23/05/2026
ချင်းရိုင် White Temple မှာ ထိုင်းရိုးရာဝတ်စုံ ငှားမယ်ဆို ဘယ်လောက်ကုန်မလဲ?
White Temple ရောက်ရင် အဖြူရောင်နောက်ခံမှာ ထိုင်းရိုးရာဝတ်စုံလေးနဲ့ ဓာတ်ဖမ်းချင်တဲ့သူတွေအတွက် ဈေးနှုန်းနဲ့ ဆိုင်နေရာလေးကို လမ်းညွှန်ပေးလိုက်ပါတယ် ။
စျေးနှုန်းကတော့ ယောကျ်ားလေးရော မိန်းကလေးပါ တစ်စုံကို (၆၀၀) ဘတ် ကျသင့်ပါမယ်။ ဒီ (၆၀၀) ဘတ်ထဲမှာ ဆံပင်လှလှလေး လုပ်ပေးတာရော၊ ထီး၊ လက်ကောက်၊ လည်ဆွဲ စတဲ့ အသုံးအဆောင်ပစ္စည်း အကုန်လုံး အပြည့်အစုံ ပါဝင်ပါတယ်။
မျက်နှာကို သေချာ Make-up ပြင်ချင်တယ်ဆိုရင်တော့ နောက်ထပ် (၆၀၀) ဘတ် ထပ်ပေးရပါမယ်။
ကိုယ်တိုင် ဖုန်းနဲ့မရိုက်ချင်ဘူး၊ ပုံထွက်အလန်းစားလေးတွေ လိုချင်တယ်ဆိုရင် ပရော်ဖက်ရှင်နယ် ဓာတ်ပုံဆရာ ငှားလို့ရပါတယ်။ သူက (၂) နာရီကို (၆၀၀) ဘတ်ဆိုတော့ အားရပါးရ အကြိုက်ပို့စ်ပေးပြီး ရိုက်လို့ရပြီပေါ့။
ဘယ်ဆိုင်မှာ ငှါးရမလဲဆိုရင် ဆိုင်နေရာက ဘုရားဖြူရဲ့ မျက်စောင်းထိုး ဈေးတန်းထဲဝင်ပြီး နည်းနည်းလျှောက်လိုက်တာနဲ့ ဘယ်ဘက်ခြမ်းမှာ ရှိပါတယ်။ ဒီဆိုင်လေးကို ဘာလို့ညွှန်းရလဲဆိုရင် အဝတ်အစားတွေက သန့်သန့်ရှင်းရှင်းရှိသလို၊ ပြင်ဆင်ပေးတဲ့ နေရာမှာလည်း တော်တော်လေး စိတ်ရှည်လို့ပါ။
တကယ်တမ်း ခရီးသွားတဲ့အခါ ဟိုရောက်မှ ဟိုရှာဒီရှာနဲ့ အချိန်မကုန်ရအောင် အခုကတည်းက ဒီ Post လေးကို သိမ်း (Save) ထားလိုက်နော် ။