Nava - นาวา

Nava - นาวา NAVA | Visa Assistance in Thailand
Your trusted partner for hassle-free visa assistance in Thailand.

We make the process smooth and stress-free, so you can focus on what matters.

Nava ရဲ့ August လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု” ပေးခဲ့သော မှတ်တမ်း များ 🤩  ✨August လ တစ်လအတွင်းမှာ Nava ကနေ ဧည့်သည်တေ...
01/09/2026

Nava ရဲ့ August လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု” ပေးခဲ့သော မှတ်တမ်း များ 🤩

✨August လ တစ်လအတွင်းမှာ Nava ကနေ
ဧည့်သည်တော် အယောက်100ကျော်(100+) ကို
Premium University Ed Visa, Buriram College ED Visa, Ed To Ed Visa, Guardian Visa, Retirement Visa, 14 Days Arrival Visa 1st Time and 1st to 4th Time Extension, Tourist Visa နှင့် Driving License အသစ်နှင့် Driving License သက်တမ်းတိုး အစရှိသည့်
ဝန်ဆောင်မှုများ အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့
ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံ ဗီဇာကိစ္စရပ်တွေ ဒါမှမဟုတ် ဗီဇာသက်တမ်းတိုးခြင်း (Extension of Stay) တွေနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို အကောင်းဆုံး
ကူညီဖြေရှင်းပေးဖို့ ကျွန်တော်တို့ အမြဲတမ်း
အသင့်ရှိနေပါတယ်ခင်ဗျာ။

In August,

we’ve helped over 100+clients secure their
Ed Visa(legal stay), visa extension &
driving licenses here in Thailand.

💼 If you need any assistance with your Thailand Visa or Extension of Stay, please feel free to reach out to us. We are here to help !

💬 Send us a message on Messenger
to get started!


Burirum Tourism and Dramatic Arts Vocational College TR Visa To Non Ed Visa ကျွန်တော်တို့ Nava မှာတော့ အခုလို TR Visa ဖြ...
27/08/2026

Burirum Tourism and Dramatic Arts Vocational College

TR Visa To Non Ed Visa
ကျွန်တော်တို့ Nava မှာတော့
အခုလို TR Visa ဖြင့် တစ်လ ချင်း ခနခန တိုးထားဖူးသူများအတွက်လည်း ExtraFee
တပြားတချက် မှ ပေးစရာ မလို
ကျောင်းအပ်ဖို့ ဗီဇာ ရက်ကျန် ၂၁ ရက် ရှိရုံဖြင့်
တနေ့ ထဲ အပြီး အလွယ်တကူ Non Ed Visa
ပြောင်းလို့ ရနေ ပါပြီ ✨
သက်တမ်းကလည်း ( ၃လ +၁၂လ )တခါထဲ
ရရှိမှာ ဖြစ်တဲ့ အပြင် (၁၅ လ) ရရှိဖို့အတွက် Immigration ကလည်း တစ်ကြိမ်ပဲ ဝင် ရမှာ
ဖြစ်ပါတယ်။

Certificate Language Program ဖြစ်ပြီး
Thai Language လေး သင်ကြားပေးမှာ ဖြစ်ပါတယ်။
အတန်းကလည်း တစ်ပတ် ကို (Mon,Wed,Fri) သုံးရက်တွင် စာသင်ကြားချိန် တစ်ရက် တစ်နာရီ ဖြင့် တစ်ပတ်တာ စာသင်ချိန် သုံးနာရီ တက်ပေးရုံဖြင့်
အေးအေး ဆေးဆေး ကိုယ်ဝါသနာ ပါရာလေးလည်း
လုပ်ကိုင်နိုင် ပါတယ် ခင်ဗျ ။

စာသင်တာကလည်း တကယ်ရော သင်ရဲ့လား ဆိုတဲ့
သူတွေအတွက် အတန်းကလည်း
(Basic-Intermediate-Advanced) ဆိုပြီးရှိပါတယ်။ level တခုစီတိုင်းမှာ test လေးတွေ ရှိပါတယ်။Basic သင်ပြီးသွားလို့ test ဖြေ နိုင်မှ Pass ဖြစ်ပြီး နောက်တဆင့် Intermediate level အတန်း join နိုင်မှာ ပါ ခင်ဗျ ။
လူကြီး လူငယ် မရွေး တက်ရောက်နိုင်ပြီး
ထိုင်းနိုင်ငံ တွင် အဆင်အပြေ ဆုံးနဲ့ ရွေးချယ်မှု
အများ ဆုံး ဖြစ်နေသော University Ed Visa
ဖြစ်ပါတယ် ခင်ဗျာ ။

