Aung Htet-Travel Consultant

Aung Htet-Travel Consultant ခရီးသွားတယ်ဆိုတာ အမှတ်တရတွေ ၊ ဗဟုသုတတွေရရှိဖို့ဆို စနစ်တကျခရီးသွားတက်ဖို့လဲလိုအပ်ပါတယ်

Mon Jam ကိုလည်ပတ်မယ်ဆို ဒီ (6) နေရာကို သွားပါ 🌿⛰️မွန်းဂျမ်ဆိုတာ မြန်မာခရီးသွားတွေရဲ့ ကြားထဲမှာ Little Switzerland လို့တေ...
21/08/2026

Mon Jam ကိုလည်ပတ်မယ်ဆို ဒီ (6) နေရာကို သွားပါ 🌿⛰️

မွန်းဂျမ်ဆိုတာ မြန်မာခရီးသွားတွေရဲ့ ကြားထဲမှာ Little Switzerland လို့တောင် တင်စားထားရလောက်တဲ့အထိ အရမ်းလှတဲ့ တောင်ပေါ်ဒေသလေးဖြစ်ပါတယ်။ ⛰️

သဘာဝတောင်တန်းရှုခင်းတွေနဲ့ ပန်းတွေပွင့်ရာ ဒေသလေးလဲ ဖြစ်တာမို့ ချင်းမိုင်ရောက်ရင် Mon Jam ကို တစ်ရက်လောက် သွားရောက်လည်ပတ်ဖို့ အမြဲတိုက်တွန်းပေးရတဲ့အထိ အရမ်းကို သာယာအေးချမ်းတဲ့ တောင်ပေါ်ရွာလေးလဲ ဖြစ်ပါတယ်။ 🌿

Mon Jam က လည်ပတ်စရာတွေများလို့ အေးအေးဆေးဆေး လည်ပတ်ချင်တဲ့သူတွေအတွက် ၁ ညအိပ် ၂ ရက် လဲ လည်ပတ်လို့ရသလို နေ့ချင်းပြန် လဲ လည်ပတ်လို့ရပါတယ်။
ဒီတော့ Mon Jam ရဲ့ နာမည်ကြီးတဲ့နေရာတွေ၊ လည်ပတ်တာအများဆုံးနေရာ (6) နေရာကို ဒီနေ့ ကျွန်တော့်ရဲ့ မိတ်ဆွေတွေအတွက် မျှဝေပေးလိုက်ပါတယ်။ 📍

🛕 1. Wat Ban Den Temple
ပထမဦးဆုံး ချင်းမိုင်မြို့ရဲ့ အလှဆုံးလို့တောင် တင်စားရလောက်တဲ့အထိ ခမ်းနားတဲ့ Wat Ban Den Temple ကို သွားရောက်လည်ပတ်ပါ။
ဒီနေရာလေးကို ကျွန်တော် ဘာလို့ အမြဲထည့်သွင်း လမ်းညွှန်ပေးဖြစ်လဲဆိုရင် သူ့ရဲ့ ထူးခြားတဲ့ ခမ်းနားမှုကြောင့်ပါ။

သူက သာမန်ဘုရားကျောင်းတွေလို မဟုတ်ဘဲ Lanna (လန်န) ဗိသုကာလက်ရာ တွေကို အခမ်းနားဆုံး ပုံဖော်တည်ဆောက်ထားတာပါ။
ဘုရားဝင်းထဲ ဝင်လိုက်တာနဲ့ အမိုးပြာပြာကြီးတွေ၊ အနုစိတ်လွန်းတဲ့ နဂါးရုပ်တုအကြီးကြီးတွေနဲ့ ကိုယ့်ရာသီခွင်အလိုက် ဖူးမျှော်နိုင်တဲ့ စေတီတွေကို တစ်နေရာတည်းမှာ အံ့မခန်းတွေ့ရမှာလဲ ဖြစ်ပါတယ်။

Mon Jam ကို လည်ပတ်မယ်ဆို ဝင်ရောက်လည်ပတ်သင့်တဲ့ နေရာတစ်နေရာပေါ့။

🧚 2. Dantewada Land of Angels
နောက်တစ်နေရာက သဘာဝအလှသက်သက်မဟုတ်ဘဲ Fantasy ဆန်ဆန် Vibe မျိုးကိုပါ ခံစားချင်တယ်ဆိုရင်တော့ Dantewada Land of Angels ကို မဖြစ်မနေ ဝင်ဖို့ အကြံပေးချင်ပါတယ်။

Dantewada Land of Angels ကို လက်တွေ့ကျကျ တင်စားရရင်တော့ ရုပ်ရှင်ထဲက နတ်သမီးပုံပြင် တောအုပ်ကြီးကို အပြင်မှာ တကယ်အသက်သွင်းထားသလိုပါပဲ။ ✨

ဧရာမ လူလုပ်ရေတံခွန်တွေ၊ ရေပြာစမ်းချောင်းတွေနဲ့ လွှတ်ထားတဲ့ မြူခိုးတွေကြောင့် ဝင်ဝင်ချင်းပဲ တောနက်ကြီးထဲ ရောက်သွားသလို ခံစားရစေပါတယ်။

