17/07/2026
ချင်းမိုင်မြို့ထဲမှာတင် Budget သက်သာပြီး လုပ်လို့ရမယ့် အမိုက်စား Activity ၇ ခု 🚴♂️☕️🌅
တုံဒုံတို့ Camping Trip တွေ မသွားရင် အခြားဘာတွေလုပ်လဲလို့ မေးတဲ့သူတွေ (မရှိတဲ့) အတွက်😜 Budget သက်သာပြီး ပျော်ဖို့ကောင်းမယ့် Activity ၇ ခုကို မျှဝေပေးလိုက်ပါတယ်! 👇
၁။ Hiking လုပ်မယ် 🥾⛰️
မြို့ထဲကနေ ၁၅ မိနစ်လောက်ပဲ သွားရတဲ့ Doi Suthep အောက်ခြေက Monk's Trail လိုမျိုး၊ Huai Tueng Thao Waterfall ကိုသွားတဲ့ Trail လိုမျိုးတွေက မြို့ထဲမှာပဲရှိပြီး သဘာဝတရားကို တကယ်ထိတွေ့ခံစားရင်း ကယ်လိုရီတွေ အများကြီး လောင်ကျွမ်းစေမယ့် ခြေလျင်တောင်တက်ခရီးတွေ ဖြစ်ပါတယ်။ Beginner တွေလည်း အေးဆေးလုပ်နိုင်တဲ့ Hiking မျိုးတွေပါ။ တုံဒုံတို့ကတော့ Chiang Mai Walk and Talk ဆိုတဲ့ အဖွဲ့နဲ့ အမြဲလိုလိုသွားဖြစ်ပါတယ်။ လူများတော့ ပိုပျော်စရာ ကောင်းတာပေါ့။
💰 ကုန်ကျစရိတ်: အခမဲ့ (Free)
၂။ Ping River Kayaking 🛶🌊
ချင်းမိုင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ Ping မြစ်ထဲမှာ ညနေခင်း လှေလှော်ရတာလည်း အရမ်းမိုက်တဲ့ Activity တစ်ခုပါ။ Ping မြစ်ထဲ ညနေနေဝင်ချိန် ဆည်းဆာလေးကို ခံစားရင်း ကမ်းနားတစ်လျှောက်က Hotel/Resort လှလှလေးတွေ၊ ဆိုင်လှလှလေးတွေကိုငေးရင်း၊ မောလာရင် နေဝင်ချိန် ကြည်လင်နေတဲ့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး ခံစားလို့ရတယ်။ ရေစီးကြောင်းကို ဆန်ပြီး အားစိုက်လှော်ရတဲ့အခါ နည်းနည်းပင်ပန်းပေမယ့် လေအေးအေးလေးတွေတိုက်နေတာမို့ Stress တွေ မေ့သွားမှာပါ! 😅
💰 ကုန်ကျစရိတ်: ၁ ယောက် ၅၀ ဘတ် (လှေနှင့် အသက်ကယ်အင်္ကျီ အပါအဝင်)
၃။ ညနေခင်း နေဝင်ဆည်းဆာ အလှကို ခံစားမယ် (Sunset Viewpoints) 🌅✨
ချင်းမိုင်မှာ ညနေခင်း နေဝင်တာကို အပန်းဖြေကြည့်ရှုဖို့ အမိုက်စား Spot ၄ ခု ရှိပါတယ်။
📍 Doi Pui Viewpoint: တောင်ပေါ် Sunset ကိုခံစားလို့ရတဲ့ မြို့ထဲက အနီးဆုံးနေရာပဲဆိုပါတော့။ လမ်းခရီးတစ်လျှောက်လုံးလည်း ချင်းမိုင်မြို့ကို ပြန်မြင်ရတဲ့ Viewpoints ရယ်၊ Doi Suthep ဘုရားပေါ်က Viewpoints ရယ်ဝင်ပြီး ဘုရားလည်းဖူးရင်း ညနေဆည်းဆာလည်း ခံစားရင်း Relax လို့ရတာပေါ့။