ထိုင်းနိုင်ငံ တွင် နေထိုင်ဖို့အတွက် အသေးစိတ်
လာရောက် ဆွေးနွေးလို့ရပါတယ် ခင်ဗျ ✨

ဘတ်မဖွင့်ခင်ဘာဗီဇာနဲ့နေလို့ရလဲ❓"ထိုင်းနိုင်ငံမှာ ဘတ် (ပန်းရောင်ကတ်) ဘယ်တော့ ဖွင့်မလဲ?""ဘတ်မဖွင့်ခင်ကြားထဲမှာ တရားဝင် အထေ...
24/08/2026

ဘတ်မဖွင့်ခင်ဘာဗီဇာနဲ့နေလို့ရလဲ❓
"ထိုင်းနိုင်ငံမှာ ဘတ် (ပန်းရောင်ကတ်) ဘယ်တော့ ဖွင့်မလဲ?"
"ဘတ်မဖွင့်ခင်ကြားထဲမှာ တရားဝင် အထောက်အထားနဲ့ စိတ်အေးလက်အေး နေချင်တယ်..."
"တတိယနိုင်ငံကို ထွက်ဖို့ ဗီဇာစောင့်နေတာ လပိုင်းပဲလိုတော့တာမို့ Long Term Visa ကြီးတွေ လျှောက်ရမှာလည်း စရိတ်မတန်ဘူး ဖြစ်နေတယ်...🤷‍♀️"
စတဲ့ လူကြီးမင်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေအားလုံးကို အကောင်းဆုံး ဖြေရှင်းပေးဖို့အတွက် Nava မှ TR Visa 4-Month Package (၄ လစာ အပြီးအစီးအစီအစဉ်) လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ရှင်✨
🇱🇦🇹🇭ဒီ Package လေးမှာတော့ TR (Tourist) Visa ရရှိဖို့အတွက် လာအိုနိုင်ငံ သံရုံးမှာ သွားရောက်လျှောက်ထားရမှာ ဖြစ်ပါတယ်။ ခရီးစဉ်တစ်ခုလုံးအတွက် ကားလက်မှတ်၊ VIP Pass၊ အကြိုအပို့စနစ်၊ ဟိုတယ်တည်းခိုခွင့်နဲ့ ဗီဇာကြေး အားလုံး ပါဝင်ပြီးသား ဖြစ်ပါတယ်။ ဒါ့အပြင် ဗီဇာစောင့်ဆိုင်းနေစဉ် ကာလအတွင်းမှာလည်း မိမိအိမ်မှာ စားနေကျအတိုင်း နွေးထွေးအိစက်လှတဲ့ မြန်မာထမင်းဟင်း အရသာစစ်စစ်ကိုပါ အပြီးအစီး စီစဉ်ပေးထားတာမို့ လူကြီးမင်းတို့အနေနဲ့ ဘာမှပူစရာမလိုဘဲ မြန်မာစာလေး စားရင်း အနားယူစောင့်ဆိုင်းရုံပါပဲရှင်။ 🇲🇲🍲
🇱🇦လာအိုကနေ TR Visa နဲ့ ထိုင်းနိုင်ငံထဲကို ပြန်လည်ဝင်ရောက်လာရင် ပထမ (၂) လ နေထိုင်ခွင့်ရရှိမှာဖြစ်ပြီး၊ အဲဒီသက်တမ်း ပြည့်ခါနီးရင်လည်း နောက်ထပ် (၂) လ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်အထိ Nava ဘက်က One-Stop Service အနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးသွားမယ့် ၄ လစာ အပြီးအစီး Package လေး ဖြစ်ပါတယ်ရှင့်။ 💼
(📌ထပ်တိုးဝန်ဆောင်မှုအနေနဲ့ လေးလပြည့်သွားလို့ ထိုင်းနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ လိုအပ်ချက်ရှိနေသေးရင်လည်း ထပ်တိုးနိုင်အောင် စီစဉ်ပေးဦးမှာ ဖြစ်ပါတယ်)