လူဖန်တီးထားမှန်း သိသာပေမယ့် သဘာဝတရားနဲ့ အံ့မခန်းတစ်သားတည်းဖြစ်အောင် အနုစိတ်ဖန်တီးထားတာကတော့ တကယ်ကို လေးစားစရာပါ။

ဓာတ်ပုံရိုက်ဖို့ ဝါသနာပါသူတွေနဲ့ မြို့ပြရဲ့ မွန်းကျပ်မှုကနေ ခဏတာ ရုန်းထွက်ချင်သူတွေအတွက်တော့ ခရီးစဉ်ကို အကောင်းဆုံး အသက်ဝင်စေမယ့် နေရာလေးတစ်ခုလို့ ကျွန်တော်ထင်ပါတယ်။

☕ 3. WTF Coffee Camp
နတ်သမီးတောအုပ်ကလေးထဲ လည်ပတ်ပြီးရင်တော့ Mon Jam ဘက်ကို ခရီးထပ်ဆက်ကြရအောင်။

Mon Jam ရောက်ရင်တော့ မဖြစ်မနေ လည်ပတ်သင့်တာကတော့ WTF Coffee Camp ပါ။

ဒီဆိုင်လေးရဲ့ အားသာချက်က မျက်စိရှေ့မှာတင် ဒလဟောစီးကျနေတဲ့ ရေတံခွန်အလှကို ငေးကြည့်ရင်း၊ ကော်ဖီပူပူလေးတစ်ခွက်နဲ့
သဘာဝတရားထဲ စီးမျောသွားနိုင်တဲ့ Camping Vibe အပြည့် က တခြားဘယ်နေရာနဲ့မှ မတူတဲ့ ဒီဆိုင်ရဲ့ အသက်ပါပဲ။ ☕🌿

🌄 4. Mon Jam Skywalk
ဒါပြီးရင်တော့ Mon Jam ဒေသရဲ့ Highlight နေရာဖြစ်တဲ့ Mon Jam Skywalk ကို သွားရောက်လည်ပတ်ပါ။

ဒီနေရာက Mon Jam ရဲ့ အသက်လို့ ပြောလို့ရပါတယ်။ 🌄

တောင်ပေါ်သဘာဝအလှတရားကြီးကို ခံစားရင်း ပင်ပန်းနေတဲ့ စိတ်လေးတွေကို ခဏတာကုစားဖို့ အကောင်းဆုံးနေရာလေးတစ်ခုပေါ့။

Lavender ပန်းခင်းတွေ၊ ရောင်စုံပန်းခင်းတွေကတော့ 11 လပိုင်းနောက်မှ လည်ပတ်လို့ရနိုင်ပါမယ်နော်။ 🌸

🌸 5. Ying Yong Flower Garden
နောက်ထပ်တစ်နေရာကတော့ မြန်မာခရီးသွားတွေကြားထဲ အရမ်းကို နာမည်ကြီးတဲ့ Ying Yong Flower Garden ကို သွားရောက်လည်ပတ်ပါ။

ပန်းဖြူလေးတွေ၊ အနီရောင်ပန်းလေးတွေနဲ့ ပန်းစီရောင်ပန်းလေးတွေကို မနှစ်ကနဲ့ မတူညီတဲ့ စတိုင်နဲ့ အလှဓာတ်ပုံရိုက်ဖို့အတွက် Photo Spot လေးတွေကိုလဲ ဖန်တီးပေးထားပါသေးတယ်။ 📸

တောတောင်သဘာဝအလှတရားကြီးကို နောက်ခံထားပြီး ပန်းလေးတွေနဲ့ အလှဓာတ်ပုံရိုက်ချင်တဲ့သူလေးတွေအတွက် သွားလည်ပတ်သင့်တဲ့ နေရာလေးလဲ ဖြစ်ပါတယ်။

🏰 6. The First Miracle Flower Castle
Ying Yong Flower Garden ကို လည်ပတ်ပြီးရင်တော့ The First Miracle Flower Castle, Mon Jam ကို သွားရောက်လည်ပတ်လို့ရပါတယ်။

ဥရောပစတိုင် ရဲတိုက်ကြီးကိုမှ ပန်းတွေ ဝေဝေဆာဆာနဲ့ ပန်းတွေရဲ့ ရဲတိုက်ကြီး အဖြစ် ဖန်တီးထားတာမို့ ပန်းချစ်သူတွေအတွက် ဓာတ်ပုံရိုက်ရတာနဲ့တင် အရမ်းတန်မယ့် နေရာလေးလဲ ဖြစ်ပါတယ်။ 🌷🏰

☕ အေးအေးဆေးဆေး အနားယူချင်ရင် — Ai Nara Cafe
မွန်းဂျမ် (Mon Jam) ရောက်ရင် ဓာတ်ပုံရိုက်ဖို့ချည်း စိတ်လောမနေဘဲ သဘာဝအလှကို အေးအေးဆေးဆေး ခံစားချင်သူတွေအတွက် နောက်တစ်နေရာကတော့ Ai Nara Cafe လေးကို သွားစေချင်ပါတယ်။