📍 Chiang Mai PAO Park: ကန်ရေပြင်ကျယ်ကြီးနောက်ခံနဲ့ တောင်တန်းတွေကြား နေဝင်သွားတာကို ကြည့်လို့ရတဲ့နေရာ။ ညနေခင်းလာပြေးတဲ့လူတွေရှိသလို၊ စွန်လွှတ်လို့လည်းရတယ်၊ အေးဆေးထိုင် Chill ဖို့ မြက်ခင်းပြင်ကျယ်ကြီးနဲ့ မုန့်ဝယ်စားဖို့ ညစျေးတန်းလည်း ရှိသေးတယ်။ ဒီဇင်ဘာဆိုရင် ပန်းပွဲတော်ပါရှိသေးလို့ မိုက်တဲ့နေရာတစ်ခုပါပဲ။
📍 Angkaew Reservoir: Chiang Mai University ထဲက လူငယ်တွေ အများအားဖြင့် လာပြေးကြတဲ့နေရာပေါ့။ Doi Suthep တောင်တန်းကြီးတွေနောက်ကို နေဝင်သွားတာ ထိုင်ကြည့်ပြီး အပြန် CMU ညစျေးတန်းမှာ မုန့်ဝင်စားလို့ရသေးတယ်။
📍 Mae Kuang Udom Thara Dam: မြို့ထဲကနေ ဆိုင်ကယ်နဲ့ မိနစ်သုံးဆယ်လောက်မောင်းရပေမယ့် တုံဒုံတို့ရဲ့ Favorite Spot ပါ။ Mae Kuang ဆည်ကြီးနောက်ခံက တောင်တန်းတွေကြားထဲ နေဝင်သွားတဲ့ ပုစွန်ဆီရောင် ညနေခင်းဆည်းဆာကို ခံစားရင်း တစ်ဖက်မှာလည်း စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ Doi Saket မြို့လေးက အရမ်းလှနေရော။ လေနုအေးအေးလေးတွေရယ် မြင်ကွင်းကျယ်ကြီးရယ်နဲ့ Rio ငှက်လေးတွေနဲ့ လာကြတဲ့သူတွေလည်း ရှိတတ်တယ်။
💰 ကုန်ကျစရိတ်: အခမဲ့ (Free)
၄။ သူငယ်ချင်းတွေစုပြီး အားကစားလုပ်မယ် (Group Sport Activities) 🏸⚽️
ကျန်းမာရေးလည်းကောင်း၊ social လဲလုပ်လို့ရအောင် မြို့ထဲက ကွင်းတွေမှာ ကြက်တောင်ရိုက်မလား၊ အခုခေတ်စားနေတဲ့ Pickleball ဆော့မလား? ဒါမှမဟုတ် Futsal ကွင်းတွေမှာ ဘောလုံးကန်မလား? ချွေးတပြိုက်ပြိုက်နဲ့ အဖွဲ့လိုက် ပြိုင်ဆိုင်ရတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ ကစားကွင်းကအပြန်ဆိုင်လေးထိုင်ရင် တော်ကီပစ်၊ ဟာသတွေပြောကြတာပေါ့။
💰 ကုန်ကျစရိတ်: ကွင်းငှားခ ၁ နာရီလျှင် ၁၅၀ မှ ၄၀၀ ဘတ်ဝန်းကျင် (လူခွဲရှင်းပါက တစ်ယောက်လျှင် ၅၀ မှ ၁၀၀ ဘတ်ဝန်းကျင်သာ)
၅။ ဆိုင်လှလှလေးတွေ လျှောက်ထိုင်မယ် (Cafe Hopping) ☕️🥐