🤯"ဗီဇာသက်တမ်းက ဘယ်တော့ကုန်မှာလဲ၊ ဘယ်အချိန်မှာ ထပ်တိုးရမလဲ၊ ဘာစာရွက်စာတမ်းတွေ လိုမလဲ၊ သံရုံးထောက်ခံစာ တင်ရင်ရော အချိန်မီပါ့မလား" စတဲ့ ခေါင်းခဲစရာ ကိစ္စအဝဝကို လူကြီးမင်းတို့ ကိုယ်တိုင် စဉ်းစားစရာမလိုဘဲ စိတ်အေးချမ်းသာစွာနဲ့ အဆင်ပြေစေရပါမယ်။ 👍

🏛️ Nava TR Package ရဲ့ ထူးခြားတဲ့ အားသာချက်များ
🔹 One-Stop Service: နိုင်ငံပြင်ပမှာ ဗီဇာ Process စောင့်ဆိုင်းနေစဉ်အတွင်း နေထိုင်ရေး၊ သွားလာရေး၊ VIP Pass၊ အကြိုအပို့စနစ်၊ ဗီဇာဝန်ဆောင်မှု အပြင် မြန်မာအစားအသောက်ပါ အပြီးအစီး စီစဉ်ပေးခြင်း။
🔹 မိမိစိတ်ကြိုက် Location ရွေးချယ်နိုင်ခြင်း: ဗီဇာသက်တမ်းတိုးတဲ့အခါ ဘန်ကောက်မှာပဲ တိုးတိုး၊ ချင်းမိုင်မှာပဲ တိုးတိုး၊ ဒါမှမဟုတ် တလှည့်စီပဲ တိုးတိုး မိမိတို့ အဆင်ပြေမယ့် မြို့ကို အပိုကုန်ကျငွေ လုံးဝပေးစရာမလိုဘဲ စိတ်ကြိုက် ရွေးချယ်ဆောင်ရွက်နိုင်ခြင်း။
🔹 စိတ်အေးရခြင်း: (၄) လတာ ကာလပတ်လုံး ဗီဇာကိစ္စ၊ စာရွက်စာတမ်း အရှုပ်အရှင်းကိစ္စများအတွက် လုံးဝ ခေါင်းပူစရာမလိုခြင်း။
🔹 ပွင့်လင်းမြင်သာမှု: Hidden Cost (အပိုကုန်ကျငွေ) လုံးဝ(လုံးဝ) မရှိခြင်း။
🔹 လုပ်ငန်းကျွမ်းကျင်မှု: ဗီဇာသက်တမ်းတိုးတဲ့ အချိန်မှာလည်း လုပ်သက် (၃) နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကျွမ်းကျင်ဝန်ထမ်းများက ကိုယ်တိုင်ကိုယ်ကျ အနီးကပ် လိုက်လံဆောင်ရွက်ပေးမှာမို့လို့ အမှားအယွင်းမရှိ စိတ်ချရခြင်း။

ကဲ... Nava ရဲ့ TR Package လေးကို လူကြီးမင်းတို့ရဲ့လိုအပ်ချက်တွေအတိုင်း ကွက်တိ ရေးဆွဲပေးထားတာမလို့ နှစ်ခါမစဉ်းစားနဲ့တော့ရှင်။ လူကြီးမင်းတို့ရဲ့ဗီဇာသက်တမ်းလေးလ လုံး ကို Nava က တာဝန်ယူပါရစေရှင်။ 🤝

ဘတ်မဖွင့်ခင်ကြားထဲမှာ အဆင်ပြေဆုံးနဲ့ စိတ်အချရဆုံး တရားဝင်နေထိုင်ခွင့်ကို ရှာဖွေနေတယ်ဆိုရင်တော့ Nava ရဲ့ TR 4-Month Package က လူကြီးမင်းအတွက်အသင့်တော်ဆုံး ရွေးချယ်မှုဖြစ်မှာ အသေအချာပါပဲရှင်။ အသေးစိတ်လေး စုံစမ်းချင်တယ်ဆိုရင်တော့ Nava ရဲ့ Chat Box ကို အခုပဲ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါပြီရှင်။ 📩

🇲🇲 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် Passport သက်တမ်းတိုးခြင်းဆိုင်ရာ အရေးကြီးအသိပေးချက် 📢ယနေ့ (၁၉.၈.၂၀၂၆) မှ...
19/08/2026

