွေ အပိုင်း ၄မှာဆက်လက်ရေးသားပါဦးမည်....🙏🏻🙏🏻🙏🏻🙏🏻


Guideဘဝဇာတ်ကြောင်း တစ်စေ့တစောင်း အပိုင်း၂ အလောင်းတော်ကဿပကနေပြန်ရောက်ပြီးပြီးချင်းတစ်ရက်နားရပါတယ် အိမ်ကမိသားစုတွေ ဆို စိတ...
27/07/2024

Guideဘဝဇာတ်ကြောင်း တစ်စေ့တစောင်း အပိုင်း၂

အလောင်းတော်ကဿပကနေပြန်ရောက်ပြီးပြီးချင်းတစ်ရက်နားရပါတယ် အိမ်ကမိသားစုတွေ ဆို စိတ်ပူလိုက်ကြတယ်ဆိုတာ ပထမဆုံးခရီးမှာ ဖုန်းဆက်မရ ၂ရက်လောက်နောက်ကျတော့.....
နောက်နေ့ ရုံးပြန်တတ်တော့ ကိုယ်တွေဘာတွေ
ဖြစ်ခဲ့လည်းဆိုပြီး ရုံးမှာ ပြန်ပြောကြတာပေါဗျာ...
ေတာ်သေးတာပေါ့နောက်နေ့မလာတော့ဘူးတောင် ထင်တာတဲ့ (ကျနော်သူဌေးက)😁😁
ွထုံးစမ်အတိုင်း လက်မှတ်ပို့ရပြန်တာပေါ့.....ဒါနဲ့အဲ့တုန်းကလေ....ကြုံတုန်းပြောပြတာ...ခေတ်ကောင်းတဲ့ အချိန်မို့လားမသိ....ခရီးတော်တော်သွားကြတာ
လက်မှတ်ပို့ရတာ...အရမ်းပဲ..တစ်ပတ်ပတ်ခရီးထွက်လည်း....guideတွေအကုန်တစ်ယောက်မကျန်
ဒီတစ်ပတ်လည်းခရီးလိုက်ရမယ်တဲ့ အသင်အနေနဲ့ပဲ
နောက်တစ်ခေါက်ကစပြီးကွကိုသွားတော့နော်သားတဲ့ အလောင်းတော်ကဿပတော့မဟုတ်ဘူး..😁😁
ဆရာကြီးတွေမှလွှတ်တဲ့တောင်ကြီးခရီးစဥ်တဲ့🤣🤣
ဒီတစ်ခေါက် စီနီယာက​တော့ ဘဝမှာ ပထမဆုံးဆရာပါ ခုချိန်ထိလေးစားလျှက်..🙏🏻🙏🏻🙏🏻TWNHHရဲ့ဂုရုကြီး ကိုပျိုးတဲ့
နာမည်က တစ်လုံးထဲ
တွေ့ပြီးရောက်တာနဲ့ သူ့လွယ်အိပ်ကိုင်ခိုင်းတယ်...
၃၉မိုင်မှာ ထမင်းကျွေး ပိုက်ဆံရှင်းခိုင်းတယ်..အကုန်သင်ပေးတာပေါ့ဗျာ အစစအရာရာ
Guideတွေ ပိုက်ဆံကိုင်ရတာလေး ကားပေါ်မှာ ငွေကျန်က အနည်းဆုံး သိန်း၂၀ကနေ ၃၀ကြားပဲ..
လမ်းမှာတဝက်လောက်ကို ရုံးကိုပြန်ပေးပြီး ကျန်တစ်ဝက်ကို ယူသွားရတာ.....လက်ထဲကိုင်ထားရတာ ၁၅သိန်းလောက်ရှိတယ်.......😎😎😎😎
ကားလေးလိမ့်ကာလိမ့်ကာနဲ့ ဆက်မောင်းလာရင်း...