ဒီနေရာလေးရဲ့ အဓိကအလှတရားက လူရှင်းပြီး တိတ်ဆိတ်အေးချမ်းနေတာပါ။
လူအရမ်းများတဲ့ ဆူညံဆူညံနေရာတွေကနေ ခဏရှောင်ထွက်ပြီး၊ ကော်ဖီလေးတစ်ခွက်နဲ့ တောင်တန်းတွေကို ငေးကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် အချိန်ပေး အနားယူလို့ အရမ်းကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ 🌿☕

ခရီးသွားတယ်ဆိုတာ နေရာစုံ ပြေးလွှားနေဖို့ထက် စိတ်အေးချမ်းတဲ့ နေရာလေးတစ်ခု ရှာတွေ့ရင်ကို လုံလောက်ပြီ မို့...

မွန်းဂျမ်ခရီးစဉ်မှာ သဘာဝနဲ့ အနီးကပ်ဆုံး တိတ်တိတ်ဆိတ်ဆိတ် အနားယူရင်း ခရီးစဉ်လေးကို အဆုံးသတ်လိုက်လို့ရပါပြီ။ 🍃

တကယ်တော့ Mon Jam က လည်ပတ်စရာအရမ်းများတဲ့ ဒေသဖြစ်ပါတယ်။
ကျွန်တော်အခုပြောပြပေးခဲ့တဲ့ နေရာလေးတွေက

တစ်ရက်တာကို အေးအေးဆေးဆေး လည်ပတ်လို့ရတဲ့ ခရီးစဉ်လေး ဖြစ်တာမို့ Mon Jam ကို နေ့ချင်းပြန်လည်ပတ်မယ်လို့ စဉ်းစားထားတဲ့ မိတ်ဆွေတွေအတွက် အသုံးဝင်မယ်လို့ ထင်ပါတယ်။

နောက်တစ်ခါ Mon Jam ရဲ့ လူငယ်တွေအကြိုက် လည်ပတ်လို့ရတဲ့ Adventure Trip ကိုလဲ မျှဝေပေးဦးမှာမို့ Page လေးကို Like & Follow လေးလုပ်ပြီး စောင့်ကြည့်ပေးပါဦးခင်ဗျာ။ ❤️

အခုလို ရာသီ ဘယ်မှမရောက်ရင်တောင် Doi Inthanon တော့ ရောက်အောင်သွားပါ 🌲အရင်ကဆို Doi Inthanon ကို ဆောင်းရာသီလောက်မှ သွားရင်က...
18/08/2026

အခုလို ရာသီ ဘယ်မှမရောက်ရင်တောင် Doi Inthanon တော့ ရောက်အောင်သွားပါ 🌲

အရင်ကဆို Doi Inthanon ကို ဆောင်းရာသီလောက်မှ သွားရင်ကောင်းမယ်လို့ ထင်ခဲ့ဖူးတယ်

ဒါပေမယ့် ဒီတစ်ခေါက် မိုးရာသီမှာ တကယ်ရောက်သွားတော့ အဲ့ဒီအမြင်က လုံးဝပြောင်းသွားတယ်ဗျ

တောင်ပေါ်ကို စတက်လာတာနဲ့ မြူခိုးတွေက တောင်တန်းတစ်လျှောက် အုံ့ဆိုင်းနေပြီးတော့ တစ်ခါတလေ ရှေ့ကလမ်းတောင် သေချာမမြင်ရလောက်အောင်ကို ထူတယ်

အဲ့ဒီ မြူ ဖြူဖြူလေးတွေကြားထဲက သစ်ပင်လေးတွေ၊ တောင်တန်းတွေကို ရေးရေးလေး မြင်နေရတာက တကယ့်ကို လှတယ် ⛰️

အထူးသဖြင့် မိုးရာသီဖြစ်နေတော့ Doi Inthanon ရဲ့ အမြဲစိမ်းသစ်တောကြီးက တစ်တောလုံး စိမ်းစိုပြီးတော့ အသက်ဝင်နေတာ

သစ်ရွက်တွေပေါ်က ရေစက်လေးတွေ၊ တောင်ပေါ်လေအေးအေးလေးတွေ၊ အုံ့ဆိုင်းနေတဲ့ မြူခိုးတွေ အကုန်ပေါင်းလိုက်တော့ Doi Inthanon ရဲ့ မိုးရာသီအလှက တကယ့်ကို တစ်မျိုးလေး ဖြစ်နေတယ် ✨

အေးစိမ့်စိမ့် ရာသီဥတုနဲ့ စိမ်းစိုနေတဲ့ တောအုပ်ကြီးထဲ လမ်းလျှောက်ရတာက တကယ်ကို Healing ဖြစ်စေတာပါ 🍃

ဆောင်းရာသီမှာ အေးမြပြီး လှသလို၊ မိုးရာသီမှာလည်း မြူခိုးတွေနဲ့ စိမ်းစိုနေတဲ့ သဘာဝအလှကို သီးသန့်ခံစားလို့ရသလိုမျိုး၊ အခုလို မိုးတွင်းမှာ ခရီးသွားဖို့ စဉ်းစားနေရင် ဘယ်မှမရောက်ရင်တောင် Doi Inthanon ကိုတော့ ရောက်အောင်သွားကြည့်စေချင်ပါတယ်