🇲🇲 ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအတွက် Passport သက်တမ်းတိုးခြင်းဆိုင်ရာ အရေးကြီး
အသိပေးချက် 📢

ယနေ့ (၁၉.၈.၂၀၂၆) မှစတင်၍ ထိုင်းနိုင်ငံတွင် Passport သက်တမ်းတိုးမည့်သူများအတွက်
ပေါ်လစီအသစ် ပြောင်းလဲသွားပြီဖြစ်ပါသည် ⚠️

📝 ပြောင်းလဲသွားသော လျှောက်ထားမှု လုပ်ငန်းစဉ်မှာ

▫️(ဖောင်တင်ခြင်း) မြန်မာသံရုံးတွင် မိမိ၏ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်၍ ဖောင်အရင် တင်ထားရပါမည် ဖြစ်ပါသည်။

▫️စီစစ်ခြင်း: ပြည်ထဲရေးဘက်မှ မိမိ နာမည်စာရင်း ပြန်လည်ကျလာပြီးနောက် သံရုံးဘက်မှ ဆက်သွယ် အကြောင်းကြားလာမှသာ သက်တမ်းတိုး လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်
နိုင်ပါမည်

⏳ကြာမြင့်ချိန်:ပြည်ထဲရေးမှ နာမည်စာရင်း ကျလာရန် ကြာချိန်မှာ ၂ ပတ်မှစ၍ ၂ လ၊ ၃ လ သို့မဟုတ် ၃ လထက်ပို၍ ကြာမြင့်နိုင်ပါသည် 📅

📌 အကျုံးဝင်သည့် Passport အမျိုးအစားများ
၁။ ဖောင်အရင်တင်ရမည့်သူများ

▫️ PV Passport ကိုင်ဆောင်ထားသူများ
Passport Type ပြောင်းလဲလိုသူများ အားလုံး

(ဥပမာ - ⁠PV to PJ⁠, ⁠PE to PJ⁠, ⁠PJ to PE⁠, ⁠PT to PJ⁠ စသည်)

▫️PV ကိုင်ဆောင်ထားသူများ ယခင်လို Walk-In ဝင်ရောက် သက်တမ်းတိုး၍ မရတော့ပါ

Walk-In ဝင်ရောက် ဆောင်ရွက်နိုင်သေးသူများ

Passport အမျိုးအစား "မပြောင်းဘဲ အမျိုးအစားတူ" သက်တမ်းတိုးမည့်သူများမှာ ယခင်အတိုင်း Walk-In ဝင်ရောက် သက်တမ်းတိုးနိုင်ပါသေးသည်။

( ဥပမာ - ⁠PJ to PJ⁠, ⁠PT to PT⁠, ⁠PE to PE ⁠)

💡 အကြံပြုချက်: Passport အမျိုးအစားတူ သက်တမ်းတိုးမည့်သူများအနေဖြင့် မိမိ Passport သက်တမ်းကုန်မည့်ရက်ကို သေချာစစ်ဆေးပြီး
Walk-In တိုး၍ ရနေစဉ်အတွင်း အမြန်ဆုံး သွားရောက်ဆောင်ရွက်ထားကြရန် တိုက်တွန်းပါသည်။

📍 ချင်းမိုင်မြို့ ကောင်စစ်ဝန်ချုပ်ရုံး အခြေအနေ
လက်ရှိအချိန်ထိ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ ရှိ ကောင်စစ်ဝန်ချုပ်ရုံးမှ ပေါ်လစီ Update အတိအကျ ကြားသိရခြင်း မရှိသေးပါသဖြင့် PV Passport အမျိုးအစား ကိုင်ဆောင်ထားသူများအား သက်တမ်းတိုးပေးခြင်း ဝန်ဆောင်မှုများကို ခေတ္တရပ်နားထားပါသည် 🛑

TM30ကြောင့် ဗီဇာသက်တမ်းတိုးလို့မရခဲ့ဘူးတို့ 💁‍♀️သံရုံးထောက်ခံစာထုတ်မရတဲ့အခက်အခဲတို့ဆိုတာ ကျွန်တော်တို့Navaမှာမရှိပါဘူးဗျ...
17/08/2026