၂၆၂မိုင်ကနေ လမ်းခဲွဲပြီး ပျော်ဘွယ် ယင်းမာပင်တွေ ဖြတ်သန်းရင်း ကလောအဝင် ရေယားကျေးရွာက ရွှေရေယားဆိုတဲ့ ဆိုင်မှာ မနက်စာဝင်စားတယ်
မနက်စာ စားဖို့ အောက်ကိုဆင်းလိုက်တဲ့အချိန် ရေခဲရိုက်လိုက်သလိုပဲ အေးတယ်ဆိုတာလေ😁😁😁 အနွေးထည်လည်းမပါဘူး...မျက်နှာသစ်ဖို့ ပစ္စည်းတွေဝေတာ ဒူးတွေပါတုန်လာတယ်.......😁အဲ့အခ​ျိန် ခေါင်းထဲစဥ်းစားမိတာ ရေဘယ်လိုကိုင်ရမလဲပေါ့ မတတ်နိုင်ဘူး သစ်ရတာပဲ ကျင်တောင် ကျင်တယ်
မနက်စာ ရှမ်းခေါက်ဆွဲလေးကြိတ်ပြီး ကလောစတတ်ပြီး ကလောမြို့အဝင် သုမောင်မြန်မာထမင်းဆိုင် အကြီးကြီးဟီးနေတာပဲ ငေးနေရင်း
ဆရာသမားက အပြန်ဝင်စားမှာတဲ့ ပူမနေနဲ့တဲ့
🤓🤓🤓ဆိုင်မှာစကီလေးတွေကြီးပဲတဲ့
ကလောမြို့ကျက်သရေဆောင် နှီးဘုရားကြီးဖူးပြီး
ညကျရင် Hotel မှာသောက်ရအောင် ဝိုင်တစ်လုံးမ လာတယ် ရွာငံကို ဆက်ထွက်လာပြီး မိန်းမရဲသခင်မတောင် ၊ မြသပိတိရေပြာအိုင်တွေလည်ပြီး
ပင်းတယကိုဆက်ထွက်လာပါတယ်......
နေ့လည်စာတို်င်ပတ်အဲ့ဆိုင်😁😁
ကျ​ွန်တော်ကိုယ်တိုင်ပင်းတယမိသားစုနဲ့စလာတုန်းကလည်း စားဖူးတယ် အဲ့တုန်းက ပင်းတယမြို့မှာ ထမင်းဆိုင်ကောင်းကောင်းမရှိဘူး သူပဲ
ဆိုင်ရှင် ရီတာပြုံးတာမရှိ စျေးဘယ်လိုရောင်းစားလဲ မသိ တရုတ်စာကျွေးတာပေါ့ဗျာ........
သည်းခံစားပြီး ကုံလုံဆရာတော်ဘုရားကြီးရဲ့ ရုပ်ကလာပ်ဆံကျောင်းတော် ပင်းတယရွှေဥမင်
လှိုဏ်ဂူကို တတ်ကြတာပေါ့ဗျာ.😁😁 အဲ့မှာစျေးဆိုင်တွေနဲ့ခင်တာ နေခြည်စိုး လက်ဆောင်ပစ္စည်းဆိုင်က မဇာခြည်တို့နဲ့စခင်တာ သူတို့ဆိုင်ဝင်နားရင်
ဧည့်သည်တွေလည်း ဝယ်ကြသူတို့လည်းရောင်းကျ
အပြန်လက်ဆောင်တွေအများကြီးပေးတယ်......
😁😁guide ဆိုတာအဲ့လိုလက်ဆောင်တွေရပါလား
😁😁သိပြန်ပီ😁😁
တောင်ကြီးကိုဆက်လက်ခရီးဆက်လာရင်း ညနေရောက်တော့ Royal Star hotelမှာ Check- In ဝင် အခန်းတွေကအစ ကိုယ်တိုင်ခွဲပေးရပြီ.....
Royal Star က ပိုင်ရှင် မာမီကျနော်တို့ကို အရမ်းချစ်ရှာပါတယ် သွားတိုင်းအမြဲအခန်းပေးတာ....
မှတ်ချက်_ စိုင်းစိုင်းခမ်းလှိုင်ရဲ့အဒေါ်တဲ့😁😁 နောက်မှသိရတာ အရမ်းသဘောကောင်း ကျနော်တို့ အမြဲရတဲ့ အခန်းက B203😁😁
ညစာကတောင်ကြီးမှာ နာမည်အကြီးဆုံး စိန်ထမင်းဆိုင် ကောင်းလိုက်တာဗျာ ကားဝိုင်းမှာ ဟင်းတွေက အစုံရှယ်ပဲ ရောင်းတဲ့ဆိုင်ရှင်စေတနာပါ ဝန်ဆောင်မှုကလည်းကောင်း ေတာ်တော်မိုက်တဲ့ဆိုင်ပဲ မှတ်ချက်ချမိ😁😁😁😁😁
Hotelမှာ အိပ်ပြီးနောက်နေ့မနက် မနက်စာစားပြီး တောင်ကြီးထွက်လာ မီးပုံးပျံကွင်းတွေပြပြီး ကက္ကူကိုထွက်လာတာပေါ့ဗျာ😁😁အဲ့ထဲက ဘုရားသမိုင်းကြောင်းတွေ စရှင်းနေပီ ဒါပေမဲ့ အသံက တုန်နေတုန်း နည်းနည်းကြောက်နေသေးတာပေါ့...