ရာသီဥတု မကောင်းလို့ ခရီးမသွားဘဲနေမယ့်အစား၊ ရာသီတိုင်းမှာ သူ့အလှနဲ့သူ ရှိနေတယ်ဆိုတာ Doi Inthanon ရောက်ရင် ပိုပြီးနားလည်လာပါလိမ့်မယ် 💚

ကျွန်တော့်အတွက်တော့ ဒီခရီးက ရာသီဥတုကောင်းမှ ခရီးသွားရတာ မဟုတ်ဘူးဆိုတာကို သေချာသိခဲ့ရတဲ့ ခရီးလေးတစ်ခု ဖြစ်ခဲ့ပါတယ် 🎒

17/08/2026

နှစ်ပေါင်း ၂၀၀ သက်တမ်းရှိတဲ့ ရှေးဟောင်းမျှော်စင်ကြီး 🏰

လန်းပန်းမြို့ထဲမှာ နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းရှိတဲ့ Amok Tower (Ho Amok) ဆိုတဲ့ ရှေးဟောင်းအမြောက်စင်တစ်ခု ရှိပါတယ်။

၁၈၀၈ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ဒီမျှော်စင်ဟာ ရန်သူလာရင် စောင့်ကြည့်ဖို့နဲ့ အမြောက်တွေ၊ ယမ်းတွေ သိမ်းဆည်းဖို့ အသုံးပြုခဲ့တာပါ။

စိတ်ဝင်စားစရာကောင်းတာက ဒီနေရာဟာ လန်းပန်းရဲ့ ရှေးဟောင်းသမိုင်းတင်မကဘဲ မြန်မာနဲ့ ဆက်စပ်နေတဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းတွေ ကိုပါ တွေ့နိုင်တဲ့နေရာတစ်ခု ဖြစ်ပါတယ်။
လန်းပန်းရောက်ရင် သွားကြည့်သင့်တဲ့ သမိုင်းဝင်နေရာလေးတစ်ခုပါ။ 🇹🇭❤️

13/08/2026

ချင်းမိုင်အမြင့်ဆုံးတောင် Doi Inthanon ကို နေ့ချင်းပြန်လည်ပတ်ချင်ရင် Video လေးကို ဆုံးအောင်ကြည့်လိုက်ပါ

#ချင်းမိုင်လည်ပတ်စရာနေရာများ

မြူခိုးတွေရယ်... ကော်ဖီပူပူလေးရယ်... ချစ်ရတဲ့သူရယ်...ချင်းမိုင်ရဲ့အလှဆုံးအချိန်ကိုပြောပါဆိုရင် အခုလိုမိုး အကုန် ဆောင်းအက...
08/08/2026

မြူခိုးတွေရယ်... ကော်ဖီပူပူလေးရယ်... ချစ်ရတဲ့သူရယ်...

ချင်းမိုင်ရဲ့အလှဆုံးအချိန်ကိုပြောပါဆိုရင် အခုလိုမိုး အကုန် ဆောင်းအကူးကာလပါ…

တောင်တန်းတွေ စိမ်းစိုသလို ပတ်ဝန်ကျင် တစ်ခုလုံးလဲ မြူခိုးတွေ အပြည့်နဲ့ လွမ်းဆွေးစရာကောင်းသလို
ပျော်စရာအကောင်းဆုံးဆိုလဲ ဟုတ်ပါတယ်…

အခုလိုအချိန် မွန်းဂျမ်တောင်ပေါ်ရွာလေးမှာအိပ်ပြီး မနက်ခင်း အလှကို ကော်ဖီလေးသောက်
အေးစိမ့်စိမ့်အရသာလေးကိုခံစားပြီး မြူခိုးတွေတက်လာတာကို တဝကြီးထိုင်ကြည့်လို့အကောင်းဆုံးအချိန်ပေါ့…

တောင်ပေါ်ဒေသတွေသွားရောက်လည်ပတ်ပြီး
ဘဝအမောတွေကို ခနတာပြေပျောက်အောင်
အဲဒီသဘာဝအလှတရားတွေကပဲ ဘဝအမောတွေကို ခဏတာ မေ့သွားစေပါတယ်။တစ်ခါတလေ ဘဝမှာ အပန်းဖြေဖို့ဆိုတာ ဇိမ်ခံဟိုတယ်ကြီးတွေ မလိုပါဘူး …

စိမ်းစိုနေတဲ့ တောင်တန်းကြီးတွေရဲ့အလှရယ် ၊ မြူတွေဆိုင်းနေတဲ့ ပတ်ဝန်းကျင်ရယ် ၊ အေးစိမ့်စိမ့်ရာသီဥတုလေးတွေရယ် ၊ ကိုယ်အချစ်ဆုံးသူ နဲ့
အတူတူ အလှတရားကြီးကို ကော်ဖီလေးသောက်
စကားတွေဖောင်ဖွဲ့ပြောဖို့ အချိန်ကောင်းလေးပါပဲ …