TM30ကြောင့် ဗီဇာသက်တမ်းတိုးလို့မရခဲ့ဘူးတို့
💁‍♀️သံရုံးထောက်ခံစာထုတ်မရတဲ့အခက်အခဲတို့ဆိုတာ ကျွန်တော်တို့Navaမှာမရှိပါဘူးဗျ
စာရွက်စာတမ်းပြင်ဆင်ရတဲ့ ပူပင်မှုတွေကိုဖြေဖျောက်ဖို့ ကျွန်တော်တို့ တာဝန်ယူပါစေခင်ဗျာ🤠
✨စာရွက်စာတမ်းတွေဘာမှစီစဉ်စရာမလိုဘဲ အိမ်မှာ အေးဆေးလေးနားရင်း ဗီဇာသက်တမ်းတိုးတဲ့နေ့ မှ Passport တစ်မျိုးထဲကိုင်ပြီး Immigrationကိုလာရုံပါပဲဗျ။
💯စာရွက်စာတမ်းပြင်ဆင်မှုကနေစပြီး ဗီဇာတုံးရသည်ထိ အမှားအယွင်းလုံးဝမရှိဘဲ ကျွမ်းကျင်ဝန်ထမ်းတွေက လိုက်လံဆောင်ရွက်ပေးနေတဲ့ Work Flowကြောင့် Customer ရွေးချယ်မှုများတဲ့ Nava ကိုသာ ရွေးချယ် ဆက်သွယ်လိုက်ပါခင်ဗျာ။
ဒီရက်ပိုင်း အောင်မြင်စွာ ဗီဇာသက်တမ်းတိုး ဝန်ဆောင်မှုပေးခဲ့တဲ့ မှတ်တမ်းလေးတွေကိုလည်း မျှဝေလိုက်ပါတယ်ခင်ဗျာ။
ဝန်ဆောင်မှုအသေးစိတ်ကို ခုပဲNavaရဲ့ Page Messengerကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မြန်မာယာဉ်မောင်းလိုင်စင်ကနေ ထိုင်းယာဉ်မောင်းလိုင်စင်လဲတော့မယ်ဆိုရင် အရင်ဆုံးစစ်ဆေးရမှာက မြန်မာလိုင်စင်သက်တမ်းခြောက်လအထက်...
14/08/2026

မြန်မာယာဉ်မောင်းလိုင်စင်ကနေ ထိုင်းယာဉ်မောင်းလိုင်စင်လဲတော့မယ်ဆိုရင် အရင်ဆုံးစစ်ဆေးရမှာက မြန်မာလိုင်စင်သက်တမ်းခြောက်လအထက် ကျန်/မကျန်ပါခင်ဗျာ🚗🛵
🙅‍♂️မြန်မာလိုင်စင်သက်တမ်းက (6)လအောက်ရောက်နေပြီဆ်ိုရင် ထိုင်းလိုင်စင်လုံးဝလုံးဝ လဲလို့မရတော့တဲ့အတွက် မြန်မာလိုင်စင်သက်တမ်း6လနဲ့အထက်ကျန်ရှိနေတုန်းလေး လဲထားကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျာ📣
💁‍♂️မြန်မာလိုင်စင်ထဲက နာမည်စာလုံးပေါင်းနဲ့ Passport သို့မဟုတ် ပန်းရောင်ကဒ်ထဲက နာမည်စာလုံးပေါင်း တူမတူလည်း စစ်ဖို့မမေ့ပါနဲ့ခင်ဗျာ။ (ဥပမာ "Lin"နဲ့ "Linn" "Maung"နဲ့ "Mg")
🙋‍♂️စာရွက်စာတမ်းတွေပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက် ယာဉ်မောင်းလိုင်စင်လဲတဲ့ ဝန်ဆောင်မှုအပြီးအစီး ရယူလိုတယ်ဆိုရင်တော့ အချိန်နာရီပိုင်းထဲနဲ့ကဒ်တစ်ခါထဲရပြီး တိကျမှန်ကန် Serviceကောင်းတဲ့Navaကိုသတိရလိုက်ပါခင်ဗျာ။
🚘ယာဉ်မောင်းလိုင်စင်အတွက် ကျွန်တော်တ်ို့ Navaအနေနဲ့ ရှေ့မှာအောင်မြင်စွာ ဝန်ဆောင်မှုပေးခဲ့တဲ့ Customerပေါင်း "500" ကျော်ရှိနေပြီမို့ Service Qualityကိုတော့ အထူးတလည်မပြောတော့ပါဘူးဗျာ။
📩အသေးစိတ်လေး စုံစမ်းမေးမြန်းဖို့ ခုပဲ Nava ရဲ့ Page Messenger ကိုဆက်သွယ်လိုက်ပါရှင်။