သပ္ပါယ်လိုက်တာ ဘုရားတွေ အများကြီး🙏🏻🙏🏻🙏🏻
ကက္ကူစျေးထဲဝင် တန်ချက်ပေါချက်ဆိုတာပဲ..
မှတ်ချက် - Guide ဘဝစစချင်းအိမ်အတွက်လက်ဆောင် အမြဲပါတယိ😁😁😁😁
ပြန်ရောက်ရင် ပြုံးဖြီးနေတာပဲ....ဟဲဟဲ...😁😁
စျေးလည်းဝယ်ပြီးတော့ တောင်ကြီးပြန်လာ နေ့လည်စာ စိန်မှာပဲ ထပ်စားပြီး တောင်ကြီးမြို့မစျေး ထပ်ပို့ပေးဖြစ်တယ် ရှမ်းပြည်နယ် ဒေသထွက်ကုန် တနေရာထဲရတာလေးဆို​တော့လည်း......
ပြီးတော့မှ ဟိုပုန်းထမ့်စမ်းဂူကိုသွားတာ ထမ့်စမ်းဂှုရောက်​တော့ဟ လက်နက်ကိုင်တွေကြီးပဲ သေနက်တွေကလည်း အလန်းကြီးတွေ ပြောက်ကြားတွေနဲ့
ဂုံးကိုဆင်းရတာ အမောပြန်တက် အဲ့က တို့ဖူးကြော်ဆိုင်လေးတွေ အဲ့မှာ တခြား Tour ဆိုလို့ Royal Dandamar ကြယ်နန်းတော် တော်ဝင်နန်းထိပ်ထား တွေပဲရှိတယ် အဲ့မှာ Guide အချင်းချင်းစခင်တာ
#အေးဇာခြည် ChiChi တို့နဲ့ စကားအပြောနိုင်ဆုံးဆု
သူ့ကိုပေးရမယ်😁😁😁😁😁😁
ထမ့်စမ်းမှာလည်ပြီး ညစာကို ဟိုပုံးမှာ နာမည်ကြီး ဖွားကောင်းစံ ထမင်းဆီဆမ်းနဲ့ ကြက်ကြော်😁😁
ဗမာကြက် အဲ့လေ ရှမ်းပြည်ဆို​တော့ ရှမ်းကြက်😁
အိမ်ကြက်ဆိုတော့ အရသာရှိချက်ဗျာ....အရွက်ကြော်ဆိုတာ နောက်ဖေးဆိုက်ခင်းတဲ့ လတ်လတ်ဆက်ဆက်တွေခူးကြော်တာ စားကောင်းလိုက်တာ
ညစာစားပြီး တောင်ကြီးမြို့စူဠာမုနိဘုရားကြီးကို
ဖူးပြီး တစ်ညတာ ပြီးဆုံးပြီး Hotel ပြန်ရောက်ကြ..
ညဘက်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့ ပက်တာပက်တာ
တောင်ကြီးကိုလမ်းသိအောင် ဘယ်နေရာဘာရှိတယ်သိရအောင် စုံစမ်းတာပေါ့ဗျာ...
ချမ်းအေးတဲ့ရာသီဥတုနဲ့ Coat လေးဝတ် ဆိုင်ကယ်စီးရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး.....😁😁
နောက်ရက်ကျတော့ မနက်စာစား တစ်ခါထဲ Check out လုပ်ပြီး အင်းထဲကို ဆင်းရမှာပါ....ခုချိန်ထိလက်တွဲလာတဲ့ ကိုသားပုတို့ စက်လှေဆိပ်က ခေါင်တိုင်မှာဆိုတော့ ခေါင်တိုင်ကနေဆင်းတယ်
စင်ရော်စာတွေ ငှက်စာတွေ ရွှေသဃ်န်းတွေရောင်းကျ....
😁😁 မှတ်ချက် Guide ဆိုမရောင်းဘူး မဝယ်မှန်းသိလို့ထင်တယ်😁😁
ပထမဆုံး ယက္ကန်းရုံ ရွှေဟသာ်တဲ့ ခုချိန်ထဝင်တုန်း
တစ်ခါသွားရင် လက်ဆောင် ပုဆိုး ၃ကွင်းလောက် ရလာတယ်😁😁 Guide လုပ်ထဲက ခုချိန်ထိ ပုဆိုးဝယ်မဝတ်ခဲ့ရဘူးပါ....ရသမျှ သူများပေးပစ်သလို
လက်ရှိဝတ်နေတာတင် ကွင်း၁၀၀ ကျော်ပါတယ်..