ချင်းမိုင်မြို့က ပန်းမြို့တော်ဖြစ်တဲ့အလျောက် နာမည်နဲ့လိုက်အောင် ပန်းခင်းတွေ ပွင့်ဖို့အစပြိုးလာကြပြီ ၊ လည်ပတ်စရာနေရာတွေလဲ ခြောက်ကပ်ကပ်မဟုတ်တော့ဘူး ။

အလှဓာတ်ပုံကို အချိန်ပေးပြီးစိတ်ကြိုက်ဖန်တီးလို့ရတဲ့အချိန်ပေါ့ ။ အခုအချိန်ကစပြီး ချင်းမိုင်မြို့က ပန်းတွေဝေဝေဝေဆာဆာ နဲ့ စည်ကားပြီး အလှကြီးလှနေတော့မှာ …

ဆောင်းရာသီလို High Season လဲမဟုတ်တော့ ဟိုတည် နဲ့ Transportation စရိတ်တွေလဲ အရမ်းကိုသက်သာနေသေးတယ် ။ကျွန်တော့်ကို မေးကြတယ် ကိုအောင်ထက် ချင်းမိုင်ကိုဘယ်အချိန်လာလည်ရင်အကောင်းဆုံးလဲတဲ့ …

တောင်တန်းတွေစိမ်းစိုပြီး မြူခိုးလေးတွေဆိုင်နေတဲ့ မိုးရာသီအလှရယ် ၊ အေးမြပြီး ပန်းတွေဝေတဲ့ အလှရယ်ကို ပေါင်းစပ်ထားတဲ့ အခုလို မိုးအကုန် ဆောင်းအကူးလေးက ချင်းမိုင်ရဲ့အလှတရားမို့ အခုလိုချိန်လာရောက်လည်ပတ်တာကတော့ ဘယ်တော့မှ မေ့နိူင်မှာမဟုတ်တဲ့ အမှတ်တရတွေပြည့်နေမဲ့ ကာလလေးပေါ့…

တချို့နေရာတွေက လှလို့ မှတ်မိတယ်။
တချို့နေရာတွေကတော့...�အဲဒီနေရာမှာ ရခဲ့တဲ့ ခံစားချက်တွေကြောင့် တစ်သက်လုံး မမေ့နိုင်တော့ပါဘူး။
ကျွန်တော့်အတွက်တော့...�ချင်းမိုင်ရဲ့ မိုးအကုန်၊ ဆောင်းအကူးကာလက အဲဒီလို မမေ့နိုင်တဲ့ အချိန်တွေထဲက တစ်ခုပါပဲ။

မိတ်ဆွေတို့အတွက်ရော ဘယ်မြို့၊ ဘယ်ရာသီက မေ့မရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့လဲ? Comment မှာ မျှဝေပေးခဲ့ပါဦး။

📸Photos Credit to Original Creator







Chiang Mai ကနေ လန်းပန်းကို နေ့ချင်းပြန်လည်ပတ်မယ်ဆို ဒီနေရာတွေ လည်ပတ်ပါ Chiang Mai ကို လာတဲ့သူအများစုက ချင်းမိုင် နဲ့ ချင...
06/08/2026

Chiang Mai ကနေ လန်းပန်းကို နေ့ချင်းပြန်လည်ပတ်မယ်ဆို ဒီနေရာတွေ လည်ပတ်ပါ

Chiang Mai ကို လာတဲ့သူအများစုက ချင်းမိုင် နဲ့ ချင်းရိုင်ကိုပဲ လည်ပြီး ပြန်သွားကြတာများတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အချိန်တစ်ရက်လောက် ပိုရရင် Lampang ကို Day Trip ထွက်ဖို့ Recommend ပေးချင်ပါတယ် ။

ကားမောင်းရတာလည်း ၂ နာရီမပြည့်လောက်ပဲရှိတော့ မနက်စောစောထွက်၊ ညနေပိုင်း Chiang Mai ပြန်ရောက်တဲ့ Schedule က အရမ်းအဆင်ပြေတယ်။

Lampang က Chiang Mai လို မြို့ကြီးမဟုတ်ပါဘူး ၊ ရှောင်းဟောင်းအငွေ့အသက်တွေ နဲ့ မြင်းလှည်းယဥ်ကျေးမှုတွေကို အခုခေတ်အထိ ထိန်းသိမ်းထားတဲ့ ရှေးဟောင်းမြို့ဖြစ်ပါတယ် ။
ကျွန်တော်သာဆိုရင် အခု Day Trip သွားမယ်ဆိုရင် ဒီနေရာ ၅ ခုကိုလည်ပတ်ဖြစ်မှာပါ ။

1. Dinosaur Museum
ဒီနေရာက ကလေးတွေအတွက်ပဲလို့ ထင်ထားရင် မှားသွားပါလိမ့်မယ်။
အထဲမှာ Dinosaur Fossil တွေ၊ သမိုင်းနဲ့ပတ်သက်တဲ့ ပြသထားတာတွေ ကြည့်ရတာ တကယ်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဓာတ်ပုံရိုက်လို့လည်း အဆင်ပြေတဲ့ Spot တွေရှိတော့ Family Trip ပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် ဝင်သင့်တဲ့ နေရာတစ်ခုပါ။ ကျွန်တော်လဲ ဒိနေရာမှာ အချိန်တော်တော်လေးသုံးခဲ့လိုက်ပါတယ် ။