❗️အစိုးရ ရုံးပိတ်ရက် အသိပေးချက်📣လာမည့် ဩဂုတ်လ (12) ရက် သည် ထိုင်းဘုရင်မကြီးမွေးနေ့ နှင့် မိခင်များနေ့ ဖြစ်တဲ့အတွက် 📍ထိုင...
11/08/2026

❗️အစိုးရ ရုံးပိတ်ရက် အသိပေးချက်📣

လာမည့် ဩဂုတ်လ
(12) ရက် သည်
ထိုင်းဘုရင်မကြီးမွေးနေ့ နှင့် မိခင်များနေ့ ဖြစ်တဲ့အတွက်

📍ထိုင်းသံရုံး
📍မြန်မာသံရုံး အပါအဝင်

ထိုင်း အစိုးရ ရုံးများအားလုံး (၁) ရက်တာ ပိတ်မည့်အကြောင်း အသိပေးအပ်ပါသည် ။

ထိုင်းနိုင်ငံ တွင် ရေရှည်
နေထိုင် ဖို့ရာ အတွက်
မိမိဖြင့် ကိုက်ညီမယ့် ဗီဇာအမျိုးအစားကို အမြန်ဆုံး လျှောက်ထားနိုင်ဖို့အတွက် Nava ရဲ့ Page Messenger 📩 မှာ အသေးစိတ် လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါပြီရှင်။

သင်သိပါသလား🤔ချင်းမိုင်မှာ လူလိုက်စရာမလိုဘဲMedical Letterနဲ့ဗီဇာသက်တမ်းတိုးလို့ရနေပြီဆိုတာ..💡🩺ထိုင်းမှာရက်ရှည်ဆေးကုသမှုခံ...
10/08/2026

သင်သိပါသလား🤔
ချင်းမိုင်မှာ လူလိုက်စရာမလိုဘဲMedical Letterနဲ့ဗီဇာသက်တမ်းတိုးလို့ရနေပြီဆိုတာ..💡
🩺ထိုင်းမှာရက်ရှည်ဆေးကုသမှုခံယူနေရတဲ့ လူကြီးမင်းတို့အတွက် Immigration ကို လူကိုယ်တိုင်သွားပြီး ဗီဇာသက်တမ်းသွားတိုးရတယ်ဆိုတာ အင်မတန် ပင်ပန်းစေတဲ့ကိစ္စပါ🤯။
🧑‍🦯လမ်းလျှောက်ဖို့အဆင်မပြေတဲ့သူ၊ အထိုင်အထ ခက်ခဲတဲ့သူတွေအတွက် ကျွန်တော်တို့ Nava က Medical Letterနဲ့လိုအပ်တဲ့ ဆေးစာရွက်စာတမ်းရှိရုံနဲ့ လူလိုက်စရာမလိုဘဲ ဆေးကုသဖို့ဗီဇာသက်တမ်းတိုးဝန်ဆောင်မှုပေးနေပါပြီဗျာ။
🩻လူကြီးမင်းတို့ဘက်က Medical Letterလေးယူလာပြီး စိတ်အေးချမ်းသာစွာ အိမ်မှာစောင့်နေရုံနဲ့ 3 လ ဗီဇာရရှိမှာဖြစ်ပါတယ်ခင်ဗျာ။
✅ဒီအပတ်အတွင်း Nava က အောင်မြင်စွာ ဝန်ဆောင်မှုပေးခဲ့တဲ့ Medical Visa မှတ်တမ်းကိုလည်း မျှဝေလိုက်ပါတယ်ခင်ဗျာ။
အသေးစိတ်မေးချင်တာလေးတွေ ရှိရင် Navaရဲ့ Page Messenger ကို ဆက်သွယ်ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ☎️

TM 30 ကြောင့် ဗီဇာသက်တမ်းတိုးဖို့ အခက်တွေ့နေလား🤯 သင်က အလည်ဗီဇာနဲ့ ထိုင်းနိုင်ငံကိုဝင်ရောက်လာပြီး ဗီဇာသက်တမ်းသွားတိုးတဲ့အ...
06/08/2026