အလိုတော်ပေါက်မှာလဲ တစ်ကွင်းရတယ် ဖောင်တော်ဦးမှာလဲ တစ်ကွင်းရတယ် 😁😁တောင်ကြီးတစ်ခေါက်ဆိုရင် ပုဆိုး၅ကွင်း😁😁
နေ့လည်စာ အင်းသားလေး ၂ မှာစားတယ် စားမကောင်းဘူး အရသာက အေးစက်စက်ကြီး ကျန်တဲ့နေရာတွေလည်ပြီး အင်းထဲက ပြန်တက် ခေါင်တိုင် ရေပူစမ်းမှာ ရေဝင်စိမ်ပြီး ပြန်ထွက်လာ ဘဝသံသရာတံတားမှာ ဓာတ်ပုံတွေ ဘာတွေရိုက်ပြီး ကလောကိုပြန်ဆင်းလားပြီး သုမောင်မှာ ညစာစားတယ်.....
သုမောင်ထမင်းဆိုင်ကို ဝင်တာနဲ့ မိန်းခလေးဝန်ထမ်းတွေကြီးပဲ ဆိုင်ရှင် ကိုမောင်မောင်လွင်က လွဲရင်ကျန်တာ မိန်းခလေးတွေကြီးပ​ဲ တဝိုင်းကို ၃ယောက်လောက် stand by စောင့်တယ် ရက်ခပ်တာနဲ့ ထမင်းထည့်တာနဲ့ ဟင်းလိုက်တာနဲ့ သန့်ရှင်းလက်ဆက် အရသာရှိတယ်ဆိုတာ ဒီလိုဆိုင်မျိူးပဲ....😁😁
မှတ်ချက် သုမောင်ဝန်ထမ်း၈၀ ကျော် Fbacc ကျနော်နဲ့ Friend ဖြစ်တဲ့အထိကို ခင်ကြတယ်..
သုမောင်က ဆိုင်ရှင်ဆိုရင် ကိုပိုင်ပိုင်က သုမောင် cele တဲ့ အကုန်လုံးက ချစ်ကြလို့တဲ့😁😁
ညစာစားပြီးတော့ ကလောအဆင်းဝိုင်တန်းမှာ ရပ်
မြင်းခြံသူက မမိုးတို့ဆိုတာ ခင်ခဲ့တာ ၅နှစ်လောက်ရှိပါပြီး ဝိုင်းကူရောင်းရင် အပြန်လက်ဆောင်တွေ ထည့်ပေးတယ်ဆိုတာ အများကြီး.......
စိတ်အေးချမ်းသာစွာပြန်ရောက်ပြီး နောက်ခေါက်တွေကစပြီး ကျွန်တော် တောင်ကြီးကိုတောက်လျှောက်လိုက်ရတဲ့ အထိပဲ...တစ်ပတ် တစ်ခေါက် တစ်လ ၄ခေါက် ၃လလံုးတောင်ကြီး ကြီးပဲ
္၁၂ခေါက် ၁၃ ခေါက်လောက်ကြီးပဲ 😁😁😁
ကျွန်တော်နာမည်စရတာ သကြန်မှာပြီးတော့ Review တွေ ခရီးတစ်ခေါက်ထွက်ရင် အယောက် ၄၀ ပါရင် ၃၀လောက် ကိုယ့်နာမည်နဲ့ရတာ Fb pageမှာ Review တွေဝေဆာနေတာပဲ Review မှာ ပါတဲ့ ကိုပိုင်ပိုင်လား အဲ့လို​တောင် မေးခံရတဲ့ အထိပဲ
အဲ့တာနဲ့ ကျွန်တော်လည်း အမြဲတမ်းဝန်ထမ်းဖြစ်ပြီး
တော်ဝင်နန်းထိပ်ထားနဲ့ ရေရှည်လက်တွဲဖြစ်ခဲ့တာ
ယနေ့အချိန်ထိပဲ😁😁😁😁.....
ဝါသနာနဲ့ အလုပ်နဲ့ တစ်ထပ်ထည်းကျဖို့ဆိုတာ ခက်ခဲပေမဲ့ ကျွန်တော့်အတွက်ကတော့ လွယ်ကူခဲ့တယ် ဝါသနာပါတဲ့အတွက် အောင်မြင်အောင် ကြိုးစားတယ် လုပ်တယ်...တက်ခဲ့ Computer Sciences တွေနဲ့ အလုပ်နဲ့ ဘာမှမဆိုင်ဘူး
Diploma in It တွေ အိမ်ကသာထားပေးတာ ဝါသနာမပါခဲ့ဘူး....ဒါတွေနဲ့လည်း အလုပ်မဖြစ်ခဲ့.........