ချင်းမိုင်ဟာ ကဖေးမြို့တော်လို့ ပြောရလောက်အောင် မြို့ထဲ (အထူးသဖြင့် Nimman သို့မဟုတ် မြို့ဟောင်းထဲ) မှာ Cafe’ အမိုက်စားတွေ အများကြီးရှိပါတယ်။ ဓာတ်ပုံလှလှလေးတွေရိုက်ရင်း ကော်ဖီကောင်းကောင်းတစ်ခွက်နဲ့ Chill လို့ရပါတယ်။ တုံဒုံတို့ကတော့ ကော်ဖီမကြိုက်တော့ ဆိုင်လှလှလေးတွေမှာ မုန့်စားတာပေါ့။ Ping မြစ်တစ်လျှောက်က ဆိုင်လေးတွေလည်း အရမ်း Chill လို့ကောင်းပါတယ်။
💰 ကုန်ကျစရိတ်: စားရင်းစားသလောက်!!! 😅
၆။ သူငယ်ချင်းတွေနဲ့ Board Game ကစားမယ် 🎲🎮
Board Game တွေဆော့ရတာကြိုက်တဲ့သူတွေအတွက် ချင်းမိုင်မြို့ထဲမှာ Board Game Cafe တွေ အများကြီးရှိပါတယ်။ သူငယ်ချင်းတွေနဲ့အပြိုင် အစီအစဉ်တွေဆွဲ၊ အတူတူရယ်မောရင်း အချိန်ကုန်မှန်းမသိ ကုန်ဆုံးသွားစေမယ့် Indoor Activity တစ်ခုပါ။ များသောအားဖြင့် ဆိုင်မိုက်မိုက်လေးတွေနဲ့ တွဲထားတာမို့ အေးဆေး Chill ရင်း၊ သူငယ်ချင်းအသစ်တွေ လွယ်လွယ်ကူကူရနိုင်တာပေါ့။ တုံဒုံတို့က ဆိုင်သွားဆော့လိုက်၊ သူငယ်ချင်းတွေအိမ်မှာ သွားဆော့လိုက်ပဲ။
💰 ကုန်ကျစရိတ်: တစ်နာရီလျှင် ၃၀ မှ ၅၀ ဘတ်ဝန်းကျင် (သို့မဟုတ် Buffet တစ်ရက်လုံးဆော့မှ ၁၀၀ မှ ၁၁၀ ဘတ်ဝန်းကျင်)
၇။ နေ့တိုင်းမရိုးရတဲ့ ညဈေးတွေ လမ်းလျှောက်မယ် (Night Markets Tour) 🛍️🎸
ချင်းမိုင်မှာ နေ့တိုင်း၊ တစ်ရက်မဟုတ် တစ်နေရာ ညဈေးတွေ အမြဲရှိပါတယ်။ စနေ/တနင်္ဂနွေ ညဈေးကြီးတွေအပြင်၊ Weekdays တွေမှာဆိုရင် Chang Phuak Gate, Anusarn Market သို့မဟုတ် Night Bazaar တွေ သွားလို့ရပါတယ်။ လမ်းလျှောက်ရင်း Street Food တွေစားလို့ရသလို၊ လမ်းဘေး တေးဂီတဖျော်ဖြေပွဲတွေ၊ ရိုးရာအကပွဲတွေကိုပါ အခမဲ့ ကြည့်ရှုနိုင်လို့ Vibe အရမ်းမိုက်ပါတယ်။ တုံဒုံတို့အကြိုက်ဆုံးကတော့ One Nimman ပါပဲ။
💰 ကုန်ကျစရိတ်:အခမဲ့ လမ်းလျှောက်နိုင် (စားသောက်စရိတ် တစ်ယောက်လျှင် ၁၀၀ - ၂၀၀ ဘတ် ခန့်ဆို ဗိုက်ပြည့်)
ကဲ... ချင်းမိုင်မြို့ထဲမှာတင် ပိုက်ဆံအများကြီးမလိုဘဲ Active ဖြစ်ဖြစ် ဖြတ်သန်းလို့ရမယ့် နေရာတွေ၊ Activity ဘာတွေကျန်ဦးမလဲ Comment မှာ ပြောပြခဲ့ပေးပါဦးနော်! 📌✨