TM 30 ကြောင့် ဗီဇာသက်တမ်းတိုးဖို့ အခက်တွေ့နေလား🤯
သင်က အလည်ဗီဇာနဲ့ ထိုင်းနိုင်ငံကိုဝင်ရောက်လာပြီး ဗီဇာသက်တမ်းသွားတိုးတဲ့အခါ မရှိမဖြစ်လိုအပ်တာက TM30ပါ။
လက်ရှိနေထိုင်နေတဲ့နေရာက TM30 မထုတ်ပေးနိုင်တဲ့အခါ 💁‍♀️အများစုက TM30 Service ဝယ်ယူလေ့ရှိကြပါတယ်။ ဒီနေရာမှာ သတိပြုရမှာက TM30မှာပါတဲ့လိပ်စာပါ။
ဗီဇာသက်တမ်းသွားတိုးတဲ့အခါ TM30 လိပ်စာက 👉

အိမ် သို့မဟုတ် အိမ်ယာ ဖြစ်ပါက
"အိမ်စာချုပ် ရှိလား" တောင်းကြည့်တာမျိုး

Hotel ဖြစ်ပါက
"ငွေပေးချေထားတဲ့ Slip ရှိလား ဘယ်က Bookingတင်ထားတာလဲ" စသဖြင့်မေးခံရတာမျိုးတွေ ကြုံဖူးကြလားရှင်
TM30 အခက်အခဲကြောင့် ဗီဇာသက်တမ်းတိုးဖို့ အခက်ကြုံနေရင် အာမခံပြီး အစအဆုံးတာဝန်ယူပေးတဲ့ Nava ရဲ့ One Month Visa Extension Service လေးနဲ့ မိတ်ဆက်ပေးပါရစေရှင်။ တာဝန်ယူမှုအပြည့်ရှိတဲ့အပြင် အမှားအယွင်းမရှိတဲ့ Service Quality နဲ့ August လအတွင်း Visa Extension Serviceအတွက် Promotion 200 Baht ပါ ရရှိမှာဖြစ်တဲ့အတွက် အလည်ဗီဇာသက်တမ်းတိုးဖို့ လိုအပ်နေရင် ခုပဲ Nava ကိုဆက်သွယ်လိုက်ပါရှင်။

Nava ရဲ့ July လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု” ပေးခဲ့သော မှတ်တမ်း များ 🤩  ✨July လ တစ်လအတွင်းမှာ Nava ကနေ ဧည့်သည်တော် 9...
01/08/2026

Nava ရဲ့ July လအတွင်း“ အောင်မြင်စွာ ဝန်ဆောင်မှု” ပေးခဲ့သော မှတ်တမ်း များ 🤩

✨July လ တစ်လအတွင်းမှာ Nava ကနေ
ဧည့်သည်တော် 95 ယောက်ကျော် (95+) ကို
Ed Visa, Ed To Ed Visa, Guardian Visa, Retirement Visa, 14 Days Arrival Visa Extension, Tourist Visa နှင့် Driving License အစရှိသည့်
ဝန်ဆောင်မှုများ အောင်မြင်စွာ ဝန်ဆောင်မှုပေးနိုင်ခဲ့
ပါတယ်ခင်ဗျာ။

ထိုင်းနိုင်ငံ ဗီဇာကိစ္စရပ်တွေ ဒါမှမဟုတ် ဗီဇာသက်တမ်းတိုးခြင်း (Extension of Stay) တွေနဲ့ ပတ်သက်လို့ အကူအညီ လိုအပ်နေတယ်ဆိုရင် ကျွန်တော်တို့ဆီကို အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
လူကြီးမင်းတို့ရဲ့ အခက်အခဲတွေကို အကောင်းဆုံး
ကူညီဖြေရှင်းပေးဖို့ ကျွန်တော်တို့ အမြဲတမ်း
အသင့်ရှိနေပါတယ်ခင်ဗျာ။

In july,

we’ve helped over 95+ clients secure their
Ed Visa(legal stay), visa extension &
driving licenses here in Thailand.

💼 If you need any assistance with your Thailand Visa or Extension of Stay, please feel free to reach out to us. We are here to help !

💬 Send us a message on Messenger
to get started!


ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Nava - นาวาผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์