နောက်ပိုင်း လက်မှတ်မပို့ရတော့ပါဘူး😁😁စီနီယာဘက်ကို ဆွဲတင်လိုက်ပြီး ဖြစ်ချင်တဲ့ Tour Opreator တစ်ယောက်ဖြစ်လာခဲ့တယ်....လအနည်းငယ်အတွင်းကြိုးစားတယ်...ခရီးထွက်တိုင်း Review တွေဝေဆာတယ်...Guide အလုပ်မှာ ရပ်မနေပဲ.တခြားဟာတွေဆက်လေ့လာတယ်...Presenter.
MC လုပ်ရတဲ့အပိုင်း....Team Building. ..Trainer
ပို​င်းတွေပေါ့.......
နောက်ပိုင်းမှာ အသစ်တွေနေရာပေးရင်း....
မြဝတီ မဲဆောက် ဘားအံ
နဲ့ ပုဂံဘက်ကိုရောက်သွားတယ်
နောက်တစ်ပိုင်းမှာ Tour Opreator ဘဝမှာ ဘာတွေလုပ်ရလဲ....ခရီးစဥ်သစ်တွေ ဘယ်လိုရှာလဲ
ဆက်လက်ရေးသားပါဦးမည်.....

Guideဘဝဇာတ်ကြောင်း တစေ့တစောင်းအပိုင်း (၁) ဒီရက်ပိုင်းလေး ကျွန်တော်ကိုယ်တိုင်ကလည်း ဆိုင်ကယ်မှောက်ထား အိမ်ထဲနားနေတာနဲ့ ကို...
27/07/2024

Guideဘဝဇာတ်ကြောင်း တစေ့တစောင်းအပိုင်း (၁)

ဒီရက်ပိုင်းလေး ကျွန်တော်ကိုယ်တိုင်ကလည်း ဆိုင်ကယ်မှောက်ထား အိမ်ထဲနားနေတာနဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေေရးပေးမယ်လို့ စိတ်ကူးမိ...
ဇာတ်လမ်းအစ.......
ကျွန်တော်ဟိုးအရင်တုန်းကလည်း ပြောပြဖူးမယ်ထင်တယ် အရင် Tour Company တွေ
လုပ်ဖူးခဲ့ပေမဲ့ Guide တော့မလိုက်ခဲ့ရဖူးပါဘူး.....
Opreation အပိုင်းနဲ့ Visa ပိုင်းတွေပဲဆိုတော့ ကိုယ်တိုင် ဘာမှမသိသေး.....
ဘဝတစ်စစ်ချိုးမျှော်လင့်ခြင်းအစ.......💪💪💪
တောင်ဝင်နန်းထိပ်ထားမှ Tour Leader ဝန်ထမ်း ၁၀ ဦးအလိုရှိသည်..... Facebook ပွတ်ရင်းတတ်လာတယ် သူငယ်ချင်း ၂ယောက်သွားလျှောက်မယ်ဆိုပီး CV Form သွားတင်တယ်........
နောက်ရက် Interview ခေါ်တယ် အင်တာဗျူးတဲ့ ကျွန်တော့်ရဲ့သူဌေး( ယခုမိခင်တမျှချစ်ရသောအမ)
အင်တာဗျုးတာပေါ့နော်.......နောက်ရက် ဖုန်းဆက်ပြန်အကြောင်းကြားမယ်ပေါ့နော်.....
မျှော်လိုက်ရတာ လည်ပင်းပါရှည်တယ်😁😁
အလုပ်စဆင်းရမယ် Second Interview ခေါ်တယ်တဲ့ လည်ကတုံးလက်ရှည်လေးနဲ့ ပုဆိုးလေးဝတ်ပြီးသွား..😁😁 အစမ်းခန့် ၃လ ၊ ၃လပြီးရင် စာချုပ်ချုပ်ရမယ်တဲ့၊ လစာ ၃လပြည့်မှရမယ်တဲ့၊ Guide fees ကတော့ ရမယ်ပေါ့နော်....Ok တယ်....
တစ်ခုကောင်းတာ အိမ်နဲ့နီးတယ်...ထမင်းအိမ်တက်စားရုံပဲ😁😁 လစာမရလဲ ဘာမှ မဖြစ်ပေါ့...
အမုန်းအမောင်းခံရပြီး.........😁😁😁
ဝင်ဝင်ချင်း ရန်ကုန်တစ်မြို့လုံးပတ်ပြီး လက်မှတ်ပို့ရတာ တစ်ရက်ထဲ ၁၅စောင်လောက်ရှိတယ်....