2. The Coco Island Lampang
ဒီနေရာကတော့ လန်းပန်းကနေ ချင်းမိုင်ကို အပြန်လက်ဆောင်အစ္စည်းလေးတွေဝယ်လို့ရပြီးတော့ Coffee သောက်ရင်း အနားယူဖို့ အရမ်းကောင်းပါတယ် ။
ရောက်တာနဲ့ အေးအေးဆေးဆေး Relax ဖြစ်သွားမယ့် Feeling မျိုးရပါတယ်။ ဓာတ်ပုံရိုက်လို့လှတဲ့ Corner တွေလည်း အများကြီးရှိပြီး တိချစ်သူလေးတွေအတွက်လဲ သိုးလေးတွေ ၊ လိပ်လေးတွေကိုလဲ အနီးကပ်ကြည့်လို့ရတယ် ။ Lampang ကိုရောက်ရင် ဒီနေရာကိုတော့ မကျော်သင့်ဘူးလို့ ကျွန်တော်ထင်ပါတယ် ။

3. Wat Phra That Lampang
Lampang ရဲ့ Culture ကို ခံစားချင်ရင် ဒီဘုရားကိုတော့ သွားရောက်ဖူးမျှော်သင့်ပါတယ်။
ရှေးဟောင်း Lanna Architecture လက်ရာတွေကို မြင်ရသလို ဘုရားဝန်းထဲမှာလည်း အေးအေးချမ်းချမ်းနဲ့ စိတ်အနားယူဖို့ကောင်းပါတယ်။ အလျင်မလိုပဲ ဖြည်းဖြည်းလေး လျှောက်ကြည့်ရတာကို ပိုသဘောကျမိတယ်။ ဘုရားဝင်းထဲကို ခြေချမိတာနဲ့ ရှေးကျတယ်ဆိုတဲ့ ခံစားချက်ကို ပေးနိုင်လောက်အောင်ကို ခန်းနားပါတယ် ။ ��မြင်းလှည်းလေးစီးပြီး ဘုရားဘေးက လန်းပန်းမြို့ရဲ့ အလှတရားကြီးကို ၁၀ မိနစ် ခံစားဖို့ ဘုရားရှေ့မှာမြင်းလှည်းဂိတ်လဲရှိပါတယ် ။ တစ်စီကို 300 Bahts တော့ပေး၇တယ် ။

4. Maung Ngwe Zin House
Tourist သိပ်မများသေးတဲ့ Hidden Gem လေးလို့ ပြောရမယ့် နေရာလေးပါ ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်ဖွား သစ်လုပ်ငန်းရှင် ဦးမောင်ငွေဇင်ပိုင်ခဲ့တဲ့ အိမ်ကြီးပါ ။ Local Lifestyle နဲ့ ရိုးရာအိမ်ပုံစံတွေကို အနီးကပ်မြင်ရတယ်။ လူရှုပ်တာမကြိုက်တဲ့သူတွေဆို ဒီလိုနေရာလေးတွေက ပိုပြီး အမှတ်တရဖြစ်စေပါတယ်။မြန်မာအငွေ့အသက်လဲပါတော့ ကိုယ်နဲ့ မစိမ်းနေသလို ခံစားချက်ကြီးတော့ ပေးစွမ်းနိုင်တယ် ။

5. Chae Son National Park
Nature ကြိုက်တဲ့သူဆို ဒီနေရာကတော့ အကြိုက်တွေ့မှာ သေချာပါတယ်။
Hot Spring ရှိတယ်၊ ရေတံခွန်ရှိတယ်၊ သစ်တောလမ်းလေးတွေ လျှောက်လို့ရတယ်။ Chiang Mai မြို့ထဲက အငွေ့အသက်နဲ့ မတူတဲ့ Fresh Feeling ကို ဒီမှာရနိုင်ပါတယ်။
တစ်နေ့လုံး လည်ပြီး ပြန်လာတဲ့အချိန်မှာ "ဒီခရီးလေး ထွက်လာတာ တန်တယ်" လို့ ခံစားရမယ့် နေရာမျိုးပါ။

တကယ်တော့ Lampang က Line တွေပေါ်မှာ သိပ်မတွေ့ရသေးတဲ့ မြို့လေးဆိုပေမယ့် ကျွန်တော်ကတော့ Day Trip အနေနဲ့ အနည်းဆုံး တစ်ခေါက်တော့ သွားကြည့်စေချင်မိတဲ့မြို့လေးဖြစ်ပါတယ် ။ ဒေသခံတွေရဲ့ ခေတ်မဆန်တဲ့ လူနေမှုစတိုင် ၊ ရှေးကြတဲ့ စေတီပုထိုးတွေ ၊ သမိုင်းကြောင်းတွေ နဲ့ ပြည့်နေတဲ့ မြို့လေးလဲဖြစ်ပါတယ် ။တစ်ရက်ထဲနဲ့ မြို့အသစ်တစ်မြို့ကို အေးအေးဆေးဆေး လည်ချင်တယ်ဆိုရင် Lampang က ရွေးချယ်သင့်တဲ့ နေ၇ာတစ်ခုပါပဲ ။