ဘက်စ်ကားနဲ့ တချို့ရက်ကွက်တွေဆို လမ်းလျှောက်ဝင်ရတာ အဝေးကြီးတွေ...😞😞😞
အဲ့တာနဲ့ ပို့လဲပြီး ပိုက်ဆံတွေအပ်..ပြန်ရောက်မော
နောက်ပိုင်းကားပေါ်မှာ ပြောရမဲ့စကားတွေကို မိုက်နဲ့ကျင့်ရတာ ရုံးက ဝန်ထမ်းတွေအားလုံးရှည်မှာ ရှက်စရာကြီး😁😁 ဒါမဲ့ ရအောင်လုပ်တယ်.....အိမ်မှာကျင့်တယ်....😁😁 ရေချိုးခန်းထဲ ရေသန့်ဘူးကိူင်ပြီးကိုကျင့်ခဲ့ရတာ.....
၃ရက်လောက်ပို့ပြီးနောက်ပိုင်းမှာ ခရီးထွက်ရမယ်တဲ့ ေပျာ်လိုက်တာ.......ဂျူနီယာနဲ့ လိုက်ရမယ်တဲ့
အသင်ဖြစ်တဲ့အတွက် guide ကြေး မရ မုန့်ဖိုးပဲရမယ်တဲ့......ကွကိုသွားနိုင်မှ Guide ကြေးအပြည့်ပေးမှာဆိုတော့...ဟုတ်ပြီးကွာ တစ်ခေါက်ပဲငါ ကြိုးစားမယ်ပေါ့.😁😁😁😁
ပထမဆုံးခရီးစဥ် (အလောင်းတော်ကဿပ)
wow တစ်ခါမှ မရောက်ဖူးဘူး...ရောက်ဖူးချင်နေတာ.....သူဌေးကသေချာမှာလိုက်တယ်..ပြန်လာရင် တစ်ခုချင်းပြန်မေးမယ်တဲ့.....
Senior ဘာလုပ်လဲသေချာကြည့်တယ် စာအုပ်နဲ့ကိုမှတ်တာ....တစ်ချက်မှ မငိုက်ခဲ့ဘူး ကားစထွက်တယ် အချိန် ဘာမှနား ဘယ်မှာရပ် ဘယ်မြို့ဘယ်မိုင် တစ်နာရီ ကီလိုဘယ်လောက်နင်းရင် ဘယ်နှစ်မိုင်ရောက်လဲ စသဖြင့်...လိမ့်ကာလိမ့်ကာနဲ့
မန္တလေးမြို့သို့ရောက်ပြီ.......
ဘုရားကြီး မျက်နှာသစ်တော် အမှီ မဖူးခင် မျက်နှာသစ် သွားတိုက်ပြီး ဖူးကျ......
မန်းမြို့တော်မှာ မနက်စာစားပြီး ဦးပိန်တံတားမှာ ဓာတ်ပုံတွေရိုက်ကျ မိုက်သဟ ပျော်စရာကြီး.....
ဒီလိုနဲ့ စစ်ကိုင်းဘက်ကူး ဆွမ်းဦးပုညရှင်၊ ဥမင် သုံးဆယ် ၊ ကောင်းမှုတော် တွေဖူးပြီး နေ့လည်စာ စစ်ကိုင်းမှာ ဘူဖေးစားကြ...😁😁😁
😁😁 Guide တွေ ဆိုတာ ဆိုင်တိုင်း Free စားရပါလား😁😁
ကံတလူဘုရားဖူးပြီး မုံရွာထွက်လာ ကျန်တဲ့ဘုရားတွေ ဖူးပြီး မုံရွာက ထမင်းဆိုင်မှာ ဘူဖေး ထပ်စား
Hotel win Unity မှာ check in ဝင်ပြီး ည၉နာရီရှိပြီ
မနက် ၂နာရီထရမယ်တဲ့...ဟိုက်😫😫😫မနေ့ညကလည်း မအိပ်ရသေးဘူးလေး ဘယ်မှလည်း အိပ်ချိန်
လမ်းမှာ အိပ်ကွာတဲ့ မနက်ကျမှတဲ့.....အင်း...ရတဲ့ အချိန်လေး Alarm ေပး အိပ် ၃နာရီလောက်အိပ်ပြီး..
ထရ အလောင်းတော်ကဿပ တတ်မဲ့ကားတွေရောက်လာပြီ။
ွမုံရွာကနေ ကပိုင်ကို ၂နာရီ မောင်းရတယ်...😁😁
အဲ့လမ်းမှာ ဟန်မဆောင်နိုင်အောင် အိပ်ပျော်ပြီးပါလာတယ်....😁😁 မနက်စား ကပိုင်မှာ...
ကားသမားနဲ့ Guideဝိုင်း အလျှံအပဲဗျာ..😁😁 အာ့ကြောင့်ဝလာတာထင်တယ်😁😁 စားတယ်ဆိုတာ
ညထဲက မိုးကနည်းနည်းရွာစပြုနေတာ..