Lampang ကို ရောက်ဖူးတဲ့သူတွေရှိရင် ကိုယ်အကြိုက်ဆုံးနေရာက ဘယ်တစ်ခုလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး။ မရောက်ဖူးသေးတဲ့သူတွေအတွက်လည်း ဒီ Post လေးကို Share ပေးထားရင် Trip စီစဉ်တဲ့အချိန် အထောက်အကူဖြစ်မှာ သေချာပါတယ် ခင်ဗျာ့ ။

05/08/2026

လန်းပန်းမသွားခင် ဒီ Vlog ကို အရင်ကြည့်ပါ။

လန်းပန်းကို အလည်သွားဖို့ စီစဉ်နေတယ်ဆိုရင် ဒီ Episode က မိတ်ဆွေတို့အတွက် အသုံးဝင်မှာပါ။

Day (2) မှာတော့
• The Coco Island ရဲ့ သဘာဝအလှနဲ့ အေးချမ်းတဲ့ အငွေ့အသက်
• စိတ်ဝင်စားဖို့ကောင်းတဲ့ ဒိုင်နိုဆောပြတိုက်
• နှစ်တစ်ရာကျော် သက်တမ်းရှိပြီး ထိုင်းနိုင်ငံရဲ့ အရှည်ဆုံး ဥမင်လှိုဏ်ခေါင်းကြီး
စတဲ့ နေရာတွေကို အတူလိုက်လံလည်ပတ်ထားပါတယ်။

သွားရမယ့်နေရာတွေ၊ မြင်သင့်တဲ့အရာတွေနဲ့ ခရီးစဉ်ရဲ့ တကယ့်အတွေ့အကြုံတွေကို မျှဝေထားတဲ့ Vlog လေးမို့ လန်းပန်းခရီးအတွက် Inspiration ယူချင်သူတွေအတွက် ကြည့်သင့်တဲ့ Episode တစ်ပုဒ်ပါ။

Video ကြည့်ပြီးရင် ဘယ်နေရာကို အကြိုက်ဆုံးဖြစ်လဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး။ Share လုပ်ပြီး ခရီးသွားဝါသနာတူတဲ့ မိတ်ဆွေတွေနဲ့လည်း ဝေမျှပေးနိုင်ပါတယ်။


#လန်းပန်း
#ချင်းမိုင်






#

02/08/2026

ချင်းမိုင်ကနေ လန်းပန်းကို တစ်ညအိပ် ၂ ရက်ခရီး Day (1)

ဒီတစ်ခေါက်မှာတော့ လန်းပန်းမြို့ရဲ့ အထင်ကရ ဘုရားကျောင်းတွေ၊ လှပတဲ့ Viewpoint၊ ဒေသခံတွေရဲ့ နေထိုင်မှုပုံစံနဲ့ နာမည်ကြီး ညဈေးကို လည်ပတ်ခဲ့ပါတယ်။

ဒီ Video မှာ ပါဝင်တဲ့ နေရာများ
* Wat Phra That Doi Phra Chan (Japanese-style Buddha)
* Wat Doi Phra Chan Temple & Viewpoint
* Wat Phra That Lampang Luang
* ဦးမောင်ငွေဇင်ရဲ့ အိမ်
* Kad Kong Ta Walking Street Night Market

လန်းပန်းမြို့ရဲ့ အေးချမ်းတဲ့ အငွေ့အသက်၊ လှပတဲ့ ရှုခင်းတွေနဲ့ ဒေသခံယဉ်ကျေးမှုကို အတူတူ ခံစားကြည့်လိုက်ပါ။
Video ကြည့်ပြီးရင် သင်အကြိုက်ဆုံးနေရာက ဘယ်နေရာလဲဆိုတာ Comment မှာ ပြောပေးခဲ့ပါဦး။ ခရီးသွားဝါသနာရှင် မိတ်ဆွေတွေအတွက်လည်း Share လုပ်ပေးဖို့ မမေ့ပါနဲ့နော်။

#လန်းပန်း #ချင်းမိုင်

🍲 "ထိုင်းကိုရောက်ရင် မူကထတစ်နပ်တော့ မဖြစ်မနေ စားကြည့်ပါ"ချင်းမိုင်မြို့ရဲ့ ညနေခင်းတစ်ခုမှာ လမ်းလျှောက်နေရင်း မွှေးမွှေးလ...
31/07/2026

🍲 "ထိုင်းကိုရောက်ရင် မူကထတစ်နပ်တော့ မဖြစ်မနေ စားကြည့်ပါ"