မှတ်ချက် - အလောင်းတော်ကဿပလမ်းက မိုးရွာရင် တတ်မရဘူး ဖုန်လမ်းဆိုတော့ ရွှံ့ဖြစ်မှာလေ..
အဲ့တာနဲ့ ဆက်တာလာလိုက်တာ အဲ့နေက တပေါင်းလပြည့်နေ့ ကြိတ်ကြိတ်တိုးနေတဲ့ အချိန်
နတ်စဥ်နားမရောက်ခင် မိုးအကြီးအကျယ်ရွာချတာ
ဘယ်လိုမှ ဆက်မောင်းမရတော့ဘူး နောက်မှာလဲ ကားတွေတန်း ရှေ့မှာလဲ ကားတွေတန်းနေပြီ.....
မိုးတိတ်အောင် ၁နာရီလောက် စောင့်ကြည့်လိုက်တယ် ၈နာရီလောက်ရှိပြီး အပေါ်ဆက်တက်ဖို့ ၆ မိုင်လောက်လိုသေးတယ် တောလမ်း.......
ဧည့်သည်တွေက အသက်ကြီးပိုင်းများတယ်...ဒါပေမဲ့ ရောက်မှတော့ ရအောင် ဖူးမှာပဲဆိုပြီး အားလုံးသဘောတူညီချက်အရ လမ်းလျှောက်တက်ကြတယ်
ကျွတ်ကျွတ်အိတ်တွေ ခေါင်းစွတ်စလျှောက်ကြပြီ...
မြို့သားတွေနဲ့ ရွှံ့လမ်း😁😁 အဲ့မှာ စတွေ့တာပဲ
တပိုင်းပိုင်းကိုလဲကြတာ
ဘယ်လောက်ချောလဲဆိုရင် ကားတွေ လျောကြလို့ကြိုးတွေနဲ့ တုတ်ပြီး ဘေးက အပင်တွေ ချည်ထားရတယ်😁😁😁
လမ်းမှာ အပေါ့သွားချင် အလေးသွားချင်တဲ့ ကိစ္စတွေလဲ ရှင်းရ အထုတ်တွေဝိုင်းသည် ေရဘူးဆွဲနဲ့
ကလေးပါချီရပါသေးတယ်....😁😁😁
ဒီလိုနဲ ၂နာရီလောက်လျှောက်လာပြီးတော့ ဗိုက်ဆာကြပါလေရော....😁😁 ကံကောင်းတယ်ပြောရမလားပဲ Good Morning ပေါင်မုန့်ကားကြီးက ပျက်တော့ အဲ့ကားကနေ အကူညီတောင်း ပေါင်မုန့်ဝယ်စားခဲ့ရတာ အမှတ်ရ
လမ်းမှာတစ်ယောက်နဲ့တစ်ယောက်ကူညီကျ ရိုင်းပင်းကျနဲ့ တက်လာခဲ့😁😁 တစ်ချို့အတတ်တောလမ်းဆို​တော့ မတ်တာ လက်တွေနဲ့ ဆွဲတတ်ကြရတယ်😁😁
ဆင်တွေတောင် လမ်းချော်လားမချော်လား လေးဘက်ကားပြီး လျှောကြတယ်😁😁
ဒုက္ခမျိုးစုံနဲ့တတ်ရင်း နောက်ဆုံးတော့ ဆင်စခန်းကိုရောက်ရှိခဲ့ပါတယ်....နေ့လည်စာ တတ်နိုင်သလောက် စီစဥ်ပေးရင် အဲ့ကို ရောက်တာ ၁နာရီ
ညနေ ၄နာရီ ပြန်ဆုံဖို့မှာလိုက်တယ်.....
အဲ့မှာ ပြဿနာကစတာ.....ထမင်းဆိုင်မှာ တခြားကားသမားတွေ ပြောသံတွေက ပိတ်မိပြီးဘယ်လိုမှ ပြန်ဆင်းရမှာမဟုတ်ဘူးတဲ့ လောင်နေပီ😁😁😁
ဲအလောင်းတော်ကဿပမှာ Hotelမရှိ တည်းခိုခန်း
မရှိ ဖုန်းလိုင်းမမိနဲ့ ဟုတိတော့နေပီပေါ့...😁😁
စံကျောင်းတော်ရဲ့ တောင်ပေါ်ကနေဖုန်းလိုင်းမိတယ်တဲ့ အဲ့တာနဲ့ အလောင်းတော်ကဿပစံကျောင်းတော် ထိသွား တောင်ပေါ်တတ်ရုံးကိုဖုန်းဆက်.....
ကားက ဘယ်လို့မှ တတ်မရဘူးပြော..
အဲ့မှာ အိပ်လို့ရအောင်စီစဥ်တဲ့.....အဖွဲတွေကွဲကုန်ပြီး
စံကျောင်းမှာ လူရသလောက်စုထား ဆင်းသွားတဲ့ အဖွဲ့တွေကို ပြန်လိုက်ခေါ် ကျနော်ရောက်ရတဲ့မိုင်ကိုတွက်ပြမယ်နော်..😁😁😁
နတ်စင်ကနေ ဆင်စခန်း ၆မိုင်
ဆင်စခန်းကနေ စံကျောင်း ၁မိုင်
စံကျောင်းကနေ ဆင်စခန်း လူပြန်ခေါ် ၁မိုင်
ဆင်စခန်းကနေ စံကျောင်း လူပြန်ထား ၁မိုင်
ွစံကျောင်းကနေ ဟက်စကီးကွင်း ၁မိုင်
တနေ့ထဲ ၁၀မိုင်လျှောက် အိပ်ချိန် ၃နာရီနဲ့😁😁
တော်ရုံလူဆို ပစ်လဲပြီပဲ😁😁 အဲ့တာနဲ့ ဟက်စကီးကွင်းရောက်​တော့ ဘုန်းကြီးကိုလျှောက်ပြီး အဆောင်တောင်း ကံကောင်းတာ တစ်​ဆောင် သီးသန့်​လေးပေးတယ် ပြသနာက ခေါင်းအုံးဆောင်ငှားရတာ ခေါင်းဦး ၃ထောင် စောင် ၂ထောင်တဲ့ ဘုရား ဘုရား အပိုင်မဟုတ် ငှားတာနော်😁😁😁
ဘယ်တတ်နိုင်မလဲ ငှားပြီး ပေး ညစာစီစဥ်ပေးပြီး
အိပ်ကျ....
လမ်းလျှောက်ရင်းမိုးမိ အဝတ်အစားမပါ ဖိနပ် လမ်းမှာ ပစ်ခဲ့ပြီး တပေါင်းလရဲ့ အချမ်းကတော့ အေးစိမ့်နေ ဧည့်သည် ၃၈ယောက် ငှားထားတာ ၄၀ သွားကြည့်တော့မရှိတော့ဘူး😁😁 ပုဆိုးချုံပြီးကွေး
မနက်မိုးလင်း....
ဟက်စကီးကွင်းကနေ ကားတက်လာပြီး ဆင်စခန်းဆင်းကြည့် ၂မိုင်😁😁 ဆင်စခန်းကနေ ကားရောက်လို့ ဧည့်သည်လာပြန်ခေါ် ၂မိုင်😁😁 ဆင်စခန်း ပြန်လျှောက် ၂မိုင် တမနက်ထဲ ၆မိုင်လျှောက်ပြီးတော့
ကားပေါ်ပြန်ရောက်ပီး ပြန်ဆင်းလာ ဖိုလ်ဝင်တောင်၊ ရွှေဘတောင် လည်ပြီး ရန်ကုန်ပြန်ဆင်းလာခဲ့ပါတယ်........
အပြန်နှုတ်ဆက်စကားပြောတဲ့အချိန်မှာ ကျနော်တို့ ဘယ်လောက်ဂရုစိုက်ပေးခဲ့လည်း အပင်ပန်းခံ့ပြီးနောက် အားလုံးနှုတ်ဆက်စကား ဆုံးတဲ့ အချိန်မှာ
လက်ခုပ် ဩဘာပေးတာ မျက်ရည်တောင်ကျမိတယ်😭😭😭😭
ဝမ်းသာလွန်းလို့ ပီတိကြောင့်ကြတဲ့ မျက်ရည်.....
နောက်ခရီးစဥ်တွေမှာလဲ ငါဘယ်လို အခက်အခဲရှိရှရအောင်ကြိုးစားမယ်ဆိုတဲ့ ခွန်အားတွေရရှိပြီး
တော်ရုံလူဆိုပြေးမှာ ပင်ပန်းလို့ ပထမတစ်ခေါက်နဲ့တဲ့.... အဲ့ရခဲ့တဲ့ လက်ခုပ်သံကြောင့် ဒီနေ့ဒီချိန်ထိ
ရပ်တည်လာနိုင်ခဲ့တာပါ💪💪💪💪💪

နောက်ခရီးစဥ်ကတော့...ဇွဲ ရယ် လို့နာမည်ရခဲ့တဲ့
တောင်ကြီး အင်းလေး ပင်းတယ ကလော ရွာငံ
ခရီးစဥှ.....
ဆက်လက် ရေးသားပေးပါမည်။
ေစာင့်မျှော် ဖတ်ရှုပေးပါဦးနော် အပိုင်း ၂

ที่อยู่

Chiang Mai

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Traveller Zwe BeyOnd JouRneysผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์