ချင်းမိုင်မြို့ရဲ့ ညနေခင်းတစ်ခုမှာ လမ်းလျှောက်နေရင်း မွှေးမွှေးလေးပျံ့လာတဲ့ အကင်နံ့ကြောင့် ခြေလှမ်းတွေ အလိုလို ရပ်တန့်သွားတယ်။ ဆိုင်ရှေ့မှာတော့ အငွေ့တလူလူတက်နေတဲ့ ဒယ်အိုးတွေ၊ ပြုံးပြုံးရွှင်ရွှင်နဲ့ ဝိုင်းဖွဲ့စားနေတဲ့ လူတွေကို မြင်လိုက်ရတာနဲ့ ဒီဆိုင်က ထူးခြားနေတယ်ဆိုတာ ခံစားမိလာပါလိမ့်မယ်။

✨ ဒါက ထိုင်းလူမျိုးတွေ အရမ်းနှစ်သက်တဲ့ မူကထ ပါ။
ဒယ်အိုးပူပူလေးပေါ်မှာ အသားပါးပါးလေးတင်လိုက်တဲ့အချိန် "ရှဲ..." ဆိုတဲ့ အသံလေးထွက်လာတယ်။ ခဏလေးအကြာမှာ မွှေးပျံ့လာတဲ့ အသားကင်နံ့က ဗိုက်ဆာနေတဲ့စိတ်ကို ပိုပြီး နိုးထစေတယ်။ ကင်ထားတဲ့ အသားကို ထိုင်းစတိုင် Sauce ထဲ နှစ်ပြီး မြည်းလိုက်တဲ့အရသာ၊ ဘေးက ဟင်းရည်ထဲမှာ ပြုတ်ထားတဲ့ ပင်လယ်စာနဲ့ ဟင်းသီးဟင်းရွက်တွေကို အလှည့်ကျ စားရတဲ့အတွေ့အကြုံက “အဝစားလိုက်ရပြီ" ဆိုတာထက် "ဒီတစ်ညကို အမှတ်ရနေဦးမယ်" ဆိုတဲ့ ခံစားချက်ကို ပိုပေးပါတယ်။

ထိုင်းလူမျိုးတွေအတွက် မူကထဆိုတာ အစားအသောက်တစ်နပ် မဟုတ်ပါဘူး။ အလုပ်ပြီးတဲ့ ညနေခင်းမှာ မိသားစု၊ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ထိုင်ပြီး ရယ်မောစကားပြောရင်း အချိန်ဖြုန်းတဲ့ ယဉ်ကျေးမှုတစ်ခုပါ။ ဒါကြောင့် မူကထကို စားလိုက်တာနဲ့ အစားအစာရဲ့ အရသာတင်မကဘဲ ထိုင်းလူတွေရဲ့ Lifestyle ကိုပါ နည်းနည်းလေး နားလည်လာစေပါတယ်။

ထိုင်းကို ခရီးသွားမယ်ဆိုရင် နာမည်ကြီးနေရာတွေကိုပဲ လိုက်ကြည့်တာထက် ဒေသခံတွေ အမြဲသွားတဲ့ မူကထဆိုင်တစ်ဆိုင်မှာ ညစာလေး တစ်နပ်တော့စားကြည့်ဖို့ အကြံပြုချင်ပါတယ်။ တစ်နပ်စာအတွက် ပေးလိုက်တဲ့ အချိန်က ထိုင်းနိုင်ငံကို ပိုပြီး ရင်းနှီးသွားစေမယ့် အတွေ့အကြုံတစ်ခုလဲ ဖြစ်လာနိုင်ပါတယ်။

မိတ်ဆွေတို့သာ ထိုင်းကို ရောက်နေပြီဆိုရင်...�ဒီညရဲ့ ညစာကို မူကထနဲ့ စတင်ချင်မလား?။ ဒါမှမဟုတ် အကြိုက်ဆုံး မူကထဆိုင်ရှိရင်လဲ Comment မှာ မျှဝေပေးခဲ့ပါဦး။ ချင်းမိုင်ကို အခုမှလာမဲ့သူတွေအတွက်လဲ ညစာလေးတစ်နပ်စာ အကျိုးရှိသွားတာပေါ့။

#မူကထ #ထိုင်းအစားအစာ

ဒီကနေ့ကျရောက်တဲ့ လပြည့်နေ့ မြတ်သောအခါသမယမှာ ပြုလုပ်ဖြစ်ခဲ့တဲ့ ဆီမီးပူဇော်ခြင်းနဲ့ ဒါနကုသိုလ်လေးတွေကို မျှဝေရင်း၊ မိတ်ဆွေ...
29/07/2026

ဒီကနေ့ကျရောက်တဲ့ လပြည့်နေ့ မြတ်သောအခါသမယမှာ ပြုလုပ်ဖြစ်ခဲ့တဲ့ ဆီမီးပူဇော်ခြင်းနဲ့ ဒါနကုသိုလ်လေးတွေကို မျှဝေရင်း၊ မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေလို့ မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ 🙏🏻🙏🏻

ချင်းမိုင်မြို့ မဟာပုထိုးတော်ကြီးမှာ ကျင်းပတဲ့ လပြည့်နေ့ မြင်းကွင်းတစ်ချို့

#လပြည့်နေ့ #ချင်းမိုင်

ที่อยู่

Chiang Mai
50000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Aung Htet-Travel Consultantผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์